Digital Phoenix

Digital Phoenix

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Digital Phoenix, Consulting Agency, Kyi Myindaing Night Market, Yangon.

"အွန်လိုင်းစီးပွားရေး လုပ်ငန်းရှင်များ ကြော်ငြာစရိတ်ကနေ အကောင်းဆုံး အကျိုးအမြတ် (ROI) ပြန်လည်ရရှိစေရန် ရည်ရွယ်၍၊ မှန်ကန်တိကျသော Facebook နှင့် TikTok Advertising ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေပါသည်။"

13/08/2026

လူတွေရဲ့ စိတ်ခံစားချက်နဲ့ အပြုအမူ ကို နားလည်ပြီး
ဖောက်သည်အသစ်တွေ ဆွဲဆောင်နိုင်မယ့် နည်းလမ်း (၅) ခု
လူတစ်ယောက်ဟာ သင့် Online Shop က ကြော်ငြာကို ပထမဆုံးအကြိမ် မြင်ဖူးရုံနဲ့ ချက်ချင်း ပိုက်ဆံပေးပြီးဝယ်ဖို့ဆိုတာ မလွယ်ပါဘူး။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဈေးကွက်မျိုးမှာ Customer အသစ်တွေရဖို့ဆိုရင် "ယုံကြည်မှု" တည်ဆောက်နိုင်ခြင်းကသာ အဓိကသော့ချက်ပါ။

အဲ့ဒီနည်းလမ်း (၅) ခုကတော့ -

🔲 ၁။ အများလက်ခံကြောင်း သက်သေပြပါ (Social Proof)

လူတွေရဲ့ စိတ်သဘာဝဟာ ဝေခွဲမရဖြစ်နေတဲ့အချိန်မှာ အခြားသူတွေရဲ့ လုပ်ရပ်ကို လိုက်လုပ်တတ်ကြပါတယ်။ "သူများတွေ သုံးပြီး ကောင်းတယ်ပြောလို့" ဆိုတဲ့ အချက်က ဖောက်သည်အသစ်တွေအတွက် အခိုင်မာဆုံး ယုံကြည်မှုပါပဲ။

လက်တွေ့လုပ်ဆောင်ရန်: အရင်ဝယ်ဖူးတဲ့ သူတွေရဲ့ စစ်မှန်တဲ့ Review တွေ၊ Customer တွေ တကယ်သုံးနေတဲ့ ပုံ (User-Generated Content) တွေ၊ ဝယ်ယူသွားတဲ့ အရေအတွက်တွေကို Content တွေမှာ ထင်ထင်ရှားရှား ပြသပါ။
_______________________
_______________________

🔲၂။ "အပြန်အလှန် တုံ့ပြန်ခြင်း" နိယာမကို သုံးပါ (Reciprocity)

လူတွေဟာ ကိုယ့်ကို ကောင်းကျိုးပြုတဲ့သူကို ပြန်ပြီး ကျေးဇူးဆပ်ချင် (ဝယ်ယူချင်) တဲ့ စိတ်အလိုလို ဖြစ်ပေါ်လာတတ်ပါတယ်။ ပထမဆုံး ထိတွေ့မှုမှာတင် ချက်ချင်းရောင်းဖို့ မကြိုးစားပါနဲ့။

လက်တွေ့လုပ်ဆောင်ရန်: ဖောက်သည်တွေအတွက် တကယ်အကျိုးရှိမယ့် အသိပညာတွေ မျှဝေပေးတာ၊ အခမဲ့ အကြံဉာဏ်ပေးတာ၊ သို့မဟုတ် Sample အခမဲ့ ပေးတာမျိုးတွေ အရင်လုပ်ပါ။ "ဒီ Page က ငါ့အတွက် အကျိုးရှိတာတွေ ပေးတယ်" ဆိုတဲ့ ခံစားချက်ကနေ တဆင့် ယုံကြည်မှု စတင်ပါတယ်။
_______________________
_______________________

🔲 ၃။ ဆုံးရှုံးရမည်ကို စိုးရိမ်သောစိတ် ဖန်တီးပါ (FOMO)

စီးပွားရေး စိတ်ပညာအရ လူတွေဟာ "တစ်ခုခုကို ရလာမယ့် အကျိုးအမြတ်" ထက် "လက်လွတ်ဆုံးရှုံးသွားမှာ" ကို ပိုပြီး ကြောက်ရွံ့တတ်ကြပါတယ်။

လက်တွေ့လုပ်ဆောင်ရန်: အချိန်အကန့်အသတ် (ဒီနေ့ နောက်ဆုံး)၊ အရေအတွက် အကန့်အသတ် (၁၀ ခုသာ ကျန်တော့သည်) စတဲ့ Scarcity တွေကို အသုံးပြုပါ။ ဝေခွဲမရဖြစ်နေတဲ့ Customer အသစ်တွေကို ချက်ချင်း ဆုံးဖြတ်ချက်ချဖြစ်သွားအောင် တွန်းအားပေးနိုင်ပါတယ်။
_______________________
_______________________
🔲 ၄။ ပြဿနာကို ကိုယ်ချင်းစာစိတ်ဖြင့် အဖြေရှာပေးပါ

(Empathy & Pain Points)
Customer အသစ်တွေဟာ သင့်ရဲ့ ပစ္စည်းကို ဝယ်ချင်လို့ ဝယ်တာ မဟုတ်ပါဘူး။
သူတို့ရဲ့ ပြဿနာ ပြေလည်သွားဖို့အတွက် ဖြေရှင်းနည်း (Solution) ကို ဝယ်တာပါ။

လက်တွေ့လုပ်ဆောင်ရန်: သူတို့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲကို သင် ဘယ်လောက်ထိ နားလည်ကြောင်း (Empathy) Content တွေမှာ ထည့်ရေးပါ။ "ဒီလို အခက်အခဲဖြစ်နေတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါလေးကတော့ အဲ့ဒီအတွက် အကောင်းဆုံး အဖြေပါပဲ" ဆိုတဲ့ ချဉ်းကပ်မှုက ဖောက်သည်နဲ့ Brand ကြားက နံရံကို ချက်ချင်း ဖြိုချပေးနိုင်ပါတယ်။
_______________________
_______________________

🔲 ၅။ စိတ်ခံစားမှုကို ဆွဲဆောင်နိုင်တဲ့ ပုံပြင်ပြောပြပါ (Storytelling)
Fact တွေ၊ Data တွေ၊ Feature တွေချည်းပဲ ခြောက်ကပ်ကပ် ရေးထားတာထက်စာရင် လူတွေရဲ့ ဦးနှောက်က "ပုံပြင် (Story)" တွေကို ပိုမှတ်မိလွယ်ပါတယ်။

လက်တွေ့လုပ်ဆောင်ရန်: သင့် Product/Service ကြောင့် ဖောက်သည်တစ်ယောက်ရဲ့ ဘဝ ဘယ်လိုပိုကောင်းသွားလဲ ဆိုတာကို ဇာတ်လမ်းတစ်ပုဒ်လို ပြန်ပြောပြပါ။ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ အားကျမှု စတဲ့ စိတ်ခံစားချက် (Emotion) တစ်ခုခုကို ဖမ်းဆုပ်နိုင်ပြီဆိုရင် Customer အသစ်တွေရဲ့ ယုံကြည်မှုကို အလွယ်တကူ ရရှိနိုင်ပါပြီ။
_______________________
_______________________

