Train 4 Change Yangon
Life Project 4 Youth is a professional organization that accompanies excluded youth adults towards social and professional integration.
15/09/2026
💼 Upgrade Your Professional Working Place
အလုပ်ခွင်မှာ Professional တစ်ယောက်လို ပြောဆိုဆက်ဆံတတ်ဖို့နဲ့ ကိုယ့်ရဲ့ Attitude & Style ကို ပိုကောင်းလာအောင် ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာ လေ့လာကြမယ်။
ဒီ Training မှာ Business Manners အပြင်
✨ Professional တစ်ယောက်လို Communication ပြောဆိုတတ်ခြင်း
✨ အချင်းချင်း လေးစားမှုရှိရှိ ဆက်ဆံတတ်ခြင်း
✨ အလုပ်ခွင်မှာ Professional ဖြစ်အောင် နေထိုင်ပြုမူတတ်ခြင်း
✨ ကိုယ့်ရဲ့ Attitude နဲ့ Working Style ကို ပိုကောင်းအောင် ပြင်ဆင်တတ်ခြင်း
တွေကို လက်တွေ့ကျကျ လေ့လာနိုင်မှာပါ။
📅 September 29
⏰ 1:00 PM – 3:00 PM
👥 အသက် 18–25 နှစ် လူငယ်များအတွက်
အလုပ်ခွင်မှာ ကိုယ့်ကိုယ်ကို ပိုကောင်းတဲ့ Professional တစ်ယောက်အဖြစ် တည်ဆောက်ချင်တယ်ဆိုရင် ဒီ Training ကို မလွတ်လိုက်နဲ့နော်! 🙌
ပါဝင်သူဦးရေကို အကန့်အသတ်နဲ့ပဲ လက်ခံသွားမှာဖြစ်လို့ အခုပဲ Register လုပ်ထားလိုက်နော်! 💫
https://docs.google.com/forms/d/e/1FAIpQLSdXiWnYl9Lj98K3DJyhaUhknB57TNi2lI5syQuMZ1BYxpzWfA/viewform
Life Project 4 Youth - LP4Y ကိုဘယ်လိုလာရမလဲ မသိတဲ့သူတွေအတွက် လမ်းညွှန် video လေး တင်ပေးထားပါတယ် ရှင်။ အားလုံး အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ် ရှင်။
🌱 လူငယ်တွေရဲ့ အနာဂတ်အတွက် ခြေလှမ်းတစ်လှမ်း - LP4Y Mobilization
လူငယ်တစ်ယောက်ရဲ့ အနာဂတ်ဆိုတာ အခွင့်အရေးတစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုနဲ့ ခြေလှမ်းတစ်လှမ်းကနေလည်း စတင်နိုင်ပါတယ်။ 💙
LP4Y (Life Project for Youth)ရဲ့ Mobilization လှုပ်ရှားမှုကတော့ လူငယ်များအတွက် မိမိကိုယ်ကို ပိုမိုနားလည်လာစေဖို့၊ ကိုယ့်ရဲ့အရည်အချင်းနဲ့ အလားအလာတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ အားပေးပေးတဲ့ အရေးကြီးတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ 🌱
လူငယ်များအနေဖြင့် LP4Y ရဲ့ Programs တွေကနေ၊ Learning Opportunities တွေနဲ့ မိမိတို့ရဲ့ Personal Development, Professional Skills နဲ့ Future Careerအတွက် ရရှိနိုင်မယ့် အခွင့်အလမ်းတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။
ထို့အပြင် LP4Yကလူငယ်တွေအနေဖြင့် ကိုယ့်အိမ်မက်နဲ့ ရည်မှန်းချက်တွေကို ပြန်လည်စဉ်းစားပြီး အနာဂတ်ကို ကိုယ်တိုင်တည်ဆောက်နိုင်ဖို့ ယုံကြည်မှုနဲ့ လှုံ့ဆော်မှုရရှိစေဖို့လည်း ရည်ရွယ်ပါတယ်။ ✨
🌱 Learn. Grow. Believe in Yourself. Build Your Future with LP4Y
🌱 A Step Towards a Brighter Future for Youth – LP4Y Mobilization
A young person’s future can begin with one opportunity, one decision, and one small step. 💙
LP4Y (Life Project for Youth) Mobilization is an important initiative that encourages young people to better understand themselves, discover their strengths, and explore their potential. 🌱
Through LP4Y Programs and Learning Opportunities, youth can learn more about personal development, professional skills, and opportunities that can support their future careers.
