AKT

AKT

Share

Sharing Experience and Knowledge in Construction and Infrastructure Management

27/09/2026

🛎️ Resources ရှားပါးတဲ့ ပြသနာကို ဘယ်လို ဖြေရှင်းကြမလဲ 🛎️

အခုနောက်ပိုင်း Construction Management Consultant အနေနဲ့ Projects တွေဆီ သွားတဲ့အခါ .. အမြဲလိုလို အကူအညီတောင်းတာခံရတာက .. “ဆရာရယ် .. ကျနော်တို့ဆီမှာ အင်ဂျီနီယာလိုလို့ .. ရှာပေးပါဦး” ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တစ်ချို့ Company တွေဆို ဘယ်လိုတောင် ပြောကြသလဲဆိုရင် .. လူရှာတာ လနဲ့ချီနေပြီ .. မရသေးဘူးတို့၊ တစ်ချို့ကျတော့ Agency တော့ အပ်ထားတယ် .. ဒါပေမယ့် စိတ်တိုင်းမကျဘူးတို့ .. ဒီလိုမျိုးစကားတွေပဲ ကြားနေရပါတယ်။

အဲ့ဒီတော့ ကျနော်လဲ ဘာပြောဖြစ်လဲဆိုရင်
လူရှာတာကတော့ ရှာပေါ့ .. ဒါပေမယ့် ကိုယ့်ဝန်ထမ်းတွေကို ကိုယ်က မွေးမြူရမယ်လို့ ပြောပြဖြစ်ပါတယ်။

ပြောချင်တာက Site Engineer တစ်ယောက် လိုအပ်တယ် .. ခန့်ချင်တယ် ဆိုပါတော့။ အရင်တုန်းက Site Engineer တစ်ယောက်ကို Interview မှာ သဘောတူထားတဲ့ လစာတစ်ခုပေးလိုက်ရုံနဲ့ ပြီးပေမယ့် .. အခုတော့ အဲ့ဒီလို မဟုတ်တော့ပါဘူး။ ဒီဝန်ထမ်းက ကိုယ့် Company မှာ .. တစ်နည်းပြောရရင် ကိုယ့်ရဲ့စနစ်မှာ အသားကျဖို့လဲ ကူညီရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဝန်ထမ်းခန့်လိုက်ရင် ပြီးသွားတာ မဟုတ်ဘဲ လုပ်ပေးသင့်တွေ ရှိပါတယ်။ အနည်းငယ် အကြံပြုကြည့်ရအောင် … ။

📌(၁) Interview ကတည်းက ကိုယ့်ဝန်ထမ်းဖြစ်လာမယ့် လူရဲ့ Attitude ကို အဓိကထားပါ📌
ကျနော်တို့ အရင်တုန်းက အလုပ်အင်တာဗျူး မေးတဲ့အခါ လုပ်သက်အတွေ့အကြုံတို့၊ ဘာတွေ လုပ်ဖူးလဲတို့ မေးကြပါတယ်။ အခုလဲ ဒါတွေ မလိုအပ်ဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ကိုယ်နဲ့ Key ကိုက်ဖို့ .. ကိုယ့်ဆီမှာ စိတ်ဝင်တစားနဲ့ လုပ်ဖို့ဆိုတာ သူ့ရဲ့ ကြိုးစားချင်တဲ့စိတ်၊ Challenges ရှိရင် အဲ့ဒါကို လက်ခံမယ့်စိတ်က ပိုအရေးကြီးလာပါတယ်။

အဲ့ဒါကြောင့် ကျနော်တို့ အခုနောက်ပိုင်း အင်တာဗျူးတဲ့အခါ လုပ်သက်အတွေ့အကြုံ မရှိရင်တောင်မှ သူက တကယ်ကိုကြိုးစားပြီး Learning ဖြစ်ချင်တယ်ဆိုရင် ခန့်ပါတယ်။ အဲ့ဒီမှာ တစ်ခု မေးစရာ ရှိတာက လုပ်သက်အတွေ့အကြုံမရှိတော့ အမှား မဖြစ်နိုင်ဘူးလား ဆိုတဲ့ ကိစ္စပါ။ အဲ့ဒါကိုတော့ အောက်မှာ ဖော်ပြထားတဲ့ နံပါတ် (၂) အချက်နဲ့ ဖြေရှင်းပါတယ်။

📌(၂) Company မှာ Guidance Programme သဘောမျိုးနဲ့ Knowledge Sharing လုပ်ဖို့ တိုက်တွန်းပါတယ်📌
ကျနော် အခုလက်ရှိ Consultant လုပ်ပေးနေတဲ့ Company တွေမှာဆိုရင် ဘာလုပ်ဖြစ်သလဲ ဆိုရင် တစ်လတစ်ခါလောက်တော့ အနည်းဆုံး Knowledge Sharing Session လုပ်ဖြစ်ပါတယ်။ ဥပမာ ဒီလမှာ Steel Structure Er****on နဲ့ ပတ်သက်ပြီး ပြောဖြစ်ရင်၊ နောက်လမှာ Roofing Works နဲ့ ပတ်သက်ပြီး ပြောခိုင်းပါတယ်။

ဘယ်သူတွေကို ပြောခိုင်းလဲဆိုရင် စီမံကိန်းကို ဦးဆောင်တဲ့ Seniors တွေ ဖြစ်တဲ့ Project Manager တို့၊ Operation Director တို့ကို ပြောခိုင်းပါတယ်။ အဲ့ဒီအတွက် ဘာဖြစ်သလဲဆိုရင် အငယ်တွေလဲ ပညာရသလို၊ အကြီးတွေလဲ သူတို့တွေ သူများကို ပြောဖို့အတွက် သေချာ ပြန်လေ့လာရပါတယ်။ ဒီအခါ နှစ်ဦးနှစ်ဖက်စလုံး တိုးတက်စေပြီး Continuous Improvement ကို ဖြစ်စေပါတယ်။ ဒါက Win – Win Situation လို့ ပြောလို့ ရပါတယ်။

📌(၃) တတ်နိုင်သမျှ SOP နဲ့ Check List ကို Develop လုပ်စေပါတယ်📌
ဝန်ထမ်းအသစ်တစ်ယောက် ခန့်လိုက်လို့ ကိုယ့် Company နဲ့ အမြန်ဆုံး အသားကျစေချင်ရင် သူဘယ်လုပ်ရမယ်ဆိုတာကို Orientation လုပ်ပေးတာ အကောင်းဆုံးပါပဲ။ အဲ့ဒီနောက်တော့ ဘာတွေ ပံ့ပိုးရမလဲဆိုရင် ကိုယ့် Company မှာ ရှိထားသင့်တဲ့ SOP (Standard Operation Procedures) နဲ့ Check Lists ကို လေ့လာခိုင်းရမှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင် တစ်ခုမှာ Procedures ရှိတာနဲ့ .. မရှိတာ .. အများကြီး ကွာခြားပြီး စကားပြောပါတယ်။ ဥပမာ ပစ္စည်းတစ်ခု မှာရမယ် ဆိုရင် Materials Requisition တင်ရမယ် ဆိုပေမယ့် ဘယ်လိုတင်ရမယ် .. ဘယ်အချက်တွေတော့ ပါရမယ်ဆိုတာ Company တစ်ခုနဲ့တစ်ခု မတူနိုင်ပါဘူး။ အဲ့ဒါကို ဝန်ထမ်းနားလည်အောင် လေ့လာခိုင်းဖို့ .. ရှင်းပြဖို့ လိုပါတယ်။

ဒီလိုပဲ .. လုပ်ငန်းတစ်ခု လုပ်ဆောင်တဲ့အခါ ဘာတွေတော့ စစ်ရမယ်ဆိုတဲ့ Check Lists ထုတ်ပေးထားတယ် ဆိုရင် .. အနည်းနဲ့ အများ အမှားအယွင်း ကင်းသွားပါလိမ့်မယ်။ အမှားအယွင်း ကင်းတဲ့အလျောက် လုပ်ရတဲ့လူကလဲ လုပ်ငန်းနဲ့ ပိုပြီးတော့ အသားကျလာမှာ ဖြစ်ပါတယ်။

📌(၄) ဝန်ထမ်းတွေရဲ့လေ့လာမှုကို တတ်နိုင်သမျှ ပံ့ပိုးဖို့ လိုအပ်ပါတယ်📌
နောက်တစ်ချက် အနေနဲ့ ပြောချင်တာက ကိုယ့်အင်ဂျီနီယာတွေ၊ ဝန်ထမ်းတွေရဲ့ လေ့လာမှုကို ပံ့ပိုးရမယ် .. တိုက်တွန်းရပါမယ်။ လေ့လာတာဟာ အပြင်မှာပဲ သင်တန်းတက်တက် .. ဒါမှမဟုတ် ကိုယ့် Company ထဲမှာ ပဲဖြစ်ဖြစ် .. Cross Projects လိုမျိုး စီမံကိန်းတွေ လဲပြီး လေ့လာတာမျိုးဖြစ်ဖြစ် ပြုလုပ်လို့ ရပါတယ်။ Company တစ်ခုကို ကျနော် ဘယ်လို အကြံပေးဖြစ်သလဲဆိုရင် ရန်ကုန်ထဲမှာ စီမံကိန်း ၃ ခု ရှိတယ် ဆိုရင် .. ဒီစီမံကိန်း ၃ ခုကို အင်ဂျီနီယာတွေ အလဲအလှယ် လုပ်ပြီး လေ့လာသင့်တယ်ဆိုပြီး ပြောဖြစ်ပါတယ်။ အင်ဂျီနီယာတွေ Change ခိုင်းတာ မဟုတ်ပါဘူး။ Project တစ်ခုချင်းစီရဲ့ သဘောသဘာဝနဲ့ Constraints တွေကို နားလည်အောင် လုပ်ခိုင်းတာ ဖြစ်ပါတယ်။

