Myanmar SpeedNet

Myanmar SpeedNet

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar SpeedNet, Internet service provider, No. 276/B, Room No. 2C, Golden Race Course Condo, Moe Kaung Road, Tamwe Township, Yangon.

Myanmar Speed Net Co., Ltd is Myanmar’s fully-integrated info-communications operator, offering a wide range of data and voice communication services for both consumer and corporate markets. To deliver smart life to the citizens with innovative technologies and value added services through high speed broadband connectivity.

မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုများပေါ် အခြေခံ၍ ဖြစ်ထွန်းပေါ်ပေါက်လာမည့် နည်းပညာအသစ် များဖြင့် နိုင်ငံသားများ၏ လူနေမှုဘ၀အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်

To contribute in Telecommunication Infrastructure Development for Economin Growth while advancing to smart nation.

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ် ဖော်ဆောင်ရာတွင် လိုအပ်သော စီးပွားရေးကဏ္ဍ တိုးတက်ရေးအတွက် အခြေခံအုဋ်မြစ်ဖြစ်သည့် ဆယ်သွယ်ရေးအဆောက်အဦဖွံ့ဖြိုးရေးတွင် တစ်ဖက် တစ်လမ်းမှ ပါဝင်ဆောင်ရွက်နိုင်ရန်

Photos from Myanmar SpeedNet's post 10/09/2026

🤝 Building Trust Through Quality & Compliance

Myanmar Speed Net Company ရုံးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး (Ministry of Commerce) မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးကာလိုအပ်သည်များကို ယခင်ထက် ၊ ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး Quality နှင့် Compliance ပိုမိုကောင်းမွန်စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 💚

Myanmar Speed Net — Stay Ahead, Stay Connected.

12/08/2026

အင်တာနက် ဝန်ဆောင်မှု ယာယီ ပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးချက်

ချစ်ခင်လေးစားရပါသော Myanmar Speed Net သုံးစွဲသူ မိတ်ဆွေများခင်ဗျာ -

ကျွန်တော်တို့ Myanmar Speed Net မှ ဝန်ဆောင်မှု အရည်အသွေးကို ပိုမိုကောင်းမွန် စိတ်ချရစေရန်၊ လိုင်းတည်ငြိမ်မှု ရရှိစေရန်နှင့် Government ၏ ရက် (၁၀၀) စီမံကိန်း ညွှန်ကြားချက်နှင့် အညီ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ပြုပြင်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက် နှင့် (၁၄) ရက်။

သက်ရောက်မှုရှိမည့် မြို့နယ်များ: ဗိုလ်တထောင်၊ ပုဇွန်တောင် နှင့် ကျောက်တံတား မြို့နယ်များ

အခြေအနေ: ပြုပြင်စဉ် ကာလအတွင်း အင်တာနက် ဝန်ဆောင်မှုများ ယာယီ ပြတ်တောက်ပါမည်။

လုပ်ငန်းများ ပြီးစီးပါက ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခု ပြုပြင်ထိန်းသိမ်းမှုကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်သွားပါက အနူးအညွတ် တောင်းပန်အပ်ပါသည်။

29/07/2026

မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစကြာနေ့) အခါသမယတွင် မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ စိတ်ချမ်းမြေ့ဖွယ် သတင်းကောင်းများစွာကို အစဉ်မပြတ် ချိတ်ဆက်ရရှိနိုင်ကြပါစေကြောင်း Myanmar Speed Net မှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်။ 🙏

19/07/2026
19/07/2026

🇲🇲 ၇၉ နှစ်မြောက် အာဇာနည်နေ့ (ဇူလိုင်လ ၁၉ ရက်) အား အစဉ်ထာဝရ အောက်မေ့သတိရလျက် ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက် (စနေနေ့) နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်တွင် နိုင်ငံတော်နှင့် လူမျိုးအတွက် အသက်ခန္ဓာပေးဆပ်သွားခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား Myanmar SpeedNet မှ ကျေးဇူးတရားကို ဦးထိပ်ထားလျက် လေးမြတ်စွာဖြင့် အလေးပြုအပ်ပါသည်။
#၁၉ဇူလိုင်မမေ့နိုင်
#အာဇာနည်နေ့