19/07/2026

📱 ခလုတ်နှိပ်ဖုန်း မှသည် မှန်ပြင်ထိဖုန်း ဆီသို့

(ဆန်းသစ်တီထွင်မှုများ ပျံ့နှံ့ခြင်း နိယာမ အကြောင်း)

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်၊ ၂၀၁၀ ဝန်းကျင်လောက်က အချိန်တွေကို ပြန်တွေးကြည့်ရအောင်။

အဲဒီအချိန်တုန်းက လူတိုင်းရဲ့ လက်ထဲမှာ ခလုတ်နှိပ်ဖုန်း (Keypad Phones) လေးတွေ ကိုင်ထားကြပါတယ်။ "ဖုန်းဆိုတာ ဖုန်းပြောဖို့နဲ့ စာတိုပို့ဖို့ပဲ၊ ဒီခလုတ်ဖုန်းလေးတွေက အကြမ်းလည်းခံတယ်၊ ဘက်ထရီလည်း အကြာကြီးခံတယ်" ဆိုပြီး လူတိုင်းက အပြည့်အဝ ယုံကြည်လက်ခံထားကြတဲ့ အချိန်ပေါ့။

ဒါပေမဲ့ ဒီနေ့ခေတ်ကို ကြည့်လိုက်ပါ။ ကလေးကအစ အဘိုးအဘွားတွေအထိ လူတိုင်းရဲ့ လက်ထဲမှာ မှန်ပြင်ကို ပွတ်ဆွဲပြီးသုံးရတဲ့ (Touch Screen) စမတ်ဖုန်းတွေချည်း ဖြစ်နေပါပြီ။

လူတွေရဲ့ ယုံကြည်မှုနဲ့ အလေ့အကျင့်ဟောင်းတစ်ခုကနေ အိုင်ဒီယာအသစ်တစ်ခုဆီကို ဘယ်လိုများ ကူးပြောင်းသွားခဲ့ကြတာလဲ? ဒီလို အပြောင်းအလဲဖြစ်စဉ်ကို စီးပွားရေးပညာမှာ "Law of Diffusion of Innovation" (ဆန်းသစ်တီထွင်မှုများ ပျံ့နှံ့ခြင်း နိယာမ) လို့ ခေါ်ပါတယ်။ ဒီနိယာမအရ ပစ္စည်းအသစ်တစ်ခု စျေးကွက်ထဲရောက်လာတဲ့အခါ လူတွေက အဆင့် (၅) ဆင့်နဲ့ လက်ခံကြပါတယ်။

🔲 ၁။ စွန့်စားသူများ (Innovators - ၂.၅%)
စမတ်ဖုန်းဆိုပြီး စပေါ်ပေါ်ချင်းအချိန်ကို မှတ်မိကြဦးမလား? အဲဒီတုန်းက အင်တာနက်ကလည်း အရမ်းနှေးတယ်၊ သုံးစရာ Application တွေကလည်း သိပ်မရှိသေးပါဘူး။
ဒါပေမဲ့ ဒီလူတစ်စုကတော့ စျေးအရမ်းကြီးပေးရတဲ့ ကြားကနေ အဲဒီစမတ်ဖုန်းတွေကို အလုအယက် ဝယ်သုံးကြပါတယ်။ သူတို့ကတော့ နည်းပညာအသစ်ဆိုရင် စမ်းသပ်ချင်လွန်းလို့ ရူးသွပ်နေတဲ့ (Innovators) တွေပါ။ အသစ်အဆန်းဆိုရင် အလုပ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အရင်ဆုံး စမ်းသုံးကြည့်ရမှ ကျေနပ်တဲ့သူတွေ ဖြစ်ပါတယ်။

🔲 ၂။ ရှေ့ဆောင်လမ်းပြများ (Early Adopters - ၁၃.၅%)
စမတ်ဖုန်းတွေ နည်းနည်းလေး ပိုကောင်းလာတဲ့အချိန်မှာတော့ ဒီလူစုက စတင် သုံးစွဲလာကြပါတယ်။ သူတို့ကတော့ ခေတ်မီတဲ့ လူငယ်တွေ၊ လုပ်ငန်းရှင်တွေနဲ့ Influencer တွေပါ။
သူတို့က "ဒီဖုန်းသာဆိုရင် အပြင်သွားရင်း အီးမေးလ် စစ်လို့ရပြီ၊ Facebook သုံးလို့ရပြီ၊ ငါ့ရဲ့ လူနေမှုအဆင့်အတန်းလည်း ပိုမြင့်သွားမယ်" ဆိုတဲ့ အမြင်ကျယ်မှုရှိကြတယ်။ သူတို့ စမတ်ဖုန်း ကိုင်ထားတာကို ကြည့်ပြီး ပတ်ဝန်းကျင်ကလူတွေက "ဝါး... မိုက်လိုက်တာ" ဆိုပြီး စတင် သတိထားမိလာကြပါတယ်။ အိုင်ဒီယာတစ်ခုကို လူရာဝင်အောင် မီးမွှေးပေးလိုက်သူတွေဟာ ဒီ (Early Adopters) တွေပဲ ဖြစ်ပါတယ်။

🔲 ၃။ လက်ခံလွယ်သူ အများစု (Early Majority - ၃၄%)
ဒီအဆင့်ရောက်မှသာ လုပ်ငန်းတစ်ခုက တကယ် စီးပွားဖြစ်တာပါ။ သူတို့ကတော့ သာမန် လက်တွေ့ကျကျ တွေးခေါ်တတ်တဲ့ လူအများစုပါ။ ပစ္စည်းအသစ်တစ်ခုကို သူများတွေ သုံးနေတာ မြင်ရုံနဲ့ ချက်ချင်း လိုက်မဝယ်ပါဘူး။ အခြေအနေကို အရင် စောင့်ကြည့်တတ်ကြတယ်။
ဒါပေမဲ့ "ငါ့သူငယ်ချင်းတွေ အကုန်လုံး စမတ်ဖုန်းနဲ့ ဓာတ်ပုံတွေ ရိုက်ပြီး တင်နေကြပြီ။ အလုပ်ထဲမှာလည်း Viber တွေနဲ့ စာပို့နေကြပြီ။ သုံးရတာ အဆင်ပြေတယ်ဆိုတာ သေချာသွားပြီမို့ ငါလည်း တစ်လုံးလောက်တော့ ဝယ်မှပါ" ဆိုပြီး စတင်ဝယ်ယူကြပါတော့တယ်။ ဒီအချိန်မှာတော့ စမတ်ဖုန်းဆိုတာ စျေးကွက်တစ်ခုလုံးကို ရေပန်းစား (Boom) ဖြစ်သွားပါပြီ။

