SA Personal & Business Development Program
ကိုယ်ရည်ကိုယ်သွေးနှင့် စီးပွါးရေးအ
06/02/2021
ကျွန်တော်သည် SA Personal & Business Development Program ရဲ့ Founder တစ်ဦးဖြစ်ပါသည်။
ကျွန်တော်သည် အစိုးရဝန်ထမ်း
မဟုတ်သော်လည်း Civil Disobedience လုပ်ကြသော
ပြည်သူ့၀န်ထမ်း သူငယ်ချင်း ညီအစ်ကိုမောင်နှမများနှင့်အတူ ရပ်တည်သွားပါမည်။
စစ်အာဏာရှင် စနစ် မုချ ကျဆုံးပါစေ။
ဝန်ထမ်းများ
စားဝတ်နေရေးအခက်အခဲရှိလျှင်ပြည်သူတွေအချင်းချင်းဖေးမပါမည်။
ဘိုရူး
[Online-Intensive English Training]
[For beginner]
*****************************************
#ဘိုရူးသင်တန်းကိုမှဘာကြောင့်တက်သင့်လဲ?
(1)Messenger မှ Video File ပို့ပြီးသင်ခြင်းမျိုးမဟုတ်ပဲ သင်တန်းနည်းပြ၊ သင်တန်းသားများနှင့်တကွ Zoom ဖြင့် Live သင်ကြားပေးခြင်း။
(2)Cambridge မှသင်ရိုးတစ်ချို့၊ ကိုယ်ပိုင်သင်ရိုးနှင့်၊ နည်းပညာ ဆော့ဖ်ဝဲလ် များသုံးပြီးသင်ကြားပေးခြင်း။
(3)သမရိုးကျ သင်ကြားနည်းမှခွဲထွက်၍ သီချင်း၊ Video အသံသရုပ်ဆောင်ခြင်းများဖြင့်သင်ကြားပေးခြင်း။
(4)စကားပြောကို အသားပေးသင်ကြားပေးမှာဖြစ်သလို၊ နားထောင်စွမ်းရည်၊ နှင့်လုပ်ငန်းပိုင်းမှာပြန်လည်အသုံးချနိုင်သော Business English ကိုလည်းထည့်သွင်းသင်ကြားပေးပါမယ်။
(5)Presentation တင်ဆက်ခြင်း၊ Debate စကားရည်လုပြောနည်းများကိုလည်းလေ့လာရပါမယ်။
(6)အိမ်စာ၊ Assignment များလိုက်လုပ်ရမည်ဖြစ်ပြီး တစ်ဦးချင်းအားလေ့လာအကဲဖြတ်ပေးသွားပါမယ်။
(7)အတန်းမှန်မှန်တက်ပြီးစာလိုက်လုပ်ရဲ့သားနဲ့ တိုးတက်မှုမရှိဘူးဟုထင်လျှင် သင်တန်းကြေးအားလုံးကို ပြန်လည်ပေးအပ်သွားပါမယ်။
*****************************************
#ဘိုရူးသင်တန်းကိုလက်ရှိတွင်
ရန်ကုန်၊ ရှမ်း၊ မွန်၊ တနင်္သာရီ၊ မြိတ်၊ ဧရာဝတီ၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ ရခိုင်၊ ပဲခူး စသော
ပြည်နယ်နှင့်တိုင်းများမှ
သင်တန်းသား အယောက် ၃၀၀ ဝန်းကျင်
တက်ရောက်လျက်ရှိပါတယ်။
*******************************************
#ဘယ်သူသင်ပေးမှာလဲ?
သင်ကြားပေးမည့်သူမှာ SA Personal & Business Development ရဲ့
Founder ဖြစ်သူ
Jack Phyo Wai Lin (ကိုဂျက်) နှင့်
[ယခု Video တွင်ပြောထားသူ]
English Instructor ဖြစ်သူ
Mehm Kyi Khala (ကိုကြည်)
တို့ပဲဖြစ်ပါတယ်။
ကိုကြည်နှင့်ကိုဂျက်သည် အင်္ဂလိပ်စကားပြောဆိုဆက်ဆံရသော
နိုင်ငံခြား အလုပ်အကိုင်များနဲ့ အဖွဲ့အစည်းများတွင် ကျင်လည်ခဲ့သည်မှာ ၁၀ စုနှစ်တစ်ခုနီးပါးပင်ရှိလာပြီဖြစ်သလို၊
သင်ကြားရေးနယ်ပယ်တွင်တွင် ၅ နှစ်ကျော်ဖြတ်သန်းကာ သင်တန်းသား ထောင်ချီအားသင်ကြားပို့ချခဲ့ပြီးပြီဖြစ်သည်။
*******************************************
February လမှာ အတန်းသစ်တွေဖွင့်ပါမယ်။
တစ်တန်းလျင် ၄၀ ယောက်သာ
ကန့်သတ်လက်ခံပါမည်။
#အချိန်စာရင်း
ဘိုရူးတန်းခွဲ-(A)
၂ လပိုင်း ၆ ရက်နေ့စမည်။
-စနေ-တနင်္ဂနွေ-တနင်္လာ
-ည ၇ နာရီမှ ၉ နာရီ အထိ။(တနေ့ ၂ နာရီ)
ဘိုရူးတန်းခွဲ-(B)
၂ လပိုင်း ၂ ရက်နေ့စမည်။
-အင်္ဂါ-ဗုဒ္ဓဟူး-ကြာသာပတေး
-ည ၇ နာရီမှ ၉ နာရီ အထိ။(တနေ့ ၂ နာရီ)
☎️ 09761121175 / 09421824774
*******************************************
#သင်တန်းကြေးနှင့် #ကံစမ်းမဲအစီအစဉ်
#ပုံမှန်သင်တန်းကြေး
- တစ်လ ၅ သောင်းကျပ်ဖြင့်
