M2 Console Technology

M2 Console Technology

Share

Customize A+ Services / Customize Network Services နဲ့ Customize Cybersecurity Services တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ 🤗🤗🤗

17/04/2026

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယမှာ M2 Console Technology ကို ယုံကြည်စိတ်ချစွာ လက်တွဲခဲ့ကြတဲ့ customer များ company များ၊ partner များနဲ့အတူ မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့ စိတ်​၏ချမ်းသာခြင်း၊ ကိုယ်​၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီးတော့ ကံကောင်းခြင်းများနှင့် အောင်မြင်မှုများ ပြည့်ဝပြီး မိသားစုအတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော်တို့ M2 Console Technology မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ 🤗🤗🤗

Photos from M2 Console Technology's post 16/03/2026

မင်္ဂလာပါဗျ 🤗

မတ်လ ၁၃ ရက်နေ့မှာ Novotel Yangon Max မှာ ကျင်းပခဲ့တဲ့ "Women in Business, Let her bloom" ပွဲတော်မှာ
ပါဝင်ပြသခဲ့တဲ့ ပုံရိပ်တစ်ချို့ကို မျှဝေလိုက်ပါတယ်
ခင်ဗျာ 🙂

ရုံးတွေ ကုမ္ပဏီတွေအတွက် All in One Service ရှိသလို SME လုပ်ငန်းတွေအတွက် Social Media Security Service (SMSS) လည်းရှိတာမို့လို့ စိတ်ပါဝင်စားတယ်ဆိုရင် အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ 😊

Photos from M2 Console Technology's post 09/03/2026

မင်္ဂလာပါ 🤗
လာမယ့် မတ်လ ၁၃ ရက်နေ့မှာ Novotel Yangon Max မှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီ အထိကျင်းပမယ့် "Women in Business , Let Her Bloom" ခေါင်းစဉ်နဲ့ Conference & Local Brand Bazaar 2026 မှာ M2 Console Technology က Booth တစ်နေရာ ပါဝင်ပြသပါမယ် 😊

ရုံးပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ ကြုံတွေရတတ်တဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေ ၊ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရတဲ့အခါ ရင်ဆိုင်ဖြေရှင်းနည်းနဲ့ ကြိုတင်ကာကွယ်နိုင်တဲ့နည်းလမ်းတွေ ၊ Social Media Account တွေနဲ့ Personal Account တွေကို Secure ဖြစ်အောင် လုပ်ထားရမယ့် နည်းလမ်းတွေ booth မှာ လာရောက်လေ့လာနိုင်ပါတယ် 🛡️🛡️🛡️

ဒါ့အပြင် ဈေးပွဲတော်ကို ဝင်ရောက်လည်ပတ်ရင်းနဲ့ မိမိတို့ ရုံးတွေ ကုမ္ပဏီတွေမှာဖြစ်နေတဲ့ နည်းပညာ အခက်အခဲတွေကို လွတ်လပ်ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးနိုင်သလို Software Services တွေကိုလည်း အခမဲ့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ် 👨‍💻👨‍💻👨‍💻

ဒါကြောင့် M2 Console Technology အနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နည်းပညာအခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ အမျိုးသမီး လုပ်ငန်းတွေအတွက် သင့်တော်တဲ့ ဝန်ဆောင်မှုပေးဖို့ booth ပါဝင်ပြသမှာမို့လို့ စိတ်လက်ပေါ့ပါးစွာ လေ့လာစုံစမ်းနိုင်ပါတယ် 😊

အမျိုးသမီး ထုတ်ကုန်တွေနဲ့ Local SME Products တွေလည်း ပါဝင်တာကြောင့် ပွဲကိုလာရောက်လည်ပတ်ရင်း နည်းပညာ အခက်အခဲတွေကိုဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ 🤗

Photos from M2 Console Technology's post 08/03/2026

မင်္ဂလာပါ 🤗

ဒီနေ့ Kan Thar Yar Office Tower ရဲ့ Manulife Office မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲမှာ M2 Console Technology အနေနဲ့ ပါဝင်ပြသခဲ့ပုံတွေကို မျှဝေလိုက်ပါတယ် 😊

