Aircraft Rescue &Fire fighting

Aircraft Rescue &Fire fighting

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aircraft Rescue &Fire fighting, Aviation school, Civil Aviation Training Institute, Yangon.

23/03/2026

အားလုံးပဲ မင်္ဂလာပါ။ Page ကြီးကငြိမ်သက်တိတ်ဆိတ်နေခဲ့တာ ၆နှစ်လောက်ရှိပါပြီ။ခု Page ကိုပြန်ပြီး အလုပ်လုပ်ဖို့တွေးမိတော့ ဘယ်က‌နေပြန်စရပါ့မလဲပေါ့။ လက်တလော ARFFနဲ့ကင်းကွာနေပေမဲ့ ဒီရဲ့အကြောင်းတရားတွေကိုတော့ မေ့မထားပဲ ရတဲ့အချိန်အားတဲ့အချိန်လေးတွေမှာ လေ့လာဖြစ်တယ်။အရင်ကသိပြီးသားအကြောင်းအရာတွေနဲ့ ခုနောက်ပိုင်း တိုးတက်ပြောင်းလဲမှုကနေတဆင့် ဖြစ်ပေါ်လာတဲ့အကြောင်းတရားအပေါ်မှာလဲ မြင်လာတာလေးတွေရှိတယ်။ ဒါပေမဲ့ ကိုယ်တစ်ယောက်ထဲသိထားတာက ဘာအတွက်မှအကျုံးမဝင်ဘူး အားလုံးသိအောင်ပြန်မျှဝေပေးနိုင်ရင် တစ်စုံတစ်ခုအကျိုးလေးတော့ရှိတန်ကောင်းပါတယ်လေဆိုပြီး Page ကိုပြန် Run ဖို့ကြိုးစားလိုက်တာပါ။အားလုံးလဲ ခုချိန်မှာ ကျနော့ထက်တောင်ပိုအသိကြွယ်နေမယ်လို့ ယုံကြည်မိပါတယ်။ AI တွေ Google Translate တွေကလဲ လိုက်မမှီအောင် ကောင်းလွန်းနေတော့ ဘာလေးရှာချင်ရှာချင် အကုန်ရ‌နေ‌ တဲ့အ‌နေအထားမှာ လူတိုင်းရဲ့အရည်အချင်းတွေကလဲ လျှော့တွက်လို့မရပါဘူး ဒါလေးပြောချင်တာပါ။အဲ့တော့ ဝါသနာအရ ARFF ကိုရောက်လာတာမဟုတ်ပေမဲ့ လေ့လာရင်းဆည်းပူးရင်း ဆရာသမားတွေရဲ့လမ်းညွှန်ပြသမှုနဲ့ လိုက်လုပ်ရင်းမှတ်သားရင်းဝါသနာလိုဖြစ်သွားတာပါ။ Aircraft Rescue & Firefighting (လေယာဉ်အသက်ကယ်မီးသတ်)မှာ Aircraft ကိုခဏဖြုတ်ပြီးကြည့်မယ်ဆိုရင်လဲ ဒီရဲ့အတက်ပညာကလဲ အပြင်မှာဝင်ဆန့်တယ်ဆိုတာလေးပြောပါရစေ။ အသက်ကယ်ဖို့ ဦးစားပေးလိုက်တဲ့အတွက် Contribution လို့ခေါ်တဲ့ အများအပေါ်အကျိုးပြုမှုတစ်ရပ်ကို တွေးပေးလိုက်တာပါပဲ။ဒီလိုတွေးပြီးလုပ်ဆောင်နိုင်ဖို့ဆိုတာ ကျနော်တို့မှာ လိုအပ်ချက်မရှိမှရမှာပါ။ ပြည့်စုံတယ်ဆိုတာတော့ ဘယ်သူမှမရှိပါဘူး။ ဒါပေမဲ့ လိုအပ်လာရင် လိုအပ်တဲ့နေရာလေးတစ်ထောင့်တစ်နေရာကိုဖြည့်ပေးနိုင်ရင်ကို လုပ်ငန်းကအောင်မြင်နေပါပြီ။ ဒီလို လိုအပ်ချက်တွေဖြည့်ဖို့ ဒီအလုပ်နဲ့ပက်သက်ပြီး ကျနော့ဘက်က ရှာဖွေ သိမ်းဆည်းထားတာလေးတွေကို တ‌စ်ပတ်ကို ၂ရက် /၃ရက် ပုံမှန်တင်ပေးမယ်လို့‌တွေးထားပါတယ်။ Post တင်တဲ့အခါ မြန်မာလိုပဲဦးစားပေးတင်ပါမယ်။ အောက်ခြေကနေစပြီး တစ်ဆင့်ခြင်း ပြန်တင်ပေးပါမယ်။ မရှင်းတာမေးလိုရာလေးတွေ၊ အမှားပါပါနေခဲ့ရင် မေးပါထောက်ပါ ဝေဖန်ပါလို့ ပြောလိုပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

05/05/2022

လေယာဥ်အသက်ကယ်မီးသတ်နဲ့ပတ်သက်သောအကြောင်းအရာများကို Twitter ကနေလဲလေ့လာလို့ရအောင် လုပ်ပေးထားပါတယ်။
အားလုံးပဲကျေးဇူးတင်ရှိပါတယ်

05/05/2022

Yesterday!
Happy International All Firefighters.

