Divot Club
Myanmar's first private golf boutique. Curated from Singapore, Bangkok & beyond. RLX · Lacoste · Nike · Puma · Under Armour
Appointment-only. No crowds.
No pressure. DM or call 09 750 007210 to book your visit. Dress Like a Golfer. 🏌️
#DivotClub #DCGol 🎩 DIVOT CLUB
Premium Golf Boutique for Myanmar's Distinguished Golfers
🌟 Curated Global Prestige Brands
🌟 Limited Exclusive Collections
🌟 Personalized Style Consultation
🌟 By Appointment Only Experience
Where Performance Meets Prestige ⛳
We don't sell products, we curate exceptional golf experiences.
📍 Yangon, Myanmar
📞 +959 75 000 7210
💬 DM for Private Appointments
#DivotClub #PremiumGolfWear #MyanmarGolf
မရိုက်ခင် လေကြောင်းကို မကြည့်ဘဲ ရိုက်လိုက်ရင် လေထဲရောက်မှ ဘောလုံးလွင့်ပါသွားတတ်တယ်! Par 3 လို Short Hole တွေရောက်ရင် Player အများစုက သတိလက်လွတ်နဲ့ လေကြောင်း (Wind Direction) မကြည့်ဘဲ တန်းရိုက်မိတတ်ကြတယ်။ အဲဒီအခါ ဘောလုံးက အပေါ်လည်းရောက်ရော လေနဲ့ပါသွားပြီး Green လွဲသွားတာမျိုး ခဏခဏ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မရိုက်ခင်မှာ လေက ကိုယ့်အနောက်က လာတာလား၊ ရှေ့တည့်တည့်ကလား၊ ညာဘက်လား၊ ဘယ်ဘက်လား ဆိုတာကို ကြိုတင်တွက်ချက်ထားဖို့ အရေးကြီးပါတယ်။
လေတိုက်တိုက်၊ မိုးရွာရွာ ရာသီဥတုအခြေအနေတိုင်းမှာ ခန္ဓာကိုယ်ကို နွေးထွေးသက်တောင့်သက်သာနဲ့ ယုံကြည်မှုအပြည့် ရှိနေစေဖို့ Premium Golf Wear တွေကို အမြဲပံ့ပိုးပေးနေတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
Player တော်တော်များများက Rough ထဲရောက်တာနဲ့ အဝေးကြီးရောက်ဖို့ပဲ တွေးပြီး တုတ်ထုတ်တတ်ကြတယ်။ အရေးအကြီးဆုံးက "ဘောလုံး ဘယ်လို ထိုင်နေလဲ?" ဆိုတာကို အရင်စစ်ဆေးဖို့ပါ။ မြက်ရှည်၊ မရှည် သိချင်ရင် ဘောလုံးဘေးကို ခြေထောက်နဲ့ဖြစ်ဖြစ်၊ တုတ်နဲ့ဖြစ်ဖြစ် နည်းနည်း စမ်းကြည့်လို့ရပါတယ်။ (သတိပြုရန် - ဘောလုံးနောက်တည့်တည့်ကို သွားမစမ်းပါနဲ့၊ Penalty ထိတတ်ပါတယ်)။
ကွင်းထဲမှာ ဘယ်လိုအခြေအနေမျိုးပဲ ကြုံကြုံ သက်တောင့်သက်သာနဲ့ ယုံကြည်မှုအပြည့် ရှိနေစေဖို့ Weather-ready Premium Golf Wear တွေကို အမြဲပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
ရေစိုနေတဲ့ သဲကျင်း (Wet Bunker) တွေထဲရောက်ရင် ဘောလုံးက ဘာလို့ အဝေးကြီး ပြေးထွက်သွားတာလဲ?
