ProMaster Management Institute

ProMaster Management Institute

Share

A leading Management Institute committed to nurturing professionals with mastery, expertise, and leadership in their chosen disciplines.

20/09/2026

**“ကိုယ်မရှိရင် လုပ်ငန်းက ဘာလို့ မလည်ပတ်နိုင်တာလဲ?”**

လုပ်ငန်းရှင်တစ်ယောက်ဟာ မိသားစုကိစ္စကြောင့် ဆိုင်ကို သုံးရက်လောက် မလာနိုင်ခဲ့ပါဘူး။

ဆိုင်မှာ မန်နေဂျာလည်းရှိတယ်။ ဝန်ထမ်းတွေလည်း ရှိတယ်။ ဒါပေမဲ့ ဖုန်းက တစ်နေ့လုံး ဝင်နေပါတယ်။

📞 “Customer က Discount တောင်းနေတယ်။ ဘယ်လောက်ပေးရမလဲ?”

📞 “ပစ္စည်းပြတ်တော့မယ်။ ထပ်မှာလို့ရမလား?”

📞 “Customer Complaint တက်နေတယ်။ ပစ္စည်းလဲပေးရမလား?”

📞 “ဝန်ထမ်းတစ်ယောက် ခွင့်ယူသွားလို့ သူ့အလုပ်ကို ဘယ်သူ့ပေးရမလဲ?”

သုံးရက်ပြည့်လို့ ပြန်ရောက်လာတဲ့အချိန်မှာ ဆုံးဖြတ်ချက်စောင့်နေတဲ့ အလုပ်တွေ၊ မဖြေရှင်းရသေးတဲ့ ပြဿနာတွေက စားပွဲပေါ်မှာ စုပုံနေပါပြီ။

လုပ်ငန်းရှင်ရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာတယ်။

**“လူတွေလည်း ခန့်ထားတယ်။ မန်နေဂျာလည်းရှိတယ်။ ဘာဖြစ်လို့ အရာရာကို ကိုယ်ပဲ ဆုံးဖြတ်နေရတာလဲ?”**

ဒီအခြေအနေမှာ “ဝန်ထမ်းတွေ တာဝန်မယူကြဘူး” လို့ အပြစ်မတင်ခင် စစ်ကြည့်သင့်တာတွေ ရှိပါတယ်။

**သူတို့ ဘာကို တာဝန်ယူရမလဲဆိုတာ ရှင်းလင်းရဲ့လား?
ဘယ်အတိုင်းအတာအထိ ဆုံးဖြတ်ခွင့်ရှိသလဲဆိုတာ သိကြရဲ့လား?
ဆုံးဖြတ်ဖို့ လိုအပ်တဲ့ အချက်အလက်နဲ့ ကျွမ်းကျင်မှု ရှိကြရဲ့လား?**

🔎 **ဒီပြဿနာကို ဘယ်လိုစဖြေရှင်းမလဲ?**

**❶ မကြာခဏ ပြန်မေးနေရတဲ့ ကိစ္စတွေကို စာရင်းလုပ်ပါ။**

Discount၊ ပစ္စည်းမှာယူမှု၊ ပစ္စည်းလဲလှယ်မှု၊ ဝန်ထမ်းအလုပ်ခွဲဝေမှု—ဘယ်ကိစ္စတွေက ပိုင်ရှင်ဆီ အမြဲပြန်ရောက်လာသလဲ စစ်ကြည့်ပါ။

ဒီစာရင်းက ဘယ်နေရာမှာ စည်းမျဉ်း၊ လုပ်ပိုင်ခွင့် ဒါမှမဟုတ် ကျွမ်းကျင်မှု လိုအပ်နေလဲဆိုတာ မြင်လာစေပါတယ်။

**❷ တာဝန်နဲ့ ဆုံးဖြတ်ခွင့်ကို တွဲသတ်မှတ်ပါ။**

“ဆိုင်ကို သေချာကြည့်ထားပါ” ဆိုတာထက်—

▪️ သတ်မှတ်ထားတဲ့ Discount စည်းမျဉ်းအတွင်း မန်နေဂျာက အတည်ပြုနိုင်မယ်။
▪️ သတ်မှတ် Stock အဆင့်ရောက်ရင် ဝယ်ယူရေးတာဝန်ခံက အတည်ပြုထားတဲ့ Budget အတွင်း ပစ္စည်းမှာနိုင်မယ်။
▪️ ပစ္စည်းလဲလှယ်မှုစည်းမျဉ်းနဲ့ ကိုက်ညီရင် ဆိုင်တာဝန်ခံက ဖြေရှင်းနိုင်မယ်။
▪️ သတ်မှတ်ချက်ကျော်လွန်တဲ့ ကိစ္စတွေကို ပိုင်ရှင်ဆီ တင်ပြရမယ်။

ဒီလို **ဘယ်သူက ဘာကို ဘယ်အတိုင်းအတာအထိ ဆုံးဖြတ်နိုင်သလဲ** ဆိုတာ ရှင်းလင်းပေးရပါတယ်။

**❸ လုပ်ပိုင်ခွင့်ပေးပြီး လုပ်တတ်အောင် လေ့ကျင့်ပေးပါ။**

စည်းမျဉ်းစာရွက်ပေးထားရုံနဲ့ မလုံလောက်ပါဘူး။

တကယ်ကြုံတွေ့ရတဲ့ အခြေအနေတွေကို အသုံးပြုပြီး “ဒီကိစ္စမှာ ဘာစစ်ရမလဲ၊ ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်အချိန်မှာ အထက်ကိုတင်ပြမလဲ” ဆိုတာကို လေ့ကျင့်ပေးရပါတယ်။

**❹ ရလဒ်ကို မြင်နိုင်တဲ့ ပြန်လည်သုံးသပ်မှု ထားပါ။**

အရောင်း၊ Stock ပြတ်လပ်မှု၊ Customer Complaint နဲ့ မပြီးသေးတဲ့အလုပ်တွေကို အကျဉ်းချုပ်တင်ပြစေပြီး သတ်မှတ်အချိန်မှာ ပြန်လည်သုံးသပ်ပါ။

ဒါမှ ပိုင်ရှင်က လုပ်ငန်းအခြေအနေကို သိနိုင်သလို မန်နေဂျာကလည်း မိမိဆုံးဖြတ်ချက်အတွက် တာဝန်ယူနိုင်မှာ ဖြစ်ပါတယ်။

**ဒီလို တာဝန်၊ လုပ်ပိုင်ခွင့်၊ ကျွမ်းကျင်မှုနဲ့ စောင့်ကြည့်မှုတွေ ချိတ်ဆက်ပေးတဲ့အခါ နေ့စဉ်ကိစ္စတွေကို သက်ဆိုင်ရာတာဝန်ခံတွေက ပိုမိုဖြေရှင်းနိုင်လာပြီး ပိုင်ရှင်ကလည်း လုပ်ငန်းတိုးတက်ရေးအတွက် အချိန်ပိုပေးနိုင်လာပါတယ်။**

