Good Mood Gallery

Good Mood Gallery

Share

Good Mood Gallery

Photos from Good Mood Gallery's post 19/06/2026

#ပြပွဲလေးစပါပြီ

We Live in Burma 2026
Art Exhibition
19 to 23 June
Good Mood Gallery

ဗမာပြည်မှာနေကြသည် - စက္ခုပသာဒ အလှပညာပြပွဲ (၅) နှစ်တာ ခရီးကို ရောက်ခဲ့ပြီး ဆက်လက်လျောက်လှမ်းလျက်ရှိပါပြီ။

Photos from Good Mood Gallery's post 19/06/2026

#ပြပွဲလေးစပါပြီ

We Live in Burma 2026
Art Exhibition
19 to 23 June
Good Mood Gallery

ဗမာပြည်မှာနေကြသည် - စက္ခုပသာဒ အလှပညာပြပွဲ (၅) နှစ်တာ ခရီးကို ရောက်ခဲ့ပြီး ဆက်လက်လျောက်လှမ်းလျက်ရှိပါပြီ

18/06/2026

🎈 Available for Collection

Title - Vintage
Artist- Ye Min Aung
Medium - Acrylic On Canvas
Size - 24x18Inches
Price - 650000 kyats

Photos from Good Mood Gallery's post 17/06/2026

#ပြပွဲ_နောက်ဆုံးနေ့
“Views" Volume 2 Art Exhibition

(၂၉)ကြိမ်မြောက် မြောက်အဖြစ် "Views" Volume 2 ပန်းချီပြပွဲကြီးကို Good Mood Gallery တွင် ကျင်းပပြုလုပ်နေပါပြီ👏👏👏

ဆက်သွယ်ရန် -
Good Mood Gallery
ဖုန်း: +95(9)881100027
အီးမေးလ်: [email protected]

17/06/2026

ဒီနေ့ လမ်းမှာ မနှစ်က ကျွန်တော်တို့ Good Mood Gallery မှာ ပြပွဲလုပ်ခဲ့တဲ့ ဆရာတစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ ဆရာက ဂယ်လာရီလေး တဖြည်းဖြည်းနဲ့ အရှိန်ရလာတာကို မြင်ရလို့ ဝမ်းသာတဲ့အကြောင်း အားပေးစကား ပြောရှာပါတယ်။

စကားလက်ဆုံပြောရင်း ဆရာက ဂယ်လာရီအတွက် အားနည်းချက်တစ်ခုကို စေတနာနဲ့ ထောက်ပြပေးပါတယ်။ အဲ့ဒါကတော့ "Good Mood Gallery က ဝယ်လက် အသစ်တွေ သိပ်မရှာနိုင်သေးတာ" ဆိုတဲ့ အချက်ပါပဲ။
ဒါပေမဲ့ ဆရာက ဆက်ပြီး သူ့ရဲ့ အတွေ့အကြုံကို ခုလို မျှဝေပေးခဲ့ပါတယ်။

"မနှစ်ကငါ့ပွဲတုန်းကလည်း ပြပွဲရက်အတွင်းမှာ တစ်ကားမှ မရောင်းခဲ့ရဘူး။ ဒါပေမဲ့ ပြပွဲပြီးလို့ ၃ ပတ်လောက်အကြာမှာ ၄ ကား ရောင်းလိုက်ရတယ်..."

ဒီစကားက ကျွန်တော့်ကို အများကြီး တွေးတောစေသလို၊ အနုပညာလောကရဲ့ လက်ရှိဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝကိုလည်း ကောင်းကောင်း မီးမောင်းထိုးပြနေပါတယ်။

