YIE 2001 Intake
For YIE, For 2001
26/07/2026
🤲❤️ Kind Hands, Warm Hearts ❤️🤲
YIE 2001 Intake ၏ လစဉ် အဟာရဒါန အလှူတော် ကို ယနေ့ (၂၅.၇.၂၀၂၆) တွင် သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာ ကျင်းပလှူဒါန်းနိုင်ခဲ့ပါသည်။
ယခုအကြိမ်တွင် လူနာနှင့် လူနာစောင့် စုစုပေါင်း (၁၈၀) ဦးအတွက် အဟာရဒါနများကို မေတ္တာ၊ စေတနာအပြည့်ဖြင့် လှူဒါန်းခဲ့ပါသည်။
ဤကုသိုလ်ကောင်းမှုတွင် အချိန်ပေး၍ ကိုယ်တိုင်ပါဝင်အားဖြည့်ခဲ့ကြသော သူငယ်ချင်းများ၊ အလှူငွေများဖြင့် ပါဝင်ကုသိုလ်ယူခဲ့ကြသော စေတနာရှင်များနှင့် နည်းမျိုးစုံဖြင့် ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအား YIE 2001 Intake မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
“တစ်ယောက်ချင်းစီ၏ စေတနာသည် အများအတွက် မျှော်လင့်ချက်ဖြစ်လာနိုင်ပါသည်။”
ရှေ့ဆက်၍လည်း Kind Hands, Warm Hearts အစီအစဉ်မှတစ်ဆင့် လစဉ် အဟာရဒါနများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပြီး၊ စေတနာရှင်များအားလုံးကိုလည်း အတူတကွ ပါဝင်ကုသိုလ်ယူနိုင်ရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
🙏 အလှူရှင်များအားလုံး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။
YIE 2001 Intake
Kind Hands, Warm Hearts ❤️
23/07/2026
🤲❤️ Kind Hands, Warm Hearts ❤️🤲
YIE 2001 Intake ၏ လစဉ် အဟာရဒါန အလှူတော် အစီအစဉ်ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
📅 နေ့ရက် – ၂၅.၇.၂၀၂၆ (စနေနေ့)
🕙 အချိန် – နံနက် ၁၀:၀၀ နာရီ
📍 နေရာ – သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီး
ယခုအကြိမ်တွင် လူနာနှင့် အဖော်စုစုပေါင်း (၁၈၀) ဦးအတွက် အဟာရဒါန လှူဒါန်းသွားမည်ဖြစ်ပါသည်။
စေတနာရှင် သူငယ်ချင်းများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းလိုပါက နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
တစ်ဦးတစ်ယောက်၏ မျှဝေမှုလေးသည် အခြားသူတစ်ဦး၏ မျှော်လင့်ချက်ဖြစ်လာနိုင်ပါသည်။
အတူတကွ ပါဝင်ကုသိုလ်ယူကြပါစို့။
🙏 YIE 2001 Intake
Kind Hands, Warm Hearts
26/06/2026
🤲❤️ Kind Hands Warm Hearts ❤️🤲
YIE 2001 Intake – လစဉ် အဟာရဒါန အလှူအစီအစဉ်
ကြင်နာသောလက်များက မျှဝေလိုက်သော စေတနာသည် နွေးထွေးသော နှလုံးသားများကို ဖန်တီးပေးနိုင်ပါသည်။
