Pyay Veterinary Clinic

Pyay Veterinary Clinic

Share

Pyay Veterinary Clinic - Your Trusted Vet Clinic in Yangon since 1981. (From Tiny Whiskers to Wagging Tails, We’re Here for All!)

From Tiny Whiskers to Wagging Tails, We’re Here for All! Welcome to Pyay Veterinary Clinic, the trusted vet clinic in Yangon since 1981. We offer compassionate care for your pets, including preventive care, diagnostics, and surgery.

27/09/2026

🐾 ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ | စက်တင်ဘာလ ၂၈ ရက်နေ့

ခွေးရူးပြန်ရောဂါဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါဖြစ်ပေမယ့် ၁၀၀% ကြိုတင်ကာကွယ်လို့ ရပါတယ်။

ဒါတွေကို သင်သိထားရဲ့လား?

🐕 ခွေးရူးပြန်ရောဂါဟာ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ ကိုက်ခြင်းကိုခံရတာ၊ ကုတ်ခြစ်ခြင်းကိုခံရတာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ လူတွေမှာ ကူးစက်ခံရမှု အများစုကတော့ ခွေးကိုက်ခံရလို့ပါ။

⚠️ ရောဂါလက္ခဏာ စတင်ပြသလာပြီဆိုရင် အသက်ရှင်ဖို့ အခွင့်အရေး အလွန်နည်းပါးလှပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်ခြင်းသာလျှင် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

💉 မိမိတို့ရဲ့ ခွေးလေး၊ ကြောင်လေးတွေကို ကာကွယ်ဆေးထိုးပေးထားခြင်းက အိမ်မွေး တိ-လေးတွေကိုသာမက သင့်မိသားစုနဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကိုပါ ကာကွယ်ပေးရာရောက်ပါတယ်။

ကိုက်ခံရ (ဒါမှမဟုတ်) ကုတ်ခြစ်ခံရပါက -

1️⃣ ဒဏ်ရာကို ဆပ်ပြာနဲ့ ရေများများသုံးပြီး စီးဆင်းနေတဲ့ရေအောက်မှာ ၁၅ မိနစ်ခန့် ကြာအောင် ချက်ချင်းသွားပြီး ဆေးကြောပါ။
2️⃣ ရောဂါလက္ခဏာ ပြလာမယ့်အချိန်ထိ မစောင့်ပါနဲ့။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပါ။
3️⃣ ခွေးရူးပြန်ကာကွယ်ဆေး ထိုးရန် လို၊ မလို ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။

အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များ လိုက်နာသင့်တဲ့အချက်များ

✅ ခွေးလေး၊ ကြောင်လေးတွေကို အချိန်မှန် ကာကွယ်ဆေးထိုးပါ။ ကာကွယ်ဆေး မှတ်တမ်းကဒ်များကိုလည်း သေချာစွာ သိမ်းဆည်းထားပါ။
✅ အိမ်မွေးတိရစ္ဆာန်လေးတွေကို အပြင်မှာ လွှတ်မပေးထားပါနဲ့။
✅ လေလွင့်ခွေးများနဲ့ အမူအကျင့် ပုံမှန်မဟုတ်တဲ့ တိရစ္ဆာန်တွေကို အဝေးကနေ ရှောင်ရှားပါ။
✅ မရင်းနှီးတဲ့ခွေးတွေကို သွားမစဖို့နဲ့ အနားမကပ်ဖို့ မိမိတို့ရဲ့ ကလေးတွေကို သင်ကြားပေးထားပါ။

ကာကွယ်ဆေးတစ်လုံးဟာ သင့်မိသားစုကို ဘေးကင်းစေပြီး၊ ခွေးရူးပြန်ရောဂါကင်းစင်တဲ့ ရပ်ရွာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးကြပါစို့။ 💙

📍 ပြည်တိရစ္ဆာန်ဆေးခန်းမှာ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ကြိုတင်စာရင်းပေးသွင်းပြီး လာရောက်ထိုးနှံနိုင်ပါတယ်။

📞 ၀၉-၅၂၆-၂၃၁၃ | အမှတ် ၄၇၁ (စီ)၊ ပြည်လမ်း၊ (၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ | နေ့စဉ် - နံနက် ၉း၃၀ မှ နေ့လယ် ၁၂း၃၀ အထိ

🐾 World Rabies Day | 28 September

Rabies is deadly. But it is 100% preventable.

Did you know?

🐕 Rabies spreads through the bite or scratch of an infected animal. Most human rabies cases in the world come from dog bites.
⚠️ When symptoms start, rabies is almost always fatal. Prevention is the best protection.
💉 Vaccinating dogs and cats protects your pet, your family, and your whole community.