ဒီလိုပဲ .. ဝန်ထမ်းတွေကို ပြင်ပသင်တန်းထားပေးတာ .. ကျောင်းတက်ခိုင်းတာ .. အင်ဂျီနီယာ မှတ်ပုံတင်ခိုင်းတာ .. ဒါတွေလဲ ပံ့ပိုးသင့်ပါတယ်။ ဒီလိုမျိုး လုပ်ပေးခြင်းအားဖြင့် Company က ကိုယ့်ဝန်ထမ်း အင်ဂျီနီယာတွေကို Care ဖြစ်တယ်ဆိုတာ ပြသပြီးသား ဖြစ်ပါတယ်။ ဒါဆိုရင် ဝန်ထမ်းကလဲ Company ဘက်ကို အတိုင်းအတာ တစ်ခုအထိ ပြန်ကြည့်ရမယ်ဆိုတဲ့အတွေး ဝင်လာမှာ ဖြစ်ပါတယ်။

တကယ်တမ်းတော့ ပြောမယ်ဆိုရင် ဒီလေးချက်တင်မကပါဘူး .. တခြားသော အချက်တွေလဲ ရှိပါသေးတယ်။ လောလောဆယ်တော့ အဓိကကျနိုင်မယ့်ဟာလေးတွေပဲ ပြောလိုက်တာ ဖြစ်ပါတယ်။
တကယ်တမ်း ဝန်ထမ်းတွေကို ဆွဲဆောင်ဖို့ဆိုတာ ကိုယ့် Company ပဲဖြစ်ဖြစ်၊ ကိုယ့် Project ပဲဖြစ်ဖြစ် စနစ်တကျ ဖြစ်ဖို့ကလဲ လိုပါသေးတယ်။ အဲ့ဒီလိုမျိုး Construction Project Management နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာချင်ရင်တော့ အခုလာမယ့် 4-Oct-2026 မှာ ဖွင့်လှစ်မယ့် IPPC အတန်းလေး ရှိတယ်လို့လဲ ထပ်လောင်း အသိပေးအပ်ပါတယ်။

ခင်မင်လေးစားစွာဖြင့်
AKT

25/09/2026

ကိုတေဇာလင်းနဲ့ ကျနော်က စာသင်ရင်း သိကြတဲ့ မိတ်ဆွေလို့ပဲ ဆိုပါရစေ။
ကျနော်က Construction Project Management ဆိုင်ရာ အကြောင်းအရာတွေကို Knowledge Sharing လုပ်ခဲ့တာ ဆယ်စုနှစ်တစ်ခုကို ကျော်ခဲ့ပါပြီ။ အရင်တုန်းက သင်တန်းတွေကို In-person သင်ခဲ့တယ်။ ကျနော်က ရန်ကုန် အခြေစိုက်မို့ ဒီ In-person အတန်းတွေကို နယ်ဝေးက လူတွေ၊ နိုင်ငံရပ်ခြားက လူတွေ တက်မရခဲ့ဘူး။

မှတ်မှတ်ရရ ကိုဗစ်ကာလရောက်တော့ Singapore က တပည့်ညီမတစ်ယောက်က တိုက်တွန်းလို့ အွန်လိုင်းအတန်းကို စလုပ်ဖြစ်ခဲ့တယ်။ သူကပြောတာက “In-person ပဲဖြစ်ဖြစ်၊ Online ပဲဖြစ်ဖြစ် .. သင်ယူလေ့လာမယ့်သူနဲ့ပဲ ဆိုင်ပါတယ်” ပေါ့။ အဲ့ဒီစကားကို ကျနော် လက်ခံပြီး ZOOM online အတန်းတွေကို Live Session အနေနဲ့ စသင်ခဲ့တယ်။

အဲ့ဒီတော့မှ ကျနော့်ဆီမှာ တကယ်တမ်း အတန်းလာအပ်သူတွေကို ပြန်ဆန်းစစ်ကြည့်ဖြစ်တာ … ဘာတွေ့ရလဲဆိုရင် နိုင်ငံရပ်ခြားကလူတွေက အတန်းရဲ့ တစ်ဝက်လောက် အနည်းဆုံး ရှိနေတာပါ။ အထူးသဖြင့် စလုံးကလူတွေ … ကျနော်ကိုယ်တိုင်လဲ စင်္ကာပူမှာ ကိုယ့်ရဲ့ Construction Project Management Field ကို တည်ဆောက်ခဲ့တာဆိုတော့ ကျနော်နဲ့က တအားကို အာဘော်ကိုက်တာ ဖြစ်နေတယ်။

အဲ့ဒီလိုလူတွေထဲမှာ ကိုတေဇာတို့ ပါပါတယ်။ တခြားသော လူတွေလဲ ရှိပါတယ်။
တစ်ချို့တွေဆို အွန်လိုင်းအတန်းရဲ့ ပုံစံအတိုင်း Silent Learner ဖြစ်ပေမယ့် .. ကျနော် သင်ကြားပေးလိုက်တဲ့ဟာတွေက အထောက်အကူဖြစ်တဲ့အခါ၊ သူတို့အတွက် Opportunity အသစ်တွေ ရလာတဲ့အခါ တကူးတက လာပြောကြတာတွေ ကျနော့်မှာ အမြောက်အမြား ရှိပါတယ်။ ကျနော်ကတော့ ဒီလို သတင်းစကားကြားရရင် ဝမ်းသာပီတိ ဖြစ်ရတာပါပဲ။

အခုလဲ ကိုတေဇာက စလုံးကနေ ကျနော့်ဆီမှ အတန်းတက်တယ်။ တက်ရင်းနဲ့ မိတ်ဆွေ ဖြစ်သွားတယ်။ မြန်မာပြည် သူပြန်လာတော့ ဆုံဖြစ်သေးတယ်။ နောက်တော့ တခြားနိုင်ငံကို ထပ်မံပြီး ရောက်သွားတော့ Time Zone အပြောင်းအလဲကြောင့် သိပ်တော့ စကားမပြောဖြစ်ကြတော့ပေမယ့် အဆက်အသွယ် ရှိမြဲပါ။ အခု ကျနော် October 4 ရက်နေ့မှာ IPPC အတန်းသစ် ဖွင့်မယ်ဆိုတော့ တကူးတက Review ရေးပြီး ရှယ်ပေးလို့ ကျနော်ကလဲ အမှတ်တရ အဖြစ် ပြန်ရှယ်လိုက်တာ ဖြစ်ပါတယ်။

ကျနော် သင်တန်းတွေမှာ ပြောဖြစ်သလို ဘယ် Background ကပဲလာလာ၊ ဘယ် Field ကပဲ ဖြစ်ဖြစ် .. Level တစ်ခုရောက်လာတဲ့အခါ Management ဘက်ကို ကူးရတာပါပဲ။ အဲ့ဒီမှာ ကိုယ်က မှန်ကန်တဲ့ Management အမြင် ရှိဖို့လိုတယ်၊ မှန်ကန်တဲ့ Management အသိ ရှိဖို့ လိုတယ်။ ဒီဟာတွေက စာဖတ်လို့ မရဘူးလို့ မဆိုလိုဘူး .. ဒါပေမယ့် Reality နဲ့ ဘယ်လိုပေါင်းစပ်မလဲဆိုတာကတော့ ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့ဖူးတဲ့၊ သိခဲ့ဖူးတဲ့ .. ပြန်လည်ပြောပြနိုင်တဲ့သူတွေဆီက လေ့လာတာ အကောင်းဆုံးပါပဲလို့ ပြောကြားလိုက်ရပါတယ်။
Review အတွက် ကျေးဇူးပါ .. ကိုတေဇာလင်း

ခင်မင်လေးစားစွာဖြင့်
AKT
(t.me/aktpmt)

24/09/2026

🛎️🛎️ လက်တွေ့အသုံးချလို့ရတဲ့ Construction Project Management နည်းစနစ်တွေကို သိရှိသွားနိုင်မယ့် IPPC (Integrated Project Planning and Control) ZOOM Online Class အတန်းသစ်ကို 4-Oct-2026 နေ့ ပြန်ဖွင့်ပါမယ် 🛎️🛎️

၂၀၂၆ ခုနှစ် ကုန်ဆုံးဖို့ officially ၃လပဲ ကျန်ပါတော့တယ်။ အဲ့ဒီအတွက် နှစ်မကုန်ခင် Construction Project Management ဆိုင်ရာ အကြောင်းအရာတွေကို စနစ်တကျနဲ့ သိထားနိုင်ပြီး၊ နှစ်သစ်ဆိုတာနဲ့ အခွင့်အလမ်းအသစ်တွေ၊ အလုပ်အကိုင်အသစ်တွေ Explore လုပ်နိုင်မယ့် IPPC (Applied Construction Project Management) အွန်လိုင်း အတန်းလေး ပြန်ဖွင့်ပါမယ်နော် ... ။

