NEC SOLAR
Solar , Inverter, Battery, EV Charger ဆက်စပ်ပစ္စည်းများ
28/05/2026
Wifi Smart Switch
--------------------
ထိုင်ရာက မထ လျှပ်စစ်ပစ္စည်းတွေ ဖွင့်ချင်၊ပိတ်ချင်တာ,
လိုချင်တဲ့အချိန် ဖွင့်/ပိတ်လုပ်ခိုင်းလို့ရတာ။
တခါတလေ ပိတ်ဖို့ မေ့တတ်လို့ အပြင်ရောက်မှ
ပိတ်ချင်ရင် လှမ်းပိတ်လို့ရတာ။ လျှပ်စစ်ပစ္စည်းတခုချင်းမှာ
ခံလို့ရသလို 63A ရှိလို့ တအိမ်လုံးရဲ့ မိန်းမှာလည်း ခံလို့ရတယ်။
အသုံးများတာကတော့ အင်ဗာတာတွေရဲ့ EPC အဝင်၊
အချိန်နဲ့ ဖွင့်/ပိတ်စေချင်တဲ့ ဥပမာ ညနေဖွင့်/မနက်ပိတ်
ညဘက် လုံခြုံရေးမီးတွေ နေရာမှာ ဆင်လို့ရတယ်။
သုံးတဲ့ app လည်း လွယ်ကူရိုးရှင်းတယ်။ သုံးရ အဆင်ပြေတယ်။
-
Wifi Smart Switch ၁ လုံး- ၇၀၀၀၀ ကျပ်
-
LW V/A safeguard
----------------------
ဒီ Safeguard လေးကလည်း 63A မို့ တအိမ်လုံးအတွက် ခံပေးလို့
ရတယ်။ တခါတလေ epc မီးအားတွေ ဆောင့်တက်လို့ အိမ်က
လျှပ်စစ်ပစ္စည်းတွေ ပျက်စီးတာ ကြုံဘူးတတ်ကြတယ်။ ဒါလေး
ခံထားရင် မီးအား တက်လွန်းတာ/ကျလွန်းတာကို ကာကွယ်ဖြတ်တောက်
ပေးလို့ အဖိုးတန် လျှပ်စစ်ပစ္စည်းတွေ မပျက်တော့ပါဘူး။ အင်ဗာတာ တွေရဲ့
အထွက်မှာ တပ်ထားရင် ကိုယ်သတ်မှတ်ပေးထားတဲ့ ဝန်အားကျော် သုံးတာနဲ့ ဖြတ်ချ
ပေးလို့ အင်ဗာတာ ပျက်တာ/လောင်တာ မဖြစ်တော့ဘူး။
-
V/A Safeguard ၁ ခု - ၅၀၀၀၀ ကျပ်
-
Soft Starter
-------------
ဒါလေးကတော့ အိမ်မှာ ရေမော်တာ/ကွန်ပရက်စာတွေ မောင်းတဲ့အခါ
epc မီးနဲ့ဆိုရင်တော့ ရတယ်။ အင်ဗာတာနဲ့ မောင်းမယ်ဆိုရင် မော်တာတွေက
စ စချင်း ရုန်းအား ၂ဆ၃ဆ ရှိတတ်တော့ အင်ဗာတာ မပျက်စီးအောင်ရယ်၊
6kw inverter လောက်နဲ့ ကွန်ပရက်စာ မောင်းလို့ရအောင်ရယ် အသုံးများပါတယ်။
Soft Starter ၁ ခု ၂၄၀၀၀၀ ကျပ်။
-
အထက်ပါ ပစ္စည်းများကို ဆိုင်သမားနဲ့ installer များအတွက် အထူးနှုန်း
ဖြင့် ရောင်းချပေးပါမယ်။
-
ဝယ်ယူတပ်ဆင်လိုပါက
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069
22/05/2026
Suntree EV charger ဆင်ရန်လိုအပ်သော ပစ္စည်းများ၊
တပ်ဆင်နည်းနှင့် App အသုံးပြုနည်း
----------------------------------------------------
၁။ အိမ်ရဲ့main breaker (သို့) ဆိုလာ အင်ဗာတာ ရှိရင် change over ကနေ
charger ဆင်မယ့်နေရာထိ 6 mm AC ကြိုး ၊ 6 mm Earth ကြိုးလိုပါမယ်။
၂။ အိမ်မှာ solar earth/electrical earth ကောင်းကောင်းရိုက်ထားရင် အဲကနေ ယူလို့ရပါတယ်။
၃။ AC SPD ၁ လုံး၊ RCBO 40A ၁ လုံး၊ အော်တို မီးငြိမ်း FED ၁ လုံး၊ အိမ်မှာ V/A Safeguard မရှိသေးရင်
V/S Safeguard ၁ လုံး၊ 6/8 Way db box ၁ လုံး။
၄။ အိမ်မှာ အပ်ရိုက်ထားတာမရှိရင် Earthing သေချာရိုက်ရပါမယ်။
-
တပ်ဆင်ခြင်း
----------------
Charger ဆင်မယ့်နေရာက မိုးလုံရင် အုတ်နံရံမှာ ကပ်ဆင်လို့ရပါတယ်။
မိုးမလုံတဲ့ ပြင်ပဆိုရင်တော့ ရေလုံ DB box, အမိုး လိုမယ်။ Charger က
IP65 မို့ မိုးရေစိုခံပါတယ်။ မီးကို အိမ်ရဲ့ မိန်း(သို့) Change breaker ကနေ