01/01/2021

ပြီးခဲ့နှစ်၂၀၂၀မှာနောက်ဆုံးမနေ့ကအထိ အခက်အခဲတွေကိုရင်ဆိုင်ကြတဲ့အထဲမှာ လေယာဥ်အသက်ကယ်မီးသတ်ဆိုတဲ့ခေါင်းစဥ်တစ်ခုထဲအတွက်ပါမကပဲ ကပ်ရောဂါဆိုးကိုပါတော်လှန်ခဲ့ကြရတာကိုတွေ့ရတရ်။
တစ်ချို့လဲမရှိကြတော့ဘူး။တချို့လဲ နားခဲ့ကြရတရ်။တချို့လဲ လိမ်ဖယ်လိမ်ဖယ်နဲ့ကျန်ရစ်ခဲ့ကြတရ်။
ဒီနှစ်၂၀၂၁ရဲ့အစနေ့ပါ လေကြောင်းလောကမှာ ခရီးသည်များဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လှုံခြုံရေးအတွက်ဦးစားပေး အလုပ်လုပ်နေကြသော မြန်မာ နိုင်ငံမှာရှိတဲ့လေယာဥ်အသက်ကယ်မီးသတ်သမားများ၊ လေယာဥ်အသက်ကယ်မီးသတ်နှင့်နှီးနွယ်နေတဲ့အဖွဲ့အစည်းများနှင့်လေကြောင်းလိုင်းမှခရီးသည်များအတွက် ဘေးကင်းရေးနဲ့လှုံခြုံရေးအတွက်အကောင်းဆုံးဝန် ဆောင်မှုပေးနေတဲ့ လေယာဥ်မှုးများ၊ လေယာဥ်မောင်/မယ်များ စတဲ့လူပုဂ္ဂိုလ် / အဖွဲ့အစည်းများအားလုံးကို စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ ၊မည်သည့်အခက်အခဲကိုမဆိုဖြေရှင်းရာမှာ ထောက်ပံပေးတဲ့ စိတ်အတွေးအခေါ်ပိုင်း ကိုယ်ကာယပိုင်းဆိုင်ရာ များလဲ မြင့်မားတိုးတက်ပါစေ၊ စီးပွားရေးများလဲအဆင်ပြေချောမွေ့ပြီး မိသားစုနဲ့ဘဝခရီးကိုအခက်အခဲမရှိဖြတ်သန်းနိုင်ပါစေလို့ ၂၀၂၁နှစ်သစ်မှစ၍ တသက်လုံးစာအတွက် ကျွန်တော်များ Aircraft Rescue and Firefighting page မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတရ်။

Photos from Aircraft Rescue &Fire fighting's post 06/09/2020

✈️🚒🚑🚒
🚒 Aircraft Rescue & Fire Fighting
Advanced Course ( 2/2020 )
🏢Civil Aviation Training Institute
✈️🚒 Yangon International Airport
Myanmar
Covid ကာလမှာ MOHS လမ်းညွန်ချက်နဲ့ အညီလိုက္နာကျင့်သုံးရင်းအဆင့်မြှင့်သင်တန်းတော့ပြီးဆုံးသွားပြီ။လက်ရှိမှာလဲ လေယာဥ်တွေကဆင်းနေဆဲ ကိုယ်တွေအလုပ်ကလဲစာတွေ့နဲ့မလုံလောက် တကယ်ကိုပဲ ကာယအားနဲ့နည်းစနစ်တွေပါစိုက်ထုတ်လုပ်ရတာဆိုတော့ လက်တွေ့လေကျင့်ခန်းတွေမှာ တကယ်ကိုစိုးတထိတ်ထိတ်နဲ့လုပ်ခဲ့ရတရ်။အားလုံးလဲ Covid 19 ရောဂါကပ်ဆိုးကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေ။

Photos from Aircraft Rescue &Fire fighting's post 30/07/2020

🛫🛬 Air Thanlwin Airline
👩‍✈️👩‍✈️ Cabin Crew
🚒🚒 Aircraft Firefighting Recurrent Course
3,4,5/2020

30/07/2020

Fire Pan အား စစ်ဆေးစမ်းသပ်အသုံးပြုနေမှု

Photos from Aircraft Rescue &Fire fighting's post 30/07/2020

၂၉.၇.၂၀၂၀Myanmar Trilion Group Trading Co.,Ltd. မှ ရောက်ရှိလာသော လေယာဥ်အသက်ကယ်မီးသတ်သင်တန်းဌာနအတွက် သင်ထောက်ကူပစ္စည်း Drager အမျိူးအစား (fire Pan ) ပါ။

14/07/2020

🛫🛬 Golden Myanmar Airline
👨‍✈️👩‍✈️ Cabin Crew
🚒🧯 Aircraft Firefighting Recurrent
Course 2/2020

လက်သုံးမီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်း

Photos from Aircraft Rescue &Fire fighting's post 14/07/2020

🛫🛬 Golden Myanmar Airline
👨‍✈️👩‍✈️ Cabin Crew
🚒🧯 Aircraft Firefighting Recurrent
Course 1/2020 & 2/2020

Category

Telephone

Website

Address


Civil Aviation Training Institute
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Aircraft Rescue &Fire fighting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.