YVRA
Shop Address:A.428,4th floor,Times city,Times mall
Valentino shirtအသစ်ရောက်ထားတဲ့ colourလေးတွေ လာမေးနေကြလို့ တင်ပေးလိုက်ပြီနော်😍
Price:32000mmk
Cash on deli ✅
20/09/2026
Effortless elegance for your busy days!✨
အလုပ်များတဲ့ နေ့ရက်တွေမှာတောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ စတိုင်ကျနေဖို့...
အလုပ်တွေ ဘယ်လောက်ပဲများများ၊ လူကြားထဲမှာ အမြဲတမ်း သပ်ရပ်ပြီး ယဉ်ယဉ်လေးနဲ့ စတိုင်ကျနေဖို့က မိန်းကလေးတိုင်းအတွက် အရေးကြီးပါတယ်။ အခုပြထားတဲ့ Serene Chic Dress လေးက ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေတဲ့အပြင် Professional ဆန်တဲ့အသွင်ကိုပါ ဆောင်စေပါတယ်နော်။ 💼✨
🎨 Available Colors:
🤎 Brown
🩷 Biege
🖤 Dusty Blue
📏 Available Sizes:S, M, L
💰 Price: 49500mmk
📍A.428,4th floor,Time city,Time mall.
ကိုယ့်ရဲ့ Confidence ကို Serene Chic နဲ့အတူ မြှင့်တင်လိုက်ရအောင်။ အသေးစိတ်သိလိုပါက Message Box မှာ အခုပဲ မေးမြန်းမှာယူနိုင်ပါတယ်ရှင်။ 💌
20/09/2026
Attention လိုချင်၊ ပွဲရှာချင်၍ တင်ရခြင်းမဟုတ်ပါ
မဟုတ်မမှန် တဖတ်သတ်စွပ်စွဲမှုများနှင့် ပတ်သတ်၍ အများသိစေရန်သာ ရည်ရွယ်ပါသည်
1. Co:local ဆိုင်စတင်တည်ထောင်ပုံနှင့် ပတ်သက်သည့် အမှန်တရား📌
Colocalဆိုင်မှ ownerတစ်ဦးသည် Co:local ဆိုင်ကို ၎င်းတစ်ဦးတည်း ပိုင်ဆိုင်စတင်ခဲ့သကဲ့သို့ ပြောဆိုနေပြီး ကျွန်မတို့က လာရောက်ပူးပေါင်းခဲ့ရုံသာဖြစ်သည်ဟု အမြဲတမ်း ကြွေးကြော်ပြောဆိုနေခြင်းမှာ လုံးဝမမှန်ကန်ပါ။ ဤမျှအထိ ယုတ်ရင်းကြမ်းတမ်းမိုက်ရိုင်းလိမ့်မည်ဟု မထင်မှတ်ခဲ့မိသောကြောင့်သာ ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။ Co:local ဆိိုသည့်နာမည်သတ်မှတ်ထားခြင်းမရှိခဲ့ချိန် သုည မှစတင်ခဲ့ခြင်းဖြစ်ပြီး၊ဆိုင်ခန်းစရှာခြင်း decoration ပြင်ခြင်း နာမည်ရွေးခြင်း တခြားဆိုင်နဲ့ပက်သတ်သည့် ကုန်ကျစရိတ်များကို တူတူမျှခံခဲ့ကြသလို လုပ်ပိုင်ခွင့်အာဏာများကိုလည်း အတူတူရရှိမည်ဖြစ်ကြောင်း စာချုပ်တွင် တရားဝင် ထည့်သွင်းချုပ်ဆိုထားပြီးဖြစ်ပါသည်
2.ဆိုင်ခန်းနေရာကိစ္စ📌
