Business Partner
F&B Business Industry မှာ ကြီးမားတဲ့ Network တခုတည်ဆောက်ခြင်း
ကျွန်တော်ရဲ့ ဆိုင်တွေကို Manage လုပ်နေတဲ့ Team ကနေ ဆိုင်ပိုင်ရှင် (၁၀) ဦးကို အခမဲ့ Guide လုပ်ပေးမယ့် အစီအစဉ်လေး တစ်ခု ရှိပါတယ်။
ဒီ Guide လုပ်ပေးမယ့် အစီအစဉ်မှာ -
* စီမံခန့်ခွဲမှု:
* စာရင်းဇယား:
* ဝန်ထမ်းရေးရာ:
* လိုအပ်သော စာရွက်မှတ်တမ်းများ
ဒီအစီအစဉ်မှာ Join ချင်တဲ့ မိတ်ဆွေများအနေနဲ့ Chat Box မှာ * Guide * လို့ ပို့ပေးနိုင်ပါတယ်ခင်ဗျာ။
အခက်အခဲတွေကို အကောင်းဆုံး ကျော်ဖြတ်ပြီး တကယ့် ဆိုင်ပိုင်ရှင် Mindset နဲ့ လုပ်ငန်းကို ဦးဆောင်နိုင်ဖို့ ကျွန်တော်တို့ Team နဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ကျွန်တော်တို့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေ စုပေါင်းပြီး ကြီးမားတဲ့ Network တစ်ခု တည်ဆောက်လျက် ရှိပါတယ်။
မိတ်ဆွေတို့မှာ အခက်အခဲ တစ်စုံတစ်ရာ ရှိရင် အခမဲ့ Chat Box မှ တဆင့် အကြံဉာဏ် တောင်းယူနိုင်ပါတယ်ခင်ဗျာ။
မိတ်ဆွေ က ဆိုင်ပိုင်ရှင်ဆိုတာ သေချာရဲ့လား ?
အရာအားလုံး လိုက်လုပ်နေရပီဆိုရင် မိတ်ဆွေ မှားနေပီဆိုတာ သိထားပါ...
စားသောက်ဆိုင် လုပ်ငန်းရှင် အများစုဟာ အောက်ပါ အခြေအနေ (၃) မျိုးထဲက တစ်ခုခုနဲ့ ကြုံတွေ့နေရတတ်ပါတယ်-
၁။ တချို့ကျတော့ (၁) နှစ်ဝန်းကျင်မှာတင် ဆိုင်ပြုတ်သွားတတ်ပါတယ်။
၂။ တချို့ကျတော့ ပြုတ်လည်းမပြုတ်၊ တိုးလည်းမတိုးတတ်ဘဲ အချိန်တွေ၊ နှစ်တွေသာကုန်ပြီး ဒုံယင်းကဒုံယင်း ဖြစ်နေတတ်ပါတယ်။
၃။ တချို့ကျတော့ အဆင်ပြေတယ်၊ ရောင်းရတယ်၊ တိုးတတ်တယ် ဆိုပေမယ့် လုပ်ငန်းတိုးချဲ့ဖို့ကျတော့ ခက်ခဲနေတတ်ပါတယ်။
မိတ်ဆွေရော... ဘယ်လို အခြေအနေမျိုးနဲ့ ကြုံနေရပါသလဲ ?
ဒီအသေးစိတ်တွေ လိုက်လုပ်နေတာဟာ မိတ်ဆွေဆီမှာ အကြောင်းပြချက်ကောင်းကောင်းရှိလိမ်မယ်လို့ ထင်ပါတယ်
* ခိုးတာတွေကို စိတ်မချ ဖြစ်နေတာလား...
* ဝန်ထမ်းတွေ တလွဲလုပ်တာကို နောက်စံတင်းနေတာလား...
* ဆိုင်နာမည်ပျက်မှာကို စိုးရိမ်နေတာလား...
ဒါမှမဟုတ်
* ဝန်ထမ်းတွေရဲ့ အလိုက်သိမှု၊ နားလည်မှု၊ ကြိုးစားမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေကို လိုချင်နေတာလား...