ဒီ IPPC အတန်းကနေ ဘာတွေ သိနိုင်မလဲ .. ဘာတွေ ကိုယ့်အတွက် အကျိုးရှိမလဲ ဆိုရင်
📌 ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါ Tendering Stage ကနေစပြီး .. လက်တွေ့မှာ လုပ်ရတဲ့ Ex*****on .. အဆုံးသတ်ဖြစ်တဲ့ Handing Over အထိ ဘာတွေကိုတော့ သိထားရမယ် .. ဘယ်လိုနည်းတွေနဲ့ အကောင်အထည် ဖော်ရမယ်ဆိုတာ သိလာပါမယ်
📌 ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေကို Planning ဘယ်လို လုပ်ရမယ် .. ဒီ Planning ကို အထောက်အကူ ဖြစ်ဖို့ ဘာတွေတော့ လုပ်ရမယ် .. လက်တွေ့မှာလဲ ဘယ်လို ထိန်းကျောင်းရမလဲ ဆိုတာ သိလာပါမယ်
📌 ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အရေးကြီးတဲ့ ကဏ္ဍတွေဖြစ်တဲ့ Time, Cost, Scope, Quality, Design, Coordination, Safety အစရှိတဲ့ နယ်ပယ်တွေမှာ ဘာတွေ့တော့ သိထားရမယ် .. ဘယ်လိုနည်းစနစ်တွေကိုတော့ Singapore အစရှိတဲ့ International Construction Industry တွေမှာ သုံးကြတယ် .. အစရှိတာတွေကို သိရပါမယ်

အပေါ်က ပြောထားတဲ့ အကြောင်းအရာတွေက အကြမ်းဖျဉ်း ထုတ်နှုတ်ဖော်ပြထားတာသာ ဖြစ်ပြီး အောက်မှာတော့ Course Outline ကို ဖော်ပြထားပေးပါတယ်။ ဒီအကြောင်းအရာတွေဟာ Local မှာပဲ လုပ်လုပ်၊ International မှာပဲလုပ်လုပ် မသိမဖြစ် သိထားရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။

IPPC Course မှာ ပါဝင်မယ့် ခေါင်းစဉ်တွေကတော့ ….
👉 Project Management Principles (Project Vs Operation, Success and Failure Factors, etc)
Projects တွေရဲ့ သဘောတရားနဲ့ တကွ Management ပြုလုပ်ရမယ့် လိုအပ်မယ့် အချက်တွေ၊ မဖြစ်မနေ စဉ်းစားရမယ့် ကိစ္စတွေကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် သိထားရမယ့် အချက်တွေကို အသေးစိတ် ပြောပြပေးပါတယ်။
👉 Initiation of a Project (Feasibility Study, SWOT analysis, Pre-Conditioned Survey, etc)
စီမံကိန်းတစ်ခုရဲ့ အစပျိုးခြင်းအတွက် ဘာတွေတော့ လုပ်ဖို့ လိုတယ်ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ Singapore Construction မှာ သုံးတဲ့ Pre-Conditioned Survey အကြောင်းတွေ၊ တခြား လိုအပ်ချက်တွေပါ ပြောပြပေးမှာ ဖြစ်ပါတယ်။
👉 Project Planning Details (WBS, Milestones, Constraints, Sequencing, etc)
ဒီခေါင်းစဉ်ကိုတော့ အသေးစိတ် သင်ကြားရမှာ ဖြစ်ပြီး Project Planning အတွက် စဉ်းစားပုံ၊ တွေးခေါ်ပုံ၊ တွက်ချက်ပုံတွေ အကုန်ပါဝင်မှာ ဖြစ်ပါတယ်။
👉 Scope Management (V.O, Change Procedure, Claims, etc)
အလုပ်လုပ်ကြပြီလို့ ပြောကြတဲ့ အခါ ဖြစ်လာနိုင်တဲ့ Changes တွေကို Handle လုပ်ဖို့၊ Variation Procedures ကို သိဖို့၊ Claim လုပ်တတ်ဖို့ အစရှိတာတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။
👉 Schedule Management (Activities, Relationships, CPM, Resources Plan, etc)
Project တိုင်းမှာ လိုအပ်မယ့် Master Schedule, Updated Schedule, Weekly Schedule ဆွဲခြင်းများကို International Standards အတိုင်း သင်ကြားပေးမှာ ဖြစ်ပါတယ်။
👉 Cost Management (Estimates, Cost Types, EVM, etc)
QS တွေ အနေနဲ့ရော၊ Management Personnel အနေနဲ့ပါ သိသင့်တဲ့ Cost Management and Control ပြုလုပ်ပုံ ကိစ္စများကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အင်မတန်မှ သိသင်တဲ့ EVM (Earned Value Management) အကြောင်းကို Report ပြုလုပ်ပုံနဲ့ တကွ ပြောပြပေးမှာ ဖြစ်ပါတယ်။ EVM သာ သိရင် ကိုယ့်အတွက် Budget Control လုပ်ရတာ အင်မတန်မှ အထောက်အကူ ဖြစ်ပါလိမ့်မယ်။
👉 Contract Management (Contract Types, Rights, Obligations, Dispute Resolution, etc)
ဆောက်လုပ်ရေး လုပ်ငန်းသုံး စာချုပ်တစ်စောင်မှာ ပါဝင်သင့်တဲ့ အကြောင်းအရာများကို အသေးစိတ် ရှင်းပြပေးမှာ ဖြစ်ပါတယ်။ စာချုပ်အမျိုးအစား ရွေးတာတွေ .. Terms and Conditions စဉ်းစားတာတွေ ပါဝင်ပါမယ်။
👉 Running a Construction Project (Site Utilization, Meetings, etc)
နေ့တဓူ၀ ဆိုက်ထဲမှာ Operation လုပ်တဲ့အခါ ဘာတွေတော့ ပြုလုပ်ရမယ် ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ အရေးပေါ် အခြေအနေမှာ ပြုလုပ်ရမယ့် ကိစ္စတွေလဲ ရှင်းပြပေးမှာ ဖြစ်ပါတယ်။
👉 Design and Coordination Management (RFI, RFA, DOR, etc)
ဆောက်လုပ်ရေး လုပ်ငန်းဆိုတာ Drawings တွေ၊ Calculations တွေ၊ Submission တွေနဲ့ မကင်းပါဘူး။ ဒါတွေ ဘယ်လိုလုပ်ရမယ်။ တစ်ဦးနဲ့တစ်ဦး Coordination ဘယ်လိုလုပ်ရမယ် ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။
👉 Project Risk Management (Risk Index, RA, Risk Register, etc)
Risk Management နဲ့ တကွ .. Method Statement တင်တဲ့ အခါမှာ တွဲတင်ပေးရတဲ့ Risk Assessment ဘယ်လိုလုပ်ရမလဲဆိုတာကို ဥပမာနဲ့ တကွ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ငလျင်လိုမျိုး သဘာ၀ ဘေးဒဏ်တွေ အတွက် ဘာတွေတော့ လုပ်ခဲ့ရမယ်ဆိုတာလဲ ပြောပြပေးပါမယ်။
👉 Quality and Safety Management (PQP, NCR, ITP, SMS, etc)
Construction Project တစ်ခုရဲ့အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်တဲ့ Quality and Safety Management အကြောင်းကို အသေအချာ ရှင်းပြပေးမှာ ဖြစ်ပါတယ်။
👉 Procurement Management (P.O, Manufacturing Report, Delivery Schedule, etc)
ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကို အလုပ်လုပ်ကြတဲ့ အခါမှာ လိုအပ်တဲ့ Resources များကို ရှာဖွေတဲ့ Procurement Management အကြောင်းကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။
👉 Performance Monitoring (Periodic Reporting, Progress Charts, etc)
Progress Reporting ပြုလုပ်ပုံတွေ၊ Report တစ်ခုမှာ ပါဝင်ရမယ့် အချက်တွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။
👉 Project Closure (Punch List, Documentation, T&C, etc)
စီမံကိန်း အဆုံးသတ်မှာ ဘာတွေ သတိထားဖို့ လိုသလဲ၊ ဘာတွေတော့ ပြင်ဆင်ရမလဲ ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။
👉 Basic Scheduling with MS Project (Gantt Chart Preparation, Creating and Assigning Resources, Updating the Project, etc)
MS Project အသုံးပြုပြီး Schedule တစ်ခုကို ဖန်တီးခြင်း၊ Calendar နဲ့ Resources များ ဖန်တီးခြင်း၊ Schedule ကို Update လုပ်ခြင်းများကို Offline Lessons အနေနဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။

