Grab Drivers Myanmar

Grab Drivers Myanmar

Share

It was 2012 and legend has it, a few friends were enjoying some tea together. And countless people like you, use our services every day.

As is common with Southeast Asians, they started ranting.Today, Grab is present in eight countries across the region.

27/08/2026

ခရီးသည်ဘက်က သုံးလိုက်တဲ့ ပရိုမိုးရှင်းတိုင်းကို Grab ဘက်က အကုန်အကျခံပေးတာ ဖြစ်ပြီး သင့်အိတ်ထဲကနေ စိုက်ထုတ်ပေးစရာမလိုပါဘူး။

ဒါကို ခရီးစဉ် ဝင်ငွေအသေးစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

26/08/2026

ခရီးသည်က ဘာ‌ကြောင့် ငွေပိုပေးရတာလဲ

ခရီးသည် ပေးချေတဲ့ ပမာဏထဲမှာ အပိုဆောင်းကျသင့်ငွေတွေနဲ့ ကြားခံဖြတ်သန်းခတွေ (ဥပမာ- လမ်းတံတားခ) ပါဝင်နိုင်တာကြောင့်၊ သင့်ရဲ့ ခရီးစဉ်အသေးစိတ်မှာ ပြသထားတဲ့ ခရီးသည်ခနဲ့ ကွဲပြားနေနိုင်ပါတယ်။

ဒါကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်အောင် ခရီးသည် ကျသင့်ငွေအတွက် ပြသတဲ့ ပုံစံကို အဆင့်မြှင့်တင်ပေးထားပါတယ်။

မိတ်ဆွေ ရမယ့် ခရီးစဉ်ကြေးကတော့ ပြောင်းလဲမှု မရှိပါဘူး။

18/08/2026

🏆 ဇူလိုင်လအတွင်း ခရီးစဉ်ပယ်ဖျက်နှုန်း လုံးဝမရှိဆုကြေးငွေ ၁၀၀,၀၀၀ ကျပ် ရရှိသွားတဲ့မိတ်ဖက်ယာဉ်မောင်း ဦးအောင်ကျော်ဇောအတွက် ဂုဏ်ယူပါတယ်နော်။

🚕 ဇူလိုင်လတွင်းမှာ ခရီးစဉ်ပယ်ဖျက်နှုန်း ၈% အောက်
🚕 ခရီးသည်မှပေးတဲ့ ဝန်ဆောင်မှုအဆင့်သတ်မှတ်ချက် (Rating) ၄.၈ နဲ့အထက်ရှိတဲ့ မိတ်ဖက် အယောက် (၁၀၀) ထဲက မဲနှိုက်ရွေးချယ်ထားတာဖြစ်ပါတယ်။

ခရီးစဉ်တိုင်းကို လက်ခံပြီး ခရီးသည်တွေကို ဘေးကင်းလုံခြုံတဲ့ခရီးစဉ်တွေနဲ့ ဝန်ဆောင်မှုပေးခဲ့လို့ ကျေးဇူးအထူးတင်ပါတယ်။

-of_the_month

18/08/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ တစ်လတာအတွင်း ခရီးသည်ကြိုရမယ့် အကွာအဝေးအပေါ် ရွေးချယ်မှုမရှိဘဲ ခရီးစဉ်တွေကို အကောင်းဆုံး လက်ခံမောင်းနှင်ခဲ့တဲ့ မိတ်ဖက်ယာဉ်မောင်းတွေထဲက ထိပ်ဆုံး ၃ ဦးကို ရွေးချယ်ထားတာဖြစ်ပါတယ်။

ဒီဆုကို လစဉ်ရွေးချယ်ပေးအပ်သွားမှာဖြစ်ပြီး ခရီးသည်တွေကို အဆင်ပြေကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်ခဲ့လို့ ကျေးဇူးတင်ပါတယ်နော်။ 🥳

18/08/2026

⭐ ဇူလိုင်လအတွင်း ခရီးသည်တွေရဲ့ မှတ်ချက်ကောင်းတွေထဲက တစ်ခုကို ရရှိထားတဲ့ တို့ မိတ်ဖက်ကြီး ဦးကျော်မျိုးအောင်အတွက် ဆုကြေးငွေ ၅၀,၀၀၀ ကျပ်အထူးဆုနဲ့အတူ အခုလို ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်။

