Food For Soul - ACM

Food For Soul - ACM

Share

This Page stands for the improvement of your religious knowledge and for your spiritual nourishment.

11/09/2026

အမေရိကန်သမ္မတ Donald Trump က
အမိမယ်တော်မာရီယား၏မွေးနေ့တွင် အမိမယ်တော်အား "Happy Birthday Mary, Queen of Victories" ဟု နှုတ်ဆက်ခဲ့ပါတယ်။

ခရစ်ယာန်မိသားစုအသိုင်းအဝန်းတွင် လူကြိုက်များသောသတင်းတစ်ခု ဖြစ်နေခဲ့ပါတယ်။

ကက်သလစ်ခရစ်ယာန်မဟုတ်ပေမယ့် မယ်တော်ကို ကြည်ညိုသော အမေရိကန်သမ္မတကြီးဖြစ်ပါတယ်။

Photo Courtesy of Shalom World News

08/09/2026

မယ်တော့်မွေးနေ့အကြောင်းနှင့် အံ့ဖွယ်ရာများ
****************************//

ကက်သလစ်သာသနာတော်ရဲ့ ပြက္ခဒိန်မှာ မွေးနေ့ပွဲကျင်းပတာ (၃) မျိုးပဲရှိပါတယ်။ ပထမတစ်ခုက‌တော့ ဒီဇင်ဘာ လ (၂၅)ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ ခရစ္စ မတ်နေ့ (ဝါ) သခင်ယေဇူးရဲ့မွေးနေ့ဖြစ်ပါတယ်။ အဲဒီပွဲတော်နေ့ကို Solemnity အဖြစ်ကျင်းပပါတယ်။

ဒုတိယ‌မွေးနေ့ပွဲကတော့ ဇွန်လ (၂၄) ရက်နေ့တွင်ကျရောက်သော သံယောဟန်ဗတ္တီးစတားရဲ့မွေးနေ့ဖြစ်ပါတယ်။ အကြီးမြတ်ဆုံးသော ပရောဖက်ရဲ့ မွေးနေ့ဖြစ်တယ်။ အဲဒီ‌နေ့ကိုလည်း သာသနာတော်က Solemnity အဖြစ်ကျင်းပစေပါတယ်။

တတိယ‌မွေးနေ့ပွဲက စက်တင်ဘာ (၈) ရက်နေ့မှာ ကျရောက်တဲ့ ကညာစင်မယ်တော်မာရိယား၏မွေးနေ့ဖြစ်ပါတယ်။ ဒီဇင်ဘာလ (၈) နေ့မှာ "အပြစ်မဲ့သန္ဓေ ယူသောသခင်မ" ပွဲနေ့ကို Solemnity အဖြစ်ကျင်းပပြီးတော့ နောက်ကိုးလအကြာ စက်တင်ဘာလ (၈)ရက်နေ့မှာ မယ်တော့်မွေးနေ့ကို Feastday အဖြစ်ကျင်းပစေပါတယ်။

ဒီမယ်တော်ရဲ့မွေးနေ့ကျင်းပရတဲ့အကြောင်းရင်းကတော့ AD(431)၊ The Council of Ephesus ကနေ စတင်ပေါ် ပေါက်လာခဲ့တာဖြစ်ပါတယ်။ Ephesus ကောင်စီက မယ်တော့်ကို ဘုရားသခင်ရဲ့မိခင်အဖြစ် ( Mother of God) အမည်နာမဂုဏ်ပုဒ်ကို တည်ထောင်ပေးအပ်ခဲ့ပါတယ်။ ကယ်တင်ခြင်းသမိုင်းမှာ မယ်တော်ရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့အတွက်ကြောင့် သူမရဲ့သားတော် သခင်ယေဇူးကဲ့သို့ မယ်တော်ရဲ့ မွေးနေ့ပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~

