Pwal - Property Sell & Rent
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pwal - Property Sell & Rent, Real Estate, 1006, Yuzana Tower, West Shwegonedine, Bahan Township, Yangon.
🏠 အိမ်ခြံမြေ ရှာနေလား? အိမ်၊ ရုံးခန်းနဲ့ မြေကွက်တွေကို စိတ်တိုင်းကျ ရှာဖွေဖို့၊ ရောင်းဖို့နဲ့ ငှားဖို့အတွက် Pwal App ရှိနေပါပြီ။ လူကြီးမင်းတို့ရဲ့ အရောင်းအဝယ်ကိစ္စတိုင်းအတွက် အဆင်ပြေဆုံးနဲ့ အလွယ်ကူဆုံး ချိတ်ဆက်ပေးမှာပါ။
27/05/2026
𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 များအတွက် အကောင်းဆုံး 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐏𝐚𝐫𝐭𝐧𝐞𝐫
အိမ်ခြံမြေ စီမံကိန်းအသစ်တွေကို လူသိများလာဖို့နဲ့ ဝယ်ယူသူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့ဆိုတာ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 အင်အား အများကြီး လိုအပ်ပါတယ်။
𝐏𝐰𝐚𝐥 𝐀𝐩𝐩 က သင့်ရဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွေကို ပစ်မှတ်ထားတဲ့ ဝယ်ယူသူတွေဆီ အရောက်ပို့ပေးမှာပါ။
ကွန်ဒိုသစ်တွေ၊ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေကို 𝐏𝐰𝐚𝐥 မှာ 𝐋𝐢𝐬𝐭𝐢𝐧𝐠 တင်ထားခြင်းဖြင့် ကျွန်တော်တို့ရဲ့ အခမဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 တွေကို ရယူနိုင်မှာဖြစ်ပြီး 𝐏𝐫𝐨𝐣𝐞𝐜𝐭 တန်ဖိုးကို ပိုမိုမြင့်တင်နိုင်မှာပါ။
ခိုင်မာတဲ့ အိမ်ခြံမြေ ပလက်ဖောင်းတစ်ခုနဲ့ လက်တွဲပြီး သင့်လုပ်ငန်းကို တိုးချဲ့လိုက်ပါ။
လုပ်ငန်းတိုးချဲ့ဖို့အတွက် 𝐏𝐰𝐚𝐥 𝐀𝐩𝐩 နဲ့ အခုပဲ လက်တွဲလိုက်ပါ။
20/05/2026
"နည်းပညာတွေ ခက်ခဲနေလို့ Listing မတင်ဖြစ်သေးတဲ့ အကျိုးဆောင်များအတွက် "
အိမ်ခြံမြေ App တွေက သုံးရတာ ခက်ခဲတယ်လို့ ထင်နေပါသလား?
Pwal App ကတော့ အကျိုးဆောင်တွေနဲ့ Developer တွေအတွက် အလွယ်ကူဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။
ရှုပ်ထွေးတဲ့ Step တွေမပါဘဲ မိနစ်ပိုင်းအတွင်းမှာတင် သင့်ရဲ့ အချက်အလက်တွေကို အတိအကျ တင်နိုင်မှာပါ။
User Interface က ရိုးရှင်းပြီး ရှင်းလင်းနေတာကြောင့် ဘယ်သူမဆို အလွယ်တကူ သုံးတတ်မှာဖြစ်သလို၊ ဝယ်သူတွေဘက်ကလည်း သင့်ဆီကို ဆက်သွယ်ဖို့ လမ်းကြောင်းတွေက အရမ်းကို အဆင်ပြေပါတယ်။
အခုပဲ စမ်းသုံးကြည့်လိုက်ပါ၊ ဘယ်လောက်လွယ်ကူလဲဆိုတာ ကိုယ်တိုင်သိသွားမှာပါ။
ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို ရယူဖို့ Pwal App ကို အခုပဲ စမ်းသုံးကြည့်ပါ။
16/05/2026
တိုက်ခန်း၊ ကွန်ဒိုနဲ့ မြေကွက်တွေ အမြန်ဆုံး အရောင်းအဝယ်ဖြစ်ဖို့ဆိုရင်...