If you are bitten or scratched:

1️⃣ Wash the wound with soap and running water for 15 minutes.
2️⃣ Go to a doctor or hospital right away. Do not wait for symptoms.
3️⃣ Ask the doctor if you need the rabies vaccine.

What pet owners can do:

✅ Vaccinate your dogs and cats on time. Keep the vaccine record safe.
✅ Do not let your pets roam freely.
✅ Stay away from stray animals or animals that act strangely.
✅ Teach children never to tease or approach unknown dogs.

One vaccine. One safe family. One rabies-free community. 💙

📍 Book your Pet's Rabies Vaccine at Pyay Veterinary Clinic.

📞 +95-9-526-2313 | 471 C, Pyay Road, Ward - 8, Kamayut Township, Yangon, Myanmar. | Open Daily: 9:30 AM to 12:30 PM










#ခွေးရူးပြန်ရောဂါ
#ကမ္ဘာ့ခွေးရူးပြန်ရောဂါကာကွယ်တိုက်ဖျက်ရေးနေ့
#လက်တွဲညီညီပူးပေါင်းလို့ခွေးရူးရောဂါတိုက်ဖျက်စို့

26/09/2026

အပြည်ပြည်ဆိုင်ရာ ယုန်လေးများနေ့ ဉာဏ်စမ်း 🐇

ယုန်ကလေး ဘာဖြစ်သွားတာလဲ သိကြလား။ 🤔

ဗီဒီယိုလေးကိုကြည့်ပြီး ကိုယ်ထင်တဲ့အဖြေကို ကောမန့်မှာမန့်ပေး သွားကြပါဦး။ ⏱️

ကဲကဲ... ဒီတစ်ခါတော့ အဖြေမှန် တစ်ခါထဲပြောလိုက်ပါ့မယ်... အဖြေမှန်ကတော့ C ပါ။ 🥳 ယုန်လေးတွေက သူတို့ကိုယ်သူတို့ လုံခြုံတယ်လို့ ခံစားရတဲ့အခါ၊ စိတ်အေးချမ်းပြီး ပျော်ရွှင်နေတဲ့အခါမျိုးတွေမှာ အခုလိုပဲ ရုတ်တရက် ပစ်လှဲပြီး အနားယူတတ်ပါတယ်။ မြင်မြင်ချင်းမှာ လန့်စရာကောင်းပေမယ့် တကယ်တော့ ဒါဟာ လုံးဝ ပုံမှန်ပါပဲ။

သင်တို့ယုန်လေးရော ဒီလိုမျိုး ပစ်လှဲပြီး နားတတ်လား။ ကောမန့်မှာ ပြောပြပေးခဲ့ပါဦး။ 👇

International Rabbit Day Quiz 🐇

Do you know what happened to this little rabbit? 🤔

Watch the Video and Drop your Guess in the Comments! ⏱️

Spoiler Alert: The Correct Answer is C! 🥳 When rabbits suddenly throw themselves on their side, it’s called a "Bunny Flop." It might look a little scary at first, but it actually means they feel completely safe, relaxed, and happy in their environment.

Has your bunny ever flopped like this? Let us know below! 👇

#အပြည်ပြည်ဆိုင်ရာယုန်လေးများနေ့
#ယုန်လေးများ

22/09/2026

အမွှေးပွ အချစ်တော်တိ-လေးတွေကို ပွတ်သပ်ပေးရင်း သူတို့ ခံတွင်းနဲ့ ပါးစပ်ကနေ အနံ့ဆိုး ထွက်နေတာကို သတိထားမိဖူးကြလား? ဒါမှမဟုတ်ရင် သူတို့ အစာစားတဲ့အခါ တစ်ဖက်တည်းနဲ့ပဲဝါးနေတာမျိုး သတိထားမိသေးလား? ဒီလိုသေးငယ်တဲ့ လက္ခဏာလေးတွေကို တိ-ပိုင်ရှင်အများစုက သတိမထားမိဘဲ လျစ်လျူရှုမိတတ်ကြပါတယ်။ ဒါပေမယ့် ဒါတွေက သွားနှင့် ခံတွင်းရောဂါ (သွားဖုံးရောင်ခြင်းနဲ့ သွားကျောက်တည်ခြင်း) တို့ရဲ့ အစောပိုင်းပြတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

အချိန်မီ မကုသဘဲထားရင် တိ-လေးတွေရဲ့ ပါးစပ်ထဲက ဘက်တီးရီးယားတွေဟာ သွေးကြောထဲထိ ရောက်သွားနိုင်ပြီး နှလုံးနဲ့ ကျောက်ကပ်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ သူတို့ရဲ့ သွားဖုံးနဲ့ ခံတွင်းနံ့ကို အမြဲဂရုစိုက် စောင့်ကြည့်ပေးဖို့လိုမယ်နော်။ တစ်ခုခု ပုံမှန်မဟုတ်ဘူးလို့ထင်ရင် ဆေးခန်းလာပြဖို့ အချိန်မဆွဲကြနဲ့နော်...🪥✨

