Aung Pyitan

Aung Pyitan

Share

Technical Expert on -
• Construction Chemicals
• Construction Machinery
• Engineering Consultation

23/09/2026

🔰နံရံ ရေစိမ့်လာရင် ဘာလုပ်သင့်လဲ?🔰

✅ရေစိမ့်နေတဲ့ နံရံတွေ ဘယ်လိုပြုပြင်သင့်လဲဆိုသည်မှာ မိုးရာသီတွင် အမေးများတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ရေယိုစိမ့်သော နေရာ အများစုမှာ နံရံရှိ အက်ကြောင်းများ၊ ပြတင်းပေါက်၊ တံခါးဘောင်ပတ်လည်များ၊ အမိုးနှင့် နံရံဆုံသည့်နေရာများ၊ မြေအောက်ရေကန်နံရံများနှင့် ရေချိုးခန်း၊ အိမ်သာနံရံများ ဖြစ်ပါသည်။

ရေစိမ့်ဝင်မှုကို ပြုပြင်မည်ဆိုပါက ရေစိမ့်နေသည့် နံရံရဲ့ မျက်နှာပြင် အခြေအနေကို ဦးစွာ စစ်ဆေး၍ လိုအပ်သည်များ ပြုပြင်ပြီးမှသာ ရေလုံဆေး အသုံးပြုသင့်သည်။

📌ရေစိမ့်နေတဲ့ နံရံ ပြုပြင်ရာတွင်
✅အက်ကြောင်းများ ရှိပါက အက်ကြောင်းကို V Shape ပုံစံထွင်း၍ အက်ကြောင်းအတွင်းထိ သန့်ရှင်းပြီး ဖုန်မှုန့်နှင့် အမှုန်အမွှားများကို ဖယ်ရှားကာ သင့်တော်သော Repair Material ဖြင့် ပြုပြင်ပိတ်ဆို့ပေးရပါမည်။

✅ဆေးသားပွခြင်း၊ ဆေးအလွှာကွာခြင်း သို့မဟုတ် ပျက်စီးနေသည့်နေရာများရှိပါက ထိုပျက်စီးနေသော နေရာများကို ဖယ်ရှား ပြုပြင် ပေးရပါမည်။
လိုအပ်သည့် ပြုပြင်မှုများ လုပ်ဆောင်ပြီးနောက် ရေစိမ့်ဝင်သည့် နေရာနှင့် ကိုက်ညီသော ရေလုံဆေးများကို သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ရောစပ်အသုံးပြုပြီး ရေလုံအလွှာ ပြုလုပ်ပေးရန် လိုအပ်ပါသည်။

✅Aung Pyitan တွင် ဘိလပ်မြေ အခြေခံ ရေလုံဆေး ဖြစ်သော APT တံဆိပ် AquaCem 100 နှင့် AquaCem 200 Flex ရှိပြီး Acrylic အခြေခံ ရေလုံသုတ်ဆေး ဖြစ်သော APT တံဆိပ် RoofGuard Classic တို့ကို အသုံးပြုနိုင်သည်။

📌ရေစိမ့်နေပါက အသုံးပြုရမည့်‌နေရာအလိုက် အသုံးပြုသင့်သည့် ရေလုံဆေးကို Aung Pyitan နှင့် အသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်ပြီး လိုအပ်သည့် အကြံဉာဏ်များ ရယူနိုင်ပါသည်။

Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅ 09 881 881 420

19/09/2026

✅ကျုံ့ဝင်ခြင်းမရှိ၊ အက်ကွဲခြင်းမရှိတဲ့ Grouting Cement အသုံးပြုနိုင်မည့် နေရာများ

Non-Shrinkage Grouting Cement သည် ဆေးအသားသေချိန်တွင် သာမန် ကွန်ကရိကဲ့သို့ ကျုံ့သွားခြင်းမရှိဘဲ အသုံးပြုလိုက်သော ပမာဏ (volume) အတိုင်း ရရှိစေသည့် ဘိလပ်မြေ အခြေခံ ဆေးမှုန့် အမျိုးအစားဖြစ်ပါသည်။