💡 **လုပ်ငန်းကြီးထွားလာတာနဲ့အမျှ ပိုင်ရှင်တစ်ယောက်ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို အဖွဲ့အစည်းတစ်ခုလုံးရဲ့ စီမံခန့်ခွဲနိုင်စွမ်းအဖြစ် တည်ဆောက်ဖို့ လိုပါတယ်။**

ဒီဥပမာလေးမှာပဲ Organisation Structure၊ Management Process၊ People Development၊ Leadership၊ Customer Service နဲ့ Operations တို့ အချင်းချင်း ချိတ်ဆက်နေတာကို တွေ့နိုင်ပါတယ်။

🎓 **PROFESSIONAL IN BUSINESS ADMINISTRATION AND MANAGEMENT**

**လူတွေကို အလုပ်ခွဲပေးနိုင်ခြင်းမှသည် အဖွဲ့အစည်းတစ်ခုကို စနစ်တကျ ဦးဆောင်နိုင်ခြင်းအထိ။**

ဒီ Program ဟာ လုပ်ငန်းတစ်ခုရဲ့ အဓိက စီမံခန့်ခွဲမှုလုပ်ငန်းဆောင်တာတွေကို ခြုံငုံနားလည်ပြီး လက်တွေ့လုပ်ငန်းပြဿနာတွေကို ချိတ်ဆက်ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

📚 **ဘာသာရပ် (၁၄) ခုမှတစ်ဆင့်—**

✅ စီးပွားရေးပတ်ဝန်းကျင်နဲ့ လုပ်ငန်းဖွဲ့စည်းပုံကို နားလည်ခြင်း
✅ လုပ်ငန်းဦးတည်ချက်၊ မဟာဗျူဟာနဲ့ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ခြင်း
✅ ဝန်ထမ်းစွမ်းရည်၊ ခေါင်းဆောင်မှုနဲ့ တာဝန်ယူမှု ဖွံ့ဖြိုးစေခြင်း
✅ ဖောက်သည်တန်ဖိုး၊ ထုတ်ကုန်၊ ဈေးနှုန်းနဲ့ ဈေးကွက်လမ်းကြောင်းများ စီမံခြင်း
✅ ဘဏ္ဍာရေးအချက်အလက်ကို ဆုံးဖြတ်ချက်ချရာတွင် အသုံးချခြင်း
✅ လုပ်ငန်းလည်ပတ်မှုနဲ့ အန္တရာယ်များကို စနစ်တကျ စီမံခြင်း

တို့ တတ်မြောက်သွားမှာ ဖြစ်ပါတယ်။

**Case Studies၊ Management Tools၊ Group Activities နဲ့ Practical Business Applications** တွေမှတစ်ဆင့် သင်ယူထားတာတွေကို မိမိလုပ်ငန်းခွင်နဲ့ ချိတ်ဆက်အသုံးချနိုင်ဖို့ လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။

👥 **လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ဌာနတာဝန်ခံများနှင့် စီမံခန့်ခွဲမှုအခန်းကဏ္ဍအတွက် ပြင်ဆင်နေသူများအတွက်။**

**မိမိကိုယ်တိုင် စီမံနိုင်တဲ့အဆင့်ကနေ မိမိအဖွဲ့အစည်းပါ စီမံနိုင်တဲ့အဆင့်ဆီ တက်လှမ်းဖို့ ပြင်ဆင်လိုက်ပါ။**

📩 သင်တန်းအသေးစိတ်နှင့် Registration အတွက် Page Messenger (သို့) 097713 70 789 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

06/09/2026

“ကျွန်တော်မရှိရင် အလုပ်မဖြစ်ဘူး”
“ဆုံးဖြတ်ချက်အားလုံး ကျွန်တော့်ဆီပဲ ရောက်လာတယ်”
“ဝန်ထမ်းတွေများပေမယ့် လုပ်ငန်းက မတိုးတက်ဘူး”
ဒီလိုပြောနေရပြီဆိုရင် သင့် Business က လူတစ်ဦးတစ်ယောက်အပေါ် မှီခိုလွန်းနေပြီဆိုတာပါပဲ။

လူတစ်ယောက်ကို အားကိုးပြီး လည်ပတ်နေတဲ့ Business က ထိုသူမရှိချိန်မှာ နှေးကွေးသွားနိုင်သလို လုပ်ငန်းက ရပ်တန့်သွားနိုင်ပါတယ်။

ဒါပေမယ့် Direction, Structure, People နဲ့ Process တွေ စနစ်တကျ ချိတ်ဆက်ထားတဲ့ Business ကတော့ အားကိုးနေရတဲ့ လူတစ်ဦးတစ်ယောက် မရှိချိန်မှာလည်း ဆက်လက်လည်ပတ်နိုင်ပါတယ်။

Business တိုးတက်ဖို့ အလုပ်ပိုလုပ်နေရုံနဲ့ မလုံလောက်ပါဘူး။
မှန်ကန်တဲ့အလုပ်ကို၊
မှန်ကန်တဲ့လူက၊
မှန်ကန်တဲ့စနစ်အောက်မှာ၊
မှန်ကန်တဲ့ရလဒ်ထွက်အောင် လုပ်နိုင်ဖို့ လိုပါတယ်။

🎓 PROFESSIONAL IN BUSINESS ADMINISTRATION AND MANAGEMENT — BATCH (6)

ဒီ Programme က သင့်ကို Business Subject တစ်ခုချင်းစီကို သီးခြားသင်ပေးရုံသာမက Business တစ်ခုလုံးကို ခြုံငုံမြင်တတ်၊ ချိတ်ဆက်စီမံတတ်ပြီး ရလဒ်ထွက်အောင် ဦးဆောင်နိုင်တဲ့ Professional Business Manager တစ်ဦးဖြစ်လာအောင် လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

📚 ဘာတွေသင်ယူရမလဲ?
🏢 Business တစ်ခုအောင်မြင်ဖို့ အဓိက Foundation & Organization
👥 People Management & Leadership
🎯 Customer, Product & Market Management
📊 Finance, Operations & Risk

သင်ခန်းစာတွေကို Theory သက်သက်မဟုတ်ဘဲ—
✅ Real Business Cases
✅ Management Tools and Frameworks
✅ Group Discussions
✅ Problem-Solving Activities
✅ Business Simulations
✅ Workplace Application
တွေနဲ့ လက်တွေ့ကျကျ သင်ကြားလေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