သင့် အချစ်တော် အိမ်မွေးတိ-လေးတွေရဲ့ သွားတွေကို နောက်ဆုံးဘယ်တုန်းက စစ်ဆေးကြည့်ပေးခဲ့ဖူးလဲ ကွန်းမန့်မှာ ပြောခဲ့ကြပါဦး။ 💬

While petting your furry friend, have you noticed bad breath from their mouth? Or maybe they chew food only on one side? These small signs are easy to miss - but they're often early signs of Dental Disease (Gum Disease and Tartar Buildup).

If left untreated, the bacteria in your pet's mouth can enter the bloodstream and even affect the heart and kidneys. Keep an eye on their gums and breath, and don't wait to bring them in if something seems off. 🪥✨

When was the last time you checked your pet's teeth? Tell us in the comments! 💬

#ခွေးသွားကျန်းမာရေး
#ကြောင်သွားကျန်းမာရေး

Photos from Pyay Veterinary Clinic's post 19/09/2026

ဒီနေ့ကတော့ တာဝန်သိ ခွေးပိုင်ရှင်များနေ့ပဲ ဖြစ်ပါတယ်! 🐾

ကာကွယ်ဆေးထိုးခြင်းမှသည် နေ့စဉ်လမ်းလျှောက်ထွက်ခြင်းအထိ ခွေးပိုင်ရှင်တိုင်း သိထားသင့်တဲ့ ရိုးရှင်းတဲ့ အလေ့အကျင့် ၅ ခုကို သိရှိဖို့ ပုံလေးတွေကို Swipe လုပ်ကြည့်ပါ။

ဒီအထဲက ဘယ်အချက်တွေကို သင်လက်ရှိ လုပ်ဆောင်နေပြီလဲ? ကွန်မန့်မှာ ပြောပြခဲ့ပါဦး!

Today is Responsible Dog Ownership Day! 🐾

Swipe through for 5 simple habits every dog owner should know: From vaccines to daily walks.

Which one are you already doing? Tell us in the comments!

14/09/2026

လမ်းဘေးမှာ ဒဏ်ရာတွေနဲ့ ကောက်ရခဲ့တဲ့ ခွေးလေး၊ ကြောင်လေးတွေဟာ... ဟူးမန်းတို့ရဲ့ မေတ္တာနဲ့ ပြုစု ကုသပေးမှုတွေအောက်မှာ အလှပဆုံး ကလေးလေးတွေအဖြစ် ပြောင်းလဲသွားတာကို ကျွန်မတို့ ဆေးခန်းမှာ မကြာခဏ မြင်တွေ့ရပါတယ်။

"တိ-လေးတွေကို မွေးစားလိုက်ခြင်းက သူတို့ရဲ့ ဘဝလေးကို ပြောင်းလဲပေးနိုင်သလို၊ သင့်ရဲ့ ကမ္ဘာလေးကိုပါ အလှဆင်ပေးနိုင်ပါတယ်။" 💖

ဆိုင်ကနေ အလှမွေးဖို့ တိရစ္ဆာန်လေးတွေ ဝယ်ယူတာထက် လမ်းဘေးက ကလေးလေးတွေကို မွေးစားပေးခြင်း၊ ခွေးဂေဟာ၊ ကြောင်ဂေဟာတွေက တိ-လေးတွေကို မွေးစားပေးတာက အသက်တစ်ချောင်းကို ကယ်တင်ရာရောက်သလို၊ သစ္စာအရှိဆုံး မိသားစုဝင် တစ်ယောက်ကိုလည်း ရရှိစေရာ ရောက်ပါတယ်။ အထူးသဖြင့် အသက်ကြီးနေတဲ့ တိ-လေးတွေ၊ ခြေလက်မစုံတဲ့ / မသန်စွမ်းတဲ့ တိ-လေးတွေ ၊ ဒါမှမဟုတ် ရုပ်မလှ၊ မျိုးမစစ်ဘူးဆိုပြီး ချန်လှပ်ခံရတတ်တဲ့ တိ-လေးတွေကို ရွေးချယ် မွေးစားပေးခြင်းက သူတို့အတွက် တကယ့်ကို အဖိုးတန်တဲ့ ဒုတိယအခွင့်အရေးပေးခြင်းပဲ ဖြစ်ပါတယ်။ လမ်းဘေးနဲ့ တိ-ဂေဟာက မွေးစားထားတဲ့ တိ-လေးတွေဟာ သံယောဇဉ် အင်မတန်ကြီးပြီး ကျေးဇူးသိတတ် ကြပါတယ်။ ဟူးမန်းတို့အိမ်မှာရော... ဒီလို မွေးစားထားတဲ့ အချစ်တော် တိ-လေးတွေ ရှိကြလားရှင်။

