PEC Pre-school

PEC Pre-school

Share

" We offer high-quality education and take a holistic approach to nurturing children."

Prime Education Centre is an international preschool founded on March 7, 2024, by a dedicated woman entrepreneur. Starting with just three passionate staff members, we have grown into a nurturing environment committed to early childhood education. Our excellent facilities include spacious air-conditioned classrooms, safe outdoor play areas, specialized rooms for art and music, and a wide range of Montessori toys. At Prime Education Centre, we focus on fostering a love for learning and helping each child thrive.

30/09/2026

ကလေးဆိုတာ လူကြီးတွေ စိတ်ကြိုက် ပုံသွင်းယူရမယ့် မြေစေးလေး မဟုတ်ပါဘူး။

ကိုယ့်ဘာသာ အားမာန်အပြည့်နဲ့ ရှင်သန်ကြီးထွားနိုင်စွမ်းရှိတဲ့ အပင်ငယ်လေးတစ်ပင်ပါ။ 🌱✨

အပင်ငယ်လေးတစ်ပင် ရှင်သန်ဖို့အတွက် စက်ရုံထုတ် ပုံစံခွက်ထဲ ထည့်ထားလို့ မရသလို၊ ကလေးတွေရဲ့ သင်ယူမှုနဲ့ ဖန်တီးနိုင်စွမ်းကိုလည်း အစဉ်အလာ ဘောင်တွေထဲမှာပဲ ပိတ်လှောင်ထားလို့ မရပါဘူး။

ကလေးတစ်ယောက်စီတိုင်းမှာ -

🌟ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်း
🌟 မတူညီတဲ့ ပါရမီနဲ့ စူးစမ်းလိုစိတ်
🌟 ကိုယ်တိုင် လေ့လာသင်ယူချင်တဲ့ စွမ်းအားတွေ သဘာဝအတိုင်း ပါဝင်ပြီးသား ဖြစ်ပါတယ်။

ကလေးဆိုတဲ့ အပင်ငယ်လေး ရေသောက်မြစ် ခိုင်မာလာအောင်၊ ကိုယ်တိုင် ဝေဆာစွာ ပွင့်လန်းလာနိုင်အောင် လိုအပ်တဲ့ "မြေဩဇာ၊ နေရောင်ခြည်နဲ့ ရေစက်လေးတွေ" ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်ပါတယ်။

PEC Pre-school မှာဆိုရင် Reggio Emilia Approach ကိုအသုံးပြုပြီး ...

☀️ ကလေးတွေရဲ့ "ဒါလေးက ဘာလို့လဲ" ဆိုတဲ့ မေးခွန်းတိုင်းကို ပိတ်ပင်မထားဘဲ လွတ်လပ်စွာ စူးစမ်း မေးမြန်းခွင့် ပေးထားပါတယ်

🌱 အမှားလုပ်မှာ မကြောက်ဘဲ ကိုယ်တိုင် စဉ်းစားဖြေရှင်းတတ်အောင် Safe Space တစ်ခုကို ဖန်တီးပေးထားပါတယ်

💧 ဆရာမတွေရဲ့ နွေးထွေးတဲ့ ဂရုစိုက်မှု၊ နားလည်ပေးမှုတွေနဲ့ ကလေးတစ်ဦးချင်းစီရဲ့ သဘာဝအတိုင်း ကြီးထွားလာအောင် စိတ်ရှည်လက်ရှည် ပျိုးထောင်ပေးပါတယ်။

ရင်သွေးငယ်လေးတွေရဲ့ ရေသောက်မြစ်တွေ ခိုင်မာပြီး အနာဂတ်မှာ ဝေဆာစွာဖူးပွင့်လာဖို့ PEC နဲ့အတူ ပျိုးထောင်လိုက်ရအောင်နော်... ❤️

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ PEC Pre-school သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 Gmail - [email protected]
📱 Phone - 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
📍 Location - No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

24/09/2026

ဖေဖေမေမေတို့ ငယ်ငယ်က စာအုပ်ကြီးကိုင်ပြီး အလွတ်ကျက်ခဲ့ရတာတွေ၊ စာမရရင် ကြိမ်လုံးနဲ့ အရိုက်ခံခဲ့ရတာတွေကို အမှတ်ရကြမှာပါ။ 📚✏️