🚫 ဒီနေရာမှာ ကက်သလစ်ဘာသာဝင်များ အနေနဲ့ သတိပြုစရာ၊ သတိထားစရာတစ်ခု ပြောပြချင်ပါတယ်။

(၁၉၆၂-၆၅) ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ဒုတိယဗာတီကန်ဓမ္မညီလာခံကြီးက ပြောထားတယ် "မယ်တော်က လူသားတို့ရဲ့ ကယ်တင်ခြင်းလုပ်ငန်းမှာ အလွန်အရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ လေးလေးနက်နက်သွန်သင်ပေမယ့် သခင်ခရစ်တော်နဲ့ပတ်သက်လာရင် မယ်တော်နဲ့သက်ဆိုင်တဲ့ သဒ္ဒါကြည်ညှိခြင်းတွေက ဒုတိယနေရာအမြဲရှိရမယ်လို့ ဘာသာတူတွေကို သတိပေးခဲ့ပါတယ်။ (ဥပမာ - မစ္ဆားတရားအတွင်းမှာ စိပ်ပုတီးစိပ်တာ၊ ကိုယ်တော်မြတ်စက္ကရမင်တူးကို ဒုတိယနေရာမှာ ထားရှိတာ၊ မယ်တော်ကို ဘုရားအဖြစ် ကိုးကွယ်တာမျိုး၊ စသဖြင့်ပေါ့)။

မယ်တော်ကို သဒ္ဓါကြည်ညိုတာနဲ့ပတ်သက်ပြီးတော့ အစွန်းရောက်မှု (၂) ခုကို ရှောင်ကြဉ်ရမယ်လို့ Vatican II က သတိပေးထားပါတယ်။

(၁) ပထမတစ်ခုက Minimalism လို့ခေါ်တဲ့ မယ်တော်ကို သဒ္ဓါကြည်ညိုမှု လုံးဝမပြုလုပ်ခြင်း၊

(၂) ဒုတိယတစ်ခုက Maximalism လို့ခေါ်တဲ့ မယ်တော်ကို အကန့်အသတ်မရှိ သဒ္ဓါကြည်ညိုခြင်း၊ တစ်နည်းအားဖြင့် တစ်ဖက်စွန်းရောက် သဒ္ဓါကြည်ညိုမှုပြုခြင်း မျိုးဖြစ်ပါတယ်။ (E.g Kissing statues of saints firstly right after entering into the church without giving priority to Adoration of the Blessed Sacrament initially)

ဒီနှစ်ချက်ကို ကက်သလစ်သာသနာတော်က ကျင်းပခဲ့တဲ့ Vatican II ကသွန်သင်ထားတာဖြစ်ပါတယ်။ ဘာသာ တရားတိုင်းမှာ အစွန်းရောက်တဲ့သူတွေ ရှိတတ်ပါတယ်။ အစွန်းမရောက်ဖို့ သတိပြုဖို့ သာသနာတော်က အသိပေးတာဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~

💙 တစ်ဖက်မှာ မယ်တော်ကို ကိုးစားခြင်း၊ သဒ္ဓါကြည်ညိုခြင်းဆိုတာ ကက်သလစ်ခရစ်ယာန်များရဲ့ သီးခြားထူးခြားတဲ့ လက္ခဏာဖြစ်ပါတယ်။ လူတွေအတွက် လိုအပ်လာရင် မယ်တော်က ဘုရားရှင်ရဲ့သတင်းစကားပေးဖို့ ထင်ရှားပြတတ်ပါတယ်။ (၂၀) ရာစုအတွင်းမှာ မယ်တော်သခင်မထင်ရှားပြတာက (၃၈၆) ခုရှိပါတယ်။ အဲဒီ (၃၈၆) ခုထဲမှာ (၁၈) ခုကို အမိကက်သလစ်သာသနာတော်က အတည်ပြုထားပါတယ်။ မယ်တော်က "Our Lady" အဖြစ်ထင်ရှားပြတာက (၅၇) ကြိမ်တိတိရှိပါတယ်။ မယ်တော်ရဲ့ဂုဏ်ပြတဲ့အမည်နာမကလည်း အများအပြားရှိနေပါတယ်။

မယ်တော်နဲ့ပတ်သက်ပြီးတော့ အဖြစ်အပျက်အချို့ကို ဝေမျှလိုပါတယ်။ ကက်သလစ်ဘာသာဝင်များအနေနဲ့ စိပ်ပုတီးစိပ်တာက အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်အပါအဝင် တော်တော်များများက စိပ်ပုတီးစိပ်တဲ့အခါမှာ စကားလုံးတွေကို၊ နက်နဲရာအချက်တွေကို စဉ်းစားထောက်ရှုတာမရှိဘဲနဲ့ အလျင်စလို မြန်မြန်ပြီးအောင်ပဲ စိပ်တတ်ကြပါတယ်။

