Knowledge PLAZA
School of Management and Technology
20/08/2026
ITIL Foundation (Version 5)
အိုင်တီလောကသားတွေအတွက် မရှိမဖြစ် အိုင်တဲ ITIL (Version 5)။ 🤔
ဒီလိုပြောလိုက်ရင်တော့ လွန်လွန်းတာပေါ့လို့ ... စောဒကတက်စရာရှိနိုင်ပါတယ်။
ယုံကြည်ပါတယ်... အိုင်တီသမားစစ်စစ်ဆိုတာ စဉ်ဆက်မပြတ်လေ့လာတယ်၊ အသုံးချတယ်၊ မျှဝေတယ်။ အိုင်တီနည်းပညာကိုအခြေခံတဲ့ ထုတ်ကုန် ဝန်ဆောင်မှု (Digital product and service) တွေကို တီထွင်ဖန်တီးပြီး လူမှုအဖွဲ့အစည်းကို ပိုမိုတက်တက်ကောင်းမွန်အောင် အကျိုးပြုချင်ကြတယ်။ Value Creation လို့လည်း ပြောနိုင်ပါတယ်။ 💟
ဒါပေမယ့်လည်း... ကိုယ်ကပေးချင်ပေမယ့် ယူချင်တဲ့သူ၊ လက်ခံမယ့်သူဘက်မှာလည်း အခြေအနေ အခက်အခဲ အကန့်အသတ်လေးတွေရှိတတ်နေတော့ “ပေးကားပေး၏၊ မရ” ဆိုသလို ထင်သလောက် အသုံးမဝင်တာ၊ အသုံးချလို့ အဆင်မပြေတာလေးတွေလည်း ရှိတတ်လာပါတယ်။ “Value Creation” ဆိုတာ ပေးချင်သူနှင့် ယူချင်သူ၊ ဖန်တီးသူနှင့် အသုံးချသူတို့ရဲ့ အပြန်အလှန် ပူးပေါင်းပါဝင်မှု၊ တန်ဘိုးထားမှု၊ တာဝန်သိတတ်မှု၊ တာဝန်ယူတတ်မှုတွေရှိလာမှ နှစ်ဦး နှစ်ဘက် တကယ်ကောင်းမွန် အကျိုးရှိတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာပါမယ်...လို့ ITIL ကပြောပါတယ်။ ITIL Framework မှာတော့ ဒီလိုအယူအဆကို “Value co-creation” by service provider and service consumer လို့ပြောပါတယ်။
ITIL, PRINCE2 ဆိုတာတွေက တကယ့် လက်တွေ့ကို အခြေခံထားတဲ့ Best Practices တွေဖြစ်ပါတယ်။ ရိုးရှင်းတယ်။ တိကျတယ်။ လက်တွေ့ အသုံးတည့်တယ်။ ဖွဲ့စည်းပုံ စနစ်ကျတယ်။ “အရမ်းကောင်းတယ်” လို့ပြောရင် ညွှန်းရာကျနေမလားဘဲ။ ITIL, PRINCE2 လုပ်ထားတဲ့သူတွေအတော်များများကို လေ့လာအကဲခတ်ကြည့်လိုက်။ “ဖုန်ထအောင် ခုန်မပြ” ပေမယ့် ကိုယ့်လုပ်ငန်းခွင်မှာ တည်ငြိမ်အေးစေးစွာ လုပ်ကိုင်ဆောင်ရွက်နေနိုင်တာကိုတွေ့ရပါတယ်။ ခုလိုပြောတာတွေက သင်တန်းတွေဖွင့်ချင်လွန်းလို့ ပိုက်ဆံရချင်လွန်းလို့ “မားကက်တင်း လေခွင်း” နေတာမဟုတ်ပါ။ အိုင်တီလောကသားအချင်းချင်း သတင်းကောင်းပေးခြင်းသာဖြစ်ပါတယ်။ လေ့လာချင်သူတွေအတွက် သင်ပေးဘို့ အစီအစဉ်ရှိပါတယ်။ 👏👏
အရင် ITIL4 လေ့လာထားပြီး ITIL5 ဗားရှင်းသစ်ကို ထပ်တိုးလေ့လာချင်သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်နော်။ အရင်သင်တန်းသားဟောင်းများလည်း အားမနားတမ်း ဖရီးအားပေးလို့ ရပါတယ်ဗျာ။ 😍🥰
12/08/2026
Corporate Training for Global Best Practices
လက်တွေ့အသုံးချနိုင်မှုကိုအလေးပေးထားတဲ့ “Global Best Practice” သင်တန်းများ…
🔸PRINCE2 Project Management
🔸Six Sigma Fundamentals
🔸ITIL5 Foundation
➡️ကုမ္ပဏီ၊ အဖွဲ့အစည်းများ..
➡️သူငယ်ချင်းမိတ်ဆွေအဖွဲ့များရဲ့ အချိန်ပေးနိုင်မှု၊ လိုအပ်ချက်တွေနှင့် လိုက်လျောညီထွေမှုရှိအောင် စီစဉ်ပေးပါတယ်။
☎️(Tel, Viber, Telegram: +95 9 251 017 840) မှာဆက်သွယ်ပြီး သင်တန်းစုံစမ်းလို့ရပါတယ်နော်...
Knowledge Plaza မှာသင်တန်းတခုခု တက်ထားပြီး သင်တန်းပြီးဆုံးလို့မှ...
👍ပညာရပ်နဲ့သက်ဆိုင်တဲ့ အသိပညာ ဗဟုသုတ၊
👍လက်တွေ့အသုံးချနိုင်တဲ့ နည်းနိဿယျ၊
👍နိုင်ငံတကာအသိအမှတ်ပြုစာမေးပွဲဖြေဆိုရန်အထောက်အကူပြုမှု... ဆိုတဲ့အကျိုးရလဒ်ကောင်းတွေ ဘာတခုမှ “ရေရေရာရာ မရခဲ့ဘူး”လို့ ခံစားရရင် ပေးထားတဲ့ သင်တန်းကြေး ပြန်လည်ထုတ်ယူနိုင်ပါတယ်။
ယုံကြည်စိတ်ချစွာ အားပေးကြတဲ့ ပြည်တွင်း၊ ပြည်ပက မိတ်ဆွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း...😍😍
Training Instructor:
Khin Maung Sint, MBA
Lean Six Sigma Black Belt, PMP
05/08/2026
Online Statistical Calculator for Six Sigma Quality Professional
Six Sigma သင်တန်းသားဟောင်းများအတွက်... 👏
Six Sigma Yellow Belt - Data Analysis အခန်းမှာ ဆွေးနွေးခဲ့တဲ့ online statistical calculator အကြောင်းလေးကို ပြောပြချင်လို့ပါ။
Chapter 13: Data Analysis အကြောင်းကို ဆွေးနွေးတဲ့အခါ probability and statistics အခြေခံသီအိုရီတွေကို သေချာနားလည်သဘောပေါက်အောင်ရှင်းပြပြီး statistical tools အမျိုးမျိုးနှင့် လက်တွေ့အသုံးချနယ်ပယ်မှာ သေချာလုပ်ကိုင်နိုင်အောင်လို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။
Binomial distribution and Normal Distribution အကြောင်းတွေကိုပြောပြတော့လည်း Microsoft Excel formula, statistical online calculator အမျိုးမျိုးကို အသုံးချပြီးတင်ပြခဲ့ပါတယ်။
Statistical online tools တွေထဲမှာမှ University of Iowa, department of statistics and actuarial science website အောက်မှာရှိနေခဲ့တဲ့ statistical online tools တွေအားလုံးဟာ ဆိုက်အသစ် https://mabognar.github.io/apps/ အောက်ကိုရောက်သွားပါပြီ။
https://mabognar.github.io/apps/bin.html
သင်တန်းသားတွေကို ပေးခဲ့တဲ့ Soft copy book and presentation files တွေထဲမှာပြထားတဲ့ လင့်တွေအစား ခုဖေါ်ပြပေးလိုက်တဲ့ website link အောက်တွေမှာ ဝင်ရောက်အသုံးပြုကြပါလို့။ အရင်ဖေါ်ပြခဲ့တဲ့ လင့်တွေကို နှိပ်မိလိုက်ရင် တွေ့တော့မှာ မဟုတ်တော့ပါနော်။ သင်တန်းမတက်ခဲ့ပေမယ့် စာအုပ်သာ ရထားခဲ့ရင်လည်း ခုပြောပြထားတဲ့ ပြင်ဆင်ချက်လေးကို သတိချပ်စေချင်လို့ပါ။ mobile apps သုံးရင်တော့ ဘာအပြောင်းအလဲမှ မရှိပါ။ အရင်အတိုင်း အဆင်ပြေပြေသုံးလို့ ရပါတယ်။
နောက်တခု့ကတော့ ဒေတာသမားတွေသတိထားမိတဲ့ Data tab ကလည်း နာမည်အသစ်ပြောင်းလိုက်ရပါတယ်။ Numiqo ဆိုတဲ့ နာမည်အသစ်ဖြစ်သွားပါတယ်။ https://numiqo.com/
နာမည်ရနေတဲ့ Minitab statistical software နှင့်နာမည်ခပ်ဆင်ဆင်တူနေလို့ ပြောရဆိုရတဲ့ ကိစ္စလေးတွေ ရှိခဲ့တယ်လို့ ပြောကြပါတယ်။ ဒါကတော့ သူတို့ကိစ္စပါ။
နောက်ထပ်အတန်းသစ်တွေဖွင့်တဲ့အခါလည်း အချိန်ပေးနိုင်ရင် လာတက်ကြပေါ့နော်။ အခြေအနေအရ အပြောင်းအလဲတွေလုပ်ရတာ၊ အသစ်ထပ်ထည့်တာတွေလည်းရှိပါတယ်။ စာမေးပွဲဖြေချင်ရင်လည်း mock exam မှာဝင်ရောက်လေ့ကျင့်ပြီး ဖြေကြပေါ့နော်။ (ဟို ကန်ဘောဒီးယားကိုရောက်နေတဲ့ အင်ဂျင်နီယာ မမလေး... 👏)
ယုံကြည်စိတ်ချစွာ အားပေးကြတဲ့ သင်တန်းသူ၊ သင်တန်းသားအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း... 💝💟
30/07/2026
Six Sigma Yellow Belt: Quality Management Best Practice
🔸Quality Management အကြောင်းကို ထဲထဲဝင်ဝင်လေ့လာလိုသူများ
🔸Quality Control, Quality Assurance
🔸Project Manager, Business Analyst
🔸Operations and Production Manager
🔸Product Owner and Process Owner
🔸Data Analyst and Researcher များအတွက် အထူးရည်ရွယ်ထားတဲ့ သင်တန်းဖြစ်ပါတယ်။
ဒီသင်တန်းကိုတော့ ASQ - American Society for Quality ရဲ့သင်ရိုးညွှန်းတမ်းဂိုက်လိုင်းအတိုင်း အခန်းကဏ္ဍ (၅) ခု၊ သင်ခန်းစာခေါင်းစဉ် (၁၇) ခုနဲ့ ဝေဝေဆာဆာတင်ပြထားပါတယ်။
အထူးသဖြင့် data analysis (probability and statistics, correlation and regression, hypothesis testing, quality tools and six sigma metrics) အကြောင်းတွေကို လက်တွေ့အသုံးချနိုင်အောင် case study and exercises, statistics formulas and tools တွေနှင့်သေချာရှင်းလင်းသင်ကြားပေးပါတယ်။
စာမေးပွဲအတွက် Mock Exam Simulator လည်းစီစဉ်ထားပါတယ်။
Schedule:
8:00-10:30pm
Fri, Sat, Sunday (4 Weeks)
Interactive Discussion on Microsoft Teams
Start: 7 August 2026
Fee: 590,000 MMK
(Tel, Viber, Telegram: +95 9 251 017 840) မှာသင်တန်းစုံစမ်း စာရင်းသွင်းလို့ရပါတယ်နော်…
ယုံကြည်စိတ်ချစွာ အားပေးကြတဲ့ ပြည်တွင်း၊ ပြည်ပက မိတ်ဆွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း..
Training Instructor:
Khin Maung Sint
MBA, Lean Six Sigma Black Belt, PMP
Knowledge Plaza - School of Management and Technology
PRINCE2 Project Management
Projects In Controlled Environments – PRINCE2
🔹စနစ်တကျဖွဲ့စည်း တည်ဆောက်ထားတဲ့ ပရော့ဂျက်စီမံခန့်ခွဲရေး မော်ဒယ်။
🔹ဘယ်လို ပရော့ဂျက် အမျိုးအစားမှာမဆို အသုံးပြုလို့ အဆင်ပြေတာကြောင့် ပရင့်တူးကို Universal Project Management Methodology လို့ လူသိများပါတယ်။
🔹ယူကေ၊ ဥရောပ ကုမ္ပဏီကြီးတွေ၊ အန်ဂျီအို၊ ယူအန်အဖွဲ့အစည်းတွေမှာ အသုံးများပါတယ်။
Schedule:
8:00 - 10:30pm
Tue, Wed, Thursday (4 Weeks)
Start: 5 August 2026
Interactive Discussion on Microsoft Teams
Fee: 590,000 MMK
(Tel, Viber, Telegram: +95 9 251 017 840) မှာသင်တန်းစုံစမ်း စာရင်းသွင်းလို့ရပါတယ်နော်…
ယုံကြည်စိတ်ချစွာ အားပေးကြတဲ့ ပြည်တွင်း၊ ပြည်ပက မိတ်ဆွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း..
Training Instructor:
Khin Maung Sint, MBA
Lean Six Sigma Black Belt, PMP
Knowledge Plaza: School of Management and Technology
Knowledge PLAZA School of Management and Technology
04/06/2026
Project Management (OR) Operations Management
🔹PRINCE2 Project Management
🔹Lean Six Sigma Yellow Belt
သင်တန်းတွေ ပြန်လည်ဖွင့်ပါတော့မယ်နော်။ စာမေးပွဲအောင်လက်မှတ်ဆိုတာထက် လက်တွေ့အသုံးချနိုင်မှုကို ပိုမိုအလေးထားတဲ့ Global Best Practices အတန်းတွေကို ဦးစားပေးပြီး ဖွင့်ပေးပါမယ်ဗျာ။
မိတ်ဆွေဟောင်း မိတ်ဆွေသစ်အားလုံးကို ကြိုဆိုပါတယ်နော်။ 👏👏👏
သားသမီးတွေရဲ့ ပညာရေးကိစ္စတွေကိုလုံးပန်းနေရတာကြောင့် သင်တန်းတွေ ခဏနားခဲ့ရတာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ဗျာ။ 🤗🤗🤗
26/05/2026
Online Exam Simulator
PMP, PRINCE2, PSM, PSPO, Six Sigma စာမေးပွဲဖြေချင်ပါတယ်ဆိုတဲ့… ဘော်ဒါ ဘော်ဂျက်တွေအတွက် Exam Engine Account ကို ပိုက်ဆံ အကုန်အကျခံပြီး သက်တမ်းတိုးထားလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ လိုအပ်တဲ့အခါမှာ အဆင်သင့် ဖြစ်စေချင်လွန်းလို့။
တချို့လည်း ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဆိုပြီး တွပ်ပီစတိုင်နဲ့ ရောက်လာပေမယ့် ခုအချိန်အထိတော့ ဘာအသံမှ မကြားရသေးပါ။ 🤔🤔🤔
စာမေးပွဲ Exam Content Outline တွေကလည်း အပြောင်းအလဲတွေ ရှိနေတော့ ကိုယ့်မိတ်ဆွေတွေ (ဘယ်မှာပဲ သင်တန်းတက်ခဲ့သည်ဖြစ်စေ) စာမေးပွဲဖြေဘို့ ရည်ရွယ်ထားရင် အချိန်မနှောင်းခင် အမြန်အလုပ်ပြီးထားစေချင်တာပါဘဲ။
Knowledge Plaza
Tel, Telegram, Viber: 09 251 017 840
အကြောင်းအရာစာသားနှင့် ဓါတ်ပုံ လိုက်ဖက်မညီတာကိုလည်း သီးခံကြည့်ရှုပေးစေလိုပါကြောင်း... 😍😍
11/04/2026
ဆယ်ရက်အတွင်းမှာ မိုင်ပေါင်း သိန်းချီတဲ့ ခရီး၊
လူသားတွေရဲ့ စူးစမ်းလေ့လာမှု၊
သိပ္ပံပညာ၊ အင်ဂျင်နီယာနှင့်နည်းပညာရဲ့ အခန်းကဏ္ဍ၊
စနစ်ကျတဲ့ စီမံခန့်ခွဲမှု၊
စည်းလုံးညီညွတ်ခြင်းနှင့် အပြန်အလှန်လေးစားမှု၊
တန်းတူညီမျှမှုနှင့် အမျိုးသမီးတွေရဲ့ အောင်မြင်မှု၊
…….
သူတို့မြေမှာတော့ ရောင်စုံပန်းတွေဖူးပွင့်ဝေ။ 👏👏👏
……
……
🤔🤔🤔
ကြွားဝါခြင်း၊ ဂုဏ်ဆာခြင်းတွေကို ခဏအနားပေးပြီး
အနာဂတ်ရဲ့ မဟာလူသား၊ လူငယ်များကိုဘဲ နေရာပေး ထောက်ပံ့ပေးကြတာပေါ့။
27/02/2026
Six Sigma Yellow Belt – Exam Simulator
Six Sigma Certification အတွက်ပြင်ဆင်နေကြတဲ့…
🔹Quality Engineer
🔹Process Owner
🔹Production Manager
🔹Operation Manager
🔹Factory Manager များအတွက်... အထူးစီစဉ်ထားပါတယ်။
ဖရီးပေးရခြင်းအကြောင်းကတော့... စာမေးပွဲဖြေချင်သူတွေအားလုံး စာမေးပွဲအောင်မြင်ပြီး လိုရာခရီးကို ဆက်သွားနိုင်စေချင်တာပါဘဲ... 💟💝
18/02/2026
Six Sigma: Analyze Phase
Six Sigma quality management ကိုလေ့လာကြတဲ့ အင်ဂျင်နီယာ၊ အိုင်တီတွေ သဘောကျ နှစ်ခြိုက်ကြတဲ့ အပိုင်းတွေကတော့ Analyze phase – data driven approach တွေဖြစ်ပါတယ်။
Data analysis အပိုင်းမှာ လေ့လာစရာတွေကတော့...
🔹Probability
🔹Binomial distributions
🔹Normal distributions
🔹Common cause and special cause variation တို့ဖြစ်ပါတယ်။
အင်ဂျင်နီယာ၊ ပရိုဂရမ်မာတွေကတော့ ဒီလိုမျိုးအတွက်အချက် (Statistical Mathematics) တွေဆိုတာ သူတို့အတွက် ထမင်းစား ရေသောက် အဆင့်လောက်သာပါဘဲ။ တချို့သောအင်ဂျင်နီယာ ဘီးကြဲတွေဆိုရင် Math ဆိုတာကို “အရက်နှင့် မြည်းစရာ”လို သဘောထားကြတယ်တဲ့...။ (သင်္ချာကို အရည်ကျိုပြီးသောက်ရင် အရသာ မရှိလို့ ဖြစ်လောက်မှာပါနော်)။ စတာနော်၊ စိတ်ဆိုးနဲ့... 😍🥰
Data Science စပယ်ရှယ်လစ်တွေကတော့ “ပိုက်တွန်”နှင့်အာနေကြလေရဲ့။ (Python, R) 😋
ဘာပဲပြောပြော... ကိုယ့်သင်တန်းမှာတော့ ဒီအကြာင်းအရာတွေကို သေချာနားလည်အောင်၊ လက်တွေ့ အသုံးချတတ်အောင် သင်ပေးပါတယ်။
🔸Manual calculation
🔸Excel formula
🔸Online statistical tools တွေနှင့် လက်တွေ့လေ့လာကြရပါတယ်။
ရည်ရွယ်ချက်ကတော့ လက်တွေ့နယ်ပယ်မှာ အသုံးချတတ်စေဘို့ပါဘဲ။ 👌👌
Category
Contact the business
Telephone
Website
Address
Yangon