M.Y Collection

M.Y Collection

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M.Y Collection, Clothing Store, No. 19, Anawmar 18 West , 2/North Ward, Tharketa Township, Yangon.

01/02/2026

ဝုန်းဒိုင်းကြဲသောင်းကျန်းနေတဲ့ကလေးငယ်
သို့မဟုတ် Toddler Tantrum
••••••••••••••••••••••••••••••••••••••••••••

ကလေးတွေ ခံစားရသမျှ စိတ်ပိုင်းဆိုင်ရာ စိတ်တိုမှု၊ ဒေါသ စတဲ့ခံစားမှုတွေကို ပြသတဲ့ အခြေအနေကို “temper tantrum” လို့ခေါ်ပါတယ်။

Trantrum အမျိုးအစားတွေက အမျိုးမျိုးရှိပါတယ်။
▪️ထိခိုက်ဒဏ်ရာရတာမရှိဘဲ အသားကုန်အော်ဟစ်ငိုယိုခြင်း
▪️စူးစူးဝါးဝါးအော်ဟစ်ခြင်း
▪️ခြေဆောင့်ခြင်း
▪️အရာဝတ္ထုများကိုလွှင့်ပစ်ခြင်း
▪️ကြမ်းပြင်မှာလူးလိမ့်နေခြင်း
▪️အသက်အောင့်ကာ ရှိုက်နေခြင်း စတဲ့ပုံစံတွေနဲ့တွေ့နိုင်ပါတယ်။

💠ကလေးတွေကဘာကြောင့် ဝုန်းဒိုင်းကြဲကြတာလဲ?

လူတိုင်းက စိတ်ဆိုးဒေါသဖြစ်ကြပါတယ်။ ဒါက လူသားတွေမှာဖြစ်တတ်တဲ့သဘာဝပါပဲ။
ကလေးငယ်လေးတွေ အထူးသဖြင့် toddler တွေအတွက် tantrum ဆိုတာ သူတို့ရဲ့ စိတ်ခံစားမှုကို ပြသတဲ့ ပုံမှန်နည်းလမ်းတစ်ခုပါ။

ကလေးတို့ကြီးလာတဲ့အခါမှာ သူတို့ ဦးနှောက်ရဲ့ စိတ်ခံစားမှုအဓိကဗဟို (emotional centre) က ဖွံ့ဖြိုးလာပြီး အလိုမကျမှုတွေကို ထိန်းချုပ်ခြင်း၊ သူတို့ လိုအပ်ချက်တွေကိုဖော်ပြခြင်း၊ သူတို့ကိုယ်သူတို့ဖော်ပြခြင်း စတာတွေကို သင်ယူနေခြင်း ဖြစ်ပါတယ်။

💠ကလေးတွေ tantrum လုပ်တတ်တဲ့ အခြေအနေတွေ

▪️မိဘက "မလုပ်ရဘူး” လို့ ပြောတဲ့အခါ
▪️သူတို့ဖြစ်ချင်သလို အခြေအနေတွေ မဖြစ်လာတဲ့အခါ
▪️ခက်ခဲတဲ့အလုပ်တွေကို လုပ်ရင်း မရတဲ့အခါ
▪️လိုချင်တာကို စကားနဲ့ ဖော်ပြလို့မရတဲ့အခါ
▪️ဗိုက်ဆာခြင်း၊ ဝမ်းနည်းခြင်း၊ မောပန်းခြင်း၊ စိတ်ဖိစီးမှု (stress) သို့မဟုတ် စိတ်ပင်ပန်းနေခြင်းစတာတွေကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဘာအကြောင်းရင်းမယ်မယ်ရရမှမရှိဘဲလည်း ဖြစ်တတ်ပါသေးတယ်။

ကလေးတွေက မိဘကို တမင်စိတ်ဆင်းရဲစေချင်လို့ တမင်လုပ်တာမဟုတ်ကြပါဘူး။ သူတို့အနေနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေတိုးတက်လာဖို့ သင်ယူနေကြတာပါ။

💠ကလေးတစ်ယောက် tantrum ဖြစ်နေရင် ဘာလုပ်သင့်လဲ?

