Sunday Journal

Sunday Journal

Share

Sunday is ready to make your heart happy and fulfil what you want to know

21/09/2026

# #"ဘယ်မှာလဲ ပါးချိုင့်.. သရုပ်ဆောင်ပေးတဲ့ နော်ဖောမှာလည်း မပါသလို၊ ချစ်သူဖြစ်တဲ့ မဝါဆိုမှာလည်း မပါဘူးလေ..">> ဖြိုးလေး ရဲ့ ပါးချိုင့် ကိစ္စကို ဖော်ထုတ်လိုက်တဲ့ .. နော်ဖောအယ်ထား နဲ့ ဝါဆိုမိုးဦး ..။
>>
#အမွေ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့နော်ဖောအယ်ထား နဲ့ ဝါဆိုမိုးဦး တို့ကို အခုလို မေးမြန်းခဲ့တာဖြစ်ပါတယ်..။

21/09/2026

အနယ်နယ်အရပ်ရပ်ကလူငယ်မျိုးဆက်သစ် မြန်မာ့လက်ဝှေ့ကျော်တွေ အကြိတ်အနယ်၊ အပြိုင်အဆိုင် ယှဉ်ပြိုင်ခဲ့ကြတဲ့ .. Royal-D ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ ၂၀၂၆ ပွဲစဉ်များအောင်မြင်စွာ ကျင်းပခဲ့
>>
အားကစားရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲချုပ်တို့ က ကြီးမှူးပြီး Sai Zaw Zaw Group ၏ စီစဉ်မှုဖြင့် “Royal-D ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ ၂၀၂၆” ကို ရန်ကုန်မြို့ရှိ ၊ သိမ်ဖြူရိုးရာလက်ဝှေ့ရုံ၌ ယနေ့စက်တင်ဘာလ ၂၀ရက်နေ့တွင် ဗိုလ်လုပွဲအဖြစ်ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့တာဖြစ်ပါတယ်..။
Royal D ရွှေခါးပတ်ချန်ပီယံဗိုလ်လုပွဲကို ပွဲစဉ်၆ပွဲ ယှဉ်ပြိုင်သူ၁၂ယောက်ဖြစ်ကျင်းပခဲ့ရာ ချန်ပီယံ၆ဦးပေါ်ထွက်ခဲ့တာဖြစ်ပါတယ်..။ ဝိတ်တန်းအလိုက် ပထမဆု ရွှေခါးပတ်၊ ဒုတိယဒိုင်းဆု ၊ အကောင်းဆုံးကစားသမားဆုစသဖြင့် အသီးသီး ရွေးချယ် ချီးမြင့်ခဲ့ကြောင်း သိရပါတယ်..။
Royal D ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲကြီး ကို လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေရဲ့လက်ခုပ်သံတွေ အထူးစည်ကားခဲ့ပြီး ရင်ခုန်စရာကောင်းလှတဲ့ ..ချန်ပီယံလုပွဲကြီး ရဲ့ ပုံရိပ်တွေကို အခုလို ပြန်လည်မျှဝေလိုက်ရပါတယ်..။

D ရွှေခါးပါတ် ချန်ပီယံ ဗိုလ်လုပွဲကြီး #တို့အောင်လံ #လက်ဝှေ့ #ရွှေခါးပတ်ချန်ပီယံ #ရွိုင်ရယ်ဒီရွှေခါးပတ်ချန်ပီယံဗိုလ်လုပွဲကြီး၂၀၂၆

21/09/2026

# #"သူ့ကို ကင်မရာထောင်လိုက်တာနဲ့ ထွက်ပြေးတော့တာပါပဲ။ သူ့type မဟုတ်တော့ အတင်းအကျပ်ကြီး မလုပ်ချင်ဘူးလေ..။ သူ့ကိုလည်းချစ်ပေးကြပါ..။ ပြောမယ့်သာပြောရတာ သူကကိုယ့်ထက်ပိုပြီး အချစ်ခံရပါတယ်..ကိုယ့်ကိုသာ မုန်းတဲ့လူ ရှိမှာလေ.. ">>ဆိုတဲ့ .. ချစ်သူလေးနဲ့ အတူတူ စုံတွဲ တက်ရောက်လာခဲ့ပြီး အမွေတောင်းဖို့လာခဲ့တဲ့ .. မေမီကိုကို

#အမွေရုပ်ရှင်ဇာတ်ကားကြီး

Photos from Sunday Journal's post 21/09/2026

အမွေရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲ Premier Show ကိုတက်ရောက်လာကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေ...။