🔲 ၄။ နောက်ကျမှ လက်ခံသူ အများစု (Late Majority - ၃၄%)
ဒီလူတွေကတော့ သံသယအရမ်းများတဲ့ အုပ်စုပါ။ "ဖုန်းဆိုတာ ဖုန်းပြောဖို့ပဲလေ၊ ဘာလုပ်ဖို့ အဲဒီလောက် ပိုက်ဆံအကုန်ခံပြီး မှန်ပြင်ကြီး ပွတ်နေမှာလဲ" ဆိုပြီး အကြီးအကျယ် ငြင်းဆန်နေသူတွေပါ။
ဒါပေမဲ့ နောက်ပိုင်းမှာ ခလုတ်နှိပ်ဖုန်းတွေ ပျက်သွားတဲ့အခါ အသစ်ဝယ်ဖို့ စျေးကွက်ထဲမှာ ခလုတ်ဖုန်းက သိပ်မရှိတော့ပါဘူး။ ပြီးတော့ လူတိုင်းကလည်း စမတ်ဖုန်းနဲ့ချည်း ဆက်သွယ်နေကြတော့ ကိုယ်မသုံးရင် နောက်ကောက်ကျန်ရစ်ခဲ့တော့မယ့် အခြေအနေကို ရောက်လာပါတယ်။ အဲဒီတော့မှ မလွှဲသာမရှောင်သာဘဲ စမတ်ဖုန်းကို ပြောင်းသုံးလိုက်ရတဲ့ သူတွေပါ။

🔲 ၅။ အပြောင်းအလဲကို ဆန့်ကျင်သူများ (Laggards - ၁၆%)
"အဲဒီ မှန်ပြင်ကြီးက ပွတ်ရတာ လုံးဝ အဆင်မပြေဘူး၊ ခလုတ်လေးတွေ နှိပ်ရတာကမှ အထိအတွေ့ ရှိသေးတယ်" ဆိုပြီး အပြောင်းအလဲကို အသေအလဲ ဆန့်ကျင်တဲ့ အဘိုးအဘွားတွေပါ။ သူတို့ကတော့ ဘယ်တော့မှ ကိုယ့်သဘောနဲ့ကိုယ် စမတ်ဖုန်း သွားဝယ်မှာ မဟုတ်ပါဘူး။ သမီးတွေ၊ မြေးတွေက အတင်းဝယ်ပေးပြီး၊ အတင်း သုံးခိုင်းမှသာ မသုံးတတ်၊ သုံးတတ်နဲ့ ကိုင်ကြရတဲ့ နောက်ဆုံးကျန်ရစ်သူတွေပဲ ဖြစ်ပါတယ်။

🎯 SME လုပ်ငန်းရှင်များအတွက် စျေးကွက်ရှာဖွေရေး သင်ခန်းစာ

ဒီဇာတ်လမ်းလေးကနေ သင်ခန်းစာယူစရာကတော့ "လူတိုင်းကို တစ်ပြိုင်တည်း ပစ္စည်းရောင်းဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့" ဆိုတာပါပဲ။

သင်ဟာ လုပ်ငန်းအသစ်၊ ဝန်ဆောင်မှုအသစ်တစ်ခုကို စတင်တဲ့အခါ Facebook နဲ့ TikTok ပေါ်မှာ ကြော်ငြာ (Boosting) လုပ်တဲ့အခါမျိုးတွေမှာ "Late Majority" တွေ၊ "Laggards" တွေဆီ ရောက်သွားအောင် အချိန်ကုန်၊ ငွေကုန်ခံပြီး သွားမကြော်ငြာပါနဲ့။ သူတို့က ဘယ်လောက်ကောင်းကြောင်း ရှင်းပြနေလည်း ယုံမှာမဟုတ်ပါဘူး။

သင့်ရဲ့ အဓိက ပစ်မှတ် (Target Audience) ဟာ စမ်းသပ်ချင်စိတ်ရှိတဲ့ "Innovators" တွေနဲ့ အသစ်အဆန်းကို လက်ခံလွယ်တဲ့ "Early Adopters" တွေသာ ဖြစ်ရပါမယ်။ သူတို့တွေ သင့်ပစ္စည်းကို သုံးပြီး သဘောကျသွားပြီ၊ သူတို့ရဲ့ လူမှုကွန်ရက်တွေမှာ ကြွားလုံးထုတ်လာပြီဆိုတာနဲ့၊ သာမန်လူအများစု (Early Majority) ဟာ သူတို့နောက်ကို အလိုလို ကောက်ကောက်ပါအောင် လိုက်လာပါလိမ့်မယ်။ အဲဒီအချိန်ကျမှသာ သင့်လုပ်ငန်းဟာ ရေရှည်ခိုင်မာတဲ့ အောင်မြင်မှု (Tipping Point) ကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။

12/07/2026

❝ Facebook Live sales Boosting ဝန်ဆောင်မူ့
နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ယုံကြည်ချက်။ ❞
❝Our Belief About Facebook Live sales Boosting Service ❞

🔲 Facebook Live sales Boosting အပ်တဲ့ Client များကို ကျွန်တော်တို့အနေနဲ့ ပေးထားနိုင်တဲ့ အာမခံချက်တစ်ခုကတော့ တူညီတဲ့ Item များကိုရောင်းချတဲ့ Livesales တွေကို ၂ ခုပြိုင်ပြီးတော့ ကျနော်တို့(လုံး၀) (လုံး၀) ဝန်ဆောင်မူ့မပေးတာမျိုးဖြစ်ပါတယ်။

🔲 ကျွန်တော်တို့ဆီမှာလက်ခံထားပြီးသား Client ရောင်းချတဲ့ Item တွေနဲ့ လိုင်းတူရောင်းတဲ့ နောက်ထပ် Client တစ်ယောက် (သို့မဟုတ်) ဆိုင်ကို ကျွန်တော်တို့ ထပ်မံပြီးတော့ ဝန်ဆောင်မူ့ ပေးပေးဖို့အတွက် ကျွန်တော်တို့ လုပ်ငန်းရဲ့ ယုံကြည်ချက်၊ ကျင့်၀တ်(Ethics)၊ များအရ မဖြစ်နိုင်ဘူးဆိုတာကို နားလည်ပေးဖို့မျှော်လင့်ပါတယ်ခဗျ။

🔲 ဒီလိုမျိုး အကျိုးအမြတ်ကိုပဲ ဦးတည်တဲ့ လုပ်ရပ်မျိုးဟာ ပြိုင်ဆိုင်မူ့ပြင်းထန်တဲ့ အထည့်ရောင်းချခြင်း Business အပေါ်မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ချိုးဖောက်မူ့တစ်ခုလို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။

🔲 ဥပမာအားဖြင့် ဒီလိုမျိုး ကျနော်တို့ ရဲ့ အကျိုးအမြတ်တစ်ခုတည်းကိုပဲ ဦးတည်တဲ့ လုပ်ရပ်မျိုးဟာ ကုန်သည် A နဲ့ ကုန်သည် B ရန်ဖြစ်နေတယ် ဆိုတာကို ကျနော်တို့က ဘေးနားကနေ တစ်ယောက်ကို တုတ်ရောင်းပေးပြီး၊ တစ်ယောက်ကိုတော့ လေးခွရောင်းပေးသလိုဖြစ်နေပါတယ်။

ဖြစ်ရပ်မှာ ၂ ယောက်စလုံးအထိနာပြီးတော့ ကြားထဲက ဝန်ဆောင်မူ့ပေးတဲ့ လူကပဲ အမြတ်ထွက်သွားမှာမျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တူညီတဲ့ item ကို တူညီတဲ့ Ads Strategy ၊ တူညီတဲ့ Bidding Budget တွေနဲ့ ကြိုးကိုင်ခံနေရလို့ဖြစ်ပါတယ်။

🔲အကယ်၍ လက်ခံထားပြီးသား Client A က အကြောင်းတစ်ခုခုကြောင့် ကျွန်တော်တို့နဲ့ ဆက်ပြီး လက်မတွဲဖြစ်တော့ရင်တော့ ကျွန်တော်တို့ဘက်က Client B အတွက် Facebook Livesales Ads တွေ ကို လက်ခံဆောင်ရွက်ပေးမှာဖြစ်ပါတယ်ခင်ဗျ။

🔲 ကျွန်တော်တို့ရဲ့ ယုံကြည်ချက်၊ရပ်တည်ချက်ရယ် အကျိုးအမြတ်ရယ် ၂ ခု ယှဉ်လာပြီ
၂ ခုထဲက တစ်ခုကိုပဲ ရွေးချယ်ပါဆိုရင်တော့ ကျွန်တော်တို့က အမြဲတမ်း ယုံကြည်ချက်၊ရပ်တည်ချက် ဘက်ကိုသာ ရွေးချယ်မှာဖြစ်ပါတယ်။

ငွေကြေး(အကျိုးအမြတ်) ဆိုတာ
ခိုင်မာတဲ့ ယုံကြည်ချက်၊ရပ်တည်ချက် တွေရဲ့
Side Effect မျှသာဖြစ်ပါကြောင်း။
နားလည်ပေးမူ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဗျ။

08/07/2026

💰📈 "သင့်ကို လူတစ်ယောက်က ရွှေတွေအများကြီး ပေးသွားမယ်ဆိုရင် အဲဒီရွှေတွေကို လုံခြုံအောင် မြေကြီးထဲမှာပဲ မြှုပ်ထားမလား... ဒါမှမဟုတ် နှစ်ဆတိုးအောင် ရင်းနှီးမြှုပ်နှံမလား?
ဒီနေ့မှာတော့ သင့်ဘဝကို ပြောင်းလဲစေမယ့် 'ပေးအပ်ခံရသော အရင်းအနှီးများ ပုံပြင် (Parable of the Talents)' အကြောင်း ပြောပြချင်ပါတယ်။ ✨

💡"ကျွန်မဘ၀မှာ အကြောက်ရွံ့ဆုံးက ရှုံးသွားမှာကို မဟုတ်ဘူး... ဘာမှ မတိုးတက်လာဘဲ ဒီအတိုင်း ရပ်တန့်နေတာကိုပဲ"

🧑‍💼 မဝင့်သန္တာက သူ့ရှေ့မှာ မျက်နှာငယ်လေးနဲ့ ထိုင်နေတဲ့ Online Shop လုပ်နေသူ လူငယ်လေး ညီညီ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။ ညီညီက အခုတလော လုပ်ငန်းလေး နည်းနည်း အမြတ်ထွက်နေပေမယ့်၊ အဲဒီအမြတ်ငွေတွေကို ကြော်ငြာဘက်မှာဖြစ်ဖြစ်၊ ပစ္စည်းအသစ် ထပ်သွင်းဖို့ဖြစ်ဖြစ် ပြန်မရင်းနှီးရဲဘဲ အရှုံးပေါ်သွားမှာကို အရမ်းကြောက်နေရှာတယ်။

☕📖 ဒီတော့ မဝင့်သန္တာက ကော်ဖီခွက်လေးကို ချပြီး နာမည်ကြီး ရှေးဟောင်းပုံပြင်လေး တစ်ပုဒ်ကို စတင်ပြောပြပါတော့တယ်။

ရွှေဒင်္ဂါးပြား ပုံပြင် (Parable of the Talents) 🪙
💰ရှေးခေတ်တုန်းက အရမ်းချမ်းသာတဲ့ ကုန်သည်ကြီးတစ်ယောက် ရှိတယ်။ သူက ခရီးဝေးထွက်သွားစရာ ရှိတာကြောင့် သူ့ရဲ့ တပည့်သုံးယောက်ကို ခေါ်ပြီး ပိုင်ဆိုင်မှုတွေကို ခွဲဝေအပ်နှံခဲ့တယ်။ ပထမတပည့်ကို ရွှေဒင်္ဂါး (၅) ပြား၊ ဒုတိယတပည့်ကို (၂) ပြား နဲ့ တတိယတပည့်ကိုတော့ (၁) ပြား ပေးခဲ့တယ်။

📈 ကုန်သည်ကြီး ထွက်သွားတာနဲ့ ပထမတပည့်က အဲဒီရွှေဒင်္ဂါးတွေကို ဈေးကွက်ထဲမှာ ရင်းနှီးမြှုပ်နှံပြီး အရောင်းအဝယ်လုပ်တာ နောက်ထပ် ရွှေဒင်္ဂါး (၅) ပြား အမြတ်ထွက်လာတယ်။ ဒုတိယတပည့်ကလည်း သူရထားတဲ့ (၂) ပြားနဲ့ ကြိုးစားပမ်းစား အလုပ်လုပ်လိုက်တာ နောက်ထပ် (၂) ပြား ထပ်ရလာတယ်။

🕳️ ဒါပေမဲ့ တတိယတပည့်ကတော့ တွေးတယ်။ "ငါ့သခင်က အရမ်းစည်းကမ်းကြီးတာ။ ငါသာ အရောင်းအဝယ်လုပ်ရင်း ဒီရွှေဒင်္ဂါးလေး (၁) ပြားပါ ရှုံးသွားရင်တော့ ငါ့ကို သတ်ပစ်လိမ့်မယ်" ဆိုပြီး ကြောက်စိတ်ဝင်သွားတယ်။ ဒါနဲ့ သူက ဘာအလုပ်မှ မလုပ်တော့ဘဲ အဲဒီရွှေဒင်္ဂါးလေးကို မြေကြီးထဲမှာ တိတ်တိတ်လေး သွားမြှုပ်ထားလိုက်တယ်။

🎁အချိန်တွေ အကြာကြီး ကြာပြီးတဲ့နောက် သခင်ကြီး ပြန်ရောက်လာတယ်။ ပထမတပည့်နဲ့ ဒုတိယတပည့်က သူတို့ရှာဖွေထားတဲ့ အမြတ်ငွေတွေကို ဂုဏ်ယူဝင့်ကြွားစွာ ပြသတဲ့အခါ သခင်ကြီးက အရမ်းသဘောကျပြီး ဆုလာဘ်တွေ အများကြီး ထပ်ပေးတယ်။

😨 တတိယတပည့် အလှည့်ရောက်တော့ သူက မြေကြီးထဲက တူးလာတဲ့ ရွှေဒင်္ဂါး (၁) ပြားကို ပြန်ပေးရင်း "သခင်ကြီး... ကျွန်တော် ရှုံးသွားမှာ ကြောက်လို့ ဒီအတိုင်းလေး သိမ်းထားပေးတာပါ" လို့ ပြောလိုက်တယ်။
အဲဒီအခါ သခင်ကြီးက အရမ်းဒေါသထွက်သွားတယ်။ "မင်း အရှုံးကို ကြောက်ရင်တောင် ဒီငွေကို ငွေတိုးပေးတဲ့သူတွေဆီ သွားအပ်ထားရင် အတိုးလေးတော့ ရဦးမယ်။ အခုတော့ မင်းရဲ့ ကြောက်စိတ်ကြောင့် ငါ့ရဲ့အရင်းအနှီးဟာ ဘာတန်ဖိုးမှ မတက်လာဘဲ အလဟဿ ဖြစ်သွားပြီ" ဆိုပြီး အဲဒီတပည့်ကို အပြင်းအထန် အပြစ်ပေးလိုက်ပါတော့တယ်။ 📉

ကျွန်တော်တို့ အားလုံးအတွက် သင်ခန်းစာ 🎯
ပုံပြင်လေး အဆုံးမှာ မဝင့်သန္တာက ညီညီ့ကို သေချာကြည့်ပြီး ရှင်းပြပါတယ်။
🗝️"ညီညီ... စီးပွားရေးလောကမှာလည်း အတူတူပဲ။ ပုံပြင်ထဲက ရွှေဒင်္ဂါး (Talents) ဆိုတာ အခုခေတ်မှာဆိုရင် ငါတို့ပိုင်ဆိုင်ထားတဲ့ 'အရင်းအနှီး၊ အချိန်၊ ကျွမ်းကျင်မှု နဲ့ ဖောက်သည် (Audience)' တွေပဲ။ လုပ်ငန်းလေး တစ်ခုကနေ အမြတ်လေး နည်းနည်းရလာပြီဆိုရင် အဲဒါကို ရှုံးမှာကြောက်ပြီး သေတ္တာထဲ ထည့်သော့ခတ်ထားလို့ မရဘူး။"

🚀 "မင်း ရထားတဲ့ အမြတ်ကို ကိုယ့်လုပ်ငန်း ပိုကောင်းလာအောင် (ဥပမာ - ကြော်ငြာတွေ ပိုလုပ်ဖို့၊ ဝန်ဆောင်မှု ပိုကောင်းအောင်လုပ်ဖို့၊ ပစ္စည်းအသစ်တွေ ထပ်ဖန်တီးဖို့) ပြန်ပြီး မရင်းနှီးမြှုပ်နှံဘူး ဆိုရင်... မင်းဟာ ရွှေဒင်္ဂါးကို မြေမြှုပ်ထားတဲ့ တတိယတပည့်နဲ့ အတူတူပဲ။ စီးပွားရေးမှာ ဘာမှမလုပ်ဘဲ ငြိမ်နေတာဟာ အလုံခြုံဆုံးလို့ ထင်ရပေမယ့်၊ တကယ်တမ်းကျတော့ ငွေကြေးဖောင်းပွမှုနဲ့ ပြိုင်ဘက်တွေရဲ့ အရှိန်အဟုန်အောက်မှာ မင်းလုပ်ငန်းလေးက အလိုလို ကျဆင်းပြီး ပျောက်ကွယ်သွားလိမ့်မယ်။"

💪✨ ညီညီ တစ်ယောက် မဝင့်သန္တာရဲ့ စကားတွေကြောင့် အကြောက်တရားတွေ လွင့်စင်သွားပြီး၊ သူ့လုပ်ငန်းကို ဘယ်လို ရှေ့ဆက် တိုးချဲ့ရမလဲဆိုတဲ့ ခွန်အားတွေ ရရှိသွားပါတော့တယ်။

❓ Final Question:
ဒီပုံပြင်လေးကို ဖတ်ပြီးသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။
"သင် အခု လက်ရှိ ရရှိထားတဲ့ အရင်းအနှီးနဲ့ အရည်အချင်းတွေကို အတိုးချပြီး အသုံးချနေသလား? ဒါမှမဟုတ် အရှုံးကိုကြောက်တဲ့စိတ်နဲ့ မြေကြီးထဲမှာပဲ မြှုပ်ထားမိနေသလား?" 🤔
💬👇 (သင့်ရဲ့ အမြင်လေးတွေကို Comment မှာ မျှဝေဆွေးနွေးပေးသွားပါဦးခင်ဗျာ။)

24/06/2026

၂၅ နှစ် လောက် ရှာဖွေလိုက်ရတဲ့ အမှန်တရားတစ်ခု

21/06/2026

💡 သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ လူမသိ၊သူမသိ ပျောက်ကွယ်မသွားစေဖို့... လူထောင်ပေါင်းများစွာဆီ တိုက်ရိုက်ရောက်ရှိမယ့် Digital Phoenix ရဲ့ Facebook & Tiktok Boosting Service 🚀

📈 လူမသိသူမသိ အခြေအနေကနေ လုပ်ငန်းကို အရှိန်အဟုန်နဲ့ တိုးတက်စေဖို့... ဝယ်ယူမယ့် ဖောက်သည်စစ်စစ်တွေကို Chat Box ထဲ ခေါ်ဆောင်လာပေးမယ့် ဝန်ဆောင်မှုတွေ ကမ်းလှမ်းပါရစေ 💬🤝

18/06/2026

"ဖြူစင်ခြင်းဆိုတာ အမြင်မှာဖြူတာထက် ဖြူစေတဲ့ ခံစားမူ့ရနံ့ကြောင့် ပိုပြီး ဖြူစင်တယ်လို့ ခံစားရစေတာပါ။"

ဆပ်ပြာမှုန့်ကြော်ငြာ
Detergent Commercial Created with Google Flow AI

27/05/2026

ပစ္စည်းတူ/စျေးတူ ပြိုင်ဘက်တွေကြားထဲမှာ
သင့် Online Shop ကို ကာကွယ်ပေးမယ့် လျှို့ဝှက်ချက်
(Economic Moats)

Facebook နဲ့ TikTok တွေမှာ ဈေးရောင်းရတာက နေ့စဉ်နဲ့အမျှ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ အလုပ်တစ်ခုပါ။

ကိုယ်က ပစ္စည်းအသစ်လေးတစ်ခု တင်ရောင်းလိုက်တယ်၊ Promotion အလန်းစားလေးတွေ ပေးလိုက်တယ်ဆိုတာနဲ့ နောက်ရက်ကျရင် တခြားဆိုင်တွေက အဲဒီပစ္စည်းမျိုးကိုပဲ စျေးပိုချပြီး လိုက်ရောင်းလာကြပြီ။
ကိုယ့်ရဲ့ Content ပုံစံတွေ၊ စကားပြောဟန်တွေကိုပါ ပြိုင်ဘက်တွေက အလွယ်တကူ ကူးချလာကြတယ်။ နောက်ဆုံးတော့ စျေးကွက်ထဲမှာ Price Wars (စျေးချယှဉ်ပြိုင်ခြင်း) တွေဖြစ်လာပြီး အမြတ်တွေ နည်းလာသလို၊ ဖောက်သည်တွေလည်း ဟိုဆိုင်ပြောင်း၊ ဒီဆိုင်ပြောင်း ဖြစ်ကုန်ပါတော့တယ်။

ဒီလို နေ့စဉ်ကြုံတွေ့နေရတဲ့ Online Shop Admin တွေရဲ့ ပြဿနာတွေကို ကျော်လွှားဖို့ ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းကြီးတွေ အသုံးပြုတဲ့ "Economic Moat (စီးပွားရေးခံတပ်)" ဆိုတဲ့ လျှို့ဝှက်ချက်ကို လေ့လာကြည့်ရအောင်။

ိုတာ_ဘာလဲ?

Moat ဆိုတာ ရှေးခေတ်ရဲတိုက်ကြီးတွေရဲ့ ဘေးပတ်လည်မှာ ရန်သူတွေ အလွယ်တကူ မဝင်နိုင်အောင် တူးထားတဲ့ "ရေကျုံးကြီး" ကို ခေါ်တာပါ။ စီးပွားရေးမှာတော့ ပြိုင်ဘက်တွေ လွယ်လွယ်နဲ့ လိုက်မတုပနိုင်အောင်၊ ဖောက်သည်တွေ ကိုယ့်ဆီကနေ ထွက်မသွားအောင် ကာကွယ်ပေးထားတဲ့

✅ "ရေရှည် ယှဉ်ပြိုင်မှုဆိုင်ရာ အားသာချက်
(Long-term_Competitive_Advantage)" ပဲ ဖြစ်ပါတယ်။

Moat မရှိတဲ့ လုပ်ငန်း ( )
ပြိုင်ဘက်တွေက သင့်ပစ္စည်းနဲ့ နည်းဗျူဟာကို အလွယ်တကူ ကူးချမယ်။
စျေးနှုန်းတွေ အပြိုင်အဆိုင် ချရောင်းရမယ်။
အမြတ်ငွေတွေ တဖြည်းဖြည်း ကျဆင်းလာမယ်။
ဖောက်သည်တွေက အလွယ်တကူပဲ တခြားဆိုင်ကို ပြောင်းသွားကြမယ်။

Moat ရှိတဲ့ လုပ်ငန်း ( )
ဖောက်သည်တွေက သင့်အပေါ် သစ္စာရှိကြမယ် (Loyal Customers)။
အမြတ်အစွန်းတွေ ခိုင်ခိုင်မာမာ ရရှိမယ်။
ပြိုင်ဘက်တွေက သင့်ကို လိုက်ယှဉ်ပြိုင်ဖို့ ရုန်းကန်ရမယ်။
အချိန်ကြာလာတာနဲ့အမျှ လုပ်ငန်းက ပိုပြီး တန်ဖိုးကြီးလာမယ်။

ရှင်းလင်းလွယ်ကူတဲ့ ကော်ဖီဆိုင် (၂) ဆိုင် ဥပမာ

ဒီသဘောတရားကို သေချာနားလည်ဖို့ ကော်ဖီဆိုင် (၂) ဆိုင်ရဲ့ အခြေအနေကို ယှဉ်ကြည့်ပါ။

▪️ ကော်ဖီဆိုင် (A): ရိုးရိုး ကော်ဖီပဲ ရောင်းတယ်။ ခိုင်မာတဲ့ Brand Name မရှိဘူး။ သစ္စာရှိတဲ့ ဖောက်သည် မရှိဘူး။ ဒါကြောင့် ဘယ်သူမဆို ဒီဆိုင်မျိုးကို အလွယ်တကူ လိုက်ဖွင့်ပြီး ယှဉ်ပြိုင်လို့ရတယ်။

▪️ ကော်ဖီဆိုင် (B): နာမည်ကြီး Brand တစ်ခုဖြစ်နေပြီ။ ဖောက်သည်တွေနဲ့ ခိုင်မာတဲ့ Community တစ်ခု တည်ဆောက်ထားတယ်။ App လေးနဲ့ Point တွေ စုလို့ရတဲ့ Reward System လည်း ရှိတယ်။ ဖောက်သည်တွေက ဆိုင်မှာ ဓာတ်ပုံရိုက်ပြီး တင်ကြတယ်၊ သူငယ်ချင်းတွေကိုလည်း လာသောက်ဖို့ အကြံပေးကြတယ်။ ဒီလိုဆိုင်မျိုးကို ပြိုင်ဘက်တွေက လိုက်ယှဉ်ပြိုင်ဖို့၊ ဖောက်သည်တွေကို လုယူဖို့ဆိုတာ အရမ်းကို ခက်ခဲသွားပါပြီ။

ကော်ဖီဆိုင် (ခ) ကို ကာကွယ်ပေးထားတာဟာ သူ့ရဲ့ Economic Moat ပါပဲ။

Online Shop တွေ တည်ဆောက်နိုင်တဲ့ Moat (၅) မျိုး
SME လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်လုပ်ငန်းမှာ ဒီ Moat (၅) မျိုးထဲက ဘယ်အရာကို တည်ဆောက်မလဲဆိုတာ စဉ်းစားကြည့်ပါ။

၁။
(လူများလေလေ ပိုကောင်းလေလေ)

သုံးတဲ့သူ များလာလေ၊ လုပ်ငန်းက ပိုတန်ဖိုးရှိလာလေပါပဲ။ (ဥပမာ - Facebook, TikTok)။ Online Shop တွေအနေနဲ့ သင့်ဆိုင်က ဖောက်သည်တွေ အချင်းချင်း စကားပြောလို့ရတဲ့၊ Review တွေ ဖလှယ်လို့ရတဲ့ Active ဖြစ်တဲ့ Facebook Community Group လေးတစ်ခု ရှိနေတာက ပြိုင်ဘက်မတုပနိုင်တဲ့ သင့်ရဲ့ Moat ပါပဲ။

၂။
(မျက်လုံးနှင့် မမြင်နိုင်သောတန်ဖိုးများ)

ဒါဟာ မမြင်ရပေမယ့် တကယ်တန်ဖိုးရှိတဲ့ အရာတွေပါ။ သင့်ဆိုင်ရဲ့ Brand နာမည်၊ ဖောက်သည်တွေအပေါ် ထားရှိတဲ့ ရိုးသားမှု၊ ပွင့်လင်းမှုနဲ့ ယုံကြည်မှု (Trust) တွေဟာ ပြိုင်ဘက်တွေ ဘယ်တော့မှ ကူးချလို့မရတဲ့ အရာတွေ ဖြစ်ပါတယ်။ (ဥပမာ - Apple, Nike)

၃။
(ကုန်ကျစရိတ် သက်သာမှု)

တခြားဆိုင်တွေထက် ပစ္စည်းကို ပိုမိုသက်သာတဲ့ စရိတ်နဲ့ ထုတ်လုပ်နိုင်စွမ်း (သို့) စက်ရုံကနေ တိုက်ရိုက် သက်သာစွာ ယူနိုင်စွမ်း ဖြစ်ပါတယ်။ (ဥပမာ - Walmart)

၄။
(ကူးပြောင်းရန် ခက်ခဲခြင်း)

သင့်ဆိုင်ကနေ တခြားဆိုင်ကို ပြောင်းဝယ်ဖို့ ဖောက်သည်တွေအတွက် နှမြောစရာ၊ အဆင်မပြေစရာ ဖြစ်နေတာမျိုးပါ။ သင့်ဆိုင်မှာ Membership Point တွေ၊ Reward တွေ အများကြီး စုမိနေပြီဆိုရင် ဖောက်သည်က နောက်တစ်ဆိုင်ကို ပြောင်းဝယ်ဖို့ ဝန်လေးသွားပါပြီ။

၅။
(ထိရောက်သော ပမာဏ)

ဒါကတော့ ဈေးကွက်တစ်ခုလုံးကို ကိုယ်ကပဲ အဓိက လွှမ်းမိုးထားနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ (ဥပမာ - လေဆိပ်များ၊ ဆက်သွယ်ရေးလုပ်ငန်းကြီးများ)။

အသေးစားလုပ်ငန်းရှင်များအတွက် အဓိက သင်ခန်းစာ
(The Big Business Lesson)

စီးပွားရေးလောကမှာ အလွန်အရေးကြီးတဲ့ အမှန်တရား (Important Truth) တစ်ခု ရှိပါတယ်။ အဲဒါကတော့ "ထုတ်ကုန်ပစ္စည်း (Products)၊ ကြော်ငြာ (Ads) နဲ့ စျေးနှုန်း (Prices) တွေကို ပြိုင်ဘက်တွေက အလွယ်တကူ ကူးချလို့ရတယ်" ဆိုတာပါပဲ။ ဒါပေမဲ့ "ဖောက်သည် Community တွေ၊ Brand တွေ၊ လူတွေရဲ့ အလေ့အကျင့်တွေနဲ့ လုပ်ငန်းစနစ်တွေကိုတော့ ဘယ်သူမှ လွယ်လွယ်နဲ့ ကူးချလို့ မရပါဘူး။"

Weak Business (အားနည်းသောလုပ်ငန်း): ပစ္စည်းကောင်းရုံ သက်သက်ပဲရှိတယ်။ ပြိုင်ဘက်က ချက်ချင်း ကူးချမယ်။ အမြတ်တွေ ပျောက်ဆုံးသွားမယ်။

Strong Business (ခိုင်မာသောလုပ်ငန်း): ပစ္စည်းကောင်းတယ် + Moat (စီးပွားရေးခံတပ်) အခိုင်အမာ ရှိတယ်။ ဖောက်သည်တွေ ထွက်မသွားဘူး။ ပြိုင်ဘက်တွေ ရုန်းကန်ရမယ်။ ရေရှည်မှာ အမြတ်အစွန်းတွေ ဆက်တိုက် တိုးတက်လာမယ်။

သင်၏ နောက်ဆုံးပန်းတိုင် (Final Goal)
အသေးစား လုပ်ငန်းလေးတွေမှာတောင်မှ သစ္စာရှိတဲ့ ဖောက်သည် Community တွေ၊ အကောင်းဆုံး Customer Experience တွေ၊ ခိုင်မာတဲ့ Branding နဲ့ Membership စနစ်တွေကနေတစ်ဆင့် ကိုယ်ပိုင် စီးပွားရေးခံတပ် (Moats) တွေကို တည်ဆောက်လို့ ရပါတယ်။

ဒါကြောင့် ယနေ့ကစပြီး…

✅ "လူတွေ လာဝယ်ချင်တဲ့ လုပ်ငန်းတစ်ခု (Business people buy from) တည်ဆောက်ရုံနဲ့ မရပ်တန့်ပါနဲ့။

✅ လူတွေ စွန့်ခွာမသွားချင်တော့တဲ့ လုပ်ငန်းတစ်ခု (Business people don't want to leave) ဖြစ်အောင် တည်ဆောက်ပါ။"

25/04/2026

Online လုပ်ငန်း တစ်ခု စတင်တော့မယ်ဆိုရင် မဖြစ်မနေ သိထားရမယ့် အချက် (၇) ချက်

✅ ၁။ Start with "Why"
(ဘာကြောင့် လုပ်တာလဲဆိုတာ အရင်ဆုံး မေးပါ)
လူတွေက သင် ဘာ ရောင်းသလဲဆိုတာထက် သင် ဘာကြောင့် ရောင်းသလဲဆိုတဲ့ အချက်ကို ပိုပြီး ဝယ်ယူကြတာပါ။ အမြတ်ရဖို့ထက် ပိုတဲ့ ရည်ရွယ်ချက် (ဥပမာ- Customer တွေရဲ့ ပြဿနာတစ်ခုကို ဖြေရှင်းပေးချင်တာမျိုး) ရှိဖို့ လိုပါတယ်။ သင်ယုံကြည်တဲ့ Value ကို ချပြနိုင်မှသာ ခိုင်မာတဲ့ Brand တစ်ခု ဖြစ်လာမှာပါ။

✅ ၂။ Target Market ကို အတိအကျ သိပါ
(လူတိုင်းကို မရောင်းပါနဲ့)
"လူတိုင်းက ငါ့ Customer ပဲ" လို့ သတ်မှတ်တာဟာ ကျရှုံးဖို့ လမ်းစပါပဲ။ သင့်ပစ္စည်းက ဘယ်သူတွေအတွက်လဲ? သူတို့ ဘယ်မှာ နေသလဲ? ဘာကို ကြောက်ပြီး ဘာကို ဝယ်ချင်တာလဲ? ဆိုတာကို အသေးစိတ် ခွဲခြားပါ။ Target ကျဉ်းလေလေ၊ Marketing က ပိုထိရောက်လေလေပါပဲ။

✅ ၃။ Start with Small
(သေးသေးကနေ စပါ)
စစချင်းမှာ အကြီးကြီးတွေ ရင်းနှီးမြှုပ်နှံတာထက် ရှိတဲ့ အရင်းအနှီးနဲ့ တတ်နိုင်တဲ့ ပမာဏကနေ စတင်ပါ။ ရှုံးနိမ့်ခဲ့ရင်တောင် နာကျင်မှု သက်သာသလို၊ ပြန်ပြင်ဖို့လည်း လွယ်ကူပါတယ်။ သင်ယူရင်းနဲ့မှ တဖြည်းဖြည်း ချဲ့ထွင်သွားပါ။

✅ ၄။ Build Trust Slowly
(ယုံကြည်မှုကို တဖြည်းဖြည်း တည်ဆောက်ပါ)
Online လုပ်ငန်း တစ်ခုအတွက် အသက်က "ယုံကြည်မှု" ပါ။ ယုံကြည်မှုဆိုတာ တစ်ရက်တည်းနဲ့ တည်ဆောက်လို့ မရပါဘူး။ မှန်ကန်တဲ့ သတင်းအချက်အလက် ပေးတာ၊ Customer Review တွေကို တလေးတစား တုံ့ပြန်တာတွေကနေတစ်ဆင့် ရေရှည်ခိုင်မြဲတဲ့ Trust ကို ရယူပါ။

✅ ၅။ Content is Your Storefront
(Content က သင့်ဆိုင်မျက်နှာစာပဲ)
Online မှာ ဆိုင်ခန်း မရှိတဲ့အတွက် သင့်ရဲ့ ပုံရိပ်ဟာ သင်တင်တဲ့ Content ပေါ်မှာပဲ မူတည်ပါတယ်။ ပစ္စည်းကောင်းကြောင်းပဲ အော်မနေဘဲ လူတွေကို ဗဟုသုတပေးတဲ့ Content၊ သူတို့ရဲ့ နေထိုင်မှုပုံစံကို အထောက်အကူပြုတဲ့ Content မျိုးတွေနဲ့ ဆွဲဆောင်ပါ။

✅ ၆။ Customer Service က Marketing တစ်ခုပဲ
ပစ္စည်းရောင်းပြီးရင် ပြီးပြီလို့ မသတ်မှတ်ပါနဲ့။ စုံစမ်းတာကို မြန်မြန်ဖြေတာ၊ ပစ္စည်းပို့တာ တိကျတာ၊ ပြဿနာရှိရင် တာဝန်ယူတာတွေက အကောင်းဆုံး Marketing ပါပဲ။ စိတ်ကျေနပ်တဲ့ Customer တစ်ယောက်က သင့်အတွက် နောက်ထပ် Customer ၁၀ ယောက်ကို ခေါ်လာပေးပါလိမ့်မယ်။

✅ ၇။ Data ကို ကြည့်ပြီး ဆုံးဖြတ်ပါ
ကိုယ့်စိတ်ထင်တာနဲ့ လုပ်ငန်းကို မမောင်းနှင်ပါနဲ့။ ဘယ် Content က လူကြည့်များလဲ? ဘယ်အချိန်မှာ လူတွေ ပိုဝယ်လဲ? ဘယ်သူတွေက ပိုစိတ်ဝင်စားလဲ? ဆိုတဲ့ Facebook Insights နဲ့ တခြား Data တွေကို ပုံမှန် စစ်ဆေးပါ။ အချက်အလက်တွေက သင့်ကို မှန်ကန်တဲ့ လမ်းကြောင်းပြပေးပါလိမ့်မယ်။

ဒီ ၇ ချက် အပြင် မိတ်ဆွေတို့ ဆွေးနွေးသွားချင်တဲ့ အချက်အလက်များရှိခဲ့သေးရင် အောက်က Comment မှာ ဝင်ရောက်ဆွေးနွေးသွားခဲ့ကြပါီဦးဗျ။

22/03/2026

page သစ်တစ်ခုကို စနစ်တကျနဲ့ Professional ဆန်ဆန် စတင်နိုင်ဖို့အတွက် အဓိက ပြင်ဆင်ထားရမယ့် အခြေခံအချက် (၆) ချက် ရှိပါတယ်။

(page Setup Beginner Guide)

page တစ်ခုအတွက် မရှိမဖြစ် အခြေခံများ

✅ ၁။ စီမံခန့်ခွဲမယ့် ကိုယ်ပိုင်အကောင့် (Personal Account)
Page တစ်ခုဖန်တီးဖို့အတွက် သင့်မှာ သာမန် Facebook အကောင့်တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ အဲဒီအကောင့်ကနေတစ်ဆင့် Page ကို ဖန်တီးပြီး Admin အနေနဲ့ စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။

✅ ၂။ မှန်ကန်တဲ့ နာမည်နှင့် အမျိုးအစား (Page Name & Category)
Page Name: လူတွေ မှတ်မိလွယ်ပြီး ရှာရလွယ်တဲ့ လုပ်ငန်းနာမည် ဖြစ်ရပါမယ်။

Category: ကိုယ့်လုပ်ငန်းနဲ့ အကိုက်ညီဆုံး အမျိုးအစား (ဥပမာ - Clothing (Brand), Business Consultant, E-commerce Website) ကို ရွေးချယ်ရပါမယ်။ ဒါမှ Facebook က သက်ဆိုင်ရာ စိတ်ဝင်စားသူတွေဆီ ပြသပေးမှာပါ။

✅ ၃။ အမြင်အာရုံ ဆွဲဆောင်မှု (Profile & Cover Photos)
Profile Picture: လုပ်ငန်းရဲ့ Logo သို့မဟုတ် Consultant တစ်ယောက်ဆိုရင် ရှင်းလင်းပြတ်သားတဲ့ ကိုယ်ပိုင်ဓာတ်ပုံကို သုံးသင့်ပါတယ်။
Cover Photo: ကိုယ့်လုပ်ငန်းက ဘာဝန်ဆောင်မှုပေးလဲ၊ ဘာတွေရောင်းလဲဆိုတာကို ဝင်လာတာနဲ့ တစ်ခါတည်း သိသာစေမယ့် ကြော်ငြာပိုစတာ ဒါမှမဟုတ် ဆိုင်ပုံစံမျိုး တင်ထားဖို့ လိုပါတယ်။

✅ ၄။ ပြည့်စုံတဲ့ အချက်အလက်များ (About Section)
Bio/Description: Page က ဘာလုပ်သလဲ ဆိုတာကို စာကြောင်းတိုတိုနဲ့ ထိထိမိမိ ရေးထားရပါမယ်။
Contact Info: ဖုန်းနံပါတ်၊ လိပ်စာ၊ Email နဲ့ Website (ရှိလျှင်) တို့ကို Customer တွေ အလွယ်တကူ ဆက်သွယ်နိုင်အောင် အတိအကျ ထည့်သွင်းထားဖို့ အရေးကြီးပါတယ်။

✅ ၅။ အရေးပါတဲ့ လုပ်ဆောင်ချက် ခလုတ် (Call-to-Action / CTA Button)
Page ကို ဝင်လာတဲ့သူတွေ ချက်ချင်း ဆက်သွယ်နိုင်အောင် "Send Message"၊ "Call Now" ဒါမှမဟုတ် "Shop on Website" စတဲ့ ခလုတ်တစ်ခုခုကို ထည့်သွင်းထားရပါမယ်။

✅ ၆။ ဖိတ်ခေါ်ဖို့ အသင့်ဖြစ်နေသော အစပျိုး Content များ
(Initial Posts)
Page ထောင်ပြီးတာနဲ့ လူတွေကို ချက်ချင်း Invite မလုပ်ပါနဲ့ဦး။ Page ထဲကို ဝင်လာတဲ့အခါ လေ့လာစရာ အကြောင်းအရာလေးတွေ ရှိနေဖို့အတွက် အနည်းဆုံး Welcome Post တစ်ခု၊ ဝန်ဆောင်မှုအကြောင်း Post တစ်ခုနဲ့ တန်ဖိုးရှိတဲ့ အသိပညာပေး Post (Value Content) စုစုပေါင်း ၃ ခုလောက် အရင်တင်ထားသင့်ပါတယ်။

▪️ အခုလို အခြေခံအချက်တွေကို စနစ်တကျ ပြင်ဆင်ပြီးမှ page ကို စတင်မယ်ဆိုရင် သင့် Page ဟာ “သေချာပြင်ဆင်ထားတဲ့ Business Asset” တစ်ခုလို ဖြစ်လာပါလိမ့်မယ်။

▪️ page ဆိုတာ ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့ အရာတစ်ခုမဟုတ်ဘဲ သင့်လုပ်ငန်းရဲ့ Digital Storefront တစ်ခုပါပဲ။

▪️ Customer တစ်ယောက် ဝင်လာတဲ့အချိန်မှာ “ယုံကြည်လို့ရလား၊ Professional ဆန်လား” ဆိုတာကို စက္ကန့်အနည်းငယ်အတွင်း ဆုံးဖြတ်သွားကြပါတယ်။

▪️ ဒါကြောင့်… အစကတည်းက မှန်မှန်ကန်ကန် တည်ဆောက်ထားနိုင်ခြင်းဟာ နောက်ပိုင်း Marketing Result တွေအပေါ် တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။

“Page တစ်ခုဖန်တီးတာမဟုတ်ဘူး — Brand တစ်ခုကို စတင်တည်ဆောက်နေတာပါ”

▪️ ဒီ mindset နဲ့ စတင်နိုင်ခဲ့မယ်ဆိုရင်
သင့် Page ဟာ Long-term မှာ သင့်ကို အကျိုးအမြတ်ပြန်လည်ပေးနိုင်မယ့် Asset တစ်ခု ဖြစ်လာမှာပါ။

Telephone

Website

Address


Kyi Myindaing Night Market
Yangon
11121

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Digital Phoenix posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.