Kind Hands Warm Hearts အစီစဉ်ဖြင့် ယခုလအတွက် YIE 2001 Intake အဟာရဒါနအလှူကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။
📍 နေရာ – ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီး
📅 နေ့ရက် – ၂၈.၆.၂၀၂၆ (တနင်္ဂနွေနေ့)
🕑 အချိန် – မွန်းလွဲ ၂:၀၀ နာရီ
🍱 လှူဒါန်းမည့်အရေအတွက် – လူ (၁၀၀) အတွက်
🙏 ကိုယ်တိုင်လာရောက်၍ ကုသိုလ်ယူလိုသော YIE 2001 Intake သူငယ်ချင်းများအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
💙 လစဉ် အဟာရဒါနအလှူတွင် ပါဝင်ကုသိုလ်ယူလိုသူများအနေဖြင့် Page Messenger မှတစ်ဆင့် ဆက်သွယ်၍လည်း ပါဝင်လှူဒါန်းနိုင်ပါသည်။
လက်တစ်စုံ၏ စေတနာက နှလုံးသားပေါင်းများစွာကို နွေးထွေးစေပါသည်။
#အဟာရဒါန
23/06/2026
📚💙 Kind Hands Warm Hearts – YIE 2001 Intake 💙📚
၂၀၂၆ ခုနှစ် ၊ ဇွန်လ (၁၈) ရက်နေ့တွင် YIE 2001 Intake မှ သူငယ်ချင်းများ၏
Kind Hands Warm Hearts အစီအစဉ်ဖြင့်
ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ် ၊ ကန်သာယာကျေးရွာရှိ
အခြေခံပညာမူလတန်းလွန်ကျောင်း သို့ သွားရောက်၍ ပညာဒါနပြုလုပ်ခဲ့ပါသည်။
အဆိုပါကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ (၂၀၁) ဦး အတွက်
✏️ စာအုပ်များ
✏️ ခဲတံများ
✏️ ဘောပင်များ
✏️ ကွန်ပါဘူးများ
✏️ ကျောင်းသုံးပစ္စည်းများ
🍰 ကိတ်မုန့်များနှင့်
🥤 ရေခဲမုန့်
ကို ပေးအပ်လှူဒါန်းခဲ့ပြီး ၊
ကျောင်း၏ လိုအပ်သောကဏ္ဍများတွင် အသုံးပြုနိုင်ရန်အတွက်
အလှူငွေ ကျပ် (၄၀၀,၀၀ဝိ/-) ကိုလည်း လှူဒါန်းပေးအပ်ခဲ့ပါသည်။
မိမိတို့၏ စေတနာ ၊ မေတ္တာများဖြင့် ပူးပေါင်းပါဝင်လှူဒါန်းပေးခဲ့ကြသော
YIE 2001 Intake မှ သူငယ်ချင်းတစ်ဦးချင်းစီအား
အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ထို့အပြင် အချိန်ပေး၍ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလှူဒါန်းပေးခဲ့ကြသော
သူငယ်ချင်းများအားလည်း အထူးကျေးဇူးတင်ရှိပါသည်။
🤝 “ Kind Hands Warm Hearts ”💗 အစီအစဉ်များကို
ရှေ့ဆက်၍လည်း အကျိုးရှိသော လူမှုအကျိုးပြုလုပ်ငန်းများအဖြစ်
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ
YIE 2001 Intake မှ သူငယ်ချင်းများအားလုံး
ယခုကဲ့သို့ စည်းလုံးညီညွတ်စွာ ပါဝင်ပံ့ပိုးပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
#ပညာဒါန
16/06/2026
YIE 2001 Intake က သူငယ်ချင်းများ ရဲ့