08/07/2026

လေးစားအပ်ပါသော Customer များရှင်

(၇.၇.၂၀၂၆) ရက်နေ့ ည (၇:၂၂) နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဝန်ကြီးများရုံးရှေ့၌ ဆက်သွယ်ရေးကြိုးများ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ် နှင့် ပုဇွန်တောင်မြို့နယ်အတွင်းရှိ Customer များ အင်တာနက်ဝန်ဆောင်မှု ယာယီအနှောင့်အယှက်များ ဖြစ်ပေါ်နိုင်ခဲ့ပါသည်။ Government issues ဖြစ်သွားတဲ့အတွက် လက်ရှိတွင် Government နှင့် ပူးပေါင်း၍ ဝန်ဆောင်မှုများကို အမြန်ဆုံး ပုံမှန်အတိုင်းဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါသည်။
အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရသည့် Customer များအား အထူးတောင်းပန်အပ်ပြီး လူကြီးမင်းတို့၏ နားလည်ပေးမှုနှင့် စိတ်ရှည်ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။

26/06/2026

🏠 "အိမ်ရှေ့မှာ လိုင်းမိပြီး အိပ်ခန်းထဲရောက်ရင် လိုင်းပျောက်သွားတာ ဘာကြောင့်လဲ?"
ဖုန်းလေးပွတ်ပြီး အိပ်ရာဝင်မလို့ ပြင်လိုက်ကာမှ WiFi လိုင်းက တစ်တုံးထဲ ပြနေလို့ စိတ်ညစ်နေရပြီလား။
အိမ်ထဲမှာတင် လိုင်းရတဲ့နေရာ လိုက်ရှာပြီး အမြဲတမ်း နေရာရွှေ့နေရတာ ပင်ပန်းလှပါပြီ။ဒါကို နည်းပညာအခေါ်အရ WiFi Dead Zones (လိုင်းမရောက်တဲ့ နေရာအသေများ) လို့ ခေါ်ပါတယ်။ ဒီပြဿနာဟာ များသောအားဖြင့် WiFi Router ထားတဲ့ နေရာမမှန်လို့ ဖြစ်ရတာပါ။
ဒါဆို အိမ်အနှံ့ လိုင်းကောင်းကောင်းရဖို့ Router ကို ဘယ်လိုနေရာမျိုးမှာ ထားရမလဲ? 👇
အိမ်ရဲ့ ဗဟို (Center) မှာ ထားပါ: Router ရဲ့ လှိုင်းတွေဟာ ၃၆၀ ဒီဂရီ ပတ်လည် ပျံ့နှံ့တာဖြစ်လို့ အိမ်ထောင့်မှာ သွားမထားပါနဲ့။ အိမ်ရဲ့ အလယ်ဗဟိုမှာ ထားတာက အကောင်းဆုံးပါ။
အမြင့်မှာ ထားပေးပါ: WiFi လှိုင်းတွေဟာ အောက်ဘက်ကို ဦးတည်ပြီး ပျံ့နှံ့တတ်ပါတယ်။ ဒါကြောင့် ကြမ်းပြင်ပေါ်မှာ မထားဘဲ စားပွဲပေါ် ဒါမှမဟုတ် အနည်းဆုံး ခါးအထက် အမြင့်တစ်နေရာမှာ ချိတ်ဆွဲထားပါ။
အတားအဆီးတွေကို ရှောင်ပါ: နံရံထူထူတွေ၊ မှန်တွေ၊ သံတံခါးတွေနဲ့ အထူးသဖြင့် ရေခဲသေတ္တာ၊ မိုက်ခရိုဝေ့ဖ်လို လျှပ်စစ်ပစ္စည်းတွေဟာ WiFi လှိုင်းကို အဓိက ပိတ်ဆို့တတ်ပါတယ်။
"ဒါတွေအကုန် လုပ်ကြည့်ပြီးပြီ... ဒါပေမဲ့ အိမ်က အကျယ်ကြီး ဒါမှမဟုတ် နှစ်ထပ်အိမ် ဖြစ်နေလို့ အိပ်ခန်းထဲအထိ လိုင်းက အားနည်းနေတုန်းပဲ" ဆိုရင်တော့ ရိုးရိုး Router တစ်လုံးတည်းနဲ့ မလုံလောက်တော့တဲ့ သဘောပါ။
ဒီလို WiFi Dead Zones ပြဿနာတွေကို အမြစ်ပြတ်ဖြေရှင်းဖို့နဲ့ သင့်အိမ်ရဲ့ ဖွဲ့စည်းပုံအလိုက် အကောင်းဆုံးဖြစ်မယ့် WiFi System (ဥပမာ- Mesh WiFi သို့မဟုတ် Extender) အကြံပြုချက်တွေကို သိရှိချင်တယ်ဆိုရင်တော့...
📩 Myanmar Speed Net ရဲ့ Chat Box မှာ အခုပဲ လာရောက်တိုင်ပင်ဆွေးနွေးလိုက်ပါ! ကျွန်တော်တို့ရဲ့ နည်းပညာကျွမ်းကျင်သူတွေက သင့်အိမ်အတွက် အကိုက်ညီဆုံး Solution ကို အခမဲ့ ကူညီအကြံပေးသွားမှာ ဖြစ်ပါတယ်။ ✨
📞 Call Center Hotline 01 558045 , 01 558046
Myanmar SpeedNet – Here to Help, 24/7. 💚🚀

