Lin Eain
Educational supply store , baby toys and accessories
21/07/2024
Grade-2 (Government curriculum) စာသင်စာကျက်ဝိုင်းအတွက်ပါရှင့်
Mon-Fri (6:00pm-8:00pm)
လစဉ်သင်တန်းကြေး- 25000 ks ပါရှင့်
ကျောင်းသင်ရိုးနှင့်ချိတ်ဆက်ပြီး စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်။
အသေးစိတ် သိရှိလိုပါက ၀၉-၄၅၇ ၇၆၅ ၅၄၅ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်ရှင့်
ြို့နယ်ငမိုးရိပ်ရပ်ကွက်
#လူဦးရေကန့်သတ်
13/02/2024
Grade 3 Homeroom Teacher Position အတွက် ကျောင်းမှာ ခေါ်နေတာတွေ့လို့ စိတ်ဝင်စားသူရှိရင် ပုံမှာပါတဲ့ email မှာ ပို့ပြီးလျှောက်ကြည့်ပါနော်။
အဆင်ပြေသူရှိသလို အဆင်မပြေနိုင်သူလည်းရှိနိုင်ပါတယ်။
အလုပ်တိုင်းမှာ စိတ်ပင်ပန်းရတာတွေရှိကြပါတယ်။
ဘာဖြစ်ဖြစ် လာသမျှ challenges ကိုလက်ခံနိုင်မယ်ဆိုရင် လျှောက်ကြည့်ပါနော် ❤️
13/02/2024
Flyers Training Day 12
Zoom ထောင်ထားပါပြီချယ်တို့ရေ
Join လို့ရပါပြီ😍
22/07/2023
Finding Peace
Finding Peace ဆိုတာဟာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ အမျိုးမျိုးသောစိန်ခေါ်မှုတွေ၊ စိတ်ဖိစီးမှုတွေကြားက မိမိရဲ့ ရင်တွင်းတည်ငြိမ်အေးချမ်းမှုကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ရင်တွင်းငြိမ်းချမ်းမှုကို ဘယ်လိုနည်းလမ်းလေးတွေနဲ့ ရှာဖွေတွေ့ရှိနိုင်မလဲဆိုတာကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
အချိုးအကွေ့ အတက်အကျတွေများလွန်းလှတဲ့လူ့ဘဝကြီးမှာ မိမိစိတ်ခံစားချက်တွေအတွက် ငြိမ်းချမ်းရာကို ရှာဖွေခြင်းဟာ ကျွန်မတို့အတွက် မျှော်လင့်ချက်မီးရောင်လေးလည်းဖြစ်ပါတယ်။ သို့သော်လည်း အချို့တွေရဲ့အမြင်မှာ မိမိကိုယ်မိမိ ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်းရှာဖွေခြင်းဟာ တစ်ကိုယ်ကောင်းဆန်ခြင်းတစ်မျိုးဖြစ်တယ်လို့ အထင်မှားနေကြတာမျိုးလေးတွေရှိပါတယ်။ အမှန်တကယ်တော့ ကျွန်မတို့ရဲ့ ကိုယ်ပိုင် ရင်တွင်းငြိမ်းချမ်းမှုကို ကိုယ်တိုင်ကြိုးစား ရှာဖွေတာဟာ တစ်ကိုယ်ကောင်းဆန်တာမျိုးမဟုတ်ရပါဘူး။ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ ရင်တွင်းအေးချမ်းမှသာလျှင် လူ့အသိုင်းအဝိုင်းတစ်ခုလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေဟာလည်း အားကောင်းလာပြီး အေးချမ်းမှုကိုရှာတွေ့နိုင်မှာဖြစ်ပါတယ်။
ပထမဦးဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ Self-care လုပ်တာပဲဖြစ်ပါတယ်။
Self-care လုပ်တယ်ဆိုတာဟာ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတင်မကဘဲ စိတ်ပိုင်းဆိုင်ရာစိတ်ကျန်းမာရေးကိုပါ ဂရုစိုက်စောင့်ရှောက်ပြီး ရင်တွင်းအေးချမ်းမှုအတွက် ခိုင်မာတဲ့အုတ်မြစ်ကို တည်ဆောက်ခြင်းမျိုးပဲဖြစ်ပါတယ်။
Self care လို့ပြောတဲ့အခါမှာ သူများတွေရဲ့အပူတွေ မကူးအောင် မိမိကိုယ်ပိုင်အချိန်တွေကို Boundaries ချခြင်းများလဲပါဝင်ပါတယ်။
• အချိန်မှန်အိပ်ခြင်း (အိပ်ရေးဝဝအိပ်စက်ခြင်း)
• ရေများများသောက်ခြင်း