Permissu Superiorum က (၁၉၅၄) ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်မှာ ထုတ်ဝေခဲ့တဲ့ မယ်တော်ရဲ့အကြောင်းနဲ့ ဘာသာတူတွေရဲ့အတွေ့အကြုံကို ဝေမျှချင်ပါတယ်။ "Hail Mary" တစ်ခါ ကောင်းကောင်းဆိုတယ်ဆိုရင် မယ်တော်ရဲ့နှလုံးသားကို ဝမ်းမြောက်ခြင်းနဲ့ပြည့်စေပြီးတော့ ဖော်ပြလို့မရတဲ့ ကြီးမားသော ကျေးဇူးတော်တွေကို ကျွန်တော်တို့အတွက် ရရှိစေပါတယ်တဲ့။ ပြီးတော့ *Hail Mary* ကို တစ်ခေါက် ကောင်းမွန်စွာဆိုခြင်းဟာ စိတ်မပါဘဲနဲ့၊ မထောက်ရှုဘဲနဲ့ အများကြီးဆိုတာထက် ကျေးဇူးတော်တွေ ပိုမိုရရှိစေပါတယ်တဲ့။

ရဟန္တာကြီး St. Jerome ကပြောတယ် "Hail Mary မှာပါတဲ့ လှပခြင်းတွေက ကောင်းမွန်လွန်းလို့၊ အံ့ဩစရာကောင်းလွန်းလို့ ဘယ်လူသား၊ ဘယ်ကောင်းကင်တမန်ကမှ အပြည့်အဝ နားမလည်နိုင်ဘူး" လို့ဆိုထားပါတယ်။ Leo III ကနေ ပညာအရှိဆုံး၊ အသန့်ရှင်းဆုံးလို့ သတ်မှတ်ခဲ့တဲ့ ရဟန္တာကြီး St. Thomas Aquinas ကလည်း ရောမမြို့မှာ "Hail Mary" အကြောင်းကိုပဲ ရက်ပေါင်း (၄၀) တရားဟောပြီးတော့ တရားနာသူတွေကို အကြီးအကျယ်ပျှော်ရွှင်စေခဲ့တယ်တဲ့။

သန့်ရှင်းပြီးတော့ ပညာရှိတဲ့ ဂျေဆွဇ်ဘုန်းတော်ကြီး Suarez ကလည်း သူသေခါနီးမှာ "Maw Mary" နဲ့ပတ်သက်ပြီးတော့ ဒီလို‌ ကြေညာခဲ့ပါတယ် "ငါ့ဘဝတစ်ခုလုံး ကြိုးစားပြီးတော့ ရေးခဲ့တဲ့ စာအုပ်တွေအားလုံးကို "Hail Mary" တစ်ခုရဲ့နာမအတွက် ဆန္ဒရှိရှိပေးကမ်းလိုပါတယ်" လို့ ကြေညာခဲ့ပါတယ်။ ဘုရားတရားရှိတဲ့ကက်သလစ်တစ်ဦးက "Hail Mary" ဖြေးဖြေးဆိုပြီး ပျှော်ရွှင်မှုကို ခံစားလေ့ရှိတယ်တဲ့။ မယ်တော်က သူ့ဆီကို ပြုံးရွှင်စွာနဲ့ ပြန်ပြီးတော့ ထင်ရှားပြတယ်။ သူသေမယ့် နေ့နဲ့အချိန်ကို ပြောပြပြီးတော့ အသန့်ရှင်းဆုံး၊ အပျော်ရွှင်ဆုံးသေခြင်းကို ပေးသနားခဲ့တယ်တဲ့။ သူသေပြီးတဲ့နောက် သူ့ရဲ့လျှာပေါ်မှာ လှပဖြူစင်တဲ့ လီလီပန်းပေါက်လာတယ်တဲ့။ အဲဒီလီလီပန်းပေါ်မှာ "Hail Mary" (အာဝေမာရီယား) လို့ရေးထားတယ်တဲ့။

ဒါကတော့ မယ်တော်ကို အားကိုးခြင်းဖြင့် ရရှိတဲ့ ကျေးဇူးတော်တွေကို ဝေမျှတာဖြစ်ပါတယ်။

Happy Birthday, Mother Mary! 🎊

✍️ ဇီဝဇိုး (မင်းတပ်)