24/06/2026

ကမ္ဘာ့ဖလားပွဲကြီးကို အင်တာနက်လိုင်းမကောင်းလို့ ဝါးတားတားနဲ့ပဲ ကြည့်နေတုန်းလား?

ဒါဆိုရင်တော့ သင် တကယ့်အရှိန်အဟုန်ကို လက်လွှတ်နေပါပြီ!

၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တွေက တစ်ပွဲထက်တစ်ပွဲ အကြိတ်အနယ်နဲ့ ရင်ခုန်ဖို့ကောင်းလာပါပြီ။ 🔥

ကိုယ်အားပေးနေတဲ့အသင်း ဂိုးသွင်းမယ့်အချိန်ကျမှ လိုင်းလည် (Buffer ဖြစ်) သွားတာမျိုး၊ ဘောလုံးဘယ်ရောက်သွားလဲ မသဲကွဲလောက်အောင် ဝါးနေတာမျိုးက ပရိသတ်တွေအတွက်တော့ အသည်းခွဲခံရသလိုပါပဲ။

ကွင်းထဲမှာ ကိုယ်တိုင်ထိုင်ကြည့်နေသလို မျက်တောင်မခတ်တမ်း အကြည်လင်ဆုံး ခံစားချက်ကို Myanmar SpeedNet က သင့်အိမ်ခန်းထဲအထိ ယူဆောင်လာပါပြီ။

Myanmar SpeedNet ရဲ့ Fiber FTTH အင်တာနက်က ဘာတွေပေးစွမ်းနိုင်လဲ?

⚡ **Reliable Speed**
ကမ္ဘာ့ဖလားလို Live လွှင့်တဲ့ပွဲတွေကို ကြည့်တဲ့အခါ လုံးဝပြတ်တောက်မှုမရှိစေမယ့် တည်ငြိမ်တဲ့ အမြန်နှုန်း။

📺 **4K Streaming**
ကစားသမားတွေရဲ့ အမူအရာ၊ ချွေးစက်ကအစ ကွင်းထဲကအတိုင်း အသေးစိတ်မြင်ရမယ့် ကြည်လင်ပြတ်သားမှု။

📞 **24/7 Service**
ပွဲချိန်က ဘယ်အချိန်ပဲဖြစ်ဖြစ် သင့်အင်တာနက် အဆင်ပြေချောမွေ့ဖို့ အမြဲအသင့်ရှိနေမယ့် ၂၄ နာရီ ဝန်ဆောင်မှုအဖွဲ့။

ဒီနှစ် ကမ္ဘာ့ဖလားပွဲစဉ်တွေကို အကောင်းဆုံးအတွေ့အကြုံနဲ့ အရသာရှိရှိ ရင်ခုန်ဖို့အတွက် အခုပဲ လိုင်းအဆင့်မြှင့်တင်လိုက်ပါ။ 🚀

သင့်အိမ်မှာ အမြန်ဆုံးတပ်ဆင်နိုင်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။

Sale Hotline Number
+959 777 166 033

သို့မဟုတ် Page Messenger ကနေ တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။

21/06/2026

ဟယ်... ၁ မိနစ်တည်းနဲ့ ရုပ်ရှင်တစ်ကားလုံး ပြီးသွားတာလား?

Weekend မှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ဖို့ အားခဲထားပြီးမှ အင်တာနက်လိုင်းက မကောင်း၊ Buffer ဖြစ်နေလို့ စိတ်ညစ်ခဲ့ရတဲ့ အကြိမ်တွေ ရှိခဲ့ဖူးလား?

'Myanmar Speed Net' နဲ့ဆိုရင်တော့ အဲဒီခေတ်က ကုန်သွားပါပြီ!

