First Private Bank
First Private Bank(FPB), established in Sept 1991, stands as Myanmar’s pioneering private financial institution.
Having secured a listing on the Yangon Stock Exchange (YSX) in January 2017. FPB operates proudly with a network of 41 branches in Myanmar. "To keep strong relationship with our customers providing quality customer services and innovative products."
30/09/2026
ခိုင်မာယုံကြည် 𝗙𝗣𝗕 မှာ ငွေကြေးစုဆောင်းမည် 🏦✨
သင့်ရဲ့ အနာဂတ်ရည်မှန်းချက်တွေနဲ့ လုပ်ငန်းလိုအပ်ချက်တွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် အပ်ငွေစာရင်းတွေကို ခိုင်မာယုံကြည်ရတဲ့ 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 (𝗙𝗣𝗕) မှာ စိတ်ကြိုက် ရွေးချယ်အပ်နှံနိုင်ပါပြီ -
🔹 နေ့စဉ်လည်ပတ်မှုအတွက် ➔ 𝗖𝘂𝗿𝗿𝗲𝗻𝘁 & 𝗖𝗮𝗹𝗹 𝗗𝗲𝗽𝗼𝘀𝗶𝘁𝘀
🔹 ခိုင်မာသော အနာဂတ်အတွက် ➔ 𝗦𝗮𝘃𝗶𝗻𝗴 𝗗𝗲𝗽𝗼𝘀𝗶𝘁𝘀
🔹 အကျိုးအမြတ် အမြင့်ဆုံးအတွက် ➔ 𝗙𝗶𝘅𝗲𝗱 𝗗𝗲𝗽𝗼𝘀𝗶𝘁𝘀
အသေးစိတ်အချက်အလက်များ သိရှိလိုပါက 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 ၏ ရုံးချုပ်နှင့် ဘဏ်ခွဲများသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ 𝗙𝗣𝗕 𝗖𝗮𝗹𝗹 𝗖𝗲𝗻𝘁𝗲𝗿 ☎️ 𝟬𝟵-𝟮𝟱𝟬𝟵𝟲𝟲𝟯𝟲𝟵 သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။
🌐 𝗙𝗣𝗕 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 – Linktr.ee/FirstPrivateBank
🏦 ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ် 🏦
28/09/2026
ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက် (ကြာသပတေးနေ့) သည် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ “ဘဏ်ပိတ်ရက်” ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် 𝗙𝗣𝗕 ဘဏ်၏ ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
ရုံးပိတ်ရက်အတွင်း 𝗙𝗣𝗕 ဘဏ်၏ ဒီဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုဖြစ်သည့် 𝗙𝗣𝗕 𝗠𝗼𝗯𝗶𝗹𝗲 𝗕𝗮𝗻𝗸𝗶𝗻𝗴 / 𝗜𝗻𝘁𝗲𝗿𝗻𝗲𝘁 𝗕𝗮𝗻𝗸𝗶𝗻𝗴 ဝန်ဆောင်မှုများ ရယူဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက 𝗙𝗣𝗕 𝗕𝗮𝗻𝗸 𝗖𝗮𝗹𝗹 𝗖𝗲𝗻𝘁𝗲𝗿 (𝟬𝟵 𝟴𝟴𝟬 𝟬𝟬𝟲 𝟴𝟭𝟱) ကို အချိန်မရွေးဆက်သွယ်ပြီး ဝန်ဆောင်မှုများ ရယူဆောင်ရွက်နိုင်ပါသည်။
25/09/2026
လုပ်ငန်းရှင်များအတွက် ယုံကြည်စိတ်ချရဆုံး 𝗝𝗜𝗖𝗔 𝗦𝗠𝗘 𝗟𝗼𝗮𝗻 💼🚀
လုပ်ငန်းတိုးချဲ့ဖို့ အရင်းအနှီး လိုအပ်နေပြီလား?