#ဇီဝဇိုး_မင်းတပ်

08/09/2026

ကျန်းမားခြင်းမယ်တော်ထံကိုးစားရင် အလဟသ မဖြစ်ပါဘူးဆိုတာကို သက်သေခံခဲ့သူ

(၄)နှစ်သားအထိ​ လေးဘက်သွား၍ (၅)နှစ်(၇)လမှာ Velankanni မယ်​တော်တန်ခိုး​ကြောင့်စက်တင်ဘာလ (၅)ရက်​နေ့တွင်မတ်တပ်ထ၍လမ်း​လျှောက်ခဲ့သူ 💝

ရန်ကုန်သာသနာမှ No(5/7C)ဗိုလ်တ​ထောင်လမ်းသွယ်၂လမ်းဗိုလ်တ​ထောင်မြို့နယ်‌မှာနေထိုင်သူ Frederick Vincent သည် ‌ဗေလန်ကန်နီမယ်တော်ကို အားကိုးခြင်းကြောင့် ငယ်ဘဝမှခံစားလာသော ရောဂါပျောက်ကင်းသည့်အကြောင်း တင်ဆက်ပေးပါမည်။ သူနှင့်အင်တာဗျူးခဲ့သည့် အကြောင်းအရာ(ဝါ) သူ၏သက်သေခံချက်များကို ဖော်ပြပါမည်။

မေး။ ။ Frederick ခင်ဗျ၊ ဗေလန်ကန်နီမယ်တော်ကို ကိုးစားခြင်းကြောင့် ငယ်ဘဝမှခံစားရတဲ့ရောဂါပျောက်ကင်းကြောင်းသိရတဲ့အတွက် လူတွေသိအောင် သက်သေခံတဲ့အနေနဲ့ပြောပြပေးပါလား။

ဖြေ။ ။
​မွေးတုန်းကအ​ကောင်းပါ။ အသားဝါမြင့်သွားပြီးညာတစ်ခြမ်းလုံးထိပြီး​ခေါင်းက​နေ​ခြေ​ထောက်​ဖက်မှာထိသွားတာ​ပေါ့။ အ​ကြောတင်းသွားတာ​ပေါ့​နော်။
(၂) နှစ်သားထိ​ ကောင်း​ကောင်း​ထောင်မထိုင်နိုင်ဘူး။
အဲ့တာနဲ့ Physio လုပ်ရင်းနဲ့ (၅)နှစ်သားအထိလမ်း​လျှောက်လို့မရဘူး​။ လေးဘက်သွား​နေတာက​နေကျန်းမားခြင်းမယ်​တော်ကိုကိုးခဲ့တာ၂၀၀၈ခုနှစ်စက်တင်ဘာလ (၅) ရက်​နေ့ မယ်​တော့်နိုဗီနား (၈)ရက်​မြောက်​နေ့မှာ မက်တပ်စမ်းထပြီး​ ခြေလှမ်းစလှမ်းတာပါပဲ။
အခုထက်ထိ​တော့အ​ကောင်းကြီးမဟုတ်​ပေမဲ့ မယ်​တော့်​ကျေးဇူး​တော်​ကြောင့်သွားလို့လာလို့ရသွားတယ်​ပေါ့​နော်။ ဒီအတွက် ဆုတောင်းခဲ့တာ (၄) နှစ်ကြာခဲ့ပါတယ်။ ကျွန်တော့်အမေကနေ မယ်တော်ပွဲရှိတဲ့နေရာတွေကို ခေါ်သွားလေ့ရှိပါတယ်။

မေး။ ။ ဘာသာတူညီအစ်ကိုမောင်နှမတွေကို ဘာသတင်းလေးပေးချင်ပါသလဲ။

ဖြေ။ ။ ကျွန်​တော့်လိုအမိမယ်​တော်ကိုယုံကြည်အားကိုးပါ။ ​နေ့တိုင်းစိပ်ပုတီးစိတ်ပါ။ မယ်​တော်ထံမှလိုအပ်ရာကို​တောင်း​လျှောက်ပါလို့​ပြောချင်ပါတယ်။
Happy Feastday to everyone!