အပေါ်က Course Contents မှာ ဖော်ပြထားတဲ့ ခေါင်းစဉ် တစ်ခုချင်းစီကို ပြောပြတဲ့ အခါမှာ လက်တွေ့ အသုံးပြုပုံများနဲ့ ယှဉ်ပြပြီး ပြောဆိုသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Singapore (LTA Projects based Examples and Lessons) တွေကို သုံးပြီး Local နဲ့ International နှိုင်းယှဉ် ဖော်ပြ ရှင်းလင်း ပေးပါမယ်။ သင်တန်းက Theories တွေ၊ Principles တွေ ပါပေမယ့် ဒါတွေချည်းပဲ လျှောက်ပြောနေမယ့် သင်တန်းမျိုးလည်း မဟုတ်ပါဘူး။ တကယ့်လက်တွေ့မှာ လုပ်ကိုင်ရမယ့် အကြောင်းအရာတွေ၊ နည်းစနစ်တွေ၊ Documents တွေနဲ့ သွားမှာ ဖြစ်ပါတယ်။

ဒီအတန်းက Online အတန်း ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း Zoom Application ကို သုံးပြီး Live Session အနေနဲ့ သင်ပေးမှာ ဖြစ်ပါတယ်။ ပြီးမှ Video file ကို Telegram Group လုပ်ပြီး ပြန်တင်ပေးထားပါမယ်။ IPPC အတန်းဟာ ၂၀၁၈ ခုနှစ်ကတည်းက စတင်ပြီး သင်ကြားပေးခဲ့တဲ့ သင်တန်းဖြစ်ပြီး၊ သင်တန်းသားပေါင်း ထောင်ချီပြီး တက်ရောက်ထားပြီး၊ လက်တွေ့မှာ အသုံးဝင်လှပါတယ်ဆိုတဲ့ Feedback ကောင်းတွေ ရရှိထားတဲ့ သင်တန်းပဲ ဖြစ်ပါတယ်။ ဒီအတန်းဟာ Civil သမားတွေ အတွက်ပဲ မဟုတ်ဘဲ၊ M&E သမားတွေ အတွက်လဲ သက်ဆိုင်ပါတယ်။ အဓိကကတော့ ဆောက်လုပ်ရေး နယ်ပယ်က မည်သူမဆို Construction Project Management ဆိုင်ရာ အကြောင်းအရာတွေကို သိထားချင်ရင် တက်လို့ရပါတယ်။

အဲ့ဒီအတွက် ကိုယ့်လုပ်ငန်းတွေကို ပိုပြီးတော့ စနစ်တကျနဲ့ Management လုပ်ချင်တယ်၊ International Consultants တွနဲ့ စကားပြောရမယ်ဆိုရင် ကိုယ်ကလည်းပဲ ဒီအကြောင်းအရာတွေကို သေချာသိပါတယ်ဆိုပြီး ရဲရဲဝင့်ဝင့်ပြောချင်တယ် ဆိုရင် အခု IPPC သင်တန်းက အထောက်အကူ ဖြစ်ပါလိမ့်မယ်။ Class Completion Certificate ကိုတော့ သင်တန်းနောက်ဆုံးနေ့မှာ Assessment Exam ကို ဝင်ရောက်ဖြေဆိုသူများကို ပေးအပ်မှာ ဖြစ်ပါတယ်။

သင်တန်းအပ်ဖို့အတွက် အသေးစိတ် Information ကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
🗓️🗓️🗓️သင်တန်းစမည့်ရက် ---- 4-Oct-2026 (Sunday)
🔖🔖🔖သင်တန်းအချိန် ---- အပတ်စဉ် တနင်္ဂနွေနေ့ - မနက် ၉း၃၀ နာရီမှ ၁၁း၃၀ နာရီအထိ (မြန်မာစံတော်ချိန်)
သင်တန်းကာလ ---- About 9 to 10 sessions/weeks (စိတ်ပါဝင်စားစွာနဲ့ တက်ရောက်သူများအတွက် အတန်းချိန်တိုင်းမှာ Face to Face discussion ပြုလုပ်လို့ရပါတယ်)
🏷️🏷️🏷️သင်တန်းကြေး ---- 120,000 ကျပ် (Overseas Participants အတွက်တော့ SGD 60 or 180,000 Ks ကောက်ခံပါတယ်။ ဒီဟာက နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူများအတွက် အဆင်ပြေလောက်မယ့် ပမာဏ ဖြစ်တာမို့ ပညာရပ်တစ်ခုရဲ့ တန်ဖိုးအနေနဲ့ သဘောထားပြီး အပ်နှံပေးကြဖို့ မေတ္တာရပ်ခံပါတယ်။)
🔖🔖🔖 သင်ကြားမည့် ပုံစံ ---- ZOOM Live Session and Telegram Group (ZOOM record ကို Telegram Group မှာ Backup သဘောမျိုး အနေနဲ့ ပြန်တင်ပေးပါမယ်၊ အကယ်၍ သင်တန်းအချိန် တိုက်နေရင် Telegram Group မှာ ပြန်ကြည့်လို့ရပါတယ်။ ဒါပေမယ့် သင်တန်းနောက်ဆုံးနေ့မှာတော့ Assessment Exam ကို လာရောက် ဖြေဆိုပေးဖို့ လိုပါတယ်)
📞📞📞စာရင်းပေးသွင်းရန် ---- Page Messenger or Viber 09763208895 (သင်တန်းတက်မယ့်သူရဲ့ နာမည်၊ ဆက်သွယ်လို့ရမယ့် နံပါတ်နဲ့ Email address ပေးပေးရန် လိုပါတယ်)။

ခင်မင်လေးစားစွာဖြင့်
AKT

18/09/2026

ကျနော်နဲ့ သိခဲ့ဖူးတဲ့ မိတ်ဆွေတစ်ယောက်က နေပြည်တော်မှာ ရှိတဲ့ သူ့ Company အတွက် အကူအညီတောင်းလို့ စိတ်ဝင်စားသူများ လျှောက်လို့ရအောင် လိုအပ်နေတဲ့ Positions လေးတွေ ဖော်ပြပေးလိုက်ပါတယ်။ Positions တစ်ခုချင်းစီရဲ့ JD ကိုတော့ Comments မှာ ကျနော် google drive link နဲ့ ပေးလိုက်ပါတယ်။
Planning Engineer တို့ .. Planning Manager တို့ .. ပြည်တွင်းမှာ ခေါ်သလားဆိုရင် ခေါ်တယ်ဆိုတာ ကျနော် အရင်တုန်းက Page မှာ ပြောဖူးပါတယ်။
စိတ်ဝင်စားသူများအတွက်ပါ

ခင်မင်လေးစားစွာဖြင့်
AKT

10/09/2026

ဒီဟာတွေက အရင်တုန်းက ပြောဖူးတဲ့ အကြောင်းအရာတွေပါ။ အခုက ဒီရက်ပိုင်း Planning Engineer အနေနဲ့ ဘာတွေ လုပ်ရတာလဲဆိုပြီး လာမေးတဲ့သူတွေ ရှိနေလို့ ပြန်ရှယ်လိုက်တာပါ။ စိတ်ဝင်စားတဲ့သူများ ဖတ်ကြည့်လို့ ရပါတယ်။

Planning Engineer အနေနဲ့ အလုပ်လုပ်ရင် အလုပ်အရှုပ်ဆုံးက Baseline Programme Development လုပ်တဲ့အချိန်ပါ။ Baseline ဆိုတာ Planning စကားနဲ့ ပြောတာဖြစ်ပြီး၊ အပြင်အခေါ်ဆို Master Schedule လို့ ပြောရင် ရပါတယ်။ အဲ့ဒီတော့ Master Schedule ဆိုတာ ဘာအတွက်လိုတာလဲ ဆိုရင် Time Management အတွက်ပါ။ အဲ့ဒီမှာ Time Management ဆိုတာ One of three Important Areas of Project Management လို့ နားလည်ထားဖို့ လိုပါတယ်။ ဒါကြောင့် အရေးကြီးပါတယ် .. Baseline လုပ်တဲ့ အချိန်ဆိုရင် Planning Engineer အတွက် အင်မတန်မှ Stress များပါတယ်။

နောက်တစ်ခါ ဘယ်အချိန် ထပ်အလုပ်ရှုပ်လဲဆိုရင် ဆိုက်ထဲမှာ Baseline အတိုင်း ဖြစ်အောင် မလုပ်နိုင်ရင်ပါ။ အဲ့ဒီတော့ ဖြစ်အောင် လုပ်နိုင်တဲ့ Construction Team နဲ့ ကြုံရင် ကိုယ်ကသက်သာမယ်။ မဖြစ်ဘူးဆိုတာနဲ့တင် ကိုယ့် Life က မီးခဲ ခုထိုင်ထားသလိုကို ဖြစ်လာတော့မှာပါ။ အဲ့ဒီဟာကို ကိုယ်က ဘယ်လိုမျိုး ကျော်လွှားနိုင်မလဲ ဆိုတာ သိဖို့ လိုပါတယ်။ ဒီဟာနှစ်ခုကို သေသေချာချာလေး လုပ်နိုင်တယ်ဆိုရင် Planning Engineer လုပ်လို့ ရပါပြီ။ ဒါကတော့ ကျနော် အတိုချုံးပြီး ပြောလိုက်တာ ဖြစ်ပါတယ်။

https://www.facebook.com/share/p/1DgYG5qmfd/
https://www.facebook.com/share/p/1GvkYWydV7/
https://www.facebook.com/share/p/1BmjHq3QVy/
https://www.facebook.com/share/p/19amGpmXSK/