Moreover, LP4Y aims to inspire young people to reflect on their dreams and goals, build their confidence, and take an active role in creating their own future. ✨
🌱 Learn. Grow. Believe in Yourself. Build Your Future with LP4Y
&Marketing
မကြာသေးမီက LP4Y Youthတွေအနေနဲ့ Exera Company သို့ Company Visit သွားရောက်ခဲ့ပြီး လက်တွေ့အလုပ်ခွင်အကြောင်းကို လေ့လာခွင့်ရရှိခဲ့ပါတယ်။ 🏢
�
ဒီ Company Visit ကနေတစ်ဆင့် လူငယ်တွေအနေနဲ့
�
💼လုပ်ငန်းခွင်တစ်ခုက ဘယ်လိုလည်ပတ်လဲဆိုတာလေ့လာခွင့်ရခြင်း
👥 Professional တွေရဲ့ အလုပ်လုပ်ပုံတွေကို နားလည်ခြင်း
💬 မေးခွန်းများမေးမြန်းပြီး အတွေ့အကြုံအသစ်များကို သိရှိခဲ့ခြင်း
🎯 ကိုယ့်ရဲ့ Career လမ်းကြောင်းအတွက် အတွေးအမြင်အသစ်များ ရရှိခြင်း
စတဲ့ အကျိုးရှိတဲ့ အတွေ့အကြုံအသစ်တွေကို ရရှိခဲ့ကြပါတယ်။
�
ဒီလို အဓိပ္ပာယ်ရှိတဲ့ Learning Opportunity ကို LP4Y Youthတွေအတွက် မျှဝေပေးခဲ့တဲ့ Exera Companyနဲ့ Team အား အထူးကျေးဇူးတင်ရှိပါတယ်။ 💙
Recently, LP4Y Youths had a Company Visit to Exera Company and had the opportunity to learn about the real workplace. 🏢
�
Through this Company Visit, the youths got a chance to Learn how a workplace works
👥Understand how professionals work and teamwork
💬Ask questions and learn new experiences
🎯Gain new ideas for their career path
�
We are very grateful to Exera Company and the Team for sharing this meaningful Learning Opportunity with LP4Y Youths. 💙
18/08/2026
၁၂ ရက်နေ့တွင် Dayamit Community College မှ လူငယ်များနှင့်အတူ Goal Setting အကြောင်း လေ့လာဆွေးနွေးခဲ့ကြပါတယ်။ ကိုယ့်ဘဝမှာ ဘာကိုလိုချင်တာလဲ၊ ဘယ်နေရာကို ရောက်ချင်တာလဲဆိုတာ သိရှိထားဖို့နဲ့ ကိုယ်သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေအတွက် လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ကြောင်းကို မျှဝေပေးခဲ့ပါတယ်။
Goal တစ်ခုကို သတ်မှတ်ပြီးရုံနဲ့ မပြီးဘဲ အဲ့ဒီ Goal ကို ရောက်ရှိဖို့ ကိုယ်တိုင်ကြိုးစားပြီး ဆက်လက်လုပ်ဆောင်သွားဖို့ အရေးကြီးကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီ Training ကနေ လူငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေအပေါ် ပိုမိုရှင်းလင်းတဲ့ အမြင်တွေ ရရှိခဲ့ကြပါတယ်။ ✨
English
On the 12th, we conducted a Community Training with young people at Dayamit Community college, focusing on Goal Setting. We discussed the importance of knowing what we want in life, where we want to go, and taking practical steps toward the goals we set for ourselves.