မေး။ ။ ယခုလို ဖြေပေးလို့ကျေးဇူးတင်ပါ‌တယ်နော် ညီလေး Frederick။

ဖြေ။ ။ ကျွန်​တော်လည်း ကျေးဇူးတင်ပါတယ်။
You're Welcome.

By #ဇီဝဇိုး_မင်းတပ်

05/09/2026

အမှန်တရားက ထာဝရဖုံးကွယ်တော့မှာလား

🌀လောကမှာ ဖြစ်ပျက်သမျှအရာတိုင်းဟာ အကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတယ်ဆိုပေမယ့် ဖြစ်လာတဲ့ရလဒ်အကောင်းအဆိုးတိုင်းအတွက် အကြောင်းတရားကိုပဲအပြစ်ပုံအောရတော့မှာလား။

🌀အဖြစ်အပျက်တစ်ခုစီရဲ့နောက်ကွယ်မှာ အမှန်တရားဆိုတာရှိနေပေမယ့် အဲဒီအမှန်တရားကပုန်းနေတတ်တာများလား။

🌀အမှန်တရား​ကိုပါးစပ်ဖျားမှာထားပြီး အမှောင်ထုကိုအဖော်ပြုရင် အမှန်တရားကမျက်နှာငယ်ရပြီပေါ့။

🌀နုနယ်ပြီးသွက်လက်လွန်းတဲ့လျှာတစ်ခုက အမှားကိုအမှန်အဖြစ်ရွက်လိုက်သောအခါ မှားနေသောအမှန်တရားဖြစ်လာရောပေါ့။

🌀သြော်...တောင်ပေါ်မှာတည်ထားတဲ့မြို့ကိုဖုံးကွယ်လို့မရဟု ယေဇူးမိန့်မှာထားခဲ့တော့ ဖြစ်ပျက်ခဲ့တဲ့အမှန်တရားက တစ်နေ့တစ်ချိန် ပေါ်လာမည်အမှန်ပင်။

🌀 ဖုံးကွယ်ထားတဲ့အမှန်တရားက ဒီလော ကမှာမပေါ်ခဲ့ရင်တောင် အမှန်တရားသူကြီးရှေ့မှာအဘယ်ဖုံးကွယ်နိုင်တော့အံ့နည်း။

🌀အမှန်ကိုချစ် အမှားကိုပြင်၊ အထင်မမှား အမြင်မှန်တော့ ဘုရားရှေ့လူ့ရှေ့ မျက်နှာသာတာပေါ့။

🌀ပြောနိုင်သူကမှန်၊ တိတ်ဆိတ်သူကခံ
အများပြောတော့ အမှန်ဖြစ်လာတဲ့ခေတ်။

🌀အမှန်လုပ်တိုင်း အမုန်းခံရသော်ငြား
ဘုရားမမုန်းဖို့ လူမုန်းခံလိုက်ပေါ့။

✍️ ဇီဝဇိုး (မင်းတပ်)
14.11.2020 (Sat)





#ဇီဝဇိုး_မင်းတပ်

05/09/2026

ရဟန္တာ မာတာ ထရေဇားပွဲနေ့ ❤✝❤

☘️🌹 မာသာထရေဇားပွဲနေ့ 🌹☘️

ဤယနေ့ဟာ အိန္ဒိယနိုင်ငံ၊ Calcutta မြို့ က မာသာထရေဇားရဲ့ပွဲနေ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုလ (၂၆) ရက်နေ့တုန်းက သူမရဲ့ မွေးနေ့ကျင်းပခဲ့ကြပါတယ်။ မာသာထရေဇားရဲ့ပွဲနေ့က Catholic Calender မှာမပါခဲ့ပေမယ့် အခုနောက်ပိုင်းထုတ်တွေမှာ၊ အထူး သဖြင့် God's Word 2020 မှာဖော်ပြပါတယ်။

သူမဟာ (၁၉၁၀-၁၉၉၇)ခုနှစ်မှာ အသက်ရှင်နေထိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံရှိစံပြ
ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူမဟာ Missionaries of Charity Family of Sisters, Brothers, Priests and Co-workers ဆိုတဲ့ အသင်းဂိုဏ်းကိုတည် ထောင်သူလည်းဖြစ်ပါတယ်။