▪️စိတ်တည်ငြိမ်အောင်ထားပါ

Tantrum ကို ကိုင်တွယ်ရတဲ့အချိန်မှာ စိတ်
အေးအေးထားဖို့ဆိုတာ အမြဲလွယ်ကူမနေပါဘူး။ဒါပေမယ့် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ Tantrum ကို ကြုံတွေ့ပြီး ကိုယ်က ဒေါသနဲ့တုံ့ပြန်ရင် ကလေးရဲ့ ကြီးမားတဲ့စိတ်ခံစားမှုပေါ်မှာ ထပ်လောင်းတိုးသလိုဖြစ်သွားပြီး Tantrum ကပိုဆိုးတတ်လို့ပါပဲ။

▪️ဆုံးဖြတ်ချက်ကို မလွဲမသွေချမှတ်ထားပါ

ဥပမာ – မိဘနဲ့ ကလေးတစ်ယောက် စျေးဝယ်နေတုန်း အားလုံးက အဆင်ပြေပြေ ဖြစ်နေတယ်ဆိုပါစို့။ ကလေးက သူလိုချင်တဲ့ အရာ(အရုပ်ဖြစ်ဖြစ်)တစ်ခုကို မြင်လိုက်ရမယ်။
ဝယ်ခိုင်းမယ်။ မိဘက “မရဘူး” လို့ ပြောပြီး ကလေးကို အဲဒီအရာကို ပြန်ထားခိုင်းမယ်။ ကလေးက မလိုက်နာဘဲ ငိုကြွေးတာ၊ ခြေဆောင့်တာ၊ လူးလှိမ့်တာတွေလုပ်တဲ့အခါ မိဘကဝယ်ပေးလိုက်ပါတယ်။ ဒါဆိုရင် ကလေးက Tantrum ဖြစ်တဲ့အခါ လိုချင်တာကို ရနိုင်တယ်လို့ထင်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်က Yes or No မပြောခင် သေချာတွေးပါ။ ပြီးရင်တော့ ဆုံးဖြတ်ချက်အတိုင်းတည်ဖို့လိုအပ်ပါတယ်။ ကလေးကို ရှည်ရှည်ဝေးဝေးရှင်းပြတာ၊ အကြာကြီးချော့တာက ပြောင်းပြန်ရလဒ်တွေပေးနိုင်လို့ တိုတိုရှင်းရှင်းပဲရှင်းပြသင့်ပါတယ်။ ဒီအချိန်ဝယ်လို့မရသေးကြောင်း၊ မပေးနိုင်ကြောင်းကိုသာ တည်တည်ငြိမ်ငြိမ်နဲ့ပြောပြရပါတယ်။

▪️နောက်တစ်ခုကတော့ ကလေးတွေ Tantrum ဖြစ်နေစဉ်မှာ အလွန်အမင်းသင်ကြားခြင်းနှင့် ရှင်းပြခြင်းကို ရှောင်ပါ။ ကလေးက စိတ်ဆိုးနေချိန် သို့မဟုတ် စိတ်ပင်ပန်းနေချိန်မှာ အများကြီးရှင်းပြခြင်းဟာ မကောင်းပါဘူး။ သူတည်ငြိမ်တဲ့အချိန်၊ Relax ဖြစ်ချိန်မှသာ နားလည်အောင်ရှင်းပြသင့်ပါတယ်။

Tantrum မဖြစ်စေဖို့တော့ အလုံးစုံတားလို့မရပါဘူး။ ဒါပေမယ့် ဖြစ်တာတွေနည်းလာစေဖို့ သူတို့ရဲ့ခံစားချက်လေးတွေကို စကားနဲ့ဖော်ပြတတ်ဖို့ ကူညီပေးသင့်ပါတယ်။

💠Toddler Tantrums က ဘယ်အချိန်မှာ စိတ်ပူရမလဲ

Toddler tantrum တွေဟာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုအတွက် သာမန်အစိတ်အပိုင်းတစ်ခုပါပဲ။Tantrum များက ၁၂ လအရွယ်မှာ စတင်နိုင်ပြီး ၂ နှစ်အရွယ် ကလေးတွေအတွက် ပုံမှန်ဖြစ်တတ်ပါတယ်။သုတေသနများအရ ၃–၄ နှစ်အရွယ် ကလေးတွေမှာ တနေ့ကို ပျမ်းမျှတစ်ကြိမ် tantrum ဖြစ်တတ်ကြောင်းတွေ့ရှိရပါတယ်။ကလေးတိုင်းက မတူညီပါဘူး။ tantrum ပိများသည့် ကလေးများလည်း ရှိနိုင်ပါတယ်။ မိဘတွေရဲ့ စိတ်ရှည်သည်းခံမှုနဲ့ handle လုပ်နိုင်မှု​ပေါ်မူတည်ပြီး tantrum များကို နည်းလာစေနိုင်ပါတယ်။ ကလေးတွေ စိတ်ခံစားမှု၊ လိုချင်မှုကို ထိန်းချုပ်သင်ယူခြင်းနှင့် ပြဿနာဖြေရှင်းနည်းများကို သင်ပေးနိုင်ပါတယ်။

🔺ကလေးကိုရိုက်နှက်ဆုံးမခြင်း၊ အော်ဟစ်သောင်းကျန်းခြင်းများကိုရှောင်ပါ။

🔺ကလေးအနေနဲ့ Tantrum များကို ထိန်းချုပ်ကိုင်တွယ်မရခြင်း၊ ကိုယ်နှုတ်အမူအရာများ လွန်စွာကြမ်းတမ်းနေတာကို မိဘများက မသင်ကြားပေးနိုင်ခြင်းများရှိနေရင်တော့ ပညာရှင်များရဲ့ အကူအညီကိုရယူနိုင်ပါတယ်ရှင်။
ဇနီးမောင်နှံ၊ မိသားစု၊ သူငယ်ချင်းနဲ့ ဆွေးနွေးကြည့်နိုင်ပါတယ်။ ကလေးအများစုမှာဖြစ်တတ်တာမို့ အလွန်အမင်းစိတ်မပူဖို့တော့လိုအပ်ပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕

ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။

Photos from M.Y Collection's post 17/01/2026

✅3ထည်စျေး တန်တန်လေး ✅

🪴အသားလေးက အိစက်ပြီး ရာသီမရွေးဝတ်လို့ အဆင်ပြေဆုံး
T0pten 0nair တံဆိပ် လက်ရှည်-ဘီရှည်ဝမ်းဆက်လေး ရောင်းပေးပါမယ်

☃️ဆောင်းအေးအေးမှာဝတ်မလား
☀️Aircon ခန်းထဲမှာဝတ်မလား
🌧️မိုးဖွဲဖွဲမှာဝတ်မလား အိုခေစိုပြေသောလေးနော်

✅ တစ်ထည်ဈေး 19,000 ကျပ် ✅
🎁 3 ထည်စျေး 17000 ကျပ်
💥 3ထည်ယူတဲ့ ကာကာများ အရောင်ရွေးမရပါရှင့်၊ လိုချင်တဲ့ဆိုဒ်လေးပြောပေးနော် အရောင်စုံအောင်ထည့်ပေးပါမယ်

📐Size Chart:
ပုခုံး ရင် လက်ရှည် ခါး ဘီရှည်
110 (4-5Y) 9 24 15 18 23
120 (5-6Y) 10 26 16 19 26
130 (7-8Y) 11 28 17 20 29
140 (9-10Y) 12 30 18 21 31
150 (11-12Y) 13 32 19 22 34
160 (12-13Y) 14 34 20 24 37
170 (13-14Y) 15 36 21 26 39

🌈Colour: အရောင်စုံ

☎️ Page Messenger or 09-250694467 , 09763067220

🚛ရန်ကုန်မြို့တွင်းနဲ့ နယ်မြို့ 150 ကျော်ကို အိမ်ရောက်ငွေချေစနစ်ဖြင့်လည်းပို့ဆောင်ပေးနေပါပြီရှင့်🚛

Photos from M.Y Collection's post 04/01/2026

💥3စုံ အတန်ဆုံးဈေးနဲ့ ယူပါနော် 💥

🍁🍁ရာသီမရွေး ဝတ်လို့ရမှာလေးတွေ🍁🍁
Item 1
✅ သမီးလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းပြီး အသားအရမ်းကောင်းသော နာမည်ကြီး K0rea Branded Exp0rt 0rc!te အင်္ကျီလေးတွေ

Item 2
✅ သားသား/မီးမီး ဝတ်လို့ရတဲ့ အသားအရမ်းကောင်းသော နာမည်ကြီး K0rea Branded Exp0rt 0rc!te လက်တိုဘီတို ဝမ်းဆက်

Item 3
✅ သားသား/မီးမီး ဝတ်လို့ရတဲ့ ချစ်စရာကောင်းတဲ့ အကောင်ပုံလေးတွေနဲ့ Branded Exp0rt Mu.ji T Shirt အင်္ကျီလေးတွေ