ကိုယ်မရှိရင် ကိုမဖြစ်တာလို့ ခံစားနေရပီလား
ကျွန်တော်လည်း ဆိုင်ခွဲတွေနဲ့ ဆိုင်ပိုင်ရှင်တစ်ယောက်မို့ မိတ်ဆွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစားမိပါတယ်ခင်ဗျာ။
တကယ်တော့ ကျွန်တော်တို့ ဆိုင်ပိုင်ရှင်တွေဆိုတာ -
* ဆိုင်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေ လုပ်ဖို့
* လိုအပ်ချက်/အားနည်းချက်တွေကို ပံ့ပိုးပြင်ဆင်ဖို့
* လေ့လာသင်ယူတာတွေ လုပ်ဖို့
* စဉ်းစားတွေးခေါ်တာတွေ လုပ်ဖို့...
ခြုံငုံပြောရရင် (Management Level) စီမံခန့်ခွဲမှုအဆင့်မှာတောင် အမြင့်ဆုံးမှာ နေရမယ့်သူတွေပါ။
ဒီအခက်အခဲတွေကို အကောင်းဆုံး ကျော်ဖြတ်ပြီး တကယ့် ဆိုင်ပိုင်ရှင် Mindset နဲ့ လုပ်ငန်းကို ဦးဆောင်နိုင်ဖို့ ကျွန်တော်တို့ Team နဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ကျွန်တော်တို့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေ စုပေါင်းပြီး ကြီးမားတဲ့ Network တစ်ခု တည်ဆောက်လျက် ရှိပါတယ်။
မိတ်ဆွေတို့မှာ အခက်အခဲ တစ်စုံတစ်ရာ ရှိရင် အခမဲ့ Chat Box မှ တဆင့် အကြံဉာဏ် တောင်းယူနိုင်ပါတယ်ခင်ဗျာ။
(စနစ်) ဆိုတာ ဘာလဲ ?
System ကို ဘာသာပြန်ရင် "စနစ်" လို့ ခေါ်ပေမယ့် အများနားလည်အောင် လိုတိုရှင်း ပြောရရင် - **လုပ်ငန်းမှာ လူကို အားမကိုးဘဲ စနစ်ကိုသာ အားကိုးပြီး ကျွန်တော်တို့ ဖြစ်စေချင်တဲ့အတိုင်း စနစ်တကျ၊ ချောချောမွေ့မွေ့ လည်ပတ်နေစေဖို့ ရေးသားလမ်းညွှန်ထားတဲ့ စာအုပ်တစ်အုပ်** လို့ ယာယီ မှတ်ထားလို့ ရပါတယ်။
(မှတ်ချက်) ဒါက လက်တွေ့ ကျင့်သုံးရမှာ ဖြစ်ပြီး လုပ်ဆောင်ချက်တွေဟာ စာရွက်ပေါ်မှာပဲ ရှိနေလို့ မရပါဘူး။
(စနစ်) ကို ဘာကြောင့် လိုအပ်တာလဲ ?
လိုတိုရှင်း ပြောရရင် System မရှိရင် -
* လူ ပင်ပန်းမယ်၊ စိတ် ပင်ပန်းမယ်။
* အလုပ်တွေ စိတ်တိုင်းမကျတာတွေ ခဏခဏ ဖြစ်မယ်။
* လုပ်ငန်း တိုးချဲ့လို့ မရတော့ဘူး။
* ကိုယ် မရှိရင် မဖြစ်တဲ့ လုပ်ငန်းခွင် ဖြစ်လာမယ်။
* လုပ်ငန်း ကျရှုံးနိုင်ခြေ များမယ်။
ဒီလို ပြဿနာတွေ မဖြစ်စေချင်ရင် သင့်လုပ်ငန်းမှာ စနစ်တစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။
(စနစ်) ကို ဘယ်လို တည်ဆောက်မလဲ ?