ယူပါ။ db box ထဲက RCBO ကိုဝင်၊ RCBO အထွက်ကနေ V/A Safeguard ဝင်၊
Safeguard မှာ Charger က L/N ဝင်ပေးပါ။ RCBO ကနေ AC SPD ကို
Line/Neutral looping ဝင်ပေးပါ။ အပ်ကြိုးကို db box က earth bar
မှာ ထည့်ပေးပြီး charger က earth ကြိုး စိမ်း/ဝါကို ထည့်ပေးပါ။ 6 mm ကြိုးအတို တချောင်းနဲ့ AC SPD ကို အပ်ကြိုးသွယ်ပါ။ ဒါဆို db box နဲ့ charger ဆင်ပြီးပါပြီ။
-
အကာအကွယ်တွေ အနေနဲ့ မိုးကြိုး/လျှပ်စီးအတွက် SPD, အားသွင်းနေရင်း
ကားမှာ ဓါတ်လိုက်ခဲ့သော် ပြုတ်ကျအောင် RCBO, မီးအား များတာ/နည်းတာ/
ဆောင့်တက်တာ ကာကွယ်ဖို့ V/A safeguard, မတော်တဆ ဘရေကာ မီးလောင်ခဲ့သော် အော်တိုမီးငြိမ်း( FED) ကနေ ငြိမ်းသတ်ပေးမှာပါ။
-
APP အသုံးပြုခြင်း
---------------------
Tuya app ကို ဖုန်းထဲ ဒေါင်းပြီး အကောင့်လုပ်ပါ။
အရင်တည်းက wifi ပစ္စည်းတွေသုံးနေလို့ Tuya အကောင့်ရှိပြီးသားဆိုရင်
အဲထဲမှာပဲ Add ကို နှိပ်ပြီး charger ကို Bluetooth နဲ့ ရှာလိမ့်မယ်။
ကျွန်တော်ကတော့ wifi smart switch တွေ သုံးနေတာမို့ ရှိပြီးသားပါ။
တွေ့ရင် add ပြီး အိမ်ရဲ့ Wifi username/password တွေ ထည့်ပေးပါ။
ပြီးရင် charger ကို နှိပ်လိုက်ပြီး Setting ကိုနှိပ်၊အပေါ်ဆုံးမှာ binding card
ကို နှိပ်ပြီး charger နဲ့အတူပါတဲ့ card အစိမ်းလေးက Serial Number
ကို မှန်အောင်ရိုက်ပြီး save ပါ။ အားလုံးမှန်ရင် charger က အားသွင်းဖို့
အသင့်ဖြစ်နေမယ်။ ကားကို charger ခေါင်းတပ်ပြီး ကတ်နဲ့ ဖြတ်ပြီး
အားသွင်းလို့ရသလို appထဲက enable ကို နှိပ်ပြီးသွင်းလို့ရတယ်။
Charging ampere ချိန်ဖို့အတွက် Setting ရဲ့အောက်ဆုံးမှာ
Current setting ကို နှိပ် 6A ကနေ 32A ထိ စိတ်ကြိုက် ချိန်လို့ရတယ်။
ကိုယ်သုံးထားတဲ့ တရက်စာ၊တစ်လစာ၊တစ်နှစ်စာ အသုံးတွေပြန်ကြည့်ဖို့
app ပင်မ စာမျက်နှာက Charging data ဆိုတာလေး ကို နှိပ်ကြည့်ပါ။
Day/month/year ကို ရွေးပြီး graph က အပြာလိုင်းကို ဖိကြည့်ရင်
kwh( ယူနစ်) ကို တွေ့ရပါမယ်။ တစ်ရက်ကို ငါးကြိမ် အားသွင်းရင် အပြာလိုင်း
ငါးလိုင်းပေါ်မယ်။Charger မှာ display ပါလို့ လက်ရှိအားသွင်းနေတဲ့အချက်အလက်တွေကိုလည်း real time ကြည့်လို့ရတယ်။ ဟိုတယ်လိုမျိုး အခကြေးငွေနဲ့အားသွင်းပေးတာမျိုးဆိုရင်မှတ်တမ်းမှတ်ရာ ကြည့်လို့ လွယ်ပါတယ်။ စက်မှာပဲကြည့်ကြည့်၊ app မှာပဲကြည့်ကြည့်ပါ။
-
charger တပ်ပြီး တန်းသွင်းစေချင်တယ် ကတ်မဖြတ်ချင်ဘူးဆိုရင် Mode ကိုနှိပ်ပြီး plug and play ကို ရွေးပါ။
အချိန်နဲ့ Timer ပေးပြီး သွင်း ချင်တယ်ဆိုရင် Schedule ကို နှိပ်ပြီး အချိန်သတ်မှတ် သွင်းလို့ရပါတယ်။
ပုံမှန်အတိုင်းဆိုရင်တော့ Normal mode ကို ရွေးပါ။
-
Trouble Shooting
-------------------
တခါတလေမှာ charger ဘေးက emergency stop ခလုတ်
အနီကို ဖိမိလို့ error ပြတတ်တယ်။ တခါတလေ အပ်ကြိုးထည့်
ထားပေမယ့် 0012 ဆိုတဲ့ error ပြတတ်တယ်။ အဲလို ပြရင် အပ်မိမမိ
သေချာစစ်ဆေးပြီး မိတယ်ဆိုရင် app ထဲက enable ကို ၁၀ စက္ကန့်ဖိထားပါ။
