MICS - TUsF - Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MICS - TUsF - Myanmar, Labor Union, Yangon.
29/09/2026
29/09/2026
အင်းစိန်ဗဟိုအကျဥ်းထောင်အတွင်း ကျူးလွန်လျက်ရှိသော အဓမ္မခိုင်းစေမှုများနှင့်စပ်လျဉ်း၍ထုတ်ပြန် ကြေညာချက်
28/09/2026
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်နေ အိမ်ထောင်ရှင်မတယောက်က “ကုန်ဈေးနှုန်း မထိန်းချုပ်နိုင်တဲ့ အနေအထားတွေကြောင့် ပြည်သူလူထုက အသုံးစရိတ်တွေ အရမ်းကျပ်တည်းလာတယ်။ အရမ်းကို ချွေတာသုံးရတယ်။ အိမ်လခ အသုံးစရိတ်တွေလည်း အရမ်းတက်လာတယ်။ ဘေးကျပ်နံကျပ်ပေါ့။ ဒီလိုပဲ မရ၊ ရတဲ့နည်းနဲ့ အသက်ရှင်ရတယ်၊ လျှောက်လှမ်းရတယ်။ အရမ်းကိုမှ စရိတ်တွေက ချွေတာနေရတယ်။ ကျမတို့ မိသားစုဆိုရင် မနက်စာဆိုရင် အိမ်မှာပဲ စားဖြစ်အောင် ကြိုးစားပါတယ်။ အပြင်မှာစားရင်တော့ အနည်းဆုံး ၅,၀၀၀ ဝန်းကျင်လောက်တော့ ကုန်ကျမယ်။ မုန့်ဟင်းခါးတပွဲကလည်း ၂,၅၀၀၊ ၃,၀၀၀၊ လက်ဖက်ရည်နဲ့ဆိုရင် နေ့စဉ် ၅,၀၀၀ လောက် ကုန်ကျတော့ စားဖို့အတွက် အခက်အခဲတော့ရှိတယ်” လို့ ပြောပါတယ်။
Photo: STUM
အပြည့်အစုံကို comment မှာ ဖတ်ရှုနိုင်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးကတည်းက နေ့ရောညပါ လုံခြုံရေး စိုးရိမ်နေရတဲ့ ရန်ကုန်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် စက်ရုံတွေကနေ ညဘက် အလုပ်ပြန်ချိန်တွေမှာ အလုပ်သမားတွေ အဓမ္မစစ်သားစုဆောင်း ပေါ်တာဆွဲခံရတဲ့ အန္တရာယ်ကို ကြုံနေရပါတယ်။
#ရန်ကုန် #ပေါ်တာဆွဲ #အလုပ်သမား
27/09/2026
https://www.facebook.com/share/p/1DfrsksxEX/
စစ်တပ်ကအာဏာသိမ်းပြီးကတည်းက နေ့ရောညပါ လုံခြုံရေးစိုးရိမ်နေရတဲ့ ရန်ကုန်မြို့မှာ စက်ရုံ တွေကနေ ညဘက်မှပြန်ရတဲ့အလုပ်သမားတွေ အဓမ္မပေါ်တာဆွဲခံရတဲ့ အန္တရာယ်ကို ကြုံနေရ ပါတယ်။
လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံတို့လို မြို့ပြင်ကစက်မှုဇုန်တွေမှာ ညပိုင်းအလုပ်ဆင်းချိန်၊ အချိန်ပိုဆင်းပြီးပြန်လာချိန်တွေမှာ လူငယ်အလုပ်သမားတွေကို စောင့်ဆိုင်းဖမ်းဆီးတာတွေ ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
Photo:DVB
အပြည့်အစုံကို comment မှာ ဖတ်ရှုနိုင်ပါတယ်။
22/09/2026
သတင်းမီဒီယာများအနေဖြင့် MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ထံသို့ ဆက်သွယ်လိုပါက အောက်ဖော်ပြပါ Signal app QR Code အား Signal app မှတဆင့် စကန်ဖတ်၍ ဆက်သွယ်နိုင်ပါသည်။
News & Media can contact U Thet Hnin Aung, Secretary General of MICS-TUsF through the Signal QR code provided below.
ပြီးခဲ့တဲ့ ၃ လအတွင်း ရန်ကုန်က အထည်ချုပ်ရုံ ၄ ရုံထက်မနည်း လုပ်ခတိုးပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ကြီးမြင့်လာတဲ့ကုန်ဈေးနှုန်းနဲ့အတူ အလုပ်သမားတွေရဲ့လုပ်အားခမကိုက်ညီဘူးဆိုရင် ၂၀၁၂ ကလို တပြိုင်နက်တည်း လုပ်ခ တိုးတောင်းတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာနိုင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။
#ရန်ကုန် #အထည်ချုပ်လုပ်သား #လုပ်ခတိုး #အလုပ်သမားအရေး
08/09/2026
MICS-TUsF အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “ဒီလို စက်ရုံပိတ်လိုက်ပြီ ဆိုတာနဲ့ တပြိုင်နက် ပထမဦးဆုံး အရေးကြီး ဆောင်ရွက်ရတာကတော့ ဥပဒေနဲ့အညီ စက်ရုံပိတ် နစ်နာကြေးရဖို့ ဆောင်ရွက်ပေးရမဲ့ အခြေအနေက အရေးကြီးတာပေါ့။ နောက်တခုက နိုင်ငံတကာ ဘရန်းဒ်တွေအနေနဲ့ အခုလို မြန်မာနိုင်ငံကနေ ထွက်ခွာတဲ့အခါမှာ တာဝန်ယူမှု တာဝန်ခံမှု ရှိစွာနဲ့ ထွက်ခွာဖို့က အင်မတန်မှ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျနော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေက တွန့်ဆုတ်နေတာကို တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ အဓိကအားဖြင့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေ မပြေလည်တာကြောင့်ပါ။ ဒီ နိုင်ငံရေး ပြဿနာတွေ မပြေလည်သရွေ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လာဖို့ဆိုတာက မျှော်လင့်လို့ မရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလို မျှော်လင့်လို့ မရသေးတဲ့ အခြေအနေမှာ အလုပ်သမားတွေက တော်တော်လေးကို ဆိုးဆိုးဝါးဝါး ရိုက်ခတ်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
Photo: Daw Sandi Paing (TikTok)
အပြည့်အစုံကို comment မှာ ဖတ်ရှုနိုင်ပါတယ်။
အလုပ်သမားထောင်နဲ့ချီအလုပ်လက်မဲ့ဖြစ်
07/09/2026
MICS အဖွဲ့ချူပ်ဒုတိယ ဥက္ကဌ (၁)
ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးမောင်မြင့်သည် ရေဘေးသင့်လျက်ရှိသော
အဖွဲ့ချူပ် အဖွဲ့ဝင်များကိုသွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကားပြောကြားကာ အဖွဲ့ချူပ်နှင့်
အများပြည်သူက လှူဒါန်းသော အလှူငွေများကို တစ်ဦးချင်းစီလက်ရောက်ပေးအပ်ခဲ့ပါသည်
အလှူငွေလှူဒါန်းခဲ့ကြသော တစ်ဦး
တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
U Maung Myint, First Vice President of the MICS Federation and Regional In-charge for the Ayeyarwady Region, visited union members affected by the floods. During the visit, he offered words of encouragement and personally handed over donations contributed by the federation and the general public to each affected individual.
We express our sincere gratitude and appreciation to every donor who contributed to this cause.
Central Executive Committee
MICS Federation
Category
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when MICS - TUsF - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.