System တည်ဆောက်ဖို့က လိုတိုရှင်း ရေးပြရုံနဲ့ မလုံလောက်တာမို့ အသေးစိတ် သိရှိလိုပါက Chat Box မှ ဆက်သွယ်နိုင်ပါတယ်။
အလယ်အလတ် လုပ်ငန်းရှင်တွေအတွက် ကျွန်တော် အကြိုက်ဆုံး နည်းလမ်းကတော့ **"ကိုယ်တိုင် တည်ဆောက်ပါ"** ဆိုတာပါပဲ။
သတိပြုရမယ့် အချက် (၃) ချက်:
1. System မှာ **Perfect (ပြီးပြည့်စုံတာ) ဆိုတာ မရှိပါဘူး၊ Update (အမြဲ မွမ်းမံနေတာ) ပဲ ရှိပါတယ်**။
2. System ကျဖို့ **နှစ်ချီကြာတတ်တယ်** ဆိုတာ မမေ့ပါနဲ့။
3. Service အပ်မယ်ဆိုရင် **သိန်းရာချီ** ကုန်ကျနိုင်ပါတယ်။
#ဒါတွေ အကုန်အကျ မခံချင်ဘူးဆိုရင်...
အကောင်းဆုံး ကျော်ဖြတ်ပြီး တကယ့် ဆိုင်ပိုင်ရှင် Mindset နဲ့ လုပ်ငန်းကို ဦးဆောင်နိုင်ဖို့ ကျွန်တော်တို့ Team နဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ကျွန်တော်တို့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေ စုပေါင်းပြီး ကြီးမားတဲ့ Network တစ်ခု တည်ဆောက်လျက် ရှိပါတယ်။
မိတ်ဆွေတို့မှာ အခက်အခဲ တစ်စုံတစ်ရာ ရှိရင် အခမဲ့ Chat Box မှ တဆင့် အကြံဉာဏ် တောင်းယူနိုင်ပါတယ်ခင်ဗျာ။
21/08/2026
Who We Are? ကျွန်တော်တို့ဟာ သင်တန်းဆရာတွေ မဟုတ်ပါဘူး။
ကျွန်တော်ကိုယ်တိုင် Tea Shop & Restaurant Industry ထဲမှာ ကိုယ်ပိုင်ဆိုင်လေး (၁) ဆိုင်ကနေ (၂) ဆိုင်၊ (၂) ဆိုင်ကနေ နောက်ထပ် ဆိုင်ခွဲတွေကို အမှားများစွာ၊ အခက်အခဲများစွာ ကြားကနေ ကြိုးစားရုန်းကန်ခဲ့ရတာပါ။ ဒီခရီးလမ်းမှာ ပညာပေးတဲ့သူတွေ၊ ဂျင်းကျွေးတဲ့သူတွေ အမျိုးမျိုးနဲ့ တွေ့ဆုံပြီးမှ ရှင်သန်ရပ်တည်လာခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။
အချိန်တစ်ခု ရောက်လာတဲ့အခါမှာတော့ လုပ်ငန်းခွင်ထဲက လက်တွေ့အခြေအနေတွေကို သေချာ သတိထားမိလာခဲ့ပါတယ် -
ဆိုင်တစ်ဆိုင်တည်း ဖွင့်ထားသူတွေရဲ့ အားနည်းချက်နဲ့ အားသာချက်
ဆိုင်ခွဲများစွာ ဖွင့်ထားသူတွေရဲ့ အားသာချက်နဲ့ လိုအပ်ချက်
ဆိုင်သေးလေးတွေအနေနဲ့ ဆိုင်ကြီးတွေကို မယှဉ်နိုင်ရတဲ့ လိုအပ်ချက်များ
Network နဲ့ စနစ်တကျ တည်ဆောက်သွားရင် အောင်မြင်နိုင်တယ်ဆိုတဲ့ အချက်
