PLM for Better Life

PLM for Better Life

Share

Personal Life management is the Key to Success in life. Learn These 4 Things To Succeed in Life
1. Lead to lead yourself well then People will follow you!!
4.

Without it, everything will fall apart!
ပိုကောင်းတဲ့ဘ၀ကို ပိုင်ဆိုင်ဖို့ပိုကောင်းတဲ့မိမိကိုဖန်တီးစို့
You are 100% Responsible for your life.
မိမိဘ၀အတွက်မိမိမှာ ၁၀၀% တာဝန်ရှိတယ်နော်။ Managing Life -- Know what Life is and manage it Effectively
2. Managing Money -- we all need money and having money is not evil but letting money have us is. But if you learn to Make and Manage Money well then your life will never be the Same
3. Developing Leadership Skills -- Leadership is essential to success in life. Learning to Speak English -- If you want to learn anything you MUST learn English because everything you need to learn is written in English so far !! Master these FOUR SKILLS then you'd be Ready for Success in Life!! If you need me to help or our bawainnovations.com group help you please let us know.. Call us, Email us !!

17/09/2026

မနက်ဖြန်ဆိုတာ ပိုကောင်းလာဖို့ ကောင်းလာစေမယ့် အရာတွေကို ဒီနေ့လုပ်ပါ။

17/09/2026

တစ်နေ့နေ့မှာ ပြောင်းလဲမယ်လို့
မပြောနဲ့။

ဒီနေ့ကစပြီး ပြောင်းလဲပါ။

အချိန်ကို ပိုတန်ဖိုးထားပါ။
အရေးကြီးတာကို ပိုအာရုံစိုက်ပါ။
ကိုယ့်ဘဝအတွက် ပိုတာဝန်ယူပါ။

ဘာလို့လဲဆိုတော့
အနာဂတ်က တစ်နေ့နေ့မှာ ရောက်လာမှာမဟုတ်ဘူး။

ဒီနေ့ကနေ တဖြည်းဖြည်း
တည်ဆောက်လာမှာပါ။

16/09/2026

နာမည်စာရင်းပေးပြီးပြီလာခင်ဗျ

Business Startup Mastery (BSM)သင်တန်း
ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ချင်ပေမယ့် ဘယ်လုပ်ငန်းကိုရွေးချယ်ရမလဲ၊ ဘယ်လိုစနစ်တကျတည်ဆောက်ရမလဲ၊ ရောင်းအားဘယ်လိုတိုးမလဲ ဆိုတာတွေကို မသေချာသေးဘူးလား? ဒါဆို Business Startup Mastery သင်တန်းက သင့်အတွက်ပါ။

📚 ၂ ရက်တာအတွင်း လက်တွေ့အသုံးချနိုင်မည့် Business Knowledge များကို စနစ်တကျသင်ကြားပေးမည်။

သင်တန်းတွင်—
🔹 လုပ်ငန်းရွေးချယ်နည်း
ကိုယ်နဲ့သင့်တော်ပြီး အလားအလာရှိတဲ့ လုပ်ငန်းကို ဘယ်လိုရွေးချယ်မလဲ
🔹 လုပ်ငန်းကို စနစ်တကျတည်ဆောက်နည်း
လုပ်ငန်းတစ်ခုကို အခြေခံမှစပြီး စနစ်တကျတည်ဆောက်နိုင်ရန် လိုအပ်သည့်နည်းလမ်းများ
🔹 ငွေကြေးစနစ်တကျ လည်ပတ်စေရန် စီမံခန့်ခွဲခြင်း လုပ်ငန်းရဲ့ ဝင်ငွေ၊ ထွက်ငွေ၊ အမြတ်အစွန်းနှင့် ငွေကြေးလည်ပတ်မှုကို ထိရောက်စွာ စီမံခန့်ခွဲနည်း
🔹 Marketing ဗျူဟာများအသုံးချခြင်း 📣
ဖောက်သည်များ ပိုမိုရရှိလာစေရန်နှင့် လုပ်ငန်းတိုးတက်လာစေရန် Marketing Strategy များအသုံးချနည်း
🔹 ရောင်းချမှုစနစ်များ 🛒
ထိရောက်တဲ့ Sales System တည်ဆောက်ပြီး ရောင်းအားတိုးတက်အောင် ဆောင်ရွက်နည်း
🔹 လုပ်ငန်းရေရှည်တည်တံ့စေရန် နည်းလမ်းများ 📈ယာယီအောင်မြင်မှုမဟုတ်ဘဲ ရေရှည်တည်တံ့ပြီး တိုးတက်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်လာစေရန် လိုအပ်သော နည်းလမ်းများ နှင့် လုပ်ငန်းစတင်တည်ထောင်သူများအတွက် အရေးကြီးသော Business Knowledge များစွာ ကို ၂ ရက်တာအတွင်း သင်ကြားပေးသွားမည်ဖြစ်ပါတယ်။