#အမွေ

21/09/2026

#အမွေ ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံး သရုပ်ဆောင်ခွင့်ရ တဲ့အပြင် အကယ်ဒမီများရှင် နေတိုး နဲ့ အတူ တွဲဖက်ရိုက်ကူးခွင့်ရလို့ .. ပြောစရာ စကားမရှိအောင် ဝမ်းသာပီတိဖြစ်ခဲ့ရတယ် ဆိုတဲ့ အစီအစဉ်တင်ဆက်သူ ဇင်အောင်..။

#"အမွေဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူ့နေရာနဲ့သူ အကုန်လုံးအဆင်ပြေပြေနဲ့အကောင်းဆုံးကြိုးစား ခဲ့တာပါ..">>ဆိုတဲ့ နေတိုး
>>
"ကျွန်တော့်ရဲ့ ပွဲဦးထွက်ဇာတ်ကားလေးမို့ .. ဘယ်လို ပျော်ရွှင်နေလဲဆိုတာ မသိအောင်ပါပဲ။ အစ်ကို့ကိုလည်း ဘယ်လို စကားလုံးတွေနဲ့ ကျေးဇူးတင်ရမှန်းမသိအောင်ဖြစ်ရတယ်..။ ကျွန်တော့် အစ်ကို့ရဲ့ စကားလေး တစ်ခွန်းတည်းနဲ့ နေပြည်တော်မှာ ရောက်ရောက်ချင်းဇာတ်ဝင်ခန်းတွေအကုန်လုံးကို အခက်အခဲမရှိလုပ်နိုင်ခဲ့တာပါ "

#အမွေရုပ်ရှင်ဇာတ်ကားကြီး

21/09/2026

Apple Authorized Reseller XtraSure က ပဲခူးမြို့ရှိ “ရင်ခွင်မဲ့သူများ ဆုံဆည်းရာ” ဘက်စုံလူငယ်ဖွံဖြိုးရေးကျောင်းသို့ ကျပ် (၁၂၂) သိန်းတန်ဖိုးရှိ ကျောင်းပစ္စည်းအသုံးအဆောင်များနှင့် သင်ထောက်ကူပစ္စည်းများလှူဒါန်း
>>
Apple Authorized Reseller ဖြစ်တဲ့ XtraSure က ပဲခူးမြို့ရှိ “ရင်ခွင်မဲ့သူများ ဆုံဆည်းရာ” ဘက်စုံလူငယ်ဖွံဖြိုးရေးကျောင်းသို့ ကျပ် (၁၂၂) သိန်းတန်ဖိုးရှိ ကျောင်းပစ္စည်းအသုံးအဆောင်များနှင့် သင်ထောက်ကူပစ္စည်းများကို စက်တင်ဘာလ (၁၅) ရက်နေ့မှာ သုံးစွဲသူ customer များနဲ့အတူ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ကျောင်းသားလူငယ်စုစုပေါင်း (၁၆၇) ဦး အတွက် ပညာဆက်လက်ကြိုးစားသင်ယူလိုစိတ်နဲ့ ယုံကြည်မှုအပြည့်ဖြင့်အနာဂတ်မှာ အရည်အချင်း ပြည့်ဝတဲ့ မျိုးဆက်သစ်လူငယ်တွေ ဖြစ်ပေါ်လာစေရန် XtraSure မှ ကောင်းသောနေ့များဆီသို CSR လူမှုအကျိုးပြုအစီအစဉ်ရဲ့ ပညာရေးကဏ္ဍအောက်မှ ဆောင်ရွက်ခဲ့ပြီး သုံးစွဲသူ customer များပါ ကိုယ်တိုင်ကိုယ်ကျ ထည့်ဝင်လှူဒါန်းရင်း လူမှုအကျိုးပြုလုပ်ငန်းတွင် အတူတူပါဝင်ခဲ့တာဖြစ်ပါတယ်..။