- ၃ လစာ ၁ သိန်းခွဲကျပ်
သင်တန်းကြေး
*အစောဆုံးအပ်သူ ၁၀ ယောက်အတွက်
- တစ်လ ၃ သောင်း၃ထောင်ကျော်ဖြင့်
- ၃ လစာ ၁ သိန်းကျပ်
(၁ လပိုင်း ၃၀ ရက်နေ့အထိသာ)
#ကံစမ်းမဲအစီအစဉ်
(၂ ယောက်စာ Scholar ပေးမည့်အစီအစဉ်)
(1)Page အား Like ပါ။
(2)သူငယ်ချင်း ၂ ယောက်အား ယခု Post အောက်တွင် Mention ခေါ်ပါ။
(3)ယခု Post အား Public ဖြင့်ရှယ်၍ screenshot အား CB သို့ မိမိဖုန်းနံပါတ်နှင့်တကွ ပို့ပေးပါ။
သင်တန်းမစခင် ၃ ရက်ဖုန်းဆက်အကြောင်းကြားပေးပါမယ်။
*******************************************
အောက်ပါ အကောင့်များမှတဆင့် သင်တန်းကြေးပေးသွင်းနိုင်ပါတယ်။
Wave Pay Account:
09795674804
KBZ Bank: 999 3070 91011 38801
Name: U Phyo Wai Lin
KBZ Pay: 095321314
Name: Jack
AYA Bank: 0117 2010 1007 0814
Name: U Phyo Wai Lin
Member ဝင်များအားလုံးအတွက် SA Persoanl & Business Development Program မှ စီစဥ်ထားသော ပွဲများနှင့် အခွင့်အလမ်းများအားလုံးကို ဦးစားပေးခံစားခွင့်များရရှိသွားမည်ဖြစ်ပါတယ်။
*******************************************
ဘိုရူးအားလုံးကို လှိုက်လဲစွာကြိုဆိုပါတယ်။
SA Team
#ဘိုရူး
13/01/2021
ကရင်နှစ်သစ်ကူးနေ့အားဂုဏ်ပြုကြိုဆိုသောအားဖြင့်
"ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံ " ကိုမျှဝေလိုက်ပါသည်။
ကရင်လူမျိုးတို့၏ သမိုင်းဝင်နှစ်သစ်ကူးနေ့အကြောင်းကို ရေးသားဖော်ပြရာတွင် "ဒေါကလု"ခေါ် ကရင်အမျိုးသားအစည်းအရုံး(Karen National Assoiation)အကြောင်းမပါ မပြီးသလောက် အရေးကြီးလှပေသည်။
"ဒေါကလု"သည် မြန်မာနိုင်ငံရေး အစည်းအရုံးများ မပေါ်ပေါက်မီ ၁၈၈၁ ခုနှစ်ကစ၍
ဒေါက်တာတီသံပြာ၊ ဦးလူနီ(ဆစ်ဒနီလူနီ၏ဖခင်)၊
ဒေါက်တာမြတ်စံ၊ ဦးစံလုံးနှင့် အခြားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများက တည်ထောင်ခဲ့သော အစည်းအရုံးကြီးဖြစ်သည်။
အိန္ဒိယကွန်ကရက်(India Congress)သည် "ဒေါကလု"အသင်းကြီးရှိပြီး နှစ်နှစ်အကြာ ၁၈၈၃ ခုနှစ်၌ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒေါက်တာတီသံပြာ(M.A.D.D.)သည် "ဒေါကလု"၏ ပထမဦးဆုံး ဥက္ကဋ္ဌဖြစ်၍ စောဘမောင်(Bar-at-Law)သည် အင်္ဂလိပ်များ မြန်မာပြည်မှ ဆုတ်ခွာသွားသည်အထိ နောက်ဆုံး ဥက္ကဋ္ဌတစ်ဦး ဖြစ်၏။
ကရင်အမျိုးသား အခွင့်အရေးဟူသမျှ တို့သည် "ဒေါကလု"၏ ကြိုးပမ်းဆောင်ရွက်မှုချည်းသာ ဖြစ်ခဲ့လေသည်။
ကရင်အမျိုးသား ခေါင်းဆောင်ကြီးများသည် ကရင်တစ်မျိုးသားလုံး၏ သမိုင်းဝင်နေ့ ရရှိရန်အတွက် ပထမတွင် ကရင်အမျိးသားနေ့(Karen National Day)ကို တင်သွင်းတောင်းဆိုချက်ကို အင်္ဂလိပ်အစိုးရက လက်ခံခွင့်ပြုခြင်းမရှိဘဲ အဆိုပါနေ့အစား အခြားနေ့တစ်နေ့ကို ဆက်လက်ထပ်မံတင်သွင်းပါရန် ပြန်လည်အဆိုပြုခဲ့သည်။
ကရင်အမျိုးသား ခေါင်းဆောင်ကြီးများက သမိုင်းဝင်နေ့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြရာတွင်
"ကရင်နှစ်သစ်ကူးနေ့" (Karen New year Day)ကို တောင်းဆိုတင်သွင်းရန် သဘောတူညီခဲ့ကြသည်။
ထိုအချိန်၌ ကရင်အမျိုးသားတို့သည် နှစ်သစ်ကူးနှင့်ပတ်သက်၍ ကျင်းပခဲ့ကြသောနေ့၊ ရက်၊ လများသည် ဒေသတစ်ခုနှင့်တစ်ခု တူညီမှုမရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
တောင်ပေါ်ဒေသတွင် နေထိုင်သော ကရင်အမျိုးသားအချို့သည် တောင်ယာလုပ်ငန်း ပြီးဆုံးလျှင် ရိုးရာအရိုးကောက်ပွဲများကျင်းပပြုလုပ်ကြ၏။
၎င်းနောက်တွင် ဆက်လက်၍ နှစ်သစ်ကူးပွဲကို ကျင်းပကြသည်။
ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးတို့မှာ မြန်မာဗုဒ္ဓဘာသာဝင်များကဲ့သို့ပင် သင်္ကြန် ကျပြီးနောက် နှစ်ဆန်းတစ်ရက်နေ့ကို နှစ်သစ်ကူးအဖြစ်လည်းကောင်း၊
လဲကယ်ဘာသာဝင် ကရင်တို့မှာမူ သီတင်းကျွတ်လအတွင်း စနေနေ့ တစ်ရက်ရက်တွင်လည်းကောင်း၊
ခရစ်ယာန်ဘာသာဝင် ကရင်များက ကမ္ဘာ့နှစ်ဆန်းတစ်ရက်ဖြစ်သော ဇန်နဝါရီလ တစ်ရက်နေ့တွင်လည်းကောင်း၊
မေတ္တာဗြဟ္မစိုရ်အသင်းဝင်ကရင်များနှင့် ယိုးဒယားနိုင်ငံရှိ အချို့သောကရင်များသည် နှစ်သစ်ကူးနေ့ကို တပို့တွဲလဆန်း တစ်ရက်နေ့တွင်လည်းကောင်း၊
မြန်မာနိုင်ငံ မြေပြန့်ဒေသများတွင် နေထိုင်ကြသော ကရင်များနှင့် ယိုးဒယားနိုင်ငံဘက်မှ နေထိုင်သော ကရင်အချို့တို့သည်လည်း ပြာသိုလဆန်း တစ်ရက်နေ့တွင်လည်းကောင်း အသီးအသီး နှစ်သစ်ကူးပွဲတော်ကို ကျင်းပကြပါသည်။
ထို့ကြောင့်ပင် သမိုင်းဝင်နေ့တစ်နေ့ ရရှိရန် ကရင်နှစ်သစ်ကူးနေ့အဖြစ် တင်သွင်းရာ၌ ပထမဦးစွာ အောက်လွတ်တော်မှ စတင်တင်သွင်းရမည်ဖြစ်၍ ကရင်အမတ် ၁၅ ဦး၏ ဒုတိယဥက္ကဋ္ဌဖြစ်သော စောဂျွန်ဆင်ဒီဖိုးမင်းသည် နေ့ရက်သတ်မှတ်ရေးအတွက် တာဝန်ယူရ၏။ ထိုအခါ စောဂျွန်ဆင်ဒီဖိုးမင်းသည် တောင်ငူမြို့ရှိ ကရင်သက်ကြီး ဝါရင့်သူအချို့ကို ခေါ်ယူဆွေးနွေးခဲ့ပြီး သရာမိုးလိုအား ဆက်လက်တာဝန် လွှဲအပ်ခဲ့ကြသည်။
သရာမိုးလိုသည် ကရင်အမျိုးသားတို့၏ ခုနှစ် သက္ကရာဇ်သည် နှစ်ပေါင်းမည်မျှရှိကြောင်းနှင့် ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးနေ့သည် မည်သည့်နေ့၊ လတွင် ဖြစ်ကြောင်းဟူသော အချက်နှစ်ချက်အပေါ် မူတည်၍ ရှာဖွေသုတေသန လုပ်ခဲ့ပြီးနောက် ပြန်လည်တင်ပြခဲ့သည်။
အရှေ့တိုင်းသမိုင်းသုတေသီကြီးနှစ်ဦးဖြစ်သော ဂျီ၊အိပ်ခ်ျ၊လုစ်(G.H.Luce)နှင့် ဂျီ၊အီး၊ဟာဗီ(G.E.Harvey)တို့၏ မှတ်တမ်းပြုချက်များအရ လည်းကောင်း၊ အမျိုးသားပညာဝန် ဦးဖိုးကျား ရေးသားသော မြန်မာရာဇဝင်အရ လည်းကောင်း၊ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရှေးဦးစွာ ဝင်ရောက်လာခဲ့ကြသည်မှာ ဘီ၊ စီ၊ ၇၃၉ ခုနှစ်ကဖြစ်ကြောင်း သိရှိရပေသည်။
သို့ဖြစ်၍ သရာမိုးလိုက ကရင်သက္ကရာဇ်ကို ကရင်လူမျိုးတို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည့် ထိုခုနှစ်မှအစပြု၍ ရေတွက်ရန် အဆိုပြုခဲ့၏။ ယင်းအဆိုပြုချက်ကို အေ၊ဒီ၊ ၁၉၃၆ ခုနှစ်တွင် တင်သွင်းခဲ့ရာ၊ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့ကြသည့် ဘီ၊စီ၊ ၇၃၉ ခုနှစ်မှစ၍ ရေတွက်သော် နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်ရှိခဲ့ပြီ ဖြစ်သည်။
တောင်ငူမြို့ရှိ သက်ကြီးဝါကြီးသူများ၏ သဘောတူညီ သတ်မှတ်လိုက်သည့် နေ့ရက်(သလေ လဆန်း ၁ ရက်)ကို ဥပဒေပြုအောက်လွတ်တော်တွင် တင်သွင်းသည့်အဆို (Bill) ကို စောဂျွန်ဆင်ဒီဖိုးမင်း လက်မှတ်ရေးထိုးကာ အောက်လွတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့၏။
၁၉၃၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဥပဒေပြုအောက်လွတ်တော် အစည်းအဝေး မှတ်တမ်းတင်ချက်အရ (Presented)ဟူ၍ မှတ်တမ်းတင်ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အထက်လွတ်တော်မှ ဆရာစံဘော်က ဆက်လက်ဦးဆောင်၍ ဝန်ကြီးစောဖေသာနှင့် ညှိနှိုင်းပြီး ဒေါက်တာဘမော် အစိုးရအဖွဲ့သို့တင်ပြ၍ အစိုးရအဖွဲ့၏ သဘောတူညီချက်အရ (Cabinet Executive Power)ဖြင့် ဘုရင်ခံထံသို့ တင်ပြနိုင်၍ ဘုရင်ခံ၏ သဘောတူညီချက်ကြောင့် အစိုးရရုံးများနှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်း အက်ဥပဒေ(Negotiable Instrument act.) အစိုးရအသိအမှတ်ပြု ရုံးပိတ်ရက်အဖြစ် ရရှိခဲ့သည်။
အစိုးရ၏ ပထမဦးဆုံး အသိအမှတ်ပြု ရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်(၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်)နေ့ဖြစ်ပြီး၊ ၎င်းနေ့တွင် ဝတ်လုံတော်ရ ဆစ်ဒနီလူနီက အသံလွှင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ပေါ်ထွက်လာသည့်"သာ့ပွာဖိုးလင်းတေး"ပြုစုရေးဆွဲသည့် ကရင်အမျိုးသားပြက္ခဒိန်အရ တစ်နှစ်ပြည့်မြောက်၍ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျ ရောက်သည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်အမျိုးသား ခေါင်းဆောင်ကြီး ၅ ဦး ဖြစ်ကြသော စောစံစီဖိုး၊ မန်းရွှေဘ၊ မန်းလှဖေ၊ စောဆစ်ဒနီလူနီနှင့် စောဖေသာတို့က သြဝါဒသဝဏ်လွှာ ပေးပို့ခဲ့သည်။
(သဝဏ်လွှာ ပေးပို့သည့်နေ့စွဲမှာ"သာ့ပွားဖိုးလင်းတေး"၏ ပြက္ခဒိန်အရ ၁၉၃၈ ခုနှစ်တွင် နှစ်ကြိမ် ကျရောက်နေခြင်းကြောင့် ရက်အမှန် (၂၁-၁၂-၃၈) အစား (၂၁-၁၂-၃၉)ဟူ၍ ဖြစ်နေကြောင်း သတိပြုအပ်၏)။
မည်သို့ပင်ဆိုစေ ယနေ့ကရင်အမျိုးသားထု တစ်ရပ်လုံးက သရာမိုးလို၏ ရှာဖွေချမှတ်ပေးခဲ့သည့်
ကရင်နှစ်သစ်ကူးနေ့ဖြစ်သော "သလေး"လဆန်း ၁ ရက်ဟု အတည်ပြုထားသော ပြာသိုလဆန်း ၁ ရက်၊
(သို့မဟုတ်)
"ထိုင်ခေါက်ဖူး"လဆန်း ၁ ရက်ကိုသာ ဆက်လက်အတည်ပြု လက်ခံနေကြကြောင်း တွေ့ရှိရပါသည်။
မန်းလင်းမြတ်ကျော် ရေးသားပြုစုသော "ကရင့်ရိုးရာ သုတပဒေသာ"စာအုပ်မှ ထုတ်နှုတ်မျှဝေသည်။
Credit # မူရင်းရေးသားသူ
11/01/2021
“ဘိုရူး”
အွန်လိုင်း အခြေခံ အင်းဂလိပ် သင်တန်း
#ဘယ်သူတွေတက်သင့်လဲ?
အင်းဂလိပ်စကားတခွန်းစပြောလျှင် တအိုင်အိုင်နဲ့ တိုင်ပတ်နေလျှင် ဒီသင်တန်းက သင့်အတွက်ပါပဲ။ 😁
သူများတကာ အီးကို ဘွတ်ရွှတ်ကရွတ်ပြောနေသော်ငြား မိမိမှာ ဟောင်းတာယူ (How are you)၊ သစ်တာပေး မှာပဲ အမြဲတမ်းရပ်နေလျှင် ဒီသင်တန်းက သင့်အတွက်ပါပဲ။😁
သမရိုးကျ စာသင်ခန်းမှ ဖောက်ထွက်ပြီး သူငယ်ချင်းများနှင့် ပျော်ပျော်ရွှင်ရွှင်လေ့လာလိုလျှင် ဒီသင်တန်းက သင့်အတွက်ပါပဲ။😁
#ဘာတွေသင်ပေးမှာလဲ?
သင်တို့သည် မသင်ခင်ကတည်းက တတ်နှင့်ပြီးသားဖြစ်ပါတယ် (Crd: ဆရာကြီးမင်းသိင်္ခ)။
ကျနော်တို့က ခင်ဗျားတို့မေ့နေတာတွေကို သတိလေးလှမ်းပေးရုံပါ။
#ဘာတွေဖြစ်လာမလဲ?
ကွန်ပျူတာ(သို့) ဖုန်းလေးကိုင်ပြီး ညဘက်တွေမှာ
ဂွတ်မောနင်းလို့ ပြောတတ်လာမယ်။ 😁
အင်းဂလိပ်လို ရန်ဖြစ်တတ်လာမယ်၊
အတင်းပြောတတ်လာမယ်၊
စျေးဗန်းခင်းတတ်လာမယ်။
အင်တာဗျူးတဲ့သူတွေကို ခေါင်းမူးပြီး စတွေးစင်အောင်လုပ်နိုင်လာမယ်။
စာတန်းမထိုးတဲ့ အင်းဂလိပ်ရုပ်ရှင်တွေကြည့်တဲ့အခါ အရင်ထက်ပိုပြီး နားလည်တယ်လို့ ထင်ယောင်ထင်မှားဖြစ်လာမယ်။
အင်းဂလိပ် ပုစွန်တောင်စျေးရှင်း မတိုးတက်လာနိုင်သော်ငြား မြန်မာလိုပြောတဲ့အခါ အီးလိုဝဲတတ်လာမယ်။
ကံကောင်းလျှင် လာမယ့်နှစ် The Voice Myanmar မှာ အင်းဂလိပ်သီချင်းဖြင့်ဝင်ပြိုင်ပြီး တစ်နိုင်ငံလုံးကို ရယ်မောပျော်ရွှင်အောင်လုပ်နိုင်လာလိမ့်မယ်။ 😁
(ကျန်တာတွေကို သင်တန်းကျမှ ဆက်ပြောတော့မယ်)
#ဘယ်သူသင်ပေးမှာလဲ?