ခင်မင်လေးစားစွာဖြင့်
AKT

Photos from AKT's post 08/09/2026

Planning Engineer အလုပ်တွေ ရကြသလား၊ အလုပ်တွေ ရှိလားဆိုရင် .. အလုပ်တွေလဲ ရပါတယ် .. အလုပ်တွေလဲ ရှိပါတယ်။ ဒါပေမယ့် Planning Engineer ဖြစ်ဖို့ဆိုတာ ဒီနေ့ သင်တန်းတက် .. မနက်ဖြန် Planning Engineer တန်းဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဘယ်အလုပ်ပဲ ဖြစ်ဖြစ် .. အခု ရေတွင်းတူး .. အခု ရေကြည်သောက်ဖို့ဆိုတာ ရှားပါတယ်။

ကျနော့်ဆီမှာလဲ သင်တန်းတွေကို သေချာလေ့လာပြီး .. ကိုယ်တိုင်လဲ တစိုက်မတ်မတ် ဆည်းပူးနေတဲ့ တပည့်တွေဆိုရင် အနှေးနဲ့အမြန် အလုပ်တွေ ရကြတာပါပဲ။ အခု ပို့စ်မှာ ဖော်ပြထားတဲ့ Screenshots လေးတွေက အလုပ်ရသွားတဲ့ တပည့်တွေက တကူးတကနဲ့ လာပြောလို့ အမှတ်တရ တင်လိုက်တဲ့ သဘောပါပဲ။

နောက်တစ်ခုက အတွေ့အကြုံ (experiences) မရှိဘူး .. အလုပ်ရနိုင်လားဆိုတဲ့ ကိစ္စပါ။ ဘယ်အရာမဆို အတွေ့အကြုံဆိုတာ ကိုယ်က စလုပ်ရတာပါပဲ .. experience ကို တောင်းတဲ့ အလုပ်တွေ တောင်းသလို .. ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ Learning ကို တောင်းတဲ့ အလုပ်တွေလဲ အများကြီးပါပဲ။ တစ်ခါတစ်ရံမှာ experiences တော့ မရှိပေမယ့် .. အလုပ်အကြောင်း သိနေတယ် .. ဒီအလုပ်ကို လုပ်နိုင်မယ်လို့ ယုံကြည်တယ်ဆိုလဲ အလုပ်ရကြတာပါပဲ။

အဲ့ဒီအတွက် ပြောချင်တာက Planning Engineer အနေနဲ့ အလုပ်လုပ်ချင်တယ်ဆိုရင် ကိုယ့်အပေါ်အများကြီး မူတည်ပါတယ်။ ကျနော်တို့ သင်တန်းတွေဆိုတာ Supporting သဘောမျိုးပါပဲ။ ဒီပေးလိုက်တဲ့ Supporting ပေါ်မှ မူတည်ပြီး ကိုယ်ကိုယ်တိုင်က ကြိုးစားရင် မဖြစ်လာစရာ မရှိဘူးလို့ပဲ ပြောပြပါရစေ။
Primavera P6 New Class on 13-Sep-2026
https://www.facebook.com/share/p/1BhrXi4sVw/

ခင်မင်လေးစားစွာဖြင့်
AKT

05/09/2026

🔷 Project Scheduling နဲ့ ပတ်သက်ရင် အထိရောက်ဆုံးနဲ့ စည်းစနစ်အကျဆုံး သင်ကြားပေးနိုင်တဲ့ PPPS (Primavera P6 Online Course) အတန်းအား 13-Sep-2026 တွင် ပြန်လည် ဖွင့်လှစ်ပါမည် 🔷

Planning Engineer Position နဲ့ Career Opportunity ရှာနေသူများအတွက် အလိုအပ်ဆုံးဖြစ်တဲ့ PPPS – P6 ZOOM Online Class လေး ပြန်ဖွင့်ပါမယ်။ Primavera P6 အသုံးပြုပုံနဲ့ ပတ်သက်ပြီး Singapore Planning Standards ကို အခြေခံပြီး International Guidelines အတိုင်း Basic to Advanced သင်ကြားပေးမယ့် အတန်း ဖြစ်ပါတယ်။

🎯 Primavera Project Planning and Scheduling (PPPS) အတန်းဟာ Construction Projects တွေမှာ International Standards and Practices အတိုင်း Project Scheduling ကို ဖန်တီးချင်ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ့် စီမံကိန်းရဲ့ Master Schedule ကို နည်းစနစ်ကျကျနဲ့ ဆွဲထားပြီး Monitoring လုပ်ချင်ရင်ပဲ ဖြစ်ဖြစ် .. တတ်ထားသင့်တဲ့ Primavera P6 အကြောင်း အခြေခံကနေစပြီး တကယ့် စီမံကိန်းကြီးတွေမှာ အလုပ်လုပ်နိုင်တဲ့ အထိ သင်ကြားပေးမယ့် အတန်းဖြစ်ပါတယ်။

🎯 Primavera P6 နဲ့ ပတ်သက်ပြီး ရှင်းပြရမယ်ဆိုရင်ဖြင့် ဒီ P6 Software ဟာ Project Planning and Scheduling အတွက် ဆိုရင် အားအကောင်းဆုံးနဲ့ အထိရောက်ဆုံး Software ဖြစ်ပြီး အခုခေတ်မှာတော့ Project Management/ Scheduling ပြုလုပ်မယ့်သူတွေ သိထားသင့်တဲ့ အကြောင်းအရာထဲမှာ ပါဝင်နေပါတယ်။ အထူးသဖြင့် International Career Level မှာ Planning Engineer အဖြစ် အသက်မွေးမယ်ဆိုရင် မသိမဖြစ် သိထားရမယ့် Software ထဲမှာပါနေပါတယ်။

🎯 အထူးသဖြင့် ကိုယ်ပါဝင်လုပ်ကိုင်ရမယ့် Project က Complex and Sophisticated ဖြစ်မယ်၊ Trades တွ အများကြီးပါမယ်၊ Zones/Areas တွေ အများကြီး ခွဲထားတယ်၊ ပါဝင်နေတဲ့ Stakeholders တွေကလဲ Planning and Scheduling ကို အသေးစိတ်သွားမယ်ဆိုရင်ဖြင့် Primavera P6 ကို အားလုံးက အသုံးပြုဖို့ အကြံပေးကြမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ P6 Software ပေါ်ကနေ Project တစ်ခုရဲ့ Status ကို Analysis လုပ်ရတာ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်လို့ ဖြစ်ပါတယ်။

🎯 Singapore ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဆိုရင်တော့ Government Projects တော်တော်များများ အထူးသဖြင့် LTA (Land Transport Authority) Projects တွေမှာ Schedule ကို P6 နဲ့ ဆွဲတင်ပေးရမယ်လို့ Tender Requirements မှာကိုက ပါရှိပါတယ်။ MBS (Marian Bay Sands) Project, Changi Airport Project အစရှိတဲ့ စီမံကိန်းကြီးတွေမှာ P6 ကိုပဲ သုံးပြီး Planning and Controlling ပြုလုပ်ကြတာ ဖြစ်ပါတယ်။ Data Center တည်ဆောက်တဲ့ စီမံကိန်းတွေ၊ Chemical Plants တည်ဆောက်တဲ့ စီမံကိန်းတွေ အစရှိတဲ့ Large-scale Projects တွေမှာ P6 ကို အသုံးများပါတယ်။

🎯 အဲ့ဒီအတွက် Planning and Scheduling ကို သေချာလေ့လာချင်တဲ့သူတွေ၊ Complex Projects တွေမှာ ပါဝင်နေတဲ့သူတွေ၊ နောက်ဆုံး နိုင်ငံရပ်ခြားမှာ အလုပ်ရှာဖို့ ပြင်ဆင်နေသူတွေ (အထူးသဖြင့် Singapore တို့၊ UAE တို့ အစရှိတဲ့နိုင်ငံတွေမှာ) သိထားသင့်တဲ့ Primavera P6 နဲ့ Schedule ရေးဆွဲဖန်တီးခြင်း သင်တန်းကို တက်ထားဖို့ လိုအပ်ပါတယ်။ သင်တန်းက အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း သင်မှာ ဖြစ်ပြီး Zoom Meeting နဲ့ Live သင်ပေးမှာ ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် အတန်းချိန် လွတ်သွားခဲ့သော်၊ ပြန်လေ့လာလို့ရအောင် Recorded Video ကိုတော့ Telegram Channel Group မှာ ပြန်တင်ပေးဖို့ စီစဉ်ထားပါတယ်။

🎯 Course Contents အနေနဲ့ ဘာတွေ ပါမှာလဲဆိုရင် Project Schedule တစ်ခုကို တည်ဆောက်ပုံမှ အစပြုပြီး၊ WBS နဲ့ Activities များ နေရာချထားပုံ၊ Relationships နဲ့ Duration များ စဉ်းစားပုံ၊ Project Calendar ဖန်တီးပုံ၊ Resources များ တည်ဆောက်ပုံ၊ Schedule ကို Updating ပြုလုပ်ပုံ၊ ကိုယ်ဖန်တီးထားတဲ့ Schedule မှ တစ်ဆင့် Reports များ ပြုလုပ်ပုံ၊ Project Monitoring and Controlling အတွက် Progress S-curve ဖန်တီးပုံ၊ EOT Programme အတွက် စဉ်းစားပုံ စတဲ့ အကြောင်းအရာ အစုံအလင် ပါဝင်မှာ ဖြစ်ပါတယ်။