ပုံမှန်အားဖြင့် အနုပညာပြပွဲတစ်ခုရဲ့ သက်တမ်းဟာ ၃ ရက်ကနေ ၅ ရက်အထိပဲ ကြာမြင့်တတ်တာမို့ အရမ်းတိုတောင်းလှပါတယ်။ ဒါကြောင့် ပြပွဲရက်အတွင်း အနုပညာလက်ရာတွေ မရောင်းရတဲ့အခါ ဂယ်လာရီရော အနုပညာရှင်ပါ "ဝယ်လက်မရှာနိုင်လို့လား" ဆိုပြီး စိတ်ပူတာ၊ စိတ်ဓာတ်ကျတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ပြပွဲအတွင်း မရောင်းရရုံနဲ့ မအောင်မြင်ဘူးလို့ သတ်မှတ်လို့ မရပါဘူး။

ဝယ်လက် တွေဟာ ပန်းချီကားတစ်ကားကို မြင်မြင်ချင်း ဝယ်လေ့ရှိတာထက်၊ ပြပွဲမှာ စိတ်ကြိုက်ကြည့်ရှု ခံစားပြီးနောက် အိမ်ပြန်ရောက်မှ မိမိအိမ်ရဲ့ နေရာအထားအသို၊ စိတ်ခံစားမှုတို့နဲ့ ပြန်လည်ချိန်ဆပြီးမှ စဉ်းစားဆုံးဖြတ်လေ့ ရှိကြပါတယ်။

ပြပွဲကာလတိုလေးဟာ အနုပညာရှင်နဲ့ ဝယ်လက်ကြား၊ ဂယ်လာရီနဲ့ ဝယ်လက်ကြားမှာ ဆုံမှတ်တစ်ခု ဖန်တီးပေးလိုက်တာပါ။ ပြပွဲရက်အတွင်းမှာ ဝယ်လက်တွေရဲ့ ရင်ထဲကို အနုပညာလက်ရာတွေ ရောက်ရှိသွားဖို့က အဓိက ဖြစ်ပါတယ်။

ဆရာ့အတွေ့အကြုံလိုပဲ ပြပွဲအတွင်းမှာ ဘာမှမရောင်းရပေမဲ့၊ ရက်သတ္တပတ် အနည်းငယ် အကြာမှ အိမ်ကိုလါရောက်ပြီး ဝယ်ယူတာမျိုး၊ ပြပွဲကတစ်ဆင့် အဆက်အသွယ်ရပြီး နောက်မှ ပြန်လည်ဆက်သွယ် ဝယ်ယူတာမျိုးတွေဟာ ပြပွဲရဲ့ တကယ့် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

ဆရာ့ရဲ့ စေတနာစကားအတိုင်း ကျွန်တော်တို့ Good Mood Gallery အနေနဲ့ ဆက်လက် ကြိုးစားသွားရမှာ ဖြစ်သလို၊ အနုပညာရှင် ဆရာ၊ ဆရာမများအနေနဲ့လည်း မိမိတို့ရဲ့ ပြပွဲရက်တိုတိုအတွင်းမှာ အကြိတ်အနယ် မရောင်းရရုံနဲ့ စိတ်ပျက်အားငယ် စိတ်ပူစရာ မလိုပါဘူး။
ပြပွဲတစ်ခု လုပ်လိုက်ခြင်းအားဖြင့် မိမိရဲ့ လက်ရာတွေကို လူအများ သိရှိသွားခြင်း၊ မှတ်တမ်းဝင်သွားခြင်းနဲ့ ရေရှည်ဝယ်လက်တွေရဲ့ စိတ်ထဲမှာ နေရာယူလိုက်နိုင်ခြင်းကတင် ထာဝရ တည်တံ့မယ့် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။
ဂယ်လာရီအတွက် အားနည်းချက်ကိုလည်း ထောက်ပြ၊ အတွေ့အကြုံကောင်းတွေကိုလည်း စေတနာရှေ့ထား မျှဝေပေးခဲ့တဲ့ ဆရာ့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

Good Mood Gallery

Photos from Good Mood Gallery's post 17/06/2026

🎈 Available for Collection

Artist Minn Thar Gyi
All kinds of Eggs
Acrylic
10x12 inches
၃ သိန်း

16/06/2026

📅 Booking Status Update
September to December 2026

လက်ရှိမှာ အောက်ပါ ရက်သတ္တပတ် (13) ခုအတွက် Booking များ Confirm ဖြစ်ပြီး ပြည့်သွားခဲ့ပါပြီ။

