ATG Systems
ATG Systems is a leading IT System Integrator specializing in providing Enterprise IT Solutions to Enterprise Clients in Myanmar.
29/09/2026
Microsoft က Copilot ကို ပိုပိုကောင်းလာအောင် ထပ်ထပ် update အသစ်တွေပြုလုပ်နေပါတယ်။ ဒီ August လကစပြီး ဘာတွေအသစ်ဖြစ်သွားပြီလဲ သိပြီးကြပြီလား?
ဘာတွေအသစ်ပါလာလဲဆိုတာ တူတူကြည့်ကြရအောင် ..........
August လကနေစပြီး Copilot Chat, OneNote, Teams, Microsoft Word, PowerPoint, Excel, Outlook, OneDrive and Planner တွေကို ပိုမိုကောင်းမွန်စွာအသုံးပြုနိုင်ဖို့ feature အသစ်တွေ ထပ်ထည့်ပေးလာပါတယ်။ ကိုယ့်အလုပ်ကို ပိုမို မြန်ဆန်စေမယ့် feature အသစ်တွေ upgrade တွေဖြစ် ပါတယ်။
Copilot Chat: အဖြေထဲက လိုချင်တဲ့အပိုင်းသီးသန့်ကို ရွေးပြီး ဆက်လက်မေးမြန်းနိုင်ခြင်း၊ chat ကို link ဖြင့် မျှဝေနိုင်ခြင်းနဲ့ Outlook မှာ အသင့်ပို့နိုင်တဲ့ email draft တွေ ဖန်တီးနိုင်ခြင်း စတဲ့ feature များကို ထပ်မံ upgrade လုပ်ထားပါတယ်။
OneNote & Copilot Notebooks: Notes နှင့် Notebooks များအကြား ပိုမိုချောမွေ့စွာ အလုပ်လုပ်နိုင်ပြီး၊ မိမိ၏ Content များမှ အသုံးဝင်သော Output များ ဖန်တီးနိုင်ရန် အထောက်အကူပြုသော အကြံပြုချက် ပေးခြင်းများကို ပိုမို upgrade လုပ်လာပါတယ်။
Teams: Copilot Meeting Recap များကို ဘာသာစကား ပြောင်းလဲနိုင်ပြီး၊ မတူညီသော Audience များကို review လုပ်ဖို့ရာနဲ့ မျှဝေဖို့ရာအတွက် Summary များကို ပိုမိုလွယ်ကူစွာ ထုတ်နိုင်အောင် upgrade ပြုလုပ်ထားပါတယ်။
Word: Hyperlink များနှင့် Images များကို အသုံးပြုပြီး၊ ဘယ်အပိုင်းကို Copilot က ပြင်ဆင်ထားလဲဆိုတာကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်အောင် upgrade ပြုလုပ်ထားပါတယ်။
PowerPoint: Brand Controls နှင့် Custom Skills များ အသုံးပြုခြင်း၊ Comments များကို manage လုပ်ခြင်း နှင့် Presentation Content များကို ပိုမိုလွယ်ကူစွာ ဘာသာပြန်နိုင် အောင် upgrade ထပ်မံ ပြုလုပ်ထားပါတယ်။
Excel: Copilot Chat History ကို ပြန်လည်ကြည့်ရှုပြီး ပိုမိုကောင်းမွန်လာသော Change Tracking စနစ်ဖြင့် Workbook အတွင်း ပြောင်းလဲထားမှုများကို ပြန်လည်စစ်ဆေးခြင်းကို ဖြည့်စွက်ထား ပါတယ်။
Outlook: Agents များကို အသုံးပြုခြင်း၊ Email များကို Draft ရေးသားခြင်းများမှာ Natural-language Instructions များဖြင့် Inbox အတွင်းရှိ အလုပ်များကို ပိုမိုလုပ်ဆောင်နိုင်အောင် upgrade ပြုလုပ်ထားပါတယ်။
OneDrive: ပိုမိုကောင်းမွန်လာတဲ့ Copilot Workflow မှတစ်ဆင့် Files များကို အသုံးဝင်တဲ့ Output များအဖြစ် ပြောင်းလဲဖန်တီးနိုင်အောင် ဖြည့်စွက် မွမ်းမံထားပါတယ်။
Planner: Status Reports များကို ဖန်တီးခြင်း၊ Tasks များကို စီမံခန့်ခွဲရာတွင် အကူအညီများ ပိုမိုပေးနိုင်အောင် update ပြုလုပ်ထားပါတယ်။
ဘယ် update က သင့်ရဲ့ နေ့စဉ်အလုပ်အတွက် အကြီးမားဆုံး အပြောင်းအလဲ ဖြစ်စေမယ်လို့ ထင်ပါသလဲ? 👇
နောက်ဆုံးထွက်တဲ့ Copilot လုပ်ဆောင်ချက်အသစ်များကို လေ့လာပြီး သင့်လုပ်ငန်းများမှာ စတင်အသုံးချလိုက်ပါ။
👉 Microsoft ရဲ့ ဩဂုတ် ၂၀၂၆ update အပြည့်အစုံကို ဒီမှာဖတ်ရှုပါ: What’s New in Microsoft Copilot
သင်ဘယ် feature ကို စမ်းသုံးဖို့ စိတ်အဝင်စားဆုံးလဲဆိုတာ comment မှာ ပြောခဲ့ပေးပါအုန်းနော်။ AI နဲ့ ထိထိရောက်ရောက် အလုပ်လုပ်ချင်တဲ့သူတွေဆီလည်း ဒီ post လေးကို မျှဝေပေးဖို့ တိုက်တွန်း လိုပါတယ် ။
25/09/2026
━━━━━━━━━━━━━━━━━━━━
Network ပေါ်ကလိပ်စာများ (သို့)
IP address ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
*** ပုံမှာပြထားတဲ့အကြောင်းအရာလေးကို ဘာလို့သွားနိုင်လဲဆိုတာ ဒီစာထဲမှာ ရှင်းပြပေးထားပါတယ်***
Computer တစ်လုံးကနေ တစ်လုံးဆီ Data ပို့တဲ့အခါ ပို့မယ့်နေရာနဲ့ လက်ခံမယ့်နေရာကို သိဖို့လိုပါတယ်။
စာပို့တဲ့အခါ အိမ်လိပ်စာလိုသလို Network ထဲမှာလည်း Device တစ်ခုချင်းစီကို ခွဲခြားသိနိုင်ဖို့ Address တစ်ခုလိုအပ်ပါတယ်။
အဲဒီ Network Address တွေထဲမှာ အများဆုံးတွေ့ရတဲ့ Address စနစ်တစ်ခုက IPv4 ဖြစ်ပါတယ်။
IPv4 ရဲ့ အပြည့်အစုံက—
Internet Protocol version 4 ဖြစ်ပါတယ်။
IPv4 က Network တစ်ခုထဲမှာရှိတဲ့ Device တွေကို ခွဲခြားသိနိုင်ဖို့၊ Data Packet တွေကို Source ကနေ Destination ဆီ ပို့နိုင်ဖို့ အသုံးပြုတဲ့ Addressing System တစ်ခု ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━━━
IPv4 Address က ဘယ်လိုပုံစံရှိသလဲ?
━━━━━━━━━━━━━━━━━━━━
IPv4 Address တစ်ခုမှာ အပိုင်း ၄ ပိုင်း ပါဝင်ပါတယ်။
ဥပမာ—
[192.168.10.25]
ဒီ Address ကို Dot နဲ့ ခွဲထားတဲ့ Octet ၄ ခုအဖြစ် မြင်နိုင်ပါတယ်။
[ 192 . 168 . 10 . 25 ]
Octet တစ်ခုစီမှာ 0 ကနေ 255 အထိ တန်ဖိုးရှိနိုင်ပါတယ်။
ဒါကြောင့် IPv4 Address ရဲ့ အခြေခံပုံစံက—
[0.0.0.0 ကနေ 255.255.255.255] အထိ
ဖြစ်ပါတယ်။
IPv4 Address တစ်ခုမှာ စုစုပေါင်း 32 Bits ပါဝင်ပါတယ်။
Octet တစ်ခုမှာ 8 Bits ရှိတဲ့အတွက—
8 Bits × 4 Octets = 32 Bits
ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━━━
IPv4 ကို Binary နဲ့ ဘယ်လိုဖော်ပြသလဲ?
