Pyone Play Sports
Pyone Play Sports, (former Name for SPORTS) is the first Myanmar sports-specific TV channel produce Local and International Sports News and Sports Knowledge.
Pyone Play Sports for all
12/09/2026
ပါးပါးနပ်နပ် ကစားဟန် နဲ့ အတူ စပိန်သား ဇာဗီးယား ကို Split Decision (အမှတ်)နဲ့ အနိုင်ရခဲ့တဲ့ သွေးလင်းထက်
ThwayLinHtet is so back
Photo Crd
အာရှအားကစားပွဲတော် အတွက် ဂျပန်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်တဲ့ မြန်မာ့ လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း
M League ပွဲစဉ် ( ၂ ) အကောင်းဆုံး သွင်းဂိုး ( ၅ )ဂိုး
10/09/2026
သုံးပွဲဆက် အရှုံးကနေ ပြန်ရုန်းထွက်ရမယ့် သွေးလင်းထက်နဲ့ သုံးပွဲဆက်အနိုင်ရရေး ကြိုးစားလာမယ့် စပိန်နိုင်ငံသား ဇာဗီယား ဂွန်ဇာလက်
မနက်ဖြန် သောကြာညမှာ ကျင်းပမယ့် One Friday Fight(170) ပွဲမှာ မြန်မာဖိုက်တာ သွေးလင်းထက်က စပိန်ဖိုက်တာ ဇာဗီယား နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
သွေးလင်းထက်က oneမှာထိုးနေတဲ့မြန်မာဖိုက်တာတွေထဲ ရလဒ်အတော်ကောင်းမွန်ခဲ့တဲ့ ဖိုက်တာဖြစ်ခဲ့ပြီး ဒေါ်လာ ၁သိန်းတန် စာချုပ်ကြီး ပိုင်ဆိုင်ဖို့ထိ နီးစပ်ခဲ့ပေမယ့် နောက်ဆုံး (၃)ပွဲဆက် ကို တော့အမှတ်တွေနဲ့ ရှုံးနိမ့်ထားပါတယ်။
သွေးလင်းထက်ဟာ oneမှာ စုစုပေါင်း (၉)ပွဲထိုးထားပြီး(၅)ပွဲနိုင်၊ (၄)ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားကာ အဆိုပါ (၉) ပွဲစလုံးကလည်း အိမ်ရှင်ထိုင်းဖိုက်တာ တွေနဲ့ပဲ ယှဉ်ပြိုင်ခဲ့ရပြီး ဒီပွဲစဉ်မှာမှ အခြား ပြည်ပ ဖိုက်တာနဲ့ ထိုးရမှာဖြစ်ပါတယ်။
ပြိုင်ဘက် စပိန်သားကလည်း နောက်ပိုင်းမှာ လက်ရည်အတော်တက်လာတဲ့ ဖိုက်တာဖြစ်ပြီး နောက်ဆုံး(၂ )ပွဲဆက် ကို ပထမအချီမှာတင်အလဲထိုးတွေနဲ့ အနိုင်ယူထားပါတယ်။ အထူးသဖြင့် Sangtiennoi Gymရောက်ပြီးနောက်ပိုင်း မှာ အရင်ကထက်ပိုပြီးကောင်းမွန်လာတယ်လို့ ဆိုလို့ရနိုင်ပါတယ်။ oneမှာထိုးထားတဲ့ recordကို ကြည့်မယ်ဆိုရင် (၁၃)ပွဲမှာ(၇)ပွဲနိုင်၊ (၆)ပွဲရှုံးထားပါပြီး မဆိုးလှတဲ့recordကို ပိုင်ဆိုင်ထားပါတယ်။
သွေးလင်းထက်တို့ တွဲဆိုင်းဟာ အခမဲ့ကြည့်ရှုလို့ရတဲ့ ပွဲစဉ်တွေထဲပါဝင်နေတာကြောင့် မြန်မာစံတော်ချိန် ည( ၈ )နာရီကျော်လောက်မှာ (ရှေ့တွဲဆိုင်းတွေ ပေါ်မူတည်ကာ အချိန်အပြောင်းလဲဖြစ်နိုင်)ကြည့်ရဖို့ရှိနေပါတယ်။
ပတ်တံတောင်အကွက်နဲ့ ပြိုင်ဘက်တွေကို အလဲထိုးပြီး ပရိသတ်တွေအကြိုက်ဖြစ်ခဲ့တဲ့ သွေးလင်းထက် အလဲထိုးနိုင်ပွဲအတူ Bonusဆုကြီးကို သိမ်းပိုက်နိုင်ပါစေ။
PHOTO CRD: Thway Linn Htet's Facebook
09/09/2026
အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ အပြီးသတ် ၂၃ ယောက် လူစာရင်းကိုထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလူစာရင်းမှာတော့ ဝါရင့်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ပြန်လည်ပါဝင်လာခဲ့ပေမယ့် မြန်မာအမျိုးသမီးလိဂ်မှာခြေစွမ်းပြခဲကြတဲ့ ISPE အသင်းရဲ့ ခံစစ်မှူး မိုးမမစိုး၊ မနှစ်ကဂိုးအများဆုံးသွင်းထားသလို ဒီရာသီ ရဲ့ ရာသီဝက်ဂိုးအများဆုံးစာရင်းမှာ ဒုတိယနေရာမှာရှိနေခဲ့တဲ့ ဇင်မိုးပြည့်၊ ဒဏ်ရာပြဿနာရှိနေခဲ့တဲ့ စန်းသော်သော်၊ သစ္စာအားမာန်အသင်းရဲ့ ညာခြမ်းတစ်လျှောက်အကောင်းဆုံးခြေစွမ်းပြနေခဲ့တဲ့ ယွန်းဝတီ၊ ရန်ကုန်ယူနိုက်တက် အသင်းရဲ့ ခံစစ်ကစားသမား နန်းစနေမနဲ့ ကွင်းလယ်ကစားသမား နန်းချိူမွှေး နဲ့ ရှမ်းယူနိုက်တက် ခံစစ်က ဆောင်းနှင်းဖွေး တို့ကတော့ လူစာရင်းထဲမှာ ချန်လှပ်ခံထားခံခဲ့ရတာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းအနေနဲ့ အာရှအားကစားပြိုင်ပွဲ အဖွင့်ပွဲစဥ်ကို လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့၊ အိုဆာကာမြို့ရှိ Nagai အားကစားကွင်းတွင် တောင်ကိုရီးယားအသင်းနဲ့ စတင်အဖွင့်ပွဲယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒုတိယပွဲစဉ်အဖြစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ မြောက်ကိုရီးယားအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အုပ်စုတတိယပွဲစဉ်ကိုတော့ စက်တင်ဘာလ ၂၁ ရက်နေ့မှ ဘင်္ဂလားဒေ့ရှ်အသင်း ထပ်မံကစားသွားရမှာ ဖြစ်ပါတယ်။
M League ပွဲစဥ် (၂) ရဲ့ ပွဲပြီးသုံးသပ်ချက်တွေကို ရှင်းသန့်နဲ့အတူ ကိုနေကို ၊ ကိုမြတ်ဘုန်းတို့က စုံစုံလင်လင်တင်ဆက်ပေးထားတာမို့ Youtube မှာ ကြည့်ရှုအားပေးလို့ရပြီနော်
09/09/2026
FIFA ASEAN CUP အကြောင်း သိကောင်းစရာများ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကနေ ကြီးမှူးကျင်းပမယ့် 2026 FIFA ASEAN Cup ပြိုင်ပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ အရှေ့တောင်အာရှ အမျိုးသားလက်ရွေးစင်အသင်းတွေနဲ့ ဖိတ်ခေါ်အသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို နိုင်ငံတကာပွဲစဉ်တွေ ကစားရမယ့် ဖီဖာရက်သတ္တပတ်အတွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ကနေ အောက်တိုဘာလ ၅ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို အဆင့်နှစ်ခုခွဲပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။ Premier Division နဲ့ Challenge Division ဆိုပြီး ခွဲခြားထားတာ ဖြစ်ပါတယ်။ Premier Division လို့ခေါ်တဲ့ Division 1 ပြိုင်ပွဲတွေကိုတော့ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ Challenge Division လို့ခေါ်တဲ့ Division 2 ပြိုင်ပွဲတွေကိုတော့ ဟောင်ကောင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ဆုကြေးငွေအနေနဲ့ Division 1 ချန်ပီယံအသင်းက အမေရိကန်ဒေါ်လာ တစ်သန်း ရရှိမှာ ဖြစ်ပြီး ပြိုင်ပွဲရဲ့ စုစုပေါင်း ဆုကြေးငွေ ရန်ပုံငွေကတော့ အမေရိကန်ဒေါ်လာ လေးသန်းခန့် ရှိမှာ ဖြစ်ပါတယ်။
ဖီဖာဥက္ကဋ္ဌ ဂျီယန်နီအင်ဖန်တီနိုက ဒီပြိုင်ပွဲကျင်းပမယ့်အကြောင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဖီဖာဘက်က တဖက်သတ် ကြေညာခဲ့တာ ဖြစ်ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) အနေနဲ့ ကြေညာချက်မထွက်ခင်အထိ ဒီပြိုင်ပွဲအကြောင်းကို ကြိုတင်သိရှိထားခြင်း မရှိဘူးလို့ ဆိုထားတာ ဖြစ်ပါတယ်။ လက်ရှိ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲနဲ့ အဓိကကွာခြားချက်ကတော့ ဖီဖာအာဆီယံဖလားကို တရားဝင် ဖီဖာရက်သတ္တပတ်တွေမှာ ကျင်းပခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကလပ်အသင်းတွေအနေနဲ့ ကစားသမားတွေကို မဖြစ်မနေ စေလွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဖီဖာကောင်စီက ဒီပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်နေ့ အွန်လိုင်းအစည်းအဝေးမှာ တရားဝင် အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ကျင်းပတဲ့ (၇၆) ကြိမ်မြောက် ဖီဖာကွန်ဂရက်မှာ ဖီဖာနဲ့ AFF တို့ သဘောတူစာချုပ် ထပ်မံလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါစာချုပ်မှာ ပြိုင်ပွဲဖွဲ့စည်းပုံနဲ့ အိမ်ရှင်သတ်မှတ်ချက်တွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် ပွဲစဉ်တွေကို ဂျကာတာမြို့ရှိ ဂယ်လိုရာဘန်ကာနို အားကစားကွင်းနဲ့ ဘန်ဒေါင်းမြို့ရှိ ဆီဂျာလတ်ဟာရူပတ် အားကစားကွင်းမှာလည်း ကစားသွားမှာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ ကျင်းပမယ့် ပွဲစဉ်တွေကိုတော့ ကိုင်းတပ်အားကစားကွင်းနဲ့ မွန်ကောက်အားကစားကွင်းတွေမှာ ကစားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အသင်းပေါင်း ၁၄ သင်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အာဆီယံဘောလုံးအဖွဲ့ချုပ်ဝင် နိုင်ငံအားလုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ ဩစတြေးလျတစ်နိုင်ငံတည်းသာ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိတာ ဖြစ်ပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ ဟောင်ကောင်တို့ကိုလည်း ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်အသင်းက အာရှဖလားအတွက် ပြင်ဆင်နေတာကြောင့် မပါဝင်တော့ဘဲ ပါကစ္စတန်အသင်းနဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယအသင်းကလည်း ဘရာဇီးလ်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ရှိနေတာကြောင့် နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယအသင်းရဲ့ နေရာမှာ ဘင်္ဂလားဒေ့ရှ်အသင်းကို အစားထိုး ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
Division နှစ်ခုကို ခွဲခြားမှုမှာတော့ ဂျူလိုင်လ က ၂၀၂၆ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ကို အခြေခံပြီး ခွဲခြားထားတာ ဖြစ်ပါတယ်။
ဖီဖာအဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားတဲ့ အာဆီယံ ၆ သင်း (ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ) နဲ့ ဖိတ်ခေါ်အသင်း ၂ သင်း (ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်) တို့ကို Division 1 မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဆင့်သတ်မှတ်ချက် ပိုမိုနိမ့်ကျတဲ့ ကျန်အာဆီယံ ၅ သင်း (မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း၊ တီမောလက်စ်တေ) နဲ့ ဖိတ်ခေါ်အိမ်ရှင် ဟောင်ကောင်တို့ကိုတော့ Division 2 မှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။ လက်ရှိအထိတော့ Division ၂ ခုကြား တန်းတက် တန်းဆင်းစနစ် ရှိမယ်လို့တရားဝင်ဖော်ပြထားတာမရှိသေးပဲ ပြိုင်ပွဲကကျင်းပတဲ့အခါ ဖီဖာရဲ့ ကမ္ဘာ့အဆင့် ရပ်တည်မှု သတ်မှတ်ချက်နဲ့ Division ၂ ခုကို ခွဲခြားသွားနိုင်ခြေများနေတာဖြစ်ပါတယ်။
Division 1 အဆင့် အုပ်စု (A) မှာ အိမ်ရှင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်နေတာ ဖြစ်ပါတယ်။ အုပ်စု (B) မှာတော့ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ပါကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Division အုပ်စု (A) မှာ အိမ်ရှင်ဟောင်ကောင်၊ လာအိုနဲ့ ဘရူနိုင်းအသင်းတို့ ပါဝင်တာ ဖြစ်ပါတယ်။ အုပ်စု (B) မှာတော့ ကမ္ဘောဒီးယား၊ မြန်မာနဲ့ တီမောလက်စ်တေအသင်းတို့ ပါဝင်နေတာ ဖြစ်ပါတယ်။ အုပ်စုအဆင့် ပွဲစဉ်တွေကို ဇူလိုင်လ ၂၉ ရက်နေ့မှာ ခွဲဝေကြေညာခဲ့တာ ဖြစ်ပါတယ်။ Division 2 အဆင့် ဗိုလ်လုပွဲကို အောက်တိုဘာလ ၃ ရက်နေ့ ဟောင်ကောင်မှာ ကျင်းပမှာ ဖြစ်ပါပြီး Division 1 အဆင့် ဗိုလ်လုပွဲကိုတော့ အောက်တိုဘာလ ၅ ရက်နေ့ အင်ဒိုနီးရှားမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Division 2 အဆင့် ချန်ပီယံအသင်းက ဆုကြေးငွေ အမေရိကန်ဒေါ်လာ သုံးသိန်း ရရှိမှာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတိုင်းကလည်း ပါဝင်ကြေးအဖြစ် အမေရိကန်ဒေါ်လာ တစ်သိန်းနှစ်သောင်းငါးထောင်စီ ရရှိကြမှာ ဖြစ်ပါတယ်။