သင်ကြားပေးမည့်သူမှာ SA Personal & Business Development ရဲ့ English Instructor ဖြစ်သူ ကိုကြည်ပဲဖြစ်ပါတယ်။
(ကိုကြည်သည် ဆရာဟု ခေါ်လျှင် အလွန်အင်မတန် စိတ်ဆိုးတတ်သူဖြစ်ပါတယ်၊ သတိထားကြပါ၊ ယောက်ကျားလေးဆိုလျှင် ဘဒို ဟုခေါ်နိုင်ပြီး၊ မိန်းခလေးဆိုလျှင် ကိုကို(သို့)မောင်ဟု ခေါ်မှ ကြိုက်သူဖြစ်သည်) 😁
ကိုကြည်သည် အင်းဂလိပ်စကားပြောဆိုဆက်ဆံရသော နိုင်ငံခြား အလုပ်အကိုင်များနဲ့ အဖွဲ့အစည်းများရှိ နိုင်ငံခြားသားများအား လှည့်ပတ် ဒုက္ခပေးခဲ့သည်မှာ ၁၀ စုနှစ်တစ်ခုနီးပါးပင်ရှိလာပြီဖြစ်သလို၊ တစ်ဖက်တွင်လည်း သူ့လိုပဲ တစ်လောကလုံးအားလှည့်ပတ် ဒုက္ခပေးနိုင်ရန် ဘိုရူး ဆရာနှင့်သင်တန်းသား များစွာကိုလည်း မွေးထုတ်ခဲ့ပြီးပြီဖြစ်သည်။
သင်လည်း ဘိုရူး တစ်ယောက်ဖြစ်လိုလျှင် ကိုယ့်လိုရူးနိုင်မယ့် သူငယ်ချင်း ဘိုရူးတစ်ယောက်အား ပို့စ်အောက်တွင် မန်းရှင်းခေါ်ပြီး ယခု ပို့စ်အားရှယ်ပါ။
ပြီးလျှင် 09761121175 သို့ 09421824774 ဖုန်းအား ဆက်၍ စာရင်းသွင်းကြပါကုန်။
၂ လပိုင်း ၂၀၂၁ ပထမအပတ်တွင်ဖွင့်ပါမယ်၊ အချိန်ဇယားနဲ့ သင်တန်းကြေးအသေးစိတ်ကို ခုတင်ထားတဲ့ပုံမှာကြည့်ပေးပါ။
တန်းခွဲ ၂ တန်းသာဖွင့်မည်ဖြစ်ပြီး တစ်တန်းကို လူ ၄၀ သာလက်ခံပါမယ်။
(သင်တန်းအပ်ဖို့ မမှီသူများနောက် ၃ လအတွက်ကြိုတင်စာရင်းပေးထားနိုင်ပါတယ်။)
#ဘယ်လိုသင်ပေးမှာလဲ?
(အပေါ်မှာ နောက်ထားလို့ အတည်ပြန်ပြောပြတာ)😁
(1) Zoom မှတဆင့် ဆရာ၊ သင်တန်းသားများနှင့် အတူတကွ တိုက်ရိုက်လေ့ကျင့်သင်ယူရပါမယ်။
(2) တစ်ဦးချင်းစီကို သေချာဂရုစိုက်ပြီး အိမ်စာနဲ့တကွ စစ်ဆေးသုံးသပ်ပေးပြီးသင်ပေးသွားပါမယ်။
(3) နိုင်ငံတကာသင်ရိုးများနဲ့ပေါင်းစပ်ကာ အကောင်းဆုံး ကိုယ်ပိုင်သင်ရိုးဖြင့်သင်ယူရပါမယ်။
(4) English စကားပြောကို ပြောရဲဆိုရဲဖြစ်ဖို့ကို အသားပေးပြီး သင်ပေးမယ်၊ Grammar နဲ့ လုပ်ငန်းခွင်သုံး စာရေးတာတွေလည်းပါမယ်၊ Presentation လုပ်တာတွေ၊ Debate လုပ်တာတွေလည်းသင်ပေးမယ်၊ ပုံတိုဝတ္ထုဖတ်တာတွေလည်းသင်ယူရပါမယ်။
(6) English Song၊ Video Role Play များဖြင့်လည်း ပျော်ပျော်ရွှင်ရွှင်လေ့လာသင်ယူရပါမယ်။
(7) တိုးတက်မှုမရှိလျှင် သင်တန်းကြေးပြန်အမ်းသော အစီအစဥ်ပါဝင်ပါတယ်။
(အတန်းပျက်၍ စာလိုက်မလုပ်သောသူများကိုတော့ ပြန်မအမ်းပါ😁)
ဘိုရူးသင်တန်းသားများအားလုံးအတွက် SA Persoanl & Business Development Program မှ စီစဥ်ထားသော ပွဲများနှင့် အခွင့်အလမ်းများအားလုံးကို ဦးစားပေးခံစားခွင့်များရရှိသွားမှာဖြစ်ပါတယ်။
SA Team
#ဘိုရူး
05/01/2021
ကြိုးစားခြင်း ဋီကာ............