ဒါပေမဲ့ ဒီနေ့ခေတ် ကလေးငယ်လေးတွေ ရှေ့ဆက်ရမယ့် အနာဂတ်ကတော့ မိဘတွေ ခေတ်နဲ့ လုံးဝ မတူတော့ပါဘူး ...။ အနာဂတ်မှာ နည်းပညာတွေနဲ့ ယှဉ်ပြိုင် ရှင်သန်သွားရမယ့် ကလေးငယ်လေးတွေအတွက် "အလွတ်ကျက်မှတ်ခြင်း" တစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။

သူတို့လေးတွေရဲ့ အနာဂတ်အတွက် တကယ်တမ်း အလိုအပ်ဆုံးဖြစ်တဲ့ 21st Century Skills တွေကတော့ -

💡 ဖန်တီးနိုင်စွမ်း (Creativity)
ပုံစံခွက်ထဲမှာပဲ တတ်မြောက်တာမဟုတ်ဘဲ အသစ်သစ်သော စိတ်ကူးတွေကို လွတ်လပ်စွာ စဉ်းစား ဖန်တီးနိုင်ဖို့လိုပါတယ်။

🧩 ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving)
အခက်အခဲတစ်ခုနဲ့ ကြုံလာတဲ့အခါ စိတ်ဓာတ်မကျဘဲ နည်းလမ်းမျိုးစုံနဲ့ ကိုယ်တိုင် စည်းစနစ်တကျ ဖြေရှင်းတတ်ဖို့ သင်ကြားပေးရပါမယ်။

🤝 ပူးပေါင်းဆောင်ရွက်နိုင်စွမ်း (Collaboration)
အဖွဲ့လိုက် ကစားရင်း၊ သင်ယူရင်းနဲ့ တခြားသူတွေရဲ့ သဘောထားကို နားလည် စာနာတတ်ဖို့ လမ်းညွှန်ပေးရပါမယ်။

PEC Pre-school မှာတော့ ကလေးတွေကို
ကမ္ဘာ့အဆင့်မီ Reggio Emilia Approach ကို အခြေခံပြီး ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကို ဦးစားပေးကာ အနာဂတ်အတွက် လိုအပ်မယ့် စွမ်းရည်များကို အခြေခံကစပြီး ခိုင်မာအောင် ပျိုးထောင်ပေးလျက်ရှိပါတယ်။ ✨

ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ရင်သွေးငယ်လေးတွေရဲ့ အနာဂတ်ကို ကြိုတင်ပြင်ဆင်နိုင်ဖို့ PEC Pre-school ကို ရွေးချယ်လိုက်ပါနော်။ 😇

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ PEC Pre-school သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 Gmail - [email protected]
📱 Phone - 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
📍 Location - No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

10/09/2026

သားသားမီးမီးလေးတွေကို စာစရေးခိုင်းတဲ့အခါ ခဲတံကို သေချာမကိုင်နိုင်တာ၊ စာနည်းနည်းရေးရုံနဲ့ လက်ညောင်းလာပြီး မရေးချင်တော့တာမျိုး ကြုံဖူးကြလား ❓

ဒါဟာ ကလေးငယ်လေးက စာမရေးချင်လို့ မဟုတ်ပါဘူး ... ။ စာရေးဖို့အတွက် လိုအပ်တဲ့ လက်ချောင်းနဲ့ လက်ဝါးကြွက်သားငယ်လေးတွေ မသန်မာသေးလို့ ဖြစ်ပါတယ်။

ကလေးတစ်ယောက် ခဲတံကို စနစ်တကျ ကိုင်တွယ်နိုင်ဖို့နဲ့ စာရေးတဲ့အခါ စိတ်တိုင်းကျ ထိန်းချုပ်နိုင်ဖို့အတွက် ကြွက်သားငယ်တွေကို ကြိုတင်
လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

ဒီလို လက်ချောင်းလေးတွေ သန်မာလာစေဖို့ အိမ်မှာတင် အလွယ်တကူ ပြုလုပ်ပေးနိုင်တဲ့ Activities လေးတွေကတော့ -

✨ ရွှံ့စိမ်း/Clay နယ်ခြင်း - လက်ချောင်းလေးတွေရဲ့ အားကို အသုံးပြုရတာကြောင့် ကြွက်သား သန်မာမှုကို ပိုမိုအားကောင်းစေပါတယ်။

