Wonderful Companions
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wonderful Companions, Pet breeder, Yangon.
Knowledge about pet dogs for life companionship!
ဤpageသည် အရောင်းအဝယ် စီးပွားရေး ကြော်ငြာလုပ် LikeFollowSubscribeတောင်း ငွေရှာနေတဲ့Pageမဟုတ်ပါ။ရိုင်းပြ အပြုသဘောမဆောင်သည့် ကွန့်မန်များ အမုန်းမပွားBlockပြီး အေးဆေးစွာ ခွေးချစ်သူအဖြစ်သာရပ်တည်ပါသည်။ Without my pets, my house would be clean and my wallet would be full but my heart would be empty!
အချစ်တော် အိမ်မွှေးတိရိစာၦန်တွေ မရှိလျှင်, ကျွုန်ပ်တို့ အိမ်တွေ ပို၍သန့်ရှင်း သွားနိုင်ပါတယ်။ ကျွုန်တို့ ပိုက်ဆံအိတ်တွေ ပိုပြီး ဖေါင်းလာနိုင်ပါတယ်။
13/09/2026
အေးဆေးတည်ငြိမ်သူ မမ လက်ဘရာဒေါ် (Labrador)ပါ🐕🐕🐕
11/08/2026
❤️❤️မောင်ဘီဂလ် ဘောင်းဘီနှင့် စတိုင်ကျ❤️❤️
07/08/2026
"ခွေးတွေရဲ့ သက်တမ်းဟာ လူတွေလောက် မရှည်ပေမဲ့ သူတို့ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာကတော့ တသက်စာ အမှတ်ရစေပါတယ်။"
စားမယ် အိပ်မယ် ဆော့မယ်။ တာဝန်ကျေစေရမယ်😜
27/06/2026
Ben
ကျွန်တော်တို့ မိသားစု ခွေးချစ်တာ၊ ခွေးတွေကို မိသားစုဝင်တွေလို ဂရုစိုက်ကြတာ၊ ခြံကလည်း ပေ ၁၀၀ ပါတ်လည်ရှိတော့ ခွေးတွေအတွက် အဆင်ပြေတယ်။
မိတ်ဆွေ သူငယ်ချင်းတချို့ မလွဲသာမရှောင်သာ ကိစ္စမျိုးစုံနှင့် သူတိုရဲ့ ချစ်စရာခွေးလေးတွေကို ဆက်မွေးဖို့အဆင်မပြေတော့တဲ့အခါ ကျွန်တော်ရှိပို့ပြီး ကျွန်တော်တို့နှင့်သာ စိတ်ချလို့ ဆက်လက်မွေးပေးဖို့ အကူအညီတောင်းလေ့ရှိတယ်။ ခွေးချစ်သူတွေ ခံစားရတဲ့ ခွေးတွေဆုံးရှုံးသွားတဲ့အခါ ခွေးချစ်ရခြင်း၏ ပူလောင်ဆွေးမြေ့ခြင်းတွေ ထပ်မခံစားချင်တော့လို့ ထပ်မမွေးဖြစ်တော့ဘူး။
ထူးထူးခြားခြား မိတ်ဆွေရင်းတယောက် နိုင်ငံခြား အပြီးထွတ်တော့မှာမို့ သူတိုရဲ့ အချစ်တော် ဘီဂဲလ် အမျိုးစား နာရွတ်ဖါးဖါး ခွေးထီလေး တကောင်တော့ ဘန် ကြီးလည်း တကောင်တည်း အထီးကျန် ဖြစ်နေတာကြည့်ရင်း၊ အဖေါ်ရအောင် လက်ခံမွေးမိပြန်တော့ သံယောဇင် တပင်ထပ်တိုးရပြန်တယ်။
သား…ဘန်ရေ…သားအသက်ရှင် နေထိုင်ခဲ့တဲ့ ရက်
ပေါင်း ၄၅၈၄ ရက်လုံး ပျော်ရွင်ခဲ့ရပါတယ်။ သား ဘဝကူးသွားတဲ့ ၄၅၈၅ ရက်မြောက် နေ့ကတော့ အရမ်း ဝမ်းနည်းရတယ်။ နောက် တစ်လ၊ တစ်နှစ်၊ နှစ်ပေါင်းများစွာ သားဟာ အဖေတို့ မိသားစု ရင်ထဲမှာ အမှတ်တရ အနေဖြင့် အမြဲထာဝရ ရှိနေမှာပါ။
သား ဟာ အခုဆို Rainbow Bridge ကိုကျော်လို့ ကောင်းမွန်တဲ့ ဘဝတခုရှိ ရောက်ရှိနေမယ်လို့ ယုံကြည့်ပါတယ်…
Born on 25-Oct-2013 Friday