ပူပေါင်းပါဝင်လှူဒါန်းမှု ၊
Kind Hearts Warm Hands အစီအစဉ်ဖြင့်
စာအုပ် ၊ ခဲတံ ၊ ဘောပင် ၊ ကွန်ပါဘူး ၊ ကျောင်းသုံးပစ္စည်း နှင့် မုန့် များကို
ဇွန်လ ၊ ၁၈ ၊ ၂၀၂၆ ခုနှစ် တွင်
ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ် ၊ ကန်သာယာကျေးရွာ ရှိ
အခြေခံပညာမူလတန်းလွန်ကျောင်း ၌
တက်ရောက် ပညာသင်ကြားနေကြသော
ကျောင်းသား ၊ ကျောင်းသူ ( ၂၀၁ )ဦး ကို
ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် ။
YIE 2001 Intake မှ သူငယ်ချင်းများ အနေဖြင့်
အချိန်အားလပ်ပါက လိုက်ပါ၍ လှူဒါန်းပေးကြပါရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည် ။
ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှူဒါန်းလိုသော
သူငယ်ချင်းများအနေဖြင့် မိမိအစီအစဉ်ဖြင့်
၁၈ ၊ ၆ ၊ ၂၀၂၆ ရက် ကြာသပတေးနေ့
နံနက် ၀၉း၀၀ နာရီ တွင်
ထောက်ကြန့် လမ်းဆုံအနီး DAEWOO Showroom ရှေ့သို့
လာရောက်၍ ပါဝင်နိုင်ပါသည် ။
( Google Map Link ထည့်ပေးထားပါသည် )
ကိုယ်တိုင်လိုက်ပါလှူဒါန်းလိုသော်လည်း ယာဉ်အခက်အခဲရှိပါက
၁၇ ၊ ၆ ၊ ၂၀၂၆ ရက်နေ့ ၁၂း၀၀ နာရီ နောက်ဆုံးထား၍
Page Messenger သို့ ဆက်သွယ်ပေးပါရန် ပန်ကြားအပ်ပါသည် ။
06/06/2026
📚 YIE 2001 Intake သူငယ်ချင်းများ၏ အလှူအစီအစဉ် 📚
ငယ်ရွယ်စဉ် ပညာသင်ကြားနေကြသော သားသား ၊ မီးမီးများ၏ ပညာရေးခရီးလမ်းကို အားဖြည့်ပံ့ပိုးပေးနိုင်ရန်အတွက် YIE 2001 Intake သူငယ်ချင်းများ မှ စုပေါင်း၍ ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မူလတန်းလွန်ကျောင်း တစ်ကျောင်းသို့ ကျောင်းသား ၊ ကျောင်းသူ (၂၀၀) ခန့်အတွက် လိုအပ်သော စာရေးကိရိယာများ ၊ သင်ထောက်ကူပစ္စည်းများ ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည် ။
🙏 အလှူကုသိုလ်မြတ်တွင် YIE 2001 Intake သူငယ်ချင်းများအားလုံး ပါဝင်လှူဒါန်းနိုင်ကြစေရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည် ။
🚐 လှူဒါန်းသည့်နေ့တွင် ကျောင်းသို့ ကိုယ်တိုင်လိုက်ပါ၍ ကလေးများ နှင့်အတူ ပျော်ရွှင်ဖွယ်အမှတ်တရများ ဖန်တီးနိုင်ရန်အတွက်လည်း ကြိုဆိုဖိတ်ခေါ်အပ်ပါသည် ။
💝 လှူဒါန်းမှုတွင် ပါဝင်လိုပါက အောက်ပါ အလှူခံတာဝန်ရှိသူများထံ ဆက်သွယ်နိုင်ပါသည်။
📞 ကိုစိန်ဝင်း 09953002289
📞 မမို့မို့ဖူး 09952190112
📩 Messenger မှတဆင့်လည်း ပါဝင်လှူဒါန်းနိုင်ပါသည်။
“ကလေးတစ်ယောက်၏ ပညာရေးကို အားပေးခြင်းသည် အနာဂတ်တစ်ခုကို တည်ဆောက်ပေးခြင်းဖြစ်ပါသည်”
