Slow Book
ဖြည်းဖြည်းဖတ် များများချစ်
ဆရာမင်းလူရဲ့ ဝတ္ထုတိုတွေ ဖတ်ဖူးကြလား #မင်းလူ
21/08/2026
ချစ်ဖို့ကောင်းတဲ့
ပေါက်စလေးတွေကို
ပို့ခ အခမဲ့နဲ့ မှာယူနိုင်ပါပြီ
https://www.facebook.com/share/p/1EMzQatD47/?mibextid=wwXIfr
20/08/2026
ဖြေတွေး -၂
လေးပါးသီလမြဲတဲ့ယမကာလုလင်နဲ့
လိမ်ပြောတတ်တဲ့ဖိုးသူတော်
ဘယ်သူက အပြစ်ပိုကြီးသလဲ။
ရှိပြီးသားကို လှူတဲ့လူနဲ့
မရသေးတာကို စွန့်လွှတ်တဲ့လူ
ဘယ်သူက ပိုမွန်မြတ်သလဲ။
တောင်းတဲ့လူနဲ့
ပေးတဲ့လူ
ဘယ်သူက ပိုစိတ်ရှည်သလဲ။
လူဆိုးလုပ်ရတာနဲ့
လူကောင်းယောင်ဆောင်ရတာ
ဘယ်ဟာက ပိုခဲယဉ်းသလဲ။
ကင်းစောင့်တဲ့လူနဲ့
ဖောက်ထွင်းဖို့ကြံစည်တဲ့လူ
ဘယ်သူက ဝီရိယပိုသာသလဲ။
လွတ်အောင်ပြေးတဲ့လူနဲ့
မိအောင်လိုက်တဲ့လူ
ဘယ်သူက ပိုမောပန်းသလဲ။
ဖဲလိမ်ရိုက်တဲ့လူနဲ့
ဓားကိုင်ရမ်းတဲ့လူ
ဘယ်သူက ရင်ဆိုင်ရပိုခက်သလဲ။
မသေချာဘဲ ဝင်ပြိုင်တဲ့သူနဲ့
ရှုံးမယ်မှန်းသိလျက် ဝင်နွှဲတဲ့လူ
ဘယ်သူက သွေးပိုကောင်းသလဲ။
ဆာလောင်မွတ်သိပ်တာနဲ့
စားပိုးနင့်တာ
ဘယ်ဝေဒနာက ပိုဆိုးသလဲ။
နာကျင်တာနဲ့
ယားယံတာ
ဘယ်ဟာက အခံရပိုခက်သလဲ။
ကျပ်ကျပ်တည်းတည်း ထိုင်ရတာနဲ့
လွတ်လွတ်လပ်လပ် ရပ်ရတာ
ဘယ်ဟာက ပိုသက်သာသလဲ။
လိုချင်တာကို မရတာနဲ့
မလိုချင်တာကို ရတာ
ဘယ်ဟာက ပိုဆုံးရှုံးသလဲ။
ထွက်ခွာသွားတဲ့လူနဲ့
ကျန်ရစ်ခဲ့တဲ့လူ
ဘယ်သူက ပိုလွမ်းရသလဲ။
အဖြေကို .......
ဘဝစာမျက်နှာ
တစ်နေရာတွင်
ရှာကြည့်ပါ…
မင်းလူ
၂၀၀၅ ၊ ဩဂုတ်(အတွေးသစ်ဂျာနယ်)
လှ❤️
14/08/2026
လှ❤️
https://www.facebook.com/share/p/1Z84K5CHcJ/?mibextid=wwXIfr
13/08/2026
လှ❤️
https://www.facebook.com/share/p/1DP9dmgP7y/?mibextid=wwXIfr
01/08/2026
🤓ဟိတ် Book Date လုပ်ဖူးလား🤓
💝ချစ်သူတစ်ယောက်နဲ့အတူ
စာအုပ်ဆိုင်လေးမှာ
ချိန်းပြီး
သူဖတ်ချင်တဲ့စာအုပ်လေးကိုယ်ဝယ်
ကိုယ်ဖတ်ချင်တဲ့စာအုပ်လေး သူဝယ်ပြီး
အပြန်အလှန် လက်ဆောင်ပေးခဲ့ဖူးရင် ဆယ်မှတ်။
💝ချစ်သူ မသိအောင် စာအုပ်လေးတွေ
ဝယ်ပြီး လက်ဆောင်ပို့ပေးဖူးရင် ဆယ်မှတ်။
💝ချစ်သူနဲ့အတူတူ
စာအုပ်တစ်အုပ်ကို ကော်ဖီဆိုင်လေးမှာ
အတူတူထိုင်ပြီး ဖတ်ခဲ့ဖူးရင် ဆယ်မှတ်။
💝ချစ်သူကို စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာ
အမှတ်တရ စာလေးတွေရေးပြီး
လက်မှတ်ထိုးခဲ့ပေးဖူးရင် ဆယ်မှတ်။
💝စာအုပ်တစ်အုပ်ထဲ စိတ်နှစ်ဝင်နေတဲ့