• အချိန်မှန်စားသောက်ခြင်း
• လေ့ကျင့်ခန်းလုပ်ခြင်း
• မိမိကိုယ်ကို အနားပေးခြင်း
• ရယ်မောခြင်း
• သဘာဝတရားကြီးနှင့်ထိတွေ့ပေးခြင်း
• မိမိသဘောကျနှစ်သက်သည်များကို အချိန်ပေး၍ စနစ်တကျပြုလုပ်ပေးခြင်း
( ဉပမာအားဖြင့် ကျွန်မဆိုရင် ယောဂ ကစားရတာကို သဘောကျတာကြောင့် အချိန်ပေးပြီး သေချာလေးကစားဖြစ်တယ်။ အလုပ်တွေများပြီး မကစားဖြစ်တဲ့အချိန်ဆိုရင် အကြောတွေတက်ပြီး ကျွန်မခန္ဓာကိုယ်က ကျွန်မ Self-care လုပ်ဖို့လိုနေပြီဆိုပြီးတော့ သတိပေးလာသလိုမျိုးပေါ့နော်။ ဘယ်လောက်အလုပ်များများ ယောဂလေး ကစားလိုက်ရပြီဆိုရင် စိတ်ရောလူပါ ပေါ့ပါးပြီး နေသာထိုင်သာရှိသွားတတ်တယ်။ အဲ့လိုပဲ တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်းတော့မတူနိုင်ပါဘူး။ တစ်ချို့တွေဆိုရင် သ ဘောကျတဲ့အနုပညာရပ်တစ်ခုခုကို လုပ်နေရတဲ့အချိန်လေးမှာ ပျော်နေတတ်ပြီး တစ်ချို့တွေကျ စေတနာ့ဝန်ထမ်းလုပ်နေရရင်ကို စိတ်ချမ်းသာနေတတ်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်ကိုပျော်စေမဲ့ ကိုယ်သဘောကျနှစ်သက်တဲ့အရာလေးတွေကို အားမှလုပ်တဲ့ အားကစားဆိုတဲ့သဘောမျိုး မသက်ရောက်သွားအောင် အချိန်ပေးပြီး တစ်စိုက်မတ်မတ်လုပ်သွားဖို့လိုအပ်ပါတယ်။ ဒါမှသာလျှင် စိတ်ဖိစီးမှုတွေ၊ ပူပန်သောကတွေ လျော့ကျလာပြီး ရေရှည်တည်မြဲတဲ့ ရင်တွင်းငြိမ်းချမ်းမှု တစ်ခုကို မွေးမြူနိုင်မှာဖြစ်ပါတယ်။ )
• မိမိရဲ့ဖြစ်တည်မှုကို မိမိကိုယ်တိုင် နွေးထွေးစွာလက်ခံပြီး တန်ဖိုးထားပေးခြင်း
(ဉပမာအားဖြင့်ပြောရမယ်ဆိုရင်တော့ ကိုယ့်ရဲ့အားနည်းချက်တွေကိုယ်တိုင် ချစ်ပေးပြီး အားသာချက်တွေကိုလည်း တန်ဖိုးထားတတ်တာမျိုးပေါ့နော်)
• ချစ်ခင်ရသူများကို အချိန်ပေးခြင်း
• စိတ်ကျန်းမာရေးကျင့်စဉ်များ လိုက်နာကျင့်ကြံခြင်း
အစရှိတဲ့ အရိုးရှင်းဆုံးနည်းလမ်းလေးတွေဟာ လူများစုကမေ့လျော့နေကြတဲ့ Self-care လုပ်ခြင်းပဲဖြစ်ပါတယ်။
ကျွန်မတို့တွေဟာ အရင်ဆုံးမိမိကိုယ်မိမိအချိန်ပေးဂရုစိုက်မှသာလျှင် မိမိပတ်ဝန်းကျင်ရဲ့ ကွက်လပ်လေးကို အာရုံစိုက်မိမှာဖြစ်ပါတယ်။ မိမိရဲ့ စိတ်ကလေးအေးချမ်းနေမှသာ မိမိပတ်ဝန်းကျင်က အခြားသူများကိုပါ ငြိမ်းချမ်းမှုဆောင်ကျဉ်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ဦးတစ်ယောက်ချင်းစီက မိမိတို့ရဲ့ရင်တွင်းငြိမ်းချမ်းကို ရှာဖွေပြီး အချင်းချင်းကူညီဖေးမ ဖြန့်ကျက်ခြင်းအားဖြင့် ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်းမေတ္တာလွှမ်းခြုံတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ကြရအောင်လားနော်။
စာဖတ်သူတို့ရော ကိုယ်ရဲ့ ရင်တွင်းအေးချမ်းမှုလေးကို ဘယ်လိုနည်းလမ်းနဲ့ရှာဖွေလေ့ရှိသလဲဆိုတာလေးကို comment box မှာမျှဝေပေးသွားပါဦးနော်...
References:
How to Find Inner Peace and Happiness in the Chaos by Samantha Vincenty
Finding Peace of Mind: 6 Steps Toward Lasting Serenity by Crystal Raypole (2021)
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Lin Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.