━━━━━━━━━━━━━━━━━━━━
Computer နဲ့ Network Device တွေက Data ကို Binary အနေနဲ့ နားလည်ကြပါတယ်။
ဥပမာ—
[192.168.10.25]
ဆိုတဲ့ IPv4 Address ကို Binary ပုံစံနဲ့—
11000000.10101000.00001010.00011001
လို့ ဖော်ပြနိုင်ပါတယ်။
လူတွေအတွက်တော့ Decimal ပုံစံဖြစ်တဲ့—
[192.168.10.25]
က ဖတ်ရလွယ်ပါတယ်။
Network Device တွေအတွက်တော့ Binary Value တွေကို အသုံးပြုပြီး Network Portion နဲ့ Host Portion ကို ခွဲခြားဆုံးဖြတ်ပါတယ်။
━━━━━━━━━━━━━━━━━━━━
Network Portion နဲ့ Host Portion
━━━━━━━━━━━━━━━━━━━━
IPv4 Address တစ်ခုမှာ အဓိကအားဖြင့် အပိုင်း ၂ ပိုင်းရှိပါတယ်။
Network Portion
ဒီအပိုင်းက Device ဟာ ဘယ် Network ထဲမှာ ပါဝင်သလဲဆိုတာ ဖော်ပြပါတယ်။
Host Portion
ဒီအပိုင်းက အဲဒီ Network အတွင်းမှာ ဘယ် Device ဖြစ်သလဲဆိုတာ ဖော်ပြပါတယ်။
ဥပမာ—
[192.168.10.25/24]
ဒီ Address မှာ—
Network Address — [192.168.10.0]
Host Address — 25
ဖြစ်နိုင်ပါတယ်။
ဒီနေရာမှာ /24 ဆိုတာ IPv4 Address ရဲ့ ပထမ 24 Bits ကို Network Portion အဖြစ် အသုံးပြုထားတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━━━
Subnet Mask ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
Subnet Mask ဆိုတာ IPv4 Address ထဲမှာ ဘယ်အပိုင်းက Network Portion ဖြစ်ပြီး ဘယ်အပိုင်းက Host Portion ဖြစ်တယ်ဆိုတာ ခွဲခြားပေးတဲ့ အချက်အလက် ဖြစ်ပါတယ်။
ဥပမာ—
IP Address — [192.168.10.25]
Subnet Mask — [255.255.255.0]
CIDR — /24
ဒီသုံးမျိုးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။
[255.255.255.0] ကို Binary နဲ့ရေးရင်—
11111111.11111111.11111111.00000000
ဖြစ်ပါတယ်။
1 ဖြစ်နေတဲ့ Bits တွေက Network Portion ဖြစ်ပြီး 0 ဖြစ်နေတဲ့ Bits တွေက Host Portion
ဖြစ်ပါတယ်။
ဒီအတွက် [192.168.10.25/24] Network ရဲ့—
Network Address — [192.168.10.0]
Usable Host Range — [192.168.10.1 မှ 192.168.10.254]
Broadcast Address — [192.168.10.255]
ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━━━
Network Address ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
Network Address ဆိုတာ Network တစ်ခုလုံးကို ကိုယ်စားပြုတဲ့ Address ဖြစ်ပါတယ်။
ဥပမာ—
[192.168.10.0/24] ဆိုရင် [192.168.10.0] က Network Address ဖြစ်ပါတယ်။
ဒီ Address ကို ပုံမှန်အားဖြင့် Device တစ်လုံးကို Assign လုပ်ဖို့ မသုံးပါဘူး။
အကြောင်းက ဒီ Address က Network တစ်ခုလုံးကို ကိုယ်စားပြုတဲ့ Address ဖြစ်လို့ပါ။
━━━━━━━━━━━━━━━━━━━━
ပုံကိုဖြေရှင်းချက်
━━━━━━━━━━━━━━━━━━━━
ဒီအပိုင်းတွေဖတ်ပြီးရင်တော့ အဖြေကဘာလို့မှန်နေတာလဲဆိုတာ သိနေလောက်ပါပြီ။ အကယ်၍သေချာအောင်ရှင်းလင်းချက်လေးပြောပေးပါ့မယ်။
ပုံမှန်အမှတ်တမဲ့ကြည့်ရင် Network မတူဘူးလို့ထင်ရပါတယ်။ ဒါပေမယ့်တူအောင်လုပ်လို့ရပါတယ်။
[192.168.10.0 & 192.168.20.0] က Network တစ်ခုထဲမှာရှိခြင်း/မရှိခြင်းဆိုတာ Subnet Mask အပေါ်ပဲ မူတည်ပါတယ်။
2nd Octet ထိပဲ Mask (255.255.0.0 သို့ /16) လုပ်ထားမယ်ဆို သူတို့နှစ်ယောက်က Network အတူတူပါပဲ။
ဘာလို့လဲဆိုရင် Network Address က [192.168.0.0] ချင်းတူနေလို့ပဲဖြစ်ပါတယ်။
ဒီနေရာမှာ Classful / Classless တွေထည့်ပြီးမတိုင်းတာဖို့လိုပါမယ်။
*** ရည်ရွယ်ချက်အဓိကကတော့ဘယ်တော့မဆို IP ကိုဖော်ပြတဲ့အခါ သူ့အင်္ဂါရပ်နဲ့ညီအောင်ပေးဖို့အင်မတန်အရေးကြီးကြောင်းလေးပြောပြချင်တာပါ***
ဥပမာ - [192.168.10.0/16 နဲ့ 192.168.20.0/16] (ဒါတွေက Valid Host address တွေပါ) Network address တွေမဟုတ်ပါဘူး။
━━━━━━━━━━━━━━━━━━━━
Broadcast Address ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
Broadcast Address ဆိုတာ Network တစ်ခုအတွင်းက Device အားလုံးဆီ Message ပို့ဖို့ အသုံးပြုတဲ့ Address ဖြစ်ပါတယ်။
[192.168.10.0/24] Network အတွက် Broadcast Address က—
[192.168.10.255]
ဖြစ်ပါတယ်။
ဥပမာ-
Device တစ်လုံးက Network အတွင်းမှာရှိတဲ့ Device အားလုံးဆီ Information ပို့ချင်တဲ့အခါ Broadcast Address ကို အသုံးပြုနိုင်ပါတယ်။
ဒါပေမယ့် Broadcast Traffic များလာရင် Network Performance ကို ထိခိုက်နိုင်တာကြောင့် Network ကြီးလာတဲ့အခါ VLAN နဲ့ Subnet တွေကို သင့်တော်စွာ ခွဲခြားအသုံးပြုဖို့ လိုအပ်ပါတယ်။
━━━━━━━━━━━━━━━━━━━━
Usable Host Address ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
Network တစ်ခုထဲမှာ Device တွေကို Assign လုပ်နိုင်တဲ့ Address တွေကို Usable Host Address လို့ခေါ်ပါတယ်။
ဥပမာ—
[192.168.10.0/24]
Network Address — [192.168.10.0]
Broadcast Address — [192.168.10.255]
Usable Host Address — [192.168.10.1 မှ 192.168.10.254]
ဒီ Network မှာ Device တွေကို Assign လုပ်နိုင်တဲ့ Address စုစုပေါင်း 254 ခု ရှိပါတယ်။
တွက်ချက်ပုံက—
2⁸ = 256 Addresses
256 − 2 = 254 Usable Addresses
ဖြစ်ပါတယ်။
Network Address တစ်ခုနဲ့ Broadcast Address တစ်ခုကို Device တွေအတွက် အသုံးပြုလို့မရတဲ့အတွက် 2 ခုကို နုတ်ထားတာ ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━━━
