HTUT Company
HTUT Co.,Ltd.@ HTUT Company
Media & ICT Solution in Myanmar.
HTUT IS THE FIRST AND EARLIEST COMPANY
We are giving the best services in Mobile solution, IT Solution, Web Solution, Smart Solution for organization.
28/08/2026
🌸"မေတ္တာပွားခြင်းရဲ့ ထူးခြားတဲ့ အကျိုးကျေးဇူး ၁၁ ပါး" 🌸
ယနေ့ ကျရောက်သော ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) နေ့ထူးနေ့မြတ်တွင် မေတ္တာတရား၏ စွမ်းအားဖြင့် လုပ်ငန်းဆောင်တာအဝဝ အောင်မြင်အဆင်ပြေကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်...
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်အရ မေတ္တာတရားကို အမြဲပွားများအားထုတ်သူတွေဟာ အောက်ပါအကျိုးတရား ၁၁ ပါးကို ရရှိခံစားရမှာ ဖြစ်ပါတယ် -
၁။ ချမ်းသာစွာ အိပ်စက်ရခြင်း။
၂။ အိပ်ရာမှ ချမ်းသာစွာ နိုးထရခြင်း။
၃။ အိပ်မက်ဆိုးများ မမက်ခြင်း။
၄။ လူသားအားလုံး၏ ချစ်ခင်မြတ်နိုးမှုကို ခံရခြင်း။
၅။ နတ်၊ ဗြဟ္မာတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရခြင်း။
၆။ နတ်ကောင်းနတ်မြတ်တို့၏ စောင့်ရှောက်မှုကို ခံရခြင်း။
၇။ မီး၊ အဆိပ်၊ လက်နက် ဘေးအန္တရာယ်တို့ မထိခိုက်နိုင်ခြင်း။
၈။ စိတ်အာရုံကို လွယ်ကူစွာ စုစည်းနိုင်ခြင်း (သမာဓိရလွယ်ခြင်း)။
၉။ မျက်နှာအဆင်းနှင့် အသားအရေ ကြည်လင်အေးချမ်းခြင်း။
၁၀။ သေဆုံးခါနီးအချိန်တွင် မတွေမဝေဘဲ အေးချမ်းစွာ သေရခြင်း။
၁၁။ ယခုဘဝတွင် မဂ်ဖိုလ်မရသေးပါက သေလွန်လျှင် ဗြဟ္မာ့ဘုံသို့ ရောက်ရခြင်း။
"မေတ္တာ" ဆိုတာ ပိုက်ဆံမကုန်ဘဲ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်လို့ ဒီနေ့ကစပြီး နေ့စဉ် မေတ္တာပွားများတဲ့ အလေ့အကျင့်ကောင်းလေးကို မွေးမြူကြရအောင်နော်။
#ဝါခေါင်လပြည့် #မေတ္တာအခါတော်နေ့ #မေတ္တာအကျိုး၁၁ပါး
AI ကို စေခိုင်းခြင်းအနုပညာ
29/07/2026
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခါသမယမှာ
၇ ရက်သားသမီး မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေ...🌸
ဒီကနေ့မှာ ပြုလုပ်သမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ဘေးဘယာတွေဝေးကွာပြီး ကောင်းကျိုးလိုရာဆန္ဒတွေ အားလုံး ပြည့်ဝနိုင်ကြပါစေလို့ HTUT Co., Ltd. မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏
#ဝါဆိုလပြည့်နေ့
အနန္တော၊အနန္တ္တငါးပါးတို့ကို ဦးထိပ်ထားလျက်
ဝါတွင်းကာလအခါသမယတို့၌ ပုရိမဝါဆို၊ ဝါကပ်တော်မူကြကုန်သော
ဆရာတော်အရှင်သူမြတ်တို့အား HTUT Co.,Ltd မိသားစုမှ
ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုအစုံစုံ နှင့်
နေ့ဆွမ်း ခဲဘွယ် ၊ နဝကမ္မအစရှိသည်တို့ကို
စေတနာသုံးတန်ပြဌာန်း၍ နိဗ္ဗာနဿ ပစ္စယော ဟောတု အဓိဌာန်ပြု၍ ဆက်ကပ်လှူဒါန်းကြပါသည်
🙏🙏🙏