🩺 လုံခြုံစိတ်ချစွာ မွေးစားနိုင်ဖို့ အကြံပြုချက်များ -

၁။ 🧤 လက်နဲ့ တိုက်ရိုက် မကိုင်တွယ်ဘဲ လက်အိတ်ထူ (ဒါမှမဟုတ်) အဝတ်စထူ / အိတ်အထူ တို့ကို အသုံးပြုပြီး ဂရုတစိုက် ကိုင်တွယ်ပါ။

၂။ 🏥 ကယ်တင်ပြီးတာနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆေးခန်းကို အမြန်ဆုံး ခေါ်ဆောင်လာပါ။

၃။ 💉 ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အပါအဝင် လိုအပ်သော ဆေးများထိုးပြီးမှသာ အိမ်တွင်းသို့ အပြည့်အဝ ခေါ်ဆောင်ပါ။

၄။ 🏠 စစချင်း ရက်အနည်းငယ်မှာ အိမ်ကလေးတွေ၊ အခြားအိမ်မွေးတိရစ္ဆာန်တွေနဲ့ တွေ့ဆုံနိုင်ခြင်း မရှိစေဖို့ သီးသန့်ခွဲထားပြီး စောင့်ကြည့်လေ့လာပါ။

၅။ ⚠️ အကယ်၍ တိရစ္ဆာန်လေးက ရမ်းကားပြီး ကိုင်တွယ်ရခက်ခြင်း၊ သွားရည် တမြမြကျခြင်း၊ ကိုက်ရန် ကြိုးစားခြင်းစတဲ့ အမူအရာ လက္ခဏာတွေ ပြပါက လုံးဝ (လုံးဝ) သွားရောက်မကိုင်တွယ်ပါနဲ့။ မိမိဘေးကင်း လုံခြုံရေးအတွက် အဝေးမှသာနေပြီး နီးစပ်ရာ တိရစ္ဆာန် ကယ်ဆယ်ရေး အဖွဲ့များ (ဒါမှမဟုတ်) သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဆက်သွယ် အကူအညီတောင်းခံပါ။

မွေးစားထားတဲ့ တိ-လေးတွေရဲ့ "ကောက်ရစဉ်ကနဲ့ အခုလှနေတဲ့ ပုံလေးတွေ (Before & After)" ကို အောက်က ကွန်းမန့်မှာ လာပြပြီး ကြွားခဲ့ကြပါဦး! 📸👇

We frequently see it at our clinic: stray dogs and cats, rescued with injuries, transforming into the most beautiful fur-babies under the love and care of their hoomans.

"Adopting a pet changes their world, and yours!" 💖

Choosing to adopt street animals or pets from shelters instead of buying them from pet shops doesn't just save a life - it gives you the most loyal family member you could ever ask for. Especially when you choose to adopt "less-adoptable" pets - like senior pets, those with disabilities or missing limbs, or those often overlooked for not being "pretty" or purebred - you are giving them a truly precious second chance at life. Rescued street and shelter pets form incredible bonds and are deeply grateful. Do you hoomans have any beloved rescued fur-babies at home?

🩺 Tips for rescuing & adopting safely:

1. 🧤 Avoid direct skin contact. Use thick gloves, a thick cloth, or a thick bag to handle them carefully.

2. 🏥 Bring them to the clinic for a full health check as soon as they are rescued.

3. 💉 Ensure they receive a rabies vaccine and other necessary treatments before bringing them fully indoors.

4. 🏠 Keep them in a separate space away from children and other pets for the first few days to observe them closely.

5. ⚠️ If the animal is highly aggressive, difficult to handle, excessively drooling, or attempting to bite, DO NOT (under any circumstances) approach or handle them. For your own safety, stay at a distance and contact local animal rescue teams or the relevant authorities for help.