လစဉ် ဆုရှင်တစ်ဦး ရွေးချယ်ပြီး ဆုချီးမြှင့်ပေးသွားမှာမို့ ခရီးစဉ်ပြီးဆုံးတိုင်း မှတ်ချက်တောင်းဖို့ မမေ့နဲ့နော် .. 💬💚

17/08/2026

ခရီးစဉ်တိုင်းမှာ စေတနာအပြည့်နဲ့ ဝန်ဆောင်မှုပေးပြီး မုန့်လေးတွေ၊ Free WiFi လေးတွေကအစ ပြင်ဆင်ပေးရင်း ခရီးသည်တွေရဲ့ လိုအပ်ချက်တွေကို အသေးစိတ် ဂရုစိုက်ပေးတတ်တဲ့ “ကိုဇော်မင်း” တစ်ယောက် ခရီးသည်တွေနဲ့ ဘယ်လိုမျိုး နွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားလဲဆိုတာ ဒီဗီဒီယိုလေးမှာ ကြည့်ရှုလိုက်ရအောင်ပါ။

ခရီးသည်တစ်ဦးချင်းစီအပေါ် ထားရှိတဲ့ ကူညီလိုစိတ်နဲ့ ဖော်ရွေတဲ့ ဆက်ဆံရေးက ခရီးစဉ်တစ်ခုကို ပိုမိုကြည်နူးစရာကောင်းစေရုံတင်မကဘဲ မိမိကိုယ်တိုင်အတွက်လည်း အမှတ်တရကောင်းတွေကို ဖန်တီးပေးနိုင်ပါတယ်။

မိတ်ဖက်တို့လည်းပဲ ခရီးသည်တွေနဲ့ ပိုမိုပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Photos from Grab Drivers Myanmar's post 16/08/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ မှာ Grab မိတ်ဖက်ချန်ပီယံအဖြစ်နဲ့ ဆုကြေးငွေ ကျပ် ၂၀၀,၀၀၀ စီ ဆွတ်ခူးသွားတဲ့ မိတ်ဖက်တို့ကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုလိုက်ပါတယ်ဗျို့ 🥇💰

🚕 ဇူလိုင်လအတွင်းမှာ ခရီးစဉ်ပယ်ဖျက်နှုန်း ၈% အောက်
🚕 ခရီးသည်မှပေးတဲ့ ဝန်ဆောင်မှုအဆင့်သတ်မှတ်ချက် (Rating) ၄.၈ နဲ့အထက်ရှိတဲ့ မိတ်ဖက် အယောက် (၁၀၀) ထဲက မဲနှိုက်ရွေးချယ်ထားတာဖြစ်ပါတယ်။

တစ်လတာကာလအတွင်း စွမ်းဆောင်ရည်အပြည့်နဲ့ ခရီးသည်တွေကို ဘေးကင်းလုံခြုံတဲ့ခရီးစဉ်တွေနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးခဲ့ကြလို့ ကျေးဇူးအထူးတင်ပါတယ်။

မိတ်ဖက်အယောက်စီတိုင်း ကျန်းမာရွှင်လန်းလို့ ဝင်ငွေတိုးပွားကြပါစေ။✨

Photos from Grab Drivers Myanmar's post 12/08/2026

အက်ပ်ထဲမှာ ဝင်ငွေတွေကို ရှင်းရှင်းလင်းလင်း ခွဲကြည့်လို့ ရတယ်နော်!

ခရီးစဉ်တစ်ခုချင်းစီရဲ့ ဝင်ငွေကို ပိုပြီး နားလည်လွယ်အောင် "ခရီးစဉ်ဝင်ငွေ" နဲ့ "အပိုဆောင်း ဝင်ငွေ" ဆိုပြီး သီးခြားစီ ပြပေးထားပါတယ်။

အရင်က ပယ်ဖျက်ခဲ့တဲ့ ခရီးစဉ်အတွက် ပေးရန် ကျန်ငွေ ရှိနေရင်လည်း ကောက်ခံရမယ့် ငွေစာရင်းမှာ ဒီခရီးစဉ်အတွက် ဘယ်လောက်၊ အရင်ပေးရန် ကျန်ငွေက ဘယ်လောက်ဆိုတာကို ခွဲခွဲခြားခြား ပြပေးထားပါတယ်။

ဒါ့အပြင် အပတ်စဉ်ဝင်ငွေအနှစ်ချုပ်နဲ့အတူ အီးမေးလ်ထဲမှာလည်း အပတ်စဉ် Grab ဝန်ဆောင်ကြေးကို မကြာမီ စတင် ကြည့်ရှုနိုင်တော့မှာပါ။

ခရီးစဉ်တစ်ခုချင်းအလိုက် Grab ဝန်ဆောင်ကြေးကို တွက်ချက်ပုံကတော့ အပြောင်းအလဲ မရှိပါဘူး။

ပြင်ဆင်ထားတဲ့ ဝင်ငွေစာရင်းကို ကြည့်ဖို့ အခုပဲ အက်ပ်ကို ဖွင့်ကြည့်လိုက်နော် !

