JOWAR
Kimchi & Korean Foods Payment By >>> Cash On Delivery & Card Payment (Prepaid)
09/09/2026
ဟင်းပွဲပုံတွေချည်းကြည့်ရတာ ရိုးသွားရင် ချက်တဲ့သူပုံပြောင်းကြည့်နော်😂🤪😝
ပြောချင်တာကတော့👇
👉Grab မှာ 20 % OFF နဲ့ များများစားလို့ရနေပါပီဆိုတာရယ်...
👉 JOWAR ကို Foodpanda App မမိသော အချို့ဝေးတဲ့မြို့နယ်များ(လှိုင်၊လမ်းမတော်နှင့် မြို့ထဲ) နေရာများဆို Grab App ကနေမှာယူလို့ရပါတယ်ဆိုတာရယ်...
ဒါလေးအဓိကပြောချင်တာပါရှင့်😘😉
28/08/2026
မေတ္တာအခါတော်နေ့မှာ မေတ္တာသုတ်ကို မြန်မာပြန်ရော ပါဠိလေးပါ ရွတ်ပီး ပူဇော်ကြနော်🙏🙏🙏
သတ္တဝါအားလုံးအေးချမ်းပါစေရှင်🙏🙏🙏
27/08/2026
🗣 အစုံပါပီး စျေးမကြီးတဲ့ Sets တွေ လုပ်ပေးပါဆိုလို့ လုပ်ပေးလိုက်ပီနော်👇👇👇
🤏ပို့ဆောင်ပေးသေးမြို့နယ်များ
👉ကြည့်မြင်တိုင်၊စမ်းချောင်း၊အလုံ၊ဗဟန်း၊ကမာရွတ်၊လမ်းမတော် မြို့နယ်များအတွင်းသာ Food Delivery သီးသန့်ဖြင့်ပို့ဆောင်ပေးပါသည်။ Order မှာယူပီး ၁ နာရီအတွင်းအိမ်အရောက်ပို့ဆောင်ပေးပါသည်။
😘Foodpanda / Grab Food / Delivery နှင့် Pickup သာရပါတယ်ရှင်..
❌ ဆိုင်ထိုင်စားမရပါဘူးနော်
🏠Pickup လာယူချင်သူများကတော့
အမှတ်၈၆,အုန်းပင်လမ်း(အထက်),
ကြည့်မြင်တိုင်မြို့နယ်မှာ ယူလို့ရပါတယ်။
(လာမယူခင် ၄၅ မိနစ် ကြိုပြောပေးရင် ရပါပီရှင်)
🤑Payment Type: Cash On Deli / Wavepay /Kpay /AYA Pay ...
Online Payment ဖြင့်ငွေချေမည်ဆိုပါက Deli Ways မထွက်ခင် ငွေကြိုလွဲပေးရပါ့မယ်ရှင်
🙏အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်များကို JOWAR မှအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်
24/08/2026
🐼Foodpanda ရဲ့ 30 % OFF Promotion စပါပီနော် ချစ်တို့ရေ 🗣🗣🗣
JOWAR ရဲ့ Founder ကြီးကိုယ်တိုင် ဂျီးထုတ်နေတဲ့ မုန်လာဥကိုခြစ်ပီး ကင်မ်ချီ ထည့်နေပါပီနော်..မြန်မြန် Order လာတင်ကြတော့ 😂😘😃
15/08/2026
ကျမ JOWAR ကိုဆိုင်မဟုတ် အိမ်ချက်မှန်းသိလို့ဆိုပီး ခုလိုအချိန်ကာလမျိုးမှာ ယုံယုံကြည်ကြည်နဲ့ဝယ်ယူစားသုံးပေးတဲ့ ၁ယောက်စီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ရှင့်🙏🙏🙏
💛 JOWAR မှာ ပြင်ပဝန်ထမ်းမရှိပါဘူး chef ဖြစ်တဲ့ ကျမနှင့် ဘေးကကူညီပေးတဲ့ ကျမအမေသာရှိပါတယ်
💛ကျမတို့အိမ်မှာ အသက်၆၀ ကျော်လူကြီးများနှင့် ၈နှစ်အရွယ် ကလေးရှိလို့ သာမန်လူတွေထက် အစရာရာအထူးဂရုစိုက်နေထိုင်စားသောက်ရတာမို့ ကျမချက်ပြုတ်တဲ့ဟင်းလျာတိုင်းဟာ ကျမအိမ်သားတွေစားတဲ့ပုံစံနဲ့တူတူပါပဲရှင်🥰
(ကျမရဲ့အချက်ပြုတ်စွမ်းရည်နှင့် ဂရုစိုက်မှုကို မယုံရင် သက်သေအနေနဲ့ ကျမရဲ့ ၈နှစ်သားရဲ့ ခန္ဓာကိုယ်ကို ကြည့်နိုင်ပါတယ်နော် 😂)
💛ဒါ့ကြောင့် ခုလိုရောဂါပေါများနေတဲ့ ကာလမျိုးမှာ အရင်ကထက်ပိုပီး အချိန်ယူပီး ဟင်းရွက်တွေဆို ဆားရည်နဲ့သေချာစိမ်ပီးမှ ဆေးရပါတယ်၊ အသားတွေဆို သေချာကျက်အောင်ချက်ပေးပါတယ်၊ အသားစိမ်းတွေဆိုလဲ သေချာအထပ်ထပ်ရေဆေးသန့်စင်ပေးပါတယ်၊ ချက်ထားတဲ့အိုးတွေဆိုလဲ ၁ခါချက်ပီး ၁ခါဆေးရပါတယ်၊ ကျမလက်လဲခနခနဆေးရလို့ ပွနေပါပီလို့😝
အားလုံးကလဲ Orderတင်မှ ချက်ပြုတ်ပေးတာဆိုတော့လဲ ပူပူနွေးနွေးကြီးပဲပေါ့ရှင် 😊
🥰JOWAR ဖက်ကတော့ အကောင်းဆုံးဂရုစိုက်မှုအပြည့်နဲ့ 100% ကြိုးစားပေးထားပါတယ်ဆိုတာကိုပဲ ကျမအနေနဲ့ သိစေချင်လို့ပါနော်😘
ချစ်ကာကာတို့အနေနဲ့လဲ စိတ်သန့်မှ မှာယူစားသုံးပေးကြပါလို့ ပြောချင်ပါတယ်ရှင့်🙏
14/08/2026
ကျန်းမာရေးဂရုစိုက်ပါချစ်တို့ရေ🥰😘😇
💕 ဒီရက်ထဲ ဇာတ်လိုက်၂ မျိုးကတော့
သဘာဝအားဖြည့်ဓာတ်စာဖြစ်တဲ့ အသင့်သောက်
ငှက်သိုက်ပေါင်းရည် နှင့် Probiotic အပြည့်ရပါသော Homemade ကင်မ်ချီ ပဲ ဖြစ်ပါတယ်...
👉အစားစာများကို ပူပူနွေးနွေးချက်ပြုတ်စားသောက်ပါ၊ အခန်းအပူချိန်မှာအထားကြာသောအစာများ၊ ယင်နားအစားစာများရှောင်ပါ၊ လူရှုပ်သောနေရာများ ရှောင်ပါ၊ ကိုယ်ခံအားကောင်းအောင်နေထိုင်ကြပါနော် ချစ်တို့ရေ စိတ်ပူတယ်နော်😘🥰
JOWAR Page လေး ၆ နှစ်တောင်ပြည့်သွားပီ မြန်လိုက်တာကွယ်....
ခုချိန်ထိ ဆက်တိုက်အားပေးလာကြတဲ့ ချစ်ကာကာတို့ရေ ကျေးဇူးအထူးပါရှင့်😘🥰🤗🎉
29/07/2026
ဝါဆိုလပြည့်နေ့တွင်ကျရောက်သော သားသားမွေးနေ့အလှူအဖြစ် JOWAR ရဲ့ ဒါနလေးပါ 🙏
28/07/2026
မနက်ဖြန် ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာ) အခါတော်နေ့တွင် မင်မင်အလှူလုပ်ဖို့ရှိပါသဖြင့် ဆိုင် ၁ ရက်ပိတ်ပါတယ်ရှင်..
(Foodpanda, Grab,Delivery,Pickup ) Order များအားလုံး ၃၀ ရက်နေ့မှ ပြန်လည်ရောင်းချပေးမည်ဖြစ်ပါတယ်ရှင်...
၇နေ့ဖွား ၈ ရက်သားသမီးများ အားလုံး စိတ်နှလုံးအေးချမ်းပျော်ရွှင်ဖွယ် ဝါတွင်းအခါသမယလေး ပိုင်ဆိုင်နိုင်ကြပါစေလို့ JOWAR မှ ဆုတောင်းလိုက်ပါတယ်ရှင် 🙏🙏🙏
Category
Telephone
Website
Address
No (86) Ohnpin Street, Kyeemyindine
Yangon
Opening Hours
| Monday | 10:00 - 17:00 |
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |
| Friday | 10:00 - 17:00 |
| Saturday | 10:00 - 17:00 |
| Sunday | 10:00 - 17:00 |
Alerts
Be the first to know and let us send you an email when JOWAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.