🔷 Primavera Project Planning and Scheduling (PPPS) Course Outline 🔷
• Project Planning and Scheduling Principles
• Applied Construction Management and Planning Concepts
• Creating EPS, WBS and OBS
• Making the Project, Activities, Relationships, Duration, Calendar
• Defining Resources and Resources Assignment
• Constraints, Milestones, Percent Completion Types
• Updating the Schedule, Setting Baseline, Schedule Analysis
• Singapore LTA Planning Guidelines and Sample MRT Station Project
• Filtering, Look Ahead Schedule, Global Change, Activity Coding, etc အစရှိတဲ့ အကြောင်းအရာတွေ အသေးစိတ်ပါရှိမှာ ဖြစ်ပါတယ်။

🎯 ကျနော့်ရဲ့ ထုံစံအတိုင်း PPPS Course မှာ Basic တွေ၊ Advanced တွေ မရှိပါဘူး။ Primavera (P6) ကို သုံးပြီး တကယ့်လက်တွေ့မှာ အလုပ်လုပ်လို့ ရတဲ့အထိ သင်မှာပါ။ အဲ့လို သင်တဲ့နေရာမှာလဲ Schedule Software ကို အသုံးပြုရုံမဟုတ်ဘဲ၊ သိသင့်သိထိုက်တဲ့ Planning and Scheduling ဆိုင်ရာ အခြေခံ သီအိုရီများကိုလည်း ရှင်းပြဦးမှာ ဖြစ်ပါတယ်။ PPPS အတန်းရဲ့အားသာချက်ကတော့ P6 lessons များကို တကယ့်လက်တွေ့မှာ အလုပ်လုပ်ထားတဲ့ စီမံကိန်းများနဲ့ ယှဉ်တွဲပြီး လေ့လာနိုင်တာ ဖြစ်ပါတယ်။

သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် Information က အောက်ပါအတိုင်း ဖြစ်ပါတယ်။
👉 Course Title : Primavea Project Planning and Scheduling Course (PPPS)
👉 Opening Date : 13-Sep-2026 (Sunday)
👉 Time : 7:30 pm to 9:00 pm (every Sunday) Myanmar Time
👉 Total Period : Approximately Nine Sessions (သင်တန်းအတွက် သတ်မှတ်ထားတဲ့ ပုံစံအတိုင်း Assignment တင်သော သူများကို Course Completion Certificate ထုတ်ပေးသွားမှာ ဖြစ်ပါတယ်)
👉 Course Fees - 120,000 Ks or SGD 60 (SGD က Singapore မှ အပ်နှံသူများကို ကောက်ခံတာဖြစ်ပြီး POSB Account ကို လွှဲပေးလို့ရပါတယ်။ SGD နဲ့ ကောက်ခံခြင်းဟာ Overseas Participants များအတွက် ရည်ရွယ်တာဖြစ်ပြီး များပြားလှတဲ့ သင်တန်းကြေးရယ်လို့ မဟုတ်တာမို့ Exchange Rate နဲ့ မကြည့်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်)
👉 For registration : Page Messenger ကနေ တဆင့် ဆက်သွယ်ပေးပါရန်
👉 Teaching Methods : Zoom Meeting and Telegram Channel Group
Notes : P6 Software က MacBook မှာ Install လုပ်လို့မရပါဘူး။ Mac ပေါ်မှာ Windows ပြန်တင်ထားမှ အဆင်ပြေမှာ ဖြစ်ပါတယ်။
သင်တန်းနဲ့ ပတ်သက်တဲ့ အခြားသော Information အသေးစိတ်ကို Page Messenger ကနေ လာရောက်မေးမြန်း စုံစမ်းနိုင်ပါတယ်။
ကျနော် ဒီ Page ထဲမှာရော၊ ပြီးတော့ Youtube Channel မှာရော Primavera P6 နဲ့ ပတ်သက်ပြီး လေ့လာလို့ ရမယ့် Videos တွေ တင်ထားပါတယ်။ “A Guide to using Primavera P6” ဆိုပြီးတော့လည်း စာအုပ်ထုတ်ဝေထားပါတယ်။ အဲ့ဒီအတွက် သင်ကြားရေးအတွက် အာမခံပါတယ်။

အဲ့ဒီအတွက် သင်ကြားတာတွေကို နားမလည်တာ၊ မရှင်းတာ မဖြစ်စေရပါဘူး။ ကိုယ်တိုင် သေချာ လိုက်လုပ်ရင် ဒီ Software အသုံးပြုပြီးတော့ အသက်မွေးဝမ်းကျောင်း လုပ်လို့ရတဲ့ အထိ အကျိုးရှိနိုင်ပါတယ်။ နောက်ပြီး ဘယ် Background က မဆို တက်လို့ရပါတယ် .. Civil တွေ၊ M&E ရယ်လို့ မရှိပါဘူး။ Singapore မှာ အလုပ်ရှာမယ့်သူတွေလည်း ကိုယ့် Resume ရဲ့ Qualifications မှာ Primavera P6 Software ကို အသုံးပြုတတ်တယ်လို့ ဝင့်ကြွားစွာ ဖော်ပြနိုင်မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

ခင်မင်လေးစားစွာဖြင့်
AKT

30/08/2026

📌Construction Tender တစ်ခုမှာ UPA (Unit Price Analysis) ပေးပါဆိုရင် ဘာကို ဆိုလိုတာလဲ ဆိုတာ သိပါသလား📌

တကယ်တမ်းတော့ UPA (Unit Price Analysis) ဆိုတဲ့ အကြောင်းအရာက Construction Tenders တွေမှာ သုံးကြပါတယ်။ QS Professionals တွေက ဒီဟာကို ပိုသိကြမယ်လို့ ထင်ပါတယ်။ ကျနော်ကတော့ ဒီပို့စ်မှာ မသိသေးတဲ့သူတွေ၊ ဆောက်လုပ်ရေး ကန်ထရိုက်တာတွေ အတွက် ရှင်းပြချင်တာပါ။ တစ်ချို့က တင်ဒါအတွက် Quotation တင်တဲ့အခါ UPA ဆိုတာ ပါလာရင် ဘာဖြည့်ရမလဲ မသိကြတာ တွေ့နေရလို့ပါ။

Construction Tenders တစ်ခုကို ပုံမှန်အတိုင်း စနစ်တကျ ခေါ်မယ်ဆိုရင် Blank BOQ (Bill of Quantities) ပေးလေ့ ရှိပါတယ်။ အဲ့ဒီမှာလဲ General Notes လိုဟာမျိုး ထည့်သွင်းထားပြီး ဘာပြောထားလေ့ ရှိလဲဆိုရင် Quantities တွေကိုတော့ တင်ဒါဝင်ပြိုင်မယ့် ကန်ထရိုက်တာတွေ ဘက်က ပြန်စစ်ပါ ဆိုတာမျိုး ပြောထားလေ့ ရှိပါတယ်။ Quantities တော့ ပေးထားတယ် .. ပြန်စစ်ဖို့က ကန်ထရိုက်တာတွေရဲ့ တာဝန်ဖြစ်ပါတယ်။

တခါ ဒီ BOQ ထဲမှာပါပဲ ဘာပါလဲဆိုရင် Unit Price/ Unit Rate ကို ဖော်ပြပေးရပါတယ်။ တကယ်တမ်း အသုံးအနှုန်းအမှန်ဆိုရင်တော့ Unit Rates လို့ ပြောတာ ပိုအဆင်ပြေမှာပါ။ Contractual Terms မှာက Price လို့ ပြောရင် Profits ပါပြီးသားလို့ ယူဆကြတာမို့ပါ။ BOQ Amount ဆိုပြီး ရလာတာက .. Measurement ကောက်ထားတဲ့ Quantity ရယ် ဒီ Unit Rate ရယ်ကို မြှောက်လို့ ဖြစ်လာတာပါ။ ဥပမာ သဲတစ်ကျင်းကို တစ်သိန်းကျပ်ဆိုပြီး ပြောလိုက်ရင် အလုပ်လုပ်ရမယ့် သဲကျင်းပမာဏရယ် Rate ရယ် မြှောက်ပြီး BOQ Amount ရလာတာ ဖြစ်ပါတယ်။ ဒါကိုတော့ Construction နဲ့ ရင်းနှီးသူ တော်တော်များများ သိကြပါလိမ့်မယ်။

အဲ .. မသိတာကတော့ Unit Price Analysis လို့ ခေါ်တဲ့ အဲ့ဒီ Unit Rate ကို Breakdown လုပ်ခိုင်းတာပါ။ ဆိုလိုချင်တာက ဘာဖြစ်လို့ တစ်ကျင်းကို တစ်သိန်းကျပ်ဆိုပြီး ထွက်လာတာလဲ ဆိုတာကို အသေးစိတ်တင်ပြရတာပါ။ တကယ်တမ်းတော့ အခုနောက်ပိုင်း Contract တွေမှာလဲ UPA လိုမျိုး အသေးစိတ် မတောင်းရင်တောင် အနည်းဆုံးတော့ Material Rate နဲ့ Labor Rate ခွဲပေးရမယ်ဆိုပြီး ပြောလာတာ မျိုးတော့ ရှိပါတယ်။ UPA ကတော့ အဲ့ဒီထက် ပိုပြီး အသေးစိတ်ပါတယ်။

အဲ့ဒီအတွက် UPA ကို ခွဲမယ်ဆိုရင် အောက်ပါ အချက်တွေကို ဖော်ပြပေးရပါတယ်။
• Material Cost
ကုန်ကြမ်းပစ္စည်း စရိတ်ကို တွက်တဲ့အခါ အရေးကြီးတာ တစ်ခုက Wastage ကိုပါ ပေါင်းပြီး တွက်လေ့ရှိပါတယ်။
• Labor Cost
လုပ်သားစရိတ်ကိုတော Skilled Labor ရော၊ General Worker ပါ ထည့်တွက်ပါတယ်။ တစ်ချို့လဲ Supervisor, Surveyor တွေ အထိ စဉ်းစားပြီး ပြကြပါတယ်။ လုပ်ငန်းရဲ့ သဘောသဘာဝပေါ် မူတည်ပါတယ်။
• Equipment/ Tools Cost
လုပ်ငန်းအတွက် လိုအပ်မယ့်ဟာကို အကုန်စဉ်းစားပေးဖို့ လိုပါတယ်။ တစ်ချို့ဆို မီးစက်လိုရင် .. စက်အပါအပြင် ဒီဇယ်အသုံးပါ တွက်ချက်ပြီး ပြောပါတယ်။ အဲ့ဒီအတွက် Output Rate ဆိုတာနဲ့ ပြန်ချိန်ရပါတယ်။
• Overhead and Profit
ဒီဟာက Indirect Cost သဘောမျိုး ဖြစ်ပြီး ကျနော် ပြောခဲ့သလို UPA လို့ ပြောတဲ့အတွက် Profit ကို ထည့်သွင်းစဉ်းစားခွင့်ပေးတာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက Overall မှာ Profit ထပ်ပေါင်းလို့ မရတော့တာမျိုး ဖြစ်ပါတယ်။

ဒီလိုမျိုး ခေါင်းစဉ်တွေ တပ်လိုက်တဲ့အခါကျတော့ UPA ခွဲရတာ သိပ်မလွယ်တော့တဲ့ သဘော တခါတလေမှာ ဖြစ်သွားတတ်ပါတယ်။ Material နဲ့ Labor ပဲ ခွဲရရင် နဲနဲ ရိုးရှင်းပေးမယ့် ကျန်တဲ့ဟာတွေပါ စဉ်းစားရမယ်ဆိုရင်တော့ တခါတလေ တစ်ကျင်းကို ဘယ်လောက်လဲတို့၊ တစ်ပေကို ဘယ်လောက်လဲတို့ဆိုတဲ့ Rate ကို ပြန်တွက်ရတာ ဖြစ်သွားပါတယ်။

အဲ့ဒီအခါမှာ ကျနော်တို့က ဘယ်လို ပြန်စဉ်းစားရသလဲဆိုရင် Overall ကတော့ လူဘယ်လောက်နဲ့ ဘယ်နှစ်ရက်လောက် လုပ်ရတယ်၊ အတိအကျ ပြောရရင်တော့ Working Hours ဘယ်လောက်တော့ ကြာမယ်ဆိုတာ စဉ်းစားပြီးမှ ဒါဆိုရင်တော့ ဒီလောက် Rate ဆိုရင် တစ်နာရီမှာပဲ ဖြစ်ဖြစ်၊ တစ်ရက်မှာပဲ ဖြစ်ဖြစ် ဒီ Productivity Output တော့ ရမယ်ဆိုပြီး ချပြရတာတွေ ရှိလာတတ်ပါတယ်။

တကယ်တမ်းတော့ ဒီ Output Rate ဆိုတာ Cost Estimation မှာမှ မဟုတ်ပါဘူး .. Time Management အတွက် Schedule Development လုပ်တဲ့အခါမှာလဲ သုံးပါတယ်။ ကျနော်တို့က အဲ့ဒါကို Productivity Rate လို့ ခေါ်ပါတယ်။ လုပ်ငန်းတစ်ခုရဲ့ ကြာချိန်ကို ပြောတဲ့အခါ ဒီအတိုင်း ဘယ်နှစ်ရက်တော့ ကြာမယ်ဆိုပြီး စိတ်ကူးနဲ့ ပြောတာမျိုး မဖြစ်ရဘဲ ၊ Work Quantity ရယ်၊ Resources ရယ်၊ Productivity Rates ရယ်ပေါ် အခြေခံပြီး ပြောရတာ ဖြစ်ပါတယ်။

ပြောချင်တာက Cost ပဲတွက်တွက်၊ Schedule ပဲဆွဲဆွဲ .. ကျနော်တို့မှာ Facts and Figures ပေါ် အခြေခံပြီး စဉ်းစားထားတာတွေ ရှိရပါမယ်။ တစ်ပေမှာ ဒီလောက်ကုန်မယ်လို့ နှုန်းထားတစ်ခုကို ပြောတဲ့အခါ၊ ဘာဖြစ်လို့ ဒီနှုန်းထားဖြစ်လာတာလဲဆိုတာ Client/ Consultant က UPA ကို မေးရင် ပွင့်ပွင့်လင်းလင်း ချပြနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ Knowledge Sharing ပြုလုပ်လိုက်ရပါတယ်။

ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းခွင် ကိစ္စတွေနဲ့ စာချုပ်စာတမ်း အကြောင်းအရာတွေ၊ Scope Clarifications and Coordination အကြောင်းတွေ သိချင်ရင်တော့ အခုလာမယ့် 5-Aug-2026 မှာ ICMS အတန်းလေး ပြန်ဖွင့်ဖို့ ရှိပါတယ်ဆိုတဲ့အကြောင်းလဲ ထပ်ဆင့်လောင်း ကြေညာလိုက်ရပါတယ်။
https://www.facebook.com/share/p/1C4KkaDpz8/

ခင်မင်လေးစားစွာဖြင့်
AKT
(t.me/aktpmt)

25/08/2026

✳️ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အရေးပါလှတဲ့ Contract Management and Administration အကြောင်းကို အသေးစိတ် သင်ကြားပေးတဲ့ ICMS Online Class အတန်းအသစ်ကို 5-Sep-2026 မှာ ပြန်ဖွင့်ပါမယ်။ ✳️

ကျနော် Advanced Planning အတန်းဖွင့်လိုက်လို့ ကြားထဲမှာ ခနနားထားသလို ဖြစ်သွားတဲ့ Contract Management အတန်းလေး ဖြစ်တဲ့ ICMS အတန်းကို ရှေ့လာမယ့် 5-Sep-2026 မှာ ပြန်ဖွင့်ပါမယ်။ Singapore ကရော .. ဒီကတက်ဖို့စောင့်နေသူတွေပါ အတန်းအပ်လို့ရပါပြီလို့ သတင်းစကားပါးပါရစေ။ ဆောက်လုပ်ရေး လောကရဲ့ Issues တွေ၊ Disputes တွေ၊ Scope မပြတ်သာတာတွေ .. အစရှိတဲ့ အကြောင်းအရာပေါင်းစုံကို ဘယ်လိုကာကွယ်ရမယ် ဆိုတာ သိချင်ရင် ဒီ ICMS အတန်းကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

📌 ဒီ ICMS အတန်းဟာ QS (Quantity Surveyor) တွေ အတွက်တော့ မသိမဖြစ် သိရမယ့် အကြောင်းအရာတွေ ပါလို့ တက်သင့်တဲ့ အတန်းဖြစ်ပါတယ်။ ဒါပေမယ့် ICMS က QS တွေ အတွက်ရယ်လို့ပဲ မဟုတ်ပါဘူး။ ဆောက်လုပ်ရေး စီမံကန်းတစ်ခုကို လုပ်ပြီဆိုရင် လက်တွေ့လုပ်ငန်းခွင်မှာ တွေ့ကြုံရတဲ့ ပြသနာတွေကို ကိုင်တွယ်ဖို့ လိုနေတဲ့သူတွေ အကုန်လုံး တက်သင့်တဲ့ အတန်းဖြစ်ပါတယ်။ အထူးသဖြင့် ဘယ်သူတွေလဲ ဆိုရင် Construction Company တွေရဲ့ ပိုင်ရှင်တွေ၊ အိမ်ဆောက်မယ့် Clients တွေ တက်သင့်ပါတယ်။ အဲ့ဒီတော့မှ လက်တွေ့ လုပ်တဲ့အခါမှာ ဘယ်ဟာကတော့ မှန်တယ် မှားတယ်ဆိုတကို သေသေချာချာလေး ဆုံးဖြတ်ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် ကန်ထရိုက်တာပြောတာကို လက်ခံနားထောင်ရတာ ဖြစ်နေကြမှာပါ။

📌 တကယ်တမ်းတော့ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကြပြီဆိုရင် ဖြစ်နေကြ Issues တွေဖြစ်တဲ့ Scope မပြတ်သားတာ၊ ဘာကို လုပ်ပေးရမယ်ဆိုတာ မသိတဲ့ Obligations ကိစ္စတွေ၊ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာနိုင်တဲ့ Changes (Variations) တွေ။ ဒီဟာတွေက ဘာတွေလဲ ဘယ်လို ကိုင်တွယ်ရမှာလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ ပြီးတော့ လုပ်ငန်းလုပ်နေရင်းနဲ့ ကြုံရတဲ့ Unforeseen Conditions .. Obligations တွေကို ချိုးဖောက်တာတွေ .. Payments နောက်ကျတာတွေ .. ဒါတွေနဲ့ ကြုံရရင် ဘာလုပ်ရမယ်ဆိုတာ QS တွေ အနေနဲ့ရော၊ Project Management လုပ်နေတဲ့သူတွေရော သိထားဖို့ လိုပါတယ်။

📌 အဲ့ဒီအတွက် ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ စာချုပ်တစ်ခု ချုပ်ရပြီဆိုတဲ့အခါ ဘာတွေတော့ ပါသင့်တယ်။ သူ့ Right က ဘာလဲ၊ ကိုယ့် Right က ဘာလဲ။ ဘယ်လိုအရာမျိုးကိုတော့ Negotiation လုပ်သင့်တယ်။ ဘယ်လိုဟာကတော့ သွားပြောလို့ မရဘူး .. International မှာ ဒီအတိုင်း လုပ်ကြတာ .. အစရှိသဖြင့် ဒီလိုမျိုး နားလည်ထားဖို့ လိုပါတယ်။ အဓိကကတော့ ကိုယ် အညာမခံရဖို့၊ ကိုယ့်ကို ဂျင်းထည့်တာ မခံရဖို့ ကိုယ်က စာချုပ်အကြောင်းတွေ၊ Procedures တွေကို နားလည်နေဖို့ လိုပါတယ်။

📌 အခု ICMS Course ဟာ International Level မှာ Construction Contract Management အနေနဲ့ ဘာတွေ လုပ်ရမယ်ဆိုတာကို မဖြစ်မနေ သိရမယ့် Tendering ကနေ စပြီး၊ နောက်ဆုံး Performance Certificate ထွက်လာသည် အထိ အသေးစိတ်ကို သင်ပေးတဲ့ အတန်း ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်း အနေနဲ့ လက်ကိုင်ထားမှာက Singapore LTA (Land Transport Authority) ရဲ့ Tendering Guidelines ရယ်၊ ပြီးတော့ ယနေ့အထိ International Level မှာ Contract Guidelines အနေနဲ့ သုံးနေတဲ့ FIDIC Conditions of Contract (Red Book) ရယ် ဖြစ်ပါတယ်။

📌 သင်တန်းမှာ ဒီလိုမျိုး Main Subjects တွေအပြင် Add-on အနေနဲ့ Contract Management လုပ်မယ့် လူတွေ မသိမဖြစ် သိရမယ့် Claim Letter ရေးနည်း၊ EOT Report ပြုစုနည်း၊ Cash flow and Cost Management ပြုလုပ်နည်းတွေကိုပါ ပြောပြပေးပါတယ်။ ကိုယ့်ရဲ့ Career Development အတွက် ဆက်လေ့လာဖို့ လိုအပ်တဲ့ ကိစ္စတွေကိုလည်း ရှင်းပြပေးပါတယ်။ အသေးစိတ် Course Outline ကို အောက်မှာ ဖတ်ရှုလို့ရပါတယ်။

ပြီးခဲ့တဲ့ Batch တုန်းကဆိုရင် Singapore က လူတွေ အများစု လာတက်ကြပြီး၊ အဲ့ဒီထဲမှာ Singapore က A1 အဆင့်ရှိ ဆောက်လုပ်ရေးကုမ္ပဏီက Tender Manager ကိုယ်တိုင် လာရောက်အားပေးထားခဲ့ပါတယ်။ အသုံးဝင်တယ်၊ မဝင်ဘူးဆိုတာ မှန်းကြည့်လို့ရပါတယ်။

🔷 International Contract Management System (ICMS) – ZOOM Online Course Outline🔷
1. Introduction to International Tendering Processes
2. Preparation of Tender Documents based on Singapore LTA Guidelines
3. Tender Evaluation and Tips for winning Tender
4. Things to consider during Tendering (BOQ, Method of Measurements, Specifications)
5. Construction Contracts Types
6. FIDIC Suite of Contracts
7. General Provision in Contracts
8. Employer, Engineer and Contractor’s Roles and Responsibilities
9. Commencement, Delays, Taking-over, DLP
10. Price, Payment and Fluctuations
11. Measurement, VO, Adjustment, Claims
12. Risk Management in Contracts (Indemnities, Insurance, Force Majeure)
13. Dispute Resolution (Meditation, Adjudication, Arbitration)
14. Other Forms of Contracts such as JICA, PSSCOC
15. Claims Reports and Writing
16. Cost and Cash Flow Management
17. Cost S-curve Development and Earned Value Management Concepts

ဒီ ICMS Course ဟာ အပေါ်မှာ ဆိုခဲ့သလို QS တွေ အတွက်သာမက Construction Project တွေရဲ့ Management အပိုင်းမှာ ရှိနေတဲ့ သူတွေ၊ C-Suite Levels ကို ရောက်ရှိနေတဲ့သူတွေ၊ Contract Management ကို သေချာ နားလည်ချင်တဲ့သူတွေ အားလုံးအတွက် လိုအပ်ပါတယ်။ Feedback ကောင်းတွေ အများကြီး ရရှိထားတဲ့ သင်တန်း ဖြစ်ပါတယ်။ ပေးရတဲ့ သင်တန်းကြေးထက် ထိုက်တန်တဲ့ Knowledge တွေ၊ Practices တွေ တစ်ထိုင်တည်း သိသွားနိုင်တဲ့ အတန်းဖြစ်ပါလိမ့်မယ်။

ICMS အတန်းဟာ အွန်လိုင်း အတန်းလို့ ပြောပေမယ့် စည်းစနစ်ကျကျနဲ့ အားလုံးအကျိုးရှိအောင် Class Participation ကို အဓိကထားပြီး သင်မှာမို့ အနည်းငယ် သတ်မှတ်ထားတဲ့ စည်းကမ်းချက်လေးတွေ ရှိပါတယ်။ Contract Management စကားနဲ့ ဆိုရင် Conditions တွေလို့ ဆိုလို့ရပါတယ်။
(၁) သင်တန်းကို Zoom Application သုံးပြီး သင်မှာ ဖြစ်ပါတယ်။ Zoom Account ကို နာမည်နဲ့ သုံးပေးဖို့ မေတ္တာရပ်ခံပါတယ်။
(၂) သင်တန်းချိန်များကို တတ်နိုင်သလောက် မပျက်မကွက် တတ်ဖို့ လိုအပ်ပါတယ်။ 75% attendance လိုအပ်ပါတယ်။
(၃) သင်တန်းနဲ့ ပတ်သက်ပြီး Video files မပေးပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် Live ကို မမှီခဲ့သော် ပြန်ကြည့်လို့ရအောင် Telegram Private Group မှာ ပြန်တင်ထားပေးပါမယ်။ တစ်ယောက်ချင်းစီတော့ မပို့ပေးပါဘူး။ တကယ်လို့ အတန်းချိန် တိုက်နေတာတွေ ရှိရင်လဲ Telegram မှာ ပြန်ကြည့်လို့ရပါတယ်။
(၄) သင်တန်းနောက်ဆုံးနေ့မှာ Assessment Exam ရှိပါမယ်။ သတ်မှတ်ထားတဲ့ ရမှတ်တစ်ခုကို ရရှိမှသာ Certificate ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီ Assessment Exam ကိုတော့ သင်တန်းသူ၊ သင်တန်းသားတိုင်း ဖြေပေးဖို့ လိုပါတယ်။ ဒီ Assessment Exam ကို ဖြေနိုင်ရင် ဘယ် QS interview ကို မဆို ဖြေနိုင်မှာလဲ ဖြစ်ပါတယ်။

စိတ်ဝင်စားလို့ သင်တန်းအပ်ချင်တယ်ဆိုရင် သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
Training Info:
🗓️🗓️🗓️သင်တန်းစမည့်ရက် ---- 5-Sep-2026 (Saturday)
🔖🔖🔖သင်တန်းအချိန် ---- Every Saturday from 7pm to 9pm (Myanmar Time)
သင်တန်းကာလ ---- About 9 Weeks
🏷️🏷️🏷️သင်တန်းကြေး ---- 110,000 ကျပ် (စလုံးကနေ အပ်ချင်တယ်ဆိုရင်ဖြင့် POSB Account ကို လွှဲနိုင်ပြီး သင်တန်းကြေးကို S$55 သတ်မှတ်ပေးထားပါတယ်။ ပေးရတဲ့ သင်တန်းကြေးထက် ပိုမိုထိုက်တန်တဲ့ Knowledge တွေကို ရရှိဖို့ အာမခံပါတယ်။)
📞📞📞ဆက်သွယ်ရန် ---- Page Messenger ကပဲ ဖြစ်ဖြစ် ဒါမှမဟုတ် 09 763208895 (Viber မှတဆင့် message ပို့ ဆက်သွယ်နိုင်ပါသည်)

Telephone

Address


5(B), 210/1, Myinthar 11th Street, Block 14, South Okkalapa
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00