💬 LEARNER SUCCESS STORY
• မန်နေဂျာကောင်း, ခေါင်းဆောင်ကောင်းတွေ ဖြစ်ချင်လျင် Business Management ကိုတတ်သိဖို့ လိုပါတယ်..
• အတွေ့အကြုံနဲ့ ပေါင်းစပ်ထားတဲ့ Theory ကို သင်ချင်လျင် ProMaster Management Institute ကိုသွားပါ...
• ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပီး လုပ်ငန်းခွင်မှာ Smart ကျကျ တာဝန်ထမ်းဆောင်နိုင်ဖို့ဆိုရင် ကိုယ်တိုင် ဝမ်းစာပြည့်ဝဖို့လိုတယ် ။
• Business Management ဘာသာရပ်ဟာဆိုရင် Level တိုင်း သိသင့် သိထိုက်တဲ့ ပညာ‌ရပ်တွေပါဝင်ပြီး သင်ကြားတဲ့ ဆရာကိုယ်တိုင်က အတွေ့အကြုံကောင်းတွေရှိ, ရှိတဲ့အတွေ့အကြုံကို Theory နဲ့ ပေါင်းစပ် သင်ကြားပေးတော့ သင်တန်းတလျှောက် စိတ်ဝင်စားစရာအပြည့်နဲ့ Valuable ဖြစ်တဲ့ ခံစားချက်ကို အပြည့် အဝ ရရှိခဲ့ပါတယ် ။
🏆ဆရာ့သင်တန်းပြီးသွားရင် ..ရာထူး/လစာတိုးပီဆိုတာ ယုံလိုက်ပါ ကိုယ်တွေ့မလို ဆရာကို ကျေးဇူးတင်ရင်း မှတ်ချက် ပြုလိုက်ပါတယ်။
— Daw Kyi Thar Tun
General Manager
Maxcon Company Limited

🎯 ဘယ်သူတွေတက်သင့်သလဲ?
• Business Owners and Entrepreneurs
• Managers and Department Heads
• Management Position သို့ တိုးတက်လိုသူများ
• ကိုယ်ပိုင်လုပ်ငန်း စတင်လိုသူများ
• Family Business ကို Systematic Business အဖြစ် ပြောင်းလဲလိုသူများ
• Professional Business Leader ဖြစ်လိုသူများ

👨‍🏫 LEAD TRAINER
Saya Ethan Aung Thaik
• MBA, Switzerland
• Diploma in Business Management and Entrepreneurship, UK
• Advanced Diploma in Hotel and Tourism Management, UK
• Leadership and Management, Swiss Management Academy, Luzern
• Trainer, National Skills Standards Authority (NSSA)
• ASEAN Master Trainer
• ASEAN Master Assessor

🎁 BATCH (6) SPECIAL BENEFITS
• One-on-One Business Consultation Session
• Lifetime Alumni Business Network
• Career and Business Mentoring Support
• Leadership Development Workshop Access

📅 September Intake
⏰ 7:30 PM–9:30 PM
⌛ သင်တန်းကာလ — ၂ လ
💻 Zoom / Face-to-Face Live Class

📞 စာရင်းပေးသွင်းရန်
☎️ 09 7713 70 789
☎️ 09 7713 70 798
💬 သို့မဟုတ် Messenger မှာ တိုက်ရိုက်စုံစမ်းနိုင်ပါတယ်။

10/08/2026

⚠️ Business တိုးတက်မလာတာ Market ကြောင့်ပဲလား?

ဝန်ထမ်းတွေက ဆုံးဖြတ်ချက်တိုင်းကို Owner ကိုပဲ စောင့်နေကြတယ်။
Department တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှုအားနည်းတယ်။
အလုပ်တွေများနေပေမယ့် ထင်သလောက် Result မထွက်ဘူး။
Sales, Finance, HR နဲ့ Operations ကို တစ်ခုချင်းစီလုပ်နေပေမယ့် Business တစ်ခုလုံးအနေနဲ့ စနစ်တကျ မလည်ပတ်ဘူး။

ပြဿနာဟောင်းတွေကလည်း ထပ်ခါထပ်ခါ ပြန်ဖြစ်နေတယ်။
ဒီလိုအခြေအနေတွေကြုံနေရပြီဆိုရင် Market တစ်ခုတည်းကြောင့် မဟုတ်နိုင်ပါဘူး။
လုပ်ငန်းမှာ—
❌ ရှင်းလင်းတဲ့ Direction မရှိခြင်း
❌ မှန်ကန်တဲ့ Structure မရှိခြင်း
❌ Management System အားနည်းခြင်း
❌ လူ၊ လုပ်ငန်းစဉ်နဲ့ ရလဒ်ကို ချိတ်ဆက်မထားနိုင်ခြင်း
❌ Data အစား ခံစားချက်နဲ့ ဆုံးဖြတ်နေခြင်း
တို့ကလည်း အဓိကအကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။
Business တစ်ခုကို စတင်နိုင်ဖို့ Idea လိုပါတယ်။
Business တစ်ခုကို ကြီးထွားစေဖို့ Management လိုပါတယ်။
Business တစ်ခုကို ရေရှည်တည်တံ့စေဖို့ System လိုပါတယ်။
🎓 Professional in Business Administration and Management
Batch (6)
ဒီ Programme က Business အကြောင်းကို စာတွေ့သိရုံသာမက လုပ်ငန်းတစ်ခုလုံးကို Professional Level နဲ့ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်တဲ့ Business Knowledge, Management Skills နဲ့ Practical Tools တွေကို အခြေခံမှ Advanced Level အထိ စနစ်တကျ သင်ကြားလေ့ကျင့်ပေးမယ့် Programme ဖြစ်ပါတယ်။
💡 ဒီသင်တန်းပြီးဆုံးတဲ့အခါ သင်ဟာ—
✅ Business တစ်ခုရဲ့ အဓိကလုပ်ငန်းစဉ်တွေကို ခြုံငုံနားလည်လာမယ်။
✅ Organization Structure, System, Policy and Process တွေကို ပိုမိုစနစ်တကျ တည်ဆောက်နိုင်မယ်။
✅ HR, Marketing, Finance and Operations တို့ကို တစ်ခုတည်းသော Business Direction အောက်မှာ ချိတ်ဆက်စီမံနိုင်မယ်။
✅ လူတွေကို ဦးဆောင်ပြီး Performance တိုးတက်အောင် စီမံနိုင်မယ်။
✅ ပြဿနာတွေရဲ့ Root Cause ကို ခွဲခြမ်းစိတ်ဖြာပြီး လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ်။
✅ အချက်အလက်အပေါ်အခြေခံပြီး ယုံကြည်မှုရှိရှိ ဆုံးဖြတ်နိုင်မယ်။
✅ Strategy ကို Action Plan အဖြစ် ပြောင်းလဲဖော်ဆောင်နိုင်မယ်။
✅ Manager, Business Leader သို့မဟုတ် Business Owner တစ်ယောက်အဖြစ် Professional Competencies ပိုမိုတိုးတက်လာမယ်။
📚 သင်ယူရမည့် အဓိက Business Areas
🏢 Business Foundation & Organization
1. The Nature of Economy and Business
2. Types of Business Organization
3. Administration and Management Processes
4. Organizational Strategy
5. Creating an Effective Organization
👥 People Management & Leadership
6. Human Resource Management and Leadership Development
7. Leading the Organization
🎯 Customer, Product & Market Management
8. Delivering Customer Delight
9. Creating Value-Driven Products and Services
10. Pricing Strategies and Methods
11. Communicating, Promoting and Distributing Value
📊 Finance, Operations & Risk
12. Business Accounting Information
13. Business Operations Management
14. Business Risk Management
ဒီဘာသာရပ်တွေကို
👉 Real Business Cases
👉 Practical Management Frameworks
👉 Group Discussions
👉 Problem-Solving Exercises
👉 Business Planning Activities
👉 လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချနိုင်တဲ့ Management Tools
တွေနဲ့ Theory + Practical Training ပေါင်းစပ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🎯 ဘယ်သူတွေ တက်ရောက်သင့်သလဲ?
ဒီ Programme ဟာ—
• Business Owners and Entrepreneurs
• Managers and Department Heads
• Management Position ကို တက်လှမ်းလိုသူများ
• ကိုယ်ပိုင်လုပ်ငန်းစတင်လိုသူများ
• Family Business ကို စနစ်တကျ ပြောင်းလဲလိုသူများ
• Business Management နယ်ပယ်မှာ Professional Career တည်ဆောက်လိုသူများ
အတွက် သင့်တော်ပါတယ်။
👨‍🏫 Lead Trainer
Saya Ethan Aung Thaik
• Master of Business Administration (MBA), Switzerland
• Diploma in Business Management and Entrepreneurship, UK
• Advanced Diploma in Tourism and Hospitality Management, UK
• Leadership and Management, Swiss Management Academy, Luzern
• Trainer, National Skills Standards Authority (NSSA), Ministry of Labour
• ASEAN Master Trainer, Ministry of Hotels and Tourism
• ASEAN Master Assessor, Ministry of Hotels and Tourism

