Jetour Top Gear Auto

Jetour Top Gear Auto

Share

customer-focused car buying experience by combining competitive pricing, flexible financing options, and expert consultation.

29/07/2026

မြတ်ဗုဒ္ဓ ၏ တရားတော်ကို အမှီပြု၍ ဓမ္မစကြာအခါတော်နေ့ ယနေ့မှစတင်သော ဝါတွင်း (၃) လတာကာလအတွင်း ကိုယ်စိတ်နှလုံး အေးချမ်းငြိမ်းအေးပြီး မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းတို့ဖြင့် နေထိုင်နိုင်ကြပါစေ။🙏

အိမ်ထောင်စုတိုင်း ကျန်းမာချမ်းသာ၍ စိတ်ချမ်းမြေ့ခြင်း၊ အလုပ်အကိုင်အဆင်ပြေခြင်းနှင့် လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ Jetour Top Gear Auto မိသားစုများ က ဆုမွန်ကောင်းတောင်းအပ်ပါတယ်။🙏✨

🙏 မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေ။ 🙏

19/07/2026

ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် ၇၉ ကြိမ်မြောက် အာဇာနည်နေ့ အား ဂုဏ်ပြုအောက်မေ့လျက်၊ နိုင်ငံနှင့် ပြည်သူတို့အတွက် အသက်ပေး စွန့်လွှတ်အနစ်နာခံခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ကျဆုံးသူရဲကောင်းများအားလုံးကို အထူးပင် ဦးညွှတ်
ဂါရဝပြုအပ်ပါတယ်ရှင့် ….. ။ 🫡🌟

သမိုင်းဆိုတာဟာလည်း အချိန်နှင့်အတူ ရှေ့ဆက်သွားနိုင်သော်လည်း၊ အာဇာနည်တို့ရဲ့ ရဲရင့်မှု၊ တာဝန်ယူမှုနှင့် နိုင်ငံအပေါ်ထားရှိခဲ့သော စိတ်ဓာတ်တို့ဟာ မျိုးဆက်တိုင်းအတွက် တန်ဖိုးမပျက်သည့် အမွေအနှစ်များအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်လို့ …. ယနေ့လိုနေ့မျိုးရောက်တိုင်း ဝမ်းနည်းအောက်မေ့ရုံသာမက တန်ဖိုးထားလေးစားလျက် အစဉ်အမြဲ အောက်မေ့ဂုဏ်ပြုနေရမှာ ဖြစ်ပါတယ်ရှင် 🙏🌟

ဒါကြောင့် Jetour Top Gear Auto ရဲ့ Members များကလည်း အာဇာနည်ခေါင်းဆောင်ကြီးများကို ရိုသေစွာအောက်မေ့ဂုဏ်ပြုပါတယ်ရှင့် …. 🌟🫡🌟

Photos from Jetour Top Gear Auto's post 16/07/2026

80% လောက် Well done ဖြစ်သွားပြီဖြစ်တဲ့ ကျနော်တို့ရဲ့ 𝐉𝐞𝐭𝐨𝐮𝐫 𝐓𝐨𝐩 𝐆𝐞𝐚𝐫 𝐀𝐮𝐭𝐨 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦 ကြီး ….. ✨🤩
အရင်ကထက်ကားတွေအများကြီးထည့်ပြီးပြနိုင်အောင် ကြိုးစားနေလျက်ပါခင်ဗျာ ….. 👋

Service Center ကိုလည်း အမြန်ဆုံး နဲ့ အကောင်းဆုံး Service တွေပေးနိုင်အောင် ဆက်လက်
ဆောင်ရွက် နေပါတယ်လို့ …. 🫡

🚩 အမှတ် (၉၄၅/အေ) ၊ ရှုခင်းသာလမ်းမကြီးနှင့်မြို့မ (၉) လမ်းထောင့် ၊ သာကေတမြို့နယ် ၊ ရန်ကုန်မြို့။

05/07/2026

𝐉𝐞𝐭𝐨𝐮𝐫 𝐓𝐨𝐩 𝐆𝐞𝐚𝐫 𝐀𝐮𝐭𝐨 ကနေ ရောင်းချပေးနေတဲ့ 𝐉𝐞𝐭𝐨𝐮𝐫 𝐁𝐫𝐚𝐧𝐝 𝐍𝐞𝐰 ကားတွေကို Downpayment 30% လောက်ပဲသွင်းပြီး AYA Bank နဲ့အရစ်ကျဝယ်လို့ရပြီနော် …. 🚩🚩🤩

𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐨𝐫 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐞𝐦𝐩𝐥𝐨𝐲𝐞𝐞𝐬 အနေနဲ့လား ? 🤔
𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 အနေနဲ့လား ?🤔

ဘယ်လိုလျှောက်ထားမှုနဲ့မဆို 𝐀𝐘𝐀 𝐁𝐚𝐧𝐤 နဲ့ 𝐉𝐞𝐭𝐨𝐮𝐫 𝐓𝐨𝐩 𝐆𝐞𝐚𝐫 𝐀𝐮𝐭𝐨 တို့နဲ့အတူ စိတ်ချလက်ချလက်တွဲဝယ်ယူနိုင်ပါပြီနော် …. 🎉✌️

လိုအပ်တဲ့အဓိကအချက်လေးတွေကတော့

𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐞𝐦𝐩𝐥𝐨𝐲𝐞𝐞𝐬 တွေအနဲ့ဆိုရင် ….
၁။ လစာပြေစာ(၃)လစာ (သို့) လစာဝင်တဲ့ဘဏ်စာရင်း(၆)လစာ
၂။ Company Recommendation Letter
၃။ အခွန်ပြေစာ
၄။ Contract နဲ့ခန့်အပ်တဲ့ ဝန်ထမ်းဆိုရင် Contract မိတ္တူ

𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐞𝐦𝐩𝐥𝐨𝐲𝐞𝐞𝐬 (eg, Doctor , Engineer , Teacher , Seaman ) တွေဆိုရင် Professional License မိတ္တူ လိုအပ်မှာဖြစ်ပြီး

Oversea မှရောက်နေခဲ့မယ်ဆိုရင်တော့ Passport မိတ္တူလိုအပ်မှာဖြစ်ပါတယ် ….

𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 အနေနဲ့လျှောက်ထားမယ်ဆိုရင်တော့ ….

၁။ လုပ်ငန်းလိုင်စင်/ ဆိုင်ခန်းလိုင်စင်
၂။ Company DICA / Share Holder Profile
၃။ လုပ်ငန်းရဲ့ဓာတ်ပုံ
၄။ အရှုံးအမြတ်စာရင်းရှင်းတမ်း (၂) နှစ်စာ
၅။ အခွန်ပြေစာ (၂) နှစ်စာ

Company နာမည်ပေါက်ဝယ်ယူမယ်ဆိုရင် အစည်းအဝေးမှတ်တမ်းတို့ လိုအပ်မှာဖြစ်ပါတယ်။

AYA Bank နဲ့အတူ မိမိတို့နဲ့ကိုက်ညီတဲ့ Down Payment နဲ့ 5 နှစ်အထိအရစ်ကျဝယ်ယူနိုင်မှာဖြစ်တာကြောင့် 𝐉𝐞𝐭𝐨𝐮𝐫 𝐓𝐨𝐩 𝐆𝐞𝐚𝐫 𝐀𝐮𝐭𝐨 မှာရောင်းချနေတဲ့ 𝐉𝐞𝐭𝐨𝐮𝐫 𝐁𝐫𝐚𝐧𝐝 𝐍𝐞𝐰 ကားတွေအားလုံးကို အရစ်ကျ Plan တွေနဲ့ဝယ်ယူရရှိနိုင်ပါပြီရှင် ……

အသေးစိတ်အချက်အလက်လေးတွေကိုတော့ Showroom ရဲ့ Phone Number တွေဖြစ်တဲ့
☎️09-956200020
☎️09-956300030 ဖုန်းနံပါတ်လေးတွေကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် ....