Grouting Cementကို အဓိကအားဖြင့်

🔰Steel Structure များတွင် အုတ်မြစ်ချခြင်း
Base Plate အောက်ခြေတွေမှာ Gap (လစ်ဟာမှု) ဖြစ်ပြီး Structure ပိုင်းဆိုင်ရာ ပြဿနာများ မဖြစ်စေရန်အတွက် Grouting Cement ကို အသုံးပြုသင့်ပါသည်။ Grouting Cement ကို အသုံးပြုခြင်းဖြင့် Base Plate အောက်က အလွတ်နေရာကို အပြည့်အဝ ဖြည့်ပေးပြီး Load Distribution (ဝန်အား) ကို ညီညာစွာ သက်ရောက်စေနိုင်ခြင်း၊ လှုပ်ရှားမှု၊ တုန်ခါမှုတွေကို ထိန်းညှိပေးခြင်း၊ Void မရှိတော့သည့်အတွက် Base Plate အောက်ခြေတွေကို အပြည့်အဝ Support ပေးရန် အတွက် အသုံးပြုနိုင်ပါသည်။

🔰စက်ယန္တရားများ၏ အောက်ခြေအထိုင်များ
ဝန်အားများပြီး တုန်ခါမှုရှိသော စက်ယန္တရားအထိုင်နေရာများ တပ်ဆင်ရာတွင် Foundation ခိုင်မာစေရန် သာမန်ကွန်ကရိထက် ခံနိုင်ရည် ပိုမြင့်မားသော Grouting Cement ကိုအသုံးပြုနိုင်ပါသည်။

🔰တံတား Bearing Seat နှင့် Bearing Pad အောက်ခြေနေရာများ
တံတားများတွင် ဝန်အားလွှဲပြောင်းပေးရသော Bearing Seat နှင့် Bearing Pad အောက်ခြေနေရာများ၌ ကွက်လပ်များကို ဖြည့်တင်းရန် Grouting Cement ကို အသုံးပြုနိုင် ပါသည်။

🔰ကွန်ကရိ ပြုပြင်ခြင်းနှင့် Honeycomb ဖြစ်ပေါ်နေသောနေရာများ
ကွန်ကရိလောင်းပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် Honeycomb၊ ကွန်ကရိပျက်စီးနေသော နေရာများတွင် Grouting Cement ဖြင့် ဖြည့်တင်းပြုပြင်ရာတွင်လည်း Flowability (စီးဆင်းမှု) ကောင်းမွန်သောကြောင့် အပေါက်များ အတွင်းပိုင်းအထိ ဝင်ရောက်နိုင်ခြင်း၊ အောက်ခံကွန်ကရိနှင့် သံချောင်း တို့ကို စွဲကပ်မှုကောင်းစေခြင်းနှင့် high strength ကိုလည်း ရစေသည်။

🔰Column နှင့် Beam များကို Size ပြန်ကြီးလိုသောနေရာများ
ရှိပြီးသား Column နှင့် Beam များကို Size ပြန်ကြီးအောင် အားဖြည့်ရာတွင် form-work ပြုလုပ်ပြီး Grouting Cement ဖြင့် ဖြည့်သွင်းအသုံးပြုနိုင်ပါသည်။

✅Aung Pyitan တွင် ကျုံဝင်ခြင်းမရှိ၊ အက်ကွဲခြင်းမရှိသည့် APT Construction Chemicals Brandဖြစ်သည့် APT NS Grout ကို ရရှိနိုင်ပြီး Steel Base Plate၊ Machine Base Plate၊ Bearing Seat နှင့် ကွန်ကရိပြုပြင်ခြင်းဆိုင်ရာ Grouting လုပ်ငန်းများတွင် အသုံးပြုနိုင်ပါသည်။

📌APT NS Grout အသုံးပြုပုံနည်းလမ်းနှင့် အသေးစိတ်ကိုလည်း လိုအပ်ချက်နှင့် ကိုက်ညီအောင် Aung Pyitan မှ Engineer များနှင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅ 09 881 881 420