ချစ်သူမျက်နှာလေးကို ထိုင်ငေးနေဖူးရင် ဆယ်မှတ်။
💝ချစ်သူကို ကဗျာဖတ်ပြခဲ့ဖူးရင် ဆယ်မှတ်။
🎉အားလုံးပေါင်းလိုက်လို့
အမှတ်လေးဆယ်ကျော်ရင်
သင်တို့ဟာ စာအုပ်ဖူးစာ၊
စာအုပ်စုံတွဲ
Book Date ပြည့်စုံသွားတဲ့သူတွေပါပဲ။
💗ချစ်သူလေးနဲ့အတူ
ကော်ဖီသောက်ရင်း စာအုပ်ဆိုင်လေးထဲမှာ
အချိန်အကြာကြီးနေဖို့ဆိုရင်
မောင်နှေးကွေးလေးရဲ့
Slow Bookကနေ ကြိုဆိုပါတယ်။
အမှတ်တရ ဓာတ်ပုံရိုက်ဖို့ နေရာလှလှလေးတွေရှိသလို
လှပခမ်းနားတဲ့စာအုပ်စင်တွေနဲ့
ပြည့်နေတဲ့ နေရာလေးဟာ
ချစ်သူနှစ်ယောက်အတွက်
ထာဝရဖြစ်စေမှာ အမှန်ပါပဲ။
✅Slow Bookကို နေ့စဉ်ပိတ်ရက်မရှိ
မနက်ကိုးနာရီကနေ ညနေငါးနာရီထိဖွင့်လှစ်ထားပါတယ်။
ရိုးရိုးချစ်သူကနေ စာပေချစ်သူလေးတွေဖြစ်ရအောင်
စာအုပ်ဆိုင်မှာ Date ကြမယ်.
✅လိပ်စာက-
အခန်းအမှတ် ၄၀၈ ၊ Times City Building 4
ကမာရွတ်မြို့နယ်၊ ရန်ကုန်မှာ
ဖွင့်ထားပါတယ်။ ( ဘုရားတွေအများကြီးရှိတဲ့ညောင်ပင်ကြီးနဲ့နီးပါတယ်)
မြေညီထပ်မှာ
UAB Cafe ဆိုင်လေးရှိပြီး Slow Book ကတော့
ကော်ဖီဆိုင်လေးရဲ့ အပေါ်မှာ ရှိပါတယ်။
ကော်ဖီဆိုင်ထဲကနေ ဝင်ရမှာပါ။
☎️ 09975534662
28/07/2026
ဒီနေရာလေးကို
ဘယ်သူတွေ ရောက်ဖူးကြသလဲ
Photo Credit to all
24/07/2026
NDSP Books
WE Distribution
Slow Book
Yangon Book Plaza
Yoke Pya
ဝန်ထမ်းများအားလုံးရဲ့
Annual Trip ခရီးစဉ်လေး ရှိပါတယ်။
စာအုပ်ဆိုင်များနဲ့ စာအုပ်တိုက်များရဲ့
ဝန်ဆောင်မှုများကို ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီနောက်ပိုင်းမှ ၂၇ ရက်နေ့ထိ
ရပ်နားခွင့်ပြပါခင်ဗျား /ရှင် 🙏🙏🙏
ဇူလိုင် ၂၈ ရက်နေ့မှာတော့
စာအုပ်ဆိုင်များနဲ့ စာအုပ်တိုက်များ
ပုံမှန်ပြန်လည် လည်ပတ်သွားမှာ
ဖြစ်ပါတယ်။
မက်ဆေ့အမှာများကိုလည်း
အဆိုပါ ရက်များအတွင်း ဖြေကြားနိုင်ခြင်း
မရှိတာကိုလည်း
နားလည်ပေးပါနော်….
၂၈ ရက်နေ့ရောက်ရင်
အားသစ်အင်သစ်နဲ့
မက်ဆေ့လေးတွေ တစ်ယောက်မကျန်
သေချာဖြေပေးပါ့မယ်။
အဖိုးပေါက်ပီ
စာအုပ်ကြိုတင်အမှာများအတွက်လည်း
စိတ်မပူပါနဲ့…
ကြိုတင်မှာထားသူတိုင်း
ရရှိဖို့ အာမခံပါတယ်။
သေချာဖတ်ပြီး တကယ်ကျင့်ကြံရင် အဟုတ်အကျိုးများမယ့် ဆရာဖေမြင့်စာအုပ်များ
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Slow Book posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.