ရုပ်ရှင်အသစ်တွေကို စက္ကန့်ပိုင်းအတွင်း ဒေါင်းလုဒ်ဆွဲမလား၊ အဝေးက မိသားစုတွေနဲ့ ဗီဒီယိုကောလ် အကြည်လင်ဆုံး ပြောမလား၊ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့မလား... အားလုံးကို "စောင့်ဆိုင်း စိတ်တိုစရာမလိုဘဲ" ၁ မိနစ်အတွင်း အဆင်သင့် ဖြစ်စေမှာပါ။

Speed Net ရဲ့ မြန်နှုန်းမြင့် Fiber (FTTH) အင်တာနက်က သင့်အိမ်အတွက်

✅ အလွန်မြန်ဆန်တဲ့ Download Speed

✅ ရာသီဥတုမရွေး တည်ငြိမ်တဲ့ လိုင်းဆွဲအား

✅ မိသားစုဝင်အများကြီး တစ်ပြိုင်နက်သုံးလည်း လုံးဝမနှေးခြင်း

"အင်တာနက်လိုင်း ကောင်းတယ်ဆိုတာ ဒီလိုမျိုးပါလား" ဆိုပြီး အံ့သြစရာကောင်းတဲ့ ခံစားချက်ကို အခုပဲ စမ်းသပ်ခံစားကြည့်လိုက်ပါ။

သင်ကော အခုသုံးနေတဲ့ အင်တာနက်နဲ့ ရုပ်ရှင်တစ်ကား ဒေါင်းဖို့ ဘယ်လောက် စောင့်ရလဲ?

Comment မှာ အတူတူ ရင်ဖွင့်သွားလို့ရတယ်နော်!

ပရိုမိုးရှင်းနဲ့ တပ်ဆင်ခအသေးစိတ်ကို စုံစမ်းရန်: 💬 Messenger ကနေ တိုက်ရိုက်မေးမြန်းပါ

Hotline ဖုန်းနံပါတ်:+959 777 166 033

20/06/2026

🌧️ မိုးရွာတိုင်း အင်တာနက်လိုင်း ပြတ်တောက်နေလို့ စိတ်ညစ်နေရပြီလား?

အပြင်မှာ မိုးလေးဖွဲဖွဲရွာလိုက်တာနဲ့ WiFi စက်မှာ LOS မီးနီလင်းလာပြီး အင်တာနက်လိုင်း ပြတ်တောက်သွားလို့ အလုပ်တွေ၊ Online Class တွေ၊ Entertainment တွေ ပျက်စီးကုန်တာမျိုး ကြုံဖူးကြမှာပါ။

"မိုးရွာရင် အင်တာနက်ပြတ်တာ သဘာဝပဲ" လို့ ထင်နေတယ်ဆိုရင်တော့ အချိန်ကျပြီနော်... ပိုမိုတည်ငြိမ်တဲ့ Fiber Internet ဝန်ဆောင်မှုကို ရွေးချယ်ဖို့။ ✨

💚 Myanmar Speed Net ရဲ့ Fiber Internet ကို ဘာကြောင့် ရွေးချယ်သင့်လဲ?

🔹 Stable Fiber Connection
Fiber Optic နည်းပညာကို အသုံးပြုထားတာကြောင့် ရာသီဥတုအပြောင်းအလဲများကြားမှာလည်း ပိုမိုတည်ငြိမ်တဲ့ အင်တာနက်အသုံးပြုမှုကို ပေးစွမ်းနိုင်ပါတယ်။

🔹 Quality Installation
ကျွမ်းကျင်အင်ဂျင်နီယာများမှ စနစ်တကျ တပ်ဆင်ပေးထားတာကြောင့် လိုင်းအရည်အသွေးကောင်းမွန်ပြီး ရေရှည်အသုံးပြုနိုင်ပါတယ်။

🔹 24/7 Customer Support
မမျှော်လင့်ထားတဲ့ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ရင်လည်း Myanmar Speed Net ရဲ့ Technical Support Team က အချိန်မရွေး ကူညီဖြေရှင်းပေးဖို့ အသင့်ရှိနေပါတယ်။

🌦️ ရာသီဥတု ဘယ်လိုပဲဖြစ်ဖြစ်...
အလုပ်လုပ်ဖို့၊ စာသင်ဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ ဂိမ်းဆော့ဖို့ အင်တာနက်လိုင်းကောင်းကောင်းနဲ့ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ဖို့ Myanmar Speed Net ကို အခုပဲ ရွေးချယ်လိုက်ပါ။

📞 Call Center
01 558045
01 558046
Sale Hotline Number
09777166033

Myanmar Speed Net – Here to Help, 24/7. 💚🚀

Telephone

Address


No. 276/B, Room No. 2C, Golden Race Course Condo, Moe Kaung Road, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30