မိုးတွင်းမှာ Bunker တွေက ရေစိုပြီး သဲတွေ ပိုမာ (ပိုတင်း) နေတတ်ပါတယ်။ အဲဒီလို အခြေအနေမှာ ခြောက်သွေ့တဲ့ သဲကျင်း (Dry Sand) တွေလိုမျိုး အားရပါးရ အတင်းဝင်တူးလိုက်ရင် သဲက မာနေတဲ့အတွက် ဘောလုံးက အဝေးကြီးကို ပြေးထွက်သွားပါလိမ့်မယ်။ အဓိက သတိထားရမှာက "သဲကို အရမ်းမတူးမိဖို့နဲ့ Spin အတင်းမထုတ်ဖို့" ပါပဲ။ ရှုပ်ထွေးတဲ့ Technique တွေ မသုံးဘဲ အလွယ်ဆုံးနည်းကို ရွေးတာက အဆင်အပြေဆုံးပါပဲ!
မိုးရာသီ ကွင်းဆင်းတဲ့အခါ သက်တောင့်သက်သာ အရှိဆုံးနဲ့ လွတ်လွတ်လပ်လပ် Swing လွှဲနိုင်ဖို့ Weather-ready Premium Golf Wear တွေကို အမြဲပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
Player အများစု မှားတတ်တဲ့ အချက်က "ရိုက်တာ" နဲ့ "ကလော်တာ" မကွဲပြားတာပါပဲ။ ဘောလုံးကို လေထဲ မြှောက်ချင်တဲ့စိတ်နဲ့ အောက်ကနေ ပင့်ပြီး ကလော်တင်တတ်ကြတယ်။ တကယ်တော့ ဂေါက်သီးရဲ့ Simple Logic က "မြှောက်ချင်ရင် အောက်ကို ရိုက်ချရတာပါ"။
ကလော်ရိုက်တဲ့အခါ ဘောလုံးကို ဖြတ်ထိပြီး ပိုနိမ့်သွားတတ်ပါတယ်။ အဆိုးဆုံးကတော့ ဘောလုံးထိပ် (Half Top) ကို သွားထုမိတာပါပဲ။ ဖြတ်တီးမိရင် လက်ကျင်ရုံလောက်ပဲ ဖြစ်ပေမယ့်၊ ထိပ်တည့်တည့် ထုမိရင် လက်အရမ်းနာပြီး တံတောင်ဆစ် (Elbow) ဒဏ်ရာအထိ ရသွားနိုင်ပါတယ်။
ကွင်းထဲမှာ ခန္ဓာကိုယ်ကို လွတ်လွတ်လပ်လပ်နဲ့ အကောင်းဆုံး Swing လွှဲနိုင်ဖို့ သက်တောင့်သက်သာ အရှိဆုံး Golf Wear တွေကို အမြဲပံ့ပိုးပေးနေတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
Swing ဘယ်လောက်ကောင်းကောင်း မိုးတွင်း Tee Box မှာ Stance မှားတာနဲ့ အကုန်ပြီးပြီ!
မိုးရာသီမှာ အရိုက်များတဲ့ Tee Box တွေဆိုရင် ခြေချတဲ့နေရာက ချိုင့်နေပြီး၊ ဘောလုံးတင်တဲ့နေရာက မို့နေတတ်တယ်။ ဒီလို နေရာမညီတဲ့ အချိန်မျိုးမှာ "Swing အပြည့်၊ တုတ်အပြည့်" နဲ့ အားကုန်ကျုံးရိုက်လိုက်ရင် ခြေချော်ပြီး Green လွဲဖို့ (သို့) Top Shot ထိဖို့ ရာခိုင်နှုန်း အရမ်းများပါတယ်။ မိုးတွင်းမှာ Miss Green ဖြစ်တာနဲ့ ပြဿနာစပြီဆိုတာ ညီအစ်ကိုတို့ အသိဆုံးပါ။
မိုးရွာထဲ ကွင်းဆင်းတဲ့အခါ စိုစွတ်ပြီး ကပ်စေးစေးဖြစ်တာမျိုး မရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ ယုံကြည်မှုရှိရှိ Swing လွှဲချင်ရင်တော့ Divot Club (DC Golf Myanmar) က outfit လေးတွေက အတော်လေး အဆင်ပြေပါတယ်။ ညီအစ်ကိုတို့ လိုအပ်ရင် သွားရောက် ရွေးချယ်နိုင်ပါတယ်။