🌲🌲အသားလေးက နူးညံ့အိစက်နေလို့ ဝတ်လိုက်တာနဲ့ ပူခြင်းယားခြင်းလုံးဝမရှိဘဲ အရမ်းသက်တောင့်သက်သာဖြစ်စေတာမို့ သားသားမီးမီးတို့ ဒါမှဒါဖြစ်နေစေမှာပါ 🌲🌲

🎯ချစ်စရာဒီဇိုင်းလေးတွေနဲ့ အရောင်စုံအဆင်စုံမို့ အကြိုက်ဆုံးလေးတွေရဖို့ မြန်မြန်လေး လာဝယ်လိုက်တော့နော်

✅ ဈေးနှုန်း
🎯Item 1
👉 ၁ စုံ - 8500ကျပ်
၃စုံစျေး - 7500 ကျပ်
📐📏 Size Chart: (4 to 11 yrs)
Size ပခုံး ရင် အရှည်
4Y 9.5 24 14
5Y 10 25 15
6Y 10.5 26 16
7Y 11 27 17
8Y 11 28 18
9Y 12 29 19
10Y 12 30 20
11Y 12.5 31 21

🎯Item 2
👉 ၁ စုံ - 15000 ကျပ်
၃စုံစျေး - 14000 ကျပ်
📐📏Size Chart: (4 to 11 yrs)
Size ပုခုံး ရင် ခါးရှည် ခါး ဘီရှည်
4Y 10 24 14 19 12.5
5Y 11 24 15 20 13
6Y 11 25 16 21 14
7Y 12 26 17 22 15
8Y 12 27 17.5 22 16
9Y 12.5 28 18 23 17.5
10Y 13 29 19 24 19
11Y 13.5 30 20 25 20

🎯Item 3
👉 ၁ စုံ - 11000ကျပ်(ယခင် 12000ကျပ်)
၃စုံစျေး - 10000 ကျပ်
📐📏Size Chart(2 to 14 yrs)
ပုခုံး ရင် အရှည်
90 (2-3 နှစ်) 10" 24" 15"
100 (3-4နှစ်) 11" 25" 16"
110 (4-5 နှစ်) 11" 27" 16.5"
120 (5-6 နှစ်) 11.5" 28" 17"
130 (7-8 နှစ်) 12" 30" 19"
140 (9-11 နှစ်) 13" 32" 21"
150 (12-14 နှစ်) 14" 34" 22"

📌 အထည်လေးတွေကို Order Confirm မဖြစ်မချင်းစိတ်တိုင်းကျသည်အထိ ဆိုဒ် အရောင်ပြပီး ရွေးချယ်ဝယ်ယူလို့ရပါတယ်ရှင့်

#လက်ကား
30/50/100/200/500/1000++++
(ဈေးအသက်သာဆုံးနဲ့ရမယ်ရှင့်)

☎️ Page Messenger or-250694467 , 09763067220

🚛 ရန်ကုန်မြို့တွင်းနဲ့ နယ်မြို့ 150 ကျော်ကို အိမ်ရောက်ငွေချေစနစ်ဖြင့်လည်းပို့ဆောင်ပေးနေပါပြီရှင့်

Photos from M.Y Collection's post 01/01/2026

🍀နှစ်သစ်လက်ဆောင် ၃ ဦးယူပါရှင့်🍀

🌻H .n.M ဆွယ်တာလေး တစ်မျိုးကိုတစ်ထည် လက်ဆောင်ပေးသွားပါမယ်
🌻 page လေးကို follow and share လုပ်ပြီး screenshots လေးကို ကွန့်မန့်မှာ မန့်ခဲ့ပေးပါနော်

🌻ကံထူးရှင်လေးတွေကို 5.1.2026 ရက်နေ့မှာ ရွေးချယ်ပေးပါမယ်ရှင့်

31/12/2025

Happy new year 2026!
မင်္ဂလာရှိသော နှစ်သစ်လေးပါ ချစ်ရတဲ့ ကာကာတို့ရေ💕
၂၀၂၆ ခုနှစ် နှစ်သစ်မှစပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်။ လုပ်ကိုင်ဆောင်ရွက်သမျှ အောင်မြင်ပါစေ ၊ စီးပွါးရေးတွေ တိုးတက်ပါစေလို့ ထပ်ဆင့်ဆုတောင်းပေးပါတယ် 🙏🙏🙏

Category

Telephone

Website

Address


No. 19, Anawmar 18 West , 2/North Ward, Tharketa Township
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Alerts

Be the first to know and let us send you an email when M.Y Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.