Home Booking Host
We arrange budget home and accommodation for your business or leisure trip all around in Myanmar all
16/11/2023
အနောက်ဖက်ကမ်းခြေရောက်တုံးက
18/12/2020
အားလပ်ရက် ခရီးထွက်ရာမှာ သင်ဘာကြောင့် ဟိုတယ်မှာတည်းခိုမည့်အစား ဒေသခံအိမ်လေးတစ်လုံးမှာနေဖို့ရွေးချယ်သင့်ပါလဲ။
ပထမဆုံးအချက်အနေနဲ့ သင်ရဲ့ခရီးစာရိတ်သက်သာမှာပါ။
သီးသန်ဆန်သောလွတ်လပ်မှု
အကယ်လို့ သင်ဟာ Home Stay နေဖို့ရွေးချယ်ခဲ့မယ်ဆိုရင် သီးသန့်ဆန်သော လွတ်လပ်မှုကိုရနိုင်ပါမယ်။ ဟိုတယ်တွေမှာလို ဘေးအခန်းကဧည်သည်တွေရှိနေတာမျိုး ညနက်သန်ခေါင် စုဖွဲ့ချင်တာမျိုးမှာ အခြားဧည်သည်တွေကိုအားနာရတာမျိုးရှောင်ရှားနိုင်မှာပါ။
ဒါတင်ပဲလား ကိုယ်ပိုင်မီးဖိုချောင်မှာ သင်စားချင်တဲ့အစားအသောက်တွေကိုကိုယ်တိုင် စျေးဝယ် စီမံချက်ပြုတ်နိုင်ဦးမှာပါ။ ဒီလိုအခွင့်အရေးမျိုးကို သီးသန်လုံးချင်း Home Stay မှာပဲရနိုင်ပါတယ်။
စားရိတ်ချွေတာနိုင်မယ်
Home vacation ဟာ ဟိုတယ်မှာနေတာထက်စရိတ်သက်သာပါတယ် နေစရာပဲလား၊ ဘယ်ကမလဲ စားစရိတ်ကိုလဲ ချွေတာနိုင်ပါတယ်၊ အထူးသဖြင့် မိသားစုများများ အဖွဲလိုက်ခရီးသွားသူများ အတွက်ပါ။Home vacation ရွေးချယ်ခဲ့ရင် သင်ဟာဒီအခွင့်ရေးတွေရရှိမှာပါ။
Local Guide
သင်တည်းခိုမယ့်အိမ်ရှင်ဟာ သင့်ရဲ့အကောင်းဆုံးဧည့်လမ်းညွှန်ပါ။ ဒေသတွင်း လည်ပတ်တ်စရာနေရာများ၊ အချက်အလက်များ ရိုးရာအစားအသောက်များကိုမျော်လင့်နိုင်မှာပါ၊ သင်ကံကောင်းပါက အိမ်ရှင်မှာတည်ခင်းသော ညစာကိုစားသောက်နိုင်သောအခွင့်အရေးကိုရရှိဦးမှာပါ။
လေ့လာသင်ယူခွင့်
ဒါ့အပြင် သင့်ရဲ့ဒေသခံအိမ်ရှင်မှ သူတို့ဒေသရဲ့သမိုင်းကြောင်း သို့မဟုတ် ရိုးရာဓလေ့စရိုက်များ ကိုသင်ယူလေ့လာခွင့် ဒေသထွက်အစားအသောက်များကိုအတူချက်ပြုတ်သင်ယူဖို့ အခွင့်အရေး ကိုလဲမျှော်လင့် နိုင်ပါတယ်။
ဟိုတယ်တစ်လုံးဟာ သင့်ရဲ့အခြေခံလိုအပ်ချက်တွေကို အကောင်းမွန်ဆုံးဖြည့်ဆည်းပေးနိုင်မယ်ဆိုတာသံသယမရှိပါဘူး။ သို့ပေမယ် ဖော်ရွေပြီး ဧည့်ဝတ်ကြေပြွန်တဲ့ ဒေသခံအိမ်ရှင်မိသားစု တွေရဲ့ နွေးထွေးမှုနဲ့ဘယ်လိုမှမတူနိုင်ပါဘူး။
Ko Zaw
20/11/2020
(၃) အခြေခံလိုအပ်သောအသုံးအဆောင်များပေးပါ
ယနေ့ခေတ်တွင် သင်၏ ဧည့်သည်များအတွက် လိုအပ်သောခြေခံအသုံးအဆောင်များ ပေးရန်အလွန်အရေးကြီးသည် ။ အခြေခံအားဖြင့် ကိုယ်တိုက်ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပဝါများစသည်တို့ကိုထောက်ပံပေးခြင်းဖြင့် သင်ရဲ့ Home stay ကို အခြား အိမ်များ သာမန်တည်းခိုခန်းများနှင့်မတူသောဆွဲဆောင်မှုမျိုးရရှိမှာပါ။
Wi-Fi အသုံပြုခြင်း သည်ယနေ့ဒီဂျစ်တယ်ကမ္ဘာတွင်ပေါ်ပြူလာဖြစ်လာသောကြောင့် wifi တပ်ဆင်ထားခြင်း နှင့် အခြားသော မီးပူ၊ Hair dryer၊ မီးဖိုချောင် ပစ္စည်း များအသုံးပြုခွင့်ပေးခြင်ဖြင့် သင့်ရဲ့ ပြီးပြည့်စုံသော Homestay နေထိုင်မှုအတွေ့အကြုံကိုပေးနိုင်ပါတယ်။
Category
Telephone
Website
Address
No. 50, Yeiktha Street, Thingangyun
Yangon
11071
Alerts
Be the first to know and let us send you an email when Home Booking Host posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.