❌ Sep 5–9 (Fully Booked)
❌ Sep 12–17 (Fully Booked)
❌ Sep 26–30 (Fully Booked)

❌ Oct 9–13 (Fully Booked)
❌ Oct 24–28 (Fully Booked)
❌ Oct 31 to Nov 4 (Fully Booked)

❌Nov 7 -11 ( Fully Booked)
❌ Nov 21–25 (Fully Booked)
❌ Nov 28 - Dec 2 (Fully Booked)

❌ Dec 5–9 (Fully Booked)
❌ Dec 12–16 (Fully Booked)
❌ Dec 19 - 23 ( Fully Booked)
❌ Dec 25 - 29 ( Fully Booked)

👉👉 September ၁ ပါတ် ၊ October ၁ ပါတ်၊ November ၁ပါတ် Available ဖြစ်ပါသေးတယ်။

ဦးသူစနစ်" ဖြစ်လို့ ကျန်ရှိတဲ့ လွတ်နေသေးတဲ့ရက်တွေထဲက မိမိစိတ်ကြိုက် အပတ်စဉ် (Time Slot) ကို ၅၀% သက်သာတဲ့နှုန်းထားနဲ့ ရယူနိုင်ဖို့ အခုပဲ ကြိုတင် Booking လုပ်ထားလိုက်ပါ။ (ပြခန်းခလည်း တစ်ဝက်သက်သာ၊ Commission လည်း ပေးစရာမလိုတဲ့ အခွင့်အရေးမို့ လက်မနှေးဖို့ လိုမယ်နော်!)
📩 Contact Us:
အသေးစိတ်ကို Page Messenger သို့မဟုတ် ဖုန်းဖြင့် အမြန်ဆုံး ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

Photos from Good Mood Gallery's post 16/06/2026

We Live in Burma 2026
Art Exhibition
19 to 23 June
Good Mood Gallery

ဗမာပြည်မှာနေကြသည် - စက္ခုပသာဒ အလှပညာပြပွဲ (၅) နှစ်တာ ခရီးကို ရောက်ခဲ့ပါပြီ။ ကနဦး ရည်ရွယ်ချက်ကတော့ လူငယ်များပီပီ သိုက်သိုက်ဝန်းဝန်းရှိတဲ့ လူငယ်အနုပညာပွဲတော်လေးတစ်ခုကို စုစည်းပြသလိုတဲ့စိတ်နဲ့ တက်ညီလက်ညီ ခရီးစခဲ့ကြတာပါ။

“ဗမာပြည်မှာ နေကြသည်” ဆိုတဲ့အတိုင်း မြန်မာ/ဗမာ ဟူသော ခေါင်းစဉ်အောက်က ခပ်သိမ်းသော သက်ရှိ သက်မဲ့များ၊ ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်နဲ့ ဓလေ့ထုံးတမ်းများ စသည်ဖြင့် ကဏ္ဍအစုံကို လူငယ်အနုပညာရှင်များက မတူညီတဲ့ မိမိတို့ရဲ့ အနုပညာကွန့်မြူးမှုတွေနဲ့ ပုံဖော်ဖန်တီးခဲ့တဲ့လက်ရာများစွာကို ပြသခဲ့ပါတယ်။

စိတ်အားထက်သန်မှုသာလျှင် ပဓာနဖြစ်ပါတယ်။ လူခပ်သိမ်းတို့ဟာ စိတ်အားထက်သန်ပုံချင်း မတူကြသလို စိတ်နေစိတ်ထားတွေဟာလည်း ကွဲပြာလျက်ရှိခဲ့ကြပါတယ်။ ကာလယန္တရား မည်သို့ပင် ရွေ့လျားနေပါစေ ဒီပြပွဲအတွက် အနုပညာလက်ရာတွေ ပါဝင်ပြသပေးခဲ့ကြတဲ့ အနုပညာရှင်များ၊ ကျရာကဏ္ဍကနေ ပြပွဲဖြစ်မြောက်ရေး ကူညီပေးကြသူများ၊ နှစ်စဉ် စောင့်မျှော်အားပေးခဲ့ကြတဲ့ ပရိတ်သတ်အပေါင်းတို့ရဲ့ တူညီတဲ့ စိတ်အားထက်သန်မှုတွေကိုလည်း ကမ္ဗည်းတင်ရပါလိမ့်မယ်။