box ပေါ် လာရင် GNDON ကို ထောက်ပြီး GNDOFF ပြောင်း၊ confirm
နှိပ်ပေးရင် error ပျောက်သွားပြီး စသုံးလို့ရပါမယ်။
အခြား error လေးတွေ တွေ့ရင်လည်း မေးနိုင်ပါတယ်။
-
NEC SOLAR
22/05/2026
Growatt Inverter မီးမထွက်လျှင်
---------------------------------
ဒီတရက်နှစ်ရက်အတွင်း Growatt 6kw Inverter အချို့
AC မီးမထွက်တာ တွေ့ရတယ်။ ကျွန်တော်တို့ကတော့
Inverter Out breaker ပျက်လား၊ V/A safeguard ပျက်လား
သွားစစ်ပေမယ့် မီးမထွက်တာကြောင့် အင်ဗာတာကို restart ပြန်လုပ်
ပေးလိုက်ရင် မီးပြန်ထွက်ပါတယ်။ အင်ဗာတာ ဖွင့်/ပိတ် အဆင့်တွေကို
အောက်မှာ ပုံလေးနဲ့ ထည့်ပေးပါမယ်။
Edit: လောလောဆယ် restart လုပ်လို့မှ ဆက်ဖြစ်နေရင် wifi dongle လေး ခဏဖြုတ်ထားပါတဲ့။ တနင်လာ ( ၂၅/၅/၂၀၂၆) လောက်မှ ပြန်တပ်ပါ။
-
NEC SOLAR
21/05/2026
ဘက္ထရီအသုံးပြုပုံ မှားယွင်းခြင်း
------------------------------
ဆိုလာ အင်ဗာတာ သုံးစွဲနေသူအချို့က မလိုအပ်ပဲ
ဘက္ထရီကို EPC နဲ့အားသွင်းပြီး အားပြည့်မှ EPC ပိတ်၊ ဘက္ထရီကနေ
သုံးနေတာ တွေ့ရပါတယ်။ EPC နဲ့ သွင်းလို့ မီတာက တက်မှာပဲ။
ဘက္ထရီအတွက်ကျတော့ အားအပြည့်သွင်း၊အားပြန်ထုတ် လုပ်နေလို့ သက်တမ်းကိုထိခိုက်လာတယ်။ Cycle တွေက တအားတက်လာတယ်။ ကျွန်တော်တို့ ဆင်ပေးထားတဲ့အစ်ကို တယောက်က နေ့ပိုင်းဆိုလာနဲ့အဓိက သုံးပြီး ညနေ/ညဉီးပိုင်း ဘက္ထရီက ၅၀/၆၀% ကျန်ရင်
EPC နဲ့အားပြည့်အောင်သွင်း၊ အားပြည့်မှ EPC ပိတ်ပြီး တညလုံး ဘက္ထရီက သုံးတော့ ၂ နှစ်လောက်အတွင်းမှာ cycle 1000 ကျော်သွားတယ်။ ပုံမှန်အတိုင်း ဆိုလာနဲ့သွင်း၊ ညဘက်ဘက္ထရီကသုံးလို့ အားလျော့ လာရင် EPC သုံးသွားရင် အလွန်ဆုံး တက်လှမှ တစ်ရက် 1 cycle, 2 နှစ် 600/700 cycle ထက်
ပိုမတက်ရဘူး။ လက်ရှိဘက္ထရီသုံးနေသူတွေကို လေ့လာကြည့်တော့ တစ်နှစ်မှ ၂၀၀/၂၅၀ လောက် တက်တာ။
-
ကိုယ့် ရပ်ကွက်က ညဘက်မီးမှန်ရင် နေ့ဘက်ဆိုလာသုံး၊ ညနေပိုင်း ဘက္ထရီက သုံးချင်ရင် 50% လောက်ထိသုံး၊ပြီးရင် အိမ်ဘက်ကို EPC သုံးပြီး ဘက္ထရီကို 50% အကျန်နဲ မိုးလင်းအထိထား၊ မနက် ဆိုလာထွက်လာမှ ဆိုလာနဲ့
သွင်းဆိုတာက ပုံစံ အမှန်ပါ။ အဲလိုသုံးရင် တစ်ရက်မှ 0.5 cycle, ၂ ရက်မှ 1 cycle ပဲ တက်မယ်။ကိုယ့်ရပ်ကွက်က မီးပျက်ချင်သလိုပျက်တယ်။ တညလုံးပျက်ချင်လည်းပျက်တယ်ဆိုရင်တော့ မီးလာချိန်မှာ
ဘက္ထရီကို အားပြည့်အောင် သွင်းထားရမှာပေါ့။ ညလည်း ၄ နာရီလာ ၄ နာရီပျက်တယ်ဆိုရင် လာချိန်မှာတော့မီးပျက်ချိန် သုံးဖို့ EPC နဲ့ သွင်းပါ။ အဲလိုမဟုတ်ရင်၊ မီးကောင်းရင် EPC အားသွင်း လုံးဝ ပိတ်ရမှာပါ။
တချို့က ဘက္ထရီအားမပြည့်မှာကို စိတ်ပူတယ်။ မီးပျက်ရင်သုံးစရာမလောက်မှာစိုးလို့။ ရန်ကုန်မှာတော့မီးက အလာများတယ်။ ညဘက်လည်း သိပ်မပျက်တတ်တော့ အားမပြည့်လည်း စိတ်မပူဘဲ သူ့ဘာသာ
60/70 ရှိချင်သလောက်သာ ရှိပါစေ။ အခုလို မိုးရွာ/မိုးအုံ့ရင် ညနေပိုင်း အားပြည့်တာရှိသလို မပြည့်တာလဲရှိပါတယ်။
-