Private IP Address ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
Private IP Address ဆိုတာ Internal Network အတွင်းမှာ အသုံးပြုဖို့ သတ်မှတ်ထားတဲ့ IPv4 Address ဖြစ်ပါတယ်။
Private IP Address တွေကို Internet ပေါ်မှာ တိုက်ရိုက် Route လုပ်လို့မရပါဘူး။
အများဆုံးအသုံးပြုတဲ့ Private IP Range တွေက—
[10.0.0.0/8]
[10.0.0.0 မှ 10.255.255.255]
[172.16.0.0/12]
[172.16.0.0 မှ 172.31.255.255]
[192.168.0.0/16]
[192.168.0.0 မှ 192.168.255.255]
တို့ ဖြစ်ပါတယ်။
Office Network၊ Home Network၊ Data Center Internal Network နဲ့ Lab Environment တွေမှာ ဒီ Private IP Address တွေကို အသုံးများပါတယ်။
━━━━━━━━━━━━━━━━━━━━
Public IP Address ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
Public IP Address ဆိုတာ Internet ပေါ်မှာ အသုံးပြုနိုင်ပြီး Internet မှာ Route လုပ်နိုင်တဲ့ Address ဖြစ်ပါတယ်။
Website Server၊ Cloud Service၊ Public Firewall Interface နဲ့ ISP Connection တွေမှာ Public IP Address တွေကို အသုံးပြုနိုင်ပါတယ်။
Private IP Address နဲ့ Internet ထွက်တဲ့အခါ ပုံမှန်အားဖြင့် NAT ကို အသုံးပြုပြီး Private IP ကို Public IP အဖြစ် ပြောင်းလဲပေးပါတယ်။
ဥပမာ—
Internal Computer — [192.168.10.25]
Public IP — [203.0.113.10]
Internal Computer က Website တစ်ခုကို ဝင်တဲ့အခါ Firewall သို့မဟုတ် Router က NAT ပြုလုပ်ပြီး Internet ပေါ်ကို Public IP နဲ့ ထွက်စေနိုင်ပါတယ်။
━━━━━━━━━━━━━━━━━━━━
NAT ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
NAT ရဲ့ အပြည့်အစုံက—
Network Address Translation
ဖြစ်ပါတယ်။
NAT က Private IP Address နဲ့ Public IP Address ကြားမှာ Address ပြောင်းလဲပေးတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
Office Network ထဲမှာ Computer အများအပြားရှိနိုင်ပေမယ့် Internet ထွက်တဲ့အခါ Public IP တစ်ခု သို့မဟုတ် အနည်းငယ်ကို မျှဝေအသုံးပြုနိုင်ပါတယ်။
ဥပမာ—
PC 1 — [192.168.10.10]
PC 2 — [192.168.10.11]
PC 3 — [192.168.10.12]
ဒီ Device တွေအားလုံးက Public IP တစ်ခုတည်းကို NAT အသုံးပြုပြီး Internet ထွက်နိုင်ပါတယ်။
NAT ကို အသုံးပြုခြင်းအားဖြင့်—
• Public IPv4 Address သုံးစွဲမှုကို လျှော့ချနိုင်ခြင်း
• Internal IP Structure ကို Internet မှာ တိုက်ရိုက်မမြင်ရခြင်း
• Internal Device အများအပြား Internet ထွက်နိုင်ခြင်း
စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
ဒါပေမယ့် NAT က Firewall Security ကို အစားထိုးတာ မဟုတ်ပါဘူး။
━━━━━━━━━━━━━━━━━━━━
Static IP နဲ့ Dynamic IP ဘာကွာသလဲ?
━━━━━━━━━━━━━━━━━━━━
Static IP Address
Static IP ဆိုတာ Device တစ်လုံးမှာ IP Address ကို ကိုယ်တိုင်သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။
Server၊ Printer၊ Firewall၊ Router၊ Switch Management Interface နဲ့ CCTV Recorder တွေမှာ Static IP ကို အသုံးများပါတယ်။
အားသာချက်တွေက—
• Address မပြောင်းလဲခြင်း
• Server Service တွေကို အလွယ်တကူ Access လုပ်နိုင်ခြင်း
• Network Management ပိုလွယ်ခြင်း
• DNS၊ Firewall Rule နဲ့ Monitoring အတွက် သင့်တော်ခြင်း
တို့ ဖြစ်ပါတယ်။
Dynamic IP Address
Dynamic IP ဆိုတာ DHCP Server ကနေ IP Address ကို အလိုအလျောက် ရရှိခြင်း ဖြစ်ပါတယ်။
ပုံမှန် User Computer၊ Laptop၊ Mobile Device နဲ့ Guest Device တွေမှာ Dynamic IP ကို အသုံးများပါတယ်။
အားသာချက်တွေက—
• Configuration လုပ်ရတာ လွယ်ကူခြင်း
• Device အများအပြားကို အလိုအလျောက် Address ပေးနိုင်ခြင်း
• IP Address Management ပိုမိုလွယ်ကူခြင်း
တို့ ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━━━
DHCP ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
DHCP ရဲ့ အပြည့်အစုံက—
Dynamic Host Configuration Protocol ဖြစ်ပါတယ်။
DHCP Server က Network ထဲက Device တွေကို အောက်ပါအချက်အလက်တွေ အလိုအလျောက် ပေးနိုင်ပါတယ်—
• IP Address
• Subnet Mask
• Default Gateway
• DNS Server
• Lease Time
Device တစ်လုံးက Network ထဲကို ဝင်လာတဲ့အခါ DHCP Server ဆီကနေ IP Address ရယူဖို့ Request ပြုလုပ်ပါတယ်။
DHCP Process ကိုမှာ -
Discover
Offer
Request
Acknowledge
ဆိုတဲ့ အဆင့် ၄ ဆင့်နဲ့ သွားပါတယ်။
ဒီ Process ကို DORA လို့လည်း ခေါ်ပါတယ်။
━━━━━━━━━━━━━━━━━━━━
Default Gateway နဲ့ IPv4
━━━━━━━━━━━━━━━━━━━━
IPv4 Address တစ်ခုတည်းရှိရုံနဲ့ Network အပြင်ဘက်ကို မထွက်နိုင်ပါဘူး။
Default Gateway လည်း သတ်မှတ်ထားဖို့ လိုပါတယ်။
ဥပမာ—
IP Address — [192.168.10.25]
Subnet Mask — [255.255.255.0]
Default Gateway — [192.168.10.1]
ဒီမှာ Computer က [192.168.10.0/24] Network အတွင်းက Device တွေဆီကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
အခြား Network တစ်ခု သို့မဟုတ် Internet ဆီ သွားတဲ့အခါ [192.168.10.1] ကို Gateway အဖြစ် အသုံးပြုပါတယ်။
ဥပမာနဲ့ ပြောရရင်—
> IP Address က ကိုယ့်အိမ်လိပ်စာဖြစ်ပြီး
