Mobile Guide Journal
Whatever you want to know about mobile phones, Mobile Guide Journal is just around you.
10/09/2026
AI နဲ့ အလုပ်အကိုင် စည်းမျဉ်းတွေ အတွက် ဆန္ဒပြကြတဲ့ စက်ရုပ်တွေ
ပိုလန် နိုင်ငံ ဝါဆောမြို့မှာ စက် ရုပ် အရုပ် ၃၀ လောက် စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ AI နဲ့ နည်းပညာ ဆိုင်ရာ အလုပ်အကိုင်တွေ အတွက် စည်းမျဉ်းစည်းကမ်းတွေ တိကျဖို့ အတွက် ဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြပွဲကို Democratism အဖွဲ့က စီစဉ်တာ ဖြစ်ကာ Delta Robots ကုမ္ပဏီက စက်ရုပ်တွေ ငှားပေးခဲ့ပါတယ်။ လူပုံစံတူ စက်ရုပ်က အင်တာဗျူး လည်း ဖြေဆိုခဲ့ကာ သက်ဆိုင်ရာ နည်းပညာ ဝန်ကြီးက လည်း ဆန္ဒပြပွဲဆီ ရောက်လာခဲ့ပါတယ်။ AI နဲ့ လုံခြုံ ရေး ဆိုင်ရာ ကိစ္စ တွေ အတွက် စည်းမျဉ်းနဲ့ ကော်မရှင် ဖွဲ့ ဖို့ လုပ်ဆောင်နေကြောင်းဝန်ကြီးက ပြောပါတယ်။
09/09/2026
ဖင်လန် က နူးကလီးယား ဓာတ်အားပေး စက်ရုံကို Google ဝယ်ယူ
Google ဟာ AI နည်းပညာဆိုင်ရာ အဆောက်အအုံ တွေ အတွက် ရင်းနှီးမြှုပ်နှံမှု အဖြစ် အနည်းဆုံး ယူရို 13 ဘီလီယမ် ကို သုံးစွဲပါမယ်။ ဒါကြောင့် ဖင်လန်နိုင်ငံမှာ ရှိတဲ့ နူးကလီးယား ဓာတ်အားပေးစက်ရုံကို ပိုင်ဆိုင်ဖို့ ကြိုးစားလာတာပါ။ နှစ်ရှည်ကြာ ငွေပေးချေမှု စနစ်နဲ့ သွားမှာ ဖြစ်ကာ ဓာတ်အားထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကို ရရှိပါမယ်။ Google ရဲ့ အခုလုပ်ဆောင်ချက်ဟာ အမေရိကန် ပြည်ပမှာ ပထမဆုံးအနေနဲ့ နူးကလီးယား ဓာတ်အားပေးစက်ရုံ ပိုင်ဆိုင်အောင် လုပ်တာဖြစ်ကာ l ဥရောပ နယ်မြေမှာ AI အတွက် အများအပြား ရင်းနှီး မြှုပ်နှံလာတာ ဖြစ်ပါတယ်။
08/09/2026
အမေရိကန် ရဲတွေ Meta မျက်မှန် ကို ကြောက်တယ်