ပွဲတက်ရောက်သူတွေထဲကနေလည်း နည်းပညာနဲ့ပတ်သက်ပြီးတော့ စိတ်ပါဝင်စားမေးမြန်းမှုတွေကို ပြန်လည်ဖြေကြားပေးခဲ့ပြီးတော့ ရုံးလုပ်ငန်းတွေရဲ့ နည်းပညာအခက်အခဲတွေကိုလည်း ကူညီဖြေရှင်းပေးခဲ့ပါတယ် 😊

ဒီလိုမျိုး ရုံးတွေ ကုမ္ပဏီတွေမှာ ဖြစ်တတ်တဲ့ နည်းပညာပြဿနာတွေကို တစ်နေရာတည်းမှာ ဝန်ဆောင်မှုကောင်းကောင်းနဲ့ ဖြေရှင်းချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ M2 Console Technology ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ 🤗

Photos from M2 Console Technology's post 06/03/2026

မင်္ဂလာပါ 🤗

မတ်လ ၈ ရက် Manulife ရုံး၊ ကန်သာယာ Office Tower မှာ မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ ကျင်းပမယ့် အပြည်အပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲမှာ M2 Console Technology က Booth တစ်နေရာ ပါဝင်ပြသပါမယ် 😊

နည်းပညာကဏ္ဍ တိုးတက်လာတာနဲ့အမျှ အမျိုးသား အမျိုးသမီး မည်သူမဆို နည်းပညာကို အသုံးပြုလာကြပါတယ် 👩‍💻👨‍💻

သတိထားမိတဲ့အချက်က မြန်မာပြည်က အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး နည်းပညာပိုင်းဆိုင်ရာမှာ အနည်းငယ် အားနည်းနေတာကို တွေ့ရပါတယ် 🤔

အဆင့်မြင့် နည်းပညာလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေလည်းရှိကြတယ်ဆိုပေမယ့် ရာခိုင်နှုန်းအားဖြင့် နည်းပါးပါတယ် 👩‍💻👩‍🔧

ဒါကြောင့် M2 Console Technology အနေနဲ့ အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နည်းပညာအခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ အမျိုးသမီး လုပ်ငန်းတွေအတွက် သင့်တော်တဲ့ ဝန်ဆောင်မှုပေးဖို့ ဒီအထိမ်းအမှတ်ပွဲမှာ booth ပါဝင်ပြသမှာမို့ စိတ်လက်ပေါ့ပါးစွာ လေ့လာစုံစမ်းနိုင်ပါတယ် 🤗

အမျိုးသမီး ထုတ်ကုန်ပြပွဲ၊ Panel Discussion နဲ့ Networking အစီအစဉ်တွေလည်း ပါဝင်တာကြောင့် ပွဲကိုလာရောက်လည်ပတ်ရင်း နည်းပညာ အခက်အခဲတွေကိုဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်ပါတယ်နော် 🤗

Photos from M2 Console Technology's post 06/03/2026

မင်္ဂလာပါဗျ 🤗

March 4th တုန်းက CSO တစ်ခုမှာ Data Server Setup Project အတွက် Site Survey ဆင်းပြီးတော့ Server Installation လုပ်နေတဲ့ ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ် 😊

File တွေကို မျှဝေသုံးစွဲဖို့နဲ့ Store လုပ်ထားဖို့အတွက် File Server နဲ့ Database တည်ဆောက်ပေးခဲ့ပါတယ် 😍

Server ကို Setup ပဲလုပ်ပေးခဲ့တာမျိုးမဟုတ်ပဲ Cybersecurity အတွက်ပါ ထည့်သွင်းစဉ်းစားပြီးတော့ စနစ်တကျ Installation လုပ်ပေးခဲ့ပါတယ် 👨‍💻🖥️💻

ရုံးလုပ်ငန်းတွေမှာ File Server တစ်ခုကတော့ အနည်းဆုံးရှိထားသင့်ပါတယ်။ File Server ရှိခြင်းအားဖြင့် အလုပ်ကို ပိုမို တွင်ကျယ် မြန်ဆန်စေနိုင်မှာဖြစ်သလို Partner Company ဘက်ကကြည့်ရင်လည်း Professional Vibe ကိုရရှိစေပြီးတော့ ယုံကြည်မှုလည်း ပိုပြီးတိုးလာပါမယ် 😊