ဒီလိုနဲ့ပဲ HR၊ Account၊ Financial၊ Audit၊ Management၊ Central Kitchen၊ Service၊ Control၊ Food Costs နဲ့ System စသည်ဖြင့် များပြားလှစွာသော အပိုင်းတွေကို လက်တွေ့ကြုံတွေ့ ပြင်ဆင်ခဲ့ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့ မိတ်ဆွေတွေနဲ့အတူ နှစ်ဖက်စလုံးအတွက် Win-Win ဖြစ်စေမယ့် ဒီ Page လေးနဲ့ Team ကို စတင်ဖွဲ့စည်းဖြစ်ခဲ့တာပါ။
ကျွန်တော်တို့က "လုပ်ငန်းတူ ရန်သူ" ဆိုသူတွေအတွက် မဟုတ်ပါဘူး။
"လုပ်ငန်းတူ မိတ်ဆွေများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ လျှောက်လှမ်းသွားမှာပါ။
ကျွန်တော်တို့ Business Partner Team ကနေ -
အနေအထားတစ်ခုအထိ Free Support ပေးသွားမှာ ဖြစ်သလို၊
တချို့သော အဆင့်မြင့် Sharing တွေကို Fees ဖြင့်လည်းကောင်း၊
တချို့သော အကူအညီ Services တွေကို လစဉ်ကြေး ဖြင့်လည်းကောင်း၊
တချို့သော အချက်အလက် Data များကို Members ကြေး ဖြင့်လည်းကောင်း ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ Teacher To Owner သို့မဟုတ် Consultant To Owner မဟုတ်ပါဘူး။
Owner To Owner (ဆိုင်ရှင်မှ ဆိုင်ရှင်သို့) သွားမှာဖြစ်တဲ့အတွက် သီအိုရီ (Theory) တွေ၊ စာတွေ့ ပုံသေနည်း (Formula) တွေ မဟုတ်ဘဲ Real Experience & Data တွေကို တိုက်ရိုက် Sharing လုပ်ပေးသွားမယ့်အပြင် Strong ဖြစ်တဲ့ Network တစ်ခုကိုပါ အတူတကူ တွဲပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ဆိုင်ရဲ့ အခြေအနေကို ပြောင်းလဲချင်ရင် ဝန်ထမ်းကို အရင်ပြောင်းလဲပါ ဝန်ထမ်းကို ပြောင်းလဲစေချင်ရင် မိတ်ဆွေ အရင်ပြောင်းလဲပါ။
ကျွန်တော်တို စားသောက်ဆိုင် လုပ်ငန်း လုပ်ကြတဲ့အခါ
ဆိုင်ကို ပိုတိုးတက်စေချင်တာ
စနစ်တကျ ဖြစ်စေချင်တာ
Service ဝန်ဆောင်မှုကောင်းပီး အရသာပိုင်း ကောင်မွန်ပီး ပုံမှန်ဖြစ်စေချင်တာ
တစ်နေ့ထက် တစ်နေ့ ကောင်းသတဲ့ကောင်းလာစေချင်ကြတယ်
(၁)ဆိုင်ကနေ (၂)ဆိုင် ဖြစ်လာစေချင်ကြပါတယ်
လက်ရှိထက် ပိုကောင်းအောင် လုပ်ဖိုဆိုရင် အဓိက အသက်သွေးကြော ဖြစ်တဲ့ ဝန်ထမ်းတွေပြောင်းလဲဖို လိုပါတယ်
၁။ ဆိုင်ရဲ့ အခြေအနေကို ပြောင်းလဲချင်ရင် ဝန်ထမ်းကို အရင်ပြောင်းလဲပါ
စားသောက်ဆိုင်ဆိုတာ ဝန်ဆောင်မှု ပေးရတဲ့ လုပ်ငန်းဖြစ်လို Customer နဲ့ စက္ကန့်တိုင်း ထိတွေ့နေရတာ ဝန်ထမ်းတွေပါ ဆိုင်ရဲ့ သန့်ရှင်းရေး၊ ဟင်းအရသာ စံချိန်၊ ဧည့်ဝတ်ပြုမှုနဲ့ ဆိုင်ရဲ့ ပုံရိပ်အားလုံးဟာ ဝန်ထမ်းတွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်