ကိုယ်က ဟိုဘရေကာတင်၊ဒီဘရေကာချ အလုပ်မရှုပ်ချင်ရင် setting ပေးထားလို့ရပါတယ်။Growatt inverter မှာ Working mode ကို SBU ( Solar-Battery-EPC) ပေးထားပြီးBattery to grid ကို 50%, Grid to Battery ကို 60% လောက် သတ်မှတ်ပါ။ အားသွင်းကို SOL ( Solar only ) သတ်မှတ်ပါ။ ဒါဆိုရင် ဘယ်ဘရေကာမှ တင်/ချ လုပ်စရာမလိုဘူး။ တနေကုန်ဆိုလာကသုံးမယ်။ ညနေကျ ဘက်ထီက ထုတ်မယ်။ဘက္ထရီ 50% ရောက်ရင် EPC ကပေးမယ်။ မနက်ထိ မီးမပျက်တော့ ရင် မနက်ကျ ဆိုလာထွက်လာရင် 50%
ကနေ စသွင်းမယ်။60% ရောက်တာနဲ့ EPC ကို ဖြုတ်ချပြီး တနေကုန် ဆိုလာကပဲသွားမယ်။
-
Lux power မှာကျ Hybrid mode ကိုဖြုတ်ထားတယ်။
PV&AC take load jointly ကို off ထားတာ။ ပြီးရင် epc နဲ့ အားမသွင်းချင်လို့
AC charge Ampere ကို 0 ပေးထားတယ်။ AC charge base on မှာ SOC ရွေးထားတယ်။ Start AC charge SOC မှာ 50%( အိုးထဲမှာ ကျန်ချင်တဲ့ %)
Stop AC Charge SOC မှာ 60%( မနက်ဆိုလာနဲ့သွင်းလို့ 60% ရောက်ရင် AC ပြုတ်မယ်)ဒီတိုင်းထားရင် တနေကုန်ဆိုလာ၊ည ဘက္ထရီ၊ ဘက္ထရီ 50% ရောက်ရင် အိမ်အသုံးကို EPC တက်သွားမယ်။( EPC နဲ့တော့ အားမသွင်းဘူး) မနက်ကျ ဆိုလာ ထွက်လာရင် ဘက္ထရီကို စသွင်းတယ်။အိမ်အသုံးက EPC ကသုံးနေတယ်။ 60% ရောက်တာနဲ့ EPC ပြုတ်ပြီး တနေကုန် ဆိုလာနဲ့ပဲသွားတယ်။
ဒီပုံစံမျိုးသုံးရင် ဘက္ထရီက တစ်ရက်မှ 0.5 cycle ပဲ တက်မယ်။ တစ်လမှ 15/20 cycle ပဲ။ဘက္ထရီလည်း ဝန်မပိသလို သက်တမ်းရှည်မယ်၊ ဆိုလာကို အကုန်အကျခံတပ်ထားတာလည်းအကျိုးရှိသွားမယ်။
-
ဆိုလာမပါ၊အင်ဗာတာ ဘက်ထီပဲ တပ်ထားသူတွေက
တော့ မီးလာချိန် အားသွင်း၊ မီးပျက်ချိန်မှ ဘက္ထရီကိုသုံး။
မီးတောက်လျှောက်လာနေလို့ ပိတ်ထားချင်ရင် ဘက်ထီကို
70% လောက် ကျန်အောင်သုံးပြီး အင်ဗာတာ/ဘက်ထီ အကုန်
ပိတ်ထားပါ။
-
အောက်ကပုံကတော့ သုံးစွဲမှု မှားနေတဲ့ပုံစံပါ။ တညလုံးမီးလာနေမှတော့ ဘာလို့ ဘက်ထီကို epc နဲ့ ပြည့်အောင်သွင်းပြီး ဘက်ထီကနေ သုံးမလဲ။ သုံးတဲ့ ပုံစံမှားလို့ ဘက်ထီက cycle count တက်တာ။
NEC SOLAR
16/05/2026
AUTEL နဲ့ Suntree charger ဘာရွေးမလဲ
-----------------------------------------
EV ကားအသုံးများလာတဲ့အခါ အိမ်မှာ အားသွင်းဖို့အတွက်
charger တွေ လိုလာပါတယ်။ လက်ရှိပြည်တွင်းမှာ အတွေ့ရများတဲ့ တံဆိပ်တွေထဲကWifi function, Ampere တိုးလျှော့၊ တစ်ရက်/တစ်လ/တစ်နှစ်စာ မှတ်တမ်းတွေကြည့်လို့ရပြီး သုံးရ အဆင်ပြေတဲ့ AUTEL နဲ့ Suntree charger ၂ ခုကို ယှဉ်ပြချင်ပါတယ်။
-
Autel maxi charger
------------------------
သူကတော့ အစောဆုံးဝင်လာလာတဲ့ charger ဖြစ်ပြီး အရည်အသွေးလည်း ကောင်းလို့ လူသိများ၊အသုံးများပါတယ်။ ဥရောပ၊အမေရိက အသိအမှတ်ပြုလက်မှတ်တွေအနေနဲ့ CE, TUV စတာတွေ ရထားတယ်။ Safety အတွက် over current,under voltage, over voltage,
surge protection တွေပါဝင်တယ်။ ချိတ်ဆက်မှုတွေ အနေနဲ့ Wifi,bluetooth စတာတွေပါဝင်ပြီးကိုယ်ပိုင် cloud ကနေ စီမံနိုင်တယ်။ ဖုန်း app ကနေ အားသွင်း/အားပိတ်လုပ်တာ၊အမ်ပီယာ အတိုး