ဇူကာဘတ်ရဲ့ Meta မျက်မှန်ဟာ တားမြစ်ချက် အချို့ နဲ့ ရင်ဆိုင်နေရပါတယ်။ အနောက်တိုင်းက စားသောက်ဆိုင် အချို့ဟာ Meta မျက်မှန် တပ်ဆင်တာကို တားမြစ်သလို အမေရိကန်က ရဲ တွေဟာလည်း Meta မျက်မှန် ကို ကြောက်နေကြပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကင်မရာ ပါတဲ့ မျက်မှန်ဟာ ရဲ တွေ ရဲ့ လှုပ်ရှားမှု တွေကို ရိုက်ကူးနိုင်လို့ပါ။ ရဲစခန်းအတွင်းက လှုပ်ရှားမှု တွေကို လျို့ဝှက်ရိုက်ကူးပြီး အွန်လိုင်းပေါ် တင်တဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ခဲ့တာကြောင့် အမေရိကန် ရဲ တွေဟာ Meta မျက်မှန် အပြင် အလားတူ နည်းပညာပစ္စည်း တွေအပေါ်စိုးရိမ်ထိတ်လန့်နေတာ ဖြစ်ပါတယ်။ Meat ဘက်ကတော့ သူထုတ်ထားတဲ့ မျက်မှန်ဟာ မှတ်တမ်း ရိုက်ယူနေရင် မီးအချက်ပြမှု ရှိနေမှာ ဖြစ်တဲ့အတွက် မစိုးရိမ်သင့်ကြောင်း ပြောထားပါတယ်။
07/09/2026
ဒေတာစင်တာတွေ ဆောက်လုပ်ဖို့ စိတ်ဝင်စားခံနေရတဲ့ အာဂျင်တီးနား ရဲ့ Patagonia
ဒေတာစင်တာတွေ တည်ဆောက်ရေး နဲ့ လည်ပတ်ရေး လုပ်ငန်းစဉ်ဟာ သက်ဆိုင်ရာ နိုင်ငံတွေ အတွက် အရေးကြီးတဲ့ ခေါင်းစဉ် တစ်ခု ဖြစ်လာနေပါတယ်။ အာဂျင်တီးနားရဲ့ Patagonia ဒေသဟာ နည်းပညာ လုပ်ငန်းတွေရဲ့ မျက်စိကျစရာ နေရာတစ်ခု ဖြစ်လာနေပါတယ်။ဒေသတွင်း ရာသီဥတု အပူချိန် l shale gas စွမ်းအင် နဲ့ မြေ နေရာ အကျယ်အဝန်းတွေဟာ ဒေတာစင်တာအကြီးစားတွေ ဆောက်လုပ်ဖို့ အတွက် စိတ်ဝင်စားစရာ ဖြစ်နေတာပါ။ နောက်တစ်ခုကတော့ အခွန်ကိစ္စပါ။ နှစ်ရှည် အခွန်အခသက်သာမယ်ဆိုရင် နည်းပညာ လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံ ပါမယ်။ ဒေါ်လာ သန်းချီ တန်တဲ့ ကိစ္စတွေ အတွက် နည်းပညာ လုပ်ငန်းရှင်တွေဟာ လာမယ့် အာဂျင်တီးနား ရွေးကောက်ပွဲ ရလဒ် ကိုလည်း စောင့်ကြည့်ကြပါအုံးမယ်။
06/09/2026
ကြောင်လေးတွေအတွက် အဆင့်မြင့် အစာကျွေးစက်
IFA 2026 မှာ ပြသထားတဲ့ ပစ္စည်းတွေထဲမှာ အဆိုပါ အစာကျွေးစက်လေးက အိမ်မွေးတိရစ္ဆာန် ရှိသူများအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ အဲဒီ စက်လေးက အစာခြောက်တွေ နဲ့ ရေကို ထည့်ထားနိုင်ကာ l အလိုအလျောက် wet-food ဖြစ်အောင် ပြုလုပ်ပြီး ကြောင်လေးတွေကို ကျွေးနိုင်ပါမယ်။ Riko စက်ကို ပိုင်ရှင်က app ကနေ စီမံကာ မိမိ ကြောင်လေးကို အစာကျွေးနိုင်ပါမယ်။ ၇ ရက်စာလောက် အစာတွေကို စက်ထဲ ထည့်ထားနိုင်ပါမယ်။ စက်ရဲ့ တန်ဖိုးက ဒေါ်လာ ၂၀၀ ဝန်းကျင် ရှိပါမယ်။
