Hopes Up

Hopes Up

Share

Hope is being able to see that there is light despite all of the darkness.

25/01/2025

ကျောင်းသားအများစု အခက်တွေ့တတ်ကြတယ့် U.S. History အပိုင်းကို ဘယ်လိုမှတ်ကြမလဲ 🤷🏻‍♀️

U.S. History အပိုင်းက Social Studies မှာ စာအများဆုံးအပိုင်းဆိုလဲဟုတ်တယ် မှတ်ရတာအများဆုံးအပိုင်းလဲဖြစ်တယ့်အတွက် main pointsလေးတွေကို focus လုပ်တတ်ဖို့ လိုအပ်ပါတယ် စာမေးပွဲမှာလဲ passageပေးထားတာမလို့ ခရေစေ့တွင်းကျ မမှတ်လဲအဆင်ပြေပါတယ်✅

ဒါဆို U.S. History မှာ ဘာတွေကိုမှတ်ထားရမလဲ👇🏻

▪️Key Dates 📅

U.S. Historyမှာ စစ်ပွဲတွေနဲ့ပတ်သက်တယ့် dateတွေ၊ Supreme Court Caseနဲ့ပတ်သက်တယ့် dateတွေ၊ စာချုပ် ချုပ်တယ့် date စသဖြင့် dateတွေအများကြီးပါပါတယ် အကုန်မှတ်စရာမလိုပါဘူး အရေးကြီးတယ့်ဟာတွေပဲမှတ်ရင်ရပါတယ် ✔️
World War 1က 1914-1918၊ World War 2ဆို 1939-1945ပေါ့ အဲ့လိုအတိအကျ မမှတ်ချင်ဘူးဆိုရင် WW1က 1910s, WW2ဆို 1940s အဲ့လိုအကြမ်းဖျင်းလောက်တော့သိထားသင့်ပါတယ်📝

▪️War

ဘယ်ပွဲမဆို ဝင်ပါတတ်တယ့် U.S. Historyက Warတွေကို အသေးစိတ်မှတ်လိုက်မယ်ဆိုရင်တော့ မှတ်ရများမှာပါ
Who? When? Why? ဒီမေးခွန်းသုံးခုကိုသိထားရင်ရပြီ ဘယ်သူတွေဖြစ်တာလဲ ဘယ်အချိန်ဖြစ်တာလဲ ဘာလို့ဖြစ်တာလဲ ဘယ်သူနိုင်သွားလဲ⁉️

▪️Key figures

U.S. Historyတစ်လျှောက် presidentတွေရော တခြားသော အရေးကြီးတယ့်သူတွေရော အများကြီးပါပါတယ် အဲ့ထဲကမှ အရေးကြီးတယ့်သူတွေနဲ့ သူတို့ရယ့်အကြောင်းလေးတွေကို သိရပါမယ် ✅
E.g.- George Washington ဆိုရင် U.S.ရယ့် 1st President, Thomas Jefferson ဆိုရင် Author of Declaration of Independence, Thomas Paineဆို Common Senseကိုရေးတယ့်သူ စသဖြင့် မှတ်ထားရပါမယ်📜

▪️အရေးကြီးတယ့် Amendmentsတွေမှတ်ထားရမှာဖြစ်ပြီး ဆက်စပ်နေတယ့် နာမည်ကြီး Caseတချို့ကိုလဲ သိထားရပါမယ် (ဘယ်Amendments တွေမှတ်ထားရမလဲဆိုတာ Postတင်ပေးထားပြီးပါပြီ🥰)

ဒါကတော့ မှတ်ထားသင့်တာတွေကို အကြမ်းဖျင်းအားဖြင့် ပြောပြပေးသွားတာဖြစ်ပြီး ကျန်သေးတယ့် အကြောင်းအရာတွေလဲရှိပါတယ် 🗃️
GEDသည် ကြက်တူရွေးနှုတ်တိုက်ကျက်ရတာမဟုတ်လို့ စာလုပ်တယ့် focusထားရမှာတွေကို သိထားရင်ပိုအဆင်ပြေပါတယ် ✔️

တကယ်လို့ ကျောင်းသားဘက်မှာ ဘာမှတ်ရမလဲမသိဖြစ်ပြီး မှတ်ရကျက်ရတာတွေအခက်အခဲရှ်ိနေတယ်ဆိုရင်လဲ Hopes Up Page မှာ One-on-One Guideယူပြီး သေချာလေ့လာနိုင်ပါတယ်ရှင်🤎✨

08/01/2025

ဒီတစ်ပတ်အတွက် ပထမဆုံးအလှည့်ကျတယ့်ဘာသာလေးကတော့ Mathပဲဖြစ်ပါတယ်🥳ဒီနေ့မှာ အမက Percentage အပိုင်းလေးကို စတင်မိတ်ဆက်ပေးထားပြီး ရှင်းပြပေးထားပါတယ်ရှင်👇🏻 အခြေခံပိုင်မှ နောက်ပိုင်းလွယ်မှာဆိုတော့ အခုကတည်းက သေချာနားလည်အောင်လုပ်ထားမယ်ဆိုရင် Sale taxတွေ interestတွေ တွက်ရင်လဲလွယ်ကူသွားမှာမလို့ videoလေးကို သေချာကြည့်ကြမယ်နော်🤎✨
Facebook မှာကြည့်ရတာ အခက်အခဲဖြစ်နေရင် Telegram channel လေးမှာလဲကြည့်လို့ရပါတယ်နော်
https://t.me/hopesup262024

05/01/2025

Happy New Year🥳✨

ပျောက်နေတော့တီချယ်လေးပြန်ပေါ်လာပါပြီ😁 ကျောင်းသားတွေကပြန်ဆူရတော့မယ့်သူဖြစ်နေပြီ😅

ကျောင်းသားတွေ နှစ်သစ်ကစပြီး စာကြိုးစားတော့မယ်ဆိုပြီး အားခဲထားကြမယ်ဆိုတာသိနေတယ်😏🤭
အမကလဲ အခုကစပြီး စာအကြောင်းတွေ ပိုပြီးsharingလုပ်ပေးတော့ဖို့ ကြိုးစားနေပြီ 💪🏻

GEDမှာ လေးဘာသာရှိတော့ အမက တစ်ပတ်ကို တစ်ဘာသာနှုန်းနဲ့ သင််ခန်းစာလေးတွေကို အတတ်နိုင်ဆုံး ရှင်းပြပေးသွားပါမယ် Self studyလုပ်ချင်တယ့် ကျောင်းသားလေးတွေအတွက်လဲ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်🥰

စာနဲ့ရှင်းပြရင် နားလည်ဖို့ခက်မှာစိုးလို့ videoလေးတွေနဲ့ ရှင်းပြပေးချင်တာမလို့ telegram channelလေးမှာလဲ တင်ပေးမယ်နော်💕

အမကိုလဲ ဘယ်အကြောင်းအရာလေးတွေကိုရှင်းပြစေချင်လဲ ဘယ်အပိုင်းတွေသိချင်ကြလဲဆိုတာ ပြောလို့ရပါတယ်ရှင်✨🤎

03/12/2024

မတွေ့ရတာကြာတယ့် ကျောင်းသားလေးတို့ စာလုပ်ဖြစ်ကြရယ့်လား🫣

2024တောင်ကုန်တော့မယ် အခုထိ GEDအတွက် လုံးပန်းနေကြရတုန်းပဲလား 🙄

ကျောင်းသားတိုင်းမှာတော့ အားနည်းတယ့်ဘာသာဆိုတာရှိတာပဲ ဒါပေမယ့် အဲ့ဘာသာက ဘာလို့ကိုယ့်အတွက်ခက်ခဲနေရတာလဲ ဘာလို့ အားနည်းနေတာလဲဆန်းစစ်ဖူးကြလား 👀
ဆိုပါစို့ Mathမရဘူးဆိုတယ့်ကျောင်းသားတွေအနေနဲ့က ဘာလို့မရတာလဲ ဘယ်အပိုင်းမရတာလဲသိအောင်လုပ်ရမယ် Probabilityမရတာလား slopeအပိုင်းတွေပဲမရတာလား သိသင့်တယ် သိသွာရပြီဆိုရင် အဲ့အပိုင်းကိုသေချာပြန်လေ့လာမယ်ဆိုရင် ပိုတိုးတက်လာနိုင်တယ် ✅

တခြားဘာသာတွေလဲ ဒီလိုပဲ ကိုယ်မရတယ့်အပိုင်းကိုသေချာသိအောင်လုပ်ပြီး အချိန်ပိုပေးပြီးလုပ်မယ်ဆို အဆင်ပြေလာပါလိမ့်မယ် 🌟

အနာသိရင်ဆေးရှိတယ် ဆိုတယ့်စကားအတိုင်းပဲ ခက်ခဲနေတယ့်အပိုင်းကိုသေချာသိရင် ပိုလေ့လာနိုင်မယ် ဒါပေမယ့် ဆေးသိနေတာကိုတောင် အနာကိုဆေးထည့်ရင် စပ်မှာကိုကြောက်နေလို့တော့မရဘူးပေါ့နော် အဲ့လိုပဲ ဘယ်လိုလေ့လာရမလဲသိနေတာတောင် ဒါကြီးကိုလုပ်ဖို့ပျင်းနေတယ် လုပ်ဖို့ကြောက်နေရင်တော့ ဆေးသိလဲ တိုးတက်လာမှာမဟုတ်ပါဘူး 🙅🏻‍♀️💊

အမတို့အပါအဝင် ကျောင်းသားတွေက ကိုယ်အားသာတယ့်ဘာသာကိုပဲ လေ့လာချင်နေတာလေနော် ဒါပေမယ့် အားနည်းတယ့်ဟာကို လေ့လာလိုက်လို့ ရသွားတယ့် ခံစားချက်က အရမ်းမိုက်တာမလို့ စမ်းကြည့်ကြပါရှင့်🥰

အမရယ့်ကျောင်းသားလေးတစ်ယောက် Scienceမှာ equationညှိတာမရတာကနေ အမနဲ့အတူတူ သေချာသင်ပြီးတယ့်နောက် လွယ်သွားလို့ အရမ်းပျော်ပြီး equationပဲညှိချင်နေတယ့် သူလေးကတော့ သက်သေပေါ့ (comment မှာပုံလေးပြထားမယ်)🤭

ကိုယ်က ဘယ်အပိုင်းအားနည်းလဲမသိဘူးဖြစ်နေတယ် (သို့) ဘယ်လိုလေ့လာရမလဲမသိဘူးဖြစ်နေတယ်ဆိုရင်တော့ Hopes Upမှာ One on One guide ယူပြီး တီချယ်တွေနဲ့ သေချာလေ့လာနိုင်ပါပြီရှင်🤎✨

16/11/2024

Tr. Beeရယ့် နောက်ထပ်ကျောင်းသူလေးတစ်ယောက်ကတော့ RLAကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်သွားပါပြီရှင် Congratulations ပါညီမလေး 🥳🎊

ကျောင်းသူလေးရယ့် Scoreလေးနဲ့အတူ Tr.Beeအတွက် Honest Feedback လေးကိုလဲ ဂုဏ်ယူစွာနဲ့ Sharing လုပ်ပေးလိုက်ပါတယ် 🥰

ဆက်လျှောက်ရမယ့်ခရီးလမ်းမှာလဲ အမြဲအဆင်ပြေပြီး အောင်မြင်မှုတွေရရှိပါစေလို့ Hopes Upက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🤎✨

04/11/2024

Tr. Eaindrayယ့် နောက်ထပ်ကျောင်းသူလေးတစ်ယောက်ကတော့ Scienceကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်သွားပါပြီရှင် Congratulations ပါညီမလေး 🥳🎊

ကျောင်းသူလေးရယ့် Scoreလေးနဲ့အတူ Tr.Eaindrayအတွက် Honest Feedback လေးကိုလဲ ဂုဏ်ယူစွာနဲ့ Sharing လုပ်ပေးလိုက်ပါတယ် 🥰

ဆက်လျှောက်ရမယ့်ခရီးလမ်းမှာလဲ အမြဲအဆင်ပြေပြီး အောင်မြင်မှုတွေရရှိပါစေလို့ Hopes Upက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🤎✨

29/10/2024

GEDနဲ့ဆိုင်တယ့် Group postတွေထဲမှာရော post comment တွေမှာရော Real Examက Leak Questionsတွေ ရောင်းတာမျိုးတွေ့ရပါတယ်

အမအနေနဲ့ leak question တွေအားကိုးပြီး ဖြေတာမျိုး လုံးဝအားမပေးပါဘူး ❌

ဒီနေ့ဆို အဲ့ဒါနဲ့ပတ်သက်ပြီး Scoreတွေပျောက်ကုန်တာမျိုးတွေဖြစ်တယ်ဆိုပြီး တက်လာတာတွေ့ရတယ် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်တာမျိုးမဖြစ်စေနဲ့ပေါ့နော် ရိုး”သား”ဖြေတယ့်သူတွေအတွက် နစ်နာရပါတယ်