Die on 29-May-2026 Friday
Live for 12 Years 7 Months and 4 Days
Counted days - 4585 Days
With Love…. _Companions
23/06/2026
ခွေးလေးတွေရဲ့ တစ်ခုတည်းသော မျော်လင့်ချက်က သူ့သခင် အိမ်ပြန်လာမယ့် အချိန်ကို နှုက်ဆက်ဖို့ပါ…
Dogs always go to heaven💕💕💕
21/06/2026
Ben နှင့် Wonderful Companions Page
တကယ်တော့ ဒီ Page ဟာ ဘန်ကို ချစ်လွန်းလို့ သူ့ပုံလေးတွေတင်ရင်းကနေ အစပြုခဲ့တာပါ💕💕💕
Ben ရောက်မလာမီ သူရှေ့မှာလည်း GSD ၇ ကောင်နှင့်တခြားခွေးစိပ်မျိုးစုံ မွေးဘူးတယ်။ အကြောင်းမျိုးစုံနဲ့ သက်တမ်း သိပ်မရှည်ခဲ့ကြဘူး။ Ben ရောက်လာချိန်မှာ သူရှေ့က အသက် ၇ လ အရွယ် Angel အိန်ဂျယ် ဆိုတဲ့ GSD အမ တကောင် ရှိတယ်။ Ben နှင့်ဆို ၂ ကောင် အဖေါ်ရပြီး ခြံထဲမှာ ဆော့ကစားရင်း ပျော်ရွင်စွာ နေကြတယ်။
သူတို့ ၂ ကောင်ရဲ့ ပထမဆုံး သားပေါက် ၄ ကောင်ပေါက် အမလေး ၂ ကောင် ရှင်တယ်။ ဒုတိယ
သားပေါက် ၅ ကောင်ပေါက် ၅ ကောင်လုံးရှင်တယ်။ ဒီလိုနှင့်ခြံထဲမှာ ခွေးပေါက်တွေများနေတော့ မရောင်းချင်ပဲ ရောင်းပစ်ရတယ်။ ခွေးပေါက်လေးတွေ လာဝယ်သွားတိုင်း စိတ်မကောင်းကြီးစွာ ဖြစ်ရတယ်။
နောက်တော့ စဉ်းစားတယ်၊ ခွေးတွေကို အရမ်းချစ် ဂရုစိုက်နေရင်း၊ မထူးပါဘူး GSD Kennel တစ်ခုလုပ်ပြီး GSD မျိုးကောင်းမျိုးသန့်တွေ ပွါးများအောင်လုပ်မယ်ဆိုပြီး GSD အမ ၄ ကောင်၊ အထီး ၁ ကောင် ထပ်တိုး ဝယ်ပြီး GSD ၇ ကောင်နှင့် ချစ်စရာခွေးသေးမျိုး Pomeranian @ Pom လေး ၂ ကောင်မွေးရင်း ခြံထားမှာ ခွေး ၉ ကောင်နှင့်ခြံဖြစ်လာတယ်။
ဒီလိုနဲ့ GSD သားပေါက်တွေလည်း အကောင် 60 ကျော် မျိုးပွါး မွေးထုတ်ပေးနိုင်ခဲ့တယ်။ ခွေးတွေလည်း တစတစ အသက်အရွယ်ရလာပြီး ဆုံးပါးသွားကြ၊ ခွေးသားလည်းမဖောက်ဖြစ်တော့ဘူး။
ခြံထဲမှာ နောက်ဆုံးကျန်ခဲ့တဲ့ ၂ ကောင်ကလည်း ဘန် နှင့် အိန်ဂျလ် ပဲကျန်ပြီး အိန်ဂျလ်ကတော့ ၉ နှစ်သမီးမှာ ဆုံးပါးသွားခဲ့တယ်။ အချစ်တော် ဘန် တကောင်ပဲကျန်ပြီး တအိမ်သားလုံး၏ အချစ်တွေစုကာ နွေးထွေးအေးချမ်းစွာ ဖြတ်သန်းခဲ့တယ်။ ကျွန်တော်တို့လည်း ဘန်ကြီးကို ချစ်ပေးရင်း သံယောဇင် မှန်သမျှ ပူလောင်လွန်းတယ်။ ခွေးတွေ နေမကောင်းပူရ၊ ခွဲခွါရ ငိုးကြွေးရနှင့် ဘန် ကိုသာ ချစ်ပေးရင်း နောက်ထပ် ဘယ်ခွေးမှ ထပ်မမွေးဖြစ်တော့ပါ။
သား ဟာ အခုဆို Rainbow Bridge ကိုကျော်လို့ ကောင်းမွန်တဲ့ ဘဝတခုရှိ ရောက်ရှိနေမယ်လို့ ယုံကြည့်ပါတယ်…
RIP 29-May-2026
13/06/2026
Ben…
Born on 25-Oct-2013 Friday
Die on 29-May-2026 Friday
Live for 12 Years 7 Months and 4 Days
Counted days - 4585 Days