Skill ဘယ်လောက်ကောင်းကောင်း၊ စိတ် (Emotion) ကို မထိန်းနိုင်ရင် ဂေါက်ကွင်းထဲမှာ အမြဲရှုံးနိမ့်နေမှာပါ။ ဂေါက်သီးရိုက်တဲ့အခါ Feeling ကောင်းတဲ့နေ့ဆို အကုန်လုံး အလုပ်ဖြစ်ပြီး Happy ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ သတိထားရမှာက... "အရမ်းပျော်လွန်းရင်လည်း မရပါဘူး"။ ဒေါသထွက်တာက Swing ကို တိုက်ရိုက်ဖျက်ဆီးသလို၊ အလွန်အကျွံ ပျော်ရွှင်စိတ်လှုပ်ရှားနေတာကလည်း ခန္ဓာကိုယ်ရဲ့ Tempo နဲ့ Rhythm ကို ပျက်စေပါတယ်။
ရိုက်ချက် တစ်ချက်ချင်းစီအပေါ်မှာ Feeling တွေ အရမ်းမထားပါနဲ့။ ကောင်းရင်လည်း ခေါင်းညိတ်လက်ခံလိုက်ပါ၊ ပျက်သွားရင်လည်း ဒေါသမထွက်ပါနဲ့။ ကိုယ့်စိတ်ကို အမြဲတမ်း "တစ်သမတ်တည်း (Neutral)" ဖြစ်နေအောင် ထိန်းထားပါ။ ကိုယ့်စိတ်ကို ကိုယ်ထိန်းနိုင်တာက ဂေါက်သီးမှာ အကြီးမားဆုံး Improvement ပါပဲ။
Mental Game ကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့အတွက် အကောင်းဆုံး Premium Outfit တွေကို ပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
Iron 9 နဲ့ Iron 5 ကို ဘောလုံး တစ်နေရာတည်းထားပြီး ရိုက်နေတုန်းပဲလား? ဂေါက်သီးရိုက်တတ်ပြီးသား Player အများစုတောင် မကြာခဏ မှားနေတတ်တဲ့ အချက်ကတော့ တုတ် (Club) အတို၊ အရှည် ပြောင်းသွားပေမယ့် Ball Position (ဘောလုံးထားတဲ့နေရာ) ကို မပြောင်းဘဲ တစ်နေရာတည်းမှာပဲ ထားရိုက်နေတာပါပဲ။ တုတ်အရှည်အပေါ် မူတည်ပြီး Swing Arc (စက်ဝိုင်း)၊ Attack Angle နဲ့ Swing Plane တွေက အကုန်ပြောင်းသွားပါတယ်။ ဒါကြောင့် Club တိုင်းမှာ ကိုယ်ပိုင် Ball Position ဆိုတာ ရှိပါတယ်။
Long Iron ကို Short Iron လို Center မှာထားပြီး အပေါ်ကနေ ဖိရိုက်ရင် မြေကြီးကို အရင်ထိပြီး Chunk (နောက်ပိတ်) ဖြစ်သွားမှာဖြစ်သလို၊ အခန့်မသင့်ရင် ဒဏ်ရာ (Injury) တောင် ရသွားနိုင်ပါတယ်။ Long Iron တွေဟာ မြက်ကို ပါးပါးလေး ဖြတ်သွားတဲ့ "Sweeping Action" ဆန်ဆန် ရိုက်ရတာပါ။ Club တစ်ချောင်းချင်းစီရဲ့ ကိုယ်ပိုင် "Swing Center" ကို ရှာတွေ့သွားပြီ ဆိုရင်တော့ ဂေါက်သီးကို ပိုပြီး ကျကျနန ရိုက်တတ်လာပါလိမ့်မယ်!
ကွင်းထဲမှာ ယုံကြည်မှုအပြည့်နဲ့ ကိုယ့်ရဲ့ Game ကိုပဲ အာရုံစိုက်နိုင်ဖို့ တကယ့်တန်ဖိုးရှိတဲ့ Quality Golf Wear တွေကို အမြဲပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
သဲကျင်းထဲကနေ ဘောလုံး မထွက်နိုင်တဲ့ အဓိက တရားခံက ဘာလဲသိလား? "ကြောက်စိတ်" ပါပဲ။ အပျော်တမ်း Player အများစုက သဲကျင်းထဲရောက်တာနဲ့ ဟိုဘက်ကျော်သွားမှာကို ကြောက်ပြီး မသိစိတ်ကနေ Swing ကို ရုတ်တရက် အရှိန်သတ် (Decelerate) ပစ်လိုက်ကြတယ်။ Swing အရှိန်သေသွားတာနဲ့တပြိုင်နက် ဘောလုံးကလည်း သဲကျင်းထဲမှာပဲ အဆုံးသတ်သွားပါတော့တယ်။ နောက်ပြဿနာတစ်ခုကတော့ ရိုက်တဲ့အခါ လူမငြိမ်တာပါ။
သဲကျင်းထဲမှာပဲဖြစ်ဖြစ်၊ မြက်ခင်းစိမ်းပေါ်မှာပဲဖြစ်ဖြစ် Confidence အပြည့်နဲ့ လွတ်လွတ်လပ်လပ် Swing လွှဲနိုင်ဖို့ Lacoste Golf, RLX, Levi's Tech Pant, AIr Jordan Wear တွေကို အမြဲပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
Putting လွဲရတဲ့ အဓိက အကြောင်းရင်းက ပခုံး (Shoulder) ကို ဘေးဘက်ကို လှည့် (Rotate) ပစ်လိုက်လို့ပါ။ တကယ်တော့ Putting မှာ ခန္ဓာကိုယ်ကို အဲဒီလို လှည့်ဖို့ လုံးဝ မလိုအပ်ပါဘူး။ Putting Technique တွေ အများကြီး ရှိပေမယ့်၊ ဒီအခြေခံ "Pendulum Stroke" ကို မရဘဲနဲ့ ဘယ်တော့မှ Consistency (တည်ငြိမ်မှု) ရှိလာမှာ မဟုတ်ပါဘူး။ Player တော်တော်များများက ပခုံးကို အလွန်အကျွံ လှည့်တတ်ကြတယ်။ ဒါက လုံးဝ အမှားပါ။
ဒီ Drill လေးကို နေ့တိုင်း လေ့ကျင့်ပေးရင် Impact Feel ပိုကောင်းလာပြီး ဘောလုံး လိမ့်ထွက်သွားတာ (Roll) လုံးဝ Smooth ဖြစ်သွားပါလိမ့်မယ်!
ကွင်းထဲမှာ ယုံကြည်မှုအပြည့်နဲ့ စစ်မှန်တဲ့ တန်ဖိုးကို ပေးစွမ်းနိုင်တဲ့ Golf Wear တွေကို အမြဲပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
ဂေါက်ရိုက်ခါနီး Practice Swing တွေ မပြီးနိုင်မစီးနိုင် လွှဲနေတတ်သူလား? ဒါဆိုရင် သတိထားပါ။ The Danger of "Swing Thoughts" ဂေါက်သီးရိုက်ခါနီး ဘောလုံးပေါ်မှာ ရပ်ပြီး အတွေးတွေ အရမ်းများနေပြီလား?
Beginner ကနေ Advanced Player အထိ အများဆုံးဖြစ်တတ်တဲ့ ပြဿနာကတော့ ရိုက်ခါနီးမှာ "Swing Thought" (တွေးတာ) လွန်သွားတာပါပဲ။ ချိန်တာ အကြာကြီး ချိန်မယ်၊ Practice Swing တွေ မပြီးနိုင်မစီးနိုင် အကြိမ်ကြိမ် လုပ်မယ်... အချိန်ကြာလာတာနဲ့အမျှ Muscle (ကြွက်သား) တွေ တင်းလာပြီး၊ တကယ်ရိုက်ရမယ့်အချိန်မှာ "ဘာလုပ်ရမလဲ မေ့သွားသလို ဖြစ်ကာ" Swing က တိုက်ရိုက် ပျက်သွားပါတော့တယ်။
အတွေးနည်းလေ၊ Swing ကောင်းလေပါပဲ! Simple Plan နဲ့ပဲ ရိုက်ကြပါဗျို့! ကွင်းထဲမှာ Confidence အပြည့်နဲ့ Smart အကျဆုံးဖြစ်ဖို့ CK Golf, Taylormade, Nike Golf လို Premium Collection တွေကို အမြဲ Support ပေးတဲ့ DivotClub (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Divot Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.