အလျှော့ လုပ်တာ၊ အားသွင်းထားတဲ့မှတ်တမ်းတွေပြန်ကြည့်လို့ရတာတွေ အပြင် IP65 ဖြစ်လို့ outdoor မှာ အမိုး/sunshade လေး လုပ်ပြီး သုံးလို့ရတယ်။ အရည်အသွေးမြင့်တဲ့အတွက် စျေးနှုန်း
မြင့်ပြီး လူကြိုက်များပါတယ်။ Autel ဟာ မော်တော်ယာဉ် Diagnostic Tools တွေထုတ်လုပ်တဲ့ နေရာမှာ နံမည်ကြီးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
-
Suntree charger
------------------
ခုနောက်ပိုင်းဝင်လာတဲ့ Suntree charger ကလည်း အရည်အသွေးကောင်းသလို စျေးနှုန်းသင့်တဲ့အတွက် အသုံးများလာပါတယ်။ ဥရောပ အသိအမှတ်ပြု CE Marking ( EU ရဲ့ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေစည်းမျဉ်းတွေနဲ့ ကိုက်ညီကြောင်း သက်သေခံလက်မှတ်), , UK က အသိအမှတ်ပြု UKCA စတဲ့ လက်မှတ်တွေ ရ ထားပါတယ်။ UKCA က ဗြိတိန် (UK) နိုင်ငံရဲ့ ထုတ်ကုန်ဘေးကင်းလုံခြုံရေး စံနှုန်းနဲ့ ကိုက်ညီကြောင်း လက်မှတ်ဖြစ်ပါတယ်။ဒီလက်မှတ်ရှိမှ UK မှာ ရောင်းလို့ရပါတယ်။ Safety အတွက် over current, under voltage, over voltage, surge protection တွေပါဝင်တယ်။ ချိတ်ဆက်မှုတွေ အနေနဲ့ Wifi, Bluetooth စတာတွေပါဝင်ပြီး ဖုန်းကနေ အားသွင်း/အားပိတ်တာ၊ အမ်ပီယာ တိုးလျှော့တာ၊ တစ်လစာ/တစ်နှစ်စာ အသုံးမှတ်တမ်းတွေ
ကြည့်လို့ရတာတွေ အဆင်ပြေပါတယ်။ အိမ်မှာ wifi ကျနေရင်တောင် Bluetooth နဲ့သူ့ဘာသာချိတ်ဆက်ပြီး Control လုပ်လို့ရပါတယ်။ IP65 ဖြစ်လို့ outdoor မှာ အမိုး/sunshade လေး လုပ်ပြီး သုံးလို့ရတယ်။
စက်မှာ display ပါတဲ့အတွက် အားသွင်းနေတဲ့အချက်အလက်တွေကို အလွယ်တကူ ကြည့်လို့ရတယ်။ ခု သုံးနေတဲ့ suntree charger တွေမှာ error ဖြစ်တာမရှိဘဲ အဆင်ပြေပြေနဲ့ သုံးစွဲနေတာတွေ့ရပါတယ်။
Suntree ဟာ Solar နည်းပညာနဲ့ DC/AC လျှပ်စစ်ပစ္စည်း (Circuit Breaker, Surge Protector) တွေ ထုတ်လုပ်ရာမှာ
နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။
-
လောလောဆယ် ကျွန်တော် တို့ NEC SOLAR မှာတော့ ......
-
Autel 7 kw charger (CCS2) 31 သိန်း
Sutree 7 kw charger (GB/T) 22 သိန်း
Suntree 7 kw charger( CCS2) 25 သိန်း
Suntree 22kw AC charger (GB/T) 32 သိန်း
-
ပစ္စည်းရှိပါတယ်။ ပစ္စည်းသီးသန့်ဝယ်လို့ရသလို အပြီးအစီးလည်း
တပ်ဆင်ပေးပါတယ်။
-
ဝယ်ယူတပ်ဆင်လိုပါက
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069
15/05/2026
Earth Tester မရှိသူများအတွက် အပ်မိမမိအလွယ်စမ်းနည်း
---------------------------------------------------------
ဆိုလာဆင်တဲ့အခါ၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းတဲ့အခါ Safe ဖြစ်အောင်
Earthing / Grounding (အရပ်အခေါ် အပ်ရိုက်ခြင်း) ကို စနစ်တကျ လုပ်ဆောင်ရပါတယ်။
ဒီလိုရိုက်တဲ့အခါ စံသတ်မှတ်ချက်ရှိပါတယ်။ မြေကြီးထဲ ကြေးချောင်း ရိုက်ထည့်ပြီး ကြိုးသွယ်ပေးလိုက်ရုံနဲ့မရပါဘူး။
သာမန်အားဖြင့် လယ်မြေ/သဲမြေ/နှုန်းမြေ တွေ မှာ ရိုက်ရလွယ်ကူပြီး တောင်မြေ/ဂဝံမြေ/ရာဘာတော