"အခုလို XtraSure နဲ့ Customer တွေ ပူးပေါင်းပြီး လှူဒါန်းပေးတဲ့အတွက် ကလေးတွေလိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်ရုံသာမက သူတိုရဲ့ ဆက်လက်ကြိုးစားသင်ယူလိုတဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကိုလည်း အားဖြည့်ပေးရာရောက်ပါတယ်။ အထူးသဖြင့် Customer တွေ ကိုယ်တိုင် ပါဝင်လာရောက်ပြီး ကလေးတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပေးတာဟာ ကလေးတွေအတွက် ပိုမိုနွေးထွေးတဲ့ အမှတ်တရတစ်ခု ဖြစ်စေခဲ့ပါတယ်” လို ဆရာတော် ဦးကုသလမှ မိန့်ကြားခဲ့ပါတယ် ..။
XtraSureရဲ့ ကနဦးမတည်ငွေ သိန်း (၁၀၀) ကျပ်နှင့်အတူ ဝန်ထမ်းများနှင့် customer များထံမှ ပြန်လည်လှူဒါန်းတဲ့ Sure Benefits point တွေကို မြန်မာကျပ်ငွေအဖြစ်ပြောင်းလဲပြီး ရရှိလာတဲ့ တန်ဖိုးငွေ ကိုပြန်လည်ဒါန်းခဲ့ခြင်းလည်းဖြစ်ပါတယ်။

XtraSure ရဲ့ Spokesperson ဖြစ်သူ ကိုထွန်းမြင့်ဇော် ကလည်း “Responsible Business တစ်ခုအနေနဲ့ လူမှုအကျိုးပြု CSR လုပ်ငန်းတွေကို ကဏ္ဍကြီး ၃ ရပ်ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး အပိုင်းတွေမှာ အားအင်အပြည့်လုပ်ဆောင်နေချိန်မှာ သုံးစွဲသူ customer တွေကိုလည်း ဒီလိုအကျိုးရှိတဲ့ လုပ်ဆောင်ချက်တွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်စေချင့်ခဲ့ပါတယ်။ ဒီနေ့ဆိုရင် ကလေးတွေအတွက် ဆုတောင်းစာလွှာလေးတွေနဲ့အတူ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးတာတွေ မြင်ရတာ တကယ်ကြည်နူးစရာပါ။ XtraSure ရဲ့ “ကောင်းသောနေ့များဆီသို” CSR လူမှုအကျိုးပြုအစီအစဉ်ရဲ့ ရည်ရွယ်ချက်အတိုင်း အမှန်တကယ် အထောက်အပံ့လိုအပ်နေတဲ့ ကျောင်းသား၊ကျောင်းသူ လူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်းတွေ ပိုမိုကောင်းမွန်လာစေဖို စာသင်ခုံတွေ၊ သင်ထောက်ကူပစ္စည်းတွေကို လှူဒါန်းပေးအပ်နိုင်ခဲ့တာကြောင့် ကလေးတွေအနေနဲ့လည်း စာတွေကို ဆက်လက်ကြိုးစားသင်ယူလိုစိတ်နဲ့ ယုံကြည်မှုတွေတိုးတက်လာပြီး အနာဂတ်မှာ အရည်အချင်း ပြည့်ဝတဲ့ မျိုးဆက်သစ်လူငယ်တွေ ပိုမိုပေါ်ထွက်လာနိုင်ဖို အထောက်အပံ့ကောင်းတွေ ဖြစ်စေခဲ့ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။
“ကောင်းသောနေ့များဆီသို” သည် XtraSure ရဲ့ လူမှုအကျိုးပြု CSR အစီအစဉ်တစ်ခုဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးကဏ္ဍများမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုက်အဝန်းများအတွက် ပိုကောင်းမွန်သော နေ့စဉ်လူမှုဘဝများအား ဆက်လက်ဖော်ဆောင်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်..။

21/09/2026

''နောက်ကိုလည်း မင်းသားခေါင်းပေါင်း ပေါင်းပြီး ကဖို့အစီအစဉ်မရှိတော့ပါဘူး။ ဆန်းမင်းပွဲမို့ .. ကပေးခဲ့တာပါ ..။ ဒါပေမဲ့ ကျွန်တော်က ရွှေမန်းမျိုးဆက်ဖြစ်နေတော့ ဆန်းမင်းတို့ ဦးချမ်းသာတို့က ဇာတ်သဘင်နဲ့ပတ်သက်တဲ့အစီ အစဉ်တွေရှိလာခဲ့ရင် အကြောင်းတိုက်ဆိုင်ရင်ကျွန်တော် မင်းသားဝတ်စုံပြန်ဝတ်ဖြစ်မှာပါ'' >> ကျော်ကျော်ဗိုလ်

''ကျွန်တော်တို့ရွှေမန်းနဲ့ပတ်သက်လာရင်တော့ ညီအစ်ကိုတွေကဆုံပြီးသားပါ။ ပွဲမဖြစ်လည်း အမြဲတမ်းဆုံဖြစ်ပါတယ်။ ရွှေမန်းအတွက် မျိုးဆက်သစ်မင်းသားတွေလည်း ရွေးချယ်သွားမှာပါ။ အဲဒီအတွက်လည်း ဦးချမ်းသာတို့ ကိုကြံ့တို့က ဒိုင်အနေနဲ့ပါဝင်မှာပါ'' >> တင်မောင်ဆန်းမင်းဝင်း