Leak questions အားကိုးတယ့်သူတွေအနေနဲ့လဲ ကိုယ့်ရယ့် ပညာရေးက GEDမှာပဲ ရပ်တန့်သွားမှာမဟုတ်ပါဘူး

တကယ်လို့ ကိုယ်ကGEDမှာ အလွယ်လမ်းလိုက်ပြီး အောင်ခဲ့ရင် နောင်Uniတက်တယ့်အခါတွေမှာ တကယ်စာလိုက်နိုင်မယ်လို့ထင်ပါသလား High School Levelနဲ့ညီမျှတယ့် GEDကိုတောင် Leak Questionsနဲ့ဖြေခဲ့ရင် Universityမှာ ကိုယ့်ယူထားတယ့် majorအကြောင်းအရာကို အတွင်းကျကျသင်ယူရတော့မယ်ဆိုရင် လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိပါတော့မလား

အခုတလော ဒီအကြောင်းအရာအမေးများတယ်ဆိုလို့ ကြည့်သွားတာနဲ့ leak questionsနဲ့ဖြေတာ မတူပါဘူးနော် ဥပမာ Scienceအပိုင်းက Hard Water/ Soft Waterနဲ့ပတ်သက်တာတွေပါတယ်ဆိုလို့ ကိုယ့်ဘက်ကလေ့လာသွားတာနဲ့ ဒီမေးခွန်းတွေ့ရင်ဒါဖြေ ဒီစာလုံးပါရင်ဒါဖြေဆိုတာကြီးနဲ့က မတူပါဘူး

ဒါကြောင့် ကိုယ့်ဘက်က အမြင့်မှန်းထားရင် အလွယ်နည်းမလိုက်ဘဲ သေချာလေ့လာသင်ယူပြီး ပိုင်နိုင်ပြီဆိုမှဖြေတာကောင်းပါတယ် အလွယ်နည်းလိုက်ရင် ရေတိုအတွက်မသိသာပေမယ့် ရေရှည်မှာအခက်တွေ့နိုင်ပါတယ် စိတ်သန့်သန့်နဲ့ အမြင့်လှမ်းနိုင်အောင်ပဲကြိုးစားကြပါရှင်🤎✨

27/10/2024

Tr. Eaindrayရယ့် ကျောင်းသူလေးတစ်ယောက်ကတော့ Scienceကို college ready scoreနဲ့ ထူးထူးချွန်ချွန်အောင်မြင်သွားပါပြီရှင် Congratulations ပါညီမလေး 🥳🎊

ကျောင်းသူလေးရယ့် Scoreလေးနဲ့အတူ Tr.Eaindrayအတွက် Honest Feedback လေးကိုလဲ ဂုဏ်ယူစွာနဲ့ Sharing လုပ်ပေးလိုက်ပါတယ် 🥰

ဆက်လျှောက်ရမယ့်ခရီးလမ်းမှာလဲ အမြဲအဆင်ပြေပြီး အောင်မြင်မှုတွေရရှိပါစေလို့ Hopes Upက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🤎✨

21/10/2024

Long Time No See Guys!!!🤗

စာမရှင်းပြတာကြာပြီဆိုတော့ ဒီနေ့တော့ ကျောင်းသားတွေဝေခွဲမရလို့ ကြေကွဲနေရတတ်တယ့် Math Probabilityအပိုင်းက Combination and Permutation ကိုပြောပြပေးပါမယ်ရှင်👩🏻‍🏫👇🏻

Mathမှာ အဓိကပါတာဆိုပေမယ့် Scienceမှာလဲ တစ်ခါတလေပါတတ်တာမလို့ မရထားရင် မိအေးနှစ်ခါနာဖြစ်မှာနော် ☹️

တကယ်ကဒီနှစ်ခုကမှတ်ရအရမ်းလွယ်ပါတယ် ကွာတာဆိုလို့ orderအရေးကြီးတာရယ် အရေးမကြီးတာရယ်ပဲကွာတာပါ
Combinationက ရွေးတယ် orderအရေးမကြီးဘူး❎
Permutationက ရွေးတယ် orderအရေးကြီးတယ်✅

