Learning English with me
Everything you want to know is here! �
18/02/2025
ဆရာဗေဒါ - G12 Essay & Letter စာအုပ်လေးက
၂၇.၂.၂၀၂၅ ရက်နေ့မှာ ထွက်ပါမယ်ရှင့်..
တစ်အုပ် = 7000 Ks
ကြိုတင်အမှာများ လက်ခံနေပါပြီ 💕
09269433200
18/02/2025
17/04/2024
Learn English with me 🥰
16/04/2024
Verb to be + about to +Vo က ဘာသာပြန်ရင် (တော့မလို့)လို့ဘာသာပြန်ရပါတယ်။
သူကတစ်ခုခုလုပ်မှာ/ဖြစ်မှာ / အရမ်းသေချာနေပြီးအရမ်းနီးကပ်တဲ့အခါမျိုးတွေမှာအသုံးပြုပါတယ်။
♂️For Example ⚫I'm about to you this.ငါဒီဟာကို မင်းကိုပြောတော့မလို့။
⚫she is about to leave. သူမထွက်သွားတော့မလို့။
🟣 I am about to kill him.သူ့ကိုသတ်တော့မလို့။
🟤I am about to tell you the truth.ငါမင်းကိုအမှန်ပြောတော့မလို့။
👉ရလို့ရှိရင် ဒါလေးတွေပြန်စီသွားကြနော်👇
🟦to Yangon/about/are/to/we/go/tomorrow
🟦 propose/to/I/about/am/her/right now
Good morning 🌄
Belong to နှင့် belong with ဘာကွာလဲ?🤔
⬛Belong withကတော့ တစ်စုံတစ်ရာက(ပစ္စည်းလည်းဖြစ်နိုင်တယ်) တစ်စုံတစ်ခု နဲ့လိုင်ဖက်တာမျိုးကိုဖော်ပြတဲ့အခါအသုံးပြုပါတယ်။
💁For Example; You belong with me.🥰
မင်းက ငါနဲ့ လိုက်ဖက်တယ် (သို့)ငါနဲ့သင့်တော်တယ်။
💁 This suit belongs with you
ဒီအ၀တ်စားက မင်းနဲ့လိုက်တယ်။
💁She belongs with him.
သူမက သူနဲ့လိုက်ဖက်တယ်။
🟦Belong toကတော့ တစ်စုံတစ်ရာ/တစ်စုံတစ်ခုကို ပိုင်ဆိုင်ကြောင်းပြောချင်တဲ့အခါမှာတော့ ဒီဟာကိုအသုံးပြုပါတယ်👍
💁For Example; This book belongs to me.
ဒီစာအုပ်ကို ငါပိုင်တယ်။
💁You belong to me.
မင်းကို ငါပိုင်တယ်။
💁this love belongs to you.
ဒီအချစ်ကို မင်းပိုင်တယ်။
🌛🌛 အာလုံးပဲ good night par 😊🥰😘
15/04/2024
Starving နှင့် hungry ဘာကွာလဲ?🤔
Starving ကတော့ ဗိုက်အရမ်းဆာတဲ့အခါအမျိုး ပြောရရင် ဘာမှ မစားရသေးလို့ ဗိုက်အရမ်းဆာလောင်ငတ်မွတ်နေရင် အတာက starving ကို အသုံးပြုပါတယ်။
🧑🦳I am very starving right now because I didn't eat anything in the morning 😔🌄 တစ်မနက်လုံးမစားရသေးလို့ အရမ်းဆာလောင်နေလို့ starving ကိုအသုံးပြုရပါတယ်။
hungry ကတော့ ပုံမှန် ဗိုက်ဆာလာစေတဲ့ ခံစားချက်တစ်ခုကို ဖော်ပြချင်ရင်အသုံးပြုပါတယ်။မနက်စာစားထားပေးမယ့် နောက်တစ်ခါဗိုက်ဆာလာတာမျိုးပေါ့ အဲ့ဒီ့အခါ hungry ကိုအသုံးပြုပါတယ်။
🧑🦳I am now hungry again 😋 even though I have had my breakfast 🥞.