We also discussed that simply setting a goal is not enough; we need to take action, keep trying, and continue working toward achieving it. Through this training, the young people gained a clearer perspective on their future goals and aspirations. ✨
# FYP
🌱 ကိုယ့်ရဲ့ Personal Values တွေကို ရှာဖွေခြင်း
�
မကြာသေးမီက LP4Y Youthတွေအနေနဲ့ANANTY Myanmarမှ Trainer က ဦးဆောင်ပေးတဲ့ **Personal Values** နဲ့ပတ်သက်တဲ့ အကျိုးရှိပြီး စိတ်ဝင်စားဖွယ်ရာ Session တစ်ခုကို ပါဝင်လေ့လာခွင့် ရရှိခဲ့ပါတယ်။ 💭
�
ဒီ Session ကနေတစ်ဆင့် လူငယ်တွေအနေနဲ့ **ကိုယ်ဘယ်သူလဲ၊ ကိုယ်ဘာတွေကို တန်ဖိုးထားလဲ၊ ကိုယ့်ဘဝမှာ ဘာတွေက တကယ်အရေးကြီးလဲ** ဆိုတာတွေကို ပြန်လည်စဉ်းစားပြီး ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာနိုင်ခဲ့ပါတယ်။
�
ဆွေးနွေးမှုတွေနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကနေတစ်ဆင့် Personal Values တွေက—
�
✨ **ဆုံးဖြတ်ချက်ချတဲ့အခါ**
🤝 **တခြားသူတွေနဲ့ ဆက်ဆံရေးတည်ဆောက်တဲ့အခါ**
🎯 **ရည်မှန်းချက်တွေ ချမှတ်တဲ့အခါ**
💪 **အခက်အခဲတွေကို ရင်ဆိုင်တဲ့အခါ**
🌱 **ကိုယ်ပိုင်ဘဝနဲ့ အလုပ်အကိုင်ပိုင်းမှာ တိုးတက်လာတဲ့အခါ
�
ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို သိရှိလာခဲ့ကြပါတယ်။
�
ကိုယ့်ရဲ့ Personal Values တွေကို နားလည်ခြင်းဟာ ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာဖို့အတွက် အရေးကြီးတဲ့ ပထမခြေလှမ်းတစ်ခု ဖြစ်ပါတယ်။🌱
�
ဒီလို အကျိုးရှိတဲ့ လေ့လာသင်ယူခွင့်နဲ့ အတွေ့အကြုံကောင်းတွေကို လူငယ်တွေအတွက် မျှဝေပေးခဲ့တဲ့ Avanty Myanmar မှ Trainer အား အထူးကျေးဇူးတင်ရှိပါတယ်။ 💙
🌱 Discovering Our Personal Values
Recently, our **LP4Y Youth** had the opportunity to participate in an engaging and meaningful session on **Personal Values**, facilitated by a trainer from **Avanty Myanmar**. 💭
Through this session, our youth had the chance to reflect on **who they are, what they value, and what truly matters in their lives**, helping them gain a deeper understanding of themselves.
Through discussions and practical activities, they explored how personal values play an important role in:
✨ **Making decisions**
🤝 **Building relationships with others**
🎯 **Setting goals**
💪 **Facing challenges**
🌱 **Growing personally and professionally**
Understanding our personal values is an important first step toward developing greater **self-awareness and a stronger sense of purpose.** 🌱
We would like to express our sincere gratitude to the **Avanty Myanmar trainer** for sharing valuable knowledge, insights, and meaningful learning experience with our youth.💙
Myanmar
Happy International Youth Day🥳🎉
မနေ့က International Youth Day အထိမ်းအမှတ်အနေနဲ့ကျွန်တော်တို့ရဲ့လူငယ်တွေကိုယ်တိုင်ပါဝင်ရိုက်ကူးထားတဲ့ Video လေးကိုမျှဝေပေးလိုက်ပါတယ်🤗 လူငယ်တွေဟာမတူညီတဲ့နောက်ခံတွေ၊အတွေ့အကြုံတွေနဲ့ရည်မှန်းချက်တွေရှိကြပေမယ့်ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုဖန်တီးချင်တဲ့စိတ်ကူးနဲ့ရည်မှန်းချက်တွေကတူညီကြပါတယ်ဒီ video လေးကနေတစ်ဆင့်လူငယ်တွေရဲ့အသံ၊အိမ်မက်တွေနဲ့အနာဂတ်အတွက်မျှော်လင့်ချက်တွေကိုမျှဝေလိုက်ပါတယ်။အတူတကွပိုမိုကောင်းမွန်တဲ့မနက်ဖြန်ကိုဖန်တီးကြစို့💪💪💪💪🤍🤍🤍
Happy International Youth Day 🥳🎉
Yesterday, in celebration of International Youth Day, we would like to share a video featuring our young people. 🤗 Although young people come from different backgrounds and have different experiences and goals, we share the same vision and aspiration of creating a better future.