လူတစ်ချို့ဟာ မွေးကတည်းကစလို့ ကောင်းမွန်တဲ့ပြုစုပျိုးထောင်မှုတွေနဲ့ကြီးပြင်းလာရတယ်၊ လေ့လာမှုကောင်းကောင်းလုပ်လို့ရတဲ့ ပတ်၀န်းကျင်မှာ ကြီးပြင်းလာရတော့ ရည်မှန်းချက်တွေ စနစ်တကျထားရှိဖို့လည်း သွန်သင်ခံခဲ့ကြရတယ်။ အဲ့ဒီလိုကြီးပြင်းလာရတဲ့ ခလေးအတွက် သူတို့ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားခြင်းကို တကူးတက အားစိုက်စရာမလိုခဲ့ဘူး။ ဥပမာ- သူဌေးသားသမီး၊ ကျောင်းကောင်းကောင်းမှာတက်ခဲ့ရသူတွေ၊ တိုးတက်ချမ်းသာတဲ့ တိုင်းပြည်မှာ မွေးဖွားခံရသူတွေလိုမျိုးပေါ့။
တစ်ချို့လူတွေကျ ခုနကကောင်းတာတွေထက် နည်းနည်းနိမ့်တဲ့ ပတ်၀န်းကျင် ပိုဆင်းရဲတဲ့ ပတ်၀န်းကျင်မှာ ကြီးပြင်းခဲ့ရတော့ ကြိုးစားခြင်းဟာ စူပါပါ၀ါ တစ်ခုလိုဖြစ်နေတတ်တယ်၊ လူတိုင်းမှာ မရှိဘူး။ Marvel Hero တွေထဲက ပီတာ ပါကားဟာ အလွန်ကြီးမားတဲ့ နာကျင်မှုကို အရင်ခံစားရပြီးမှ စူပါပါ၀ါ ရပြီး ပင့်ကူလူသားဖြစ်သွားသလိုမျိုး၊ လူတွေဟာလည်း နာကျင်မှု ကြီးကြီးမားမားရမှ ကြိုးစားခြင်းဆိုတဲ့ စူပါ ပါ၀ါကို စရကြရတယ်၊ ပြီးတော့မှ သူတို့ရဲ့ ရည်မှန်းချက်တွေကို ဆက်လက် ရှာဖွေကြိုးစားသွားကြတယ်။
ဥပမာ ပြရရင် ကျနော် ငယ်ငယ်က မိသားစုနဲ့ အတူတူ တစ်နှစ်ကို တစ်ခါလောက် အိမ်ပြောင်းရတယ်၊ တအားပင်ပန်းပြီး အလုပ်ရှုပ်တဲ့အတွက် အဖေနဲ့အမေဆို နှစ်တိုင်းညည်းကြတယ်၊ ကျနော်တို့ ခလေးတွေမှာလည်း အိမ်ရှင်ခလေးတွေရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံရတဲ့အတွက် ကိုယ်ပိုင်အိမ် မရှိတဲ့ နာကျင်မှုကို ကျနော်တို့ တစ်အိမ်လုံး ခါးခါးသီးသီး ခံစားရတယ်။ အဲ့ဒီနာကျင်မှုက နှစ်တစ်ချို့ကြာတဲ့ အခါမှာ ကိုယ်ပိုင်အိမ်ရအောင် ကျနော့် မိဘ နှစ်ပါးကို ကြိုးစားစေခဲ့တယ်။
အဲ့ထက်ဆိုးတာ တစ်ခုက ကျနော် ၂ နှစ်သား ၀န်းကျင်လောက်မှာ ဆန်အိုးထဲ ဆန်လုံးလုံးမရှိတဲ့ အဖြစ်ကို ကြုံဖူးတယ်။ ကျနော့်အမေက အဲ့ဒီ ပြဿနာကို ဖြေရှင်းဖို့ အိမ်မှာ ရှိတဲ့ တစ်လုံးတည်းသော စတီးခွက်ကို ရောင်းပြီး ဆန်၀ယ်ခဲ့တယ်။ ပိုက်ဆံ မလောက်တော့ ကျနော်တစ်ယောက်အတွက်ပဲ စားဖို့ရပြီး အမေက ရေသောက်ဗိုက်မှောက်နေခဲ့ရတယ်။ အဲ့လိုရက်တွေများလာတော့ ကျနော်တို့တစ်မိသားစုလုံး ဆန်အိုးက ဆန်မလျော့ဖို့ အားထုတ်ရင်း မသိမသာ ကြိုးစားခဲ့ကြဖူးတယ်။
ကျနော့် မိတ်ဆွေစာရေးဆရာ တစ်ယောက် ပြောဖူးတယ် သူရဲ့ ပထမဆုံး စာအုပ်ကို ထုတ်ဖို့ သူဟာ မလိုအပ်ပဲ အချိန်တွေရွေ့ခဲ့ဖူးတယ်တဲ့။ သို့သော် သူဟာ စာတွေမပြီးခင် စာအုပ်မျက်နှာဖုံးကို အကြွေးနဲ့ကြိုရိုက်ပြီး တခြားရက်ချိန်းတွေကိုလည်း ကြိုချိန်းလိုက်တယ်။ အဲ့ဒီနောက် ကတိစကားတွေ မပျက်အောင်ကြိုးစားရင်း သူ့ရဲ့ ပထမဆုံး စာအုပ်လည်း ချောချောချူချူ ထုတ်ဖြစ်သွားတယ်။ ခုဆိုရင် သူဟာ အုပ်ရေ သောင်းချီ ထုတ်၀ေပြီးဖြစ်တဲ့ ရောင်းအား အကောင်းဆုံး စာရင်း၀င် လူငယ်စာရေးဆရာ တစ်ယောက်ဖြစ်လာခဲ့တယ်။ တစ်နည်းပြောရရင် comfort zone (သက်တောင့်သက်သာ) နယ်ပယ်ကနေ ကျဥ်းထဲကျပ်ထဲဆီ မိမိကိုယ်ကို တွန်းပို့ပြီး နာကျင်မှုနဲ့ ရင်ဆိုင်စရာ မလိုပဲ ကြိုးစားခြင်းဆိုတဲ့ စူပါပါ၀ါ ကို ယူလို့ရတယ်ဆိုတဲ့သဘောပါ။