05/09/2026
စွမ်းအင် အရင်းအမြစ်ကိစ္စကြောင့် ထိုင်းမှာ ဒေတာစင်တာ တည်ဆောက်မှုတွေ ယာယီရပ်ဆိုင်း
ဒေတာစင်တာတွေအတွက် လိုအပ်တဲ့ လျှပ်စစ်မီး နဲ့ ရေ အရင်းအမြစ် ကိန်းဂဏန်းဟာ နှစ်စဉ် တိုးလာနေတဲ့ အတွက် သက်ဆိုင်ရာ အစိုးရတွေဟာ ရေရှည် စီမံကိန်းတွေ ရေးဆွဲဖို့ လိုအပ်ပါတယ်။ထိုင်းမှာလည်း ဒေတာစင်တာတွေ တည်ဆောက်မှု အတွက် ရင်းနှီးမြှုပ်နှံမှု များစွာရရှိထားပါတယ်။ အခုလောလောဆယ်တော့ ဒေတာစင်တာ တည်ဆောက်ရေး ကိစ္စတွေကို ယာယီ ရပ်ဆိုင်းထားပါတယ်။ တည်ဆောက်ဆဲ ဒေတာစင်တာ စီမံကိန်းက ၄၉ ခု ရှိကာ l ခွင့်ပြုမိန့် စောင့်နေတဲ့ စီမံကိန်းက ၁၁၇ ခု ရှိပါတယ်။ အခုတော့ ထိုင်းအစိုးရဘက်က ဒေတာစင်တာတွေရဲ့ စွမ်းအင်သုံးစွဲမှု l မြေနေရာ နဲ့ ဘေးကင်းရေး ကိစ္စ တွေ အတွက် စည်းမျဉ်းစည်းကမ်း အသစ်တွေကို သတ်မှတ်ဖို့ လုပ်ဆောင်နေပါတယ်။
04/09/2026
ယာဉ်မောင်းလိုင်စင် 153 သန်း ရဲ့ အချက်အလက်တွေ dark web ပေါ်ရောက်နေမှုကို FBI က စုံစမ်းနေ
ဆိုက်ဘာရာဇဝတ်မှုတွေဟာ ဒီနေ့ခေတ်မှာ ကြောက်စရာ အတော်ကောင်းပါတယ်။ အမေရိကန် နဲ့ ကနေဒါ က သူတွေရဲ့ ယာဉ်မောင်းလိုင်စင် 153 သန်းရဲ့ အချက်အလက်တွေဟာ ခိုးယူခံရကာ dark web ပေါ်မှာ ပြန်လည် ရောင်းစားခံနေရပါတယ်။ အဲဒီ ကိစ္စကို FBI က စုံစမ်းနေပါတယ်။ dark web ပေါ် ရောင်းစားရာမှာ ခရီးသွားဆိုင်ရာ စာရွက်စာတမ်း အချက်အလက်တွေ l ကျန်းမာရေးဆိုင်ရာ မှတ်တမ်းမှတ်ရာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ နိုင်ငံသားတွေဟာမိမိတို့ရဲ့ ငွေကြေးပိုင်းဆိုင်ရာ အချက်အလက်တွေကို လုံခြုံ စိတ်ချရအောင် လုပ်ထားဖို့ လိုပါမယ်။ အခု FBI က စုံစမ်းနေပြီ ဖြစ်တဲ့အတွက် dark web က ယာဉ်မောင်းလိုင်စင်အချက်အလက် ရောင်းချတာတွေကို ပြန်ဖျက်ထားပါတယ်။
03/09/2026
AI , bluetooth စနစ် နဲ့ ကင်မရာ ပါဝင်တဲ့ သွားတိုက်တံ