Please show off your adopted babies by dropping their "Before & After" rescue photos in the comments below! 📸👇

#မွေးစားခြင်း
#ခွေးကြောင်ချစ်သူများ

12/09/2026

ခုတလော လူအများအပြားဟာ ၁၉၈၀ ပြည့်နှစ်လွန် ကာလတွေရဲ့ ပုံရိပ်ကို AI အသုံးပြုပြီး ဖန်တီး ပုံဖော်နေကြပါတယ်။

ပြည်တိရစ္ဆာန် ဆေးကုခန်း အတွက်ကတော့ အဲဒီလို သီးသန့် ပုံဖော်ကြည့်နေစရာ မလိုပါဘူး။ 📸

အခုတင်ပေးလိုက်တဲ့ ပုံကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက ရိုက်ခဲ့တဲ့ ဒေါက်တာ အေးအေးခိုင် နဲ့ ဒေါက်တာ သန်းအောင်ထိုက် တို့ရဲ့ အလန်းလွန်၊ အလွန်လန်းတဲ့တကယ့် ဓာတ်ပုံ အစစ်လေးတွေပဲဖြစ်ပါတယ်။

ဒီနေ့အထိလည်း သူတို့နှစ်ဦးဟာ ၁၉၈၁ ခုနှစ်လည်းက ဖွင့်ခဲ့တဲ့ ပြည်တိရစ္ဆာန် ဆေးကုခန်းမှာ ရန်ကုန်မြို့က အိမ်မွေးတိ-လေးတွေကို အတူတူ စောင့်ရှောက် ကုသပေးနေကြပါတယ်။

တချို့အရာတွေက အချိန်ကာလကို ကျော်လွန်ပြီး အမြဲရှင်သန်နေတယ်ဆိုတာ ခံစားသိရှိဖို့ AI တောင် မလိုဘူးနော်။ ❤️

သင်တို့မှာရော? ပထမဆုံးမွေးခဲ့တဲ့ အိမ်မွေးတိ-လေးတွေရဲ့ ဓာတ်ပုံဟောင်းတွေ ရှိကြသေးလား။ အကြိုက်ဆုံး အမှတ်တရဟောင်းလေးတွေရှိရင် အောက်မှာ မျှဝေပေးခဲ့ပါဦး။ 🐾 📸 🐾

Lately, many people have been using AI to recreate the 80s vibe.

For Pyay Veterinary Clinic, there's no need to imagine it. 📸

These are super stylish, genuine photos of Dr. Aye Aye Khyne and Dr. Than Aung Htaik taken decades ago.

To this day, they continue to care for Yangon's pets together at Pyay Veterinary Clinic, which has been open since 1981.

Some things don't even need AI to feel truly timeless. ❤️

What about you? Do you still have old photos of your first pets? If you have any favorite old memories, please share them below! 🐾 📸 🐾

09/09/2026

မိုးရာသီရဲ့ စိုစွတ်တဲ့ လေထုကြောင့် တိ-လေးတွေရဲ့ နားအတွင်းဘက်မှာ ဘက်တီးရီးယားနဲ့ မှိုပိုးဝင်ပြီး နားကိုက်တဲ့ (Ear Infections) အဖြစ်များပါတယ်။ တိ-လေးတွေဟာ ခေါင်းခဏခဏ ခါခါနေတာ၊ နားကို မကြာခဏ ကုတ်နေတာမျိုး တွေ့ရင် ဂရုစိုက်ပြီး နားသန့်ရှင်းရေး လုပ်ပေးဖို့ လိုနေပါပြီနော်။

ဟူးမန်းတို့ အိမ်မှာတင် စနစ်တကျ နားသန့်ရှင်းရေး လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကတော့ -

၁။ တိရစ္ဆာန်သုံး နားဆေးရည် Ear Cleaner ကိုသာ အသုံးပြုပါ (ဂွမ်းတံ / Cotton Bud စတာတွေကို နားထဲ အတင်းမထိုးပါနဲ့) 🧴

၂။ နားရွက်အတွင်းပိုင်းကို ဆေးရည် အနည်းငယ်ထည့်ပြီး ညင်သာစွာ ပွတ်သပ် နှိပ်နယ်ပေးပါ 💆‍♂️

၃။ တိ-လေးတွေက ဆေးရည်ကို ခါထုတ်ပြီးသွားရင် ဂွမ်းဖတ်နဲ့ ခပ်ဖွဖွ သုတ်ပေးပါ 🧻

အိမ်မှာလုပ်ပေးဖို့ အဆင်မပြေတာပဲဖြစ်ဖြစ်၊ နားပိုးဝင်တာကို သေချာကုသချင်တာနဲ့ ကျန်းမာရေးစစ်ဆေးချင်တာပဲဖြစ်ဖြစ် ပြည်တိရစ္ဆာန်ဆေးကုခန်းမှာ ယုံကြည်စိတ်ချစွာ လာရောက်ပြသလို့ရပါတယ်နော်။ 🏥

သင်တို့ အချစ်တော် တိ-လေးတွေ နားဆေးရတာ ကြိုက်လား၊ ကြောက်တတ်လား? ကွန်းမန့်မှာ ပြောခဲ့ပါဦးနော်။ ✨

The damp monsoon weather makes our furry friends more prone to bacterial and fungal ear infections. If you notice them shaking their heads or scratching their ears frequently, it’s time for a cleaning!