✨ ရေညှစ်ခြင်းနှင့် ရေလောင်းခြင်း - လက်ဝါးဆုပ်အားနဲ့ လက်ချောင်း ထိန်းချုပ်နိုင်စွမ်းကို တိုးတက်စေပါတယ်။

✨ အရာဝတ္ထုလေးတွေကို ညှပ်/ဇွန်းဖြင့် ခတ်ယူခြင်း - Hand-Eye Coordination (မျက်စိနဲ့ လက် အချိတ်အဆက်) ကို မြှင့်တင်ပေးပါတယ်။

✨ စက္ကူဆုတ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်း - Pincer Grasp (လက်ညှိုးနဲ့ လက်မ အသုံးပြုမှု) ကို ပိုမိုကျွမ်းကျင်စေပါတယ်။

ဒီလို ဆော့ကစားရင်းနဲ့ပဲ ရင်သွေးငယ်လေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စာသင်ယူနိုင်ဖို့ ကြိုတင်ပြင်ဆင်ပေးလိုက်ရအောင်နော်... ❤️

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ PEC Pre-school သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 Gmail - [email protected]
📱 Phone - 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
📍 Location - No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

02/09/2026

အစဉ်အလာစာသင်စနစ်တွေနဲ့ မတူညီတဲ့ PEC ✅

"ကြက်တူရွေးနှုတ်တိုက်ကျက်တဲ့" စာသင်
စနစ်ကြောင့် ကလေးလေးတွေအနေနဲ့ စာကျက်ရမှာကို ကြောက်ရွံ့တတ်ပါတယ်။

PEC Pre-school မှာဆိုရင်တော့ ကလေးတွေကို စာတွေအတင်းအလွတ်ကျက်ခိုင်းတာမျိုးနဲ့ မသင်ယူစေပါဘူး ... ။

ကလေးတစ်ယောက်ချင်းစီရဲ့ စူးစမ်းလိုစိတ်နဲ့ ဖန်တီးနိုင်စွမ်းကို အပြည့်အဝ အသုံးချနိုင်အောင် ကမ္ဘာ့အဆင့်မီ Reggio Emilia Approach ကို အခြေခံပြီး သင်ကြားပေးနေတာ ဖြစ်ပါတယ်။ 📚✨

🎨 ဆေးရောင်ခြယ်တာ၊ ကစားတာနဲ့ ပဟေဠိဆက်တာစတဲ့ ပျော်စရာ Game လေးတွေကနေတစ်ဆင့် သင်ခန်းစာတွေကို အလိုလိုသဘောပေါက်နားလည်စေတယ်။

🔍 ကလေးရဲ့ စူးစမ်းချင်စိတ်ကို ဦးဆောင်ခွင့်ပေးပြီး ကိုယ်တိုင်တွေးခေါ် မေးမြန်းနိုင်အောင် အားပေးတယ်။

🤝 စာမကျက်ရဘဲ စာတတ်မြောက်စေတဲ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပါ ပိုမိုဖွံ့ဖြိုးလာစေပါတယ်။

အလွတ်ကျက် စာသင်စနစ်ကနေ ခွဲထွက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ စူးစမ်းလေ့လာမှု ခရီးစဉ်လေးကို PEC Pre-school နဲ့အတူ အစပြုလိုက်ရအောင်နော်။🌈😇

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ PEC Pre-school သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 Gmail - [email protected]
📱 Phone - 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
📍 Location - No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

-preschool

26/08/2026

🌟 မိခင်တို့ရဲ့ ရင်ဖွင့်စကားသံလေး 🌟

💬 "အရင်တုန်းကဆို သားသားက ဘာလုပ်လုပ် မေမေကချည်း အနားကနေ အမြဲလိုက်လုပ်ပေးနေရတာပါ။ အရုပ်လေးတွေ ဆော့ပြီးရင်လည်း အမြဲတမ်း ပစ်ထားခဲ့တတ်လို့ လိုက်သိမ်းပေးရတာကလည်း အမောပါပဲ။ ဒါပေမဲ့ PEC မှာ ကျောင်းစထားပြီးတဲ့ နောက်ပိုင်းမှာတော့ အခက်အခဲ သေးသေးလေးတွေကို ကိုယ်တိုင် ဖြေရှင်းတတ်လာတာကို မြင်ရတော့ မေမေတစ်ယောက်အနေနဲ့ တကယ်ကို ပီတိဖြစ်ရပါတယ်။"