စက်ယန္တရား အသစ်တွေ တပ်ဆင်တာကနေ ကုန်ကြမ်းဝယ်ယူတဲ့အထိ လုပ်ငန်းလိုအပ်ချက်မှန်သမျှကို 𝗙𝗣𝗕 ရဲ့ 𝗝𝗜𝗖𝗔 𝗦𝗠𝗘 𝗟𝗼𝗮𝗻 က အကောင်းဆုံး ပံ့ပိုးပေးဖို့ အသင့်ရှိနေပါပြီ။
ရှေ့ဆက်ရမယ့် လုပ်ငန်းခရီးလမ်းအတွက် 𝗙𝗣𝗕 နဲ့ ယုံကြည်မှုရှိရှိ လက်တွဲလိုက်ပါ 🤝💼
𝗝𝗜𝗖𝗔 𝗦𝗠𝗘 𝗟𝗼𝗮𝗻 အတွက် 𝗙𝗣𝗕 နဲ့ လက်တွဲခြင်းဖြင့် -
🔹 မိမိလုပ်ငန်း၏ လိုအပ်ချက်ဖြစ်သော စက်ရုံအလုပ်ရုံတိုးချဲ့ခြင်း၊ စက်ယန္တရားနှင့် ကုန်ကြမ်းဝယ်ယူခြင်းများအတွက် လုံလောက်သော ချေးငွေပမာဏကို ရယူနိုင်ခြင်း။
🔹 လုပ်ငန်းရှင်များအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ အတိုးနှုန်းသက်သက်သာသာဖြင့် ကူညီပံ့ပိုးပေးခြင်း။
🔹 လွယ်ကူမြန်ဆန်သော ချေးငွေလျှောက်ထားမှု လုပ်ငန်းစဉ်များဖြင့် ဝန်ဆောင်မှုပေးခြင်း။
𝗝𝗜𝗖𝗔 𝗦𝗠𝗘 𝗟𝗼𝗮𝗻 အတွက် 𝗙𝗣𝗕 နဲ့သာ ယုံကြည်စွာ လက်တွဲလိုက်ပါ။
သင့်လုပ်ငန်းရဲ့ ပန်းတိုင်ဆီ အောင်မြင်စွာ လျှောက်လှမ်းနိုင်မှာပါ။
အသေးစိတ်သိရှိလိုသည်များကို စုံစမ်းမေးမြန်းလိုပါက 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 ၏ ရုံးချုပ်နှင့် ဘဏ်ခွဲများသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ 𝗙𝗣𝗕 𝗖𝗮𝗹𝗹 𝗖𝗲𝗻𝘁𝗲𝗿 ☎️ 𝟬𝟵-𝟮𝟱𝟬𝟵𝟲𝟲𝟯𝟲𝟵 သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။
🌐 𝗙𝗣𝗕 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 – Linktr.ee/FirstPrivateBank
🏦 ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ် 🏦
23/09/2026
ရုပ်ရှင်ကြည့်မလား၊ စာဖတ်မလား၊ အစားအသောက်မှာမလား... အားလုံးအတွက် 𝗙𝗣𝗕 𝗺-𝗕𝗮𝗻𝗸𝗶𝗻𝗴 🎬🍕
ပိတ်ရက်တွေမှာ အိမ်မှာအေးအေးဆေးဆေးနေရင်း ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းတွဲတွေ ကြည့်ချင်တာပဲဖြစ်ဖြစ်၊ အစားအသောက်တွေ မှာစားချင်တာပဲဖြစ်ဖြစ်၊ 𝗗𝗶𝗴𝗶𝘁𝗮𝗹 စာအုပ်တွေ ဖတ်ချင်တာပဲဖြစ်ဖြစ်... သင့်ရဲ့ နေ့စဉ် 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲 လိုအပ်ချက်အားလုံးအတွက် 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 (𝗙𝗣𝗕) ရဲ့ 𝗺-𝗕𝗮𝗻𝗸𝗶𝗻𝗴 𝗔𝗽𝗽 ကနေ အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။