လိုနေရာတွေမှာ ရိုက်ရခက်ပါတယ်။ ၂ပွိုင့်၃ပွိုင့်ခွဲရိုက်ရတာ၊ အပ်ကျင်းသေချာတူးပြီး မီးသွေး/ဆား/Earth powder
တွေ မွှေထည့်/ရေလောင်းပြီး လိုချင်တဲ့ တန်ဖိုးရအောင် ရိုက်ရပါတယ်။ အဲလိုရိုက်ပြီး Earth Tester နဲ့ တိုင်းရင်
အိမ်တွေအတွက် 10 Ohm အောက်ရမှ စိတ်ချရပါတယ်။ Earth tester က အဖွဲ့တိုင်းမရှိနိုင်တာကြောင့်
ရှိတဲ့ digital multi meter နဲ့ တိုင်းကြည့်လို့ရပါတယ်။
-
အပ်ရိုက်ပြီး db box က earth bar မှာ ထည့်၊ အင်ဗာတာ/ဘက္ထရီ /SPD နဲ အပ်ပေးရမယ့်နေရာတွေ
အကုန်ပေးပါ။ ပြီးရင် multi meter မှာ AC volt တိုင်းတဲ့ဘက် လှည့်ပြီး
1.Line နဲ့ Neutral ကြိုးထောက်ရင်အိမ်မှာ လာနေတဲ့ မီးအားအတိုင်းရှိရပါမယ်။
2.Line နဲ့ Earth တိုင်းရင် အိမ်မီးအား နဲ့ အတူတူနီးပါးရှိရပါမယ်။
3.Neutral နဲ့ Earth ကိုတိုင်းရင် 0-2 V ကြားဆိုရင် အကောင်းဆုံး၊
2-5 V ကြားဆို လက်ခံလို့ရတယ်။ အဲထက်များပြီး 10/20V ဖြစ်နေရင်
တော့ အပ်မမိတာ/Neutral leakageရှိနေနိုင်ပါတယ်။ ရိုက်ထားတဲ့ အပ်ချောင်းနဲ့ ကြိုးတွေ ပြန်စစ်ရပါမယ်။
တကယ်လို့ 0 ပြနေရင်လဲ ချက်ချင်းမယုံပါနဲ့။ တချို့က လိုအပ်ချက်အရ Neutral နဲ့ Earth ပေါင်းထား
တတ်တယ်။ ဒါ့ကြောင့် ကိုယ်အစအဆုံးဆင်တာမဟုတ်ရင် ပေါင်းထားမထား သိဖို့လိုပါတယ်။
-
NEC SOLAR
13/05/2026
စက်ရုံသုံး 100 kw Solar
----------------------------
မှော်ဘီမြို့နယ်မှာရှိတဲ့ စက်ရုံတစ်ရုံအတွက်
မီးစက်မောင်းစရာမလိုအောင် ဝန်အားကို တွက်ချက်ပြီး
100 kw Hybrid စနစ်တပ်ဆင်ပေးခဲ့ပါတယ်။
စက်ရုံတွေဆင်မယ်ဆိုရင် ကုန်ကျစရိတ်သက်သာတဲ့
On grid တပ်မလား၊ ကုန်ကျစရိတ်ပိုများတဲ့ Hybrid တပ်မလား
စဉ်းစားရပါတယ်။ On grid က ဘက်ထီမလို လို့ကုန်ကျစရိတ်သက်သာ
ပေမယ့် EPC မီးပျက်နေရင် မီးစက်မောင်းမှ အလုပ်လုပ်တာပါ။
ဒီစက်ရုံမှာတော့ ဆီဝယ်ရတဲ့အခက်အခဲနဲ့ ကုန်ကျစရိတ်များတာကြောင့် ဖြစ်နိုင်ရင်မီးစက်ကို လုံးဝ မမောင်းတော့ဘဲ ဆိုလာနဲ့ပဲ လည်ပတ်နိုင်အောင် On grid ထက်ကုန်ကျစရိတ်ပိုတဲ့ Hybrid စနစ်ပဲ တပ်ဆင်လိုက်တာပါ။
-
Solis 50 kw Hybrid inverter* 2 pcs
Jinko 590 Watt* 150 pcs
CTE HV 51.2/100 ah* 12 pcs နဲ့ တပ်ဆင်ထားပြီး
မီးစက် မမောင်းရသလောက်ဖြစ်သွားပါပြီ။
-
တပ်ဆင်လိုပါက
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069
01/05/2026
EV charger 22 kw နဲ့ 7 kw ရောက်ပါပြီ
---------------------------------------
Suntree က ထုတ်တဲ့ EV Charger က
- ဖုန်းကနေ အားသွင်း/အားပိတ် လုပ်တာ။
- Timer ပေးထားပြီး အချိန်ပြည့်ရင် အားသွင်းရပ်ခိုင်းတာ။
- အိမ်မီးအား/အိမ်အသုံးအခြေအနေကို လိုက်လို့ ဖုန်းကနေ အမ်ပီယာ တိုး/လျှော့ သွင်းလို့ရတာ။
- ဆိုလာက သွင်းသူဆိုရင် ဆိုလာ အထွက်များရင်ပိုသွင်း၊အထွက်ကျချိန် လျှော့ သွင်း။
- တရက်တာ/တစ်လတာ/ အားသွင်းတဲ့ ယူနစ်မှတ်တမ်း ကြည့်လို့ရတာ။
-
22 kw AC charger
-------------------
အိမ်သုံး/ကုမ္ပဏီ လုပ်ငန်းသုံး AC charger ထဲမှာတော့ 22 kw က အကြီးဆုံးပါ။