ဒီလို တိုးတက်လာတာဟာ PEC Pre-school ရဲ့ Play-based Learning စနစ်ကြောင့်ပါပဲ။ 😇

PEC Pre-school မှာဆိုရင် ကလေးတွေကို စာချည်းပဲ အတင်းဖိအားပေး သင်ယူခိုင်းတာမျိုး မဟုတ်ဘဲ ကစားရင်းနဲ့ သင်ယူစေတဲ့အတွက် ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်း (Critical Thinking)၊ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving) နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ အလိုလို တိုးတက်လာတာပဲ ဖြစ်ပါတယ်။

ဖေဖေမေမေတို့အနေနဲ့လည်း ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေကို လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းရှိပြီး တာဝန်ယူစိတ်ရှိတဲ့ ကလေးလေးတွေအဖြစ် ပျော်ရွှင်စွာ ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ PEC နဲ့အတူ ပျိုးထောင်ပေးလိုက်ရအောင်နော်။ 🙌✨

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ PEC Pre-school သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 Gmail - [email protected]
📱 Phone - 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
📍 Location - No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

21/08/2026

အခုမှကျောင်းစတက်မယ့် ရင်သွေးငယ်လေးအတွက် စိုးရိမ်နေပြီလား ❓🥺

ကိုယ်နဲ့ တစ်ချိန်လုံး အတူတူရှိနေတဲ့ ရင်ခွင်ပိုက်အရွယ်လေးတွေအနေနဲ့ သူစိမ်းတွေချည်းပဲရှိတဲ့ ပတ်ဝန်းကျင်သစ်ကို သွားရတဲ့အခါ ကြောက်ရွံ့စိုးရိမ်တာက ကလေးတိုင်းရဲ့ သဘာဝပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးကို ကျော်ဖြတ်နိုင်ဖို့ မိဘတွေဘက်က ဘယ်လို ကြိုတင်ပြင်ဆင်ပေးသင့်လဲဆိုရင် -

💬 ကျောင်းမစခင် ရက်ပိုင်းအလိုကတည်းက "ကျောင်းသွားရင် သူငယ်ချင်းအသစ်တွေနဲ့ ဆော့ရမယ်၊ အရမ်းပျော်စရာကောင်းတယ်" ဆိုပြီး ကျောင်းရဲ့ပုံရိပ်ကို အကောင်းမြင်လာအောင် ကြိုတင်ပုံဖော် ပြောပြပေးပါ။

📚 ကျောင်းသွားရတာကို သဘောကျလာစေမယ့် ပုံပြင်လေးတွေ၊ သီချင်းလေးတွေနဲ့ မိတ်ဆက်ပေးပါ။

👋 ကျောင်းပို့တဲ့အခါ ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ပါ။ ပြီးရင် "မေမေ/ဖေဖေ ညနေကျရင် အချိန်မီ ပြန်လာကြိုမယ်နော်" ဆိုတာကို သေချာကတိပေးပြီး ယုံကြည်မှု တည်ဆောက်ပါ။

PEC Pre-school မှာဆိုရင်တော့ ကလေးငယ်လေးတွေ ကျောင်းစတက်တဲ့ ပထမဆုံးနေ့ကစပြီး ဆရာမတွေက မိခင်တစ်ယောက်လို နွေးထွေးတဲ့ မေတ္တာနဲ့ ကျောင်းကို ဒုတိယအိမ်လေးတစ်လုံးလို ခံစားရအောင် ဖန်တီးပေးထားပါတယ်။

ရင်သွေးငယ်လေးရဲ့ ပထမဆုံး ကျောင်းတက်မယ့် ခြေလှမ်းလေးကို PEC မှာ စတင်လိုက်ပါနော်။ 🥰

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ PEC Pre-school သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 Gmail - [email protected]
📱 Phone - 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
📍 Location - No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

