Nobel Guide Japanese Language Center
JAPANESE LANGUAGE CENTER / JAPANESE NOTARY SERVICE
16/07/2026
🇯🇵* Campus (၄) ခုရှိတဲ့ တိုကျိုမြိုလယ်က
Japanese Language School ကနေ
ကျောင်းခေါ်စာလေးရောက်ရှိထားပါတယ်... 💙
ဘယ်လိုလူတွေ တက်ရောက်လိုရမလဲဆိုရင်တော့…
✨ ဂျပန်စာ N4 Level အောင်မြင်ထားသူများ လျှောက်ထားနိုင်ပါတယ်။
(JLPT အောင်လက်မှတ်ရှိသူများကို ဦးစားပေးပါမယ်။
NAT-Test အောင်လက်မှတ်လည်း လက်ခံပါတယ်ရှင့်။)
✨ အသက် ၂၆ နှစ်အောက် ဖြစ်ရမှာဖြစ်ပြီး ကျား/မ မရွေး လျှောက်ထားနိုင်ပါတယ်။
✨ Passport PV / PE လက်ဝယ်ရှိသူများ ဖြစ်ရပါမယ်ရှင့်။
🏫 ဒီကျောင်းလေးမှာတော့ Campus (၄) ခုရှိပြီး
Campus (၄) ခုထဲက (၃) ခုကတော့ Tokyo မြိုပတ်ရထားလိုင်းပေါ်မှာ
တည်ရှိတာကြောင့် သွားလာရေးအရမ်းအဆင်ပြေပါတယ်နော်...
ကျောင်းဘက်ကလည်း ကျောင်းသား/ကျောင်းသူတွေအတွက်
အဆင်ပြေမယ့် Campus ကို ရွေးချယ်ပေးသွားမှာပါ 🤍
📝 Interview ဖြေဆိုတဲ့အချိန်မှာတော့
✅ ဂျပန်စာအောင်လက်မှတ်
✅ Passport (In Hand)
တိုကို ယူဆောင်လာပြီး ပြသပေးရပါမယ်ရှင့်။
🎓 2027 April Intake အတွက် အခုကတည်းက လျှောက်ထားနိုင်ပါပြီရှင့်။
ဂျပန်မှာ ပညာသင်ယူဖို စိတ်ဝင်စားတဲ့သူများအတွက်
အသေးစိတ်အချက်အလက်တွေကို
Messenger ကနေ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်ရှင့် 💬
🇯🇵 *Tokyo မှာ ကိုယ့်ရဲ့ အနာဂတ်လမ်းကြောင်းကို စတင်ဖို
အခွင့်အရေးကောင်းလေးတစ်ခုပါနော်...
Nobel Guide Japanese Language Center
🏢 သင်တန်းကျောင်းတည်နေရာ
အမှတ် (၁၂၉၀)၊ (ပထမထပ်)၊ မြင်တော်သာလမ်း၊ သာကေတမြိုနယ်။
📞 ဆက်သွယ်ရန်
📱09 541 90 33
📱 09 427 887 770
📱 09 427 887 772
📱 09 756 600 246
14/07/2026
2027 April Intake အတွက် Tokyo မြို့ class 1
ကျောင်းအတွက် အင်တာဗျူးဖြေဆိုသွားသော ညီမ
ငယ် သုံးယောက်လုံး အောင်မြင်ပြီး Sakura မြေသို့
အမြန်ဆုံး ရောက်ရှိပါစေကြောင်း ဆုတောင်း
ပေးလိုက်ပါတယ် ။
🏢 သင်တန်းကျောင်းတည်နေရာ
Yangon Branch: အမှတ် (၁၂၉၀)၊ (ပထမထပ်)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်။
📞 ဆက်သွယ်ရန်ဖုန်းနံပါတ်များ
📱 09 427 887 770
📱 09 427 887 772
📱 09 756 600 246
12/07/2026
2027 April Inatke အတွက် seminar ပွဲလေးလုပ်ရင်း