ဆင်းရဲသားများထဲက အဆင်းရဲဆုံးသူတွေရဲ့ ဖြူစင်ခြင်းနှင့်ကယ်တင်ခြင်းအတွက် ပေးဆပ်အလုပ်လုပ်ပြီးနောက် AD (၁၉၇၉) ခုနှစ်မှာ🌱🕊️"ငြိမ်းချမ်းရေးနိုပယ်ဆု"🕊️🌱ချီးမြှင့်ခြင်းခံရပါတယ်။

သူမကို (၂၀၁၆)ခုနှစ်က ရဟန္တာတစ်ပါး အဖြစ်တင်မြှောက်ခြင်းခံရပါတယ်။ အိန္ဒိယ နိုင်ငံသူနိုင်ငံသားများသာမက ကမ္ဘာသူကမ္ဘာသားတိုင်းက သူမကို လေးစားကြည် ညိုကြပါတယ်။ မာသာထရေဇားရဲ့ဘဝရှင်သန်ခြင်းဟာ သခင်ခရစ်တော်ချစ်ခြင်းမေတ္တာကို ထင်ရှားပေါ်လွင်စေခဲ့ပါတယ်။ သူမဟာ လူတွေရဲ့နှလုံးသားထဲမှာအစဥ်ရှိနေမှာဖြစ်ပါတယ်။

St. Tresa of Calcutta, pray for us!

Ref: Word's Word 2020

✍️ ဇီဝဇိုး (မင်းတပ်) ... ဘာသာပြန်





#ဇီဝဇိုး_မင်းတပ်

22/08/2026

"Hail Holy Queen"
[In honour of Mother Mary]

This Marian Hymn is classical/melodious!
This song is dedicated to Mary, the Mother of Jesus particularly on the Marian Month of May & on the Feast Day of the Visitation of the Blessed Virgin Mary.

ရဟန်းတော် (၄) ပါးက သီဆိုဧကျူးထားပါတယ်🕊️

Pianist: Fr. Fidelis Maung Sein
Soprano: Fr. William Ling Hung
Alto: Fr. Paulinus Khui Shing
Tena: Fr. David Mangte
Bass: Fr. Emmanuel Pa UK

ငြိမ်းချမ်းခြင်း၏ဘုရင်မ ...
အမိမြန်မာပြည်အမြန်ဆုံး ငြိမ်းချမ်း
အောင် ဆုတောင်းပေးတော်မူပါ 🙏🙏

🎬 Fr. Paulinus Khui Shing

Photos from Food For Soul - ACM's post 16/08/2026

မြန်မာပြည်ကက်သလစ်သာသနာအသီးသီးမှ မယ်တော်၏ Assumption ပွဲနေ့အတွက် လှပသော Decoration ပုံစံများဖြင့် မယ်တော်အား ဂုဏ်ပြုသော ပုံရိပ်များကို စုစည်းတင်ပြ‌ ပေးထားပါတယ် (16/8/2016)

မိမိရဲ့သာသနာထဲက Decoration များပါသလား။ ဘယ်တစ်ခု အလှဆုံးလဲ မန့်ခဲ့ကြပါအုံး ...

Assumption of Mary ‌အကြောင်း 👇
https://www.facebook.com/share/p/1JpdbpsSik/

Photo courtesy of the original uploaders

16/08/2026

Assumption ပွဲနေ့နှင့် မယ်တော်မာရီယားကို အားကိုးတတ်သော ပန်းရောင်ခြယ်ပါ

COVID ကာလတုန်းက CYA လူငယ်များနှင့် စိပ်ပုတီးစိပ်တဲ့ Sequence Program ပန်းရောင်ခြယ်က ပါဝင်ပေးခဲ့ဖူးပါတယ်။

May your actions and Christian way of life inspire the young believers!

Photo CRD: Pan Yaung Chel

16/08/2026

R.I.P Sr. Victoria David, OP!

ဒိုမီနီကင်သီလရှင်အသင်းဂိုဏ်းဝင်
Sr. Victoria သည် မယ်တော်သခင်မကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းပွဲ သြဂုတ်လ (၁၅) ရက်၊ (၂၀၂၆) ခုနှစ်မှာ အဖအိမ်တော်ပြန်သွားပါပြီ...

သက်တော် (၁၀၁) နှစ်
သီလရှင်ဝါတော် (၇၀) နှစ်

Photo CRD

Category

Address


Yangon

Alerts

Be the first to know and let us send you an email when Food For Soul - ACM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.