11/08/2026

သားသားက ကြီးလာရင် လေယာဉ်မှူးကြီး ဖြစ်
ချင်တာ..." 🛩️

"မီးမီးကတော့ လူနာတွေကို ကုပေးတဲ့ ဆရာဝန်မကြီး လုပ်မှာ..." 🩺

ကလေးငယ်လေးတွေရဲ့ ချစ်စရာကောင်းတဲ့ အိပ်မက်လေးတွေကို မေမေဖေဖေတို့ ကြားဖူးကြမှာပါ။

ကလေးတစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားမှု၊ ဝါသနာနဲ့ သင်ယူနိုင်စွမ်းတွေဟာ ဘယ်တော့မှ မတူညီကြပါဘူး … ။ တချို့ကလေးတွေက ပန်းချီဆွဲတာကို ဝါသနာပါသလို၊ တချို့ကတော့ သီချင်းဆိုတာ၊ ကစားတာ၊ စူးစမ်းလေ့လာတာတွေကို ပိုပြီး အားသန်ကြပါတယ်။

ကလေးတွေရဲ့ စိတ်ဝင်စားမှုကို အသိအမှတ်ပြုပေးတာက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ယုံကြည်မှုကို များစွာတိုးတက်စေလို့ မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးငယ်ရဲ့ ဒီလိုကိုယ်ပိုင်အားသာချက်လေးတွေကို စောစောစီးစီး ရှာဖွေတွေ့ရှိပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဖေးမပံ့ပိုးပေးဖို့က အရမ်းကို အရေးကြီးပါတယ်။

Prime Education Centre (PEC) မှာတော့ ကလေးငယ်အားလုံးကို ပုံစံခွက်တစ်ခုတည်းထဲ ထည့်ပြီး သင်ကြားတာမျိုးမဟုတ်ဘဲ၊ ကလေးတစ်ဦးချင်းစီရဲ့ အားသာချက်နဲ့ သင်ယူနိုင်စွမ်းကို ဆရာမတွေက သေချာဂရုတစိုက် လေ့လာမှတ်သားပါတယ်။ ✨

သူတို့လေးတွေ အထူးစိတ်ဝင်စားတဲ့ နယ်ပယ်တွေမှာ ပိုမိုထူးချွန်လာစေဖို့၊ အားနည်းတဲ့အပိုင်းတွေကို ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိလာစေဖို့ စနစ်တကျ ပံ့ပိုးသင်ကြားပေးလျက်ရှိပါတယ်။

ရင်သွေးငယ်လေးရဲ့ တောက်ပတဲ့ အနာဂတ်အိပ်မက်တွေကို အကောင်းဆုံး လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ PEC Preschool နဲ့အတူ ပုံဖော်လိုက်ရအောင်နော်။ 😇

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ PEC Pre-school သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 Gmail - [email protected]
📱 Phone - 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
📍 Location - No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

31/07/2026

မိုးတွင်းကာလရောက်လာပြီဆိုတော့ ရာသီဥတုအေးလာတာနဲ့အမျှ သားသားမီးမီးတို့မှာ အအေးမိ၊ တုပ်ကွေးနဲ့ အခြားဖျားနာမှုတွေ အဖြစ်များတတ်ပါတယ်။ 🌧️

ဒါကြောင့် ရင်သွေးငယ်လေးတွေ ဖျားနာမှုကင်းပြီး ကျန်းမာပျော်ရွှင်နေစေဖို့ မေမေဖေဖေတို့ ကြိုတင်ဂရုစိုက်ပေးရမယ့် အချက်လေးတွေကို PEC Pre-school မှ မျှဝေပေးလိုက်ပါတယ်နော်။

🍲နွေးထွေးပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်ကျွေးပါ
ကလေးတွေကို ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေကို များများကျွေးပါ။ အစားအစာတွေကို ပူပူနွေးနွေးလေး ပြင်ဆင်ကျွေးမွေးပြီး ရေကျက်အေး ဒါမှမဟုတ် ရေနွေးနွေးလေးကိုသာ တိုက်ပေးပါနော်။

🧼 တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပါ
မိုးရေစိုလာခဲ့ရင်ဖြစ်ဖြစ်၊ အပြင်ကပြန်လာရင်ဖြစ်ဖြစ် ကလေးတွေကို ရေနွေးနွေးလေးနဲ့ သန့်စင်အောင်ချိုးပေးပြီး အဝတ်အစား ချက်ချင်းလဲလှယ်ပေးပါ။ အစာမစားခင်နဲ့ ကစားပြီးတိုင်းမှာ ဆပ်ပြာနဲ့ စက္ကန့် (၂၀) ကြာ မကြာခဏ လက်ဆေးတဲ့ အကျင့်လေးကိုလည်း ပြုလုပ်ပေးပါနော်။

