Alfred Folder Vlog

Alfred Folder Vlog

Share

Alfred Folder ဆိုတဲ့ ကျွန်တော့် Page လေးမှာ ကို သိထားတဲ့ knowledge, experience, တခါတလေ Podcast နဲ့ Mini Vlog တွေ တင်ပါမယ်

24/07/2026

Big Announcement...

Reborn of our Memories Page From (GL Online Shop) ... အခုတော့ "Alfred Folder Vlog" အဖြစ်။

Hello Everyone 🥳🥳

ဒီ Page ကို Follow လုပ်ထားတဲ့သူတချို့ကတော့ အံ့ဩနေကြမယ်ထင်ပါတယ်။

Page နာမည်ပြောင်းသွားပါလားပေါ့ 😅

ဟုတ်ပါတယ်...

ဒီ Page က အသစ်ဖွင့်ထားတဲ့ Page မဟုတ်ပါဘူး။

၂၀၁၄ ခုနှစ်တုန်းက ကျွန်တော်နဲ့ ကျွန်တော့်ညီလေး နှစ်ယောက်ပေါင်းပြီး စတင်ခဲ့တဲ့ Online Shopping Page လေးပါ။

အဲ့ဒီအချိန်တုန်းက Online Shopping ဆိုတာလည်း အခုလောက် မပေါ်သေးတဲ့အချိန်။

နေ့ရောညပါ Customer တွေကို Reply ပြန်၊ ပစ္စည်းတွေရှာ၊ အော်ဒါတွေလိုက်ပို့၊ အခက်အခဲတွေကို နှစ်ယောက်အတူဖြတ်ကျော်ခဲ့ကြတယ်။

2 or 3 months လောက် ကြိုးစားပြီးတဲ့နောက်မှာ Customer တွေလည်း အများကြီးရလာခဲ့တယ်။

ကိုယ့်ကို ယုံကြည်ပေးတဲ့ Customer တွေလည်း များလာခဲ့ပြီး...

ကျွန်တော်တို့ နှစ်ယောက်အတွက်တော့ အောင်မြင်ခဲ့တဲ့ စီးပွားရေးအစလေးတစ်ခုလို့ ပြောလို့ရပါတယ်။

ဒါပေမယ့်...

၂၀၁၅ ခုနှစ်မှာ...

ကျွန်တော်က Foreign Bank တစ်ခုမှာ အလုပ်စဝင်ပြီး Professional Career ဘက်ကို လျှောက်လှမ်းခဲ့ပါတယ်။

ဒီနေ့အချိန်ထိ အလုပ်အတွေ့အကြုံတွေကို စုဆောင်းလာရင်း...

အခုဆိုရင် Thailand မှာ System & Security Lead အနေနဲ့ ဆက်လျှောက်နေပါတယ်။

အဲ့ဒီအချိန်မှာပဲ...

ကျွန်တော့်ညီကတော့ Europe ကို ပညာသင်ဖို့ ထွက်သွားခဲ့ပါတယ်။

ဒီနေရာမှာ ညီလေးကို နည်းနည်းတော့ ကြွားချင်တယ်။ 😄

အသက်ငယ်ငယ်နဲ့ Europe မှာ Master Degree (၂) ခုတောင် ရအောင်ယူခဲ့တဲ့သူပါ။

(ဟုတ်ပါတယ်... Master နှစ်ခုပါ။ 😆)

ဒါပေမယ့်...

Master နှစ်ခုရတာနဲ့ အသက်ငယ်တာနဲ့ Gap က ကြမ်းသွားလို့ အလုပ်ရှာတဲ့အချိန်မှာ တောင် အခက်အခဲလေးတွေ ကြုံခဲ့ရသေးတယ်။

ဒီလိုနဲ့...

နှစ်ယောက်စလုံး ကိုယ့်ဘဝကိုယ် လျှောက်လာခဲ့ကြပြီး ဒီနေ့ထိ ဒီ Page လေးကိုတော့ မဖျက်ဘဲ အမှတ်တရအဖြစ် သိမ်းထားခဲ့ပါတယ်။

ဒီနေ့ကစပြီးတော့...

ဒီ Page ကို "Alfred Folder Vlog" အဖြစ် ပြောင်းပီး သုံးကြည့်မယ်

ဘာကြောင့် Page အသစ်မဖွင့်တာလဲဆိုတော့...

ဒီ Page ထဲမှာ ကျွန်တော်နဲ့ ကျွန်တော့်ညီရဲ့ အမှတ်တရတွေ၊ ကြိုးစားခဲ့တဲ့အချိန်တွေ၊ Customer တွေရဲ့ ယုံကြည်မှုတွေ အများကြီးရှိနေလို့ပါ။

အဲဒီအမှတ်တရတွေကို မဖျက်ချင်ခဲ့ဘူး။

ဒါကြောင့်... ဒီ Page လေးပြန်သုံးပါ့မယ်

Chapter အသစ်တစ်ခု စတာလို့ပဲ မြင်ချင်ပါတယ်။

လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး TikTok မှာ Alfred Folder နာမည်နဲ့ Content တွေ စတင်လုပ်နေခဲ့ပါတယ်။

အခုကစပြီးတော့ Facebook မှာလည်း Alfred Folder Vlog အနေနဲ့ ဆက်လက်ပီး Sharing လုပ်မယ် ပွားမယ် Vlog လေးတွေတင်သွားပါမယ်

ဒီ Page မှာတော့...

💻 IT Knowledge Sharing

🛡️ Cyber Security နဲ့ System ပိုင်းဆိုင်ရာ အတွေ့အကြုံများ

💼 Job Experience

📈 Working Ethics

🎯 Career Development

🤖 AI Tools

အပြင်...

📷 Daily Vlog

👨‍👩‍👧‍👦 Family Vlog

👖 Fashion

☕ Lifestyle

✈️ Travel

စတဲ့ ကျွန်တော့်ဘဝရဲ့ အတွေ့အကြုံတွေနဲ့ စိတ်ဝင်စားစရာတွေကို အေးအေးဆေးဆေး သုပ်စုံ မျှဝေသွားမှာပါ။ 😂

ဒီ Page ကို အရင်ကတည်းက Follow လုပ်ပေးခဲ့ကြတဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

ဆက်လက်အားပေးပြီး Follow လုပ်ထားပေးကြပါ

နောက်လာမယ့် Post တွေမှာလည်း ပြန်တွေ့ကြမယ်

Thank You Guys 👍🎊 ❤️

— Alfred Folder Vlog

Mobile uploads 01/01/2015

Happy New Year ပါ အားလုံးအားလုံး သော Friend တွေ 2015 ဆိုတဲ့ စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာ ကံကောင်းခြင်းများစွာ ရရှိစေဖို့ ဆုတောင်းလိုက်ပါတယ်

GOOD LUCK EVERYONE !

YAYYYYY HAPPY NEW YEAR 2015
:) :) :) :)

Telephone

Website

Address


Mingalar Taung Nyunt
Yangon

Alerts

Be the first to know and let us send you an email when Alfred Folder Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.