Max Hotels Group
Max Hotels Group was established since 2002 as a hotel division for Max Myanmar Holding Co.,Ltd.
30/09/2026
🏆 A Proud Moment. A Promise to Serve Better...
Novotel Yangon Max, one of the three hotels under Max Hotels Group, is proud to receive the Third Prize for Best Performance Award 2026 in the Myanmar Citizen Investment Hotels category at the World Tourism Day 2026 celebration.
Great service is not built in a single day. It comes from the daily dedication, attention to detail, passion, and teamwork behind every guest experience. This recognition is a meaningful milestone that reflects the collective efforts of the entire Novotel Yangon Max team and our commitment to delivering warm hospitality and memorable experiences to every guest.
As part of the celebration, our Culinary Team also proudly showcased their culinary creations, representing the hospitality and culinary excellence that Novotel Yangon Max strives to deliver every day. 👨🍳✨
This achievement is more than an award - it is a reminder of what we can accomplish together and an inspiration to keep raising our service standards.
✨ We celebrate this achievement today. We promise to do even better tomorrow.
A heartfelt thank you to our guests, partners, and every member of the Novotel Yangon Max team for being part of this journey.
One Team. One Passion. One Proud Achievement.💙
Novotel Yangon Max - Proud to Serve. Proud to Be Recognised.
29/07/2026
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော ဝါဆိုလပြည့်နေ့ အခါသမယမှာ …
ချစ်ခင်ရပါသော ဧည့်သည်တော်များ ရောက်ရှိရာနေရာတိုင်းမှာ အေးချမ်းသာယာမှုတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း၊ ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ ကောင်းမှုကုသိုလ်များ ပွားများနိုင်ကြပါစေကြောင်း Max Hotels Group မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#ဝါဆိုလပြည့်နေ့
19/07/2026
(၇၉) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား "Max Hotels Group" မှ အောက်မေ့သတိရလျက် ဦးညွတ်ဂါရဝပြုအပ်ပါသည်။
04/07/2026
Celebrating 20 Years of Hospitality Excellence at Hotel Max, Nay Pyi Taw 🌟
We are incredibly proud to mark the 20th anniversary of Hotel Max, NPT, a distinguished member of the Max Hotels Group.
Reaching this remarkable two-decade milestone is a testament to the loyalty of our valued guests and the unwavering dedication of our team members, who consistently strive to deliver exceptional service.
To celebrate this momentous occasion, the Max Hotel, NPT family came together with over 200 employees to honor our shared culture and success. A highlight of the celebration was recognizing our long-serving team members who have dedicated 10, 15, and 20 more years of lifelong service to the hotel. The entire event was also filled with joy and laughter, especially during our exciting lucky draw programs where we celebrated our lucky winners and the collective achievements of our staff.
As we look to the future, Max Hotels Group remains fully committed to bringing the very best service and hospitality to our valued customers. Thank you for being a part of our journey.
Here’s to many more years of creating unforgettable experiences together! 🥂 🎉 🥳