"တင်လိုက်တိုင်း အဆက်အသွယ်မရဘူး" ဆိုတဲ့ စိတ်ပျက်စရာတွေကို အဆုံးသတ်လိုက်ပါ။
Pwal App ဟာ အိမ်ခြံမြေ လိုချင်သူတွေနဲ့ ရောင်းချသူတွေကို အချိန်တိုအတွင်း အထိရောက်ဆုံး ချိတ်ဆက်ပေးတဲ့ နေရာတစ်ခုပါ။
ကျွန်တော်တို့ဆီမှာ နေ့စဉ် လာရောက်ရှာဖွေနေတဲ့ အိမ်ဝယ်သူ၊ ဆိုင်ခန်းငှားရမ်းသူနဲ့ ရင်းနှီးမြှုပ်နှံသူပေါင်း များစွာရှိနေပါတယ်။
Pwal မှာ Listing တင်ထားတာဟာ သင့်ရဲ့ အရောင်းအခွင့်အလမ်းကို (၂) ဆ မြန်ဆန်စေမှာပါ။ မြေကွက်ပဲဖြစ်ဖြစ်၊ ကွန်ဒိုပဲဖြစ်ဖြစ် အမြန်ဆုံး အရောင်းအဝယ်ဖြစ်ချင်တယ်ဆိုရင်တော့ Pwal App က အကောင်းဆုံး လက်တွဲဖော်ပါပဲ။
အချိန်မဆိုင်းဘဲ Pwal App မှာ Listing တင်ပြီး အရောင်းအဝယ် အမြန်ဆုံး စတင်လိုက်ပါ။
14/05/2026
သင့်ရဲ့ အိမ်ခြံမြေအရောင်းတွေကို လူပေါင်းသောင်းခြည်ဆီ အရောက်ပို့ပေးဖို့ အသင့်ပဲလား?
အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ Developer ကုမ္ပဏီတွေအတွက် အခက်ခဲဆုံးက ကိုယ့်ဆီမှာရှိတဲ့ အိမ်၊ ခြံ၊ မြေ အချက်အလက်တွေကို ဝယ်ယူမယ့်သူတွေဆီ အရောက်ပို့ပေးဖို့ပဲ ဖြစ်ပါတယ်။
Pwal App မှာ Listing လာတင်ထားရုံနဲ့ မိတ်ဆွေရဲ့ ပိုင်ဆိုင်မှုတွေကို ကျွန်တော်တို့ရဲ့ page နဲ့ TikTok Channel တွေမှာ အခမဲ့ ကြော်ငြာတင်ပေးသွားမှာဖြစ်လို့ မိတ်ဆွေရဲ့ Data တွေကို လူအများ မြင်နိုင်ယုံမကပဲ မိတ်ဆွေရဲ့ Company (သို့) မိတ်ဆွေရဲ့နာမည်ကိုပါ လူအများက တခါတည်းသိရှိသွားမှာဖြစ်ပါတယ်။
ဈေးကွက်ထဲမှာ ဝယ်မယ့်သူ၊ ငှားမယ့်သူတွေ အများဆုံးရှိနေတဲ့ Social Media ပလက်ဖောင်းတွေပေါ်ကို Pwal ကနေတစ်ဆင့် အရောက်လှမ်းလိုက်ဖို့ ဖိတ်ခေါ်ပါတယ်။
Pwal App အသုံးပြုခြင်းက အိမ်ဝယ်သူ၊ အိမ်ငှားသူတွေဆီ တိုက်ရိုက်ရောက်ရှိမှာဖြစ်လို့ အရောင်းပိတ်ရတာ ပိုမြန်ဆန်လာပါလိမ့်မယ်။
အခုပဲ Pwal App ကို ဒေါင်းလုဒ်လုပ်ပြီး မိတ်ဆွေရဲ့ ပထမဆုံး Listing ကို စတင်တင်လိုက်ပါ။
#အိမ်ခြံမြေအကျိုးဆောင်များ
12/05/2026
အိမ်သွားကြည့်ရင် ဒါတွေမစစ်ပဲ ပြန်မလာပါနဲ့ !