🚩 အမှတ် (၉၄၅/အေ) ၊ ရှုခင်းသာလမ်းမကြီးနှင့်မြို့မ (၉) လမ်းထောင့် ၊ သာကေတမြို့နယ် ၊ ရန်ကုန်မြို့။

25/06/2026

JETOUR Brand New Model ကားတွေမှာ High Technology Safety Assistance System တွေအနဲ့ပါဝင်လာတဲ့ ADAS System ဆိုတာဘာလဲ ? 🤔
ဘယ်လို Features မျိုးတွေနဲ့ပေါင်းစပ်အသုံးပြုရမလဲ ??? 🤔

ADAS ဆိုတာကတော့ ( Advanced Driver Assistance System) ကို ဆိုလိုပါတယ် ….
အဓိကကတော့ Cameras , Radars , Sensors တွေကိုအသုံးပြုပြီး ယာဉ်မောင်းနှင်သူကို မတော်တဆမှုတွေဖြစ်နိုင်ခြေလျော့ချပေးနိုင်မယ့် အဆင့်မြင့် Security System Technology တစ်ခုဖြစ်ပါတယ် …. ✨✨✨

𝐀𝐃𝐀𝐒 𝐒𝐲𝐬𝐭𝐞𝐦 ကို တော့ …

𝐀𝐝𝐚𝐩𝐭𝐢𝐯𝐞 𝐂𝐫𝐮𝐢𝐬𝐞 𝐂𝐨𝐧𝐭𝐫𝐨𝐥 (𝐀𝐂𝐂)
𝐋𝐚𝐧𝐞 𝐃𝐞𝐩𝐚𝐫𝐭𝐮𝐫𝐞 𝐖𝐚𝐫𝐧𝐢𝐧𝐠 (𝐋𝐃𝐖)
𝐋𝐚𝐧𝐞 𝐊𝐞𝐞𝐩𝐢𝐧𝐠 𝐀𝐬𝐬𝐢𝐬𝐭 (𝐋𝐊𝐀)
𝐀𝐮𝐭𝐨𝐧𝐨𝐦𝐨𝐮𝐬 𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐁𝐫𝐚𝐤𝐢𝐧𝐠 (𝐀𝐄𝐁)
𝐁𝐥𝐢𝐧𝐝 𝐒𝐩𝐨𝐭 𝐃𝐞𝐭𝐞𝐜𝐭𝐢𝐨𝐧 (𝐁𝐒𝐃)
𝐑𝐞𝐚𝐫 𝐂𝐫𝐨𝐬𝐬 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐀𝐥𝐞𝐫𝐭 (𝐑𝐂𝐓𝐀)
𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐒𝐢𝐠𝐧 𝐑𝐞𝐜𝐨𝐠𝐧𝐢𝐭𝐢𝐨𝐧 (𝐓𝐒𝐑)
စတဲ့ Highest Safety Systems အမျိုးအမျိုးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ✨

မြို့တွင်းမှာရော / Highway မောင်းနှင်ရာမှာပါ မောင်းနှင်သူအတွက်တကယ်ကိုအစွမ်းကုန်အထောက်အကူဖြစ်စေမယ့် Advance System တွေဖြစ်ပါတယ်။ ✨

JETOUR ကားတွေနဲ့ဆို ဘယ်လမ်းခရီးကိုမဆို ….
မိတ်ဆွေအတွက် ပိုမိုစိတ်ချလုံခြုံစေမယ့် ခရီးစဉ်တွေယုံကြည်စွာဖြတ်သန်းနိင်ပါပြီ ✌️

22/06/2026

ယခုလို မိုးရာသီအတွင်းမှာ မိတ်တွေတို့ မောင်းနှင်နေတဲ့ကားတွေကို ဘယ်လိုတွေ Care လုပ်နေလဲ ? 🤔💭
သတိထားစရာအချက်ကလေးတွေကိုမေ့လျော့နေမှာစိုးရိမ်တာကြောင့် Jetour Top Gear Auto က သတိပေးပါရစေဦးနော် ….. 🤩

Follow Our Tik Tok - https://www.tiktok.com/?_r=1&_t=ZS-97QinSJ2BbJ

Photos from Jetour Top Gear Auto's post 20/06/2026

Jetour Top Gear Automobile မှာ အခုလိုလာရောက်ဝယ်ယူအားပေးကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ရှင့် …. 👏🎊🎊
နောက်လာမယ့်နေရက်တိုင်းမှာ လုပ်ငန်းတိုင်း အလုပ်အကိုင်တိုင်းအောင်မြင်တိုးတက်ပြီး Jetour ကားတွေနဲ့အတူ လုံခြုံဘေးကင်းတဲ့ခရီးလမ်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင့် 🙏🙏🙏