#ကုသိုလ်မျှဝေကြပါစို့ 🙏📚✨
24/05/2026
မြန်မာနိုင်ငံ စီးပွားရေးတက္ကသိုလ် ဘွဲ့ရများအသင်း MEGA အသင်းကြီးမှ နာယကများ ၊ ဥက္ကဌများ ၊ ဗဟိုအလုပ်မှုဆောင်များ ၊ အမှုဆောင်များ ၏ 23.5.26 ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲသို့ YIE 2001 Intake အနေဖြင့်တက်ရောက်ခဲ့ပါသည်။
MEGA အသင်းကြီး၏ နောက်ခံသမိုင်းများ၊ လက်ရှိဆောင်ရွက်နေမှုများ၊ ရှေ့လုပ်ငန်းစဉ်များကို လေ့လာခွင့်သင်ယူခွင့်ရခဲ့ပါသည် ။
တက်ရောက်ရန်ဖိတ်ကြားပေးပါသော MEGA အသင်းကြီးမှ
တာဝန်ရှိသူများကိုအထူးကျေးဇူးတင်ရှိပါသည် ။
23/05/2026
၁၇ ၊ မေလ ၊ ၂၀၂၆ ရက်နေ့
မင်းရဲကျော်စွာလမ်း ၊ လမ်းမတော်မြို့နယ် က ကုတင် ( ၅၀၀ ) အစိုးရဆေးရုံကြီးမှာ
လှူဒါန်းခဲ့တဲ့ YIE 2001 Intake ရဲ့ အဟာရဒါန အလှူတော်ကို
သူငယ်ချင်းများ အားလုံး ဝမ်းသာပီတိဖြစ်စေဖို့
တင်ပြပေးလိုက်ပါတယ် ။😍
နောင်လာမည့် အဟာရဒါန အလှူတွေမှာလည်း
သူငယ်ချင်းများအားလုံး ဝိုင်းဝန်းပေးကြပါဦး ။🤩
YIE 2001 Intake ရဲ့ အဟာရဒါန အလှူတော် မှာ
ပါဝင်လှူဒါန်းချင်လို့ပဲဖြစ်ဖြစ်
ထည့်ဝင်လှူဒါန်းချင်လို့ပဲဖြစ်ဖြစ်
သိလိုတာရှိရင်ပဲဖြစ်ဖြစ်
ဒီသူငယ်ချင်းတွေ နဲ့ ဆက်သွယ်ပေးနော်📱
- ကိုစိန်ဝင်း
- မမို့မို့ဖူး
- မပပ
Page ရဲ့ Messenger ကနေလာမေးရင်လည်း 💬
Admin သူငယ်ချင်း က သေသေချာချာလေး ဖြေကြားပေးပါမယ်နော်
* လစဉ်အဟာရဒါနအလှူတော်အတွက်လည်း
နာမည်လှလှလေးပေးထားသေးတယ်
# tag နဲ့ ပုံတွေထဲမှာ ရှာကြည့်လိုက်နော် 🥳
14/05/2026
သူငယ်ချင်းတို့
၁၇ ၊ ၅ ၊ ၂၀၂၆ ရက်နေ့
မင်းရဲကျော်စွာလမ်း ၊ လမ်းမတော်မြို့နယ် က ကုတင် ( ၅၀၀ ) အစိုးရဆေးရုံကြီးမှာ
YIE 2001 Intake ရဲ့ မွန်မြတ်လှတဲ့
လူ ( ၂၅၀ ) စာ အတွက် ညနေစာ
ကြက်သားဟင်း နဲ့ အဟာရဒါနပြုကြမယ်ကွာ
အဲ့ဒါ ကုသိုလ်အတူတူပြုရအောင် လာခဲ့ကြဖို့ပဲ
မွန်းလွဲ ( ၂း၀၀ ) နာရီတော့
အရောက်လာခဲ့ပေးကြဦးနော်
လာခဲ့ရင်တော့ ကြည်နူးပီတိဖြစ်ဖို့ နဲ့
ကုသိုလ်ဆက်နိုင်ဖို့ စီစဉ်ထားတယ်နော်
ဖေဖော်ဝါရီလ ပွဲပြီးကတည်းက မတွေ့ရတော့
သတိရပြီး လွမ်းနေပြီ
အတူတူပီတိတွေမျှဝေဖို့စောင့်နေမယ် သူငယ်ချင်း...😍
13/05/2026
Game ကစားကြသူများ နဲ့ အားပေးကြသူများ 👾🎉🥳
Category
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when YIE 2001 Intake posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.