03/07/2026
AYA Scholarship (ဧရာ ပညာသင်ဆု) အစီအစဉ်အတွက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ချီးမြှင့်မည်
ဧရာဝတီဖောင်ဒေးရှင်းသည် ၂၀၂၅–၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် မိမိတို့၏ ရည်မှန်းထားသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်ပညာများကို စိတ်အေးချမ်းသာစွာ ဆက်လက်သင်ယူနိုင်စေရန်နှင့် အနာဂတ်မြန်မာနိုင်ငံအတွက် ပညာရည်ထူးချွန်ပြီး လူမှုအကျိုးပြုစိတ်ဓာတ်ရှိသော လူငယ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ AYA Scholarship အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။
ယခုပညာသင်နှစ်တွင်လည်း ဧရာဝတီဖောင်ဒေးရှင်းမှ သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးအား ရွေးချယ်၍ တက္ကသိုလ်ကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံးအတွက် ပညာသင်စရိတ်အဖြစ် လစဉ် (၃) သိန်းကျပ် နှင့်အတူ သင်ထောက်ကူပစ္စည်းများအတွက် ထောက်ပံ့ကြေး နှစ်စဉ် (၅) သိန်းကျပ်ကို ထောက်ပံ့ချီးမြှင့်သွားမည် ဖြစ်ပါသည်။
ဧရာဝတီဖောင်ဒေးရှင်းသည် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်း အဆောက်အအုံများ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း၊ ပညာသင်စရိတ်များနှင့် ဧရာပညာသင်ဆု များ ထောက်ပံ့ပေးခြင်း အပါအဝင် ပညာရေးဆိုင်ရာ အထောက်အပံ့အစီအစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
AYA Scholarship (ဧရာပညာသင်ဆု) ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောက်ဖော်ပြပါ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်။
- ပညာသင်စရိတ် ထောက်ပံ့ကြေး လစဉ် (၃) သိန်းကျပ်
- သင်ထောက်ကူပစ္စည်းများအတွက် ထောက်ပံ့ကြေး နှစ်စဉ် (၅) သိန်းကျပ်
လျှောက်ထားရန် အရည်အချင်းသတ်မှတ်ချက်များ
- မြန်မာနိုင်ငံသား ဖြစ်ရမည်။
- ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူ ဖြစ်ရမည်။
- သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းတွင် တက်ရောက်ခွင့် ရရှိထားသူ ဖြစ်ရမည်။
- ပညာရေးတွင် ထူးချွန်ပြီး သင်ယူလိုစိတ်၊ ကြိုးစားအားထုတ်မှုနှင့် ခေါင်းဆောင်မှုအလားအလာ ရှိသူ ဖြစ်ရမည်။
- ပညာရေးကို ဆက်လက်သင်ယူလိုပြီး အမှန်တကယ် ပညာသင်ထောက်ပံ့ကြေးလိုအပ်သော ကျောင်းသား ကျောင်းသူများအား ဦးစားပေးရွေးချယ်သွားမည် ဖြစ်ပါသည်။
လျှောက်ထားနိုင်မည့် တက္ကသိုလ်များ
- ဆေးတက္ကသိုလ်များ
- နည်းပညာတက္ကသိုလ်များ
- စီးပွါးရေးတက္ကသိုလ်များ
- ကွန်ပျူတာတက္ကသိုလ်များ
- စိုက်ပျိုးရေးတက္ကသိုလ်များ
လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ
- Scholarship လျှောက်လွှာ
- ကိုယ်တိုင်ရေးသားထားသော ပညာသင်ဆု လျှောက်ထားရခြင်း အကြောင်းအရင်းဖော်ပြစာ
- တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် (သို့) အမှတ်စာရင်း
- အမျိုးသားမှတ်ပုံတင်ကတ် မိတ္တူ
- အိမ်ထောင်စုစာရင်း မိတ္တူ
- တက္ကသိုလ်ဝင်ခွင့် အထောက်အထား
- ပညာသင်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း သက်ဆိုင်ရာ ကျောင်း နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များ
လျှောက်ထားရမည့် နည်းလမ်း
- သတ်မှတ်ထားသော Scholarship လျှောက်လွှာပုံစံကို ပြည့်စုံစွာ ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာတွင်ပါဝင်သော ဧရာဝတီဖောင်ဒေးရှင်း ရုံးခန်းလိပ်စာသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာဖောင်ရယူရန် https://www.ayeyarwadyfoundation.org/AYA_Scholarship.pdf
လျှောက်လွှာများကို အောက်တိုဘာလ (၃၁) ရက် ၊ ၂၀၂၆ မတိုင်ခင်ထိ ပေးပို့လျှောက်ထားနိုင်ပါသည်။
24/06/2026
Job Opening at Max Hotels Group!
We are looking for talented individuals to join our team. Interested applicants, please send your resume to:
📧 [email protected]
21/05/2026
“Your perfect event, your perfect stay.”