အားလုံးပဲ စူပါ ပါ၀ါ ရကြပါစေဗျာ။ နောက်အပတ်များတွင် ထပ်ဆက်ပါမည်။
အမြဲချစ်လျက်
ဂျက်ဖြိုးဝေလင်း
လူတိုင်း လူတိုင်းမှာ မက်ချင်တဲ့ အိပ်မက်တိုင်းကို မက်ခွင့်ရှိတယ်။ ဒီအိပ်မက်တွေကို တကယ့်လက်တွေ့ပိုင်ဆိုင်သွားသူနဲ့ စိတ်ကူးအိပ်မက်အဖြစ်ပဲ ဆက်ရှိနေသူဆိုပြီး ကွဲပြား သွားတယ်။
ဘာကြောင့်ကွဲပြား သွားတာလဲ။
အိပ်မက်တွေကို လက်တွေ့ပိုင်ဆိုင်သွားသူတွေက ပိုကြိုးစားလို့လား။ ဒါမှမဟုတ် စိတ်ကူးအိပ်မက်အဖြစ်ပဲ ဆက်သိမ်းထားရသူတွေက အလုပ်မလုပ်လို့လား မကြိုးစားလို့လား။
လူတိုင်းဟာ အလုပ်လုပ်ကြပါတယ်။ အိပ်မက်တွေလည်း ရှိကြတယ်။ ကြိုးကြိုးစားစား လည်း နေထိုင်ကြပါတယ်။ ဒါဆို ဘာကြောင့် ကွဲ ပြားနေတာလဲ။
တစ်ခုပါပဲ။
ဒါဟာ အကန့်အသတ်အတွေးတွေကြောင့်ပါ။
လူတိုင်းဟာ အိပ်မက်ရှိပေမယ့် ကြိုးစားကြပေမယ့် ရင်ထဲကလာတဲ့ ကန့်သတ်ချက်အတွေးတွေကိုတော့ မရပ်တန့်တန့်နိုင်ကြပါဘူး။
ကမ္ဘာပေါ်မှာ ရှိရှိသမျှ အကန့်အသတ်တွေထဲမှာ အင်အားအကောင်းဆုံးက ကိုယ့်ရဲ့ ရင်ထဲ အတွေးထဲက ကိုယ်တိုင်ပြန်ကန့်သတ်ထားတဲ့အရာတွေပါပဲ။
ဒီအရာတွေကို တစ်လွှာချင်း ဖေးဖြေးချင်း လွှတ်ချ ကွာချ နိုင်သူတွေဟာ စိတ်ကူးအိပ်မက်တွေကို ကြိုးစားခြင်းနဲ့ ပေါင်းစပ်ပြီး လက်တွေ့ပိုင်ဆိုင်သွားသူတွေ ဖြစ်လာကြတာပါပဲ။
#ပန်းဆုပိုင်
18/12/2020
မပြည့်စုံဘူးလို့ထင်လိုက်တိုင်း အပြည့်စုံဆုံး လှပမှုတွေ ခိုင်မြဲစွာရှိနေတယ်ဆိုတာ ယုံကြည်ထားပါ။
ကိုယ့်နံဘေးမှာ မုန်တိုင်းထန်ဝုန်းဒိုင်းကြဲ အခြေအနေကြုံလိုက်တိုင်း ကိုယ့်ရဲ့ အခိုင်မာဆုံးနားခိုရာနေရာလေး ရှိတယ်ဆိုတာ ယုံကြည်ထားပါ။
အကောင်းဆုံးကြိုးစားပေးဆပ်ခဲ့တာတောင်
အဆိုးဆုံးအခြေအနေတွေပဲ ပြန်ရခဲ့ရင် တစ်ခုပဲ တွေးလိုက်ပါ။ ဒီအခြေ အနေကနေ သင်ရုန်းထွက်လိုက်သင့်ပြီ။ သင့်အတွက် အကောင်းဆုံးတွေ လက်ခံဖို့ အချိန်တန်ပြီ ဆိုတာပါပဲ။
#ပန်းဆုပိုင်
15/12/2020
"ကွဲသောအသည်းဆက်"
စကားဝိုင်းကို တက်ရောက်ပေးခဲ့တဲ့ သူငယ်ချင်း
ညီအစ်ကိုမောင်နှမများကို ကျေးဇူးအထူးတင်ပါတယ်။
အားလုံးပဲ ကိုယ်ချစ်ရသူများနဲ့တကွ
အောင်မြင်ပျော်ရွှင်သော ဘဝများရကြပါစေ။
အမြဲချစ်လျက်
ဂျက်
11/12/2020
“ကွဲသောအသည်းဆက်”
စကားဝိုင်း
*သင့်ဘဝမှာ
(၁) သင့်ကို လာတောင်းတာမျိုး ကြုံဖူးပါသလား?
(၂) ရည်းစားစကား ဘယ်နှစ်ခါ အပြောခံရဖူးပါသလဲ?
(၃) ၃ ပွင့်ဆိုင်၊ ၄ ပွင့်ဆိုင် ဇတ်လမ်းတွေမှာ သင်အလုခံရတဲ့သူ ဖြစ်ဖူးပါသလား?
(၄) သင်ဘယ်နှစ်ယောက်လောက်ကို ပစ်ပစ်ခါခါ ငြင်းပစ်ခဲ့ဖူးပါသလဲ?
(၅) သင့်ကိုချစ်တယ်လို့ပြောတဲ့သူ ဘယ်နှစ်ယောက်ကိုကော ထွက်သွားလို့ အော်ပြီးပါးရိုက်ဖူးပါသလား?
ဒါတွေအားလုံးဖြစ်ဖူးနေရင်လည်း ဒီ စကားဝိုင်း ကို Join မနေပါနဲ့တော့။ 😁
အသည်းမာပြီး ချေတဲ့သူတွေနဲ့ မျက်နှာချင်းဆိုင်ဖို့ ကျနော်တို့ ခွန်အားမရှိသေးလို့ပါ။
*ဒါပေမယ့် သင်
(၁) လူတွေချစ်တာ ပိုခံချင်တယ်
(၂) အရင်ထက်ပိုပျော်ချင်တယ်
(၃) အပေါင်းအသင်းများချင်တယ်
(၄) စိတ်ဓါတ်တက်ချင်တယ်
(၅) လူမှုရေး၊ မိသားစု အရေး ကိစ္စတွေမှာ ပိုအဆင်ပြေချင်တယ်
(၆) အသည်းကွဲမယ့်အဖြစ်တွေကို ကြိုတင်ကာကွယ်ထားချင်တယ်
ဆိုရင်တော့ဖြင့် ဒီစကားဝိုင်းကို သင် Join လို့ရပါတယ်။
*ဘာတွေပြောကြမလဲ?