Here’s how to safely clean their ears at home:

1. Only use pet-safe Ear Cleaners (Avoid poking with cotton buds!) 🧴

2. Apply the solution into the ear canal and gently massage the base of the ear 💆‍♂️

3. Let them shake it out, then gently wipe away the excess with a cotton pad 🧻

Need expert help with a stubborn ear infection or just want to bring them in for a general check-up? We’re always here for you at Pyay Veterinary Clinic! 🏥

Does your pet love or hate ear cleaning days? Let us know in the comments! ✨

#အိမ်မွေးတိရစ္ဆာန်စောင့်ရှောက်နည်း
#နားသန့်ရှင်းရေး

Photos from Pyay Veterinary Clinic's post 05/09/2026

အိမ်က တိ-လေးတွေသာ စကားပြောတတ်မယ်ဆိုရင် ဘာပြောမယ်ထင်လဲ? 🐾

စက်တင်ဘာလဟာ ကမ္ဘာ့တိရစ္ဆာန်များ နာကျင်မှု သတိပြုမိရေးလ (World Animal Pain Awareness Month) ဖြစ်ပါတယ်။ ကြောင်လေးတွေနဲ့ ယုန်လေးတွေလိုမျိုး သေးငယ်တဲ့ တိ-လေးတွေဟာ သူတို့ရဲ့ နာကျင်မှုဝေဒနာကို ဖုံးကွယ်ထားတတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပိုပြီး ဂရုစိုက်ကြည့်ပေးဖို့ လိုပါတယ်။

ဒီလို လက္ခဏာလေးတွေ ရှိ / မရှိ သတိထား ကြည့်ပေးပါ -

🐕‍🦺 ပုံမှန်ထက် ပိုအိပ်နေလား? အစာမစားဘဲ နေနေလား? ခုန်ဖို့ ၊ ပြေးဖို့ တုံ့ဆိုင်းနေတတ်လား? လက်ဆစ်၊ ခြေဆစ် လေးတွေကို လျှာနဲ့ အလွန်အကျွံ လျက်နေတာ၊ ဂနာမငြိမ်ဖြစ်တာ ဒါမှမဟုတ် အသက်ရှူမြန်နေတာမျိုး ရှိလား?
🐈 မိသားစုနားမလာဘဲ ရှောင်နေလား? ပုံမှန်မဟုတ်တဲ့ နေရာတွေမှာ ပုန်းနေတာမျိုး၊ သူတို့အကြိုက်ဆုံးနေရာလေးတွေကို ရှောင်နေတာမျိုး ရှိလား? သဲအိမ်သာ ပြင်ပမှာ ပုံမှန်မဟုတ်ဘဲ အညစ်အကြေးစွန့်တာမျိုးရှိလား? လျှာနဲ့လျက်ပြီး ကိုယ်လက်သန့်စင်တာမျိုး (Grooming) မလုပ်တော့ဘူးလား?
🐇 အကြိုက်ဆုံးမုန့်တွေကျွေးတာ မစားဘူးလား? မြက်ခြောက်တွေ မစားတော့ လှည့်မကြည့်တော့ဘူးလား? ခါးကုန်းကုန်းလေး နေနေတတ်ကြလား? သွားကြိတ်သံ အကျယ်ကြီး ကြားနေရတာ ဒါမှမဟုတ် ရုတ်တရက် မှိုင်ကျသွားတာရှိလား?

သူတို့ရဲ့ နေ့စဉ်အလေ့အထတွေ ပြောင်းလဲသွားပြီဆိုရင် ရမ်းဆ ခန့်မှန်းမနေပါနဲ့။ ဒါတွေဟာ သူတို့တွေရဲ့ တိတ်တဆိတ် အကူအညီတောင်းသံတွေပဲ ဖြစ်ပါတယ်။

⚠️ အရေးကြီးသတိပေးချက် - တိရစ္ဆာန် ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ လူသောက်တဲ့ဆေးတွေကို အိမ်မွေးတိ-လေးတွေကို လုံးဝ မတိုက်ပါနဲ့နော်! နည်းနည်းလေးတိုက်မိရင်တောင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

📩 တစ်ခုခု ပုံမှန်မဟုတ်ဘူးလို့ ခံစားရရင် အကြံဉာဏ်ရယူဖို့ ကျွန်တော်တို့ကို မက်ဆေ့ချ် ပို့လို့ရသလို၊ ကျန်းမာရေး စစ်ဆေးပေးဖို့လည်း Booking တင်နိုင်ပါတယ်။ စောစောစီးစီး သိရှိခြင်းက သင့်ရဲ့ ချစ်စရာတိ-လေးတွေအတွက် ပိုမိုပျော်ရွှင်ပြီး သက်တမ်းရှည်တဲ့ နာကျင်မှုကင်းစင်တဲ့ ဘဝလေးကို ရရှိစေမှာပါ။ 💙