Photo - Crd
09/09/2026
ဗိုလ်လုပွဲတက်ဖို့ ကမ္ဘောဒီယားနဲ့ အဓိက အားပြိုင်ရမယ့် မြန်မာအသင်းရဲ့ 2026 FIFA ASEAN CUP အုပ်စုအနေအထား
စက်တင်ဘာလ (၂၄) ရက်နေ့မှ အောက်တိုဘာလ (၅) ရက်နေ့အထိ ကျင်းပမည့် 2026 FIFA ASEAN Cup ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုရလဒ်များနှင့် ပုံစံပြောင်းလဲမှုများကို တရားဝင် အတည်ပြု ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်အရ မြန်မာ့လက်ရွေးစင်အသင်းဟာ Division 2 ရဲ့ အုပ်စု (B) မှာ ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မူလအစီအစဉ်အရ မြန်မာအသင်းဟာ အုပ်စု (A) မှာ ပါဝင်ခဲ့ပေမယ့် ယခုနောက်ဆုံး အပြောင်းအလဲများအရ လာအိုအသင်းနဲ့ နေရာဖလှယ်ကာ အုပ်စု (B) ကို ရွှေ့ပြောင်းလာခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ အုပ်စု (B) မှာ မြန်မာအသင်းနဲ့အတူ ကမ္ဘောဒီးယားနှင့် တီမောလက်စ်တေ အသင်းတို့ အုပ်စုတွင်း ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပြီး အုပ်စု (A) မှာ ဟောင်ကောင်၊ ဘရူနိုင်း နဲ့ လာအို အသင်းတို့ ပါဝင်နေတာဖြစ်ပါတယ်။
Division 1 ရဲ့ အုပ်စု (A) မှာတော့ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ် အသင်းတို့ ပါဝင်လာတာ ဖြစ်ပါတယ်။ အုပ်စု (B) မှာတော့ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ပါကစ္စတန် အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။ ယခင်သတ်မှတ်ထားမှုတွေထဲကနေ အပြောင်းအလဲတစ်ခုအဖြစ် အုပ်စု (A) မှာ အိန္ဒိယအသင်းရဲ့နေရာကို ဘင်္ဂလားဒေ့ရှ်အသင်းက အစားထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ Division 1 ရဲ့ ပုံစံအရ အုပ်စု (A) ဒုတိယရတဲ့အသင်းနဲ့ အုပ်စု (B) ဒုတိယရတဲ့အသင်းတို့ တတိယနေရာလုပွဲ ကစားရမှာ ဖြစ်ပါတယ်။ အုပ်စု (A) ပထမရတဲ့အသင်းနဲ့ အုပ်စု (B) ပထမရတဲ့အသင်းတို့ကတော့ ဗိုလ်လုပွဲကို တိုက်ရိုက် တက်ရောက်သွားကြမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကျင်းပမယ့်ပုံစံအရ Division 1 နှင့် Division 2 ကတော့ မတူပဲ Division 2 မှာ တတိယနေရာလုပွဲစဉ် ထည့်သွင်းထားခြင်း မရှိတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အုပ်စု (A) နှင့် အုပ်စု (B) တို့မှ အုပ်စုပထမရရှိတဲ့ ထိပ်ဆုံးနှစ်သင်းသာ Division 2 ဗိုလ်လုပွဲသို့ တိုက်ရိုက် တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ကတော့ အုပ်စုတွင်းပြိုင်ဘက်တွေထဲ ကမ္ဘောဒီးယားအသင်းကိုပဲ အဓိက ကျော်ဖြတ်ရမှာဖြစ်ပြီး Division 2 ရဲ့ ဗိုလ်လုပွဲတက်ရောက်ဖို့ အလားအလာများနေပါတယ်။
08/09/2026
Full Time Result,
AFC Challenge League Preliminary Stage,
Yangon United FC 2 - 1 EZRA FC
08/09/2026
Half Time Result,
AFC Challenge League Preliminary Stage,
Yangon United FC 0 - 0 EZRA FC
Category
Telephone
Address
Yay Kuu Amplified Broadcast Station Wai Za Yan Tar Road Yangon
Yangon
11062
Alerts
Be the first to know and let us send you an email when Pyone Play Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.