14.6.2026 ခုနှစ်က Nat Test examination ဖြေဆို
အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများအား
ဆုပေးချီးမြှင့် Novel Guide မှာ ကြိုးစားတဲ့
ကျောင်းသား ကျောင်းသူများအတွက် နေရာအမြဲရှိ
တဲ့အတွက် အတန်းသစ်များကို အမြန်ဆုံး လာရောက်
သင်ယူကြပါ။
08/07/2026
🇯🇵 ဂျပန်လူမျိုး ဆရာမကြီး Michiko Sensei ကိုယ်တိုင် သင်ကြားပေးမယ့်
JLPT N3 Class လေး စတင်ဖွင့်လှစ်ပါပြီ ✨
လာမယ့် ဒီဇင်ဘာလ JLPT စာမေးပွဲ ကို ရည်မှန်းထားတဲ့သူတွေအတွက်
၃ လအတွင်း N3 Level ကို အာရုံစိုက်ပြီး စနစ်တကျ ပြင်ဆင်လေ့လာနိုင်မယ့် Class လေး ဖြစ်ပါတယ်။
ဆရာမကြီး Michiko Sensei ဟာ
မြန်မာလူမျိုးများကို ဂျပန်စာ သင်ကြားပေးခဲ့တဲ့
အတွေ့အကြုံ ၁၂ နှစ်ကျော်ရှိတဲ့ ဆရာမကြီး ဖြစ်ပါတယ်။
ဒါကြောင့် ကျောင်းသားတွေရဲ့ နားလည်မှုအဆင့်နဲ့ အခက်အခဲတွေကို သေချာဂရုစိုက်ပေးပြီး
ဂျပန်ဘာသာကို လွယ်ကူနားလည်စွာ လေ့လာနိုင်အောင်၊ တိုးတက်မြန်ဆန်လာအောင်
စနစ်တကျ လမ်းညွှန်သင်ကြားပေးသွားမှာဖြစ်ပါတယ်။💙
📅 သင်တန်းရက်
🗓 ၃၁.၈.၂၀၂၆ မှစတင်၍ တနင်္လာ + အင်္ဂါ (တစ်ပတ် ၂ ရက်)
⏰ 12:30 PM – 2:30 PM
📚 အသုံးပြုမယ့် Text Book
✅ Somatome Kanji
✅ Shinkansen Reading
နှင့် JLPT N3 အတွက် လိုအပ်တဲ့ သင်ခန်းစာများ
💰 သင်တန်းကြေး – 350,000 Ks
🎁 Text Book + Uniform ပါဝင်ပြီးသားဖြစ်ပါတယ်
JLPT N3 ကို အမှတ်ကောင်းကောင်းနဲ့ ဖြေဆိုနိုင်ဖို
ဂျပန်ဆရာမကြီးရဲ့ တိုက်ရိုက်သင်ကြားမှုနဲ့အတူ
သေချာပြင်ဆင်ချင်သူတွေအတွက် အခွင့်အရေးကောင်းလေးပါရှင့် 🇯🇵✨
🏢 သင်တန်းကျောင်းတည်နေရာ
အမှတ် (၁၂၉၀)၊ (ပထမထပ်)၊ မြင်တော်သာလမ်း၊ သာကေတမြိုနယ်။
📞 ဆက်သွယ်ရန်
📱 09 427 887 770
📱 09 427 887 772
📱 09 756 600 246
04/07/2026
5.7.2026 level အသီးသီး JLPT ဖြေမည့် ကလေးများအားလုံး ရွေးချယ်သမျှမှန်ကန်ပြီး ဖြေဆိုအောင်မြင်ကြပါစေ 🙏🙏🙏
03/07/2026
၁။ စာရေးသူရဲ့ ဆိုလိုရင်း/အမြင်ကို မေးခြင်း (主張・意見ကို မေးခွန်းပုံစံ)
👉စာရေးသူက ဒီစာပိုဒ်ကနေတစ်ဆင့် ဘာကို အဓိက ပြောချင်တာလဲဆိုတာကို မေးတာပါ။
* 筆者は...について、どうなると述べているか。
(စာရေးသူက ... နဲ့ပတ်သက်ပြီး ဘာဖြစ်လာမယ်လို့ ဆိုထားသလဲ?)
* 筆者が一番言いたいことは何か。
(စာရေးသူ အဓိက ပြောချင်တဲ့ အချက်က ဘာလဲ?)