🐶🐱🐰 ဘာဖြစ်နေလဲဆိုတာကို သူတို့လေးတွေက နှုတ်နဲ့ မပြောပြနိုင်ပေမယ့်၊ အကောင်းဆုံးစောင့်ရှောက်မှုတွေတော့ ရထိုက်ပါတယ် 🐾💓🤗

📍 ပြည်တိရစ္ဆာန်ဆေးကုခန်း | ၀၉-၅၂၆-၂၃၁၃

If your pet could talk, what would they tell you right now? 🐾

September is World Animal Pain Awareness Month. Cats and small animals like rabbits are experts at hiding pain. That's why we have to look closer.

Watch for these signs:

🐕‍🦺 Sleeping more than usual - or skipping dinner entirely? Reluctant to jump / run, excessively licking their joints, or restlessness and panting?
🐈 Avoiding the family? Hiding in unusual places or avoiding their favorite spot? Litter box accidents, or lack of grooming?
🐇 Refusing treats? Leaving hay untouched? Hunched posture? Loud tooth grinding or sudden lethargy?

If their daily routine has shifted, don't guess. These are silent cries for help.

⚠️ Important: Never give human medications to pets unless prescribed by a vet! Even tiny doses can be fatal.

📩 DM us for advice, or book for a check-up if something feels off. Early detection means a happier, longer and pain-free life for your furry little ones. 💙

🐶🐱🐰 Because They Can’t Tell You What’s Wrong, Doesn’t Mean They Don’t Deserve What’s Best. 🐾💓🤗

📍 Pyay Veterinary Clinic | +95-9-526-2313

01/09/2026

🐾 ဒီနေ့ကတော့ ရွှေဝါရောင် ကြောင်လေးတွေကို အသိအမှတ်ပြုတဲ့နေ့ (Ginger Cat Appreciation Day) ပါ! 🧡

ရွှေဝါရောင် / လိမ္မော်ရောင် ကြောင်လေးတွေဟာ ပေါက်ကရတွေ အလုပ်နိုင်ကြဆုံးမို့ အင်တာနက်ပေါ်မှာ သူတို့အားလုံးမှာ "လိမ္မော်ရောင် ဦးနှောက်ဆဲလ် တစ်ခု (One Orange Braincell) ပါကြပြီး အဲ့ဆဲလ်ကိုပဲမျှပြီး သုံးကြတယ်" လို့ တင်စား စနောက်ခံရလောက်အောင် ပေါက်ကရလုပ်တတ်တဲ့ ကောင်တွေပေါ့။ အဆော့အသန်တာလည်း လွန်ရော... အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်လေးတွေပါ။ 🐈

လူတွေက ဘာလို့ သူတို့ကို ဒီလောက်ချစ်ကြတာလဲဆိုရင် -

၁။ အဆော့သန်တဲ့ ဂျစ်ကန်ကန် ကောင်တွေ - အိမ်မှာ ဗိုလ်ကျ ဆရာလုပ်တဲ့နေရာမှာ ထိပ်ဆုံးက။ ပစ္စည်းတွေ လက်သရမ်းပြီး ပုတ်ချတာ၊ ညလယ်ခေါင် အိမ်ထဲပတ်ပြေးတာနဲ့ ပိုင်ရှင်တွေကို အမြဲမအားရ / ပျင်းမနေအောင် လုပ်တတ်တဲ့ကောင်တွေပါ။ 🌪️

၂။ ချွဲစိန်လေးတွေ - ဆော့လို့ဝသွားရင်တော့ တခြားကြောင်တွေထက်ပိုပြီး လူကပ်တတ်၊ ချွဲတတ် ပြန်တယ်။

၃။ အစားအသောက်ဆို - ဘယ်နေရာက မုန့်ထုပ်ဖောက်သံကြားကြား ကြားတာနဲ့ ရောက်ပြီးသားပဲ။ 🍗

၄။ စကားအရမ်းပြောသော - စကားပြော၊ အာပြဲပြီး အော်ရတာ အရမ်းဝါသနာပါတယ်လေ...