> Subnet Mask က ကိုယ့်ရပ်ကွက်အကျယ်အဝန်းကို ပြပါတယ်။
> Default Gateway ကတော့ ရပ်ကွက်အပြင်ထွက်ဖို့ အသုံးပြုတဲ့ လမ်းမကြီး ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━━━
IPv4 Address Type အချို့
━━━━━━━━━━━━━━━━━━━━
Unicast
Device တစ်ခုက Device တစ်ခုဆီ Data ပို့တဲ့ Addressing ပုံစံ ဖြစ်ပါတယ်။
ဥပမာ—
Computer A က Server B ဆီ Data ပို့ခြင်း။
Broadcast
Network တစ်ခုအတွင်း Device အားလုံးဆီ Data ပို့တဲ့ ပုံစံ ဖြစ်ပါတယ်။
ဥပမာ—
[192.168.10.255]
Multicast
သတ်မှတ်ထားတဲ့ Device အုပ်စုတစ်ခုဆီ Data ပို့တဲ့ ပုံစံ ဖြစ်ပါတယ်။
ဥပမာ—
Video Streaming သို့မဟုတ် Routing Protocol Traffic တချို့မှာ Multicast ကို အသုံးပြုနိုင်ပါတယ်။
Anycast
တူညီတဲ့ Address ကို အသုံးပြုထားတဲ့ Destination တွေထဲက အနီးဆုံး သို့မဟုတ် သင့်တော်တဲ့ Destination ဆီ Data ပို့တဲ့ ပုံစံ ဖြစ်ပါတယ်။
IPv4 အခြေခံသင်ခန်းစာတွေမှာ Unicast၊ Broadcast နဲ့ Multicast ကို အများဆုံးတွေ့ရပါတယ်။
━━━━━━━━━━━━━━━━━━━━
Loopback Address ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
Loopback Address ကို Device ကိုယ်တိုင်ရဲ့ Network Stack အလုပ်လုပ်၊ မလုပ် စမ်းသပ်ဖို့ အသုံးပြုပါတယ်။
IPv4 မှာ—
[127.0.0.1]
က အများဆုံးအသုံးပြုတဲ့ Loopback Address ဖြစ်ပါတယ်။
ဒီ Address ကို Localhost လို့လည်း ခေါ်ပါတယ်။
Computer တစ်လုံးမှာ Network Cable မချိတ်ထားဘဲ Network Service တစ်ခု အလုပ်လုပ်၊ မလုပ် စမ်းသပ်ဖို့ [127.0.0.1] ကို အသုံးပြုနိုင်ပါတယ်။
[127.0.0.0/8] Range အတွင်းက Address တွေကို Loopback အတွက် သတ်မှတ်ထားပါတယ်။
━━━━━━━━━━━━━━━━━━━━
APIPA Address ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
Device တစ်လုံးက DHCP Server ဆီက IP Address ရယူလို့မရတဲ့အခါ Operating System က အလိုအလျောက် သတ်မှတ်ပေးတဲ့ Address ကို APIPA လို့ခေါ်ပါတယ်။
APIPA Range က—
[169.254.0.0/16]
ဖြစ်ပါတယ်။
ဥပမာ Computer မှာ—
[169.254.25.10]
လို IP Address ရှိနေတယ်ဆိုရင် DHCP Server ဆီက IP မရနိုင်တာ ဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်တဲ့အကြောင်းရင်းတွေက—
• DHCP Server အလုပ်မလုပ်ခြင်း
• Network Cable ပြဿနာ
• Switch Port ပိတ်ထားခြင်း
• VLAN Configuration မှားခြင်း
• DHCP Scope ပြည့်သွားခြင်း
• Firewall သို့မဟုတ် DHCP Relay ပြဿနာ
တို့ ဖြစ်နိုင်ပါတယ်။
***နောက်တပိုင်းမှာ IP v4 ကိုလက်တွေ့ Environment မှာသုံးဖို့လိုအပ်တာလေးတွေကိုတင်ပြမှာမို့ဆက်လက်ဖတ်ရှုပေးကြပါဦး***
𝙗𝙮 𝙏.𝙋
𝗔𝗧𝗚 𝗦𝘆𝘀𝘁𝗲𝗺𝘀
Building Reliable Enterprise Networks
ATG Systems
📍Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.
✉️ [email protected]
🅦 www.atgsys.com
22/09/2026
𝑶𝒏𝒆 𝑷𝒐𝒓𝒕, 𝑻𝒘𝒐 𝑾𝒐𝒓𝒍𝒅
__________________
Goal တွေဖမ်းရင်း Rap သီချင်းတွေ လုပ်တဲ့ Rapper KZH ရဲ့ One Man, Two Life သီချင်းလေးနားထောင်ရင်း မဆီမဆိုင် အကြောင်းအရာလေး တခုခေါင်းထဲ ရောက်လာတယ်။ ဘာလဲဆိုတော့..
Multi-VLAN Access Ports အကြောင်းလေးပါပဲ။ ချာတိတ်ဘဝ Voice Project လေးတခု စ လုပ်တော့ Switch Port တစ်ခုတည်းမှာ PC ကလာတဲ့ Data Vlan နဲ့ VoIP Phone ကလာတဲ့ Voice Vlan ကို ဘယ်လိုခွဲပြီး Switch တလုံးက ဘယ်လို Intelligence မျိုးနဲ့ နားလည်တာလဲဆိုပီး အတော်လေး စိတ်ဝင်စားခဲ့ဖူးတယ်။ ဆိုတော့ Switch တစ်လုံးရဲ့ Port တခုထဲမှာပဲ PC ရော IP Phone ရော တွဲချိတ်ရတော့မယ်ဆိုရင် Cable နှစ်ချောင်း ဆွဲစရာမလိုဘဲ Port တစ်ခုတည်းနဲ့ အလုပ်ဖြစ်တာပေါ့ခင်ဗျာ။
Tagged vs Untagged
ဒီနေရာမှာ Switch Port တစ်ခု VLAN နှစ်ခု ခွဲသိဖို့အတွက် အဓိက 802.1Q Vlan tagging လို့ခေါ်တဲ့ Key Point လေး တခုရှိတယ်ခင်ဗျ။
Data Taffic:
Data Traffic (PC) ကလာတဲ့ Data တွေက ဘာ Tag မှ မပါဘဲ ' မြန်မာလိုရီး'ဝင်လာတာ။ Switch က ဒါကို မြင်တဲ့အခါ ..သြော်... ဒါကတော့ ငါ့ရဲ့ Native/Access VLAN (Data) ပဲလို့ သတ်မှတ်ပြီး သက်ဆိုင်ရာ VLan ကို ပို့ပေးလိုက်ပါတယ်။
Voice Traffic:
IP Phone ကလာတဲ့ အသံတွေကျတော့ အဲလိုမဟုတ်ဘူးဗျ။ သူက Voice VLAN ID ပါတဲ့ Tagလေး ကပ်လာပါတယ်။ Tag ဆိုတာတော့ တံဆိပ်တုံးလေး ထုလိုက်တဲ့ သဘောပေ့ါဗျာ
Switch က အဲဒီ Tag ကို ကြည့်ပြီး ဒါကတော့ VIP (Voice) ပဲ ဆိုပြီး သီးသန့် လမ်းကြောင်းလေးပေါ် တင်ပေးလိုက်တာပါ။ ရိုးရိုးလေးပါပဲ။
CDP (သို့မဟုတ်)The Secret Messenger
ဟုတ်ပါပီ။ ဒါဆို Cisco Switch တွေမှာ Phone က ဘယ် VLAN Tag ကပ်ရမလဲဆိုတာကို သိဖို့ကို ကျတော့ CDP (Cisco Discovery Protocol) က အလုပ်လုပ်ပေးပါတယ်။ IP Phone လေးကို Port မှာ တပ်လိုက်တာနဲ့ Switch က CDP နဲ့ လှမ်းပြောလိုက်တာပါ။
Hey Guy! မင်း Voice အတွက်ဆို VLAN 200 ကို သုံး၊ Tag ကပ်ပြီး ပို့လိုက်နော် သားရီး ဆိုပြီး ညွှန်ကြားလိုက်တာပါ။ (Cisco မဟုတ်ရင်တော့ LLDP-MED Protocol တွေကို သုံးပါတယ်)
Cisco Switch ရဲ့ Config Portion လေး ထည့်ပေးလိုက်ပါတယ်။ ဥပမာ-
𝘪𝘯𝘵𝘦𝘳𝘧𝘢𝘤𝘦 𝘎𝘪0/1
𝘴𝘸𝘪𝘵𝘤𝘩𝘱𝘰𝘳𝘵 𝘮𝘰𝘥𝘦 𝘢𝘤𝘤𝘦𝘴𝘴
𝘴𝘸𝘪𝘵𝘤𝘩𝘱𝘰𝘳𝘵 𝘢𝘤𝘤𝘦𝘴𝘴 𝘷𝘭𝘢𝘯 100 (𝘗𝘊 အတွက် 𝘜𝘯𝘵𝘢𝘨𝘨𝘦𝘥)
𝘴𝘸𝘪𝘵𝘤𝘩𝘱𝘰𝘳𝘵 𝘷𝘰𝘪𝘤𝘦 𝘷𝘭𝘢𝘯 200 (𝘗𝘩𝘰𝘯𝘦 အတွက် 𝘛𝘢𝘨𝘨𝘦𝘥)
ဘာလို့ Traffic တွေ ခွဲထားဖို့ လိုတာလဲ?
