Aimet MM

Aimet MM

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aimet MM, Shopping centre, Yangon.

Photos from Aimet MM's post 30/08/2025

HELLO 🤗
Aimet MM ချစ်သူ‌တို့ရေ
အခုခေတ်မှာ ဘယ်သွားသွား ဘာလုပ်လုပ် အပြင်စာလေးတွေက လွယ်ကူမြန်ဆန်ပြီး အရသာရှိတော့ အကြိုက်ဆုံး ဖြစ်နေကြပြီဟုတ် ? 😎

ဒါပေမယ့် နေ့တိုင်းလိုလို အပြင်အစားအစာတွေ ပဲ စားလာတဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ ဘာတွေ ဖြစ်လာနိုင်လဲဆိုတာ စဉ်းစားဖူးကြရဲ့လား ??🧐

ပုံလေးတွေကို အဆုံးထိ ကြည့်ပေးနော် 🥰🥰🥰
Tiktok မှာလဲ တင်ပေးထားပါတယ်နော်
👇👇👇

https://vt.tiktok.com/ZSACxQRe5/?_ia=1lbg2bjk2hyxeE

#အသင့်စား

12/08/2025

အိပ်မက် ချစ်သူတို့အတွက်
ဒီတခါမှာ ကြက်ဥ စားခြင်းရဲ့ အကျိုးကျေးဇူးများကို မျှဝေပေးတာဖြစ်ပါတယ်ရှင် .....

မင်မင်တို့ Aimet MM ရဲ့ post များကို Tiktok မှာ လည်း ဝင်ရောက် ကြည့်လို့ရနေပါပြီရှင်...❤️

https://www.tiktok.com/.mm?_t=ZS-8yoG8JrCwpr&_r=1

29/07/2025

သင်ဟာ ဒီလက္ခဏာတွေ ဖြစ်နေပြီဆိုရင်
ဆီးချိုအကြိုဖြစ်နေနိုင်တာမို့ 🧑‍⚕️🩸စစ်ဆေးကြည့်သင့်ပါတယ်...

ဆီးချိုမဖြစ်ရအောင်
✅ အချိုလျှော့စား ⛔🍬🍰🍭🍦⛔
✅ တစ်နေ့မိနစ် 30 လမ်းလျှောက် 🚶🚶🚶
✅ ဟင်းသီးဟင်းရွက်များများစား 🥬🥦

တခြားသူတွေ သိရအောင် Like and Share လေး လုပ်ပေးနော် 😘

#ဆီးချို
#ရောဂါ #ဆီးချိုအကြို #လက္ခဏာ
#သတိပြုရန်

23/07/2025

မင်္ဂလာပါရှင် 🙏🙏🙏
ဒီနေ့မှာတော့ မင်မင်က အိမ်မက်ချစ်သူတို့အတွက်

"မိဘတိုင်း သတိပြုရမယ့် သွေးလွန်တုတ်ကွေးရောဂါ၏ အန္တရာယ်ရှိတဲ့ လက္ခဏာများ" ကို မျှဝေပေးလိုက်ပါတယ်ရှင်....

မိုးရာသီလည်း ရောက်လာပြီ ..🌨️
ခြင်တွေလည်း များလာပြီဆိုတော့..🦟🦟🦟
ကလေးတွေဖျားနာတိုင်း 🤒 🤮
သွေးလွန်တုတ်ကွေးဖြစ်နိုင်ချေရှိတာကို သတိပြုသင့်ပါတယ်နော်...

တခြားမေမေတွေလည်း သိရ‌အောင် post လေးကို Share ပေးပါဦးနော် 💁


#သွေးလွန်တုတ်ကွေး
#ရောဂါ #လက္ခဏာ
#မိဘ #ကလေး #မိုးရာသီ
#သတိပြုရန်

09/07/2025

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)

(၉.၇.၂၀၂၅) ဝါဆိုလပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်
🙏🙏🙏

#ဝါဆိုလပြည့်နေ့

#ဥပုသ်နေ့ #ကုသိုလ် #ဝါတွင်း #သီလ

20/06/2025

🙏🙏🙏
ဝါတွင်းကာလ ရောက်တော့မှာဆိုတော့ သတ်သတ်လွတ်စားမယ့် သူတွေအတွက် အာဟာရပြည့်ဝစေမယ့် 💪 အစားအစာများကို ရွေးချယ်စားသုံးနိုင်စေရန် မျှဝေပေးလိုက်ပါတယ်ရှင့်....