ပြောမယ့်အကြောင်းအရာတွေက Confidential (လူတွေမသိစေချင်တဲ့အကြောင်းအရာတွေ)ပါတာမို့ ပွဲကျမှပဲ ပြောပြပါတော့မယ်။ 😁
*ဦးဆောင်ဆွေးနွေးမယ့်သူကတော့ ခုပုံထဲမှာမြင်နေရတဲ့ SA Personal & Business Development ရဲ့ Founder ဖြစ်သူ ကိုဂျက်ပဲဖြစ်ပါတယ်။
ကိုဂျက်သည် နယ်တကာပတ်၍ အသည်းကွဲထားသောအတွေ့အကြုံကောင်းများရှိပြီး၊ နှလုံးသားရေးရာတွင် ကြိမ်စာသင့်ကာ လက်ရှိအချိန်ထိ လူပျိုကြီးအဖြစ်တစ်ကိုယ်တည်း အရိုးထုတ်လျက်ရှိသူဖြစ်သည်။
အတုယူရှောင်ရှားစရာ ငယ်ကျိုးငယ်နာတစ်ချို့ကိုတော့ ပွဲကျမှပဲ ဆက်ပြောပြပါမယ်။ 😁
(သတိထားစရာနောက်တစ်ချက်က ကိုဂျက်သည် ဆရာဟု ခေါ်လျှင် အလွန်အင်မတန် စိတ်ဆိုးတတ်သူဖြစ်ပါတယ်၊ သတိထားကြပါ၊ ယောက်ကျားလေးဆိုလျှင် ဘဒို ဟုခေါ်နိုင်ပြီး၊ မိန်းခလေးဆိုလျှင် ကိုကို(သို့)မောင်ဟု ခေါ်မှ ကြိုက်သူဖြစ်သည်)
*စိတ်ဝင်စားလို့ Join ချင်တယ်ဆိုရင်တော့ အသပြာပေးစရာမလိုပါဘူး။
*အသည်းကွဲနေတဲ့ သင့်သူငယ်ချင်း ၂ ယောက် (သို့) သင် အမြင်ကတ်အောင် ပို့စ်တွေတင်နေတဲ့ စုံတွဲ RS တစ်ချို့ကို မန်းရှင်းခေါ်ပြီး ဒီပို့စ်ကို ရှယ်ပေးရုံပါပဲ။
လူဦးရေကန့်သတ်ထားလို့ မြန်မြန်စာရင်းပေးဖို့တော့လိုပါမယ်။
Messenger ကနေ Zoom Link တောင်းပေးကြပါ။
အသေးစိတ်သိလိုသူများအတွက်
09795674804 သို့ဆက်သွယ်မေးမြန်းကြပါကုန်။
10/12/2020
ကျနော်တို့ SA Personal & Business Development Program မှဖွင့်လှစ်လျက်ရှိတဲ့
ဘိုရူး အခြေခံ အင်္ဂလိပ်စကားပြောအစီအစဥ်ကို အောက်ပါ
…
ရန်ကုန်၊ ရှမ်း၊ မွန်၊ တနင်္သာရီ၊ မြိတ်၊ ဧရာဝတီ၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ ရခိုင်၊ ပဲခူး
ပြည်နယ်နှင့်တိုင်းများမှ
…
သင်တန်းသား အယောက် ၅၀ နီးပါး တက်ရောက်လျက်ရှိပါတယ်။
…
တက်တက်ကြွကြွတက်ရောက်လျက်ရှိတဲ့ သင်တန်းသားအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
….
နောက်တစ်ပတ်ထဲ ဘိုရူးသင်တန်းသားများ ပါဝင်ယှဥ်ပြိုင်မယ့်
The Voice Bo Yoo (Singing Competition)မှ
သီချင်းတစ်ချို့တင်ပေးသွားပါ့မယ်။
စောင့်မျှော်ကြည့်ရှုကြပါကုန်။
*ပြိုင်ပွဲဝင်များ ပို့စ်အောက်မှာ အမှတ်စဥ်၊ နံမည်နဲ့တကွ၊ သီချင်းနံမည်များမန့်ပေးကြပါကုန်။
အမြဲချစ်လျက်
ဂျက်
30/11/2020
ပျော်ရွှင်တဲ့ ဘဝက လွယ်ကူရိုးရှင်းခြင်းနဲ့ ကြံကြံခိုင်အောင်နေတတ်ခြင်းက စတင်တယ်။
နေ့ရက်တိုင်းမှာ ဘာမှမတတ်နိုင်တဲ့အရာတွေ ကြုံရလည်း စောတကမတက်ပဲ လက်ခံတတ်တယ်။
အခက်အခဲ အတားအဆီး ကြုံနေလည်း လဲပြိုမသွားပဲ ဆက်ရပ်တည်တတ်တယ်။
အတင်းအဖျင်း အတိုက်အခိုက်တွေကြားမှာလည်း မသိကျိုးကျွံ ပြုတတ်တယ်။
ဒါတွေဟာ လွယ်ကူရိုးရှင်းတဲ့ နေထိုင်နည်းပါပဲ။
နောက်တစ်ခုက ပျော်ရွှင် တဲ့သူတွေမှာ ရှိနေတာက
ဝမ်းနည်းနာကျင်တဲ့အခါ စိတ်ကိုပိုကြံခိုင်အောင် ထားတတ်ခြင်းပဲ။
မျက်ရည်တစ်ခါ ကျရတိုင်း ချစ်ခြင်းမေတ္တာကို ပိုနားလည်သွားခြင်းပဲ။
ပစ်ပယ်ခံရတဲ့အခါတိုင်း ကောင်းကောင်း ရှင်သန်တတ်ခြင်းပဲ။
အရေးကြီးဆုံး ကတော့ လွယ်ကူရိုးရှင်းတဲ့ ဘဝအတွက် ကိုယ်ကိုယ့်ကိုယ် ငဲ့ညှာပြန်အားနာနေခြင်း ဆိုတဲ့ အားနည်းချက်တွေ ဖယ်ထုတ်နိုင်ခြင်းပါပဲ။
#စ
#ပန်းဆုပိုင်
Category
Contact the school
Telephone
Website
Address
No. 68, Lay Daungkan Road, Sa/Thumingalar Ward, Thingankyun Township
Yangon
11071
Opening Hours
| Monday | 09:00 - 21:30 |
| Tuesday | 09:00 - 21:30 |
| Thursday | 09:30 - 21:30 |
| Friday | 09:00 - 21:30 |
| Saturday | 09:00 - 21:30 |
| Sunday | 09:00 - 21:30 |
Alerts
Be the first to know and let us send you an email when SA Personal & Business Development Program posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.