18/09/2026

အောက်ခံမျက်နှာပြင်အက်ကွဲဒဏ်ကို2mm ထိခံနိုင်တဲ့APT Cem200Flex
ဧရိယာ အရမ်း ကျယ်တဲ့ နေရာတွေမှာ APT AquaCem100 အသုံးပြုမယ်ဆိုရင် Flexible အရမ်းမရတဲ့အတွက် ကျုံ့ကြွမှုဒဏ်ကို မခံနိုင်ပါဘူး။
Movement ဒဏ်တွေကြောင့် ရေလုံဆေး အလွှာ အက်ကွဲပြီး ရေစိမ့်မှုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဧရိယာကျယ်တဲ့ နေရာအတွက်ဆိုရင်တော့ AquaCem 100 ထက်
APT AquaCem200 Flex ကို အသုံးပြုသင့်ပါတယ်။
#ရေယိုစိမ့်မှုပြဿနာ

17/09/2026

ဘယ်လိုနေရာမှာ ဘယ်လိုကြွေပြားကပ်ကော်မျိုး သုံးသင့်လဲ?

#ကြွေပြားကပ်ကော်

16/09/2026

🔰ကွန်ကရိ ကြမ်းခင်းမာကျောခိုင်ခံ့စေရန် Floor Hardener ကို ဘာကြောင့် အသုံးပြုသင့်လဲ?

ကုန်လှောင်ရုံများနှင့် စက်ရုံများ၊ ကုန်တင်ဆိပ်ကမ်းများနှင့် ကုန်းပတ်များ၊ ကားပါကင်များနှင့် ပြုပြင်ရေး ဝပ်ရှော့များ၊ ဂိုဒေါင်များအစရှိသည့် ကြမ်းခင်းများပေါ်တွင် လူနှင့်ယာဉ်များ အဆက်မပြတ်သွားလာခြင်း၊ စက်ပစ္စည်းများနှင့် ဝန်အားများ သက်ရောက်ခြင်းတို့ကြောင့် ကွန်ကရိကြမ်းခင်းမျက်နှာပြင်သည် ပွန်းပဲ့ခြင်း၊ ဖုန်ထခြင်းနှင့် ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

✅ထိုနေရာများတွင် အသုံးပြုသော ကြမ်းခင်းသည် ကွန်ကရိအရည်အသွေးကောင်းမွန်ရုံသာမက ကြမ်းခင်းမျက်နှာပြင်မာကြောခိုင်ခံ့ပြီး ရေရှည်အသုံးပြုနိုင်ရန် Floor Hardener ကို အသုံးပြုပေးသင့်ပါသည်။

✅Floor Hardener အသုံးပြုရခြင်း၏ အဓိက အားသာချက်များမှာ

✔ကြမ်းခင်းမျက်နှာပြင် ပိုမိုမာကျောခြင်း
Floor Hardener အသုံးပြုခြင်းဖြင့် ကွန်ကရိကြမ်းခင်း၏ မျက်နှာပြင်ကို ပိုမိုသိပ်သည်းမာကျောစေပြီး နေ့စဉ်အသုံးပြုမှုကြောင့် ဖြစ်ပေါ်နိုင်သည့် မျက်နှာပြင်ပျက်စီးမှုများကို လျော့နည်းစေသည်။

✔ပွန်းပဲ့မှုဒဏ် ခံနိုင်ရည်ကောင်းမွန်ခြင်း
Floor Hardenerသည် လူနှင့်ယာဉ်များ အဆက်မပြတ်သွားလာခြင်း၊ Forklift နှင့် စက်ပစ္စည်းများ အသုံးပြုခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်သည့် ကွန်ကရိကြမ်းခင်း ပွန်းပဲ့မှုကို ပိုမိုခံနိုင်ရည်ရှိစေသည်။

✔ဖုန်မှုန့်ထွက်ရှိမှု လျော့နည်းခြင်း
Floor Hardener အသုံးပြုခြင်းဖြင့် ကြမ်းခင်းမျက်နှာပြင်ကို ပိုမိုသိပ်သည်းစေသောကြောင့် ကွန်ကရိမျက်နှာပြင်မှ ဖုန်မှုန့်ထွက်ရှိမှုကို လျော့နည်းစေသည်။