အိမ်တစ်လုံး ဝယ်တော့မယ်ဆိုရင် အပြင်ပန်းလှတာထက် "လက်တွေ့နေထိုင်တဲ့အခါ" အဆင်ပြေဖို့က ပိုအရေးကြီးပါတယ်။ စရန်ငွေမချခင် ဒီ (၄) ချက်ကို အရင်ကွင်းဆင်းစစ်ဆေးဖို့ မမေ့ပါနဲ့။ 👇
◼ အဆောက်အအုံရဲ့ "ကျန်းမာရေး"
နံရံတွေမှာ အက်ကြောင်းရှိလား၊ မျက်နှာကျက်မှာ ရေယိုတဲ့အကွက်တွေ ရှိလားဆိုတာ အသေးစိတ်ကြည့်ပါ။
◼ ရေပိုက်နဲ့ မီးလိုင်း
ရေဖိအားကောင်းလား၊ မိလ္လာစနစ် အဆင်ပြေလား၊ ဝါယာကြိုးတွေကော စနစ်တကျရှိရဲ့လားဆိုတာ တစ်ခုချင်းစမ်းသပ်ပါ။
◼ ပတ်ဝန်းကျင် အခြေအနေ
နေ့ခင်းဘက်သွားကြည့်တဲ့အခါ လေဝင်လေထွက်ကောင်းလား၊ အလင်းရောင်ရလားဆိုတာ ကြည့်ပါ။ မိုးရွာရင် ရေကြီးတတ်လားဆိုတာကိုလည်း အိမ်နီးချင်းတွေကို မသိမသာ စုံစမ်းဖို့ လိုပါတယ်။
◼ စာရွက်စာတမ်း ခိုင်မာမှု
အရေးကြီးဆုံးကတော့ ပိုင်ဆိုင်မှုအထောက်အထား (ဂရန်/ဘိုးဘွားပိုင်) အစစ်အမှန်ဖြစ်ဖို့နဲ့ ကန့်ကွက်သူရှိမရှိ သတင်းစာထဲမှာ ကြော်ငြာထည့်စစ်ဆေးဖို့ပါ။
အိမ်ကို နေပူတဲ့အချိန်တစ်ခါ၊ မိုးရွာတဲ့အချိန်တစ်ခါ (၂) ကြိမ်လောက် သွားကြည့်တာ အသေချာဆုံးပါပဲ။
အားလုံးပဲ စစ်ဆေးဖို့မမေ့နဲ့နော်.........
03/05/2026
အိမ်ခြံမြေအရောင်းအဝယ်တစ်ခုမှာ အကျိုးဆောင်ဆိုတာ လူပိုမဟုတ်ပါဘူး။
ရောင်းသူရဲ့ စိုးရိမ်စိတ်နဲ့ ဝယ်သူရဲ့ မျှော်လင့်ချက်တွေကို အကောင်းဆုံး ညှိနှိုင်းပေးရတဲ့ "အဓိကကျတဲ့သူ" တွေပါ။ အချက်အလက်တွေ မှန်ကန်ဖို့၊ ဥပဒေကြောင်းအရ ခိုင်မာဖို့နဲ့ နှစ်ဦးနှစ်ဖက် ကျေနပ်ဖို့ဆိုတာ အကျိုးဆောင်တွေရဲ့ ကျွမ်းကျင်မှုမပါဘဲနဲ့ မလွယ်ကူပါဘူး။
ဒီလောက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရတဲ့ အကျိုးဆောင်တွေအတွက် အလုပ်တွေကို ပိုပြီး ပေါ့ပါးသွားစေဖို့ Pwal App က ရှိနေပါတယ်။
ကိုယ့်ဆီမှာရှိတဲ့ အိမ်၊ ခြံ၊ မြေ Listing တွေကို အလွယ်တကူ တင်ထားရုံနဲ့တင် ဝယ်ချင်တဲ့သူတွေဆီကို ထိထိရောက်ရောက် ရောက်သွားမှာပါ။ ဖုန်းတစ်လုံးရှိရုံနဲ့ ဝယ်သူတွေနဲ့ အမြဲချိတ်ဆက်နေနိုင်ပြီး Professional ကျကျ အလုပ်လုပ်နိုင်ဖို့ Pwal App က အကောင်းဆုံး ပံ့ပိုးပေးမှာပါ။
အရေးကြီးဆုံးအချက်က ဒီလိုထိရောက်တဲ့ Feature တွေကို Free အသုံးပြုလို့ ရတာပါပဲ။
နည်းပညာကို အသုံးချပြီး ကိုယ့်ရဲ့အကျိုးဆောင်လုပ်ငန်းကို အရှိန်မြှင့်ဖို့ အခုပဲ Pwal App ကို စမ်းသုံးကြည့်လိုက်ပါ။
#အိမ်ခြံမြေအကျိုးဆောင် #အခမဲ့အသုံးပြုနိုင်သည်
01/05/2026
အိမ်ခြံမြေဝယ်တော့မယ်ဆိုရင် "သတင်းစာကြော်ငြာ" ဖို့ ဘာကြောင့် မေ့ထားလို့မရတာလဲ?