အပြင်ထွက်ပြီး ကတ်တွေ သွားဝယ်စရာမလိုဘဲ ဖုန်းလေးတစ်ချက်နှိပ်ရုံနဲ့ ကိုယ်နှစ်သက်တဲ့ 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗣𝗿𝗼𝗱𝘂𝗰𝘁 တွေကို အလွယ်တကူ ဝယ်ယူနိုင်သလို အောက်ပါ 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 များကိုပါ ရယူခံစားနိုင်ပါပြီ-
𝗙𝗣𝗕 𝗺-𝗕𝗮𝗻𝗸𝗶𝗻𝗴 မှတစ်ဆင့် ဝယ်ယူရရှိနိုင်သော ဝန်ဆောင်မှုနှင့် 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 များ -
🎬 𝗘𝗻𝘁𝗲𝗿𝘁𝗮𝗶𝗻𝗺𝗲𝗻𝘁 (ဖျော်ဖြေရေး)
🔹 𝗔𝗽𝗽𝗹𝗲/𝗶𝗧𝘂𝗻𝗲𝘀 (𝗨𝗦): 𝟮% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
🔹 𝗡𝗲𝘁𝗳𝗹𝗶𝘅 (𝗨𝗦): 𝟭% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
🔹 𝗦𝗽𝗼𝘁𝗶𝗳𝘆 (𝗨𝗦): 𝟭% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
🔹 𝗩𝗶𝘂 𝗠𝗼𝘃𝗶𝗲 𝗖𝗮𝗿𝗱𝘀: 𝟱% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
🔹 𝗣𝗮𝗿𝗮𝗺𝗼𝘂𝗻𝘁+ 𝗠𝗼𝘃𝗶𝗲 𝗖𝗮𝗿𝗱𝘀 (𝗨𝗦): 𝟲% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
🔹 𝗛𝘂𝗹𝘂 𝗣𝗹𝘂𝘀 𝗠𝗼𝘃𝗶𝗲 𝗖𝗮𝗿𝗱𝘀 (𝗨𝗦): 𝟳% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
🔹 𝗦𝗵𝘄𝗲 𝗦𝘁𝗿𝗲𝗮𝗺 𝗠𝗼𝘃𝗶𝗲 𝗖𝗮𝗿𝗱𝘀: 𝟱% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
🔹 𝗠𝗮𝗵𝗮𝗿 𝗠𝗼𝗯𝗶𝗹𝗲 𝗠𝗼𝘃𝗶𝗲 𝗖𝗮𝗿𝗱𝘀: 𝟱% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
🎁 𝗚𝗶𝗳𝘁 𝗖𝗮𝗿𝗱𝘀 & 𝗟𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲 (လက်ဆောင်ကတ်များ)
🔹 𝗳𝗼𝗼𝗱𝗽𝗮𝗻𝗱𝗮 𝗩𝗼𝘂𝗰𝗵𝗲𝗿 (𝗠𝗠𝗞): 𝟰% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
🔹 𝗦𝗸𝘆𝗽𝗲 𝗚𝗶𝗳𝘁 𝗖𝗮𝗿𝗱𝘀 (𝗨𝗦): 𝟱% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
📚 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗥𝗲𝗮𝗱𝗶𝗻𝗴 (ဒီဂျစ်တယ် စာပေ)
🔹 𝗪𝘂𝗻𝗭𝗶𝗻𝗻 𝗥𝗲𝗮𝗱𝗲𝗿 𝗖𝗮𝗿𝗱𝘀: 𝟭𝟱% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
🔹 𝗦𝗵𝘄𝗲𝗡𝗼𝘁𝗲 𝗥𝗲𝗮𝗱𝗲𝗿 𝗖𝗮𝗿𝗱𝘀 (𝟲 𝗠𝗼𝗻𝘁𝗵𝘀 𝗠𝗲𝗺𝗯𝗲𝗿𝘀𝗵𝗶𝗽): 𝟭𝟬% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
🔹 𝗦𝗵𝘄𝗲𝗡𝗼𝘁𝗲 𝗥𝗲𝗮𝗱𝗲𝗿 𝗖𝗮𝗿𝗱𝘀 (𝟭 𝗬𝗲𝗮𝗿 𝗠𝗲𝗺𝗯𝗲𝗿𝘀𝗵𝗶𝗽): 𝟮𝟬% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