🤝 သင်တန်းတစ်ခုထက်ပိုတဲ့ Learning Experience
ProMaster Institute မှာ ပညာရပ်တွေကို သင်ယူရုံတင် မဟုတ်ပါဘူး။
✅ Business Owners, Managers and Professionals တွေနဲ့ Networking တည်ဆောက်နိုင်မယ်။
✅ သင်တန်းကာလအတွင်းနဲ့ သင်တန်းပြီးဆုံးချိန်မှာ Networking Events တွေ ပါဝင်ခွင့်ရမယ်။
✅ Career and Business Opportunities တွေအတွက် ချိတ်ဆက်ပံ့ပိုးမှုရမယ်။
✅ လုပ်ငန်းခွင်မှာ အသုံးချနိုင်တဲ့ Management Tools and Practices တွေ ရရှိမယ်။
✅ Business and Leadership Development အတွက် ဆက်လက်လေ့လာနိုင်မယ့် Professional Community တစ်ခု ရရှိမယ်။
🎁 Batch (6) အတွက် Special Bonuses
🎁 One-on-One Business Consultation Session
🎁 Lifetime Alumni Business Network
🎁 Career and Business Mentoring Support
🎁 Leadership Development Workshop Access
လုပ်ငန်းတစ်ခုကို Professional ဖြစ်အောင် စီမံခန့်ခွဲချင်ရင် ပထမဆုံး မိမိရဲ့ Management Capability ကို Professional ဖြစ်အောင် တည်ဆောက်ဖို့လိုပါတယ်။
“အတွေ့အကြုံနဲ့ လုပ်ငန်းလုပ်နေသူ” အဆင့်ကနေ
“စနစ်နဲ့ လုပ်ငန်းကို ဦးဆောင်နိုင်သူ” အဖြစ် ပြောင်းလဲလိုက်ပါ။
📢 Professional in Business Administration and Management – Batch (6) အတွက် ယခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။
📞 အသေးစိတ်စုံစမ်းရန်
☎️ 09 7713 70 789
☎️ 09 7713 70 798
💬 “BAM” လို့ Comment ပေးခဲ့ပါ။
သို့မဟုတ် Messenger မှာ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။

Photos from ProMaster Management Institute's post 06/08/2026

Marketing & Sales ကို “အခြေခံအဆင့်ကနေ “အောင်မြင်မှုဖန်တီးနိုင်တဲ့ Professional” အဆင့်ထိ မြှင့်တင်ဖို့နဲ့ 👉 Marketing & Sales နယ်ပယ်မှာ **ရာထူးကောင်း၊ လစာကောင်း** ရတဲ့ Professional တစ်ယောက် ဖြစ်ဖို့ ။
👉 ကိုယ်ပိုင်လုပ်ငန်းကို **စျေးကွက်မှာ မြင်သာပြီး ရောင်းအား ၂ ဆ၊ ၃ ဆ တိုးဖို့အတွက် 🎓 **Professional in Marketing and Sales Management – Batch (3) ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။
👨‍🏫သင်တန်းကို Marketing and Sales ပိုင်းမှာ Professional ဖြစ်လိုသူများ၊ ရာထူး နောက်တဆင့်တက်လိုသူများ ၊ Top Management Level များ နဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်များ စုံလင်စွာတက်ရောက်ခဲ့ပြီး ဆရာကြီး Ethan Aung Thaik မှာ သင်တန်းသားတို့ရဲ့ အနာဂတ်မှာ လိုချင်တဲ့ ရလာဒ်တွေ လက်တွေ့မှာ ရရှိလာအောင် သီအိုရီ နဲ့ လက်တွေ့ဘဝထဲက အတွေ့အကြုံများ Industry Based သင်ကြားမှုပုံစံဖြင့် ဝင်ငွေတွေဖန်တီးပေးမယ့် သင်တန်းကြီးရဲ့ ခရီးစဥ်ကို ပျော်ရွှင်တက်ကြွစွာ စတင်ခဲ့ကြပါတယ်....
ယခု သင်တန်းကို တက်ဖို့မမှီလိုက်ကြတဲ့သူတွေအတွက် Batch_3 မှာ သင်တန်းအပ်နှံနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်...

Master Your Future
ProMaster နဲ့အတူ သင့်အနာဂတ် အောင်မြင်ပါစေ

Photos from ProMaster Management Institute's post 15/07/2026

🎓ProMaster Institute ရဲ့ UK အသိအမှတ်ပြု Diploma in Business Administration and Management – Batch (5) သင်တန်း ပြီးမြောက်သွားပါပြီ!
🏨ကိုယ်ပိုင်စီးပွားရေး တည်ဆောက်ချင်သူဖြစ်စေ၊ လုပ်ငန်းတစ်ခုကို အောင်မြင်အောင် ဦးဆောင်ချင်သူဖြစ်စေ — အများနှင့်မတူသော အမြင်၊ အတွေ့အကြုံ၊ Strategy နှင့် Next Level စီးပွားရေး အတွေးအမြင်များကို သင်ယူရုံသာမက၊ Industry Case Study များဖြင့် တစ်ဦးချင်းစီ Assessment Presentation ပြုလုပ်ခဲ့ကြပြီး Business Administration and Management Journey ကို လက်တွေ့ပြည့်ဝစွာ ကျွမ်းကျင်သင်ကြားနိုင်ခဲ့ကြပါပြီ။🔑
🧑‍💼ဆရာ Ethan Aung Thaik မှ လမ်းညွှန်မှုဖြင့် (၃) လတာ သင်ကြားခဲ့သော ပညာရပ်များကို လက်တွေ့ဘဝတွင် ချက်ချင်းအသုံးချနိုင်အောင် သင်တန်းသားတိုင်းကို တစ်ဦးချင်းစီ အထူး လေ့ကျင့်ပေးခဲ့ပါတယ်။
🧑‍🏫 ဤအတန်းကို မမှီလိုက်တဲ့သူများအတွက် Next Batch များကို မကြာမီ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်တဲ့အတွက် သင်တန်းဆက်လက်အပ်နှံ နိုင်ပါတယ်။
🧑‍🎓သင်တန်းသူ သင်တန်းသားအားလုံး ယခုထက်ပိုမိုအောင်မြင်ပါစေ။
🌱Master Your Future
🌱ProMaster နှင့်အတူ သင့်အနာဂတ် အောင်မြင်ပါစေ။

28/06/2026

📉ဒီနေ့ခေတ်လို ပြိုင်ဆိုင်မှုများတဲ့ စီးပွားရေးနယ်ပယ်မှာ Marketing ကို မနားလည်ရင် — Business မရပ်တည်နိုင်ပါဘူး။ Sales Skill မရှိရင် — ဝင်ငွေမတိုးနိုင်ပါဘူး။ 🚫

👉 Marketing & Sales ကို Professional အဆင့်မရောက်သေးလျှင် သင့်လုပ်ငန်းတင်မက — သင့် Career ကိုပါ ထိခိုက်နိုင်ပါတယ်။ ⚠️💼

🎯 အချိန်နှင့်အမျှပြောင်းလဲနေတဲ့ စျေးကွက်ထဲမှာ Marketing & Sales Expert တစ်ယောက်ဖြစ်ဖို့နဲ့
💡 ကိုယ်ပိုင် Business ရဲ့ Market Share နဲ့ Revenue ကို မြှင့်တင်ဖို့အတွက် 💰
👉 သင့်အတွက် အထူးစီစဉ်ထားတဲ့ Program ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ✨
🎓 Professional in Marketing and Sales Management – Batch (3) ProMaster Management Institute မှ ဖွင့်လှစ်ထားပါပြီ။ 🏫

⭐ Program Highlights
ဒီ Program က Theory သက်သက်မဟုတ်ပါဘူး။
✔ Real Business Marketing Frameworks
✔ Proven Sales Growth Techniques
✔ Customer Psychology & Buying Behaviour တို့ကို လက်တွေ့အတွေ့အကြုံအခြေခံပြီး သင်ကြားပေးမယ့် Practical Program တစ်ခုဖြစ်ပါတယ်။ 🔥

📈 သင်တန်းကနေ ရမယ့် အကျိုးကျေးဇူးများ

✔ Effective Marketing Strategy တည်ဆောက်နိုင်မယ်
🎯Customer Insight နားလည်ပြီး Sales Conversion မြှင့်နိုင်မယ်
🤝Strong Brand Positioning တည်ဆောက်နိုင်မယ်
🏆Digital + Traditional Marketing ပေါင်းစပ်အသုံးချနိုင်မယ်
📱Market Research & Data Analysis လုပ်နိုင်မယ်
🔍Professional Sales Techniques ကို လက်တွေ့အသုံးချနိုင်မယ်
💼Sales Team Performance ကို KPI ဖြင့် စနစ်တကျ စီမံနိုင်မယ် 🔢

📚 Program Structure (16 Modules)

1️⃣ Marketing for the New Realities
2️⃣ Developing Marketing Strategies and Plans
3️⃣ Conducting Market Research
4️⃣ Creating Customer Value
5️⃣ Building Customer Loyalty
6️⃣ Analysing Consumer & Business Markets
7️⃣ Segmentation & Targeting
8️⃣ Brand Positioning Strategy
9️⃣ Product Strategy & Development
🔟 Pricing Strategy & Methods
1️⃣1️⃣ Marketing Channels Management
1️⃣2️⃣ Marketing Communications
1️⃣3️⃣ Sales Strategy & Techniques
1️⃣4️⃣ Personal Selling Skills
1️⃣5️⃣ Sales Team Management
1️⃣6️⃣ Sales KPIs & Performance Management

👥 ဘယ်သူတွေတက်သင့်လဲ?

✔ Marketing / Sales Career စတင်ချင်သူများ
✨ Supervisor / Manager Level တက်ချင်သူများ
👔Entrepreneurs & Business Owners
🏢Career Upgrade လုပ်ချင်သူများ
⬆️Professional Certificate လိုအပ်သူများ

👨‍🏫 Trainer Saya Ethan Aung Thaik
• Director of Marketing & Sales | GM | Founder & CEO | Business Consultant
• MBA (Switzerland)
• Diploma in Business Management & Entrepreneurship (UK)
• Advanced Diploma in Tourism & Hospitality Management (UK)
• NSSA Certified Trainer (Ministry of Labour)
• ASEAN Master Trainer & Assessor

💰 Program Fee
💵 50% Off Discount 🔥 ✔ အရစ်ကျ ခွဲသွင်းနိုင်ပါသည် 💳

🎁 Exclusive Bonuses
🎁 Business Consultation with Saya Ethan
🎁 ProMaster Alumni Business Network (Owners & Senior Leaders)
🎁 Career Guidance & Job Opportunity Support 🚀

📞 Contact Now 📱 09 7713 70 789 ☎️ 💬 Comment မှာ “MSM” လို့ရေးပါ 👇 📩 Messenger မှာလည်း တိုက်ရိုက် မေးမြန်းနိုင်ပါတယ် 📩

🚀 သင့် Career ကို Upgrade လုပ်ပါ 🔝
🚀 သင့် Business ကို Grow လုပ်ပါ 📈

🎯 ProMaster Management Institute – Master Your Future ProMaster နဲ့အတူ သင့်အနာဂတ်ကို အောင်မြင်စွာ တည်ဆောက်လိုက်ပါ။ 💪

26/06/2026

🎯 Brand တစ်ခုကို ဈေးကွက်ထဲမှာ ဘယ်လိုနေရာချမလဲ?
အပိုင်း (၂)

