Client Focus

Client Focus

Share

Client Focus Technology Group Co., Ltd is one of the leading vendors of IT product distribution, sal

10/08/2026

🖨️ Printer ဝယ်မယ်ဆို Warranty ကို မမေ့နဲ့နော်!

🖨️Epson Printer တွေကို ဝယ်ယူတဲ့အခါ
✨ 2 Years Official Warranty ပါရှိတာကြောင့်
စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်ရှင် ❤️
📌 အိမ်သုံး
📌 Office သုံး
📌 Business သုံး
ဘယ်လိုအသုံးပြုမှုမျိုးအတွက်မဆို အဆင်ပြေတဲ့ Epson Printer တွေ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

29/07/2026

🙏Fullmoon Day of Warso 🙏

🙏ဝါဆိုလပြည့်နေ့🙏

သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း
ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း၊တောထွက်တော်မူခြင်း၊တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သည့် ဝါဆိုလပြည့်နေ့ အချိန်အခါသမယတွင် ခုနှစ်ရက်သားသမီး အပေါင်း ဘေးအန္တရာယ်များမှ ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း ပြည့်စုံပါစေကြောင်း "Client Focus" မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

#ဝါဆိုလပြည့်နေ့

19/07/2026

အာဇာနည်နေ့ ဒို့မမေ့ 🇲🇲

ယနေ့ ဇူလိုင် (၁၉) ရက် (၇၉)နှစ်မြောက်အာဇာနည်နေ့တွင်
နိုင်ငံနှင့် ပြည်သူအတွက် အသက်စွန့်လှူခဲ့ကြသော
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား Client Focus မိသားစုမှ လေးစားစွာ ဦးညွှတ်ဂါရဝပြုအပ်ပါသည်။

#အာဇာနည်နေ့

01/07/2026

Printer ဝယ်မယ်ဆို Warranty က အရေးကြီးတယ်နော်❗

🖨️Warranty မပါတဲ့ပစ္စည်းတွေကို မရောင်းချပဲ Customer တွေစိတ်ချလက်ချအသုံးပြုနိုင်ဖို့ အာမခံပါရှိတဲ့ ပစ္စည်းများသာ တင်သွင်းရောင်းချပေးပါတယ်ရှင်

🖨️ Epson ပရင်တာတွေဝယ်ယူရင်း 2 Years Warranty ရယူလိုက်ပါ 🖨️✨

04/06/2026

☔🎨 June Rainy Season Promotion 🎨☔

Epson F130 Sublimation Printer 10% OFF အထူးပရိုမိုးရှင်း လာပါပြီ!

📅 Promotion Period
June 1, 2026 — June 30, 2026

ဒီမိုးရာသီမှာ
T-shirt Printing, Mug Printing, Gift & Souvenir Business စတင်ချင်သူများအတွက်
အရည်အသွေးမြင့်ပြီး အသုံးပြုရလွယ်ကူတဲ့
Epson SureColor F130 နဲ့
သင့်ရဲ့ Creative Business ကို အဆင့်မြှင့်တင်လိုက်ပါ✨

✅ Color Quality အထူးကောင်းမွန်ပြီး

✅ Compact Design — ဆိုင်အသေးလေးများအတွက်သင့်တော်ပါတယ်

✅ Epson Original Ink System

✅ T-shirt / Mug / Pillow / Keychain အစရှိတဲ့ Sublimation Products များအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်

💡 Business စတင်မယ့်သူပဲဖြစ်ဖြစ်
💡 Printing Service တိုးချဲ့မယ့်သူပဲဖြစ်ဖြစ်
Epson F130 Sublimation Printer တစ်လုံး ရှိထားဖို့တော့ လိုမယ်နော် ဒါကြောင့်
ဒီ June Promotion ကို လုံး၀ လက်မလွတ် စေနဲ့နော်

01/05/2026

မေလ ၁ ရက်နေ့ — အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ 🌍

ယနေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို လှိုက်လှဲစွာ ကြိုဆိုရင်း ကမ္ဘာတဝှမ်းမှ အလုပ်သမားများအားလုံး လုပ်ငန်းခွင်နယ်ပယ်အသီးသီးမှာ ဘေးအန္တရာယ်များကင်းဝေးကာ ကျန်းမာပျော်ရွှင်ကြပါစေကြောင်း Client Focus မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်။




#အလုပ်သမားနေ့

30/04/2026

🌕ကဆုန်လပြည့်ဗုဒ္ဓ‌နေ့ 🌕

ကဆုန်လပြည့်နေ့ အခါသမယမှာဗုဒ္ဓဘုရားရှင်၏ မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်းပူဇော်ရင်းစိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း၊ကောင်းမှုကုသိုလ်များ တိုးပွားစေပြီး မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

မဂ်လာရှိသော ကဆုန်လပြည့်နေ့အခါသမယဖြစ်ကြပါစေ🙏🌕

#ကဆုန်လပြည့်နေ့

25/04/2026

📢 Epson Authorized Sales & Service Center (Yangon Branch) 📢

လေးစားရပါသော Customer များရှင့် Epson Authorized Sales & Service Center (Yangon Branch) ၏ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်ရှင်။

📍 Address
No. 25/26, Bayint Naung Main Road, Block (3), Hlaing Township, Yangon.

📞 Sales Hot Line
• 09 699 270 011
• 09 699 270 022

🛠️ Service Hot Line
• 09 699 270 033
• 09 699 270 044

Sales နှင့် Service ဆိုင်ရာ မေးမြန်းလိုသည်များအတွက် အထက်ပါဖုန်းနံပါတ်များမှတဆင့် ဆက်သွယ်နိုင်ပါသည်။

ယုံကြည်စိတ်ချစွာ အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည် 🙏

10/04/2026

💦💦 သင်္ကြန်ရုံးပိတ်ရက် ကြေငြာခြင်း 📣📣

💦နှစ်သစ်ကူးအတာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ Sales & Service Center များအားလုံး ကို(၁၁.၄.၂၀၂၆)မှ (၁၉.၄.၂၀၂၆) အထိ ရုံးပိတ်ထားမည်ဖြစ်ပြီး (၂၀.၄.၂၀၂၆) ရက်နေ့တွင် ပုံမှန်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေး အကြောင်းကြား အပ်ပါတယ်ရှင်။

💦သင်္ကြန်ကာလရုံးပိတ်ရက်ဖြစ်သောကြောင့် ထိုရက်တွေအတွင်း Facebook Messenger, Viber များမှ ပေးပို့လာသော စာများအား အချိန်မှီပြန်လည်ဖြေကြားခြင်းမရှိပါက နားလည်ပေးကြပါရန်နှင့် ဧပြီ(၂၀)ရက်နေ့မှ စတင်၍ ပုံမှန်အတိုင်း ရုံးများပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါတယ်ရှင်။ ❤️❤️

💦သင်္ကြန်နှစ်သစ်အခါသမယမှာမိသားစုဝင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးကောင်းသောအရာများနဲ့သာ ပြည့်နှက်နေတဲ့ နှစ်သစ်တစ်နှစ်ဖြစ်ပါစေ 🙏💦

💦နှစ်သစ်မှာ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ကံကောင်းခြင်းတွေ အစဉ်အမြဲရရှိပါ‌စေကြောင်း Client Focus မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏🙏🙏

Happy Thingyan Festival 💦🇲🇲

03/03/2026

Client Focus Technology Group Co., Ltd. တွင် အောက်ပါရာထူးအတွက်လစ်လပ်လျှက်ရှိရာ ကုမ္ပဏီနှင့်အတူ ရေရှည်လက်တွဲလုပ်ကိုင်သွားရန်စိတ်ဝင်စားသူများကို ဖိတ်ခေါ်လိုပါသည်။

Sales Executive - ကျား(၁)ဦး ၊ မ (၁) ဦး
-------------------------------------------
* ဘွဲ့တစ်ခုခုရရှိထားသူ (သို့မဟုတ်) တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
* အရောင်းပိုင်း အတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိရမည်။
* Microsoft word, Excel, Email ကျွမ်းကျင်စွာအသုံးပြုတတ်သူဖြစ်ရမည်။
* Customer များနှင့် ပြောဆိုဆက်ဆံရာတွင် အဆင်ပြေချောမွေ့စွာ ပြောဆိုနိုင်ရမည်။
* အရောင်းပိုင်းကို ကျွမ်းကျင်ပြီး၊ ကုန်ပစ္စည်းအကြောင်းများကို သေချာရှင်းလင်းပြောဆို ရောင်းချနိုင်သူဖြစ်ရမည်။
* သွက်လက်ချက်ချာသူ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အများနှင့် ဆက်ဆံရေးပြေပြစ်သူ၊ အသင်းအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမည်။
* အလုပ်ချိန် (9:00AM ) to (5:00PM)
* ရုံးပိတ်ရက် (တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ)
* လစာ ( ညှိနှိုင်း )

လျှောက်ထားလိုသူများသည်
ကိုယ်တိုင်ရေးလျှောက်လွှာ CV Form ၊ လိုင်စင်ဓါတ်ပုံ (၂) ပုံ၊ မှတ်ပုံတင်မိတ္တူ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဘွဲ့လက်မှတ်၊ အခြားတက်ရောက်ထားသော သင်တန်းဆင်းလက်မှတ် မိတ္တူများနှင့်တကွ လူကိုယ်တိုင်ဖြစ်စေ၊ Email ဖြင့် ဖြစ်စေ ပေးပို့ လျှောက်ထားနိုင်ပါသည်။
Client Focus Technology Group Co.,Ltd.
No.(25/26), Bayint Naung Main Road, (Near Chaung Wa Pagoda), Hlaing Township, Yangon.
Contact Phone No – 09-699270011, 09-699270022
Email Address- [email protected]

Telephone

Address


No. 25/26, Bayint Naing Main Road, Hlaing Tsp
Yangon
11051

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 17:30