ပိတ်ရက်တိုင်းမှာ ပိုမိုအဆင်ပြေပြီး ပျော်စရာကောင်းအောင် 𝗙𝗣𝗕 𝗺-𝗕𝗮𝗻𝗸𝗶𝗻𝗴 နဲ့ 𝗘𝗻𝗷𝗼𝘆 လုပ်လိုက်ပါ။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 ၏ ရုံးချုပ်နှင့် ဘဏ်ခွဲများသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ 𝗙𝗣𝗕 𝗖𝗮𝗹𝗹 𝗖𝗲𝗻𝘁𝗲𝗿 ☎️ 𝟬𝟵 𝟴𝟴𝟬 𝟬𝟬𝟲 𝟴𝟭𝟱 သို့ ရုံးချိန်အတွင်းဖြစ်စေ လွယ်ကူစွာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
🌐 𝗙𝗣𝗕 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 – Linktr.ee/FirstPrivateBank
🏦 ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ် 🏦
22/09/2026
ငွေစုရင်းနဲ့ လစဉ်ဝင်ငွေ တိုးပွားစေမယ့် 𝗙𝗣𝗕 𝗣𝗹𝗮𝘁𝗶𝗻𝘂𝗺 𝗙𝗶𝘅𝗲𝗱 𝗗𝗲𝗽𝗼𝘀𝗶𝘁 💼📈
မိမိရဲ့ စုဆောင်းငွေတွေကနေ အကျိုးအမြတ်တွေကို ပုံမှန်ပြန်လည်ရရှိဖို့အတွက် 𝗙𝗣𝗕 𝗣𝗹𝗮𝘁𝗶𝗻𝘂𝗺 𝗙𝗶𝘅𝗲𝗱 𝗗𝗲𝗽𝗼𝘀𝗶𝘁 ကို ရွေးချယ်လိုက်ပါ။
𝗙𝗣𝗕 မှာ 𝗣𝗹𝗮𝘁𝗶𝗻𝘂𝗺 𝗙𝗶𝘅𝗲𝗱 𝗗𝗲𝗽𝗼𝘀𝗶𝘁 ငွေအပ်နှံခြင်းအားဖြင့် လက်တွေ့ရရှိနိုင်မယ့် အထူးအခွင့်အရေးများ -
🔹 မိမိစိတ်ကြိုက်ကာလ ရွေးချယ်နိုင်ခြင်းနှင့် လစဉ်အတိုးခံစားခွင့် -
မိမိတို့ရဲ့ ငွေကြေးသုံးစွဲမှု အစီအစဉ်နဲ့ကိုက်ညီမယ့် သက်တမ်းကာလကို လွတ်လပ်စွာ ရွေးချယ်နိုင်ပြီး အတိုးငွေများကိုလည်း လစဉ်ပုံမှန် တိုက်ရိုက်ထုတ်ယူ သုံးစွဲနိုင်ခြင်း။
🔹 အတိုးပေါ်အတိုး ထပ်မံရယူနိုင်ခြင်း -
လစဉ်ရရှိတဲ့အတိုးကို ချက်ချင်းလက်ငင်း မထုတ်ယူလိုသေးပါက မိမိနှစ်သက်ရာ 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗗𝗲𝗽𝗼𝘀𝗶𝘁𝘀 စာရင်းမှာ ထပ်မံအပ်နှံခြင်းဖြင့် အတိုးပေါ်အတိုး ထပ်ဆင့်ခံစားရရှိနိုင်ခြင်း။
မိမိတို့ရဲ့ ငွေရေးကြေးရေးအိပ်မက်တွေကို အကောင်အထည်ဖော်ပြီး အနာဂတ်ကိုတည်ဆောက်နိုင်ဖို့ နီးစပ်ရာ 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 (𝗙𝗣𝗕) ဘဏ်ခွဲတိုင်းမှာ 𝗣𝗹𝗮𝘁𝗶𝗻𝘂𝗺 𝗙𝗶𝘅𝗲𝗱 𝗗𝗲𝗽𝗼𝘀𝗶𝘁 ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံလိုက်ပါ။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 ၏ ရုံးချုပ်နှင့် ဘဏ်ခွဲများသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ 𝗙𝗣𝗕 𝗖𝗮𝗹𝗹 𝗖𝗲𝗻𝘁𝗲𝗿 ☎️ 𝟬𝟵-𝟮𝟱𝟬𝟵𝟲𝟲𝟯𝟲𝟵 သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။
🌐 𝗙𝗣𝗕 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 – Linktr.ee/FirstPrivateBank
🏦 ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ် 🏦
18/09/2026
တန်ဖိုးထားရတဲ့ ပိုင်ဆိုင်မှုတိုင်းအတွက် စိတ်အချရဆုံးအကာအကွယ် 🏡🏢
မီးဘေးအန္တရာယ်ဆိုတာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါတယ်။
မမျှော်လင့်ထားတဲ့အချိန်မှာ အချိန်မရွေးဖြစ်ပေါ်လာတဲ့မီးဘေးအန္တရာယ်ကြောင့် နေအိမ်နဲ့ စီးပွားရေးလုပ်ငန်း အစရှိတဲ့ အဖိုးတန်ပိုင်ဆိုင်မှုတွေကို ထိခိုက်ဆုံးရှုံးနိုင်ပါတယ်။
အဲဒီလိုထိခိုက်ဆုံးရှုံးမှုတွေအတွက် မီးအာမခံကြိုတင်ဝယ်ယူထားခြင်းက အဖိုးတန်ပိုင်ဆိုင်မှုတွေကို စိတ်ချကောင်းမွန်စွာ ကာကွယ်ထားခြင်းတစ်ခုဖြစ်တာမို့ 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 (𝗙𝗣𝗕) နှင့် 𝗔 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲 တို့ ပူးပေါင်းပြီး လူကြီးမင်းတို့ရဲ့ အိမ်၊ စီးပွားရေးလုပ်ငန်းနှင့် တန်ဖိုးရှိသော ပိုင်ဆိုင်မှုများအတွက် 𝗙𝗶𝗿𝗲 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲 ဝန်ဆောင်မှုကို လွယ်ကူစွာ ရယူနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
📌 𝗙𝗶𝗿𝗲 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲 အကြောင်း အသေးစိတ်သိရှိလိုပါက
☎️ 𝗙𝗣𝗕 အာမခံဝန်ဆောင်မှုဌာန – 𝟬𝟵 𝟰𝟬𝟬 𝟱𝟲𝟮 𝟯𝟱𝟵 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
🌐 𝗙𝗣𝗕 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 – Linktr.ee/FirstPrivateBank
🏦 ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ် 🏦
16/09/2026
လုပ်ငန်းရှင်များအတွက် လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေမယ့် 𝗙𝗣𝗕 𝗠𝗼𝗿𝘁𝗴𝗮𝗴𝗲 𝗟𝗼𝗮𝗻 💼🚀
လုပ်ငန်းလည်ပတ်မှုတွေ ပိုမိုချောမွေ့ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်ချဲ့ထွင်ဖို့ လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ခေါင်းခဲနေပါသလား?
လုပ်ငန်းရှင်တွေရဲ့ ငွေကြေးစီးဆင်းမှုကို အကောင်းဆုံး အထောက်အကူပြုပေးနိုင်ဖို့ 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 (𝗙𝗣𝗕) ရဲ့ အပေါင်ထားချေးငွေ (𝗠𝗼𝗿𝘁𝗴𝗮𝗴𝗲 𝗟𝗼𝗮𝗻) ဝန်ဆောင်မှုက အသင့်ရှိနေပါပြီ။
𝗙𝗣𝗕 ၏ အပေါင်ထားချေးငွေ (𝗠𝗼𝗿𝘁𝗴𝗮𝗴𝗲 𝗟𝗼𝗮𝗻) ချေးယူမည်ဆိုပါက -
🔹 ချေးငွေသက်တမ်းမှာ (၁) နှစ်ဖြစ်ပြီး အတိုးနှုန်း (၁၃%) ဖြင့် လျှောက်ထားရယူနိုင်ခြင်း။
🔹 ချေးငွေပမာဏမှာ အာမခံပစ္စည်း (𝗖𝗼𝗹𝗹𝗮𝘁𝗲𝗿𝗮𝗹) တန်ဖိုးအပေါ် မူတည်၍ လုပ်ငန်းအတွက် လိုအပ်သော ရင်းနှီးငွေကို ချင့်ချိန်လျှောက်ထားနိုင်ခြင်း။
🔹 ရယူထားသော ချေးငွေအတွက် လစဉ်ကျသင့်မည့် အတိုးကိုသာ ပုံမှန်ပေးသွင်းရမည်ဖြစ်ပြီး ချေးငွေသက်တမ်းစေ့ရောက်ချိန်တွင်မှ ချေးငွေအရင်းနှင့် ကျန်ရှိသောအတိုးကို တစ်ပါတည်း ပေးသွင်းရမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအတွက် ငွေကြေးလှည့်လည်သုံးစွဲရာတွင် အဆင်ပြေစေခြင်း။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 ၏ ရုံးချုပ်နှင့် ဘဏ်ခွဲများသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ 𝗙𝗣𝗕 𝗖𝗮𝗹𝗹 𝗖𝗲𝗻𝘁𝗲𝗿 ☎️ 𝟬𝟵-𝟮𝟱𝟬𝟵𝟲𝟲𝟯𝟲𝟵 သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။
🌐 𝗙𝗣𝗕 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 – Linktr.ee/FirstPrivateBank
🏦 ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ် 🏦
16/09/2026
🏦 အသုံးမပြုသောစာရင်း (𝗜𝗻𝗮𝗰𝘁𝗶𝘃𝗲 𝗔𝗰𝗰𝗼𝘂𝗻𝘁) နဲ့ စာရင်းသေ (𝗗𝗼𝗿𝗺𝗮𝗻𝘁 𝗔𝗰𝗰𝗼𝘂𝗻𝘁) ဆိုတာ ဘာလဲ?
ကိုယ့်ရဲ့ ဘဏ်စာရင်းတွေကို အချိန်ကြာကြာ အသုံးမပြုဖြစ်ဘဲ ထားလိုက်မိတဲ့အခါ စာရင်းအခြေအနေက "𝗜𝗻𝗮𝗰𝘁𝗶𝘃𝗲 𝗔𝗰𝗰𝗼𝘂𝗻𝘁" ဒါမှမဟုတ် "𝗗𝗼𝗿𝗺𝗮𝗻𝘁 𝗔𝗰𝗰𝗼𝘂𝗻𝘁" ဆိုပြီး အဆင့်တွေပြောင်းသွားတတ်ပါတယ်။
ဒါဆို ဘာတွေကွာခြားလဲ???
📌 𝗜𝗻𝗮𝗰𝘁𝗶𝘃𝗲 𝗔𝗰𝗰𝗼𝘂𝗻𝘁 ဆိုတာ
𝗦𝗮𝘃𝗶𝗻𝗴𝘀 ၊ 𝗖𝘂𝗿𝗿𝗲𝗻𝘁 ၊ 𝗖𝗮𝗹𝗹 စတဲ့အပ်ငွေစာရင်းတွေကနေ ၂၄ လ (သို့မဟုတ်) ၂ နှစ်အတွင်း ငွေသွင်းငွေထုတ်ဆောင်ရွက်ခြင်းမရှိပါက 𝗜𝗻𝗮𝗰𝘁𝗶𝘃𝗲 𝗔𝗰𝗰𝗼𝘂𝗻𝘁 လို့ သတ်မှတ်ပါတယ်။
📌 𝗗𝗼𝗿𝗺𝗮𝗻𝘁 𝗔𝗰𝗰𝗼𝘂𝗻𝘁 ဆိုတာ
𝗦𝗮𝘃𝗶𝗻𝗴𝘀 ၊ 𝗖𝘂𝗿𝗿𝗲𝗻𝘁 ၊ 𝗖𝗮𝗹𝗹 စတဲ့အပ်ငွေစာရင်းတွေကနေ အနည်းဆုံး (၇) နှစ်နှင့်အထက် ငွေသွင်းငွေထုတ်ဆောင်ရွက်ခြင်းမရှိပါက 𝗗𝗼𝗿𝗺𝗮𝗻𝘁 𝗔𝗰𝗰𝗼𝘂𝗻𝘁 လို့ သတ်မှတ်ပါတယ်။
ဒါပေမယ့် စိတ်မပူပါနဲ့။
🔷 ကိုယ်ပိုင်ဘဏ်စာရင်းတစ်ခုဟာ 𝗜𝗻𝗮𝗰𝘁𝗶𝘃𝗲 ဖြစ်သွားတာပဲဖြစ်ဖြစ်၊ 𝗗𝗼𝗿𝗺𝗮𝗻𝘁 အဆင့်ရောက်သွားတာပဲဖြစ်ဖြစ် အပြီးပိတ်သွားတာတော့ မဟုတ်ပါဘူး။
📌 𝗔𝗰𝘁𝗶𝘃𝗲 ဖြစ်အောင် ဘယ်လိုပြန်လုပ်ရမလဲ?
ဘဏ်မှာ သက်ဆိုင်ရာ 𝗥𝗲𝗾𝘂𝗲𝘀𝘁 𝗙𝗼𝗿𝗺 ကို ဖြည့်စွက်ပြီး ဘဏ်ရဲ့ 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကနေတစ်ဆင့် 𝘁𝗿𝗮𝗻𝘀𝗮𝗰𝘁𝗶𝗼𝗻 လုပ်ဆောင်ပေးခြင်းအားဖြင့် 𝗔𝗰𝘁𝗶𝘃𝗲 𝗔𝗰𝗰𝗼𝘂𝗻𝘁 အဖြစ် အလွယ်တကူ ပြန်လည် အသက်သွင်းနိုင်ပါတယ်။
အရေးကြီးတဲ့ငွေကြေးကိစ္စတွေမှာ မနှောင့်နှေးစေဖို့ ကိုယ့်ရဲ့ဘဏ်စာရင်းတွေကို ပုံမှန်စစ်ဆေးပြီး အသုံးပြုနေဖို့ မမေ့ပါနဲ့နော်။
🌐 𝗙𝗣𝗕 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 – Linktr.ee/FirstPrivateBank
15/09/2026
ဖုန်းဘေလ်နဲ့ 𝗗𝗮𝘁𝗮 𝗣𝗮𝗰𝗸𝗮𝗴𝗲 တွေ ဝယ်တိုင်း 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 တွေ အပြည့်အဝရယူဖို့ 𝗙𝗣𝗕 𝗺-𝗕𝗮𝗻𝗸𝗶𝗻𝗴 ကိုသာ ရွေးချယ်လိုက်ပါ 💸✨
ဖုန်းဘေလ်ဖြည့်ရင်းနဲ့ 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 ပါ အပိုရမယ်ဆိုရင် ဘယ်သူများ ငြင်းနိုင်မှာလဲ?
𝗙𝗣𝗕 𝗺-𝗕𝗮𝗻𝗸𝗶𝗻𝗴 နဲ့ ဆိုရင် 𝗧𝗼𝗽 𝘂𝗽 ဖြစ်ဖြစ်၊ 𝗗𝗮𝘁𝗮 𝗣𝗮𝗰𝗸𝗮𝗴𝗲 ဖြစ်ဖြစ် ဝယ်ယူတိုင်း 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 တွေကို ရယူလိုက်ပါ။
𝗙𝗣𝗕 𝗺-𝗕𝗮𝗻𝗸𝗶𝗻𝗴 အသုံးပြုပြီး ဖုန်းဘေလ်နဲ့ 𝗗𝗮𝘁𝗮 𝗣𝗮𝗰𝗸𝗮𝗴𝗲 တွေ ဝယ်ယူမယ်ဆိုရင် -
🔹 မည်သည့် 𝗢𝗽𝗲𝗿𝗮𝘁𝗼𝗿 ဆီကနေမဆို ဖုန်းဘေလ် (𝗧𝗼𝗽 𝘂𝗽) အတွက် – 𝟯% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 📲
🔹 𝗨𝟵 𝗗𝗮𝘁𝗮 𝗣𝗮𝗰𝗸𝗮𝗴𝗲 များအတွက် – 𝟱% အထိ 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 🚀
🔹 အခြား 𝗢𝗽𝗲𝗿𝗮𝘁𝗼𝗿 𝗗𝗮𝘁𝗮 𝗣𝗮𝗰𝗸𝗮𝗴𝗲 များအတွက် – 𝟭% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 📶
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 ၏ ရုံးချုပ်နှင့် ဘဏ်ခွဲများသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ 𝗙𝗣𝗕 𝗖𝗮𝗹𝗹 𝗖𝗲𝗻𝘁𝗲𝗿 ☎️ 𝟬𝟵 𝟴𝟴𝟬 𝟬𝟬𝟲 𝟴𝟭𝟱 သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။
🌐 𝗙𝗣𝗕 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 – Linktr.ee/FirstPrivateBank
🏦 ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ် 🏦
11/09/2026
𝗙𝗣𝗕 𝗺-𝗕𝗮𝗻𝗸𝗶𝗻𝗴 ဖြင့် အချိန်ကုန်သက်သာပြီး အလွယ်ကူဆုံး မီတာဘီလ် ပေးချေလိုက်ပါ 💡
"ရန်ကုန်မှာ မီတာဘီလ်ဆောင်ဖို့ တန်းစီနေတုန်းပဲလား?" ⚡️📱
မီတာဘီလ်ပေးဆောင်ဖို့ မီတာရုံးသွား၊ လူတန်းစီပြီး အချိန်ကုန်ခံနေစရာ မလိုတော့ပါဘူး!
𝗙𝗣𝗕 𝗠𝗼𝗯𝗶𝗹𝗲 𝗕𝗮𝗻𝗸𝗶𝗻𝗴 𝗔𝗽𝗽 ရှိရုံနဲ့ ရန်ကုန်တိုင်းအတွင်း မီတာဘီလ်များကို ဘယ်နေရာရောက်ရောက် စက္ကန့်ပိုင်းအတွင်း စိတ်ချလက်ချပေးဆောင်နိုင်ပါပြီ။
ယနေ့ပဲ 𝗙𝗣𝗕 𝗠𝗼𝗯𝗶𝗹𝗲 𝗕𝗮𝗻𝗸𝗶𝗻𝗴 𝗔𝗽𝗽 ကို အသုံးပြုပြီး လူကြီးမင်းတို့ရဲ့ နေ့စဉ်လူနေမှုဘဝကို ပိုမိုလွယ်ကူ သက်တောင့်သက်သာ ဖန်တီးလိုက်ပါ!
အသေးစိတ်အချက်အလက်များ သိရှိလိုပါက 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 ၏ ရုံးချုပ်နှင့် ဘဏ်ခွဲများသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ 𝗙𝗣𝗕 𝗖𝗮𝗹𝗹 𝗖𝗲𝗻𝘁𝗲𝗿 ☎️ 𝟬𝟵-𝟮𝟱𝟬𝟵𝟲𝟲𝟯𝟲𝟵 သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။
🌐 𝗙𝗣𝗕 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 – Linktr.ee/FirstPrivateBank
🏦 ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ် 🏦
Category
Contact the business
Telephone
Address
#619-621, Merchant Road (Corner Of Merchant Road And Bo Son Pat Street), Pabedan Township
Yangon
11143
Opening Hours
| Monday | 09:30 - 15:00 |
| Tuesday | 09:30 - 15:00 |
| Wednesday | 09:30 - 15:00 |
| Thursday | 09:30 - 15:00 |
| Friday | 09:30 - 15:00 |