ပြီးခဲ့တဲ့ အပိုင်း (၁) မှာ Brand Positioning ရဲ့ အခြေခံအုတ်မြစ် (Core Elements) တွေကို ဆွေးနွေးခဲ့ကြပြီးပြီဆိုတော့...
ဒီနေ့ အပိုင်း (၂) မှာတော့ ကိုယ့်လုပ်ငန်း၊ ကိုယ့် Product နဲ့ ကိုက်ညီမယ့် "နေရာချနည်း မဟာဗျူဟာ (၄) ခု" အကြောင်းကို ဆက်လက်ဝေမျှပေးသွားပါမယ်။ 🚀
လုပ်ငန်းသဘာဝနဲ့ Target Customer အပေါ် မူတည်ပြီး Brand တွေဟာ အောက်ပါ Strategy တွေထဲက တစ်ခုခုကို ရွေးချယ်ပြီး ဈေးကွက်ထဲမှာ အခိုင်အမာ နေရာယူလေ့ ရှိကြပါတယ်။ 👇

🛠️ Positioning Strategies (နေရာချနည်း မဟာဗျူဟာ ၄ ခု)

1️⃣ Price-Based Strategy (ဈေးနှုန်း သက်သာမှုကို အခြေခံခြင်း)
• ဖော်ပြချက်: အလားတူ Product တွေထဲမှာမှ "ဈေးနှုန်း သက်သာမှု" သို့မဟုတ် "ပေးရတဲ့ ဈေးထက် ပိုတန်စေမှု (Value for Money)" ကို ရှေ့တန်းတင်ပြီး နေရာယူတဲ့ နည်းဗျူဟာပါ။

• ဥပမာ: Xiaomi ဆိုရင် တခြား Brand တွေလို Performance ကောင်းကောင်းပေးနိုင်ပေမယ့် စမတ်ကျကျနဲ့ ဈေးနှုန်းချိုချိုသာသာ ပေးရတာမျိုး ဖြစ်ပါတယ်။

2️⃣ Quality / Premium-Based Strategy (အရည်အသွေးနှင့် ဂုဏ်သရေကို အခြေခံခြင်း)

• ဖော်ပြချက်: ဈေးနှုန်းကို ဦးစားမပေးဘဲ "အကောင်းဆုံး အရည်အသွေး (Luxury)"၊ "ဂုဏ်သရေနဲ့ အဆင့်အတန်း" ကို ပေးစွမ်းနိုင်တဲ့ Brand အဖြစ် နေရာယူခြင်း ဖြစ်ပါတယ်။ Customer တွေကလည်း အဆင့်အတန်းတစ်ခုအတွက် ခပ်ပြုံးပြုံးနဲ့ ဈေးအမြင့်ကြီး ပေးဝယ်ဖို့ အဆင်သင့်ပါပဲ။

• ဥပမာ: Rolex (နာရီ) ဒါမှမဟုတ် Mercedes-Benz (ကား) တို့လို Brand မျိုးတွေ ဖြစ်ပါတယ်။

3️⃣ Problem-Solution Strategy (ပြဿနာကို အာရုံစိုက် ဖြေရှင်းခြင်း)
• ဖော်ပြချက်: Customer တွေ နေ့စဉ် ကြုံတွေ့နေရတဲ့ တကယ့် Pain Point (အခက်အခဲ) တစ်ခုခုကို "အထိရောက်ဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းပေးနိုင်တဲ့ Brand" အဖြစ် ပုံဖော်တာ ဖြစ်ပါတယ်။

• ဥပမာ: Grab ဆိုရင် မြို့ပြလူနေမှုဘဝရဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲနဲ့ ကားငှားရခက်တဲ့ ပြဿနာကို အမိအရ ဖြေရှင်းပေးပြီး နေရာယူခဲ့တာမျိုး ဖြစ်ပါတယ်။

4️⃣ Convenience-Based Strategy (အဆင်ပြေ လွယ်ကူမှုကို အခြေခံခြင်း)
• ဖော်ပြချက်: သုံးရတာ အလွန်လွယ်ကူခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ဝန်ဆောင်မှု ပိုမိုမြန်ဆန်ခြင်း စတဲ့ "အဆင်ပြေချောမွေ့မှု" ကို အဓိက လက်နက်အဖြစ် သုံးပြီး နေရာယူခြင်း ဖြစ်ပါတယ်။

• ဥပမာ: Amazon ရဲ့ 1-Click Ordering စနစ် သို့မဟုတ် လူသုံးများတဲ့ Online Delivery Service တွေလိုမျိုး အိမ်ထဲက အိမ်ပြင် ထွက်စရာမလိုဘဲ အားလုံး အလွယ်တကူ ရရှိစေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

💡 လုပ်ငန်းတစ်ခုက ဒီ Strategy တွေအကုန်လုံးကို ပြိုင်တူ သုံးလို့မရပါဘူး။ "ကိုယ့် Product က အရမ်း Premium ဖြစ်ပါတယ်" လို့ ပြောနေရင်းနဲ့ "ဈေးအပေါဆုံးပါ" လို့ သွားပြောရင် Customer တွေ ဇဝေဇဝါ ဖြစ်ကုန်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းအတွက် ရှင်းလင်းပြတ်သားတဲ့ Positioning လမ်းကြောင်းတစ်ခုတည်းကိုပဲ ရွေးချယ်ပြီး ခိုင်ခိုင်မာမာ အမြစ်တွယ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။

💬 မိတ်ဆွေတို့ရဲ့ လုပ်ငန်းကရော အထက်ပါ Strategy ၄ ခုထဲက ဘယ်လမ်းကြောင်းကို သုံးပြီး နေရာယူထားပါသလဲ? Comment မှာ ဝေမျှပေးခဲ့ကြပါဦး။

🎓 Branding Strategy တွေအပြင် ရောင်းအားကို တိုးတက်စေမယ့် Sales Management တွေကို Professional ကျကျ ပိုင်နိုင်ချင်တယ်ဆိုရင်တော့ မကြာခင်ဖွင့်မယ့် Professional in Marketing and Sales Management အတန်းမှာ တက်ရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🔗 အသေးစိတ်ကို ဒီလင့်မှာလည်း ဝင်ရောက်လေ့လာလို့ရပါတယ်ရှင့်။
👉 https://www.facebook.com/share/p/1ChjuPAFqJ/
📩 သင်တန်းရက်နှင့် အသေးစိတ် သိရှိလိုပါက Message (Inbox) မှာ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🚀 Master Your Future
✨ ProMaster နဲ့အတူ သင့်အနာဂတ်အောင်မြင်ပါစေ....

20/06/2026

🎯 Brand တစ်ခုကို ဈေးကွက်ထဲမှာ ဘယ်လိုနေရာချမလဲ?