ကဲ... အိမ်က ရွှေဝါရောင် အချစ်တော်လေးအတွက် ပုံမှန် ကျန်းမာရေးစစ်ဆေးဖို့ပဲဖြစ်ဖြစ် ၊ အားဆေးလိုလို့ပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် အဆော့သန် သောင်းကြမ်းလွန်းပြီး ထိခိုက်မိတာတွေဖြစ်ဖြစ် ရှိခဲ့ရင် ပြည် တိရစ္ဆာန် ဆေးကုခန်းကိုပဲ လာခဲ့ကြနော်။ အကောင်းဆုံး စောင့်ရှောက်ပေးဖို့ ကျွန်မတို့ အသင့်ရှိနေပါတယ်။

📸 Comment မှာ အိမ်က ကဲစိန်လေးတွေရဲ့ အဆော့သန်တဲ့ ပုံတွေ ၊ အူကြောင်ကြောင် ပုံတွေ ရှိရင်လည်း မျှဝေခဲ့ကြပါဦး! 👇

🐾 Today is Ginger Cat Appreciation Day! 🧡

Orange / Ginger Cats are so famous for their goofy antics that there’s a popular internet joke saying they all share "One Orange Braincell." They are incredibly playful, a little bit chaotic, and absolutely adorable! 🐈

Here is why people love them so much:

1. The Mischief Makers - They act like the bosses of the house. From swatting things off the table to getting the 3 AM zoomies, they always keep their owners busy (and Never Bored) ! 🌪️

2. The Cuddle Bugs - Once they are done playing, they are far more clingy and affectionate than most other cats.

3. The Foodies - No matter where you open a bag of snacks, they will magically appear in an instant. 🍗

4. The Talkers - They absolutely love to chat, meow, and yell at the top of their lungs...

So... whether your Ginger darling needs a routine check-up, some vitamins, or a visit because they played a little too hard and got a minor scrape, bring them to Pyay Veterinary Clinic! We are always ready to provide the best care.

📸 If you have any funny, goofy, or playful photos of your chaotic little ones at home, please share them in the comments below! 👇

28/08/2026

တချို့သော ခြေဖဝါးလေးတွေဟာ ဘယ်တော့မှ ဖျောက်ဖျက်မရနိုင်မယ့် ခြေရာလေးတွေကို ချန်ရစ်ထားခဲ့ကြပါတယ်။

ဒီနေ့ ကျရောက်တဲ့ သက်တံ တံတား လွမ်းဆွတ် အောက်မေ့ဖွယ်နေ့ (Rainbow Bridge Remembrance Day) မှာ ဘဝကို မေတ္တာတရားတွေနဲ့ ပြည့်နှက်စေခဲ့တဲ့၊ တံခါးဝမှာ အမြဲစောင့်ကြိုနေတတ်တဲ့၊ အနီးအနားမှာ ခွေခွေလေးအိပ်တတ်ပြီး မိသားစုဝင်တစ်ဦးဖြစ်ခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ခဏအချိန်ယူကာ အောက်မေ့ သတိရပေးကြရအောင်။

ဒီ သက်တံ တံတားလေးကို ဖြတ်ကူးသွားခဲ့ကြတဲ့ ကျွန်မတို့ရဲ့ အဖော်မွန်လေးတွေတိုင်းဟာ အလွန်ချစ်ခင်ခံခဲ့ရသလို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ပါဘူး။ အမြဲတမ်း ချစ်ခင်လွမ်းဆွတ် သတိရနေကြမှာ ဖြစ်ပါတယ်။

အမှတ်တရအနေနဲ့ မိမိတို့ ချစ်မြတ်နိုးခဲ့ရတဲ့ သက်တံ တံတားလေးကို ဖြတ်သွားကြတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ဓာတ်ပုံကို ကွန်းမန့်မှာ မျှဝေတာပဲဖြစ်ဖြစ်၊ Story မှာ Tag တွဲပြီးတော့ပဲဖြစ်ဖြစ် အတူတကွ အောက်မေ့ သတိရကြရအောင်။ 🐾

Some paws leave prints that never fade.

Today, on Rainbow Bridge Remembrance Day, we pause to remember the pets who filled our lives with love - the ones who waited by the door, curled up beside us, and became family.

To every companion who has crossed the bridge: you were, and always will be, deeply loved.

If you'd like, share a photo of your beloved pet in the comments or tag us in a story. We'd be honored to remember them with you. 🐾





#သက်တံတံတား
#ချစ်ရတဲ့အိမ်မွေးတိရစ္ဆာန်

Category

Telephone

Address


471 C, Pyay Road, Ward/8, Kamayut Township, Facing Pyay & Tagaung Hall
Yangon
11041

Opening Hours

Monday 09:30 - 12:30
Tuesday 09:30 - 12:30
Wednesday 09:30 - 12:30
Thursday 09:30 - 12:30
Friday 09:30 - 12:30
Saturday 09:30 - 12:30
Sunday 09:30 - 12:30