Hotel Max, Nay Pyi Taw မှာ ကိုယ်စိတ်ကြိုက် Wedding, Meeting, Event တွေကို elegant setup နဲ့ ကျင်းပပြီး stay experience ကိုတော့ MGallery NPT by Sofitel မှာ luxury comfort နဲ့ အနားယူကြမယ်။
🎊Hotel Max,NPT ရဲ့ ခေတ်မီကျယ်ဝန်းတဲ့ Function Hall, Meeting Room တွေမှာ သင့်ရဲ့ Wedding, Meeting နဲ့ Private Event တွေကို ခမ်းနားစွာ ကျင်းပပြီး …
🥂ပွဲပြီးတဲ့အခါမှာ MGallery NPT by Sofitel ရဲ့ 5 Star ဝန်ဆောင်မှုတွေနဲ့အတူ Premium ဆန်ဆန်နဲ့ အပြည့်အဝ အနားယူလိုက်ပါ။
Meeting တွေ၊ အိမ်မက်ထဲက Wedding ပွဲလေးအတွက် “Perfect Event & Perfect Stay” ဖြစ်စေဖို့ Max Hotels Group က တာဝန်ယူပါရစေ။
💌Your Perfect Event, Your Perfect Stay!
Services include:
💍 Dream Wedding
💼 Professional Corporate Meetings
🎉 Private Events & Celebrations
📌 P.S. Wedding Package နှင့် Meeting Package အတွက်သာ Special Stay Experience ကို ခံစားနိုင်ပါသည်။
Bookings: 09 761 555 564
01/05/2026
🌟မေလ (၁) ရက်နေ့မှာ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ကမ္ဘာတစ်ဝန်းက လုပ်သားပြည်သူအပေါင်းကို လေးစားစွာ ဂုဏ်ပြုလိုက်ပါတယ်။
🤗နယ်ပယ်အသီးသီးက ကာယ၊ဉာဏ အလုပ်သမားများအားလုံး စိတ်နှလုံး ရွှင်လန်းကျန်းမာပြီး ဘေးဘယာဝေးကွာကြပါစေကြောင်း Max Hotels Group မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
30/04/2026
ဒီနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ဗုဒ္ဓနေ့မှာ ညောင်ရေသွန်းရင်း ကုသိုလ်တရားတွေ ပွားများနိုင်ကြပါစေ။
မြန်မာပြည်သူပြည်သားအားလုံးလည်း ဘေးအန္တရာယ်ကင်းကင်းနဲ့ အေးအေးချမ်းချမ်း ရှိကြပါစေကြောင်း Max Hotels Groupမှ ဆုမွန်ကောင်းတောင်းပါတယ်။
#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့
🎉 Hotel Max, Nay Pyi Taw မှာ Function Hall (5) ခန်းအထိ ရှိပြီး အခန်းတိုင်း ကျယ်ဝန်းခမ်းနားတာကြောင့် ပွဲလမ်းသဘင် ပြင်ဆင်ဖို့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။
💎အာဆီယံ အစိမ်းရောင်ဟိုတယ်ဆုနှင့် အာဆီယံ MICE Venue (Event) ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ Hotel Max, Nay Pyi Taw ရဲ့ Kumudra Room နဲ့ တခြား Room တွေရဲ့ပုံရိပ်ကို Video ကနေတစ်ဆင့် ရှုစားနိုင်ပါတယ်။
လူကြီးမင်းတို့ရဲ့လုပ်ငန်းတွေ၊ အခမ်းအနားပွဲတွေနဲ့ အမှတ်တရနေ့ရက်တွေအတွက် Hotel Max, Nay Pyi Taw မှာ ခုပဲ booking တင်လိုက်တော့နော်…
📍 Address - No. 9, Yarza Thingaha Road, Hotel Zone (1),Dekkhina Thiri Township, Nay Pyi Taw.
𝐅𝐨𝐫 𝐞𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬, 𝐩𝐥𝐞𝐚𝐬𝐞 𝐜𝐨𝐧𝐭𝐚𝐜𝐭 :
☎️ 𝟎𝟗𝟗𝟕𝟕𝟕𝟑𝟕𝟗𝟗𝟗
☎️ 𝟎𝟗𝟒𝟐𝟓𝟕𝟓𝟑𝟕𝟑𝟎
Contact the hotel
Telephone
Website
Address
Hotel Novotel Yangon Max , Room No. (205), 2nd Floor
Yangon
11041
Alerts
Be the first to know and let us send you an email when Max Hotels Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.