အပိုင်း (၁)

Brand Positioning ဆိုတာ သင့် Product ဒါမှမဟုတ် Service ကို Customer တွေရဲ့ စိတ်ထဲမှာ ပြိုင်ဘက်တွေနဲ့မတူဘဲ ထူးခြားထင်ရှားတဲ့ နေရာတစ်ခု ရအောင် ဖန်တီးယူတာ ဖြစ်ပါတယ်။ 💡

ပိုပြီးရိုးရိုးရှင်းရှင်းပြောရရင် "Customer တွေက သင့်လုပ်ငန်းအကြောင်း တွေးလိုက်တာနဲ့ သူတို့ခေါင်းထဲမှာ ပထမဆုံး ပေါ်လာမယ့် အမြင်" ကို ပုံဖော်တာပါ။ ဥပမာ - Apple ဆိုရင် Innovation & Premium 🍏, Volvo ဆိုရင် Safety 🛡️, Nike ဆိုရင် Inspiration & Performance ✔️ ဆိုပြီး ပြေးမြင်ကြသလိုမျိုးပေါ့။

အောင်မြင်တဲ့ Brand Positioning တစ်ခုဖြစ်လာဖို့ စနစ်တကျ Craft လုပ်ရမယ့် အဓိကအဆင့် (၄) ဆင့် ရှိပါတယ်ခင်ဗျာ။ 👇

🏗️ 1. Core Elements of Brand Positioning (အခြေခံအုတ်မြစ် ၄ ခု)
မဟာဗျူဟာ မချမှတ်ခင် ဒီမေးခွန်း ၄ ခုကို အရင်ဆုံး ရှင်းရှင်းလင်းလင်း ဖြေနိုင်ရပါမယ်။

• 🎯 Target Market (ဘယ်သူ့ကို ရောင်းမှာလဲ): ကိုယ့်ရဲ့ အဓိက Customer က ဘယ်သူလဲ။ သူတို့ရဲ့ လိုအပ်ချက်နဲ့ Pain Points (အခက်အခဲ) တွေက ဘာလဲ။

• 📦 Frame of Reference (ဘယ်ဈေးကွက်ထဲ ပြိုင်မှာလဲ): ကိုယ်က ဘယ် Industry/Category ထဲမှာ ကစားနေတာလဲ။

• ✨ Point of Difference - POD (ဘာကွာခြားလဲ): ပြိုင်ဘက်တွေထက် ကိုယ့် Product က ဘာပိုကောင်းလဲ။ Customer က ကိုယ့်ဆီကပဲ ဝယ်ရမယ့် ထူးခြားတဲ့ အားသာချက် (Unique Value Proposition) က ဘာလဲ။

• ✅ Reason to Believe - RTB (ဘာလို့ ယုံရမှာလဲ): ကိုယ်ပြောတဲ့ အားသာချက်ကို Customer က ယုံကြည်လာအောင် ပြသနိုင်မယ့် သက်သေ (Features, Certification, Awards သို့မဟုတ် ရလဒ်များ)။

စတဲ့ Core Elements တွေကို အသေချာ ကွဲကွဲပြားပြား သတ်သတ်မှတ်မှတ် Positioning လုပ်ထားဖို့လိုပါတယ်။

💬 မိတ်ဆွေတို့ရဲ့ လုပ်ငန်းနဲ့ Products တွေကိုရော ဘယ်လို ကွဲပြားမှုတွေ လုပ်ဆောင်ထားသလဲဆိုတာ Comment မှာ ဆွေးနွေးသွားလို့ရပါတယ်။

🎓 Branding Positioning နဲ့ပတ်သက်ပြီး Professional ကျကျ တတ်မြောက်ချင်တယ်ဆိုရင်တော့ မကြာခင်ဖွင့်မယ့် Professional in Marketing and Sales Management အတန်းမှာ တက်ရောက်လေ့လာလို့ရပါတယ်။

🔗 အသေးစိတ်ကို ဒီလင့်မှာလည်း ဝင်ရောက်လေ့လာလို့ရပါတယ်ရှင့်။
👉 https://www.facebook.com/share/p/1ChjuPAFqJ/
📩 သင်တန်းအသေးစိတ် သိရှိလိုပါက Message (Inbox) မှာ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🚀 Master Your Future
✨ ProMaster နဲ့အတူ သင့်အနာဂတ်အောင်မြင်ပါစေ....

17/06/2026

🌟 အောင်မြင်တဲ့ Marketing & Sales Leader တစ်ယောက်မှာ ရှိရမယ့် 'Core Skills' (၃) ခု 🚀
ဒီနေ့ခေတ် စီးပွားရေးလောကမှာ ရာထူးတိုးဖို့နဲ့ Performance ကောင်းဖို့ဆိုတာ အလုပ်ကြိုးစားရုံတင် မလုံလောက်တော့ပါဘူး။ 🧠 Strategic ဖြစ်ဖြစ် စဉ်းစားတတ်ဖို့ပါ လိုအပ်လာပါတယ်။ အထူးသဖြင့် Marketing နဲ့ Sales နယ်ပယ်မှာဆိုရင်...
📊 ၁။ Data-Driven Decision Making ခန့်မှန်းခြေနဲ့ လုပ်တာထက် Customer Data နဲ့ စျေးကွက်အချက်အလက်ကို သေချာကြည့်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်ချနိုင်ခြင်း။
🤝 ၂။ Customer-Centric Strategy Customer ရဲ့ လိုအပ်ချက်နှင့် စိတ်ပိုင်းဆိုင်ရာ (Psychology) ကို ကောင်းကောင်းနားလည်ပြီး အရောင်းအဝယ်ဖြစ်အောင် မဟာဗျူဟာမြောက် ဖန်တီးနိုင်ခြင်း။
⚡ ၃။ Agility & Adaptation အမြဲပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းတွေ (ဥပမာ - AI Tools များ၊ Digital Platform Algorithms များ) ကို မိမိလုပ်ငန်းနဲ့ လျင်မြန်စွာ ပေါင်းစပ်အသုံးချနိုင်ခြင်း။
💡 ဒီ Skills တွေက စာအုပ်ကြီးအတိုင်း ဖတ်ရုံနဲ့ မရဘဲ လက်တွေ့ Case Studies တွေ၊ မှန်ကန်တဲ့ Framework တွေနဲ့ လေ့ကျင့်မှသာ ကိုယ်ပိုင် Insight တွေ ဖြစ်လာမှာပါ။
သင်ကော... သင့်ရဲ့ လက်ရှိ အရည်အသွေးကို Level Up လုပ်ပြီး စျေးကွက်ထဲမှာ နေရာတစ်ခုကို ခိုင်ခိုင်မာမာ ရယူဖို့ အဆင်သင့် ဖြစ်ပြီလား? 🎯
သင့်ကို သာမန် ဝန်ထမ်း/လုပ်ငန်းရှင်ဘဝကနေ Professional မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်တတ်သူတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမယ့် Professional Marketing and Sales သင်တန်း။ သင့် Career နဲ့ လုပ်ငန်းအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်ရန် ယခုပဲ စာရင်းပေးသွင်းလိုက်ပါ။ ✨
🔗 အသေးစိတ်ကို ဒီလင့်မှာလည်း ဝင်ရောက်လေ့လာလို့ရပါတယ်ရှင့်။ 👇 https://www.facebook.com/share/p/1ChjuPAFqJ/
📬 သင်တန်းရက်နှင့် အသေးစိတ် သိရှိလိုပါက Message (သို့) Comment မှာ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 💬
✨ Master Your Future
✨ ProMaster နဲ့အတူ သင့်အနာဂတ်အောင်မြင်ပါစေ.... 🤝🌟