Through this video, we would like to share the voices, dreams, and hopes of young people for the future. Let’s work together to create a better tomorrow! 💪💪💪🤍🤍🤍
12/08/2026
၁၂ ရက်နေ့မှာ ကျရောက်တဲ့ International Youth Day ကို ဂုဏ်ပြုကြိုဆိုပါတယ်။ 💚
လူငယ်ဆိုတာ အနာဂတ်ကို စောင့်မျှော်နေတဲ့သူတွေမဟုတ်ဘဲ အနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ မတူညီတဲ့ အတွေ့အကြုံတွေနဲ့ အမြင်တွေရှိကြပေမယ့် ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်အတွက် အတူတကွ ရည်မှန်းချက်ထားပြီး ကြိုးစားနိုင်ကြပါတယ်။
ဒီနေ့မှာ လူငယ်တွေရဲ့ အိပ်မက်တွေကို ယုံကြည်ဖို့၊ ကိုယ့်ရဲ့အသံကို ရဲရဲပြောဖို့နဲ့ အပြောင်းအလဲကောင်းတွေကို ကိုယ်တိုင်စတင်ဖန်တီးဖို့ အားပေးချင်ပါတယ်။
ဒီတစ်ပတ်ထဲမှာလည်းအောင်ဇေယျာမင်းဘုန်းကြီးကျောင်းကိုဒုတိယအကြိမ် community training သွားပေးခဲ့ပါတယ်။ဒီတစ်ခေါက်မှာလည်းကလေးတွေနဲ့အတူတူကောင်းတဲ့အလေ့အကျင့်တွေကို english လိုဘယ်လိုမျိုးပြောရမလဲဆိုတာတွေကို "Thank You" ကိုဘယ်လိုအချိန်တွေမှာပြောရမယ်။ "Sorry" ကိုဘယ်လိုအချိန်တွေမှာပြောရမယ်ဆိုတာတွေကို Activity လေးတွေနဲ့လေ့လာသင်ယူခဲ့ကြတယ်။နောက်ပြီး English စာလုံးအသံထွက် (Phonics) များကိုလွယ်လွယ်ကူကူနဲ့စိတ်ဝင်စားဖွယ်ဖြစ်အောင်သင်ယူခဲ့ကြပါတယ်။
This week, we also went to Aung Zay Yar Min Monastery for our second Community Training. This time, together with the children, we learned how to talk about good manners in English, such as when to say “Thank You” and when to say “Sorry,” through some activities. We also learned English letter sounds (Phonics) in an easy and interesting way.
05/08/2026
30.7.2026ရက်နေ့တွင် Thant Myanmar မှ လာရောက်ပြီး ပလတ်စတစ်အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများအကြောင်း Training ပေးခဲ့ပါတယ်။
Training အတွင်းမှာ ပလတ်စတစ်တွေကို အလွန်အကျွံအသုံးပြုခြင်းကြောင့် မြေ၊ ရေနဲ့ သဘာဝပတ်ဝန်းကျင်တွေ ညစ်ညမ်းလာနိုင်ပုံ၊ ပလတ်စတစ်အမှိုက်တွေ စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာများ အကြောင်းကို လေ့လာခဲ့ရပါတယ်။
ဒါ့အပြင် နေ့စဉ်ဘဝမှာ ပလတ်စတစ်အသုံးပြုမှုကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို ရွေးချယ်အသုံးပြုခြင်းနဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ခြင်းတို့က ပတ်ဝန်းကျင်ကို ကာကွယ်ရာမှာ ဘယ်လောက်အရေးကြီးလဲဆိုတာကိုလည်း သိရှိခဲ့ရပါတယ်။
Category
Website
Address
Yangon
Opening Hours
| Monday | 08:45 - 16:30 |
| Tuesday | 08:45 - 16:30 |
| Wednesday | 08:45 - 16:30 |
| Thursday | 08:45 - 16:30 |
| Friday | 08:45 - 16:30 |