Fine Poem
School
Hello
မြန်မာ့အမွေအနှစ်ကို
မြတ်နိုးသူတိုင်းအတွက်
ကျွန်ုပ်တို့ မကြာခင်ပြန်လာမှာပါ
တစ်ထောင်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်..
မျက်ရည်သွန်လို့ ဘ၀င်ညှိး
ဂျုလှိုင် တစ်ဆယ့်ကိုး..
×××××××××
ဗိုလ်ချုပ်နဲ့တကွ ကျဆုံးခဲ့သော
အာဇာနည် ၉ဦးတို့အား
ဂုဏ်ပြုသောအားဖြင့်..
မြန်မာ့လွတ်လပ်ရေးအတွက်
ကြိုးပမ်းအားထုတ်ခဲ့ကြသော
ပုဂ္ဂိုလ်အားလုံးတို့အား
အသိအမှတ်ပြုသောအားဖြင့်..
ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိခဲ့စဉ်အချိန်က
လန်ဒန်နိုင်ငံရောက်၊ အိန္ဒိယနိုင်ငံရောက် ၊
ရှားပါးရုပ်သံ တချို့ကို တင်ဆက်ပေးလိုက်ပါတယ်။
Movie Credit - Pathe
#အာဇာနည်နေ့
1946 ခုနှစ်က အတာသင်္ကြန်မြင်ကွင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
နောက်ခံတေးဂီတကတော့ 1961ခုနှစ်မှာ မြန်မာအဆိုတော် ကိုမြကြီးနှင့် အမေရိကန်ဂီတပညာရှင်နှစ်တို့မှ ပူးပေါင်းတီးခတ်သီဆိုထားတာဖြစ်ပါတယ်။
မြန်မာ့ရက်မြတ်နှစ်ကူးသင်္ကြန်အခါသမယမှာ ကမ္ဘာသူကမ္ဘာသား အားလုံး ငြိမ်းချမ်းသာယာ ဘေးဘယာတွေ ဝေးကွာကြပါစေ။
Movie Credit - PATHE
သူငယ်တန်းမြန်မာစာအုပ်မှ ကဗျာလေးကို
(ဘ၀သံသရာ- ဦးသုခ)ရဲ့ မြေး Taipyon မှ
ရှင်းပြထားတာလေးကို မျှဝေလိုက်ပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)ခန့်မှ ရန်ကုန်မြို့နှင့် မြန်မာ့ကျေးလက်သဘာဝ
မြင်ကွင်းတချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
နောက်ခံစောင်းတေးလက်သံ - ဦးဘသန်း
Movie Credit - MichaelRogge&Penn Museum
ဘဝကုသိုလ်ကံပေးတဲ့အတိုင်း
ကျမအသားက ညိုပါတယ်..အကို၊
ဘယ်လောက်ညိုသလဲ သိချင်လို့
မြင်ဖူးချင်ပါတယ် လို့ မပြောပါနဲ့လားနော်..
ကျမအသားညိုတာကို မှန်းဆကြည့်ချင်ရင်တော့
ရှင်တို့အိမ်မီးဖိုးဆောင်က ထမင်းအိုးဖင်ကိုသာ
မြင်ယောင်လိုက်ပါတော့..အကိုရယ်..။
ကိုယ်တိုင်က ညိုနေခဲ့ပေမယ့်..
ကျမရည်းစားဖြစ်လာမဲ့ သူကိုတော့
မတန်ဘူးပဲ ပြောချင်ပြေကြပါစေ..
အသားလတ်လတ်လေးနဲ့ ရှိစေချင်ပါတယ်။
ချွဲရမယ်ဆိုလဲ သူမျးထက် ကဲကဲ
ကျမချွဲတတ်ပါတယ်..အကို..
ဒါပေမယ့် ကျမအားငယ်မိတယ်၊
ကျမလို ရုပ်ဆိုးဆိုး အသားသားညိုညို
မိန်းကလေးတစ်ယောက်ကို ဖူးစာဖက်ချင်သူ..