ဆိုင်မှာ စစ်မှန်တဲ့ အရှုးအမြတ် မထွက်တာ
Stock မကောက်တာ
တာဝန်ယူမှု မရှိတာ
ခိုးတာ / အလေအလွင့် ဆုံးရှုးတာ
ဝန်ထမ်းတွေ အချင်းချင်း မတည့်တာ
အလုပ်ကို စိတ်မပါတာ ပြီးပီးရောလုပ်တာ
ကောင်းတဲ့လူတွေထွက်သွားတာ
ကိုယ်မရှိရင် မဖြစ်တာ
ကိုယ့်စိတ်တိုင်းကျ မဖြစ်တာ
စသည်ဖြင့် ပြောမကုန်နိုင်စရာတွေပါ
ဒါတွေကိုပြောင်းလဲစေချင်ရင် ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ရည် (Attitude & Skill) ကို အရင် တိုးတက်အောင် လုပ်ပေးဖို နှင့် တိကျသေချာပီး ရှင်းလင်းတဲ့ စည်းကမ်းတွေ လုပ်ဆောင်ချက်တွေ ရလဒ် စနစ်တွေ စသည်ဖြင့်လိုအပ်ပါတယ်။
ဒါတွေကို လုပ်ဖိုကြ ပိုင်ရှင်ရဲ့ တာဝန်ဖြစ်သွားပြန်ရော ဒါကြောင့်
၂။ ဝန်ထမ်းကို ပြောင်းလဲစေချင်ရင် ဆိုင်ရှင်ကိုယ်တိုင် အရင်ပြောင်းလဲပါ
ဘာတွေပြောင်းရမလဲ ?
စဉ်းစားတွေးခေါ်ပုံ
စီမံခန့်ခွဲမှု
ဆုံးဖြတ်ချက်
အမြင်
တွက်ချက်ပုံ
လုပ်ဆောင်ချက် စသည်ဖြင့် အစစ အရာရာပါဘဲ
ဘယ်လိုပြောင်းရမလဲ ဆိုတာကတော့အသေးစိတ် ပြောမှရမှာပါ
ကျွန်တော်တိုရဲ့ အတွေ့အကြုံအရ
စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ပြောင်းလဲမှုဟာ အမြဲတမ်း အထက်ကနေ အောက်ကိုပဲ စီးဆင်းပါတယ်။
“ဆိုင်ရှင်ရဲ့ တွေးခေါ်ပုံ အမြင်နဲ့ စီမံခန့်ခွဲမှုစနစ် ပြောင်းလဲမှ ဝန်ထမ်းတွေ ပြောင်းလဲမှာဖြစ်ပြီး၊ ဝန်ထမ်းတွေ ပြောင်းလဲမှသာ ဆိုင်ရဲ့ ရလဒ်တွေ ပြောင်းလဲလာမှာပါ။”
Owner Mindset ဆိုတဲ့ Post လေးတစ်ခု ရေးပါအုန်းမယ်
ဒါတွေတွေ့ကြုံနေရပီး တကယ် ပြောင်းလဲချင်တဲ့ မိတ်ဆွေတွေကို အကောင်းဆုံး ကျော်ဖြတ်ပြီး တကယ့် ဆိုင်ပိုင်ရှင် Mindset နဲ့ လုပ်ငန်းကို ဦးဆောင်နိုင်ဖို့ ကျွန်တော်တို့ Team နဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ကျွန်တော်တို့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေ စုပေါင်းပြီး ကြီးမားတဲ့ Network တစ်ခု တည်ဆောက်လျက် ရှိပါတယ်။
မိတ်ဆွေတို့မှာ အခက်အခဲ တစ်စုံတစ်ရာ ရှိရင် အခမဲ့ Chat Box မှ တဆင့် အကြံဉာဏ် တောင်းယူနိုင်ပါတယ်ခင်ဗျာ။
Telephone
Website
Address
အမှတ် (20/23), အလံပြဘုရားလမ်း, မင်္ဂလာတောင်ညွန့်မြိုနယ်, ရန်ကုန်မြို့
Yangon
1112
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |