Autogate CCTV In Myanmar

Autogate CCTV In Myanmar

Share

autogate system sale & service

Photos from Autogate CCTV In Myanmar's post 14/04/2026

လို့ခေါ်တဲ့ #ခြံတံခါးမော်တာ လေးတွေဟာဆိုရင် ယနေ့ခေါတ်မှာ ခြံဝန်းနှင့်နေထိုင်သူတွေရဲ့ နေ့စဉ်အသုံးပြုရမယ့်မရှိမဖြစ် ပစ္စည်းတစ်ခုလိုဖြစ်လာပါပြီ ဒီ content လေးကတော့ Autogate system ကိုအခုမှစအသုံးပြုမယ့်သူတွေအတွက်ရည်ရွယ်ပြီးရေးပေးထားတာပါခဗျ

#မော်တာအမျိုးအစားဘယ်နှစ်မျိုးရှိလည်း???
– ခြံတံခါးမော်တာတွေမှာ Swing type (၂ချပ်ဖွင့်ရင်ခွဲတံခါး) နှင့် Sliding type (တွန်းတံခါး) ဆိုပြီး ၂ မျိုးရှိပါတယ် ဒီ Content မှာတော့မြန်မာပြည်မှာလူသုံးများတဲ့ Sliding (တွန်းတံခါး) အကြောင်းကိုအရင်ပြောပြပေသွားမှာပါခဗျ

sliding door အတွက်က motor ၂ မျိုးရှိပါတယ် မီးပျက်ရင်အသုံးပြုလို့ရတဲ့ AC/DC Motor နှင့် မီးပျက်ရင် manual ပဲသုံးလို့ရတဲ့ AC Motor တို့ပဲဖြစ်ပါတယ်

#ဘယ်လိုမော်တာအမျိုးအစားကိုရွေးချယ်ရမလည်း???
–AC/DC မော်တာတွေကို EPC မီးတစ်မျိုးထဲကိုပဲ သုံးတဲ့အိမ်တွေ အတွက်အထူးသင့်လျော်ပါတယ် မီးပျက်တဲ့အခါ မော်တာထဲမှာပါတဲ့ Lithium Battery နှင့်အဖွင့်အပိတ်အကြိမ် ၄၀ ခန့်အသုံးပြုနိုင်ပြီး မီးလာတဲ့အခါ သူ့ဟာသူ(Auto) အားပြန်သွင်းတဲ့အတွက် အသုံးပြုသူက မီးပျက်မီးလာကိုကြည့်စရာမလိုပဲ အချိန်ပြည့်သုံးလို့ရနေမှာပါ
အိမ်မှာတော့ Solar system တွေ Inverter Battery တွေတော့ရှိတယ် ဒါပေမဲ့ အပြင်သွားရင် စိတ်ချရအောင် Breaker ပိတ်သွားတတ်တဲ့သူတွေလည်း အထူးသုံးသင့်တဲ့ အမျိုးအစားပါ အိမ်ပြန်လာတဲ့အချိန် တအိမ်လုံးမှောင်နေပေမယ့် သင့်ရဲ့ AC/DC မော်တာလေးကတော့ သူ့အလုပ်သူလုပ်နေမှာပါ
AC မော်တာတွေကတော့ မီးပျက်ရင် manual ထားပြီးအသုံးပြုရမှာဖြစ်တဲ့အတွက် အိမ်မှာ Backup system ရှိတဲ့သူတွေအတွက်ပိုပြီးသင့်လျော်ပါတယ်ခဗျ

#ကုန်ကျစရိတ်နှင့်ရေရှည်ခံမခံ???
– 26သိန်းဝင်းကျင်မှစပြီး အမျိုးအစားလိုက် အကြီးအသေးလိုက်ပြီး သိန်း 50 ဝင်းကျင်အထိရှိတာမလို့ နားလည်ကျွမ်းကျင်တဲ့ Installer နှင့်တိုင်ပင်ပြီးရွေးချယ်နိုင်ပါတယ်
ဖုန်းတစ်လုံးစာတန်ဖိုးမရှိတဲ့ ဒီခြံတံခါးမော်တာလေးတွေက မှန်ကန်တဲ့ Installation တွေနှင့် တံခါးရဲ့တွန်းရဆွဲရတဲ့ အလေးအပေါ့ကိုမူတည်ပြီးရွေးချယ်ရမယ့် မော်တာဆိုဒ်သာ မှန်ကန်မယ်ဆိုရင် အနည်းဆုံး 5 နှစ်အထက်ကိုအသုံးပြုလို့ရပါတယ်ခဗျ

#အဖြစ်များတဲ့Errorနှင့်warranty???
– အဖြစ်များတဲ့ Error တွေကတော့
-တံခါးပိတ်တဲ့အချိန် ရပ်ရမည့်နေရာမှာမရပ်ပဲ အရှိန်လွန်ပြီး တံခါးဘောင်နှင့်ညပ်သွားတဲ့အတွက် ပြန်ဖွင့်လို့မရခြင်း
-Remote battery အားကုန်ခြင်း
-ACမော်တာများတွင် capacitor အားနည်းလာခြင်း
-Limit sensor ပျက်ခြင်း
-Circuit ပျက်ခြင်း
-မော်တာတပ်ဆင်ထားသည့်နေရာရေလွှမ်း၍မော်တာရေမြုတ်ခြင်း
Warranty အနေနဲ့ကတော့ ပစ္စည်း+လက်ခ 1 နှစ် ကနေစပြီး 2 နှစ် 3 နှစ် အထိ အမျိုးအစားနှင့်မော်တာတန်ဖိုးကိုလိုက်ပြီး ရရှိမှာပါခဗျ

ှင့်အပိုပစ္စည်း???
– warranty အမျိုးအစားပေါ်မူတည်ပြီး ဥပမာ-ပစ္စည်း+လက်ခ 1 year warranty ပါတဲ့မော်တာတွေမှာဆို 1 နှစ်အတွင်း ဘာပဲပျက်ပျက် အခမဲ့ လဲပေးသွားမှာပါ (Error ကိုပဲအာမခံပေးတာဖြစ်ပြီး အိမ်ရှင်ကြောင့်ဖြစ်တဲ့ထိခိုက်မူ နှင့် Damage တို့မပါဝင်ပါခဗျ) တစ်နှစ်အတွင်းမှာ လာရမည့် Service အကြိမ်အရေအတွက်မသက်မှတ်ထားသဖြင့် ပျက်တိုင်းအားမနာတမ်းခေါ်လို့ရပါတယ် ကျတော်တို့ဘက်ကလည်း service အကြိမ်ရေများလေဆုံးရှုံးမှုများလေဖြစ်တဲ့အတွက် service အကြိမ်ရေနည်းအောင်အတွက် Installation သေချာအောင်နှင့် ကောင်းမွန်တဲ့မော်တာအမျိုးအစားကိုပဲ ဝန်ဆောင်မှုပေးသွားမှာပါခဗျ
အပိုပစ္စည်းအနေနဲ့ မော်တာ အဖုံးကစပြီးရရှိနိုင်ပါတယ်ခဗျ အာမခံ 1 နှစ်ကျော်သွားလို့ ဝယ်ယူလဲလှယ်ထားတဲ့ အပိုပစ္စည်းတစ်မျိုးချင်းစီကိုလည်း စတင်ဝယ်ယူသည့်နေ့မှစပြီး အာမခံ 1 နှစ်ပြန်ပေးထားပါတယ်ခဗျ

ာကြည့်ရမယ်ဆိုဝန်ဆောင်ခပေးရလား???
– ဟုတ်ကဲ့ ဝန်ဆောင်ခပေးရပါမယ်ခဗျ ကျတော်တို့နှင့်တပ်ဆင်ဖြစ်တယ်ဆိုရင် ယူထားတဲ့ Survey ခကျသင့်ငွေလေးကိုပြန်နုတ်ပေးမှာပါခဗျ
ကျတော်တို့ SAFETY HOME ရဲ့ page မှာရော 09759971233 ရဲ့ Viber https://connect.viber.com/business/1f711418-c145-11ef-9be0-6660394766e0 မှာပါ မော်တာအမျိုးအစားမျိုးစုံရဲ့ စျေးနှုံးတွေတင်ပေးထားပါတယ်ခဗျ အခါအားလျော်စွာစျေးအတတ်အကျလေးရှိတတ်သဖြင့် Survey မခေါ်ခင် ဖုန်းခေါ်ပြီးအားမနာတမ်းမေးမြန်းနိုင်ပါတယ်ခဗျ
သိချင်တာလေးများရှိရင် comment / page messenger / Viber or 09759971233 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခဗျ အဆုံးအထိဖတ်ပေးလို့ကျတော်တို့ SAFETY HOME မှ ကျေးဇူးအထူးတင်ရှိပါတယ်ခဗျ

လိုအပ်လို့မှာယူချင်တယ်ဆိုရင်တော့ အမှတ် ၁၄၁၈ ဒီပါအေးမြလမ်း ၄၆ ရပ်ကွက် မြောက်ဒဂုံမြို့နယ်တွင်မှာယူနိုင်ပါပြီခဗျ
Phone/Viber/Whatsapp တို့မှလည်း Ph~ 09759971233 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခဗျ





ံခါး
#ခြံတံခါးမော်တာ

Category

Address


Yangon

Opening Hours

09:00 - 17:00