ကိုယ်ပိုင်ထရန်စဖော်မာ/power meter တွေ ရှိရင် တပ်လို့ရတယ်။
အားသွင်းမြန်မယ်။ကားဘက်က On board charger က 3 phase အထောက်အပံ့ပေးနိုင်ရင်
22 kw နဲ့သွင်းလို့ရပါတယ်။ Voyah , KIA, AVATAR တို့ Zeekr တချို့ မော်ဒယ်ကားတွေ ရတယ်။
single phase ပဲ အထောက်အပံ့ပေးနိုင်ရင်တော့ 22kw တပ်ထားလဲ
7 kw ပဲ ဝင်ပါမယ်။
လက်ရှိ Stock နည်းနည်းရှိတာက
-
Suntree 7 kw charger- 22သိန်း (GBT)
Suntree 7 kw charger- 25သိန်း (CCS2)
Suntree 22 kw Charger- 32 သိန်း (GBT)
-
ဝယ်ယူတပ်ဆင်လိုပါက
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069
28/03/2026
Deye Service ကူညီပေးပါ
------------------------------
ဆိုလာ တခေတ်မှာ အရည်အသွေးကောင်းတယ်ဆိုတဲ့ Deye Inverter,
Battery တွေကို ကျွန်တော် အပါအဝင် Installer များ စျေးကြီးပေး တပ်ဆင်၊
ရောင်းချခဲ့ကြပါတယ်။ အရည်အသွေးကောင်းပေမယ့် error ဆိုတာတော့
ဖြစ်တတ်ပြီး တခုခုဖြစ်လို့ ဝယ်တဲ့ Dealer ကို ပြန်ပို့ရင် မူရင်း China က
Deye ကုမ္ပဏီကို ဖြစ်စဉ်တင်ပြ၊အဲဒီက အပိုပစ္စည်းပို့ပေးမှ ပြင်ပေးလို့ရတော့
မကြာသင့်ဘဲ တစ်လ၊နှစ်လ တွေ ကြာမှ ရတတ်ပါတယ်။အရင်ကလည်း အဲဒီဖြစ်စဉ်တွေဖြစ်ခဲ့တယ်။
-
ပြီးခဲ့တဲ့ လပိုင်းမှာ Dealer ဆီကနေ ဝယ်ခဲ့တဲ့ Deye 20 kw inverter တစ်လုံးက ပါဝါမလာတော့လို့ ပြန်ပို့တာမှာ ထုံးစံအတိုင်း တရုတ်ပြည်က ပို့ပေးတဲ့ ပစ္စည်းရမှ ပြင်ပေးလို့ရမယ်လို့ အကြောင်းပြန်ပါတယ်။ ခု အခြေအနေအရ Air cargo ကလည်း ပို့လို့အဆင်မပြေတော့ ပုံမှန် လမ်းကြောင်းနဲ့ ပို့မယ်ဆိုလို့ လချီကြာမယ့် အခြေအနေဖြစ်နေပါတယ်။ ကိုယ့် ပစ္စည်းတခုတည်းမဟုတ်ဘဲ အလားတူ အခြား အပိုပစ္စည်းလိုတဲ့ ပစ္စည်းတွေ အတွက်ရော လို့ သိရတယ်။
-
ဖြစ်သင့်တာက ဒီနိုင်ငံမှာ အလုံးရေ မြောက်များစွာရောင်းချထားတာ၊ ဒီမှာရောင်းချထားတဲ့ Model တွေ ရဲ့ အပိုပစ္စည်းတွေ အသင့်ဆောင်ထားသင့်ပါတယ်။ လိုတော့မှဟိုကိုလှမ်းမှာတယ်ဆိုတာတော့ အလုပ်မဟုတ်ပါဘူး။ တော်တော် ကို အဆင်မပြေတာပါ။မီးတွေ ပျက်လာတော့ ကိုယ့် ကာစတမ်မာကလည်း အမေးထဲမေးနေပြီး service အဆင်မပြေ
တာကို မကျေနပ်ဖြစ်နေပါတယ်။ အစားထိုးဖို့ လွယ်ကူတဲ့ ပစ္စည်းဆိုရင် ကျွန်တော် တို့က အစားထိုးပေးထားမှာပါ။ အခုက ပစ္စည်းကလည်း ရှား၊စျေးကလည်းတက်ဆိုတော့ မလွယ်တဲ့ အခြေအနေဖြစ်နေတာပါ။
-
ဒီတော့ Deye ကုမ္ပဏီကို တောင်းဆိုချင်တာက ဒီနိုင်ငံမှာ ဒီလောက် ရောင်းချထားပြီးစီးပွားဖြစ်နေတာ service ကိစ္စကိုတော့ အခုထက် ပိုအဆင်ပြေအောင် ကူညီဆောင်ရွက်ပေးစေချင်ပါတယ်။ ခုလို ကြန့်ကြာမှု၊အဆင်မပြေမှုဖြစ်နေရင် Installer တွေကလည်း အခြားတံဆိပ်ကိုပဲ ညွှန်းရောင်းကြရင် Deye ပဲ နစ်နာမှာပါ။ ရန်ကုန်မှာ Deye service center ဖွင့်တယ်လို့ ကြားလိုက်
ပေမယ့်လည်း ဘာလှုပ်ရှားမှုမှ မတွေ့ရပါဘူး။ ဒါ့ကြောင့် service center ရော၊
Deye Company ရော သိအောင် ပို့စ်တင်လိုက်တာပါ။
Edit: တစ်လကျော်လောက်စောင့်ပြီး အခု ရပါပြီ ။
-
NEC SOLAR
26/03/2026
ဘက္ထရီတွေ ဘယ်တော့ သက်တမ်းကုန်မလဲ