🔺အဖြေရှာနည်း
စာပိုဒ်တစ်ခုလုံးကို လျှောက်ဖတ်မနေပါနဲ့။ စာပိုဒ်ရဲ့အဆုံးသတ် (文末)မှာရှိတဲ့ ...だろう (ဖြစ်လိမ့်မယ်)၊ ...ようになる (ဖြစ်လာလိမ့်မယ်)၊ ...ではないでしょうか (မဟုတ်ဘူးလား/ဖြစ်နိုင်ပါတယ်) ဆိုတဲ့ စာရေးသူရဲ့ ကောက်ချက်ဆွဲတဲ့ အသုံးအနှုန်းတွေကို အရင်ဆုံး လိုက်ရှာပြီး ဖတ်ပါ။
၂။ အကြောင်းပြချက်/အသေးစိတ် အချက်အလက်ကို မေးခြင်း (理由・内容ကို မေးခွန်းပုံစံ)
👉စာပိုဒ်ထဲမှာပါတဲ့ အကြောင်းအရာတစ်ခုခု ဘာကြောင့် ဖြစ်ရတာလဲ/အဲဒီအချက်က ဘာကို ဆိုလိုတာလဲဆိုတာကို သေသေချာချာ စိစစ်မေးမြန်းတဲ့ ပုံစံပါ။
*なぜ...なのか。
(ဘာကြောင့် ... ဖြစ်ရတာလဲ?)
* ...とはどういうことか。
(... ဆိုတာ ဘာကို ဆိုလိုတာလဲ?)
🔺အဖြေရှာနည်း
စာပိုဒ်ထဲမှာပါတဲ့ 言い換えるကို Choice ထဲမှာ လိုက်ရှာရပါမယ်။
ဥပမာ - စာပိုဒ်ထဲမှာ 工夫する (ပိုကောင်းအောင် ကြံဆသည်) လို့ ပါဝင်ရင်၊ အဖြေမှန် Choice ထဲမှာ 時間の使い方ကို နားလည်လာသည် ဆိုတဲ့ပုံစံမျိုးနဲ့ အဓိပ္ပာယ်ချင်းတူပြီး စကားလုံးပြောင်းရေးထားတတ်ပါတယ်။
(原因/理由 ကိုမေးတဲ့အခါဖြေရတဲ့ keywords တွေလည်းသိထားပြီးလောက်ပါပြီ)
၃။ မျဉ်းတားထားတဲ့ မေးခွန်းများ (下線部問題ကို မေးခွန်းပုံစံ)
👉Reading ပုစ္ဆာတွေမှာ စကားလုံး/စာကြောင်းတစ်ခုကို မျဉ်းတားပြီး "ဒါဟာ ဘာကို ဆိုလိုတာလဲ?"/ "ဘာကြောင့်လဲ?" လို့ မေးလေ့ရှိတဲ့ ပုံစံပါ။
🔺အဖြေရှာနည်း
အဖြေက အနီးနားမှာပဲရှိပါတယ်။ မျဉ်းတားထားတဲ့ အစိတ်အပိုင်းရဲ့ **အရှေ့စာကြောင်း သို့မဟုတ် အနောက်စာကြောင်း** မှာ အဖြေအတွက် အဓိက အရိပ်အယောင်ရှိနေတတ်ပါတယ်။
言い換える/原因/理由 တွေရဲ့ KeywordsကိုရှာပါChoice တွေနဲ့တိုက်စစ်ပါ။
၄။ အညွှန်းနာမ်စား မေးခွန်းများ (指示語ကို မေးခွန်းပုံစံ - "ဒီအရာ" "ထိုအချက်")
👉「これ」(ဒါ)、「それ」(အဲဒါ)、「そのこと」(ထိုအချက်) စတဲ့ အညွှန်းနာမ်စားတွေက ဘာကို ညွှန်းတာလဲဆိုတာကို မေးတဲ့ ပုံစံပါ။
🔺အဖြေရှာနည်း
*အရှေ့ကို ပြန်ကြည့်ပါ ။များသောအားဖြင့် အညွှန်းနာမ်စားတွေဟာ ၎င်းရဲ့ အရှေ့စာကြောင်း မှာ ပါဝင်ပြီးသား အကြောင်းအရာကို ပြန်ညွှန်းတာ ဖြစ်ပါတယ်။
*အကြောင်းအရာကို အစားထိုးကြည့်ပါ။Choice ထဲက အဖြေကို အညွှန်းနာမ်စား နေရာမှာ အစားထိုး ဖတ်ကြည့်တဲ့အခါ အဓိပ္ပာယ် ပြည့်စုံနေရပါမယ်။
*စာရေးသူရဲ့ အမြင်နဲ့ ချိန်ညှိပါတစ်ခါတစ်ရံ အညွှန်းနာမ်စားဟာ စာရေးသူရဲ့ ကောက်ချက်တစ်ခုကို ညွှန်းဆိုတတ်ပါတယ်။ အဲဒီအခါမှာ စာရေးသူရဲ့ အနှစ်ချုပ်ရေးလေ့ရှိတဲ့ စာပိုဒ်ရဲ့ နောက်ဆုံးအပိုင်းကို သတိထားကြည့်ဖို့ လိုပါတယ်။
၅။ နှိုင်းယှဉ်ချက် သို့မဟုတ် ဘုံတူညီချက်ကို မေးခြင်း (比較・統合理解ကို မေးခွန်းပုံစံ)
👉ဒါကတော့ စာပိုဒ် (၂) ခု (A နဲ့ Bကို ယှဉ်တွဲဖတ်ခိုင်းပြီး စာရေးသူနှစ်ယောက်ရဲ့ အမြင်ကို နှိုင်းယှဉ်ခိုင်းတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
* AとBのどちらの文章にも書かれていることは何か。(A ရော B ရော စာပိုဒ်နှစ်ခုလုံးမှာ ပါတဲ့ အချက်က ဘာလဲ?)
* ...について、AとBはどのような考えを持っているか。
(... နဲ့ပတ်သက်ပြီး A နဲ့ B ရဲ့ အမြင်က ဘယ်လိုလဲ?)
🔺အဖြေရှာနည်း
စာပိုဒ်တစ်ခုချင်းစီရဲ့ "အဓိကဆိုလိုရင်း (Opinion)" ကို အရင်ဆုံးခွဲထုတ်ပါ။ ထို့နောက် ၎င်းတို့နှစ်ဦး သဘောတူညီတဲ့အချက် (သို့) သဘောထားကွဲလွဲတဲ့အချက် (Keyword) ကို ဇယားချသကဲ့သို့ စိတ်ထဲကနေ နှိုင်းယှဉ်ပြီး ရွေးချယ်ပါ။
၆။ အချက်အလက် ရှာဖွေခြင်း (情報検索ကို မေးခွန်းပုံစံ)
👉ကြော်ငြာစာရွက်၊ လက်ကမ်းစာစောင် ဒါမှမဟုတ် ဇယားတွေထဲကနေ မေးခွန်းက တောင်းဆိုတဲ့ သတ်မှတ်ချက်အတိုင်း ကိုင်တွယ်ဖြေရှင်းရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
* ...したい場合、どうすればよいか。
(... လုပ်ချင်ရင် ဘယ်လိုလုပ်ရမလဲ?)
* 次のうち、条件に合うものはどれか。
(အောက်ပါအချက်တွေထဲက သတ်မှတ်ချက်နဲ့ ကိုက်ညီတာ ဘယ်ဟာလဲ?)
🔺အဖြေရှာနည်း
စာပိုဒ်ကြီးတစ်ခုလုံးကို ထိုင်ဖတ်မနေပါနဲ့။ မေးခွန်းထဲက လူပုဂ္ဂိုလ်ရဲ့ အခြေအနေ၊ လိုလားချက်နဲ့ သတ်မှတ်ချက် တွေကို အရင်မှတ်သားပြီးမှ ထိုအချက်အလက်တွေပါတဲ့ နေရာကို ကြော်ငြာဗီနိုင်းထဲမှာ လိုက်ရှာ (Scan) ဖတ်ရမှာ ဖြစ်ပါတယ်။
🔥 အပိုဆောင်း အရေးပေါ် Tips
"အချိန်မလောက်ရင် ဘာလုပ်မလဲ?"
ဒီအတိုင်း လက်မလျှော့လိုက်ပါနဲ့။
ဒီအဆင့် ၄ ဆင့်အတိုင်း အမြန်လုပ်ပါ -
1. မေးခွန်းကို အရင်ဆုံး ဖတ်ပါ။
2. မေးခွန်းထဲက Keyword (သို့) မျဉ်းတားထားတဲ့ အပိုင်းကို စာပိုဒ်ထဲမှာ အမြန်ကြည့်ပါ။
3. ပြီးရင် စာကြောင်းအဆုံး (文末)ကို ချက်ချင်းသွားဖတ်ပြီး စာရေးသူ အဓိက ဘာပြောချင်လဲဆိုတာကို အရင်ဆုံး သိအောင်လုပ်ပါ။
4. စာကြောင်းအဆုံးက အဓိကဆိုလိုရင်းနဲ့ ကိုက်ညီနေတဲ့ Choice ကို ရွေးချယ်လိုက်ပါ။ ဒါဆိုရင် အဖြေမှန်ဖို့ ရာခိုင်နှုန်း တော်တော်လေး များသွားပါလိမ့်မယ်။
03/07/2026
🇯🇵 **𝟐𝟎𝟐𝟕 𝐀𝐩𝐫𝐢𝐥 𝐈𝐧𝐭𝐚𝐤𝐞**
🎓 𝐓𝐎𝐊𝐘𝐎 𝐂𝐋𝐀𝐒𝐒 𝐎𝐍𝐄 𝐋𝐀𝐍𝐆𝐔𝐀𝐆𝐄 𝐒𝐂𝐇𝐎𝐎𝐋 𝐂𝐎𝐄 𝟏𝟎𝟎%
ကျောင်းမှ ကျောင်းသားသစ်များ စတင်လက်ခံနေပါပြီ။
✨ ဂျပန်နိုင်ငံတွင် ပညာသင်ယူရင်း အနာဂတ် Career ကို
အခိုင်အမာတည်ဆောက်လိုသူများအတွက်
*𝐓𝐎𝐊𝐘𝐎 𝐂𝐋𝐀𝐒𝐒 𝐎𝐍𝐄 𝐋𝐀𝐍𝐆𝐔𝐀𝐆𝐄 𝐒𝐂𝐇𝐎𝐎𝐋 မှ *𝟐𝟎𝟐𝟕 𝐀𝐩𝐫𝐢𝐥 𝐈𝐧𝐭𝐚𝐤𝐞* အတွက်
ကျောင်းသားသစ်များကို လူဦးရေအကန့်အသတ်ဖြင့် လက်ခံနေပါပြီခင်ဗျ။
📋 **လျှောက်ထားနိုင်သူများ**
✔️ အထက်တန်းအောင်မြင်ထားသူ (သို့) ဘွဲ့ရရှိထားသူ
✔️GED/IGCSEအောင်မြင်ထားသူများ
✔️ Passport ရှိသူ(Passport မရှိသူများအတွက်လည်းစီစဥ်ဆောင်ရွက်ပေးပါသည်)
✔️ ဂျပန်စာ *𝐉𝐋𝐏𝐓 𝐍𝟓* (သို့) အနည်းဆုံး Level တစ်ခု အောင်လက်မှတ်ရှိသူ
✔️ Language School Program ကို သတ်မှတ်ကာလအထိ စည်းကမ်းတကျ
တက်ရောက်နိုင်သူ
🌸 **ကျောင်းသားများအတွက် အားသာချက်**
🤝 မြန်မာ Senior ကျောင်းသားများရှိပြီး လေ့လာရေးနှင့်
နေထိုင်မှုတွင် အကူအညီရရှိနိုင်ပါသည်။
🏫 ဂျပန်နိုင်ငံတွင် ပညာသင်ယူမှုကို စိတ်ချယုံကြည်စွာ
စတင်နိုင်မည့် ပတ်ဝန်းကျင်ကောင်းကို ရရှိမည်ဖြစ်ပါသည်။
🏠 ကျောင်းသား/ကျောင်းသူများအတွက် အဆောင်စီစဉ်ပေးခြင်း၊
💳 ဘဏ်ကဒ်များပြုလုပ်ပေးခြင်း၊ ဆင်းကဒ်ရယူပေးခြင်း၊
✈️ လေယာဉ်လက်မှတ်ကြိုတင်စီစဉ်ပေးခြင်းနှင့်
💼 Part-time အလုပ်ရှာဖွေ မိတ်ဆက်ပေးခြင်းများကိုလည်း ကူညီပံ့ပိုးပေးပါသည်။
📌 **JLPT အောင်လက်မှတ် မရရှိသေးသူများ**
📝 Interview အောင်မြင်ထားသော်လည်း 2026 ခုနှစ် ဩဂုတ်လ (August)
နောက်ဆုံးထား၍*JLPT အောင်လက်မှတ်ကို တင်ပြနိုင်ရပါမည်။
သတ်မှတ်ချိန်အတွင်း မတင်ပြနိုင်ပါက
ကျောင်းလျှောက်လွှာကို ပယ်ဖျက်နိုင်ပါသည်။
🎓 **Limited Intake**
လက်ခံမည့် ကျောင်းသားဦးရေမှာ(၁၀) ယောက်ခန့်သာ
ဖြစ်သည့့််အတွက် အခွင့်အရေးကို လက်လွတ်မခံဘဲ အမြန်ဆုံး
စာရင်းပေးသွင်းရန် ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ
⚠️ Language School တက်ရောက်နေစဉ် အခြားဗီဇာသို့ ပြောင်းလဲရန် (သို့)
ကျောင်းမှ ထွက်ပြေးရန် ရည်ရွယ်ထားသူများအနေဖြင့်
လျှောက်ထားခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ
🏢 သင်တန်းကျောင်းတည်နေရာ
Yangon Branch: အမှတ် (၁၂၉၀)၊ (ပထမထပ်)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်။
📞 ဆက်သွယ်ရန်ဖုန်းနံပါတ်များ
📱 09 427 887 770
📱 09 427 887 772
📱 09 756 600 246
02/07/2026
ဇူလိုင်လ JLPT စာမေးပွဲအပြီးမှာ ဂျပန်စာအိမ်မက်တွေကို ဆက်အကောင်အထည်ဖော်ဖို့ စောင့်မျှော်နေတဲ့ ကျောင်းသား/သူများအတွက်... ဂျပန်စာ အတန်းသစ်များ ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါပြီခင်ဗျာ။ 🇯🇵✨
အခြေခံကစပြီး သေချာတတ်မြောက်ချင်သူများ၊ Level အလိုက် ထပ်မံဖြေဆိုမယ့်သူများအတွက် မိမိနဲ့ကိုက်ညီမယ့် အတန်းအချိန်တွေကို ရွေးချယ်တက်ရောက်နိုင်ပါပြီ။
🗓️သင်တန်းအချိန်ဇယားများနှင့် Level အလိုက်ဖွင့်လှစ်မည့် အတန်းများ
🌸 N5 Class (အခြေခံမှစတင်မည့်သူများအတွက်)
အတန်းချိန်: မနက် 09:00 AM မှ 10:30 AM ထိ
ရည်ရွယ်ချက်: ဂျပန်စာ အခြေခံ (Hiragana, Katakana) မှစ၍ ဝါကျတည်ဆောက်ပုံ၊ နေ့စဉ်သုံးစကားပြောနှင့် N5 Level စာမေးပွဲအောင်မြင်သည်အထိ အသေးစိတ်သင်ကြားပေးခြင်း။
🌸 N4 Class (အခြေခံရှိပြီး Level တက်လိုသူများအတွက်)
အတန်းချိန်: နေ့လယ် 01:00 PM မှ 03:00 PM ထိ
ရည်ရွယ်ချက်: N5 အခြေခံရှိပြီးသူများအတွက် N4 Grammar ပုံစံများ၊ Kanji များနှင့် နားထောင်မှုစွမ်းရည် (Choukai) ကို ပိုမိုကျွမ်းကျင်လာစေရန် ပံ့ပိုးပေးခြင်း။
🌸 N3 Class (အလယ်အလတ်အဆင့်သို့ တက်လှမ်းမည့်သူများအတွက်)
အတန်းချိန်: မနက် 10:30 AM မှ နေ့လယ် 12:00 PM ထိ
ရည်ရွယ်ချက်: လုပ်ငန်းခွင်နှင့် စာမေးပွဲအတွက် အရေးပါသော အလယ်အလတ်အဆင့် N3 Grammar၊ စာဖတ်စွမ်းရည် (Dokkai) နှင့် စကားပြောများကို စနစ်တကျ လေ့ကျင့်ပေးခြင်း။
🏢 သင်တန်းကျောင်းတည်နေရာ
Yangon Branch: အမှတ် (၁၂၉၀)၊ (ပထမထပ်)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်။
📞 ဆက်သွယ်ရန်ဖုန်းနံပါတ်များ
📱 09 427 887 770
📱 09 427 887 772
📱 09 756 600 246
For JLPT exam🌷
ခဲတံ2B 3ချောင်း
ခဲဖျက် (ဖျက်တာနဲ့ပြောင်တာမျိုး)
ပေတံ
Test voucher (Colour print)(ခုံနံပါတ်စာရွက်/စည်းကမ်းချက်/မြေပုံ) (၃ရွက်လုံးယူသွားပါနော်)(မြေပုံကတော့မပါလဲရပေမဲ့စည်းကမ်းချက်ကတော့လိုပါတယ်။သူတို့ပြောထားတာက ၃ရွက်လုံးဆိုတော့ ကိုယ့်ဘက်ကအမှားမရှိအောင်၃ခုလုံးယူတာကပိုကောင်းပါတယ်)
မှတ်ပုံတင်မူရင်း
ရိုးရိုးနာရီ
ချွန်စက်
ဖိုင်အကြည်
လွယ်အိတ်မယူတာအကောင်းဆုံးပါ
မနက်စာဝဝလင်လင်စားသွားပါ
လမ်းပိတ်တတ်တာမို့အိမ်ကနေစောစောထွက်ပါ
စာဖြေရင်ဖုန်းကိုစက်ပိတ်ထားပါ စည်းကမ်းကြီးတဲ့အတွက်ဖုန်းကိုစက်ပိတ်ထားတာကောင်းပါတယ်
Answer sheet မှာခဲကိုမဲနက်နေအောင်ခြယ်ပါ
တစ်ပုဒ်တောင်မှအလွတ်မချန်ထားခဲ့ပါနဲ့
Computer နဲ့စစ်တာမို့errorဖြစ်ပြီးတခြားဖြေတာပါအမှတ်မရတာမျိုးဖြစ်တတ်ပါတယ်
မေးခွန်းစာရွက်မှာမှတ်တာမျိုးလုပ်လို့ရပါတယ်
ကိုယ်လုပ်နိုင်တယ်ဆိုပြီးခေါင်းအေး"ထားပြီးဖြေပါနော်
စာမေးပွဲမှာအမှတ်ကောင်းကောင်းနဲ့အောင်မြင်ကြပါစေ✨🌻
30/06/2026
🎉 2026 July Intake 🇯🇵✈️
Nobel Guide Japanese Language Center မှ
Tokyo Language School သို့ တက်ရောက်ပညာသင်ကြားမည့် ကျောင်းသူ Yu San နှင့် ကျောင်းသား မြတ်သူ တို့အား COE အောင်မြင်စွာရရှိပြီး Japan သို့ ထွက်ခွာနိုင်သည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ... 🌸
ညီလေးနဲ့ညီမလေးတို့ကို လေဆိပ်အထိ လိုက်လံပို့ဆောင်ခဲ့တဲ့ အမှတ်တရနေ့လေးကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ဗျ ✈️💙
Japan နိုင်ငံမှာ ပညာရေးရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး၊ ကျန်းမာပျော်ရွှင်စွာဖြင့် အတွေ့အကြုံကောင်းများစွာ ရရှိကာ အနာဂတ်အောင်မြင်မှုများကို ဆက်လက်ရယူနိုင်ပါစေလို့ Nobel Guide မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ 🇯🇵✨
................................................................................
Nobel Guide Japanese Language Center
🏢 သင်တန်းကျောင်းတည်နေရာ
Yangon Branch
No.1290 (ပထမထပ်) ၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်။
📞 ဆက်သွယ်ရန်
📱 09 427 887 770
📱 09 427 887 772
📱 09 756 600 246
Category
Address
No. 1290(ပထမထပ်)မြင်တော်သာလမ်း၊သာကေတမြို့နယ်။
Yangon
11231
Alerts
Be the first to know and let us send you an email when Nobel Guide Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.