Colocalဆိုင်စတင်ဖွင့်လှစ်စဥ်က နားလည်မှုဖြင့် နေရာယူခဲ့ကြရာ ၆ လခန့် ကြာမြင့်လာပြီး ငွေကြေးလည်း တူတူထည့်ထားကြသည်ဖြစ်ရာ အနောက်ဘက်ရှိ အခြားသူများကလည်း ရှေ့တွင် တလှည့်နေကြည့်ချင်ကြသဖြင့် (ရောင်းရသည် မရောင်းရသည်နှင့်လုံးဝမသက်ဆိုင်ပါ)ကျွန်မက နေရာဖယ်ပေးရန် လက်ခံခဲ့ပါသည်။ သို့သော် ထိုသူမှာ အခြားသူများနှင့် ရန်ဖြစ်ခဲ့ပြီး လုံးဝမဖယ်နိုင်ကြောင်း ရိုင်းစိုင်းစွာ ပြောဆိုသောကြောင့် ပိုင်ရှင်တစ်ဦးပင် ထွက်သွားခဲ့ရပါသည်။
ထိုအမ ထွက်သွားပြီးနောက်ပိုင်း ၎င်းကိုယ်တိုင်ကပင် "တစ်လတစ်လှည့် ရှေ့တစ်လ၊ နောက်တစ်လ နေမည်" ဟု သဘောတူညီချက် ယူခဲ့ပါသည်။ သို့သော် တိုင် ၂ ခုကြား (နေရာကျဉ်းသည့်) နေရာသို့ ရောက်ရှိလာချိန်တွင် "rotate မလှည့်နိုင်ဘူး၊ ဟိုလူနဲ့လည်း မနေနိုင်ဘူး၊ ဒီလူနဲ့လည်း ဘေးချင်းကပ်မနေနိုင်ဘူး" ဟု ဂဂျီဂဂျောင်ထပ်လုပ်ကာ၊ သူကိုယ်တိုင်နေချင်သည်ဟု ရွေးချယ်သောသူကလည်း သူမနှင့် နေချင်စိတ်မရှိဟု ပြောသောအခါ ကျွန်မနေရာမှ စင်များအားက အတင်းအဓ္ဓမ ရွေ့ပြီး ပျက်စီးအောင်လုပ် အရုပ်များပါ ဆောင့်ချခဲ့ပါသည် ဤနေရာကိုလည်းသူမှ Fixed လိုချင်သည်ဟုတောင်းဆို၍သာ fixed ပေးထားပြီးကျန် brand 3ခုသာ rotate လှည့်မည်ဟုသဘောတူထားပြီးဖြစ်သည်
3.အချိန်ကာလကို အကြောင်းပြု၍ အထင်အမြင်သေး တိုက်ခိုက်ခြင်း📌
ကျွန်မ အိမ်ထောင်ရေးဖောက်ပြန်ခံရချိန် ကျွန်မဘဝကို ရပ်တည်ရန်အတွက်ကျွန်မကိုယ်တိုင် ကိုယ့်လက်ကိုယ်ခြေဖြင့်တည်ဆောက်ထားသော brandအား မိန်းကလေးချင်း ကိုယ်ချင်းမစာနာတိုက်ခိုက်ခံရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်
ကျွန်မ၏ brand စတင်တည်ထောင်သည်မှာ တစ်နှစ်ကျော်သာ ရှိသေးသည်ဆိုသည့် အချက်ကို အကြောင်းပြုကာ "အစုတ်အပြတ်ဘရန်း" ဟု ပြောပြီး နှိမ်ချတိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။ မှန်ပါသည်၊ ကျွန်မbrandမှာ သက်တမ်းအားဖြင့် တစ်နှစ်ကျော်သာ ရှိသေးသော်လည်း ထိုကာလအတွင်း စတင်ထုတ်လုပ်ချိန်မှစ၍ ယနေ့အထိ အထည်ရေ (၁၀,၀၀၀) နီးပါးအထိ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ လုပ်ငန်းသက်တမ်း ကာလတိုတောင်းရုံမျှဖြင့် အရည်အသွေးကို နှိမ်ချပြောဆိုခြင်း၊ အစုတ်အပြတ်ဟု စွပ်စွဲတိုက်ခိုက်ခြင်းမှာ မဖြစ်သင့်ပါ သက်တမ်းတိုသော brandများအား ယခုကဲ့သို့ ပုတ်ခတ်ပြောဆိုခြင်းကို ကျွန်မ အနေနဲ့လက်မခံနိုင်ပါ