05/08/2026

Grab Myanmar နဲ့ လက်တွဲနေကြတဲ့ မိတ်ဖက်ယာဉ်မောင်းတို့အနေနဲ့ Streak နဲ့အတူ ခိုင်မာတဲ့ဝင်ငွေကို ဘယ်လို ဖန်တီးနေကြလဲဆိုတာကို ဝေမျှပေးထားပါတယ်။
ဒီဗီဒီယိုလေးထဲမှာ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ မောင်းနှင်မှု အတွေ့အကြုံတွေ၊ Streak ကြောင့် ရရှိလာမယ့် အဓိကအကျိုးကျေးဇူးတွေနဲ့ ဝင်ငွေတိုးတက်စေမယ့် နည်းလမ်းကောင်းတွေကို လေ့လာနိုင်မှာပါ။
Streak နဲ့အတူ ကိုယ်ပိုင်အတွေ့အကြုံလေးတွေ ဖန်တီးပြီး ဝင်ငွေတိုးဖန်တီးဖို့ ရယ်ဒီပဲလား ??

31/07/2026

မုန့်ဖိုးလက်ဆောင် ပေးထားတယ်နော် မိတ်ဖက်တို့ရေ 💚

ခရီးစဉ်တိုင်းမှာ စီးနင်းသူ ခရီးသည်တွေအပေါ် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ခဲ့တဲ့ မိတ်ဖက်တို့ရဲ့စိတ်စေတနာနဲ့ အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ Grab Myanmar က မိတ်ဖက် အယောက် ၃,၀၀၀ ကို ရွေးချယ်ပြီး တစ်ဦးကို ကျပ် ၃၀,၀၀၀ နှုန်းနဲ့ ဇူလိုင် ၃၀ ရက်နေ့မှာ Cash Wallet ကတစ်ဆင့် မုန့်ဖိုးလက်ဆောင် ပေးအပ်ခဲ့ပါတယ်။

မိတ်ဖက် အယောက် ၃,၀၀၀ ထဲမှာ ခရီးစဉ်ပယ်ဖျက်မှုနှုန်း အနည်းဆုံး မိတ်ဖက်ယာဥ်မောင်း အယောက် ၁,၀၀၀၊ ကြိုရမယ့် ခရီး နီးနီးဝေးဝေး မညည်းညူဘဲ စေတနာအပြည့်နဲ့ ဝန်ဆောင်မှုပေးခဲ့တဲ့ မိတ်ဖက်ယာဉ်မောင်း အယောက် ၁,၀၀၀ နဲ့ ခရီးသည်တွေရဲ့ ချစ်ခြင်းအထိမ်းအမှတ် 5 Stars တွေကို ရေရှည်ထိန်းထားနိုင်တဲ့ မိတ်ဖက်ယာဉ်မောင်း အယောက် ၁,၀၀၀ တို့ ပါဝင်ပါတယ်။

ရှေ့လျှောက်လည်း ခရီးသည်တွေရဲ့ လိုရာခရီးကို ပို့ဆောင်ရင်း ခရီးသည်တွေရဲ့ ချစ်ခြင်း မေတ္တာ၊ စေတနာနဲ့ အတူ မြင့်မားတဲ့ ဝင်ငွေတွေကို ပိုင်ဆိုင်နိုင်ပါစေနော်။

ဒီမုန့်ဖိုးလက်ဆောင်ကို ရရှိထားတဲ့ မိတ်ဖက်တွေလည်း ဒီအောက်မှာ မန့်လေး ရေးပေးသွားပါဦးနော့။

Address


👉Grab Center 1 - 11A, ကမ္ဘောဇရိပ်သာလမ်း၊ ရွှေတောင်ကြားရပ်ကွက်၊ ဗဟန်းမြို့နယ်။
Yangon
11211