ပိုမြင်သာအောင် ပုစ္ဆာနဲ့တွက်ကြည့်ရအောင်👀

If you have 10 players and want to form a team of 3, how many different teams can you create?
ဒီအပုဒ်မှာဆို လူ10ယောက်ရှိတယ် 3ယောက်တစ်သင်းဖွဲ့မယ် ဒါဆို ဘယ်သူပြီးမှဘယ်သူလာရမယ်ဆိုပြီးမရှိနေဘူး ဒါမျိုးဆိုရင် Combinationနဲ့တွက်ရတယ်✅

In a race with 8 runners, how many ways can the top 3 positions be filled?
ဒီအပုဒ်မှာဆို top 3 positionsလို့ပြောထားတယ် ပြိုင်ပွဲမှာ အရင်ဆုံးပန်းဝင်တယ့် 3ယောက်ကိုပဲလိုချင်တာ ဒါဆိုorderအရေးကြီးတယ် ဘယ်သူတွေအရင်ပန်းဝင်တာလဲဆိုတာ စဉ်းစားရပြီ နောက်ဆုံးမှ ပန်းဝင်တယ့်သူကို top 3ပေးလို့မရဘူးလေနော် ဒါကြောင့် ဒီအပုဒ်ကိုဆို Permutationနဲ့တွက်ရမယ်✅

ဒါဆိုရင်တော့ Combinationနဲ့ Permutationကို နားလည်မယ်ထင်ပါတယ်နော် Mathဆိုတာကတော့ တွက်ရင်းသင်ယူရတာမလို့ များများလေ့ကျင့်ရင်း ပိုပြီး မေးခွန်းသဘောတရားကိုနားလည်လာပါလိမ့်မယ် 🥰

ဒီလိုမျိုးနားမလည်တာတွေကို အသေးစိတ်ကျကျ လေ့လာချင်တယ်ဆိုရင်တော့ Hopes Upက ဆရာတွေ၊ တီချယ်တွေနဲ့သင်ကြည့်လိုက်ပါနော်🤎✨

17/10/2024

Happy Thadingyut Festival 🏮🎉
ပျော်ရွှင်စရာကောင်းတယ့် သီတင်းကျွတ်ပွဲတော်လေးကို ချစ်ခင်ရသူတွေနဲ့အတူ ဖြတ်သန်းနိုင်ကြပါစေရှင်🙏🏻

ကျောင်းသားလေးတွေလဲ ပိတ်ရက်လေးမှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီးရင် ဒီထက်ပိုပြီးတိုးတက်အောင် စာကြိုးစားကြမယ်နော်🥰

05/10/2024

Adminတစ်ယောက် စာမေးပွဲနဲ့အလုပ်ရှုပ်နေလို့ postတွေမတင်ဖြစ်ပေမယ့် ကျောင်းသားလေးတွေကတော့ တစ်ယောက်ပြီးတစ်ယောက် ထူးထူးချွန်ချွန်နဲ့အောင်မြင်သွားကြပြီရှင့်✨🤎

အခုလဲ Tr. Yadanar ရယ့် ကျောင်းသားလေးတစ်ယောက်ကတော့ Socialကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်သွားပါပြီရှင် Congratulations ပါမောင်လေး 🥳🎊

ကျောင်းသားလေးရယ့် Scoreလေးနဲ့အတူ Tr.Yadanarအတွက် Honest Feedback လေးကိုလဲ ဂုဏ်ယူစွာနဲ့ Sharing လုပ်ပေးလိုက်ပါတယ် 🥰

ဆက်လျှောက်ရမယ့်ခရီးလမ်းမှာလဲ အမြဲအဆင်ပြေပြီး အောင်မြင်မှုတွေရရှိပါစေလို့ Hopes Upက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🤎✨

17/09/2024

Hopes Upမှ ရေဘေးသင့်ပြည်သူများအတွက် ၁၅၀,၀၀၀ကျပ်ပါဝင်လှူဒါန်းထားပါတယ်ရှင်

Hopes Upကအလှူဟာ Hopes Upမှ ဆရာ၊ဆရာမများနဲ့ ကျောင်းသားကျောင်းသူများအားလုံးရယ့်အလှူပါ

ပြည်သူများအားလုံး ကပ်ကြီး(၃)ပါးမှ အမြန်ဆုံးကင်းဝေးကြပါစေရှင်🙏

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Hopes Up posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.