အိမ်ခြံမြေတစ်ခုကို ငွေအလုံးအရင်းနဲ့ မဝယ်ခင်မှာ လူအများစုက မြေပုံကြည့်မယ်၊ ဂရန်စစ်မယ်၊ ဒါတွေနဲ့တင် လုံလောက်ပြီလို့ ထင်တတ်ကြပါတယ်။
ဒါပေမဲ့ တကယ်တမ်း "ပိုင်ဆိုင်မှုခိုင်မာဖို့" နဲ့ "နောင်ရေးစိတ်အေးရဖို့" အတွက် သတင်းစာထဲမှာ ကန့်ကွက်ရန်ရှိ/မရှိ လူသိရှင်ကြား ကြော်ငြာထည့်ခြင်း က မဖြစ်မနေလုပ်ရမယ့် အရေးကြီးဆုံးအဆင့်ဖြစ်ပါတယ်။
◼️ တကယ့်ပိုင်ရှင် ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ခြင်း
ရောင်းသူဟာ အမည်ပေါက်ပိုင်ရှင်အစစ် ဟုတ်မဟုတ်နဲ့ အရှုပ်အရှင်းရှိမရှိကို လူသိရှင်ကြား စုံစမ်းပြီးသား ဖြစ်စေပါတယ်။
◼️ အမွေဆိုင်ပြဿနာများ ကာကွယ်နိုင်ခြင်း
လူမသိအောင် ခိုးရောင်းတာမျိုး မဟုတ်ဘဲ အမွေဆိုင်တွေရှိနေရင် ကန့်ကွက်နိုင်ဖို့ အခွင့်အရေးပေးခြင်း ဖြစ်ပါတယ်။
◼️ ပေါင်နှံ မှုများ သိရှိနိုင်ခြင်း
တစ်ခြားသူထံမှာ စာချုပ်နဲ့ ပေါင်နှံထားတာမျိုး ဒါမှမဟုတ် တရားရုံးမှာ အမှုဖြစ်နေတာမျိုးရှိရင် သိရှိနိုင်ပါတယ်။
◼️ ဥပဒေကြောင်းအရ အထောက်အထားခိုင်လုံခြင်း
သတ်မှတ်ရက် (၁၄ ရက် သို့မဟုတ် ၁၅ ရက်) အတွင်း ကန့်ကွက်မယ့်သူမရှိမှသာ အရောင်းအဝယ်ကို စိတ်ချလက်ချ ဆက်လက်ဆောင်ရွက်သင့်ပါတယ်။
ဒါဟာ နောင်တစ်ချိန် အမှုအခင်းဖြစ်လာရင်တောင် မိမိဘက်က "သန့်ရှင်းသောသဘောဖြင့် ဝယ်ယူခြင်း (Bona fide purchaser)" ဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။
ဒါကြောင့် ငွေမချေခင်မှာ သတင်းစာကြော်ငြာထည့်ဖို့ ဘယ်တော့မှ လက်မနှေးပါနဲ့။ ဘေးကင်းပြီး စိတ်ချရတဲ့ အိမ်ခြံမြေ အရောင်းအဝယ်တွေဖြစ်ဖို့ Pwal က အမြဲတိုက်တွန်းပါတယ်။
မိမိစိတ်ကြိုက် အိမ်ခြံမြေတွေကို စိတ်ချလက်ချ ရှာဖွေချင်တယ်ဆိုရင်တော့ Pwal App ကို အခုပဲ Download လုပ်ထားလိုက်ပါ။
#အိမ်ခြံမြေဗဟုသုတ #သတင်းစာကန့်ကွက်ရန်ကြော်ငြာ
27/04/2026
ကွန်ဒိုဝယ်တော့မယ်ဆိုရင် "အခန်း" ပဲ ကြည့်ရုံနဲ့ မလုံလောက်ပါဘူး၊ "ဥပဒေ" ကိုပါ သိထားမှ စိတ်ချရမှာပါ! 🏢⚖️