သွားတိုက်တဲ့အခါ သွား နဲ့ ခံတွင်း အနေအထား ကို အချိန်နဲ့ တစ်ပြေးညီ ကြည့်ချင်မြင်ချင် သူတွေအတွက် ဒေါ်လာ ၅၀၀ ဝန်းကျင် တန်ဖိုးရှိ သွားတိုက်တံ ရှိပါတယ်။ Dyson သွားတိုက်တံဟာ AI, Wifi နဲ့ Bluetooth စနစ်တွေ ချိတ်ဆက်နိုင်ကာ ကင်မရာ ပါပါတယ်။ သွားတိုက်တဲ့အချိန် ဖုန်း app နဲ့ ချိတ်ဆက်ပြီး မိမိပါးစပ် အတွင်းပိုင်းကို live ကြည့်နိုင်ကာ သွားကို သေချာလေး တိုက်နိုင်ပါမယ်။
02/09/2026
အလုပ်နေရာ ၃၃၀၀ ကို ဖြုတ်ပြီး robotaxi နဲ့ အခြား ကဏ္ဍတွေကို ပိုကောင်းအောင်လုပ်မယ့် Uber
Uber လုပ်ငန်းကလည်း ဝန်ထမ်းတွေကို ဖြုတ်ပါတော့မယ်။ ကမ္ဘာတစ်ဝှမ်းမှာ အလုပ်ခန့်ထားတဲ့ ဝန်ထမ်းစုစုပေါင်းရဲ့ 10% ကို အလုပ်နားမှာ ဖြစ်ပါတယ်။ စီမံခန့်ခွဲတဲ့ အလွှာက လူအများစု အလုပ်ပြုတ်မှာ ဖြစ်ကာ ကုမ္ပဏီ ကို ပြန်လည်ဖွဲ့စည်းမယ့် အနေအထားရှိပါတယ်။ ဒါ့အပြင် လူသားတွေကို အလုပ်ဖြုတ်ကာ အလိုအလျောက်မောင်းနှင်တဲ့ ကိစ္စ နဲ့ တခြားနယ်ပယ်တွေကို ပိုကောင်းအောင်လုပ်မယ့် အနေအထားမျိုး ရှိပါတယ်။
01/09/2026
ဆိုင်စဖွင့်တဲ့ရက်မှာ အင်တာနက် အခက်အခဲဖြစ်ခဲ့ရတဲ့ စက်ရုပ် စတိုးဆိုင်
ဟောင်ကောင်မှာ စက်ရုပ်ဝန်ထမ်းကပဲ ရောင်းချပေးတဲ့ Galbot စတိုးဆိုင်ကို Hung Hom, Wan Chai နဲ့ Kai Tak နေရာ ၃ ခုမှာ ဒီကနေ့ စဖွင့်ပါတယ်။ ဒါပေမယ့် မုန်တိုင်းမိုးကြောင့် အင်တာနက် အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။ စတိုးဆိုင်မှာ ငွေပေးချေတာ မလုပ်ခင် စက်ရုပ်နဲ့ စကားပြောတဲ့အခါ တ-ရုတ်လိုရော အင်္ဂလိပ်လိုပါ ပြောနိုင်ပါတယ်။ နေ့လည် ၁၁ နာရီလောက်မှာ မိုးအရမ်းရွာလို့ အင်တာနက်ပိုင်း အခက်အခဲ ဖြစ်ကာ စက်ရုပ်ရဲ့ ချိတ်ဆက်လုပ်ကိုင်ရတဲ့ အလုပ်တွေ ခက်ခဲကုန်ပါတယ်။ ကုမ္ပဏီ ဘက်က အင်ဂျင်နီယာတွေကတော့ အင်တာနက် ပြတ်တောက်တာကို ချက်ချင်းပြင်ဆင်ကြပါတယ်။ ဈေးဝယ်သူ တချို့ကတော့ အသွင်သစ်နဲ့ ဈေးဝယ်ရတဲ့ ပုံစံကို နှစ်သက်ကြကာ စက်ရုပ်တွေရဲ့ အလုပ်လုပ်ဟန်ကို သဘောကျကြပါတယ်။
Category
Contact the business
Website
Address
Yangon