✔မျက်နှာပြင် သန့်ရှင်းရလွယ်ကူခြင်း
Floor Hardener သည် ကွန်ကရိမျက်နှာပြင်ကို ပိုမိုသိပ်သည်းချောမွေ့စေပြီး ဆီ၊ ဖုန်မှုန့်နှင့် အညစ်အကြေးများ စွန်းထင်းကပ်ငြိမှုကို လျော့နည်းစေသဖြင့် သန့်ရှင်းရေးနှင့် ထိန်းသိမ်းပြုပြင်ရန် ပိုမိုလွယ်ကူစေသည်။

✅ကွန်ကရိ ကြမ်းခင်းများ ကို ခိုင်ခံ့စေရန် နှင့် ကာကွယ်ရန် အတွက် APT Construction Chemicals Brand ၏ Floor Hardener (ဆေးမှုန့်) အမျိုးအစားတစ်ခုဖြစ်သော APT Floor Hardener ရှိပါသည်။

✅APT Floor Hardener သည် သတ္တုမဟုတ်သော အမှုန်များပါဝင်သောကြောင့် ချော်ကျမှုကို လျော့နည်းစေပြီး အစောင်းမျက်နှာပြင်နှင့် ရေဝပ်ဧရိယာများတွင်လည်း အသုံးပြုနိုင်သည်။ မျက်နှာပြင်ကို သိပ်သည်းချောမွေ့စေသဖြင့် ဖုန်နှင့် အညစ်အကြေးစွန်းထင်းမှုကို လျော့နည်းစေကာ သန့်ရှင်းရလွယ်ကူစေသည်။

📌APT Floor Hardener အသုံးပြုပုံနည်းလမ်းနှင့် အသေးစိတ်ကိုလည်း လိုအပ်ချက်နှင့် ကိုက်ညီအောင် Aung Pyitan မှ Engineer များနှင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
09 881 881 420

14/09/2026

အောက်ခံကြမ်းခင်း အစိုဓာတ်တိုင်းတဲ့အခါမှာ Concrete Moisture Meter အသုံးပြုပြီး တိုင်းတာစစ်ဆေးနိုင်ပါတယ်။
အထူးသတိထားရမှာက အောက်ခံကြမ်းခင်း အစိုဓာတ် 6% အောက်ရှိမှာသာ ရေဆေးအခြေခံရေလုံးဆေးကို အသုံးပြုသင့်ပါတယ်။
#ရေယိုစိမ့်မှုပြဿနာ #

10/09/2026

🔰ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသော Latex Bonding Agent🔰

ဆောက်လုပ်ရေးလုပ်ငန်းများတွင် “နို့ရည်” ဟု အလွယ်တကူခေါ်ဆိုကြသော Latex သည် အများအားဖြင့် Polymer အမှုန့်ငယ်များ ပြန့်နှံ့နေသည့် အရည် တစ်မျိုးဖြစ်ပါသည်။

သဘာဝ Latex သည် အပင်အချို့မှ သဘာဝအလျောက် ရရှိနိုင်သော်လည်း ဆောက်လုပ်ရေးသုံး Latex Bonding Agent များသည် Synthetic Rubber/Polymer Latex များကိုသာ အများအပြား အသုံးပြုကြပါသည်။

ဆောက်လုပ်ရေးသုံး Latex Bonding Agent များသည် Latex ကို အခြေခံ၍ အခြားသော ဓာတုပစ္စည်းများနှင့် ပါဝင်ပစ္စည်းများကို သင့်လျော်စွာ ပေါင်းစပ်ထုတ်လုပ်ထားသောကြောင့် ဘိလပ်မြေ အခြေခံ ပစ္စည်းများ၏ စွဲကပ်အား၊ ကျုံ့ဆန့်ဒဏ် ခံနိုင်ရည်နှင့် ရေရှည် ခံနိုင်ရည်ကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။ ထိုကဲ့သော Latex Bonding Agentများသည်

✅ကွန်ကရိအဟောင်းနှင့် အသစ်ကြား စွဲကပ်အားကောင်းစေရန်
✅Plastering လုပ်ငန်းများတွင် အောက်ခံမျက်နှာပြင်နှင့် Plaster ကြား စွဲကပ်အား ကောင်းမွန်စေရန်
✅ဘိလပ်မြေ မော်တာ ၏ စွဲကပ်အား နှင့် ကျုံ့ဆန့်ဒဏ် ခံနိုင်ရည် တိုးတက်စေရန်
✅ချောမွေ့ပြီး ရေစုပ်ယူမှုနည်းသော မျက်နှာပြင်များ (Smooth & Low-porosity Substrate) ပေါ်တွင် ဘိလပ်မြေအခြေခံပစ္စည်းများ၏ စွဲကပ်အားကို တိုးတက်စေရန် အသုံးပြုကြပါသည်။

ပုံမှန် ဘိလပ်မြေ မော်တာသည် ချောမွေ့ပြီး ရေစုပ်ယူမှုနည်းသော မျက်နှာပြင်များပေါ်တွင် စွဲကပ်မှုရရှိရန် ခက်ခဲသဖြင့် Latex ထည့်သွင်းအသုံးပြုခြင်း ဖြစ်ပါသည်။

🔰APT Construction Chemicals Brand ၏ Latex Bonding Agent အမျိုးအစားတစ်ခုဖြစ်သော APT Latex သည် Rubber/Polymer အခြေခံ Latex ဆေးရည်ဖြစ်ပြီး ကွန်ကရိအဟောင်းပေါ် ကွန်ကရိအသစ်ထပ်တင်ရာတွင် စွဲကပ်အားကောင်းစေရန် ကြားခံ Slurry Bonding coat အနေဖြင့်လည်းကောင်း၊ အောက်ခံမျက်နှာပြင်တွင် ဗြုတ်ရိုက်ပြီး အသစ်ချောသည့် plasterနှင့် တွဲကပ်စေရန် အဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။

⚠သတိပြုရမည့်အချက်မှာ

Latex Bonding Agent သည် ရောစပ်ထည့်လိုက်ရုံဖြင့် မည်သည့်မျက်နှာပြင်မဆို အမြဲတမ်းကပ်စေသည့် ပစ္စည်းမဟုတ်သောကြောင့် Bonding Performance ရစေရန် အသုံးပြုမည့်နေရာ၊ အောက်ခံမျက်နှာပြင်၏ သန့်ရှင်းမှု၊ အညစ်အကြေး/ဆီများရှိမှု ၊အောက်ခံမျက်နှာပြင်အမျိုးအစားနှင့် Mixing/Application Method စသည့် အချက်များပေါ်တွင်လည်း များစွာမူတည်ပါသည်။

ထို့ကြောင့် လုပ်ငန်းလိုအပ်ချက်များအပေါ် မူတည်၍ APT Latex အသုံးပြုပုံနှင့် သင့်လျော်သော နည်းလမ်းများကို Aung Pyitan နှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

✅For more information and Technical Datasheets, message or call us:
📞📞Phone (or) Viber
09 881 881 420

08/09/2026

ဘိလပ်မြေထက် ကြွေပြားကပ်ကော်ကို ဘာကြောင့် ရွေးချယ် အသုံးပြုသင့်တာလဲ?

08/09/2026

ဗြုတ်ရိုက်တဲ့အခါမှာ နို့ရည်လို့ခေါ်တဲ့ Latex ကို ဘယ်လိုသုံးရလဲ?

Photos from Aung Pyitan's post 02/09/2026

၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သော မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ၏ နှစ်ပတ်လည် အခမ်းအနားတွင် Aung Pyitan မှ ထုတ်ကုန်များစွာ ပါဝင်ပြသခဲ့ပြီး လာရောက်လေ့လာခဲ့ကြတဲ့ ဧည့်သည်တော် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါသည်။🤝

Telephone

Address


54 A, Thirimingalar Street (2). Kamayut Township
Yangon
11041

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 13:30