အိမ်ခြံမြေလောကမှာ ခေတ်စားနေတဲ့ ကွန်ဒိုမီနီယံဆိုတာ တိုက်ခန်းတိုင်းကို ခေါ်တာမဟုတ်ပါဘူး။ ၂၀၁၆ ကွန်ဒိုမီနီယံဥပဒေနဲ့အညီ တည်ဆောက်ထားမှသာ ကွန်ဒိုစစ်စစ်ဖြစ်ပြီး ဝယ်ယူသူတွေအတွက် အပြည့်အဝ အကာအကွယ်ရမှာပါ။
ဒီနေ့မှာတော့ ကွန်ဒိုဝယ်ယူသူတွေ ရရှိမယ့် အဓိက အကျိုးခံစားခွင့် (၅) ချက်ကို မျှဝေပေးချင်ပါတယ်။
◾ မြေပိုင်ဆိုင်မှု အချိုးကျရရှိခြင်း သာမန်တိုက်ခန်းတွေနဲ့မတူဘဲ ကွန်ဒိုဥပဒေအရ ဝယ်ယူသူဟာ မိမိအခန်းအကျယ်အဝန်းအလိုက် စုပေါင်းပိုင်မြေ (𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐯𝐞 𝐎𝐰𝐧𝐞𝐫𝐬𝐡𝐢𝐩)ပေါ်မှာ ပိုင်ဆိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ဟောင်းသွားရင်တောင် မြေပိုင်ဆိုင်မှုက ကျန်ရှိနေမှာပါ။
◾ တရားဝင် ပိုင်ဆိုင်မှုလက်မှတ် (𝐔𝐧𝐢𝐭 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞)ကွန်ဒိုအခန်းတိုင်းအတွက် အစိုးရက ထုတ်ပေးတဲ့ သီးသန့်ပိုင်ဆိုင်မှုလက်မှတ် ရရှိမှာဖြစ်လို့ ပိုင်ဆိုင်မှုအငြင်းပွားစရာမလိုဘဲ ခိုင်မာမှုရှိပါတယ်။
◾ ဘဏ်နဲ့ ချိတ်ဆက်နိုင်မှု (𝐁𝐚𝐧𝐤 𝐋𝐨𝐚𝐧)ပိုင်ဆိုင်မှုလက်မှတ် ခိုင်မာတဲ့အတွက် ဘဏ်တွေမှာ အပေါင်ပစ္စည်းအဖြစ် ထားရှိပြီး ချေးငွေရယူတာ ဒါမှမဟုတ် အရစ်ကျစနစ်နဲ့ ဝယ်ယူတာတွေကို စနစ်တကျ လုပ်ဆောင်နိုင်ပါတယ်။
◾ စနစ်တကျ စီမံခန့်ခွဲမှုစနစ် ကွန်ဒိုအသင်း (𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧)ဖွဲ့စည်းပြီး ဘုံပိုင်နေရာတွေ (ရေကူးကန်၊ Gym၊ ဓာတ်လှေကား) ကို စနစ်တကျ ထိန်းသိမ်းရမှာဖြစ်လို့ သင့်ရဲ့ နေထိုင်မှုအဆင့်အတန်းက အမြဲတမ်း 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 တစ်ခုမှာ ရှိနေမှာပါ။
◾ ပြန်လည်ရောင်းချရာမှာ ပိုမိုလွယ်ကူခြင်း နိုင်ငံခြားသားတွေပါ စုစုပေါင်းအခန်းအရေအတွက်ရဲ့ ၄၀% အထိ ဝယ်ယူခွင့်ရှိတဲ့အတွက် သင်ပြန်ရောင်းချချင်တဲ့အခါမှာ ဝယ်လက်ဈေးကွက် ပိုမိုကျယ်ပြန့်ပါတယ်။
ဒါကြောင့် ကွန်ဒိုဝယ်ယူတော့မယ်ဆိုရင် ဥပဒေနဲ့အညီ မှတ်ပုံတင်ထားတဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 ဟုတ်မဟုတ် အရင်ဆုံး စစ်ဆေးဖို့ မမေ့ပါနဲ့ဦး။
အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အမြဲဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ 𝐏𝐚𝐠𝐞 ကို 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားပေးပါဦးခင်ဗျာ။ ✨
24/04/2026
မြေပုံ၊ မြေရာဇဝင် (၁၀၅/၁၀၆) ဆိုတာဘာလဲ ?
အိမ်ခြံမြေ ဝယ်တော့မယ်ဆိုရင် "၁၀၅ မိတ္တူရှိလား" လို့ မေးကြတာ ကြားဖူးမှာပါ။ ၁၀၅ ဆိုတာ သက်ဆိုင်ရာ မြေစာရင်းဌာနက ထုတ်ပေးတဲ့ မြေပုံဖြစ်ပြီး ၁၀၆ ကတော့ မြေရာဇဝင် (ပိုင်ဆိုင်မှုအဆင့်ဆင့်) ဖြစ်ပါတယ်။
ဒီစာရွက်စာတမ်းတွေဟာ လက်ရှိ ရောင်းတဲ့သူဟာ တကယ်ပဲ ပိုင်ဆိုင်ခွင့်ရှိသလား၊ မြေအမျိုးအစားက ဘာလဲဆိုတာကို သက်သေပြနိုင်တဲ့ အထောက်အထားတွေဖြစ်လို့ မဝယ်ခင်မှာ မဖြစ်မနေ စစ်ဆေးရမှာပါ။
စာရွက်စာတမ်း ဗဟုသုတတွေကို 𝐏𝐰𝐚𝐥 မှာ အမြဲလေ့လာနိုင်ပါတယ်။
#အိမ်ခြံမြေအကျိုးဆောင်များ #ဗဟုသုတ
21/04/2026
“စရန်ငွေ မချခင် မဖြစ်မနေ စစ်ဆေးရမယ့် စာချုပ်ပါ အချက်အလက်များ”
အိမ်ခြံမြေ အရောင်းအဝယ်မှာ စရန်ပေးစာချုပ်ဟာ အလွန်အရေးကြီးပါတယ်။ စာချုပ်ထဲမှာ ပစ္စည်းရဲ့ တည်နေရာ အတိအကျ၊ စုစုပေါင်းတန်ဖိုး၊ ကျန်ငွေချေရမည့်ရက် နဲ့ အရှုပ်အရှင်း ကင်းရှင်းကြောင်း ဝန်ခံချက် ပါဝင်ရပါမယ်။
တကယ်လို့ ရောင်းသူဘက်က ပျက်ကွက်ရင် စရန်ငွေ နှစ်ဆပြန်လျော်ရမယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားမှသာ ဝယ်သူဘက်က နစ်နာမှု မရှိမှာ ဖြစ်ပါတယ်။
စာချုပ်စာတမ်း အရှုပ်အရှင်းကင်းတဲ့ Deal တွေ ရရှိဖို့ Pwal ကိုFollow လုပ်ထားဖို့ မမေ့နဲ့နော်.....
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
1006, Yuzana Tower, West Shwegonedine, Bahan Township
Yangon
11201