လူတစ်ထောင်မှာ တစ်ယောက်လောက်တော့
ရှိတန်ကောင်းပါရဲ့နော်....၊
(အစရှိသော ရည်းစားသနာထားဖို့အရေးအတွက်
အားငယ်နေမိတဲ့ အသားညိုညိုလုံမပျိုလေးရဲ့
ရင်တွင်းစကားသံအချို့ကို )
ခပ်ရွှန်းရွှန်း ခပ်ပိုပိုဖွဲ့သီထားတဲ့
~နန်းတော်ရှေ့ဆရာတင်~ရဲ့
တေးလက်ရာမွန် တစ်ပုဒ်ဖြစ်တဲ့
"ကျွဲမ" သီချင်းလေးကို မျှဝေလိုက်ပါတယ်။
22/01/2018
မြန်မာပြည်ရဲ့ ရှိတ်စပီးယားလို့
ပြောရအောင် စာပေအရာမှာ
ပြိုင်စံရှားတဲ့ စလေဦးပုညရဲ့
အလိမ်ဖွဲ့တစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။
အိုးစည်သံဟာ နားဆင်ရသူအပေါင်းကို
တက်ကြွကြည်နူးပျော်ရွှင်စေပြီး ညီညွတ်ခြင်းရဲ့
အသရေကိုလဲ ဖော်ဆောင်ပေးပါတယ်။
မြန်မာ့ယဉ်ကျေးမှု ပြယုဒ်တခုလို့ဆိုရင်လဲ
မလွဲပါဘူး။
အိုးစည်တူရိယာဟာ ထင်ရှားလှတဲ့
မြန်မာ့တူရိယာတွေထဲမှာ
တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။
ရှေးမြန်မာဘုရင်မင်းများရဲ့ ထီးသုံးနန်းသုံး
ဖျော်ဖြေရေးတူရိယာဖြစ်ခဲ့သလို
ရှေးမြန်မာဘိုးဘွားများလက်ထက်က
ဘုရားပွဲ ကျောင်းပွဲ အလှူပွဲနဲ့ပျော်ပွဲရွှင်ပွဲတွေမှာ
အိုးစည်မပါရင် ပွဲမစည်ဘူးရယ်လို့
ပြောရမလောက်စင်ပေါ်ရောက်ခဲ့တဲ့ အိုးစည်ပါ။
အိုးစည်ဝိုင်းဆိုတာနဲ့ ကလေးလူကြီးပါမကျန်
တစ်အိမ်လုံးတစ်ရွာလုံး အုန်းအုန်းကျွက်ကျွက်
အရွယ်မရွေး ကြိတ်ကြိတ်တိုးအားပေးလေ့ရှိကြပါတယ်။
အိုးစည်မျက်နှာပြင်တစ်ခုထဲကနေပဲ
အသံအနိမ့်အမြင့် အတက်အကျ
လှလှပပ နာပျော်ဖွယ်အသံဖြစ်လာအောင်
တီးခတ်နိုင်ကြတဲ့ ပညာရှင်များရဲ့အစွမ်းဟာလဲ
အံ့မခန်းပါပဲ။
မြန်မာ့အိုးစည်သံစစ်စစ်ကို
ခံစားနားဆင်နိုင်ကြစေဖို့
နိုင်ငံတော်အဆင့် ဆို က ရေး တီးပြိုင်ပွဲမှာ
ဆုရခဲ့တဲ့ "ချင်တွင်းစနေနှင့်ချင်းတွင်းဒိုး"အဖွဲ့ရဲ့
အိုးစည်သီးချင်းတစ်ပုဒ်ကို Fine Poemမှ
စာတန်းထိုးမျှဝေပေးလိုက်ပါတယ်။
( အိုးစည်သံရဲ့ Bass Tone ကို အပြည့်အ၀ရရှိချင်ရင်တော့
နားကျပ်အသုံးဖို့လိုပါလိမ့်မည်)
18/01/2018
အချစ်ဆိုတာ လူသားတိုင်းနဲ့ မကင်းပါဘူး။
ဒါပေမယ့် အချစ်ရဲ့အစွန်းတဖက်ကို
အလွန်အကျွံရောက်သွားခဲ့ရင်တော့
အန္တရယ်ကြီးလှပါတယ်။
အချစ်ကနေ ရုတ်ချည်းအမုန်းကိုလဲ
ပြောင်းလဲသွားတတ်ပါတယ်။
အချစ်ရဲ့စေ့စားမှုကြောင့် အရာရာမဆင်မခြင်
မိုးမမြင် လေမမြင်ဖြစ်သွားစေတတ်ပါတယ်။
အချစ်ကြောင့် ဘဝမနစ်မွန်းစေဖို့
" မန်လည်ဆရာတော် "ရဲ့ အချစ်နဲ့ပတ်တဲ့
အဆုံးအမတစ်ခုကို မျှဝေပေးလိုက်ပါတယ်။
17/01/2018
ကိုယ်တိုင်ခူးလာပေးတဲ့
အရိုးခံတောပန်း ပန်းခရေဖူးကိုမပန်ပဲ
ဂုဏ်မြင့်တဲ့ ပန်းနှင်းဆီ မြို့ပန်းကို
ပန်ဆင်လှပနေတဲ့ သူ့ချစ်သူအပေါ်မှာ
ဒေါသမဖြစ်ပဲ နှင်းဆီကိုပန်ပြီး
ပိုမိုလှပသွားတဲ့ ချစ်သူကိုကြည့်ရင်း
မုဒိတာပွားမိပါတယ်...။
တကယ့်မေတ္တာတရားဆိုတာ
ပူလောင်မှုမရှိပဲ ချစ်တဲ့သူကောင်းစားတာကို
မြင်ရလေလေ ကျေနပ်ကြည်နူးလေလေဖြစ်ပါလိမ့်မယ်။
ဆရာမင်းသုဝဏ်ရဲ့ "နှင်းဆီပန်း"ဆိုတဲ့ကဗျာလေးကို မျှဝေလိုက်ပါတယ်။
16/01/2018
အကောင်း အဆိုး
အတက် အကျ
အနိမ့် အမြင့်
အလှည့် အပြောင်းတွေ
ဘယ်လိုပဲ ရှိပါစေ..၊
ကြုံတွေ့လာတဲ့ အခြေအနေနဲ့
လိုက်လျောညီထွေစွာ အံတုရင်ဆိုင်ရင်း
ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်စေဖို့
ဆရာဇော်ဂျီရဲ့ (ဗေဒါလမ်း) ကဗျာလေးကို
မျှဝေပေးလိုက်ပါတယ်။
Website
Address
Yangon
11011
Alerts
Be the first to know and let us send you an email when Fine Poem posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.