Article a/an/the အပိုင်း(၁);
Article a/an/ က ကျွန်တော်တို့တွေ English စာလေ့လာတဲ့အခါ သူတို့က တစ်ကယ်ကို အခက်ဖြစ်စေပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့တွေက အတာတွေကို သေချာလေ့လာဖို့လိုအပ်ပါတယ်။
a နှင့် an ကတော့ ကျွန်တော်တို့တွေ Noun တစ်ခုကို ညွှန်းတဲ့အခါ အဲ့ဒီ့ညွှန်းလိုက်တဲ့Nounက သိပ်ပြီးတော့မသေချာဘူး မတိကျဘူးဆိုရင်တော့ ကျွန်တော်တို့က a နှင့် an ကိုအသုံးပြုပါတယ်။
Example(1);I had a sandwich 🥪 and an apple for lunch 🤤
ဒီဝါကျမှာဆိုရင် သူက သူ့ရဲ့နေ့လည်စာကို sandwich တစ်ခုနဲ့ ပန်းသီးတစ်လုံးကို စားခဲ့တယ်လို့ အဓိပ္ပာယ်ရပါတယ်။ဒီတော့ a sandwich ဆိုတာက သူက sandwich 🥪တွေအများကြီးရှိတယ်အဲ့ဒီအထဲက တစ်ခု ပြီးတော့ an apple ပန်းသီးတစ်လုံး ပန်းသီးတွေအများကြီးရှိတယ် အဲ့ဒီထဲက ပန်းသီးတစ်လုံးကို ပြောတာ အတာကြောင့်မတိကျပါဘူး။ အတာကြောင့် ကျွန်တော်တို့က a နှင့် an ကို အသုံးပြုရတာဖြစ်ပါတယ်။
Example(2); John sat down on a chair.
Jhon က ကုလားထိုင်တစ်လုံးအပေါ်ထိုင်လိုက်တယ်။
အဲ့ဒီတော့ a chair ဆိုတာက John ရဲ့ဘေးမှာ တစ်ခြားသော ကုလားထိုင်တွေရှိနေနိုင်သေးတယ်။ပြောရရင်တော့ ကုလားထိုင်တွေ အများကြီးထဲကမှ တစ်ခုပေါ့ အတာကြောင့် on a chair လို့ သုံးလိုက်တာပါ။
Example(3); I plucked a flower 🌺 in the garden 🏡.
ဒီဝါကျမှာလည်း a flower လို့ရေးထားတာက
ဉယျာဉ်ထဲမှာရှိတဲ့ ပန်းတွေအများကြီးရှိတယ် အဲ့ဒီထဲကမှ ပန်းတစ်ပွင့်ကို ကျွန်တော် ခူးလိုက်တာ(ခူးလိုက်တာကဘယ်ပန်းမဆိုဖြစ်နိုင်တယ်) အတာကြောင့် a flower လို့ ရေးရပါတယ်။
Article the ကို ကျွန်တော်တို့တွေ Noun တစ်ခုကို ရည်ညွှန်းတဲ့အခါ အဲ့ဒီ့ ညွှန်းလိုက်တဲ့ Noun က တစ်ခုပဲရှိတယ် /သေချာတယ် /တိကျနေ သော အခါမျိုးတွင် ကျွန်တော်တို့က the ကို အသုံးပြုရပါမည်။
Example(1);I plucked the flower 🌼 in the garden 🏡
ဒီဝါကျမှာတော့သူ့ရဲ့ အဓိပ္ပာယ်က ကျွန်တော်သည် ဉယျာဉ်ထဲမှာရှိတဲ့ ပန်းကိုခူးလိုက်ပါတယ်။ဒီတော့ ဝါကျမှာ the flower လို့ပြောထားတဲ့အတွက် အဲ့ဒီ့ဉယျာဉ်ထဲမှာက ပန်းက အဲ့ဒီ့တစ်ပွင့်ထဲ ရှိတာပဲ ဖြစ်နိုင်တယ် အတာကြောင့် the ကိုအသုံးပြုတာပါ။
Example(2); John sat down on the chair 🪑 in the house 🏠
ဒီဝါကျမှာတော့ John က အိမ်ထဲမှာရှိတဲ့ ကုလားထိုင်ပေါ်မှာ ထိုင်ခဲ့တယ် လို့ အဓိပ္ပာယ်ရပါတယ်။ဒီတော့ဝါကျမှာ the chair 🪑လို့ပြောတဲ့အတွက် အိမ်ထဲမှာက အဲ့တစ်ခုံပဲရှိတာ ပြီးတော့ အဲ့ ဒီ့ခုံပေါ်မှာ ထိုင်နေတာ (a specific chair) တိကျသော ကုလာထိုင်လည်းဖြစ်တဲ့အတွက် the ကိုအသုံးပြုရခြင်းဖြစ်ပါတယ်။
Example(3); Can I open a window 🪟 ?
သူ့ရဲ့အဓိပ္ပာယ်ကတော့ ကျွန်တော် ပြတင်းပေါက်တစ်ပေါက်ဖွင့်လိုက်ရမလား ဖြစ်ပါတယ်။ဒီတော့ ဝါကျမှာ a window လို့ သုံးထားတဲ့အတွက် ပြတင်းပေါက်တွေအများကြီးရှိတယ် အဲ့ဒီထဲကမှ ပြတင်းပေါက်တစ်ပေါက်ကို ဖွင့်လိုက်ရမလားလို့မေးတာ ဖြစ်တဲ့အတွက် မတိကျပါဘူး အဲ့ဒါကြောင့် a window 🪟လို့သုံးထားတာဖြစ်ပါတယ်။
အကယ်၍ Can I open the window 🪟?လို့မေးရင်တော့ အခန်းထဲမှာက ပြတင်းပေါက်အများကြီးမရှိဘူးပြတင်းပေါက်က တစ်ပေါက်ပဲရှိတယ်။အဲ့ဒီ့ရှိတဲ့ ပြတင်ပေါက်ကိုပဲ ဖွင့်လိုက်ရမလားမေးတာ ပြီးတော့( specific)တိကျတဲ့အတွက်ကြောင့် the window 🪟လို့သုံးထားတာဖြစ်ပါတယ်။
အနှစ်ချုပ်မှတ်ရန်
ကျွန်တော်တို့က ယေဘုယျ nounတွေနဲ့ သာမည Nounတွေကို ပြောတဲ့အခါမှာ a / an ကိုအသုံးပြုပါတယ် ။
For example;I eat an apple 🍎.
I have a book 📖.
she has a boyfriend .
ကျွန်တော်တို့က သေချာတဲ့/တိကျတဲ့ Nounတွေကိုပြောတဲ့အခါမှာတော့ theအသုံးပြုပါတယ်။
For example;Can you turn off the light 🚨?
the light ဆိုတာကတော့ ကို့မျက်စိရှေ့မှာမြင်နေရတာ အခန်းထဲမှာရှိတဲ့ မီးအလင်းရောင်းကို ပြောတဲ့အတွက် the light ကိုအသုံးပြုရပါတယ်။
I am starting at the ceiling 👁️အဓိပ္ပာယ်ကတော့ ငါ မျက်နှာကြက်ကို စိုက်ကြည့်နေတယ် ပဲ ဖြစ်ပါတယ်။
the ceiling ဆိုတာမျက်နှာကြက် ဖြစ်တယ် အဲ့ဒီတော့ အခန်းထဲမှာက မျက်နှာကြက်က တစ်ခုပဲရှိဝာာဖြစ်တဲ့အတွက် the ceiling လို့ အသုံးပြုရတာဖြစ်ပါတယ်။
I would like to speak to the manager, please 🥺.အဓိပ္ပာယ်ကတော့ ကျွန်တော် မန်နေဂျာ ကိုစကား ပြောချင်တယ်။ ဒီတော့ the manager လို့ပြော တဲ့အတွက် ဒီဆိုင်ထဲမှာရှိနေတဲ့ မန်နေဂျာ ကို သာပြောတာ ပြီးတော့ မန်နေဂျာက လည်း တစ်ယောက်ထဲသာရှိနေတာ။အတကြောင့်တိကျတဲ့ the ကို အသုံးပြုလိုက်တာပါ။
မှတ်ရန်
the light/ the ceiling/the door/the carpet/the station 🚉/the bank/the post office 🏤ဒါတွေကိုပုံမှန်အားဖြင့် the နှင့်အသုံးပြုတာများပါတယ်။
Category
Website
Address
Near By Pin Lon Market, Bo Aung Kyaw Road
Yangon
Alerts
Be the first to know and let us send you an email when Learning English with me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.