သူဟာ 25-Oct-2013 မှာ ဘန်ကာက်မှာ မွေးတယ်။ ၅၅ ရက်သားမှာ မြန်မာပြည်ရောက်တယ်။ သူ မွေးရပ်မြေ ဘန်ကောက် ကို အကြောင်းပြုပြီး သူနံမည်ကိုလည်း ဘန် (Ben)၊ နောက်တနည်း Ben Hur ဘန်ဟွာ ရုပ်ရှင်ထဲက ရောမသူရဲကောင်း Ben ကို ကက်ကင်းယူရင်း ခွင့်လွတ်ခြင်း မေတ္တာတရားကြီးမားခြင်းတို့ကို အစွဲပြုရင်း ဘန် လို့နံမည် မည့်ခဲ့တယ်။
နံမည်စွဲနှင့်လိုက်ဖက်စွာ နုညံတယ်၊ မေတ္တာတရားကြီးမားတယ်၊ သစ္စာရှိတယ်။ ခွေးခွေးခြင်းလည်း ရန်မရှာဘူး၊ တခြားသတ္တဝါတွေကိုလည်း ကြီးနိုင် ငယ်ညှင်း မလုပ်ဘူး။ သူ အစာစားနေချိန် သူ့ အစာခွတ်ကို တခြား ခွေးငယ်လေးများ၊ ကြက် ငှက် နှင့် ကျီးကန်းလေးတွေ လာနိုက်ရင် ကြည်ကြည်ဖြူဖြူ စားစေပြီး သူရှောင်ပေးလေ့ရှိတယ်။
သား ဟာ အခုဆို Rainbow Bridge ကိုကျော်လို့ ကောင်းမွန်တဲ့ ဘဝတခုရှိ ရောက်ရှိနေမယ်လို့ ယုံကြည့်ပါတယ်…
၁၃ နှစ်တာ အကောင်းဆုံး မိတ်ဆွေ၊ ကျေးဇူးတင်ပါတယ် သားလေး။ 🐾
၁၃ နှစ်တာ အတူတူရှိခဲ့တဲ့ သားလေးရေ…ခွေးလေးတွေဟာ လူသားသခင်တွေဆီကို ဘုရားသခင် ပိုလိုက်တဲ့ အကောင်းဆုံးသော လက်ဆောင်တွေဆိုတာ အမှန်ပါပဲ။ အတူရှိနေစဉ်အတွင်း ဘဝရဲ့ အဖိုးတန်ဆုံး သင်ခန်းစာတွေ ပေးခဲ့ပါတယ်။
Unconditional love ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ မနက်ခင်း အိပ်ရာထချိန်မှာ သခင်ကိုမြင်တာနှင့် ဝမ်းသာအားရ ကြိုဆိုတာ၊ အလုပ်ကပြန်လာတဲ့အခါ အမြီးလေးရမ်းပြီး အပြေးလာကြိုတာ။ ဘဝရဲ့ ရိုးရှင်းတဲ့အချိန်လေးတွေကို ဘယ်လောက်တန်ဖိုးရှိရှိ ဖြတ်သန်းရမလဲဆိုတာ သားဆီကနေ သင်ယူခဲ့ရတယ်။
တစ်နေ့တာ ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ သားရဲ့အနားမှာ ရှိနေရုံနဲ့တင် စိတ်သက်သာရာရစေပါတယ်။ ဘာစကားမှ ပြောစရာမလိုဘဲ အားပေးတတ်တဲ့ သားရဲ့ စွမ်းအားဟာ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်။
သားလေးရေ... အခုဆိုရင် မင်းဟာ ပူလောင်မှု၊ နာကျင်မှုတွေကနေ ကင်းဝေးရာ၊ အမြဲတမ်း ပျော်ရွှင်စရာကောင်းတဲ့ "ကောင်းကင်ဘုံ (Heaven)” ကိုရောက်ရှိသွားပြီလို့ ယုံကြည်ပါတယ်။
မင်းပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ၊ ပျော်ရွှင်မှုတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကောင်းရာသုဂတိလားပါစေ သားလေး...။ 🐕
RIP 29-May-2026
With Love,
30/05/2026
၁၃ နှစ်တာ အတူနေပေးတဲ့အတွက် ကျေးဇူးပါ သားရယ်။ သား မြင့်မြတ်ရာ ဘုံဘဝ ရောက်ရှိပါစေ…😢😢😢
RIP 29-May-2026
Category
Contact the business
Telephone
Website
Address
Yangon
02112
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |