Panora
သင့်မိုဘိုင်းဖုန်းထဲက ၂၄နာရီ စာအုပ်ဆိုင်
26/05/2026
📣 Panora ကို အစဉ်တစ်စိုက် အသုံးပြုခဲ့ကြသော အသုံးပြုသူ(Users)များ ထံသို့ လေးစားစွာဖြင့်
အသိပေးပန်ကြားခြင်း။
Panora ကို အစဉ်မပြတ် အသုံးပြုပြီးအားပေးခဲ့ကြသော အသုံးပြုသူ (Users) များအား "Panora" မိသားစု မှ လှိုက်လှဲစွာဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။
မိမိတို့၏ Panora Application အသုံးပြုခြင်းအား အကန့်အသတ်မရှိ ရပ်နားထားမည် ဖြစ်ကြောင်း နှင့် ဇွန်လ မှ စတင်ပြီး အော်ဒါအမှာလက်ခံခြင်းများကိုလည်း ရပ်နားမည်ဖြစ်ကြောင်း အသုံးပြုသူများထံသို့ လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
ရှေ့တွင် အော်ဒါတင် မှာယူထားသည့် ဝယ်သူများထံသို့ "Panora" မှ ပို့ဆောင်ပေးသွားပါမည်။
မိမိတို့၏ Panora အနေဖြင့် ပြန်လည်အသုံးပြုလို့ရနိုင်ပါက အသုံးပြုနိုင်မည့်နေ့ရက် အတိအကျအား ပြန်လည်ကြေညာပေးသွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်၊၊
************************
ချစ်ခင်လေးစားစွာဖြင့် " Panora ".
"သင့်မိုဘိုင်းဖုန်းထဲက ၂၄ နာရီစာအုပ်ဆိုင်"
17/05/2026
"ဒုက္ခဆိုတာ နောင်တချိန်မှာ
ဖြစ်လာမယ့် ဟာသပါပဲ"
~ အကြည်တော်
"သင့်မိုဘိုင်းဖုန်းထဲက ၂၄ နာရီစာအုပ်ဆိုင်"
ဂျာနယ်ကျော်မမလေးရဲ့ ခင်ပွန်းဖြစ်သူ ဦးချစ်မောင်ရဲ့ အတ္ထုပ္ပတ္တိဖြစ်တဲ့ 'သူလိုလူ ' စာအုပ်ဟာ အကြိမ်ပေါင်းများစွာထုတ်ဝေခဲ့ရပြီး A Man Like Him လို့ အမည်ရတဲ့ အင်္ဂလိပ်ဘာသာ ပြန်ဆိုခြင်းခံရတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ #ဂျာနယ်ကျော်မမလေး #သူလိုလူ
14/05/2026
ကမ္ဘာကျော် Usborne စာပေတိုက်ရဲ့ "Law for Beginners" ကို မှီငြမ်းရေးသားထားတဲ့
“လူတိုင်းအတွက် ဥပဒေ” စာအုပ်ထဲမှာ ငြီးငွေ့စရာကောင်းတဲ့ ပုဒ်ထီးပုဒ်မတွေ၊ ဥပဒေစကားလုံးတွေ မပါဝင်တဲ့အပြင်
ဥပဒေအကြောင်းကိုလည်း စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေ၊ အမှုအခင်းလေးတွေကတစ်ဆင့် ပေါ့ပေါ့ပါးပါး ရေးသားထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ဥပဒေဆိုတာ ကြောက်စရာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာ သိရှိဖို့ ဒီစာအုပ်လေးကို ဖတ်ကြည့်လိုက်ပါနော်။ 📖
စာအုပ်မှာယူရန်: https://www.panoramyanmar.com/books/2388
စာအုပ်ချစ်သူများရဲ့ အားထားရာ ပန်နိုရာ
“သင့်မိုဘိုင်းဖုန်းထဲက ၂၄ နာရီစာအုပ်ဆိုင်”
12/05/2026
✍ တစ်နှစ်နီးပါး အချိန်ယူ ဖန်တီးထားတဲ့ ဒီဝတ္ထုလေးဟာ ရိုးရိုး "အချစ်ဝတ္ထု" တစ်ပုဒ်ထက် ပိုပါတယ်။
ဒီဝတ္ထုလေးဟာဆိုရင် မြန်မာလူမျိုးတစ်ယောက်ရဲ့ စိတ်ရင်း၊ အနုပညာသမားတစ်ယောက်ရဲ့ စိတ်နှလုံးသား၊ ယောကျ်ားတစ်ယောက်ရဲ့ သစ္စာတရားကို ပုံဖော်ပြထားပြီး
ပုဂံကို အလည်လာတဲ့ နိုင်ငံခြားသူတစ်ယောက်၊ အိမ်ရှင် မြန်မာအမျိုးသားတစ်ယောက်နဲ့ ဂျပန်မိန်းကလေးငယ်တစ်ယောက်...
ဒီလူသား (၃) ယောက်ရဲ့ ကံကြမ္မာတွေက ပုဂံရဲ့ တမာတန်းတွေကြားမှာ ဘယ်လိုများ ရောနှောစီးဆင်းနေမလဲ? 🤔
တိုတောင်းလှတဲ့ လူ့ဘဝထဲမှာ "အချစ်" ဆိုတဲ့ စကားလုံးထက် ပိုလေးနက်တဲ့ လူသားဆန်မှုကို ခံစားကြည့်ချင်ရင်တော့...
ဒီစာအုပ်လေးကို
👉 ဒီကနေ https://www.panoramyanmar.com/books/2383 မှာယူပြီး အိမ်အရောက်ဖတ်ကြည့်လိုက်ပါရှင့်။
✅ ဒီစာအုပ်လေးကို ရေးဖို့ ပုဂံကို နှစ်ခေါက်အထိ သွားပြီး အသေးစိတ် လေ့လာခဲ့ရတဲ့ ဆရာ့ရဲ့ အားထုတ်မှုနဲ့တင် စာအုပ်လေးကို ဝယ်ဖတ်ရတာ တန်နေပါပြီနော်
စာအုပ်ချစ်သူများရဲ့ အားထားရာ ပန်နိုရာ 🩷
“သင့်မိုဘိုင်းဖုန်းထဲက ၂၄ နာရီစာအုပ်ဆိုင်”
#ပြန်လာခဲ့ပါဟိုရှီနာ #နောင်ရိုးနွယ်
10/05/2026
"အမေ" ဆိုတာ လောကမှာ အေးမြဆုံးသော အရိပ်မြုံတစ်ခုပါ။
ယနေ့ ကျရောက်သော ၂၀၂၆ ခုနှစ်၊ မေလ (၁၀) ရက်နေ့၊ ထူးမြတ်လှတဲ့ “ကမ္ဘာ့အမေများနေ့” မှာ ကမ္ဘာပေါ်ရှိ မေမေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒများအားလုံး တစ်ထပ်တည်း ပြည့်ဝကြပါစေလို့ Panora မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ ❤️
“သင့်မိုဘိုင်းဖုန်းထဲက ၂၄ နာရီ စာအုပ်ဆိုင်”
09/05/2026
ကမ္ဘာပေါ်မှာ မိခင်ကောင်းတွေ ရှိသလို နားလည်ရခက်တဲ့ မိခင်တွေလည်း ရှိနေပါသေးတယ်
ကိုယ်တွေ့ခံစားချက်တွေ ထပ်တူကျမယ့်သူတွေအတွက် ရင်နင့်အောင် ဖတ်ရမယ့် စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်တာကြောင့် 💔
ဆရာ “သာဓု” ရဲ့ အတာ စာအုပ်လေးကို ဒီကနေ
👉 https://www.panoramyanmar.com/books/691
အိမ်အရောက်မှာယူပြီး ဖတ်ကြည့်လိုက်ပါနော် 🫶
✍️ သာဓု
📚 အတာ
💲 ၂၂,၀၀၀ ကျပ်
စာအုပ်ချစ်သူများရဲ့ အားထားရာ “ပန်နိုရာ” 🩷
“သင့်မိုဘိုင်းဖုန်းထဲက ၂၄ နာရီ စာအုပ်ဆိုင်”
#သာဓု
09/05/2026
“ရေသန့်သန့် လေသန့်သန့်နှင့်
တူသော မိတ်ဆွေအလိုရှိသည်”
~ ထူးအိမ်သင်
“သင့်မိုဘိုင်းဖုန်းထဲက ၂၄ နာရီ စာအုပ်ဆိုင်”
#စာအုပ်
Click here to claim your Sponsored Listing.
Category
Website
Address
MTP Condo, Near Than Lan Bus Stop, Hlaing Township
Yangon
11052
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |