Teak Architects
We offer architectural services for variety of projects including residential, commercial, hospitality and mixed-used developments.
Contact via messager or viber☎️ 09420001979
29/05/2026
အဆောက်အဦးတစ်ခုရဲ့ “Six Shearing Layers”
အဆောက်အဦးတစ်ခု/အိမ်တစ်အိမ်ကို ယေဘူယျအားဖြင့် အလွှာ (၆) လွှာအနေနဲ့ ခွဲကြည့်လို့ရပါတယ်။ ဒီ concept ကို ဗြိတိန်အာခီတက် Frank Duffy က အဓိကအဖြစ် တင်ပြခဲ့ပြီး နောက်ပိုင်းမှာ Stewart Brand ကလည်း “How Buildings Learn” စာအုပ်ထဲမှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လူသိများအောင် ရှင်းလင်းဖော်ပြခဲ့ပါတယ်။ ဒီသဘောတရားအရ အဆောက်အဦးတစ်ခုဟာ တစ်ခုတည်းမဟုတ်ဘဲ အချိန်နဲ့အမျှ ပြောင်းလဲနိုင်တဲ့ အလွှာများစွာနဲ့ ဖွဲ့စည်းထားတဲ့ စနစ်တစ်ခုဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။
အဲဒီ (၆) လွှာတွေမှာ
1. Site (မြေနေရာ) – အဆောက်အဦးတည်ရှိတဲ့ မြေနေရာဖြစ်ပြီး မပြောင်းလဲနိုင်တဲ့ အခြေခံအလွှာ၊
2. Structure (ဖွဲ့စည်းတည်ဆောက်ပုံ) – အုတ်မြစ်၊ ကွန်ကရစ်၊ သံတိုင်တွေလို အဆောက်အဦးကိုထောက်ပံ့ထားတဲ့ အဓိကအခိုင်အမာဖွဲ့စည်းထားသေား foundation အလွှာ၊
3. Skin (အပြင်အဆင်/ဖုံးလွှာ) – အဆောက်အဦးရဲ့ အပြင်ဘက်မျက်နှာပြင်ဖြစ်တဲ့ နံရံ၊ ပြတင်းပေါက်၊ အမိုး စတာတွေပါဝင်ပြီး အလှအပနဲ့ ရာသီဥတုကာကွယ်ရန်အတွက် ဖွဲ့စည်းထားသောအလွှာ၊
4. Services (ဝန်ဆောင်မှုစနစ်များ) – လျှပ်စစ်၊ ရေ၊ လေအေးပေးစနစ်၊ အပူပေးစနစ် စတဲ့ စနစ်တွေဖြစ်ပြီး နည်းပညာအရ ပံပိုးပေးသောအလွှာ၊
5. Space Plan (အတွင်းပိုင်းစီမံခန့်ခွဲမှု) – အခန်းခွဲခြားမှု၊ နံရံတန်းများ၊ အတွင်းအခန်းဖွဲ့စည်းပုံတွေဖြစ်ပြီး အသုံးပြုသူလိုအပ်ချက်အလိုက် ပြောင်းလဲနိုင်သောအလွှာ၊
6. Stuff (ပစ္စည်းပစ္စယများ) – ပရိဘောဂ၊ ကုလားထိုင်၊ စားပွဲ၊ အလှဆင်ပစ္စည်းတွေပါဝင်ပြီး အလွယ်တကူ ပြောင်းလဲနိုင်တဲ့ အလွှာတို့ဖြစ်ပါတယ်။
ဒီအလွှာ (၆) လွှာ concept ရဲ့ အဓိကအကြောင်းအရာကတော့ အဆောက်အဦးတစ်ခုကို အမြဲတမ်း “တည်ငြိမ်တဲ့အရာ” တစ်ခုအဖြစ်မမြင်ဘဲ “ပြောင်းလဲတိုးတက်နိုင်တဲ့ စနစ်တစ်ခု” အဖြစ်မြင်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်နဲ့ ဆက်စပ်ကြည့်မယ်ဆိုရင် ဒီ concept က အတော်လေးအသုံးဝင်ပါတယ်။ မြန်မာနိုင်ငံမှာ အိမ်တစ်လုံးဝယ်တဲ့အခါ (သို့) ဆောက်တဲ့အခါမှာလူအများစုက အိမ်တစ်လုံးလုံးကို ပုံစံကျတစ်ခုတည်းအဖြစ် ကြည့်တတ်ကြပါတယ်။ ဒါပေမယ့် six layers နဲ့ခွဲကြည့်မယ်ဆိုရင် တန်ဖိုးနဲ့ပြောင်းလဲနိုင်မှုကို ပိုရှင်းလင်းစွာ နားလည်နိုင်ပါတယ်။
ဥပမာအားဖြင့်-
မြေနေရာ (Site) က ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာအိမ်ပိုင်ဆိုင်မယ်ဆိုတာထက် သွားရေလာရေးအဓိကအကျိုးအမြတ်ရနိုင်မဲ့နေရာမျိုးကိုရွေးချယ်ခြင်း ဖြစ်နိုင်ပါတယ်။
Structure ကတော့ အရည်အသွေးကောင်းရင် နှစ်ပေါင်းများစွာအသုံးခံနိုင်ပြီး resale value ကိုသတ်မှတ်ပေးပါတယ်။
Skin နဲ့ Services တွေကတော့ မြန်မာအိမ်တွေမှာ မကြာခဏ ပြုပြင်ပြောင်းလဲရတဲ့အပိုင်းဖြစ်ပြီး အပူဒဏ်ကာကွယ်မှု၊ မီးမလုံခြုံမှု၊ ရေပိုက်စနစ်ပြဿနာတွေလို အခြေအနေတွေကြောင့် အရေးကြီးလာပါတယ်။
Space Plan ကတော့ အဓိကအထူးအရေးကြီးပြီး မိသားစုကြီးငယ်ပြောင်းလဲလာတာနဲ့အညီ အခန်းဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်နိုင်ဖို့လိုအပ်လာနိုင်ပါတယ်။
Stuff ကတော့ ငှားရမ်းအိမ်/ကွန်ဒိုတွေမှာ အထူးသိသာပြီး tenant အလိုက် အလွယ်တကူပြောင်းလဲနိုင်ခြင်းကနေသိရှိနိုင်ပါတယ်။
ဒီလိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်မှာ အိမ်တစ်လုံးကို ဝယ်/ရင်းနှီးမြှုပ်နှံတဲ့အခါ “အရာအားလုံးကို တစ်တန်းတည်းမမြင်ဘဲ အလွှာလိုက်ခွဲပြီး တန်ဖိုးသတ်မှတ်ခြင်း” က ပိုပြီးအသုံးဝင်လာနိုင်ပါတယ်။ အထူးသဖြင့် မြေနေရာနဲ့ structure ကို ရင်းနှီးမြှုပ်နှံမှုအခြေခံအဖြစ်ကြည့်ပြီး services နဲ့ space plan ကိုတော့ အသုံးပြုသူတို့ရဲ့ လိုအပ်ချက်အရ မြှင့်တင်ပြောင်းလဲနိုင်အောင်တည်ဆောက်ခြင်းက ရေရှည်အတွက် ပိုမိုအကျိုးအမြတ်ရနိုင်ပါတယ်။
အောက်မှာပြထားတဲ့ အိမ်ကတော့ the Eames House လို့လူသိများပြီး ၂၁ ရာစုရဲ့ နည်းပညာအရ အလွှာတစ်ခုချင်းစီကို သီးခြားပြောင်းလဲနိုင်မှုနဲ့အတူ design flexibility ကို ထင်ရှားစွာ ပြသထားတဲ့ အဆောက်အဦးတစ်ခုဖြစ်ပါတယ်။ ယခုလို အိမ်ဒီဇိုင်းများကို တိခ်အာခီတက်နှင့်အတူ အကောင်အထည်ဖော်နိုင်ရန် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။
Photos credited to original owners
#အိမ်ဒီဇိုင်း #အိမ် #အာခီတက်ချာ #အာခီ #ဗိသုကာ
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when Teak Architects posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.