ဤကုသိုလ်ကောင်းမှု့အစုစုကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသား ကမ္ဘာ့သူ ကမ္ဘာသားများအားလုံးတို့သည်လည်း သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒဟူသမျှပြည့်ကာ ကြံစည်လုပ်ဆောင်သမျှအောင်မြင် စီးပွါးချမ်းသာများတိုးတက်ပြီး ကျရောက်လာမည့် ဘေး ရောဂါ အန္တရာယ် ဟူသမျှတို့မှ ဝေးကွာကင်းလွတ်ကြပါစေကြောင်း မေတ္တာပြုပါသည်။ လှူဒါန်းရသော ကုသိုလ်ကောင်းမှု အစုစုအား ကုသိုလ် ထပ်တူရရှိပြီး နတ်လူသာဓု ခေါ်စေသော်.... 🙏🙏🙏
#ဝါဆိုသင်္ကန်း
19/07/2026
၂၀၂၆ ခုနှစ် ၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့အား လေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုအပ်ပါသည်။
သင့်ဖုန်းထဲက စာကြည်တိုက်
စာဖတ်ဖို့ အချိန်မရလို့ စိတ်မပူပါနဲ့တော့။ အလုပ်လုပ်ရင်း၊ ကားမောင်းရင်းနဲ့ Star Audio Books မှာ စာအုပ်ကောင်းတွေကို လွတ်လပ်စွာ နားဆင်လိုက်ပါ။ 🎧
စာအုပ်ပေါင်း (၁၀၀၀) ကျော် (လုံးဝ Free 💯)
- အတ္ထုပ္ပတ္တိ၊ အောင်မြင်ရေး၊ ဝတ္ထု၊ တရားတော်နဲ့ ကလေးပုံပြင်များ အစုံအလင် ပါဝင်ပါတယ်။
အချိန်တိုင်း၊ နေရာတိုင်းမှာ ဗဟုသုတတွေ တိုးပွားနေစေဖို့ အခုပဲ သင့်ဖုန်းထဲမှာ ဆောင်ထားလိုက်ပါ။ 📚
💰 လောဘကြီးလွန်းရင် တန်ဖိုးကြီးတဲ့ ရွှေခွက်နဲ့ လွဲရတတ်တယ်ဆိုတာ တကယ်ပဲလား? 🤷♂️
၅၅၀ ဇာတ်တော်တွေထဲက လူသိများထင်ရှားပြီး သင်ခန်းစာယူစရာအကောင်းဆုံးဖြစ်တဲ့ "သေရိဝဝါဏိဇဇာတ်တော်" အကြောင်းကို ဗီဒီယိုလေးကို အဆုံးထိကြည့်ပြီး မိတ်ဆွေတို့ရဲ့ ခံစားချက်လေးတွေကို Comment မှာ မျှဝေပေးသွားပါဦးနော်။
✨ တခြားသူတွေလည်း ကုသိုလ်ရဖို့နဲ့ သင်ခန်းစာရဖို့အတွက် Share လုပ်ပြီး မျှဝေပေးဖို့ မမေ့နဲ့နော်။ 🙏
#သေရိဝဝါဏိဇဇာတ်တော် #ဗုဒ္ဓဝင် #ဓမ္မဒါန #ရိုးသားခြင်း #၅၅၀ဇာတ်နိပါတ်တော်
HTUT Workplace Garden 🪴
HTUT Co.,LTD ၏ Executive Director ဒေါ်အေးစန္ဒာဝင်း၏
ယနေ့ကျရောက်သော မွေးနေ့ရက်မြတ်မှသည် 🎊🥰🎉🥰
နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများဖြင့်
မြတ်နိုးချစ်ခင်ရသော 😍မိသားစုနှင့်အတူ ချမ်းမြေ့သာယာစွာ ဖြတ်သန်းနိုင်ပြီး
အလှူရေစက် လက်နှင့်မကွာ လှူဒါန်းနိုင်ပါစေကြောင်း မွေးနေ့ ဆုမွန်ကောင်းပို့သလိုက်ရပါသည်.....
လေးစားချစ်ခင်ရပါသော .... HTUT Co.,LTD မိသားစုများ
သင့်ကို ကံကောင်းစေပြီး နတ်ကောင်းနတ်မြတ်များစောင့်ရှောက်ပေးမယ် ဓမ္မတေး ကို AI နဲ့ အတူတူ ဖန်တီးကြရအောင် ✨
⚠️ AI နဲ့ သီချင်းတော့ဖန်တီးပါ မှုပိုင်ခွင့် မချိုးဖေါက်ပါနဲ့ ⚠️
ဒီ Video ကို အဆုံးထိ ကြည့်ပြီးတာနဲ့
စိတ်ထဲမှာ ငြိမ်းချမ်းမှုတစ်ခု ကျန်ခဲ့စေမှာပါ 💛
Category
Contact the business
Telephone
Website
Address
No. (8), Moe Ma Kha (1) Street, Ma Li Kha Housing, Thingangyun Tsp
Yangon
11111
Opening Hours
| Monday | 08:00 - 17:30 |
| Tuesday | 08:00 - 17:30 |
| Wednesday | 08:00 - 17:30 |
| Thursday | 08:00 - 17:30 |
| Friday | 08:00 - 17:30 |
Alerts
Be the first to know and let us send you an email when HTUT Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.