Aimet MM ရဲ့ Tiktok account မှာလဲ ဗဟုသုတတွေကို မျှဝေပေးနေတာမို့ join and follow လုပ်ပေးပါဦးနော်🥰🥰🥰

https://vt.tiktok.com/ZSknhm3jv/

18/06/2025

Hello...
📢 မကြာခင် ဝါတွင်းကာလ ရောက်တော့မှာမို့
ဝါတွင်း(၃)လ ဥပုသ်နေ့ရက်များကို အိမ်မက် ချစ်သူတို့အတွက် တင်ပေးလိုက်ပါတယ်ရှင်💁

တခြားသူတွေ သိရှိနိုင်စေဖို့ ယခု post လေးကို share ပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါတယ်ရှင့် 🙏

#ဝါတွင်း
#ဥပုသ်နေ့
#သီလ
#ကုသိုလ်

Photos from Aimet MM's post 10/06/2025

🎀Healthy Habits for Kids🎀

ကလေးများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများ


🥰 ကလေးများ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ နေထိုင်မှုပုံစံနှင့် အလေ့အကျင့်ကောင်းများ မွေးမြူပေးရန် အရေးကြီးပါသည်။

👯အောက်ပါ အလေ့အကျင့်ကောင်းများကို ကလေးများတွင် ပျိုးထောင်ပေးခြင်းဖြင့် သူတို့၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုကို အားကောင်းစေမည်ဖြစ်ပါသည်။

၁။ အာဟာရညီညွတ်စွာ စားသုံးခြင်း
- ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ အသား၊ ငါး၊ ဥများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ စုံလင်စွာ ကျွေးပါ။
- အချိုနှင့် အငန်များသော အစားအစာများ၊ အသင့်စား မုန့်ပဲသရေစာများ လျှော့ကျွေးပါ။
- ရေများများ သောက်ခိုင်းပါ။ ဆိုဒါနှင့် အချိုရည်များ ရှောင်ကျဉ်ပါ။

၂။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်း
- တစ်နေ့လျှင် အနည်းဆုံး ၁ နာရီ ကစားခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စသည့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပါ။
- အိမ်တွင်း ကစားနည်းများ (ဥပမာ - ကြိုးခုန်ခြင်း၊ ပြေးလွှားခြင်း) ကိုလည်း အားပေးပါ။

၃။ အိပ်ချိန်မှန်ခြင်း
- ကလေးများသည် အသက်အလိုက် အိပ်စက်ချိန် လုံလောက်ရန် လိုအပ်ပါသည်။
- **အသက် ၃-၅ နှစ်** → ၁၀-၁၃ နာရီ
- **အသက် ၆-၁၂ နှစ်** → ၉-၁၂ နာရီ
- **အသက် ၁၃ နှစ်အထက်** → ၈-၁၀ နာရီ
- ညဘက် ဖုန်း၊ တီဗီကြည့်ခြင်းကို ကန့်သတ်ပါ။

၄။ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ခြင်း
- လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပါ (အထူးသဖြင့် အစာမစားမီ၊ အိမ်သာသုံးပြီးနောက်)။
- သွားတိုက်ခြင်း (တစ်နေ့ ၂ ကြိမ်) နှင့် ကိုယ်လက်သန့်ရှင်းရေးကို ဂရုပြုပါ။

၅။ စာဖတ်ခြင်းနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု
- စာအုပ်ဖတ်ခြင်း၊ ပဟေဠိဖြေခြင်း၊ အနုပညာလုပ်ခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးပါ။
- ဖုန်း၊ တက်ဘလက်အသုံးပြုချိန်ကို ကန့်သတ်ပါ။

၆။ စိတ်ချမ်းသာပျော်ရွှင်စေမည့် အလေ့အကျင့်များ**
- မိသားစုနှင့် အချိန်ဖြုန်းခြင်း၊ သူငယ်ချင်းများနှင့် ဆော့ကစားခြင်းဖြင့် စိတ်ဖိစီးမှု လျှော့ချပါ။
- ကျေးဇူးတင်စကား ပြောတတ်စေခြင်း၊ အပြုသဘောဆောင်သော အတွေးများ ထားတတ်စေခြင်းဖြင့် စိတ်ကျန်းမာရေး ကောင်းမွန်စေပါသည်။

ဒီအလေ့အထလေးတွေကို နေ့စဉ်ဘဝမှာ လုပ်ဆောင်မယ်ဆိုရင် ကလေးတွေ ကျန်းမာပျော်ရွှင်ပြီး အောင်မြင်တဲ့ဘဝကို တည်ဆောက်နိုင်မှာပါ။ 🥰🥰🥰

“ကောင်းမွန်သော အလေ့အကျင့်နဲ့မှ ကျန်းမာပျော်ရွှင်သော ကလေးဘဝ”

Category

Website

Address


Yangon

Opening Hours

Monday 17:00 - 09:00
Tuesday 17:00 - 09:00
Wednesday 17:00 - 09:00
Thursday 17:00 - 09:00
Friday 17:00 - 09:00
Saturday 17:00 - 09:00

Alerts

Be the first to know and let us send you an email when Aimet MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.