------------------------------------------
ဆိုလာ/အင်ဗာတာနဲ့ သုံးနေကြတဲ့ Lifepo4 Battery တွေဟာ
အရင်က သုံးခဲ့တဲ့ ဘက္ထရီအမျိုးအစားတွေထက် ပိုကြာကြာခံလာပြီး
နှစ်ရှည် အသုံးပြုနိုင်ပါတယ်။ ဘက္ထရီဖြစ်တဲ့အတွက် သုံးတာကြာလာတာနဲ့
အမျှ သိုလှောင်နိုင်တဲ့ ပမာဏကလည်း ကျ ကျ လာတတ်တာကတော့
သဘာဝပါပဲ။
-
Lifepo4 ဘက္ထရီကို အားသွင်း/အားထုတ်အသုံးပြုမှု အပေါ် မူတည်ပြီး
သက်တမ်း သတ်မှတ်ပါတယ်။ တစ်ရက် တစ်ကြိမ် အားအပြည့်သွင်း၊
ညကျ အားကို 20% အကျန်လောက်ထိသုံးရင် 1 cycle လို့ သတ်မှတ်ပြီး
အဲဒီလို အကြိမ်ရေ ၃၀၀၀ လောက်အထိ အသုံးပြုလို့ရပါတယ်။
ဘက္ထရီအသုံးပြုမှုတွေကို လေ့လာကြည့်တာမှာ တစ်ရက် 1 cycle အသုံးပြုသူ
မရှိသလောက် ရှားပါတယ်။ ပျှမ်းမျှ တစ်လမှ 15-20 cycle သာ ရှိကြပါတယ်။
ဒီတော့ တစ်နှစ်နေရင် 200-250 cycle ကြားသာ ရှိပါတယ်။
ဘက္ထရီကောင်းတစ်လုံးဟာ 1000 cycle သုံးပြီးမှ SOH (ဘက္ထရီရဲ့ကျန်းမာရေး)
3% ကနေ 5% ကြား ကျပါတယ်။ ၄/၅ နှစ်လောက် သုံးပြီးမှ 95%-97% ကြား ကျန်တာဖြစ်လို့ အသစ်နဲ့ မခြားသေးပါဘူး။
-
နောက်ထပ် cycle ၁၀၀၀ ထပ်သုံးပြီး စုစုပေါင်း 2000 cycle ဖြစ်သွားရင်
SOH 10% ဝန်းကျင်ကျပြီး ဘက်ထီက 90% လောက်ကျန်ပါမယ်။
ဘက္ထရီအသစ် တုန်းက ၁၀ နာရီခံ ရင် cycle 2000 သုံးပြီး ၉ နာရီ ခံမှာမို့
အလုပ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘက္ထရီက 8-10 နှစ်လောက် သုံးပြီးပါပြီ။
-
နောက်ထပ် cycle 1000 ထပ်သုံးပြီး cycle 3000 ဖြစ်သွားရင် SOH 15% -20%
ဝန်းကျင် ကျပြီး 80-85% လောက်ကျန်ပါမယ်။ lifepo4 Battery က SOH 80%
ဖြစ်သွားရင် သက်တမ်းကုန်ပြီလို့ ဆိုနိုင်ပါတယ်။ အသုံးပြုချိန်ကလည်း ၁၀ နှစ်
ကျော်သွားပါပြီ။ ဒီတော့ တင်းပြည့်ကျပ်ပြည့် cycle 3000 သုံးလို့ရရင်ကို
တန်လှပါပြီ။ စျေးကွက်ထဲမှာ cycle 8000/10000/12000 ဆိုတာတွေက ဖြစ်နိုင် မဖြစ်နိုင်
စဉ်းစားကြည့်နိုင်ပါတယ်။
-
ဒီလို သက်တမ်းကြာကြာသုံးနိုင်ဖို့ ..........
-
1. Lifepo4 new cell, grade A ဖြစ်ရပါမယ်၊
2. bms အရည်အသွေးကောင်းရမယ်။
Cell balancing ကို ကောင်းကောင်းအလုပ်လုပ်ရမယ်။
3. ဘက္ထရီအားကုန်အောင်မသုံးရဘူး။ 20% လောက် အမြဲချန်ရမယ်။
4. ဘက္ထရီထားတဲ့နေရာက နေတိုက်ရိုက်ထိတဲ့နေရာ၊ အပူချိန်များတဲ့နေရာ
မဖြစ်ရဘူး။
5. အားသွင်းရင် အမ်ပီယာ အမြင့်ကြီးနဲ့ မသွင်းရဘူး။
-
SMART Lifepo4 , 314 Ah ကတော့ အထက်က အချက် ၁၊၂ နဲ့ ကိုက်ညီပါတယ်။ ၃၊၄၊၅ ကို ဂရုစိုက်ရင် သက်တမ်း ၁၀ နှစ်ကျော် ခံပါမယ်။
cell ကောင်းလို့ အားတောင့်သလို bms ကောင်းလို့ cell တစ်လုံးနဲ့ တစ်လုံး
volt different ကလည်း 0.001 V ပဲ ရှိတယ်။ cell နဲ့ bms ဟန်ချက်ညီတဲ့
အတွက် ဘက္ထရီက ငြိမ်ပြီး စွမ်းအားပြည့်သုံးနိုင်တာပဲဖြစ်ပါတယ်။
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. 1174, Thumana Road, 2/Taung Ward, Thaketa Township
Yangon
11241
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |