ThirtyTwo32
Culinary Heritage of Myanmar will tell a delicious story. !!
31/07/2026
ဘာလို့ အရသာကို အသစ်မပြောင်းတာလဲ? 🧐
ဘာဖြစ်လို့လဲဆိုတော့ '32' ရဲ့ ကယားဝက်အူချောင်းကို အားပေးကြတဲ့သူတွေက ဒီမူလလက်ရာ၊ ဒီအမွှေးရနံ့စစ်စစ်ကိုပဲ အနှစ်သက်ဆုံးမို့လို့ပါ။ ကျွန်တော်တို့က စမ်းသပ်ချက်တွေလုပ်ပြီး မူလအရသာ ပျောက်ပျက်သွားမှာမျိုး လုံးဝမလိုလားပါဘူး။ ၁၀၀% သဘာဝအမွှေးအကြိုင်တွေနဲ့ အချိုးအစားအတိအကျအတိုင်း အရင်အတိုင်း စေတနာအပြည့်နဲ့ ထုတ်လုပ်ပေးထားဆဲမို့ စိတ်ချလက်ချ အားပေးနိုင်ပါတယ်။ 🥰
#32ကယားဝက်အူချောင်း
28/07/2026
ဓမ္မစကြာတရားတော် စတင်ပြန့်ပွားခဲ့ရာ ထူးမြတ်လှသည့်
ဝါဆိုလပြည့်နေ့၌ မိဘပြည်သူ၊ မိတ်ဟောင်းမိတ်သစ်များအားလုံး
စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး
ကောင်းကျိုးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေလို့
32 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🏻🙏🏻🙏🏻
21/07/2026
"စောင့်မျှော်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းအတွက် '32' ရဲ့ ကယားဝက်အူချောင်းလေး ပြန်လည်ရောက်ရှိလို့ လာပါပြီ။ 🥳
အရင်ကအတိုင်း ဂျုံမပါ အသားပြည့်ပြည့်၊ ကယားဒေသထွက် ငရုတ်ကောင်းနဲ့ မက်ခါစေ့နံ့သင်းသင်းလေးနဲ့ မူလရိုးရာလက်ရာစစ်စစ်အတိုင်းပါပဲ။
ဒီနေ့ကစပြီး အရင်ဗူးအတိုင်း၊ အရင်အရသာအတိုင်း Order များ ပြန်လည်လက်ခံနေပြီဖြစ်လို့ chat box ကို အမြန်ဆုံး Hi လိုက်တော့နော်... 🛒"
#၃၂ကယားဝက်အူချောင်း
11/07/2026
ပြောင်းလဲသွားမှာကို မစိုးရိမ်ပါနဲ့။ 😉
အချိန်တွေ ဘယ်လောက်ပဲ ပြောင်းပြောင်း...
လျှာဖျားမှာ စွဲကျန်ခဲ့တဲ့ '32' ရဲ့ မူလကယားဝက်အူချောင်း အရသာကတော့
အရင်အတိုင်း တစ်ထေရာတည်း ပြန်လာပါပြီ။
အချိုးအစားမပြောင်း၊ လက်ရာမပျက်ဘဲ လွမ်းနေရတဲ့
အမွှေးရနံ့စစ်စစ်တွေကို ပြန်လည်ခံစားနိုင်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်နော်။
Sausage Lovers တို့ အဆင်သင့်ပဲလား? 🔥
Category
Contact the public figure
Telephone
Address
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |