SAMM

SAMM

Share

SAMM (Music Training Center)

19/09/2026

Chord Progression အလိုက် Scale အသုံးပြုခြင်း

ဒီသင်ခန်းစာကတေ့ Music Theoy ပိုင်းဆိုင်ရာ Chord နှင့် Scale များ ဆက်နွယ်ပုံနှင့် လက်တွေ့သီချင်းများတွင် ထည့်သွင်း အသုံးပြုပုံကို ရှင်းပြပေးမယ့် သင်ခန်းစာ တစ်ခုဖြစ်ပါတယ် ... များသောအားဖြင့် ဂီတ လေ့လာသူ ၅၀ % ခန့်ဟာ Music Theory ကို အထိုက်အလျှောက် သိရှိနားလည်ထားပေမယ့် တကယ်လက်တွေ့မှာတော့ ပြန်လည် အသုံးချနိုင်ခြင်း မရှိတာကို တွေ့ရပါတယ် ...

ဒါကြောင့် Online သင်တန်းမှာပဲ ဖြစ်စေ ဂစ်တာသင်တန်းမှာပဲ ဖြစ်စေ ကျွန်တော့်အနေနဲ့ လက်တွေ့အသုံးချနိုင်အောင် ရိုးရိုးရှင်းရှင်းနဲ့ နည်းပညာ စကားလုံးများ တတ်နိုင်သရွှေ့ လျှော့ချပြီး သင်ကြားပေးပါတယ် ... ဒါပေမယ့် သင်တန်းသားများအနေဖြင့် Music Thoery ကို မိမိ ကိုယ်ပိုင်ဦးနှောက်ဖြင့် ရှင်းရှင်းလင်းလင်း နားလည်သည်အထိ တွေးခေါ်ကျက်မှတ်ဖို့ လိုပါတယ် ...

ဆိုလိုတဲ့ အဓိပ္ပါယ်က Major စကေး ဆိုတာ Music လေ့လာလိုက်စားသူ ၉၀ ရာခိုင်နှုန်း နားလည်ပြီးသား ဖြစ်ပေမယ့် တကယ် လက်တွေ့မှာတော့ စနစ်တကျ လေ့ကျင့်မှု အားနည်းတာကို တွေ့ရပါတယ် ... ဥပမာ Improvisation အနေဖြင့် စိတ်ကူးတည့်ရာ တီးခတ်နေတဲ့ လူတစ်ယောက်ကို သင့်အနေဖြင့် ကြားဖြတ်ပြီး ...

- ခင်ဗျားတီးနေတာ ဘာ Scale လဲ ?
- Major လား , Minor လား , Blues Scale လား ?
- Key ကတော့ ဘာ Key ထဲမှာ တီးနေတာလဲ ?
အစရှိသဖြင့် မေးလိုက်လျှင် ချက်ချင်းပြန်မဖြေနိုင်တဲ့သူ တော်တော်များများ တွေ့ရပါတယ် ...

ဒါဟာ ဘာအဓိပ္ပါယ်လဲ ? ဆိုရင် Scale တစ်ခုကို Fret အကွက် အားလုံးမှာ လေ့ကျင့်ကျက်မှတ်ထားခြင်း မရှိပဲ အကြားအာရုံနှင့် ယခင် လေ့ကျင့်ခဲ့ဖူးတဲ့ Lick များ Guitar Riff များအပေါ် အခြေခံတီးခတ် နေခြင်းမျိုး ဖြစ်ပါတယ် ... ဒါကြောင့် သီအိုရိ တစ်ခုကို လေ့လာ ကျက်မှတ်ပြီးနောက် လက်တွေ့ပြန်လည် တီးခတ်လေ့ကျင့်ခြင်းဟာ အကောင်းဆုံး ကျက်မှတ်နည်း ဖြစ်ပါတယ် ...

ယခု ဆက်လက်ပြီး အဓိက ဆိုလိုရင်း ဖြစ်တဲ့ Chord အသွားအလာ ကိုကြည့်ပြီး ဘယ်လို Scale သုံးသင့်သလဲ ? ဆိုတဲ့ အချက်ကို ရှင်းပြပေးပါမယ် ... ဥပမာ C Am F G ကောဒ့် (၄) မျိုး နဲ့ဖွဲ့စည်းထားတဲ့ သီချင်းမျိုးဆိုလျှင် Major Scale နဲ့ Pentatonic Scale ကို အဓိက အသုံးပြုတီးခတ် နိုင်ပါတယ် ...

ထိုကဲ့သိုံ အခြားသော ..
- C Am Bb G
- C Ab F G
- Cm F Bb Cm
- Cm Ab Bb Cm

စတဲ့ ကောဒ့် Progression မျိုးဆိုလျှင် တီးရတာ ခက်ခဲလာပါလိမ့်မယ် ..

အဲဒီအချိန် ဦးနှောက်က စဉ်းစားမိနိုင်တာက ဘာ Key လဲ ? ဘယ်လို Scale မျိုးတီးသင့်သလဲ ? စသည်ဖြင့် ခက်ခဲမှုရှိလာ ပါတယ် ... တကယ်တော့ ဒါဟာ Mode တွေကနေ တဆင့်ရရှိလာတဲ့ Modal Chord Progression တွေဖြစ်ပါတယ် ...

သင့်အနေနဲ့ ဒီအချိန်မှာ Mode တွေလည်း မသိဘူး ၊ ဘာ Scale သုံးရမလဲ ဆိုတာလည်း မစဉ်းစားတတ်ဘူး ဆိုပါက အလွယ်ကူဆုံး Scale ရှာဖွေနည်း ကိုပြောပြပေးပါမယ် ... အဲဒါကတော့ Triads ကောဒ့်တွေက တဆင့် Scale အနေဖြင့် ကူးပြောင်း ရယူနည်း ဖြစ်ပါတယ် ...

ဆိုပါစိုံ ... C Am Bb G ကို ဘယ်လို စကေးမျိုး အသုံးပြုသင့်သလဲ ဆိုရင် ....
C = C E G
Am = A C E
Bb = Bb D F
G = G B D ဆိုပြီး ကောဒ့်ဖွဲ့စည်းပုံအလိုက် ပါဝင်တဲ့ Note တွေကို ရွေးချယ် ထုတ်ယူရပါမယ် ...

ထိုအခါ C Am Bb G မှ တဆင့် C D E F G A Bb ဆိုတဲ့ သံစဉ် (၇) မျိုးရရှိလာတာကို တွေ့ရပါလိမ့်မယ် ... ဒါဆိုလျှင် C Am Bb G ( Round ကောဒ့် ၄ မျိုးနှင့် အသင့်တော်ဆုံးဟာ C D E F G A Bb လို့ခေါ်တဲ့ C Mixolydian Mode ဖြစ်ပါတယ် ...

အထက်ပါ ဥပမာ အတိုင်း Cm Ab Bb Cm ကောဒ့် Progression ဆိုပါက C D Eb F G Ab Bb သံစဉ် (၇) မျိုးရရှိလာပြီး C Aeolian Mode ဖြစ်ပါတယ် ...

နောက်ထပ်တစ်မျိုး အနေနဲ့ C Ab F G ကောဒ့် Progression ကတော့ ပိုမိုထူးခြားပါတယ် ... C Ab F G ကောဒ့် အတွဲမှာ Ab အသံဟာ အလွန်ထူးခြားနေပြီး Dark , Dramatic , Cinematic ဖြစ်တဲ့ အသံကာလာမျိုး ရရှိစေတဲ့ Chord Progression ဖြစ်ပါတယ် ... တနည်းအားဖြင့် လှို့ဝှက်နက်နဲသော အသံမျိုး , စိတ်ကူးယဉ်ဆန်သော အသံမျိုး ရုပ်ရှင်နောက်ခံ တေးသွားလိုမျိုး စိတ်လှုပ်ရှားဖွယ်အသံမျိုး ရရှိစေတဲ့ Chord Progression ဖြစ်ပါတယ် ...

ဒီတော့ Ab မှာ ပါဝင်တဲ့ နုတ်တွေကို ကြည့်မယ်ဆိုပါက ...
Ab = Ab C Eb
ဖြစ်ပြီး အခြား C F G ကောဒ့် ၃ မျိုးကတော့ ...
C = C E G
F = F A D
G = G B D
ဆိုပြီး Note အသီးသီး ရရှိလာပါတယ် ..

၎င်းနုတ်များကို စုစည်း၍ Scale အနေနဲ့ ကူးပြောင်းလိုက်တဲ့အခါမှာ C D Eb E F G A B ဆိုပြီး Major လဲ မဟုတ် Minor လဲ မဟုတ်သလို Blues စကေးနဲ့ ခပ်ဆင်ဆင်မျိုး ရရှိလာပါတယ်.. တကယ်တော့ Ab ဟာ C minor စကေး ရဲ့ 6th Degree ( C D Eb F G Ab Bb) မှ Borrow ကော့ဒ့် အနေဖြင့် ထည့်သွင်း အသုံးပြုထား ခြင်းဖြစ်ပါတယ် ..

တကယ်တော့ C Am F G ဖြစ်ရမယ့် I vi IV V အစား Am ( C မေဂျာရဲ့ 6th Degree) နေရာမှာ bVI Substitution အနေဖြင့် Cm စကေးရဲ့ 6th Degree Ab ကောဒ့် ကို အစားထိုး အသုံးပြုခြင်း ဖြစ်ပါတယ် ...

- C Am F G
I iv IV V
- C Ab F G
I bVI IV V

ဒီလောက်ဆိုရင်တော့ ကောဒ့် Progression များရဲ့ ကျယ်ပြန့်နက်နဲမှုနှင့် စကေးနှင့်ကောဒ့် ဘယ်လို ဆက်စပ်နေသလဲ ? ဆိုတဲ့ သီအိုရိအပိုင်းကို နားလည်လောက်ပြီထင်ပါတယ် ...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပြီး ဂစ်တာ လေ့ကျင့်နည်းစနစ် , သီအိုရီနှင့် သီချင်း ပေါင်းစပ်ဖွဲ့စည်းပုံ , Speed Exercises များ , Music Thoery စာအုပ်များဖြင့် သင်ကြားပေးခြင်း ဖြစ်ပါတယ် ...

18/09/2026

ဂစ်တာသမားတစ်ယောက် ရဲ့ အဓိက ရည်မှန်းချက် (2) ချက်

သင့်အနေနဲ့ ဂစ်တာ သို့မဟုတ် Piano အစရှိသဖြင့် မည်သည့်တူရိယာကိုပဲ တီးတီး အဓိက သင့်ကိုယ်သင်ပြန်မေးသင့်တဲ့ မေးခွန်း (2) မျိုးရှိပါတယ် ... အဲဒါကတော့ ...

(i) သူများသီချင်း တူအောင် လိုက်တီးရန်
(ii) ကိုယ်ပိုင် သီချင်းဖန်တီးရန်
ဆိုပြီး အဓိက အချက် (၂) ချက် ရှိပါတယ် ...

ဒီနေရာမှာ (၂) မျိုးစလုံး ကို ကျွမ်းကျင်ချင်တယ်ဆိုရင်တော့ သင်ဟာ သူများထက် (၂) ဆလောက် အချိန်ပေး လေ့လာထားဖို့ လိုအပ်ပြီး အချိန်အနည်းဆုံး ( ၅ ) နှစ်ခန့်မှအထက် တစ်စိုက်မတ်မတ် လေ့ကျင့်တီးခတ်ထားရန် လိုအပ်ပါတယ် ...
(i) သူများသီချင်းလိုက်တီးရန်

စားဝတ်နေရေး အရ Rec လိုက်တီးတာမျိုး စားသောက်ဆိုင်တီးတာမျိုး State Show ပွဲများတီးတာမျိုးတွေအားလုံး အကျုံးဝင်ပါတယ် ...
- ကိုယ်ပိုင် Self-entertainment လို့ခေါ်တဲ့ မိမိကိုယ်မိမိ ဖျော်ဖြေမှုမျိုး
- တစ်ယောက်တည်းသီချင်းတွေ ထိုင်တီးချင်နေတာမျိုး
- ခောတ်ပေါ်သီချင်းများကို လိုက်လံတီးခတ်ချင်တာမျိုး

စသည်ဖြင့် များစွာသော အကြာင်းပြချက်တွေ ရှိကြပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း သူများသီချင်းတွေကို လိုက်လံ တီးခတ်ပါတယ်။ ဘာကြောင့်တီးတာလဲ ဆိုတော့ ..

(၁) ကြိုက်လို့တီးပါတယ် ။
(၂) လေ့လာဖို့ တီးကြည့်ပါတယ်။
(၃) Lesson အနေဖြင့် တီးပါတယ်။

ယခု ဒုတိယ အချက်ဖြစ်တဲ့ ကိုယ့်သီချင်းကိုယ် ဖန်တီးချင်လို့ ?
ဆိုတဲ့ ရည်ရွယ်ချက်ကို ဆက်ပြောပါမယ် ... ကိုယ့်သီချင်းကိုယ် ဖန်တီးချင်တဲ့သူတွေ ကတော့ ပိုကြိုးစားရပါတယ်။ အဓိက လိုအပ်ချက်အနေဖြင့် ...

(i) Music Theory
(2) Chord Theory
(3) Scale Theory
(4) Composition And Arrangement (သီဖွဲ့ခြင်း)
(5) Listening Skill (သီချင်းနားထောင်အား)
(6) Ability for playing Instrument (တီးနိုင်မှု)

စတဲ့ အချက်တွေ လိုအပ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သဘောကျနေတဲ့ Guitar Hero တွေက အဲဒါတွေ အကုန်လုံးကို တစ်မျိုးကို တစ်နာရီ နဲ့ အနည်းဆုံး အချိုးချပြီး နေ့တိုင်း ထိုင်လုပ်နေကြတာ ဖြစ်ပါတယ်။

သူတို့တွေအနေဖြင့် ဆယ်နာရီလောက် တစ်နေ့ကို အချိန်ပေးပြီး နှစ်နဲ့ ချီလေ့ကျင့်ထားတာကို ကျွန်တော်တို့နိုင်ငံအခြေအနေ စီးပွားရေး အခြေအနေ အရ လိုက်လုပ်ဖို့ တေ်ာတေ်ာ မလွယ်လှပါဘူး။ နေ့တိုင်း ဂစ်တာပဲ ထိုင်တီးနေပါ။ အချိန် တန် လစာ ပေးပါမည် ဆိုတဲ့ အလုပ် မရှိပါဘူး။

ဒီတော့ ဘယ်လိုလေ့လာသင့်သလဲဆိုရင် ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် Theory ကို လေ့လာပါ။ ပြစ်ပယ်လို့ မရပါဘူး။ ဒါဟာ Creation မှာ အရမ်း အရေးကြီးပါတယ်။ ကိုယ်က Create လုပ်ချင်တယ်ဆိုပြီး ဘာမှ မသိပဲ ရမ်းလုပ်မယ်ဆိုရင်တော့ အချိန်တန်ရင် ထပ်သွားပါလိမ့်မယ်။ တီးခတ်ပုံ Solo အယူအဆ မိမိသန်ရာသန်ရာ တူနေပါလိမ့်မယ်။

တစ်ကြိမ်နဲ့ တစ်ကြိမ်မတူပဲ ကျယ်ပြန့်တဲ့ ပင်လယ်ပြင်လိုမျိုး Creation Idea တွေ ရဖို့ လိုပါတယ်။ ဒါဟာ ဘယ်နေရာမှာ ရှိသလဲဆိုတော့ Music Theory မှာ ရှိပါတယ်။ မိမိနဲ့ လက်လှမ်းမှီသလောက် Music Theory ကိုလေ့လာပါ ။ လက်လှမ်းမီသလောက် ဆရာတွေ ကို မေးမြန်း လေ့လာထားသင့်ပါတယ်။

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပြီး ဂစ်တာ လေ့ကျင့်နည်းစနစ် , သီအိုရီနှင့် သီချင်း ပေါင်းစပ်ဖွဲ့စည်းပုံ , Speed Exercises များ , Music Thoery စာအုပ်များဖြင့် သင်ကြားပေးခြင်း ဖြစ်ပါတယ် ...

15/09/2026

Parallel Processing လို့ခေါ်တဲ့ Mixing လုပ်ဆောင်ပုံ နည်းစနစ် ( Mixing Trick)

သီချင်းတစ်ပုဒ်ကို Mixing ပြုလုပ်ရာမှာ Mixing Trick လို့ခေါ်တဲ့ Effect ထည့်သွင်းပုံ ထူးခြားတဲ့ နည်းစနစ်များ / Effect ချိန်ညှိပုံ နည်းစနစ်များ / Compressor နှင့် EQ သုံးစွဲပုံ နည်းစနစ်များ အစရှိသဖြင့် အထူးပြုလုပ်ဆောင်ရွက်ချက် Trick မ်ားစြာ ရှိပါတယ် ...

ဒီလို နည်းပညာရပ်တွေဟာ Mixing Engineer ဆရာကြီးများ ရှာဖွေတွေ့ရှိခဲ့တဲ့ Mixing အထူးပြုလုပ်ချက် နည်းပညာရပ်များ ဖြစ်ပြီး ပုံမှန်သမရိုးကျ အသံချိန်ညှိပုံနှင့် မတူညီတဲ့ ဆောင်ရွက်ချက်မျိုး ဖြစ်ပါတယ် ...

ထိုကဲ့သို့ နည်းစနစ်များစွာ ရှိသည့် အနက် Parallel Processing လို့ခေါ်တဲ့ Mixing Trick တစ်မျိုးဟာလည်း အလွန်အသုံးများပြီး အားသာချက် မ်ားစြာရွိတဲ့ အသံချိန်ညှိနည်းတစ်ခု ဖြစ်ပါတယ် ..

တကယ်တော့ Parallel Processing ဆိုတာဟာ Audio Track အသံလိုင်း တစ္ခုကို အရင်ဆုံး (၂) လိုင်း ဖြစ်သွားအောင် ကော်ပီပွားယူပြီးနောက် တစ်လိုင်းကို Effect ထည့်သွင်းကာ ကျန်တစ်လိုင်းကို နဂို မူရင်းအသံအတိုင်း ထားရွိ၍ ချိန်ညှိသည့် နည်းစနစ် ဖြစ်ပါတယ် ... ၏

ဥပမာ Drum လိုင်းကို ချိန်ညှိမယ်ဆိုပါစို့ ...

- Step 1 Kick , Snare , Tom , အစရွိတဲ့ Audio လိုင်းများကို အရင်ဆုံး Noise ရှင်းလင်းအောင် Gate သုံးစွဲချိန်ညှိရပါမယ် ...

- Step 2 ပြီးနောက် Cymble , Hi Hat အစရွိတဲ့ လိုင်းတွေကို EQ အသုံးပြု၍ Low Cut ပြုလုပ်ခြင်း High အသံ ညီမျှစေရန် Multiband Compressor အသုံးပြုခြင်း, Desser အသုံးပြုခြင်း စတာကို အရင်ဆုံးပြုလုပ်ဆောင်ရွက် ပေးရပါမယ် ...

- Step 3 ဒီလို တစ်လိုင်းချင်းစီ အသံထွက်ကောင်းမွန်အောင် အရင်ပြုလုပ်ပြီးနောက် Drum အသံ Level မျှတစေရန် Kick , Snare , Hi Hat , Tom , Cymble လိုင်းတွေကို အတိုးအကျယ် Level သတ်မှတ်ချိန်ယူ ရပါမယ် ...

- Step 4 အားလုံးပြီးသွားပြီ ဆိုရင်တော့ ၎ Drum လိုင်းအားလုံးကို Export Audio Miုxdown အနေဖြင့် အချောသတ် Export ထုတ်ပြီး လက်ရှိ Project အတွင်းသို့ ပြန်လည် Import ပြုလုပ်ကာ ထည့်သွင်းပေးရပါမယ် ...

- Step 5 ထိုသို့ထည့်သွင်းလိုက်သည့် Drum အေခ်ာ လိုင်းကိုမှ စိတ်ကြိုက် EQ , Comprssor , Reverb စသည်တို့ ထပ္မံ ထည့်သွင်းကာ နဂို မူရင်း Drum လိုင်းနှင့် ( Level အတိုးအကျယ် တနည်းအားဖြင့် Dry နှင့် Effect လိုင်း ) Level ချိန်ယူခြင်း ဖြစ်ပါတယ် ...

ဒီလိုလုပ်ဆောင်ရာမှာ Drum လိုင်း (၂) လိုင်း ဖြစ်သွားတဲ့အတွက် Audio Track အစနှင့် အဆုံး နေရာ တစ်ထပ်တည်း တူညီနေဖို့ အလွန်အရေးကြီးပါတယ် ... ထိုနည်းတူ အခြားသော Vocal လိုင်း , ဟာမိုနီ လိုင်း , Bass ဂစ္တာ လိုင်း စသည်တို့ကိုလည်း Parallel Processing နည်းစနစ် အသုံးပြုပြီး ကော်ပီပွားယူကာ အသံချိန်ညှိ သုံးစွဲနိုင်ပါတယ် ...

Parallel Processing ဟာ မူရင်းအသံ နှင့် Effect အသံကို Audio Track လိုင်း ခွဲခြား၍ Effect ထည့်သွင်း ချိန်ယူခြင်းဟာ မူလူအသံကို တိုက်ရိုက်ထိခိုက်မှု မရှိတဲ့အတွက် တကယ်လို့ အမှားအယွင်း တစ္ခုခု ရှိလာမယ် ဆိုရင်တောင် အချိန်မရွေး သင့်စိတ်ကြိုက်ပြန်လည် ပြုပြင်ယူလို့ ရပါတယ် ...

ဒါကြောင့် Parallel Processing နည်းစနစ်ကို သီချင်းတစ်ပုဒ် အတွက် အဓိက အရေးကြီးသော Audio Track လိုင်းမျိုးတွေမှာ ပိုမို သုံးစွဲလေ့ရှိပါတယ် ... ဥပမာ အားဖြင့် Drum လိုင်း , Vocal လိုင်း , Main Instrument တူရိယာ လိုင်း မျိုးတွေအတွက် အလွန်အသုံး၀င်တဲ့ Effect ထည့်သွင်းပုံ နည်းစနစ်တစ်ခု ဖြစ်ပြီး ပုံမှန်အားဖြင့် Compressor , EQ , Reverb , Delay အစရွိတဲ့ FX (Effect) များ အသုံးပြုလေ့ရှိ ပါတယ် ..

Parallel Processing ရဲ့အားသာချက်နှင့် Mixing Trick အချို့ကို ပြောရမယ်ဆိုရင်တော့ ..

- Parallel နည်းစနစ်ဟာ Dry Audio လိုင်းကို မထိခိုက်တဲ့အတွက် နဂိုမူရင်းအသံကို အချိန်မရွေး ပြန်လည်နားထောင်ကြည့်လို့ ရပါတယ် ...

- Audio လိုင်း ( ၂ ) လိုင်း (၃) လိုင်း (၄) လိုင်း အစရှိသဖြင့် ကော်ပီပွားယူထားပြီး မတူညီတဲ့ Reverb အမျိုးအစားများ ထည့်သွင်းအသုံးပြုကာ လိုက်ဖက်မှု အရှိဆုံး Effect အသံတစ်မျိုးကို ရွေးချယ်ယူနိုင်ပါတယ် ...

- Delay အသုံးပြုရာမှာ Long Delay , Short Delay မတူညီအောင် Effect ပေးပြီး ( Effect Mix Level ) ပမာဏကို စိတ်ကြိုက်ချိန်ယူ နိုင်ပါတယ် ..

- Compressor Effect ကို Parallel နည်းစနစ်ဖြင့် အသုံးပြုပါက မူရင်းအသံရဲ့ Attack နဲ့ Gain ကို တိုက်ရိုက်ထိခိုက်မှု မရှိတဲ့အတွက် ပိုမို သဘာ၀က် ( အသံ အတိုးအကျယ် Expression ) မျိုး ရရှိစေပါတယ် ...

- Reverb အသုံးပြုရာမှာ Large , Median , Small , Plate အစရွိတဲ့ Room Size မတူညီတဲ့ အသံမ်ား အပြင် Decay Level ( Effect အသံ တိုတောင်းခြင်း / ရှည်လျှားခြင်း) တို့ကိုလည်း Parallel နည်းစနစ် သုံးစွဲ၍ မတူညီအောင် ချိန်ယူနိုင်ပါတယ် ...

Parallel Processing မသုံးသင့်သော Audio လိုင်း မျိုးတွေကတော့ ...

- သီချင်းတစ်ပုဒ်ရဲ့ Backing လိုင်းများ

- Noise ရှင်းလင်းချင်သော Audio လိုင်းများ

- Pitch (အသံ အနိမ့်အမြင့်) မှန်ကန်စေရန် ပြုပြင်လိုသော လိုင်းများ

- Auto Tune , Melodyne , Channel Strip , Pre Amp , Limiter အစရွိတဲ့ Effect များ ထည့်သွင်းခြင်း

စသည်တို့ အတွက် ဒီနည်းစနစ် မသုံးသင့်ပါဘူး ..

ဒီလောက်ဆိုရင်တော့ Parallel Processing ဆိုတာ ဘာလဲ ? Mixing အတွက် ဘယ်လိုသုံးစွဲသင့်သလဲ ? ဆိုတဲ့ Mixing Trick ကို နားလည်လောက်ပြီ ထင်ပါတယ် ...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပြီး ဂစ်တာ လေ့ကျင့်နည်းစနစ် , သီအိုရီနှင့် သီချင်း ပေါင်းစပ်ဖွဲ့စည်းပုံ , Speed Exercises များ , Music Thoery စာအုပ်များဖြင့် သင်ကြားပေးခြင်း ဖြစ်ပါတယ် ...

15/09/2026

ဂစ်တာ Improvisition ( လက်တန်း တီးခတ်ဖန်တီးခြင်း )

ယခုဖော်ပြပါ ဆောင်းပါးဟာ ဂစ်တာသမားတစ်ယောက်အနေနဲ့ Improvisation တီးခတ်ရာမှာ အဓိကလိုအပ်တဲ့ အချက် (Main Point) များကို ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ် ...ဒါကြောင့် Beginner Level ဂစ်တာသမားများ အနေနဲ့ အချို့သော စကားလုံးများကို အစိမ်းသက်သက် ဖြစ်နေနိုင်ပါတယ် ... အဓိက Point ကို လိုရင်းတိုရှင်း ရေးသားထားတဲ့အတွက် အားလုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ် ...

ဂစ်တာသမားတစ်ယောက်အနေနဲ့ Guitar Backing တစ်ခုပေါ်မှာ လက်တန်း Solo တီးခတ်နိင်ဖို့ဆိုတာဟာ ...

- သီအိုရီ ၊
- Scale များအသုံးချနိုင်မှု
- နားထောင်ထားသော Hearing စွမ်းရည်
- လက်ချောင်းသာမာမှု Dexterity
အစရှိသည့် အချက်များ ပြည့်စုံကောင်းမွန်နေဖို့ လိုအပ်ပါတယ် ..

ယခုလို ဖန်တီးမှု (Cration) အပိုင်းမှာ အထူးသဖြင့် တတ်မြောက်ထားရမည့် ပညာရပ်တွေကတော့ ..

(၁) နားထောင်မှု (အကြား)စွမ်းရည်များ ...
(၂) Interval များကို ကြားနိုင်မှု စွမ်းရည်များ ...
(၃) Chord ချိတ်ဆက်မှု နဲ့ Chord များကို ကြားနိုင်သောစွမ်းရည်များ
(၄) Melody များကို လက်တန်းသီဆိုနိုင်မှု စွမ်းရည်များ
(၅) နားဖြင့် Note ခန့်မှန်းနိုင်မှုနှင့် ကောဒ့် ခန့်မှန်းနိုင်မှုများ
(၆) ဂီတအမျိုးအစားအလိုက် သီအိုရီနှင့် ခွဲခြမ်းစိတ်ဖြာ၍ လေ့လာမှုများ ...
(၇) ပင်ကိုယ် အနုပညာဖန်တီးနိုင်မှု စွမ်းရည်များ ...

စသည်ဖြင့် များစွာသော ပညာရပ်များ ပြည့်စုံနေရန် လိုအပ်ပါတယ် ...

ဥပမာ Blues တေးသွားတစ်ခုကို ဖန်တီးမယ်ဆိုပါစို့ ...

(၁) သက်ဆိုင်ရာ စကေးအသုံးချနိုင်မှု
(၂) Chord တည်ဆောက်ပုံနဲ့ ကောဒ့်ချိတ်ဆက်မှု
(၃) Technical ပိုင်းဆိုင်ရာ လေ့လာထားမှုများ
(၄) လေ့လာထားသော Blues တေးသွားများ
(၅) သီအိုရီနှင့်ပေါင်းစပ်ချိတ်ဆက်နိုင်မှုများ
(၆) မယ်လိုဒီ တည်ဆောက်နိုင်မှုများ
အစရှိသည်ဖြင့် များစွာသော အချက်အလက်တွေ လိုအပ်ပါတယ် ...

ဒါကြောင့် ဖန်တီးမှု Creation အပိုင်းဟာ အခက်ခဲဆုံးအပိုင်းလို့ ဆိုနိုင်ပြီး ပင်ကိုယ်ဂီတအပေါ် ခံစားနိုင်မှု စိတ်ခံစားချက်ဟာလည်း အလွန်အရေးကြီးတာကိုတွေ့ရမှာ ဖြစ်ပါတယ် ...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပြီး ဂစ်တာ လေ့ကျင့်နည်းစနစ် , သီအိုရီနှင့် သီချင်း ပေါင်းစပ်ဖွဲ့စည်းပုံ , Speed Exercises များ , Music Thoery စာအုပ်များဖြင့် သင်ကြားပေးခြင်း ဖြစ်ပါတယ် ...

14/09/2026

Mixing အတွက် လိုအပ်တဲ့ မော်နီတာ နှင့် အသံစစ်ဆေးရန် နည်းလမ်းများ

ဒီသင်ခန်းစာကတော့ Mixing ပြုလုပ်သူတစ်ဦး အနေဖြင့် မိမိ Mix လုပ်သည့်သီချင်းကို ဘယ်လိုပြန်လည်နားထောင်သင့်သလဲ ဆိုတာကို ပြောပြပေးမည့် သင်ခန်းစာ ဖြစ်ပါတယ် ...

Mixing ပြုလုပ်သူတစ်ဦးအနေဖြင့် သီချင်းတစ်ပုဒ်ကို ပြန်လည်နားထောင်ရန် Monitor စပီကာ အပြင်အခြားသော ကွန်ပျူတာစပီကာများ နားကျပ်များ အိမ်သုံး TV စပီကာမှ ကြားရသောအသံများ ဖုန်းနားကျပ်များ စသည်တို့ ရှိနေသင့်ပါတယ် ...
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ Mixing ပြုလုပ်ရာမှာ နားယဉ်ပြီး အသုံးပြုနေကျ Professional နားကျပ်များ ဖြစ်သည့် Presonus , AKG , M Audio စတာတွေကို အသုံးပြုချိန်ညှိသလို တစ်ခါတစ်ရံ ဖုန်းနားကျပ်များ , MI နားကျပ် , နှင့် ဖုန်းနားကျပ်အသေးများကိုလည်း အသုံးပြုစစ်ဆေးပြီးနားထောင်လေ့ရှိပါတယ် ...

Monitor Speaker အနေဖြင့် Yamaha , စပီကာ 8 လက်မ နှင့် Yamaha စပီကာ 5 လက်မ နှစ်မျိုးစလုံး အသုံးပြုသလို Multimedia စပီကာများ ဖြစ်သည့် Remax , Edifier အပြင်အခြားသော Multimedia စပီကာများနှင့်လည်း ပြန်လည်စစ်ဆေးနားထောင်လေ့ရှိပါတယ် ...

ဒါကြောင့် Mixing ပြုလုပ်မည့်သူတစ်ယောက်ဟာ အသံများကို ပြန်လည်စစ်ဆေးနားထောင်ရန် အနည်းဆုံး စပီကာ အမျိုးအစား လေးငါးမျိုးလောက် ရှိနေသင့်သလို နားကျပ်အနေဖြင့် Open Back , Close Back စသည်ဖြင့် Professional သုံးနားကျပ်များ Sony , JBL , Dr Dre , Green Tech , Logi Tech, Creative အစရှိသဖြင့် အမျိုးအစားကောင်းသော Meida သုံး နားကျပ် နှစ်မျိုး သုံးမျိုးခန့်လည်း ရှိထားသင့်ပါတယ် ...

Main Monitor Speaker

ပထမဆုံးအနေနဲ့ Mixing ပြုလုပ်မည့်သူတစ်ယောက်မှာ အသံထွက် ညီမျှပြီး Flat ဖြစ်တဲ့ Monitor စပီကာတစ်လုံး ရှိနေရန် လိုအပ်ပါတယ် .. ဒီ Monitor Speaker ဟာ သင် Mixing ပြုလုပ်ရာမှာ အဓိက အသုံးပြုရမည့် Device ဖြစ်တဲ့အတွက်ကြောင့် သင်အနေဖြင့် အသုံးပြုသည့် Monitor Speaker နှင့် ရင်းနီးမှုရှိနေရန် အထူးလိုအပ်ပါတယ် ...

ဆိုလိုတာက သင့်အနေဖြင့် Mixing ပြုလုပ်မည့် Monitor Speaker ရဲ့ အသံထွက်ကို ကောင်းစွာသဘောပေါက်နားလည်ထားရန် လိုအပ်ပြီး ၎င်း Monitor Spaker နှင့် တေးသီချင်းများစွာ ကို နားရည်ဝအောင် နားထောင်ထားရန် လိုအပ်ပါတယ် ...

နောက်တစ်ချက်ကတော့ Mixing ပြုလုပ်ရာမှာ အသုံးပြုသည့် Monitor Speaker ဟာ Low , Mid , High မျှတစွာ အသံကြားရသော Monitor မျိုး ဖြစ်ရပါမယ် ... ဒီလို Monitor Speaker များအနေဖြင့် အသုံးများတာကတော့ Yamaha မှထုတ်သော Monitor Speaker များ ဖြစ်ပါတယ် ...

ယခင်ကတော့ NS 10 ကို အသံသွင်း Studio များမှာ Mixing ပြုလုပ်ရန်အဓိက အသုံးပြုကြသလို ယခုနောက်ပိုင်းမှာတော့ Yamaha HS Series Monitor Speaker များကို ပြောင်းလဲ အသုံးပြုလာကြတာကိုတွေ့ရပါတယ် ...

အခြား အသုံးပြုနိုင်သည့် Monitor Speaker များကတော့ Adam , ESI , Presonus , Behringer စတာတွေ အပြင် တစ်ခါတစ်ရံမှာလည်း Mackie , JBL , M Audio စတဲ့ Monitor Speaker များကို အသုံးပြုကြပါတယ် ... တစ်ခါတစ်ရံ Music အမျိုးအစားအလိုက် Bass သံကောင်းမွန်စွာထုတ်လုပ်ပေးနိုင်သော KRK Monitor Speaker များ အခြားသော Woofer များနှင့်လဲ တွဲဖက်၍ နားထောင်နိုင်ပါတယ် ...

အဓိက အရေးကြီးတဲ့အချက်ကတော့ မိမိအသုံးပြုမည့် Monitor Speaker နဲ့ အနည်းဆုံး 6 လခန့် တေးသီချင်းများစွာကို နားထောင်ထားရန် လိုအပ် ပါတယ် ...

ကျွန်တော်တို့အနေနဲ့ Mixing ပြုလုပ်မည့် Monitor Speaker ကို အမြဲတမ်း ပြောင်းလဲအသုံးမပြုကြပဲ တစ်မျိုးကိုသာ နှစ်ပေါင်းကြာရှည်စွာ အသုံးပြုကြပါတယ် ... မည်သည့် Brand Monitor Speaker မဆို အသုံးပြုနိုင်ပေမယ့် Low , Mid , High မမျှတတဲ့ Monitor မျိုးကိုတော့ Mixing ပြုလုပ်ရာမှာ သိပ်အသုံးပြုလေ့ မရှိပါဘူး ...

Monitor Speaker အသုံးပြုမှုနဲ့ ပတ်သက်ပြီး ဈေးသက်သာခြင်း ဈေးကြီးခြင်း High End ဖြစ်ခြင်း အပေါ် အဓိကမထားပဲ ကိုယ်နဲ့ သဟဇာတဖြစ်မည့် Monitor မျိုး Flat Response ဖြစ်တဲ့ Monitor မျိုး မိမိ အသံဖမ်းရာမှာပဲ ဖြစ်ဖြစ် Mixing လုပ်ရာမှာပဲ ဖြစ်ဖြစ် အမြဲတမ်းအသုံးပြုနေကျ Monitor မျိုးသာ ဖြစ်နေရပါမယ် ...

ဒီလို သင်အသုံးပြုသည့် Monitor နှင့် အကောင်းဆုံး တေး Album များစွာကိုလည်း နားယဉ်အောင် နားထောင်ထားသင့်သလို ဒီလို နားထောင်ရာမှာလည်း တေးသီချင်း အမျိုးအစားType အားလုံး ကို နားယဉ်အောင် နားထောင်ထားသင့်ပါတယ် ...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပြီး ဂစ်တာ လေ့ကျင့်နည်းစနစ် , သီအိုရီနှင့် သီချင်း ပေါင်းစပ်ဖွဲ့စည်းပုံ , Speed Exercises များ , Music Thoery စာအုပ်များဖြင့် သင်ကြားပေးခြင်း ဖြစ်ပါတယ် ...

Category

Telephone

Website

Address

No 61 Lake Kan Street Yay Kyaw
Yangon
11182