ဒီလိုမျိုး မိမိတို့ရဲ့ လုပ်ငန်းအတွက် နည်းပညာနဲ့ပတ်သက်ပြီးတော့ အဆင့်မြှင့်တင်ချင်တယ် ၊ စစ်ဆေးချင်တယ် ၊ Maintainess လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော် တို့ရဲ့ M2 Console Technology ကို အမြန်ဆုံးဆက်သွယ်ဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်ဗျား 👨‍💻👨‍💻👨‍💻

03/03/2026

မင်္ဂလာပါခင်ဗျာ 🤗

ဒီနေ့မှာတော့ မနေ့က တင်ပေးခဲ့တဲ့ BitLocker Encryption Setup ကို အပိုင်း (၂) အနေနဲ့ မျှဝေထားပါတယ်။

ဒီ Video ထဲမှာ BitLocker On ထားတဲ့ Drive ကို Password Change တဲ့အကြောင်းတွေ

- Remove Password လုပ်ပုံလုပ်နည်းတွေ

- Smart Card နဲ့တွဲဆက်နိုင်ပုံတွေ

- Auto-Unlock လုပ်နိုင်တဲ့အကြောင်းတွေ

- BitLocker ကို ပြန်ဖြုတ်တဲ့အကြောင်းအရာတွေကို မျှဝေပေးခဲ့ပါတယ်။

ဒီလိုမျိုး လက်တွေ့ အသုံးချနိုင်ပြီးတော့ တန်ဖိုးရှိတဲ့ နည်းပညာတွေကိုမျှဝေပေးသွားမှာဖြစ်လို့ page လေးကို Like & Follow လေး လုပ်ပေးသွားကြပါဦးခင်ဗျာ 😊

တစ်ခုခုမှတ်ချက်ပေးချင်တာရှိတယ်ဆိုရင်လည်း လွတ်လပ်စွာ မျှဝေနိုင်ပါတယ် 🙂

ကျေးဇူးတင်ပါတယ်ခင်ဗျာ 🤗

02/03/2026

မင်္ဂလာပါခင်ဗျာ 🤗

ဒီနေ့မှာတော့ အရှေ့ရက်တွေမှာ မျှဝေခဲ့တဲ့ BitLocker Encryption ကို လက်တွေ့လုပ်ဆောင်ပြထားတဲ့ video ကို မျှဝေပေးလိုက်ပါတယ်။

- BitLocker အတွက် Drive Format အကြောင်း

- အသုံးပြုခဲ့တဲ့ HDD Hard Disk ကို Data Recovery Drive အနေနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့အကြောင်း

- Encryption Method ရွေးပုံရွေးနည်းတွေ

- Password ကို ဘယ်လိုသတ်မှတ်ပေးရမလဲဆိုတာနဲ့ Password မေ့သွားရင် Recovery Key နဲ့ ဘယ်လိုဝင်ရောက်နိုင်မလဲဆိုတဲ့အကြောင်းတွေကို အပိုင်း (၁) အနေနဲ့ မျှဝေပေးထားပါတယ်။

မနက်ဖြန် အပိုင်း (၂) အနေနဲ့ BitLocker Encryption Drive ကို ဘာတွေဆက်လုပ်လို့ ရဦးမလဲဆိုတာကို နောက်ထပ် video တစ်ပုဒ်နဲ့ မျှဝေပေးသွားမှာဖြစ်လို့ page လေးကို Like & Follow လေး လုပ်ပေးသွားကြပါဦးခင်ဗျာ 😊

တစ်ခုခုမှတ်ချက်ပေးချင်တာရှိတယ်ဆိုရင်လည်း လွတ်လပ်စွာ မျှဝေနိုင်ပါတယ် 🙂

ကျေးဇူးတင်ပါတယ်ခင်ဗျာ 🤗

Category

Website

Address


459 Pyay Road, Kamayut Tsp
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00