ဆိုင်တွင် ရောင်းရသည်ကို မနာလိုဖြစ်ကာ တမင်သက်သက် ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ပါသည် သူမသည်followerများသည်ကို အားပြု၍တစ်ခုခုဆို လိုင်းပေါ်တင်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပါသည်
4.Best Seller နှင့် ပတ်သက်သည့် ရပ်တည်ချက်📌
ထိုသူသည် တစ်ခုခုဆိုလျှင် သူ့ပစ္စည်းက အရောင်းရဆုံးဖြစ်ကြောင်း အမြဲတမ်း ကြွေးကြော်နေတတ်ပါသည်။ ကျွန်မတို့နှင့် သူမရောင်းချပုံရောင်းချနည်း လုံးဝမတူညီပါ - သူမက အရေအတွက် (Quantity) ကို ဦးစားပေးသူဖြစ်ပြီး၊ ကျွန်မတို့က အရည်အသွေး (Quality) ကို ဦးစားပေးသူများ ဖြစ်ကြပါသည်။
သို့သော် သူမသည် ရောင်းရသည့် အရေအတွက်ကိုသာ အမြဲတမ်းနှိုင်းယှဉ်ကာ ကျွန်မတို့ ကောင်တာရှိရာ နေရာများအထိ လာရောက်ပြီး သူ့brandသည် best seller ဖြစ်ကြောင်း ဖော်ပြထားသော vinyl အကြီးကြီးကို လာကပ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ကျွန်မအပါအဝင် တခြား brand owner များအနေဖြင့် သူမနှင့် ပတ်သက်ရသည်မှာ စိတ်ကုန်လာ၍ယနေ့အချိန်ထိ တစုံတစ်ရာ ပြန်လည်ရန်လုပ်ပြောဆိုခြင်း မရှိခဲ့ပါ။
5.Colocal ဆိုင်အတွင်းရှိ brand owner တစ်ဦးမှဂုဏ်သိက္ခာကို ရည်ရွယ်ချက်ရှိ အသရေဖျက်ထိပါးစော်ကားခြင်း📌
ကျွန်မသည် ကျွန်မ၏အိမ်ထောင်ဘက်နှင့် တရားဝင် လူသိရှင်ကြား ဂုဏ်သရေရှိစွာ မင်္ဂလာဆောင်နှင်းထားခဲ့ပြီးဖြစ်ကာ ယခုအခါတွင် နှစ်ဦးသဘောတူ တရားဝင် ကွာရှင်းပြတ်စဲထားပြီး ဖြစ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ထိုသူသည် စာဖြင့်လည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်း "လင်ပစ်မ" ဟု ရိုင်းစိုင်းစွာ သုံးနှုန်းပြောဆိုနေပါသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကျွန်မ၏ခွင့်ပြုချက်မရှိဘဲ စင်များလာရွှေ့နေသဖြင့် ဖုန်းဆက်၍ "နင်ဘာတွေလုပ်နေတာလဲ" ဟု မေးမြန်းခဲ့စဉ်ကလည်း ဆိုင်အတွင်း ဝန်ထမ်းများ၊ customerများအပြင် ဆိုင်မှအထည်များကို ပုံရိုက်ပေးနေသော မော်ဒယ်လ်များပါ ရှိနေသည့်အချိန်တွင် ကျွန်မ၏ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် "စောက်ဂျပုမ၊ တလင်ကွာမ" ဟု လူအများရှေ့တွင် ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲ အော်ဟစ်စော်ကားခဲ့ပါသည်။ကျွန်မသည် ဂုဏ်သရေရှိ မိဘများ လူ့အသိုင်းဝိုင်းမှ ပေါက်ဖွားလာပြီး ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်ဖြစ်၍ အိမ်ထောင်ရေးနှင့်ပက်သတ်ပြီး ထိခိုက်ပြောဆိုမှုများသည် ကျွန်မအတွက်ရှက်စရာကောင်းသည်ဖုံးကွယ်စရာဟု မသတ်မှတ်ထားသည့်အတွက် ယနေ့ချိန်ထိ ရှင်းပြခဲ့ခြင်းမပြုလုပ်ခဲ့ပါ ဆက်လက်သည်းခံချင်စိတ်မရှိတော့၍သာ ယခုလိုပြောပြရခြင်းဖြစ်သည်
6.အကြမ်းဖက် ကျူးလွန်ခံရသည့်ကိစ္စ📌
ကျွန်မရှေ့ဘက်တွင်နေရမည့် အလှည့်ဖြစ်ပြီး ရှေ့တွင်နေသည်မှာ ၁၅ ရက်သာ ရှိသေးပါသည် (ရှေ့တစ်လလုံး တိုင်ကြားကျဉ်းမြောင်းသည့်နေရာတွင် နေခဲ့ပြီးသားဖြစ်ပါသည်)။ ကျွန်မတို့ မရှိခိုက် မနက်အစောကြီးတွင် ကျွန်မ၏ စင်များကို အတင်းအဓ္မ ကျွန်မမရှိပဲ ကျွန်မဝန်ထမ်းလည်း မရှိချိန်တွင် ဆိုင်အတွင်းသို့ဝင်ရောက်ကာ စင်များ ရွှေ့ပစ်ခဲ့ပြီး ကျွန်မ logoများပါ ဖြုတ်ပစ်ခဲ့ပါသည် ကျွန်မဘက်မှ ဝန်ထမ်းညီမလေးအား ဖုန်းဆက်ပြီး "စင်တွေကို အမနေရာပြန်ထားပေးပါ" ဟု ပြောဆိုသည့်အခါတွင် စင်များကို စောင့်ချ၊ တွန်းချခြင်းများ ပြုလုပ်ခဲ့သဖြင့် စင်ကျိုးကာ အထည်များ ပြုတ်ကျပျက်စီးစွန်းထင်းခဲ့ရပြီး လဲကျသော တန်းအား လှမ်းဖမ်းလိုက်သောကြောင့် ဝန်ထမ်းမှာလည်း လက်တွင် အနည်းငယ်ထိခိုက်သွားကာ တစ်နေ့တာလုံး ဖရိုဖရဲဖြင့် အခက်တွေ့ခဲ့ရပါသည်။ ရဲစခန်းမှ ဝန်ထမ်းညီမလေး ထိခိုက်သွားသော လက်ဒဏ်ရာနှင့်ပက်သက်ပြီး ဆေးစာယူခိုင်း၍ ယူပေးခဲ့ရပါသည် သူရိုင်းစိုင်းနေသည်ကို မခံစားနိုင်တော့၍ ကျွန်မနှင့် တခြား brand owner 2ဦးမှ အမှုဖွင့် တိုင်ကြားခဲ့ပါသည်
ရဲစခန်းမှ ခေါ်ယူရှင်းလင်းသည့်အခါမှသာ သူမဘက်မှ ယခုနေရာ အနောက်ဘက်တွင် fixed နေချင်ကြောင်း Marketing လုပ်ရန် ပိုလွယ်ကူသည်ဆိုသည့် အချက်ကြောင့် သူ့သဘောဆန္ဒဖြင့် rotate လုပ်ရာတွင် မပါဝင်လိုဘဲ နောက်နေရာတွင်သာ fixed နေလိုကြောင်း သူ့ဘက်မှစတင်ပြီး ညှိနှိုင်းလာခဲ့ပါသည်။ ကျွန်မတို့ဘက်ကလည်း အရှည်မဖြစ်ချင်တော့သည့်အတွက် ကျိုးသွားသည့် စင်တန်းကို ပြန်လျော်ပေးရန်နှင့် ကျွန်မနေရာကို ပြန်ပေးရန် ownerအချင်းချင်း respectရှိရှိ စကားပြောရန်ညှိနှိုင်းသဘောတူကာ ကြေအေးပေးခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့အချိန်ထိ ကျိုးသွားသော တန်းအား လုံးဝပြန်လည်ပေးလျော်ခြင်းမရှိခဲ့ပါ ကျွန်မတို့ဘက်မှ ထိုသူအား ပက်သတ်စကားပြောချင်စိတ်မရှိတော့သဖြင့် ပေးလျော်ဖို့ ကိစ္စအား ထပ်မံမပြောတော့ပါ တခြားbrand ownerများအားလည်း ဝန်ထမ်းတွေရှိသော groupများတွင် စာဖြင့်သော်လည်းကောင်း ဆိုင်တွင် ဖုန်းဆက်ပြီး ဝန်ထမ်းများရှေ့ customerများရှေ့တွင် အော်ဟစ်မိုက်ရိုင်း ပြောဆိုပါသည်