Security အတွက်ရော QoS အတွက်ကြောင့်ပါ။ တကယ်လို့ Data နဲ့ Voice ရောနေရင် Network ကြပ်တဲ့အချိန်မှာ ဖုန်းပြောရင် အသံတွေ တုန်တာ Call Drop တွေ ဖြစ်လာတတ်လို့ပါ။ Voice ကို Tag ကပ်ထားတော့ Switch က "Priority" ပေးပြီး Voice Packcet ကို အရင်လွှတ်ပေးလို့ ရတာပေါ့။ Priority မပေးလို့လည်း မရဘူး Voice Packet လေးတွေက Packet Size သေးသေး လေးတွေ G711 Codec ဆို 64 kbits နဲ့ G729 ဆို 8 Kbits ပဲ ရှိတာ။ ဆိုတော့ PC က Data traffic တွေ ဘယ်လောက် လစ်နေနေ ဖုန်းသံကတော့ Crystal Clear ဖြစ်နေရမယ်.ဒါကိုက Collaboration ရဲ့ အနှစ်သာရမဟုတ်လား ခင်ဗျာ။?
One Port, Two Worlds
ဖတ်ရတာလည်း ပျင်းလောက်ပီဆိုတော့ အနည်းငယ် Summarized လုပ်ရရင် Switch Port တခု ဟာ တစ်ဖက်မှာ PC အတွက် (သာမန်)Access Port လို အလုပ်လုပ်ပေးသလို၊ နောက်တစ်ဖက်မှာလည်း IP Phone နဲ့ ချိတ်တဲ့အခါ Trunk Port အသေးစားလေးလို Tag တွေကို ခံစားပီး အလုပ်လုပ်ပေးနေတာပါ။ Switch တွေ လည်း အများကြီးလျှော့ချန်ိုင်လိုက်တာပေါ့။ ဒီလောက်ဆိုရင်တော့ Voice နဲ့ Data တွေ Port တခုလည်း မှာ ဘယ်လို Traffic တွေခွဲပီး သွားနေလည်း အနည်းငယ် ဗဟုသုတ ရလောက်ပီ ထင်ပါတယ်။
မိုးအေးအေး နဲ့ KZH ရဲ့ One Man, Two Life Rapping စာလေးက နားထဲ ပျံ့လွင့်လာ 🎶
ကျုပ်ဘဝမှာ အတော်ပဲ ကြောက်စရာကောင်းတဲ့ စိတ်ညစ်စရာတွေများစွာရ်ှိတယ်
တချို့လူတွေက ငါ့ကိုဝိုင်းလို့ ဟားကာရိတယ်
ထားလိုက် . ကြိုးစားတဲ့ လူငယ်တိုင်းအတွက် ဘုရားကကြည့်မယ်။
Creation
Innovation
Revolution
That's a Collaboration.
လေးစားစွာဖြင့်
မင်းကို | ATGsys
ATG Systems
📍Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.
✉️ [email protected]
🅦 www.atgsys.com
18/09/2026
━━━━━━━━━━━━━━━━━━━━
Data တွေက Device တစ်ခုကနေ တစ်ခုဆီ ဘယ်လိုသွားကြတာလဲ?
— Switching ကိုအရင်နားလည်ကြည့်မယ်
━━━━━━━━━━━━━━━━━━━━
Network အကြောင်းပြောတဲ့အခါ Router၊ Firewall၊ Server တွေနဲ့အတူ မကြာခဏကြားရတဲ့ စကားလုံးတစ်ခုက Switching ဖြစ်ပါတယ်။
Computer တစ်လုံးကနေ တစ်လုံးဆီ Data ပို့တဲ့အခါ Data ကို ဘယ်လမ်းကြောင်းကနေ ပို့မလဲ၊ ဘယ် Device ဆီရောက်အောင် ပို့မလဲဆိုတာကို ဆုံးဖြတ်ပေးတဲ့ လုပ်ငန်းစဉ်တွေထဲမှာ Switching က အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ဒါပေမယ့် Switching ဆိုတာ Ethernet Switch တစ်လုံးက Data တွေကို Forward လုပ်ပေးတာတစ်ခုတည်းကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။
━━━━━━━━━━━━━━━━━━━━
𝐒𝐰𝐢𝐭𝐜𝐡𝐢𝐧𝐠 ကို နားလည်ခြင်းက
ဘာကြောင့်အရေးကြီးတာလဲ?
━━━━━━━━━━━━━━━━━━━━
Network တစ်ခုမှာ Device တွေကို ချိတ်ဆက်ထားရုံနဲ့ မပြီးပါဘူး။
Data တွေကို—
• ဘယ် Port ကနေ လက်ခံမလဲ
• ဘယ် Device ဆီ Forward လုပ်မလဲ
• ဘယ် Traffic ကို ခွဲခြားမလဲ
• Broadcast ကို ဘယ်လိုထိန်းချုပ်မလဲ
• Loop ဖြစ်လာရင် ဘယ်လိုကာကွယ်မလဲ
• Network ပျက်သွားရင် Backup Path ကို ဘယ်လိုသုံးမလဲ
ဆိုတာတွေက Switching Design နဲ့ သက်ဆိုင်ပါတယ်။
အထူးသဖြင့် Enterprise Network တွေမှာ VLAN၊ Trunking၊ STP၊ EtherChannel၊ Port Security နဲ့ Layer 3 Switching တို့ကို သေချာစွာ Design မလုပ်ထားရင် Device တွေချိတ်ထားပေမယ့် Network က တည်ငြိမ်မှုမရှိနိုင်ပါဘူး။
Network Communication ရဲ့ အခြေခံသဘောတရားကို နားလည်ဖို့ Circuit Switching နဲ့ Packet Switching ဆိုတဲ့ နည်းလမ်းနှစ်မျိုးကို အရင်ခွဲခြားနားလည်ဖို့ လိုပါတယ်။
━━━━━━━━━━━━━━━━━━━━
𝐂𝐢𝐫𝐜𝐮𝐢𝐭 𝐒𝐰𝐢𝐭𝐜𝐡𝐢𝐧𝐠 ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
Circuit Switching မှာ ဆက်သွယ်မယ့် Device နှစ်ခုကြားမှာ သီးခြား Communication Path တစ်ခုကို အရင်တည်ဆောက်ပြီး အဲဒီလမ်းကြောင်းကို ဆက်သွယ်မှု ပြီးဆုံးတဲ့အထိ အသုံးပြုပါတယ်။
ရိုးရိုးဥပမာနဲ့ပြောရရင် အရင်ကလိုင်းဖုန်းစနစ်တွေမှာ ဖုန်းခေါ်လိုက်တဲ့အခါ Caller နဲ့ Receiver ကြားမှာ သီးခြား Connection တစ်ခု တည်ဆောက်ပေးပါတယ်။
အဲဒီ Connection တည်ဆောက်ပြီးနောက်မှာ—
၁။ Call Setup ပြုလုပ်ခြင်း
၂။ Dedicated Circuit တည်ဆောက်ခြင်း
၃။ Voice သို့မဟုတ် Data ပေးပို့ခြင်း
၄။ ဆက်သွယ်မှု ပြီးဆုံးတဲ့အခါ Circuit ကိုပြန် release လုပ်ခြင်း
ဆိုတဲ့အဆင့်တွေ လုပ်ဆောင်ပါတယ်။
Circuit တစ်ခု တည်ဆောက်ပြီးသွားရင် Bandwidth ကို ကြိုတင်သတ်မှတ်ထားနိုင်တာကြောင့် Communication အတွင်းမှာ Delay က ပိုမိုတည်ငြိမ်နိုင်ပါတယ်။
အထူးသဖြင့် အရင်ခေတ်က Voice Communication တွေအတွက် ဒီနည်းလမ်းက သင့်တော်ခဲ့ပါတယ်။
ဒါပေမယ့် Data မပို့နေတဲ့အချိန်မှာတောင် အဲဒီ Circuit ရဲ့ Resource ကို အခြားသူတွေ အသုံးပြုလို့မရတာက Circuit Switching ရဲ့ အားနည်းချက်တစ်ခု ဖြစ်ပါတယ်။
ဥပမာ ဖုန်းပြောနေတဲ့အချိန်မှာ တစ်ဖက်က စကားမပြောဘဲ ခဏတိတ်နေခဲ့ရင်တောင် သတ်မှတ်ထားတဲ့ Communication Path နဲ့ Bandwidth က ဆက်လက်အသုံးပြုနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့်—
• Resource အသုံးချမှု မထိရောက်နိုင်ခြင်း
• Connection မရခင် Setup Time လိုအပ်ခြင်း
• အသုံးပြုသူများလာတဲ့အခါ Circuit မလုံလောက်နိုင်ခြင်း
• Physical Path တစ်နေရာပျက်ရင် Connection ပြတ်တောက်နိုင်ခြင်း
စတဲ့ အားနည်းချက်တွေ ရှိပါတယ်။
━━━━━━━━━━━━━━━━━━━━
𝐏𝐚𝐜𝐤𝐞𝐭 𝐒𝐰𝐢𝐭𝐜𝐡𝐢𝐧𝐠 ဆိုတာ ဘာလဲ?