🏃‍♀️ကိုယ်ခံစွမ်းအား မြှင့်တင်ပေးပါ
ကလေးတွေ တစ်နေ့ကို အိပ်ချိန် (၁၀) နာရီကနေ (၁၂) နာရီအထိ အိပ်ရေးဝဝအိပ်စက်ဖို့က ကိုယ်ခံအားအတွက် အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် အပြင်ထွက်ကစားလို့ မရတဲ့ရက်တွေမှာ အိမ်တွင်းမှာပဲ လုပ်လို့ရတဲ့ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ခိုင်းတာကလည်း သွေးလည်ပတ်မှုကောင်းစေပြီး ဖျားနာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ဒီအချက်လေးတွေကို ဂရုစိုက်ပေးခြင်းဖြင့် သားသားမီးမီးတို့အားလုံး ဖျားနာမှုကင်းဝေးပြီး မိုးရာသီလေးကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေနော်။ 😇

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ PEC Pre-school သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 Gmail - [email protected]
📱 Phone - 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
📍 Location - No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

29/07/2026

ဝါဆိုလပြည့် နေ့ထူးနေ့မြတ်လေးမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း PEC Pre-school မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏✨

12/07/2026

"သားကိုယ်တိုင် ထမင်းစားမယ်"
"သမီးဘာသာ အင်္ကျီဝတ်မယ်"

သားသားမီးမီးလေးတွေ အသက် ၂ နှစ်၊ ၃ နှစ် အရွယ်ရောက်လာပြီဆိုရင် အရာရာကို ကိုယ့်ဘာသာ လုပ်ချင်စိတ်တွေ တစထက်တစ ပိုများလာတတ်ပါတယ်။

ဒီအချိန်မှာ ဖေဖေမေမေတို ဝင်လုပ်ပေးတာထက် ကလေးတွေကို ကိုယ်တိုင်လုပ်ခွင့်ပေးတာက သူတို့လေးတွေရဲ့ အနာဂတ်အတွက် အများကြီး အရေးပါပါတယ်။

🧠 ဦးနှောက် ဖွံ့ဖြိုးမှုကို အားကောင်းစေတယ်
ဇွန်းကိုင်တာ၊ ကြယ်သီးတပ်တာတွေက ကလေးတွေရဲ့ မျက်စိနဲ့ လက် အချိတ်အဆက်မိမိ အလုပ်လုပ်
နိုင်စွမ်းကို တိုက်ရိုက် ဖွံ့ဖြိုးစေပါတယ်။

✨ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ပေးတယ်
အလုပ်တစ်ခုကို ကိုယ်တိုင် အောင်မြင်အောင် လုပ်
နိုင်သွားတဲ့အခါ "ငါလုပ်နိုင်တယ်" ဆိုတဲ့ ယုံကြည်မှု က သူတို့လေးတွေရဲ့ စိတ်ထဲမှာ ခိုင်မာလာစေပါတယ်။

🌱 တာဝန်ယူတတ်တဲ့စိတ်ကို ပျိုးထောင်ပေးတယ်
ကိုယ့်ပစ္စည်းကိုယ် သိမ်းတာ၊ ကိုယ့်ဘာသာ စားသောက်တာတွေကနေတစ်ဆင့် ကြီးလာတဲ့အခါ တာဝန်သိတတ်တဲ့ လူကြီးတစ်ယောက်ဖြစ်လာအောင် ငယ်ရွယ်စဥ်ကတည်းက အုတ်မြစ်ချပေးရာ ရောက်ပါတယ်။

ဒါကြောင့် ဖေဖေမေမေတို့ဘက်က အကုန်ဝင်မလုပ်ပေးဘဲ လိုအပ်တဲ့ အကူအညီလေးတွေကိုသာ ဘေးကနေ စောင့်ကြည့်ပြီး ပံ့ပိုးပေးကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်နော်။ 🤗

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ PEC Pre-school သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 Gmail - [email protected]
📱 Phone - 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
📍 Location - No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

Category

Telephone

Website

Address


Parami Road, Myint Zu Street, Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00

Alerts

Be the first to know and let us send you an email when PEC Pre-school posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.