🎁 အထူးအခွင့်အရေး
သင်တန်းပြီးဆုံးပြီးနောက် ထူးချွန်သူများအနေဖြင့် မိမိလုပ်ငန်းအတွက် Business Plan တင်သွင်းနိုင်ပြီး Capital Investment ရယူနိုင်မည့်အခွင့်အရေး ရရှိမည်ဖြစ်ပါတယ်။

💵 Capital Investment Amount — သိန်း ၅၀ မှ သိန်း ၂၀၀ အထိ

⏰ သင်တန်းချိန်
🗓️ ၂ ရက်တာ ၁၈.၀၉.၂၆ & ၁၉.၀၉.၂၆
⏰ မနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီ အထိ
💵သင်တန်းကြေး ၅၀၀၀၀ ကျပ်
သင်တန်းကြေးမတတ်နိုင်သူများအတွက် Sponsorship Program လည်းရှိလို့ စာလေးပို့ပြီးမေးမြန်းစုံစမ်းပါ။

🏤 လိပ်စာ
အမှတ် ၁၂၊ ဒေါနလမ်း၊ အင်းစိန်၊ ရန်ကုန်။ (အင်းစိန်ဆေးရုံ နှင့်ကွယ်ဂဘောဆေးရုံကြား)

⚠️ လူဦးရေ ကန့်သတ်ထားပါသည်။
အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ အမြန်ဆုံး စာရင်းသွင်းထားလိုက်ပါ။

🔥 လုပ်ငန်းစချင်ရုံနဲ့ မပြီးပါဘူး — မှန်ကန်တဲ့နည်းလမ်းနဲ့ စတင်ဖို့လိုပါတယ်။

Business Startup Mastery (BSM)
👉 လေ့လာပါ။
👉 Business Plan တည်ဆောက်ပါ။
👉 အခွင့်အရေးကို ရယူပါ။
👉 ကိုယ့်လုပ်ငန်းကို စတင်လိုက်ပါ။

Trainer Profile
Dr. Nay Myo Aung
CEO & Founder (Wisdom & Stability)
Master Trainer
Business Consultant

သင်တန်းကိုတက် ရောက်မည့်သူများ Comment မှာ BSM လို့ရေးပေးပါ

လူဦးရေကန့်သတ်ထားလို့ နာမည်စာရင်းကို အခုဘဲပေးလိုက်ပါ။
https://forms.gle/AmWFTaHB8DmVxPiR6