━━━━━━━━━━━━━━━━━━━━
ယနေ့ခေတ် Internet နဲ့ Enterprise Data Network အများစုက Packet Switching နည်းလမ်းကို အသုံးပြုကြပါတယ်။
Packet Switching မှာ ပို့လိုတဲ့ Data တစ်ခုလုံးကို တစ်ကြောင်းတည်းအဖြစ် မပို့ဘဲ Packet အသေးစားများအဖြစ် ခွဲပြီး Network ထဲကို ပို့ပါတယ်။
ဥပမာ File တစ်ခုကို Computer တစ်လုံးကနေ Server တစ်လုံးဆီ ပို့တဲ့အခါ File တစ်ခုလုံးကို တစ်ခါတည်း မသယ်ဘဲ Data အပိုင်းငယ်များအဖြစ် ခွဲပို့ပါတယ်။
Packet တစ်ခုချင်းစီမှာ—
• Source Address
• Destination Address
• Sequence Information
• Control Information
• Payload Data
စတဲ့ အချက်အလက်တွေ ပါဝင်နိုင်ပါတယ်။
Packet တွေဟာ Network အတွင်းမှာ လမ်းကြောင်းတူတူကနေ သွားနိုင်သလို Network အခြေအနေအရ လမ်းကြောင်းမတူဘဲလည်း သွားနိုင်ပါတယ်။
Destination ဘက်ကို ရောက်တဲ့အခါ Packet တွေကို အစီအစဉ်မှန်အောင် ပြန်စုစည်းပြီး မူရင်း Data အဖြစ် ပြန်တည်ဆောက်ပါတယ်။
━━━━━━━━━━━━━━━━━━━━
𝐏𝐚𝐜𝐤𝐞𝐭 𝐒𝐰𝐢𝐭𝐜𝐡𝐢𝐧𝐠 ရဲ့ အားသာချက်
━━━━━━━━━━━━━━━━━━━━
Packet Switching မှာ Dedicated Circuit တစ်ခုကို အချိန်ပြည့် သိမ်းထားစရာမလိုပါဘူး။
Network Resource ကို အသုံးပြုနေတဲ့ Device တွေအားလုံးက လိုအပ်သလို မျှဝေအသုံးပြုနိုင်တာကြောင့်—
• Bandwidth အသုံးချမှု ပိုထိရောက်ခြင်း
• Device အများအပြားကို တစ်ပြိုင်တည်း ဆက်သွယ်နိုင်ခြင်း
• Network လမ်းကြောင်းကို အခြေအနေအရ ပြောင်းလဲအသုံးပြုနိုင်ခြင်း
• Network တိုးချဲ့ရ လွယ်ကူခြင်း
• Internet Traffic အတွက် သင့်တော်ခြင်း
စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
ဒါပေမယ့် Packet တွေက Network အတွင်းမှာ အခြား Traffic တွေနဲ့အတူ လမ်းကြောင်းကို မျှဝေသုံးစွဲရတာကြောင့်—
• Delay မတည်ငြိမ်ခြင်း
• Jitter ဖြစ်ခြင်း
• Packet Loss ဖြစ်ခြင်း
• Congestion ဖြစ်လာရင် Performance ကျဆင်းခြင်း
• Packet တချို့ အစီအစဉ်မတူဘဲ ရောက်လာနိုင်ခြင်း
စတဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။
ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ TCP၊ QoS၊ Buffering နဲ့ Error Recovery Mechanism တွေကို အသုံးပြုကြပါတယ်။
━━━━━━━━━━━━━━━━━━━━
𝐂𝐢𝐫𝐜𝐮𝐢𝐭 𝐒𝐰𝐢𝐭𝐜𝐡𝐢𝐧𝐠 နဲ့ 𝐏𝐚𝐜𝐤𝐞𝐭 𝐒𝐰𝐢𝐭𝐜𝐡𝐢𝐧𝐠 ဘာကွာသလဲ?
━━━━━━━━━━━━━━━━━━━━
Circuit Switching
• Dedicated Path တစ်ခုကို အရင်တည်ဆောက်ပါတယ်။
• Connection တစ်ခုအတွက် Resource ကို သီးခြားသတ်မှတ်ထားပါတယ်။
• Delay တည်ငြိမ်နိုင်ပါတယ်။
• Data မပို့နေချိန်မှာ Resource အလဟဿဖြစ်နိုင်ပါတယ်။
• အရင်ကသုံးခဲ့ကြတဲ့ ကြိုးလိုင်းတယ်လီဖုန်းစနစ်တွေမှာ အသုံးများခဲ့ပါတယ်။
Packet Switching
• Data ကို Packet အသေးစားများအဖြစ် ခွဲပြီး ပို့ပါတယ်။
• Network Resource ကို အခြား Traffic တွေနဲ့ မျှဝေအသုံးပြုပါတယ်။
• Network Traffic ပေါ်မူတည်ပြီး Delay ပြောင်းလဲနိုင်ပါတယ်။
• Resource အသုံးချမှု ပိုထိရောက်ပါတယ်။
• Internet၊ Ethernet နဲ့ Enterprise Data Network တွေမှာ အသုံးများပါတယ်။
ယနေ့ခေတ် Voice Call တွေတောင် Traditional Circuit Switching မဟုတ်တော့ဘဲ IP Network ပေါ်မှာ Packet အဖြစ် သယ်ဆောင်နေကြတာ များပါတယ်
━━━━━━━━━━━━━━━━━━━━
𝐄𝐭𝐡𝐞𝐫𝐧𝐞𝐭 𝐒𝐰𝐢𝐭𝐜𝐡 က ဘယ်လိုအလုပ်လုပ်သလဲ?
━━━━━━━━━━━━━━━━━━━━
Enterprise Network မှာ အသုံးများတဲ့ Ethernet Switch က Data Link Layer ဖြစ်တဲ့ Layer 2 မှာ အဓိကအလုပ်လုပ်ပါတယ်။
Switch က IP Address ကို အဓိကကြည့်ပြီး Forward လုပ်တာမဟုတ်ဘဲ MAC Address ကို အသုံးပြုပြီး Ethernet Frame တွေကို သက်ဆိုင်ရာ Port ဆီ ပို့ပေးပါတယ်။
Switch တစ်လုံးမှာ အခြေခံအားဖြင့် အောက်ပါလုပ်ဆောင်ချက်တွေ ရှိပါတယ်။
၁။ MAC Address Learning လုပ်ခြင်း
Device တစ်ခုက Frame ပို့လာတဲ့အခါ Switch က Frame ရဲ့ Source MAC Address ကို ဖတ်ပါတယ်။
အဲဒီ MAC Address ကို ဘယ် Port ကနေ လက်ခံရရှိသလဲဆိုတာကို Switch ရဲ့ MAC Address Table
ထဲမှာ မှတ်သားထားပါတယ်။
ဥပမာ—
AA-AA-AA-AA-AA-AA — Port 1
BB-BB-BB-BB-BB-BB — Port 2
CC-CC-CC-CC-CC-CC — Port 3
ဒီလိုနဲ့ Switch က ဘယ် Device က ဘယ် Port မှာရှိသလဲဆိုတာကို တဖြည်းဖြည်း သိလာပါတယ်။
၂။ Destination MAC ကို စစ်ဆေးခြင်း
Frame တစ်ခု ရောက်လာတဲ့အခါ Switch က Destination MAC Address ကို စစ်ဆေးပါတယ်။
Destination MAC Address ကို MAC Table ထဲမှာ တွေ့ရင် သက်ဆိုင်ရာ Port တစ်ခုတည်းကနေ
Forward လုပ်ပေးပါတယ်။
ဒီလိုလုပ်ခြင်းကြောင့် မလိုအပ်တဲ့ Port တွေဆီ Traffic ပို့စရာမလိုတော့ပဲ Network Performance
ပိုကောင်းလာပါတယ်။
၃။ Unknown Destination ဖြစ်ရင် Flooding ပြုလုပ်ခြင်း
Destination MAC Address ကို Switch က မသိသေးရင် ဝင်လာတဲ့ Port ကလွဲပြီး အခြား Port
တွေအားလုံးဆီ Frame ကို ပို့နိုင်ပါတယ်။
ဒီလုပ်ဆောင်ချက်ကို Flooding လို့ခေါ်ပါတယ်။
Destination Device က Frame ကို လက်ခံပြီး ပြန်လည်တုံ့ပြန်တဲ့အခါ Switch က အဲဒီ Device ရဲ့
MAC Address နဲ့ Port ကို ထပ်မံလေ့လာနိုင်ပါတယ်။
၄။ Broadcast Frame များကို ပို့ပေးခြင်း
Broadcast Frame တွေကိုတော့ သက်ဆိုင်ရာ Broadcast Domain အတွင်းက Port အများအပြားဆီ
ပို့ပေးပါတယ်။
ဒါကြောင့် Network ကြီးလာတဲ့အခါ Broadcast Traffic များပြားလာနိုင်ပြီး VLAN Segmentation နဲ့
Broadcast Domain တွေကို ခွဲခြားထိန်းချုပ်ဖို့ လိုအပ်လာပါတယ်။
━━━━━━━━━━━━━━━━━━━━
𝐒𝐰𝐢𝐭𝐜𝐡 နဲ့ 𝐇𝐮𝐛 ဘာကွာလဲ?
━━━━━━━━━━━━━━━━━━━━
Hub က ဝင်လာတဲ့ Signal ကို သက်ဆိုင်ရာ Port ကို မရွေးချယ်ဘဲ Port အားလုံးဆီ ပြန်ပို့ပါတယ်။
Switch ကတော့ MAC Address Table ကို အခြေခံပြီး သက်ဆိုင်ရာ Device ရှိတဲ့ Port ကို ရွေးချယ်
Forward လုပ်ပေးနိုင်ပါတယ်။
ဒါကြောင့် Switch က Hub ထက်—
• Traffic ပို့ဆောင်မှု ပိုထိရောက်ခြင်း
• Collision လျော့နည်းခြင်း
• Full-Duplex Communication အသုံးပြုနိုင်ခြင်း
• Security နဲ့ Management ပိုကောင်းခြင်း
• VLAN၊ STP၊ Port Security စတဲ့ Feature တွေ အသုံးပြုနိုင်ခြင်း
စတဲ့ အားသာချက်တွေ ရှိပါတယ်။
━━━━━━━━━━━━━━━━━━━━
𝐒𝐰𝐢𝐭𝐜𝐡 တွေချိတ်ဆက်ရာမှာ
𝐋𝐨𝐨𝐩 မဖြစ်အောင် ဘာလုပ်ရမလဲ?
━━━━━━━━━━━━━━━━━━━━
Network Availability တိုးမြှင့်ဖို့ Switch နှစ်လုံးကြားမှာ Link အများအပြား ချိတ်ဆက်ထားတတ်ပါတယ်။
ဒါပေမယ့် Redundant Link တွေကို စနစ်တကျ မထိန်းချုပ်ထားရင် Network Loop ဖြစ်နိုင်ပါတယ်။
Loop ဖြစ်လာရင်—
• Broadcast Storm ဖြစ်လာမယ်
• MAC Address Table တွေအဆင်မပြေဖြစ်မယ်
• Duplicate Frame တွေပေါ်လာမယ်
• Network Performance တွေကျဆင်းလာမယ်
• Network တစ်ခုလုံး မတည်ငြိမ်ခြင်းဖြစ်လာမယ်
စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလို Layer 2 Loop တွေကို ထိန်းချုပ်ဖို့ Spanning Tree Protocol ဖြစ်တဲ့ STP ကို အသုံးပြုကြပါတယ်။
STP က Redundant Path တွေထဲက တချို့ကို ယာယီ Block လုပ်ထားပြီး Main Path ပျက်သွားတဲ့အခါ Backup Path ကို ပြန်ဖွင့်ပေးနိုင်ပါတယ်။
အဲဒီအပြင် Link နှစ်ကြောင်းကို တစ်ကြောင်းတည်းလို အသုံးပြုနိုင်အောင် EtherChannel သို့မဟုတ် Link Aggregation ကို အသုံးပြုခြင်းအားဖြင့် Bandwidth တိုးမြှင့်ပြီး Redundancy ကိုလည်း ရရှိစေနိုင်ပါတယ်။
━━━━━━━━━━━━━━━━━━━━
နိဂုံးချုပ်
━━━━━━━━━━━━━━━━━━━━
Circuit Switching က Communication မစခင် Dedicated Path တစ်ခုကို အရင်တည်ဆောက်ပြီး အဲဒီ Path ကို ဆက်သွယ်မှု ပြီးဆုံးတဲ့အထိ အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။
Packet Switching ကတော့ Data ကို Packet အသေးစားများအဖြစ် ခွဲပြီး Network Resource ကို အခြား Traffic တွေနဲ့ မျှဝေအသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။
ယနေ့ခေတ် Internet နဲ့ Enterprise Data Network အများစုမှာ Packet Switching ကို အခြေခံထားပါတယ်။
အဲဒီ Packet တွေကို Network အတွင်းမှာ မှန်ကန်တဲ့နေရာဆီ ပို့ပေးဖို့ Ethernet Switch တွေက MAC Address နဲ့ Switching Logic ကို အသုံးပြုကြပါတယ်။
Network တစ်ခုကောင်းဖို့ Switch အရေအတွက်များရုံနဲ့ မလုံလောက်ပါဘူး။
Switching ရဲ့ အခြေခံသဘောတရားကို နားလည်ပြီး Network Architecture၊ VLAN Design နဲ့ Redundancy ကို မှန်ကန်စွာ တည်ဆောက်ထားနိုင်မှသာ တည်ငြိမ်ပြီး တိုးချဲ့နိုင်တဲ့ Enterprise Network တစ်ခု ဖြစ်လာမှာပါ။
နောက်တပတ်မှာတော့ Local Network ကနေအပြင်ဆက်ထွက်ကြည့်ကြတာပေါ့ ..
𝙗𝒚 𝑻.𝑷
ATG Systems
Building Reliable Enterprise Networks
ATG SYSTEMS
📍 Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.
📧 [email protected]
17/09/2026
We are hiring :
🎯 𝐉𝐮𝐧𝐢𝐨𝐫 𝐂𝐥𝐨𝐮𝐝 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 - 𝟏 𝐩𝐨𝐬𝐭
🎯 𝐂𝐥𝐨𝐮𝐝 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 - 𝟏 𝐩𝐨𝐬𝐭
Interested candidates who wish to apply for the above positions, please send your updated resume to 𝐡𝐫@𝐚𝐭𝐠𝐬𝐲𝐬.𝐜𝐨𝐦, 𝐧𝐨 𝐥𝐚𝐭𝐞𝐫 𝐭𝐡𝐚𝐧 𝟐𝟒-𝐒𝐞𝐩-𝟐𝟎𝟐𝟔 and we regret that only shortlisted candidates will be notified.
16/09/2026
🧠 GPT-6 Astra မှာ ဘာတွေ ပိုကောင်းလာတာလဲ?
AI ကို မေးခွန်းမေးပြီး အဖြေယူတာကနေ
“ကိုယ့်အလုပ်တစ်ခုကို AI ဆီ အပ်နှံလုပ်ဆောင်ခိုင်းတာ” ဘက်ကို ပိုပြီး ရောက်လာပါပြီ။
GPT-6 Astra ဆိုတာ ဘာလဲ?
GPT-6 Astra က OpenAI ရဲ့ ရှုပ်ထွေးတဲ့အလုပ်တွေကို အစအဆုံး ကိုင်တွယ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ စွမ်းဆောင်ရည်မြင့် AI Model တစ်ခုပါ။
အလွယ်ပြောရရင် AI ရဲ့ “စဉ်းစားပေးတဲ့ ဦးနှောက်” လို့ မြင်နိုင်ပါတယ်။ အချက်အလက်တွေ သုံးသပ်တာ၊ Code ရေးတာ၊ Research လုပ်တာနဲ့ Document ဖန်တီးတာတွေမှာ အသုံးချနိုင်ပါတယ်။ လိုအပ်တဲ့ Tools တွေ၊ အသုံးပြုခွင့်တွေနဲ့ ချိတ်ဆက်ပေးထားရင် အလုပ်တစ်ခုကို အဆင့်ဆင့် ဆောင်ရွက်ပေးနိုင်ပါတယ်။
လက်တွေ့အလုပ်အတွက် စိတ်ဝင်စားစရာ အချက်တွေကတော့ — 👇
၁။ Computer သုံးပြီး အလုပ်တွေ ဆောင်ရွက်ပေးနိုင်တယ်
Browser နဲ့ Website တွေကို အသုံးပြုပြီး အဆင့်ဆင့်လုပ်ရတဲ့ Workflow တွေမှာ ကူညီနိုင်ပါတယ်။
ဥပမာ —
အချက်အလက်ရှာ → Data စု → သုံးသပ် → Document ပြင် → ရလဒ်ထုတ်
လိုမျိုး အလုပ်တွေကို ချိတ်ဆက်လုပ်ဆောင်ခိုင်းနိုင်ပါတယ်။
ဒါပေမယ့် ကိုယ့် Computer ကို အလိုအလျောက် ဝင်သုံးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ အသုံးပြုနေတဲ့ App က ပံ့ပိုးပေးတဲ့ Tools နဲ့ ခွင့်ပြုထားတဲ့ Access အပေါ် မူတည်ပါတယ်။
၂။ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဆက်စပ်စဉ်းစားပေးနိုင်တယ်
အချက်အလက်များစွာ၊ သတ်မှတ်ချက်များစွာပါတဲ့ အလုပ်တွေမှာ အချက်တွေကို ဆက်စပ်သုံးသပ်ပြီး ဖြေရှင်းဖို့ အသုံးချနိုင်ပါတယ်။
ဥပမာ —
“ဒီလုပ်ငန်းအတွက် ရွေးချယ်စရာ ၃ ခုကို ကုန်ကျစရိတ်၊ အချိန်နဲ့ အကျိုးကျေးဇူးအလိုက် နှိုင်းယှဉ်ပေးပါ” ဆိုတဲ့အလုပ်မျိုးပါ။ Business Analysis၊ Data Analysis နဲ့ Project Planning လုပ်သူတွေအတွက် အသုံးဝင်ပါတယ်။
၃။ Coding အလုပ်တွေကို ပိုပြည့်ပြည့်စုံစုံ အပ်နှံနိုင်တယ်
Code ရေးခိုင်းတာအပြင် —
💻 Requirement ကို နားလည်အောင် စစ်ဆေးတာ
🔍 Existing Code ကို ဖတ်ပြီး Bug ရှာတာ
🛠️ လိုအပ်တဲ့ ပြင်ဆင်မှုလုပ်တာ
🧪 Test လုပ်ပြီး ရလဒ်စစ်တာ
စတဲ့ Software Development အဆင့်တွေမှာပါ အသုံးချနိုင်ပါတယ်။
၄။ Research ကနေ Report အထိ ကူညီနိုင်တယ်
Web Search လို Tools တွေနဲ့ တွဲသုံးတဲ့အခါ Sources အများကြီးက အချက်အလက်တွေကို ရှာဖွေ၊ နှိုင်းယှဉ်၊ သုံးသပ်ပြီး Report ပြုစုခိုင်းနိုင်ပါတယ်။
ဥပမာ
“ဒီ Product ၃ ခုကို လေ့လာပြီး ကျွန်မတို့လုပ်ငန်းနဲ့ ဘယ်ဟာပိုသင့်တော်လဲ၊ အကြောင်းပြချက်နဲ့ Report ထုတ်ပေးပါ” ဆိုတာမျိုးပါ။ ရလာတဲ့ Report ထဲက အဓိကအချက်တွေနဲ့ Sources တွေကိုတော့ ပြန်စစ်ဖို့ လိုပါတယ်။
၅။ အချက်အလက်အများကြီးကို တစ်ခါတည်း ကိုင်တွယ်နိုင်တယ်
GPT-6 Astra API မှာ 1.05 million-token context window ပါဝင်ပါတယ်။
အလွယ်ပြောရရင် အလုပ်လုပ်နေစဉ် AI က တစ်ပြိုင်နက် ထည့်သွင်းစဉ်းစားနိုင်တဲ့ အချက်အလက်ပမာဏပါ။ ဒါကြောင့် Document အများကြီး၊ Codebase ကြီးကြီးနဲ့ Project Information များများကို ဆက်စပ်သုံးသပ်ခိုင်းနိုင်ပါတယ်။ ဒီပမာဏက API သတ်မှတ်ချက်ဖြစ်ပြီး အသုံးပြုနေတဲ့ App မှာ ရနိုင်တဲ့ Limit ကတော့ ကွာနိုင်ပါတယ်။
၆။ အလုပ်ရဲ့ ရည်မှန်းချက်ကို ရှင်းပြပြီး အပ်နှံနိုင်တယ်
AI ကို တစ်ဆင့်ချင်း ညွှန်ကြားတာအပြင် —
👉 ဘာရလဒ်လိုချင်လဲ
👉 ဘယ်အချက်အလက်တွေ သုံးရမလဲ
👉 ဘယ်သတ်မှတ်ချက်တွေ လိုက်နာရမလဲ
👉 ဘယ်အဆင့်မှာ လူက ပြန်စစ်မလဲ
ဆိုတာတွေ သတ်မှတ်ပြီး အလုပ်အပ်နိုင်ပါတယ်။
ဥပမာ —
“ဒီ Sales Data ကို စစ်ပြီး ရောင်းအားကျတဲ့အကြောင်းရင်းတွေ ဖော်ထုတ်ပေးပါ။ Management အတွက် အနှစ်ချုပ်နဲ့ အကြံပြုချက်ပါ ပြင်ပေးပါ။ Data မလုံလောက်တဲ့နေရာကို ထင်ကြေးမဖြည့်ဘဲ ဖော်ပြပေးပါ” ဆိုတာမျိုးပါ။
💡 ကိုယ့်အတွက် ဘာအဓိပ္ပာယ်ရှိလဲ?
AI ကို အသုံးချတတ်ခြင်းဆိုတာ Prompt ကောင်းကောင်း ရေးတတ်တာအပြင် —
ဘယ်အလုပ်ကို AI ဆီ အပ်မလဲ၊
ဘာရလဒ်လိုချင်လဲ၊
ရလာတဲ့ရလဒ်ကို ဘယ်လိုစစ်မလဲ၊
ဘယ်ဆုံးဖြတ်ချက်ကို လူက တာဝန်ယူမလဲ
ဆိုတာတွေကို ခွဲခြားတတ်ဖို့လည်း လိုလာပါတယ်။
သင့်အလုပ်ထဲက အချိန်အများဆုံးယူနေတဲ့ ဘယ်အလုပ်ကို AI ဆီ အရင်ဆုံး အပ်ချင်ပါသလဲ? 💬
ATG SYSTEMS
📍 Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.
📱 +95 996 097 5342
📱 +95 976 674 8651
📧 [email protected]
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
Alerts
Be the first to know and let us send you an email when ATG Systems posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.