7.Valentino Shirt နှင့် ပတ်သက်သော အမှန်တရား📌
Valentino shirt များကို ကျွန်မတစ်ဦးတည်း မူပိုင်ထုတ်လုပ်သည် မဟုတ်သော်လည်း၊ colocalဆိုင်တွင် ကျွန်မက အစောဆုံး စတင်တင်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းအထည် မည်မျှရောင်းရသည်ကို ကျွန်မ၏အကောင့်ရှိ ချုပ်ရုံမှ အမကိုယ်တိုင် အသိပင်ဖြစ်ပြီး၊ တစ်ပတ်အတွင်း အမြန်ပြန်ထုတ်ရလောက်အောင်ပင် အရောင်းသွက်ခဲ့ပါသည်။
ကျွန်မက ၃၂,၀၀၀ ကျပ်ဖြင့် ရောင်းချနေသော အဆိုပါအထည်ကို တစ်ဆိုင်ထဲတွင် ထုတ်လုပ်ရောင်းချနေသော သူမမှ fabric တူ designတူ ဘာဆိုဘာမှ လွှဲထုတ်ထားခြင်းမရှိပဲ ကျွန်မထုတ်ပြီး တစ်လအကြာတွင်မှ ၂၆,၀၀၀ ကျပ်ဖြင့် စျေးကွက်ဖျက် ရောင်းချလာခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် TikTok အကောင့်များတွင်လည်း ကျွန်မက လိုက်တုထုတ်သကဲ့သို့ "ဆိုင်မှာ ဆင်တူရှိလို့ ဆင်တူယိုးမှား သတိပြုပါ" ဟုဆိုကာ ကျွန်မကပဲတုပထုတ်ထားသကဲ့သို့ ၎င်းဘက်မှ စတင်၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ ယခုအခါတွင်လည်း ကျွန်မဘက်မှ style pant နှင့် vest တွဲရက်ကို ၅၉,၅၀၀ ကျပ်ဖြင့် ရောင်းချချိန်တွင် ၎င်းဘက်ကပင် ရန်စသလို ထင်ယောင်ထင်မှားဖြစ်အောင် ထပ်မံရေးသားပြောဆိုနေခြင်း ဖြစ်ပါသည်။ကျွန်မသည် style pant 29500နှင့် vest 30000ကို ခွဲရေးပြထားခြင်းသာဖြစ်ပြီး စထုတ်သည့်အချိန်မှစ၍ ဆိုင်တွင်စတင်bar codeထုတ်သည့်အချိန်ထိ တွဲရက်ပဲရောင်းမည် ခွဲရောင်းမည်မဟုတ်ကြောင်း ချုပ်ရုံသက်သေ စာသက်သေများ ကျွန်မတွင်များစွာရှိပါသည်။ယခုအခါတွင် သူမသည် ခိုးယူမှုကို တိုက်ရိုက်လုပ်ပြီး စျေးကွက်ဖျက်သည့် လုပ်ရပ်အားကျူးလွန်ပြီး သူမနှင့်မတူအောင် ထုတ်လုပ်ထားသော ကျွန်မအားတိုက်ခိုက်ပြောဆိုနေပါသည်
8.ဒီဇိုင်းပိုင်းဆိုင်ရာ စွပ်စွဲချက်များအပေါ် တုံ့ပြန်ချက်📌
ကျွန်မတို့ ဆိုင်စတင်ဖွင့်လှစ်ချိန်က ဆောင်းရာသီဖြစ်သဖြင့် အခြားbrandများနည်းတူ coat အကျီများကို ထုတ်လုပ်ခဲ့ကြပါသည်။ သို့သော် ထိုသူက tweed coat ကို အရင်ထုတ်ခဲ့ပြီး၊ ကျွန်မထုတ်လုပ်ခဲ့သော coat မှာ ရိုးရိုးအသားနှင့် ကော်လံပါရှိကာ ဒီဇိုင်းရော အသားပါ လုံးဝမတူညီပါ။ ကျွန်မမှာ သူနဲ့ဆင်တူယိုးမှားလုပ်မည်ဟူသော ရည်ရွယ်ချက်လုံးဝမရှိခဲ့သလို လုံးဝမတူကြောင်း ကျွန်မထုတ်ထားသော အထည်ပုံများလည်းရှိပါသည်(tweedလည်းမဟုတ်ခဲ့ပါ)၎င်းက ကျွန်မတို့ကို တုယူသည်ဟု စွပ်စွဲခဲ့ပြီး၊ ကျွန်မတို့brandက dress များကို "နင့်လို dress တွေထုတ်ပြီး ဈေးကွက်ဖျက်မယ်" ဟုဆိုပြီး အမှန်တကယ်ပင် ရည်ရွယ်ချက်ရှိရှိ လိုက်လံထုတ်လုပ် ဈေးကွက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါသည်။
📌စာသက်သေ လူသက်သေ cctv recordများ အပြည့်အစုံ ကျွန်မတွင်ရှိပါ၍ လုပ်ကြံလီဆယ်ပြောဆိုထားခြင်းမရှိပါ📌
🎨 "ဝမ်းဆက်ဆိုရင် အရောင်တူပဲ ဝတ်ရမယ်လို့ ဘယ်သူပြောလဲ?"
ရုံးသွားခါနီး၊ အပြင်သွားခါနီး ဝမ်းဆက် ဝတ်မယ်ဆိုရင် အင်္ကျီနဲ့ဘောင်းဘီ အရောင်တူချည်းပဲ ရွေးနေရလို့ ငြီးငွေ့နေပြီလား? 🤔
နေ့စဉ်ဖက်ရှင်ကို ပိုပြီး တက်ကြွဆန်းသစ်စေဖို့၊ အရောင်ကွဲ (Two-tone) လေးတွေနဲ့ လိုက်ဖက်ညီလှပနေမယ့် YVRA ရဲ့ Dual Palette Set အသစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။
🌟 ဘာကြောင့် ဒီဇိုင်းဆန်းရတာလဲ?
Unique Color Pairing: ဝမ်းဆက်တစ်ခုချင်းစီမှာ အပေါ်ထည်နဲ့ အောက်ထည်အရောင်ကို တစ်မူထူးခြားစွာ တွဲဖက်ပေးထားလို့ လူအုပ်ထဲမှာ ထင်ရှားပေါ်လွင်စေပြီး Look တစ်ခုကို ပိုင်ဆိုင်စေပါတယ်😍
Premium Quality Details: ချုပ်လုပ်မှု သပ်ရပ်ကောင်းမွန်ရုံသာမက၊ ကြယ်သီးဒီဇိုင်းအစ အရည်အသွေးမြင့်မားလှပတာကို အသေးစိတ် အထူးအလေးပေး ထုတ်လုပ်ထားပါတယ်။🤗
4 Stunning Color Combos (အရောင် ၄ မျိုး): မိမိတို့ရဲ့ စိတ်ကြိုက်စတိုင်လ်နဲ့ လိုက်ဖက်မယ့် ဆွဲဆောင်မှုရှိတဲ့ အရောင်စုံတွဲစပ်မှု (၄) မျိုးနဲ့ ထွက်ရှိထားပါတယ်-
❤️ Bold Red & Black (တက်ကြွပြီး ယုံကြည်မှုအပြည့်ရှိတဲ့ စတိုင်လ်)
💛 Soft Yellow & Olive Green (လူငယ်ဆန်ဆန်နဲ့ Classy ဖြစ်တဲ့ စတိုင်လ်)
🩷 Charming Pink & Dark Grey (နူးညံ့သိမ်မွေ့ပြီး ဣန္ဒြေရှိတဲ့ စတိုင်လ်)
🖤 Classic Black & Pastel Pink (ခေတ်မီပြီး ဆွဲဆောင်မှုရှိတဲ့ စတိုင်လ်)
ကိုယ်ပိုင်ဖက်ရှင်အလှကို Dual Palette Set လေးနဲ့ ဖော်ပြလိုက်ပါရှင်။ 🛍️
✨Price➡Vest:30000mmk
Pant:29500mmk
Oneset:59500mmk(ခွဲမရောင်းပါ)
📏Size:S,M
📍Shop Address:A-428,4th floor,Times city,Times mall(Co;Local)
📲 အသေးစိတ်သိရှိလိုပါက Page Messenger သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်
ဆွဲဆောင်မှုရှိရှိနဲ့ တည်ငြိမ်တဲ့အလှမျိုးကိုကြိုက်တယ်ဆိုရင်တော့ ဒီtopလေးနဲ့ skirtလေးတစ်ထည်ကတော့ မဖြစ်မနေ ရှိထားသင့်တယ်နော်😉
Price:Skirt-37000mmk
Top-29500mmk
Size:S,M,L
12/09/2026
ဆိုင်မှာ စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့📍Shop Address: A-428,4လွှာ, Times city,Times mall(Co;Local)
ပုံမှန်ရှပ်အင်္ကျီဒီဇိုင်းတွေနဲ့ မတူဘဲ ကော်လာပုံစံလေးဆန်းသစ်ထားတဲ့ Cotton Shirt လေးပါ👚 အသားလေးကလည်း ဝတ်လို့ကောင်းတဲ့ cotton fabric ဖြစ်လို့ နေ့စဥ်ဝတ်ဖို့အတွက် အသင့်တော်ဆုံးပါပဲ🌿
Price: 32,000 Ks
Size: S, M
Times City, Times Mall ရဲ့ 4 လွှာ၊ Room A-428 မှာရှိတဲ့ YVRA ဆိုင်လေးမှာ ကိုယ်တိုင်လာရောက်try on လုပ်ပြီးဝယ်ယူနိုင်သလို Online ကနေလည်း အိမ်ရောက် ငွေချေမှာယူနိုင်ပါတယ်ရှင်💚
အရင်ထုတ်တုန်းက အားပေးမှုအများဆုံးနဲ့ ရောင်းမလောက်ဖြစ်ခဲ့ရတဲ့ design လေးပါ👍အခုတစ်ခါမှာတော့ ပိုပြီးဆန်းသစ်တဲ့ လိုင်းစင်း fabric လေးနဲ့ လာပြန်ပါပြီ😍 ဝတ်လိုက်တာနဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုပြီးသွယ်လျကျစ်လစ်သွားစေမယ့် ခံစားချက်ကို ပေးစွမ်းနိုင်မှာဖြစ်လို့ အမြဲလိုလို စမတ်ကျကျနဲ့ ကျော့ရှင်းလှပနေစေဖို့ ရွေးချယ်သင့်တဲ့ ပုံစံလေးပါ🩷
Price: 49,500 Ks
Size: S, M, L
Times City, Times Mall ရဲ့ 4 လွှာ၊ Room A-428 မှာရှိတဲ့ YVRA ဆိုင်လေးမှာ ကိုယ်တိုင်လာရောက်စမ်းသပ်ဝယ်ယူနိုင်သလို Online ကနေလည်း မှာယူနိုင်ပါတယ်ရှင်✅
ဈေးလည်းတန်၊ အသားလည်းကောင်းတဲ့ Skort လေး ရှာနေတယ်ဆို ဒါလေးကို လက်လွတ်မခံလိုက်နဲ့နော်။🤭
အသားအိအိထူထူလေးနဲ့ 2ထပ်ချုပ်ထားတာဖြစ်လို့ ဝတ်လိုက်ရင် လုံလုံခြုံခြုံ လေးနဲ့ လှနေမှာနော်
အပြင်သွားသွား၊ ကျောင်းသွားသွား၊ ရုံးသွားသွား ဘယ်လို Outfits နဲ့မဆို လိုက်ဖက်ပါတယ်
Size:S,M,L
Price:29500mmk
ဈေးနှုန်းလေးကလည်း ၃ သောင်းတောင် မပြည့်ဘူးဆိုတော့ Stock မကုန်ခင် မြန်မြန်လေးorderတင်
ထားလိုက်တော့နော်။ ✨
✔cash on deli
Which color is your favorite? Black, Grey, or Olive? 🤔🤎🖤✨ Fashion Redefined
🛍️ Available now at Times City (Room A-428, 4th Floor).
Category
Website
Address
Yangon
11401