ယခုနှစ်ရဲ့ထူးခြားချက်ကတော့ ကနဦးကတည်းက ယနေ့တိုင်လက်တွဲမဖြုတ်ခဲ့ကြတဲ့ အနုပညာရှင်များသာမက ထပ်မံပူးပေါင်းလာခဲ့ကြတဲ့အနုပညာရှင်အသစ်များလည်းပါဝင်ပါတယ်။ အနုပညာရှင် ဖြစ်ခွင့်မရခဲ့တဲ့ အနုပညာရှင်လည်း ပါဝင်သလို သမ္ဘာရင့်တဲ့ အနုပညာရှင်ကလည်း မျိုးဆက်သစ်များနဲ့ အတူတူ အနုပညာပေါင်းကူးပေးထားပါတယ်။ မြန်မာနိုင်ငံနဲ့ ရပ်ဝေးမြေခြားနေသော်လည်း ရင်ခုန်သံများစည်းမခြားဘဲ ထပ်တူကျနေဆဲ အနုပညာရှင်များရဲ့ လက်ရာတွေကိုလည်း အလွမ်းပြေခံစားကြည့်ရှုနိုင်ကြဦးမှာပါ။

“မြန်မာ့ယဉ်ကျေးမှုနဲ့ အနုပညာများ ဆက်လက်ရှင်သန်တိုးပွါးပါစေ။ မြန်မာပြည်မှာ ဆုံကြပါစို့. . . “

ဥာဏ်ရဲရင့်ဝင်း (မြန်မာ့ယဉ်ကျေးမှုအသိုက်အဝန်း)

ပြပွဲခင်းကျင်းတင်ဆက်သူ

Photos from Good Mood Gallery's post 16/06/2026

#ပြပွဲ_စတုတ္ထနေ့
“Views" Volume 2 Art Exhibition

(၂၉)ကြိမ်မြောက် မြောက်အဖြစ် "Views" Volume 2 ပန်းချီပြပွဲကြီးကို Good Mood Gallery တွင် ကျင်းပပြုလုပ်နေပါပြီ👏👏👏

ပြပွဲအသေးစိတ်အချက်အလက်များ -

ပြပွဲရက်စွဲ: ၁၃.၆.၂၀၂၆ (စနေနေ့) မှ ၁၇.၆.၂၀၂၆ (ဗုဒ္ဓဟူးနေ့) အထိ

ပြပွဲအချိန်: နံနက် ၁၀:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ

ပြပွဲနေရာ: Good Mood Gallery (အမှတ် ၁၃၆၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့)

ပါဝင်ပြသကြမည့် ပန်းချီပညာရှင်များ -

သစ်လွင်စိုး၊ မောင်သိန်းဝင်း၊ အေးမြတ်ငြိမ်း
မြင့်ဆန်း၊ ကြီးစိုး၊ မို့မို့
လှထွန်းအောင်၊ မြင့်မောင်၊ ယွန်းနဒီ
အောင်သင်းဦး၊ မင်းသားကြီး၊ ရတနာသိန်း
ဝင်းသိန်း၊ ထူးထူး၊ အိစန္ဒာလွင်

ဆက်သွယ်ရန် -
ဖုန်း: +95(9)881100027
အီးမေးလ်: [email protected]

16/06/2026

🎈 Available for Collection

Artist Kyee Soe
Acrylic
32x43 inches
၄၅ သိန်း
Year 2009

Want your museum to be the top-listed Museum in Yangon?
Click here to claim your Sponsored Listing.

Website

Address


136, Sule Pagoda Road , Kyaukdata Township
Yangon