15/06/2026

"သင့်လုပ်ငန်းရဲ့ အိမ်ထောင်ဦးစီးက ဘယ်သူလဲ?" 🤔👨‍

🏠မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးဆိုတာ အိမ်အတွက် လိုအပ်တဲ့ ဝင်ငွေ (Income) ကို ရှာဖွေပေးရုံတင်မကဘဲ၊ မိသားစုရဲ့ ရှေ့ရေး ရေရှည်လုံခြုံမှုရှိအောင် ဗျူဟာချ စီမံပေးရသူလည်း ဖြစ်ပါတယ်။ 🏠✨

ဒါဆို စီးပွားရေးလုပ်ငန်းတစ်ခုမှာရော... ဘယ်သူက အိမ်ထောင်ဦးစီးလဲ? Founder လား၊ CEO လား၊ Finance ပိုင်းလား? 🏢❓

တကယ်တော့ လုပ်ငန်းတစ်ခု ရေရှည်ရှင်သန်ဖို့ သွေးကြောဖြစ်တဲ့ "Revenue (ဝင်ငွေ)" ကို အဓိကမောင်းနှင်ပေးနေတဲ့ Marketing & Sales Function ဟာ အဲဒီလုပ်ငန်းရဲ့ တကယ့် "အိမ်ထောင်ဦးစီး" ပဲ ဖြစ်ပါတယ်။ 📈💪

အိမ်ထောင်ဦးစီးတစ်ယောက်မှာ တာဝန်ကြီးကြီးမားမား (၂) ခု ရှိသလိုပဲ၊ Marketing & Sales မှာလည်း လုပ်ငန်းအတွက် မရှိမဖြစ် တာဝန် (၂) ခု ရှိပါတယ်။ 👇
၁။ ဈေးကွက်ထဲမှာ နေရာယူခြင်း (Marketing - The Visionary) 👁️🗺️ အိမ်ထောင်ဦးစီးတစ်ယောက်က မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ရှေ့ရေးကို ကြိုတင်မျှော်တွေးရသလိုပါပဲ။ Marketing ဟာ လုပ်ငန်းရဲ့ Brand ကို လူသိများအောင်လုပ်တယ်၊ Customer တွေ စိတ်ထဲမှာ "ငါတို့ဆီကပဲ ဝယ်ရမယ်" ဆိုတဲ့ Value ကို တည်ဆောက်ပေးတယ်။ သူက လမ်းဖောက်ပေးတဲ့သူ (Way Maker) ဖြစ်ပါတယ်။ 🚀🎯

၂။ မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာပေးခြင်း (Sales - The Provider) 💰🛒 Marketing ကဖောက်ပေးထားတဲ့ လမ်းအတိုင်း အိမ်ထဲကို ရလဒ်တွေ၊ ဝင်ငွေတွေ အရောက် သယ်ဆောင်လာပေးတာကတော့ Sales ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ Brand ဖြစ်ဖြစ်၊ တကယ့်လက်တွေ့ အရောင်းအဖြစ် မပြောင်းလဲနိုင်ရင် အိမ်ထောင်ဦးစီး တာဝန်မကျေပွန်သလို ဖြစ်နေတတ်ပါတယ်။ 📉⚠️

⚠️ အန္တရာယ်ရှိတဲ့ အချက်ကတော့... လုပ်ငန်းအများစုဟာ Product ကောင်းရင် ပြီးရောဆိုပြီး Marketing & Sales ကို ပစ်ထားတတ်ကြတာပါပဲ။ Marketing & Sales အားနည်းတဲ့လုပ်ငန်းဟာ အိမ်ထောင်ဦးစီးမရှိတဲ့ မိသားစုလိုမျိုး ဝင်ငွေမမှန်တာ၊ ငတ်တလှဲ့ ပြတ်တလှဲ့ဖြစ်တတ်ပြီး ပြိုင်ဘက်တွေကြား ပျောက်ကွယ်သွားတာမျိုးတွေ ကြုံရတတ်ပါတယ်။ 🛑🌪️

သင့်လုပ်ငန်းရဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ Marketing & Sales Function ကို ပိုမိုခိုင်မာတောင့်တင်းလာစေဖို့နဲ့ ဒီလကုန်မှာ အမှန်တကယ် Result ထွက်မယ့် ဗျူဟာတွေ ဆင်နိုင်ဖို့... 📊💡

"Professionals in Marketing and Sales Management" Batch_3 သင်တန်းကြီးကို ဖိတ်ခေါ်ချင်ပါတယ်။ 🎓🔥

ဒီသင်တန်းမှာ ရိုးရိုးအရောင်းအဝယ်အဆင့်ထက်ကျော်လွန်ပြီး ခေတ်သစ်စီးပွားရေး realities တွေနဲ့အညီ ဈေးကွက်ကို ဘယ်လိုသုတေသနလုပ်မလဲ၊ Brand positioning ဘယ်လိုချမလဲကအစ အရောင်းအဖွဲ့အစည်းကို KPIs တွေနဲ့ စနစ်တကျ ဘယ်လို Lead လုပ်မလဲအထိ ဘာသာရပ် (၁၆) ခုကို စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 📚✏️

⏳ သင်တန်းသားများပြားတတ်တဲ့ အတန်းဖြစ်လို့ ဒီလကုန် မဖွင့်လှစ်ခင်မှာ အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ လိုအပ်ပါမယ်။

🎯 သင်တန်းအသေးစိတ်ကို Comment သို့မဟုတ် Messenger ကနေ အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီ။ 💬 🎁 (Early Bird Discount 50% အစီအစဉ်လည်း ရှိလို့ အမြန်ဆုံး လှမ်းခဲ့ဖို့ အကြံပြုပါရစေ ခင်ဗျာ) 🏃‍♂️💨

အသေးစိတ်ကို ဒီလင့်မှာလည်း ဝင်ရောက်လေ့လာလို့ရပါတယ်ရှင့်။ 👇 🔗
https://www.facebook.com/share/p/1ChjuPAFqJ/

✨ Master Your Future
✨ ProMaster နဲ့အတူ သင့်အနာဂတ်အောင်မြင်ပါစေ.... 🤝🌟

#လုပ်ငန်းခွင်အောင်မြင်ရေး #စီးပွားရေးဗျူဟာ

Category

Telephone

Website

Address


No. 586, Dhammayone Street, Infront Of International Business Center, Near Pyay Road, Hlaing Township. Yangon
Yangon
11051

Opening Hours

Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00