21/09/2026

#ကျွန်တော်တို့တုန်းက ကင်မရာမန်းတွေက ဒေါသကြီးတယ်။ တစ်ခါနှစ်ခါပြောမရရင် ဖိနပ်နဲ့ကောက်ပစ်တာလေ။ ပြီးတော့ ကျွန်တော်က ဇာတ်သဘင်ကလာတာဆိုတော့ ရုပ်ရှင်နဲ့ကဝေးတယ်။ ရုပ်ရှင်မပြောနဲ့မဂ္ဂဇင်းမှာပုံလေးပါဖို့တောင် မလွယ်ဘူး။ ကိုယ့်မှာခင်ရာမင်ရာလေးတွေကို ပါပါရစေဆိုပြီးပြောရတာလေ။ ရုပ်ရှင်ထဲမှာ 'ဟုတ်ကဲ့' တစ်ခွန်းလေးပြောခွင့်ရရင် တော်တော်ပျော်နေပြီလေ။ အခုခေတ်ကလေးတွေက သိပ်အလေးအနက်မထားတာတွေ့ရတော့ ငါတို့ခေတ်နဲ့ကွာလိုက်တာလို့ တွေးမိတယ်။ အခုကတော့ ပလက်ဖောင်းတွေအရမ်းများလာတယ်လေ ပလက်ဖောင်းတွေများတော့ ဈေးသည်တွေများလာတာပေ့ါ'' >> ခင်လှိုင်

21/09/2026

#ဒရမ်တီးတာနဲ့ စကားပြောတတ်တာက အတူတူလောက်ပဲ။ စကားပြောတာကနည်းနည်းပဲစောတာ ငယ်ငယ်ကတည်း တီးခဲ့တာပါ။ အရင်ကတည်းကပဲ ပါပါးနဲ့ပဲ တီးသလို အခုလည်းပါပါးနဲ့ပဲတီးတယ်။ ကျွန်တော်က ပါပါးလို့ပဲခေါ်တော့ ကျန်တဲ့သူတွေကလည်းပါပါးနဲ့ အခုတစ်နိုင်ငံလုံး ပါပါးလို့ ခေါ်ကုန်ကြတယ်။ မင်းသားဘုံဘုံရယ်လို့တော့မဟုတ်ပါဘူး ကိုယ်ကြိုက်တဲ့ကာရိုက်တာနဲ့ ကွက်တိဖြစ်သွားလို့ပါ။ အဆင်ပြေရင်တော့ဇာတ်ကားတွေထပ်ရိုက်ဖြစ်မှာပေ့ါ။ ဒရမ်ကတော့ ဆက်တီးနေဦးမှာပါ'' ဆိုတဲ့ >> ဘုံဘုံ

21/09/2026

"မမက ကိုဗ-စ် တတိယလှိုင်းမှာ ပိုပြီး သံဝေဂ ရခဲ့တာလေ..။ကိုယ် မ ေ-သလို့ ကျန်ခဲ့ရတာကိုး ။ မမ ကိုယ်ရှင်သန်နေသမျှ ကာလပတ်လုံးကို အားလုံးအတွက် မေတ္တာဘာဝနာ ပွားများပြီးနေတော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်..။နောက်တစ်ချိန်မှာ သာသနာ့ဝန်ထမ်းအဖြစ်နဲ့ပဲ နေဖို့လည်း တွေးထားတယ် ။ နှစ်တိုင်း လုပ်နေကျ အဘ အောင်မင်းခေါင်ကြီးရဲ့ ထွက်ပွဲမှာလည်း မမတို့ အလှူတွေပြုလုပ်ဦးမှာပါ .. ">>ဆိုတဲ့ .. စိုးစန္ဒာထွန်း ..။
>>
စောင်း ဦးဘသန်း ၁၁၃ နှစ်ပြည့် ဂီတပွဲတော် မိတ်ဆက်ပွဲမှာ တက်ရောက်လာခဲ့တဲ့ စိုးစန္ဒာထွန်း ကို အခုလို မေးမြန်းခဲ့တာပါ..။

Telephone

Address


YaeKyaw Street, Pazundaung
Yangon
11211

Alerts

Be the first to know and let us send you an email when Sunday Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.