15/06/2026

ယခင်ကထက် Auto Care Service တွေကို ပိုမိုကောင်းမွန်စွာ Service ပေးနိုင်ဖို့အတွက် ….
ကျနော်တို့ကြိုးစားနေဆဲအချိန်လေးတွေကို နားလည်သည်းခံပြီးစောင့်ဆိုင်းပေးနေကြတာကိုလည်း …..
Jetour Top Gear ရဲ့ မိတ်ဆွေတို့ကို အထူးကျေးဇူးတင်ပါတယ် နော် …. ✌️🥳

Showroom ဘက်အခြမ်းကတော့ နဂိုမူလအတိုင်း Everyday ကားတွေ လာကြည့်လို့ရပါတယ် ခင်ဗျာ 🤩

အမြန်ဆုံးပြန်လည် Service ပေးနိုင်အောင် ကြိုးစားလျက်ရှိပါတယ်ခင်ဗျာ ….. 🙏

𝐉𝐞𝐭𝐨𝐮𝐫 𝐓𝐨𝐩 𝐆𝐞𝐚𝐫 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞

Showroom Phone Numbers ,
09-956200020
09-956300030

📍 အမှတ် (၉၄၅/အေ) ၊ ရှုခင်းသာလမ်းမကြီးနှင့်မြို့မ (၉) လမ်းထောင့် ၊ သာကေတမြို့နယ် ၊ ရန်ကုန်မြို့။

08/06/2026

မိုးရာသီမှာ မိမိတို့ကားအတွက် ဒီအချက်ကလေးတွေပြင်ဆင်ထားသင့်တယ်နော်…. 😉
ယခုလိုမိုးရာသီအတွင်းမှာ နိုင်ငံအနှံအပြားမိုးရေစက်တွေနဲ့အတူလမ်းမပေါ်မှာမောင်းနှင်နေကြတဲ့မိတ်ဆွေတို့အနေနဲ့ဘေးကင်းလုံခြုံစွာနဲ့မောင်းနှင်နိုင်ဖို့အတွက် …. အလိုအပ်ဆုံးဖြစ်မယ့်အဓိကအချက်လေးတွေပြောပြပေးမယ်နော် ….

1. 𝐖𝐢𝐩𝐞𝐫 𝐁𝐥𝐚𝐝𝐞 💦
လေကာမှန်ပေါ်မိုးရေစက်တွေကျဆင်းလာတဲ့အခါကားရဲ့ Wiper Blade တွေရေစက်တွေပြောင်အောင်သုတ်နိုင်ဖို့အဓိကလိုအပ်တာကြောင့်လဲလှယ်ဖို့လိုအပ်နေပြီဆို စစ်ဆေးလဲလှယ်သင့်ပါတယ်။

2. 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦 💡
မိုးသည်းသန်စွာရွာသွန်းတဲ့အချိန်မိမိရဲ့မြင်ကွင်းရောတစ်ဖက်ကားရဲ့မြင်ကွင်းမှာပါရှင်းလင်းစွာနဲ့မြင်နိုင်ရအောင် Head Light / Fog Light / Brake Light / Signal Light တွေကိုစစ်ဆေးထားသင့်ပါတယ်။

3. 𝐁𝐚𝐭𝐭𝐞𝐫𝐲 🔋🪫
မိုးအေးတဲ့ရာသီဥတုမှာ Battery ကောင်းကောင်းအလုပ်မလုပ်တာမျိုးတွေ Battery အားလျော့နည်းနေတာတွေရှိတတ်တာကြောင့် အပြင်မထွက်ဖြစ်ခဲ့ရင်တောင် နေ့စဉ်ကားစက်နှိုးပေးတာမျိုး / အနည်းငယ်မောင်းနှင်ပေးတာမျိုးလုပ်သင့်ပါတယ်။

4. 𝐁𝐫𝐚𝐤𝐞 𝐒𝐲𝐬𝐭𝐞𝐦 ⚙️
တကယ့်ကိုအဓိကကျတဲ့အချက်ပါပဲ ….
Brake Pad တွေလိုအပ်ရင်လဲလှယ်ပြီး Brake ဆီလိုအပ်နေရင်လဲ ဖြည့်တင်းထားဖို့လိုပါမယ်။

5. 𝐀𝐢𝐫𝐜𝐨𝐧 & 𝐃𝐞𝐟𝐨𝐠𝐠𝐞𝐫 💨
Front & Rear Windshield တွေအတွက်အဓိကကတော့မှန်အတွင်းဘက်အခိုးအငွေ့တွေမရိုက်ဖို့ Defogger နဲ့အတူ Air Con Condition ကိုလည်းအကောင်းဆုံးအနေအထားဖြစ်အောင်လိုအပ်တာတွေစစ်ဆေးထားသင့်ပါတယ်။

6. 𝐓𝐢𝐫𝐞 အခြေအနေ? 🛞🛞
Tire လဲဖို့လိုအပ်နေရင် လဲပါ …. လေပေါင် Tire Pressure ကိုလည်းမကြာခနစစ်ဆေးသင့်ပါတယ်။

နောက်ဆုံးအနေနဲ့ အကြံပေးချင်တာလေးတွေကတော့ …. 🥳
မိုးရွာနေတဲ့အချိန်တွေဆိုရင်…. ပုံမှန်ထက်အရှိန်လျော့မောင်းခြင်း / ရှေ့ကားနဲ့အကွာအဝေးပိုထားခြင်း / ရုတ်တရက် Brake ဆောင့်နင်းခြင်း / Lane ခနခနပြောင်းခြင်းများကို ရှောင်ရှားပြီးတော့ … ရေကြီးရေလျှံမှုမြင့်မားနေတဲ့လမ်းမျိုးတွေကိုရှောင်ရှားမောင်းနှင်ရင်းနဲ့ ဘေးကင်းလုံခြုံတဲ့လမ်းခရီးများကိုမောင်းနှင်ပိုင်ဆိုင်နိုင်ကြပါစေရှင့် …. ✌️👋🙏✨✨

31/05/2026

Jetour Top Gear Automobile နဲ့အတူတူလက်တွဲလုပ်ကိုင်ဆောင်ရွက်ရန်အတွက် …..

🔻𝐒𝐞𝐧𝐢𝐨𝐫 𝐒𝐚𝐥𝐞 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞
🔻𝐉𝐮𝐧𝐢𝐨𝐫 𝐒𝐚𝐥𝐞 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞
တစ်ယောက်စီလိုအပ်လျက်ရှိနေပါတယ်နော်

🧣𝐒𝐞𝐧𝐢𝐨𝐫 𝐒𝐚𝐥𝐞 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞 (𝟏) 𝐏𝐨𝐬𝐭
Requirements.......
🚩Must have over 2 years experiences in brand new car showroom & brand new car driving.
🚩Must have complete overall knowledge of brand new car sales
🚩Your experiences is not on brand new automotive car filed but you have experience related to car sales as u can.
🚩Must have good Customer service.
🚩Must have driving license
🚩Must be able to use social media app as familiar.

🧣𝐉𝐮𝐧𝐢𝐨𝐫 𝐒𝐚𝐥𝐞 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞 (𝟏) 𝐏𝐨𝐬𝐭
Requirements.......
🚩Age between 20-30
🚩Must have over 1 years experiences in brand new car showroom & reconditioned Car Showroom
🚩Must have complete overall knowledge of car sales
🚩 About selling cars, need working in car sales or Automotive industry would be the better option.
🚩Fresher can Apply.
🚩Must have good Customer service.
🚩Must be able to use social media app as familiar.
🚩Must have good manners

လိုအပ်တဲ့ Requirements တွေကိုလည်း တစ်ခုချင်းစီအသေးစိတ်ဖတ်ရှူပြီး ကိုယ်နဲ့ကိုက်ညီတဲ့ Position ရှိရင် အမြန်လေး CV ပေးပို့လိုက်ပါဦးနော် ✌️

Showroom ဖုန်းနံပါတ်လေးတွေဖြစ်တဲ့ ....
☎️09-956200020
☎️09-956300030 ဖုန်းနံပါတ်လေးတွေကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် ....

Online ကနေ CV Form ပေးပို့ချင်တယ်ဆိုရင်တော့ …. 👋
G mail - [email protected]
Viber - 09-956300030 / 09-956200020
တို့စီကို ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင့် 🙏

🚩 အမှတ် (၉၄၅/အေ) ၊ ရှုခင်းသာလမ်းမကြီးနှင့်မြို့မ (၉) လမ်းထောင့် ၊ သာကေတမြို့နယ် ၊ ရန်ကုန်မြို့။

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


အမှတ် 945(A), ရှုခင်းသာမြို့ပတ်လမ်းမကြီး နှင့် မြို့မ ၉ လမ်းထောင့်, သာကေတ
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00