12/09/2026

Business Startup Mastery (BSM)သင်တန်း
ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ချင်ပေမယ့် ဘယ်လုပ်ငန်းကိုရွေးချယ်ရမလဲ၊ ဘယ်လိုစနစ်တကျတည်ဆောက်ရမလဲ၊ ရောင်းအားဘယ်လိုတိုးမလဲ ဆိုတာတွေကို မသေချာသေးဘူးလား?
ဒါဆို Business Startup Mastery သင်တန်းက သင့်အတွက်ပါ။ 💼
📚 ၂ ရက်တာအတွင်း လက်တွေ့အသုံးချနိုင်မည့် Business Knowledge များကို စနစ်တကျသင်ကြားပေးမည်
သင်တန်းတွင်—
🔹 လုပ်ငန်းရွေးချယ်နည်း
ကိုယ်နဲ့သင့်တော်ပြီး အလားအလာရှိတဲ့ လုပ်ငန်းကို ဘယ်လိုရွေးချယ်မလဲ
🔹 လုပ်ငန်းကို စနစ်တကျတည်ဆောက်နည်း
လုပ်ငန်းတစ်ခုကို အခြေခံမှစပြီး စနစ်တကျတည်ဆောက်နိုင်ရန် လိုအပ်သည့်နည်းလမ်းများ
🔹 ငွေကြေးစနစ်တကျ လည်ပတ်စေရန် စီမံခန့်ခွဲခြင်း 💰
လုပ်ငန်းရဲ့ ဝင်ငွေ၊ ထွက်ငွေ၊ အမြတ်အစွန်းနှင့် ငွေကြေးလည်ပတ်မှုကို ထိရောက်စွာ စီမံခန့်ခွဲနည်း
🔹 Marketing ဗျူဟာများအသုံးချခြင်း 📣
ဖောက်သည်များ ပိုမိုရရှိလာစေရန်နှင့် လုပ်ငန်းတိုးတက်လာစေရန် Marketing Strategy များအသုံးချနည်း
🔹 ရောင်းချမှုစနစ်များ 🛒
ထိရောက်တဲ့ Sales System တည်ဆောက်ပြီး ရောင်းအားတိုးတက်အောင် ဆောင်ရွက်နည်း
🔹 လုပ်ငန်းရေရှည်တည်တံ့စေရန် နည်းလမ်းများ 📈
ယာယီအောင်မြင်မှုမဟုတ်ဘဲ ရေရှည်တည်တံ့ပြီး တိုးတက်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်လာစေရန် လိုအပ်သော နည်းလမ်းများ
နှင့် လုပ်ငန်းစတင်တည်ထောင်သူများအတွက် အရေးကြီးသော Business Knowledge များစွာ ကို ၂ ရက်တာအတွင်း သင်ကြားပေးသွားမည်ဖြစ်ပါတယ်။

🎁 အထူးအခွင့်အရေး
သင်တန်းပြီးဆုံးပြီးနောက် ထူးချွန်သူများအနေဖြင့် မိမိလုပ်ငန်းအတွက် Business Plan တင်သွင်းနိုင်ပြီး Capital Investment ရယူနိုင်မည့်အခွင့်အရေး ရရှိမည်ဖြစ်ပါတယ်။

💵 Capital Investment Amount — သိန်း ၅၀ မှ သိန်း ၂၀၀ အထိ
⏰ သင်တန်းချိန်
🗓️ ၂ ရက်တာ ၁၈.၀၉.၂၆ & ၁၉.၀၉.၂၆
⏰ မနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီ အထိ
💵သင်တန်းကြေး ၅၀၀၀၀ ကျပ်
သင်တန်းကြေးမတတ်နိုင်သူများအတွက် Sponsorship Program လည်းရှိလို့ စာလေးပို့ပြီးမေးမြန်းစုံစမ်းပါ။

🏤 လိပ်စာ
အမှတ် ၁၂၊ ဒေါနလမ်း၊ အင်းစိန်၊ ရန်ကုန်။ (အင်းစိန်ဆေးရုံ နှင့်ကွယ်ဂဘောဆေးရုံကြား)
⚠️ လူဦးရေ ကန့်သတ်ထားပါသည်။
အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ အမြန်ဆုံး စာရင်းသွင်းထားလိုက်ပါ။
🔥 လုပ်ငန်းစချင်ရုံနဲ့ မပြီးပါဘူး — မှန်ကန်တဲ့နည်းလမ်းနဲ့ စတင်ဖို့လိုပါတယ်။
Business Startup Mastery (BSM)
👉 လေ့လာပါ။
👉 Business Plan တည်ဆောက်ပါ။
👉 အခွင့်အရေးကို ရယူပါ။
👉 ကိုယ့်လုပ်ငန်းကို စတင်လိုက်ပါ။
Trainer Profile
Dr. Nay Myo Aung
CEO & Founder (Wisdom & Stability)
Master Trainer
Business Consultant
သင်တန်းကိုတက် ရောက်မည့်သူများ Comment မှာ BSM လို့ရေးပေးပါ
လူဦးရေကန့်သတ်ထားလို့ နာမည်စာရင်းကို အခုဘဲပေးလိုက်ပါ။
https://forms.gle/AmWFTaHB8DmVxPiR6

13/06/2026

တစ်ခါက ကျောက်တုံးကြီးတစ်လုံးကို နေ့တိုင်း တွန်းနေတဲ့ လူငယ်တစ်ယောက် ရှိတယ်။ မိုးရွာတဲ့နေ့လည်း တွန်းတယ်၊ နေပူတဲ့နေ့လည်း တွန်းတယ်။ သူဟာ မနားမနေ ကြိုးစားခဲ့ပေမယ့် ကျောက်တုံးကြီးကတော့ တစ်စက်မှ မရွေ့ဘူး။ လနဲ့ချီပြီး အားထုတ်ခဲ့သော်လည်း မျက်မြင်ရတဲ့ ရလဒ်တစ်ခုမှ မတွေ့ရတဲ့အတွက် တစ်နေ့မှာတော့ သူ စိတ်ပျက်သွားပြီး အလုပ်ကို ရပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီအချိန်မှာ ဆရာကြီးတစ်ယောက် ရောက်လာပြီး “ဘာလို့ စိတ်ပျက်နေတာလဲ” လို့ မေးတယ်။ လူငယ်က “ကျွန်တော် နေ့တိုင်း ကြိုးစားတယ်။ ဒါပေမယ့် ကျောက်တုံးက မရွေ့ဘူး” လို့ ပြန်ဖြေတယ်။ ဆရာကြီးက ပြုံးပြီး “ကျောက်တုံးကိုပဲ ကြည့်မနေပါနဲ့၊ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ” လို့ ပြောတယ်။ လူငယ်က အံ့ဩသွားတော့ ဆရာကြီးက ဆက်ပြီး “ကျောက်တုံး မရွေ့ပေမယ့် မင်းရဲ့ လက်မောင်းတွေ သန်မာလာတယ်၊ စိတ်ရှည်မှု တိုးလာတယ်၊ လက်မလျှော့တတ်တဲ့ အကျင့်ကောင်း ရလာတယ်။ ကျောက်တုံးကို မရွေ့နိုင်သေးပေမယ့် မင်းကိုယ်တိုင်တော့ ပြောင်းလဲသွားပြီ” လို့ ရှင်းပြတယ်။

ဘဝမှာ တချို့ရလဒ်တွေက ချက်ချင်း မပေါ်လာတတ်ဘူး။ ဒါပေမယ့် နေ့စဉ် လုပ်ဆောင်နေတဲ့ ကောင်းမွန်သော အလေ့အထတွေကတော့ သင့်ရဲ့ အတွေးအခေါ်ကို ပြောင်းလဲပေးတယ်၊ စွမ်းရည်ကို တိုးတက်စေတယ်၊ စိတ်ဓာတ်ကို သန်မာစေတယ်၊ အနာဂတ်ကိုလည်း တည်ဆောက်ပေးတယ်။ Life Management ဆိုတာ ရလဒ်ကို စီမံခန့်ခွဲခြင်း မဟုတ်ဘဲ ရလဒ်ကောင်းတွေကို ဖန်တီးပေးမယ့် နေ့စဉ် အလေ့အထတွေကို စီမံခန့်ခွဲခြင်း ဖြစ်တယ်။

ဒီနေ့ သင်လုပ်နေတဲ့ သေးငယ်တဲ့ ကောင်းသော အလေ့အထတွေက မနက်ဖြန်မှာ သင်ဖြစ်လာမယ့် လူကို တည်ဆောက်ပေးနေတယ်။ အောင်မြင်မှုဆိုတာ တစ်ရက်တည်းနဲ့ တည်ဆောက်လို့ မရဘူး။ နေ့စဉ် မှန်ကန်တဲ့ လုပ်ရပ်လေးတွေကို ထပ်ခါထပ်ခါ လုပ်ဆောင်ခြင်းကနေသာ အောင်မြင်မှုကို တည်ဆောက်နိုင်တာ ဖြစ်တယ်။



#ဘ၀

12/06/2026

နေ့စဉ် တိုးတက်မှုသေးသေးလေးတွေက အချိန်ကြာလာရင် အံ့ဩဖွယ်ရလဒ်တွေ ဖြစ်လာတယ်။

အောင်မြင်ဖို့ အကြီးစားပြောင်းလဲမှုတွေ မလိုပါဘူး။ နေ့တိုင်း နည်းနည်းစီ တိုးတက်နေဖို့ပဲ လိုတယ်။ ဆက်တိုက်ကြိုးစားသူက အမြဲအနိုင်ရတယ်။

12/06/2026

ဒီနေ့ သင်လုပ်နေတဲ့ အလေ့အထတွေက မနက်ဖြန်ရဲ့ ဘဝကို တည်ဆောက်နေတယ်။

ကိုယ်အိပ်မက်မက်ထားတဲ့ အနာဂတ်က မနက်ဖြန်မှ ရုတ်တရက် ဖြစ်လာတာမဟုတ်ဘူး။ ဒီနေ့ ရွေးချယ်တဲ့ အလေ့အထလေးတွေကပဲ တဖြည်းဖြည်းနဲ့ ဘဝကို ပုံဖော်သွားတာပါ။

09/06/2026

တစ်ခါက လယ်သမားအိုတစ်ယောက်မှာ သားနှစ်ယောက်ရှိတယ်။

တစ်နေ့မှာ သူတို့နှစ်ယောက်ကို အစေ့တစ်ထုပ်စီ ပေးပြီး ပြောတယ်။

"ဒီအစေ့တွေကို တစ်နှစ်အကြာ ပြန်လာပြပါ။"

သားအကြီးက အစေ့တွေကို တန်ဖိုးရှိတယ်ထင်ပြီး သေတ္တာထဲမှာ သိမ်းထားလိုက်တယ်။

သားအငယ်ကတော့ မြေကြီးထဲမှာ စိုက်လိုက်တယ်။

ရေလောင်းတယ်။
မြက်ပင်တွေ ရှင်းတယ်။
ပိုးမွှားတွေကို ကာကွယ်တယ်။

အချိန်ကုန်တယ်။
ပင်ပန်းတယ်။
ဒါပေမယ့် ဆက်လုပ်တယ်။

တစ်နှစ်အကြာမှာ ဖခင်က ပြန်ခေါ်ကြည့်တယ်။

သားအကြီးရဲ့ အစေ့တွေက သေတ္တာထဲမှာ ရှိနေသေးတယ်။
ဒါပေမယ့် ခြောက်သွေ့ပြီး အသက်မရှိတော့ဘူး။

သားအငယ်ရဲ့ အစေ့တွေကတော့ သစ်ပင်လေးတွေ ဖြစ်နေပြီ။
အသီးတွေ သီးနေပြီ။
အရိပ်တွေလည်း ပေးနေပြီ။

ဖခင်က ပြုံးပြီး ပြောတယ်။

"ဘဝဆိုတာ သိမ်းထားဖို့ မဟုတ်ဘူး။
စိုက်ပျိုးဖို့ ဖြစ်တယ်။"

💡 သင်ခန်းစာ

လူအများစုက

"အချိန်ရရင် လုပ်မယ်"
"ငွေများရင် စမယ်"
"အခွင့်အရေးရရင် ကြိုးစားမယ်"

လို့ ပြောကြတယ်။

ဒါပေမယ့် အောင်မြင်သူတွေကတော့

"ရှိတာနဲ့ စတယ်"
"သေးတာကို ဂရုစိုက်တယ်"
"နေ့တိုင်း တိုးတက်ဖို့ လုပ်တယ်"

Life Management ဆိုတာ

ဘဝကို စောင့်နေတာ မဟုတ်ဘူး။
ဘဝကို တည်ဆောက်နေတာ ဖြစ်တယ်။

သင့်မှာရှိတဲ့

⏰ အချိန်
💰 အရင်းအမြစ်
🧠 အသိပညာ
🤝 ဆက်ဆံရေး

တွေကို မှန်မှန်ကန်ကန် စိုက်ပျိုးနိုင်ရင်
တစ်နေ့မှာ အသီးအပွင့်တွေ မြင်ရလိမ့်မယ်။

ယနေ့ စိုက်တဲ့ အလေ့အထက
မနက်ဖြန် ရိတ်သိမ်းရမယ့် အနာဂတ် ဖြစ်တယ်။

🌱 Life Management for Better Life

Address


Insein Township
Yangon

Alerts

Be the first to know and let us send you an email when PLM for Better Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.