Easy Microfinance
MC Easy Microfinance Co. Ltd. is a microfinance institution, licensed by the Financial Regulatory Department of the Ministry of Finance of Myanmar
MC Easy Microfinance ကုမ္ပဏီလီမိတက်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ငွေရေးကြေး ရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တရားဝင်လုပ်ငန်းလိုင်စင်ရရှိထားသည့် အသေးစားငွေရေးကြေးရေးကုမ္ပဏီလီမိတက်တစ်ခု ဖြစ်ပါသည်။
လက်ရှိတွင် Easy Microfinance မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ဃန်းကျွန်းမြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဒဂုံမြို့နယ်နှင့် မွန်ပြည်နယ်၊ သထုံမြို့တို့တွင် အုပ်စုချေးငွေများ ထုတ်ချေးပေးလျက် ရှိပါသည်။
MC Easy Microfinance Co. is a new microfinance institution, licensed by the Financial Regulatory Department of the Ministry of Finance of the Union of Myanmar. Currently Easy Microfinance offers group solidarity loans in Yangon (Thingangyun, Thaketa and South Dagon) and in Mon State (Thaton).
22/09/2026
“သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစ ပြင်ဆင်စို့”
Prudential Myanmar နှင့် Yoma Bank တို့မှ မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) နှင့်အတူ ပူးပေါင်းကျင်းပခဲ့သည့် “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစ ပြင်ဆင်စို့” အစီအစဉ်တွင် MC Easy Microfinance Co., Ltd. မှ Supporting Partner အဖြစ် ပါဝင်ခဲ့ပါသည်။ 🤝
လုပ်ငန်းတစ်ခု အောင်မြင်တိုးတက်ရန် ကြိုးပမ်းနေချိန်တွင် မျှော်လင့်မထားသည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ခြင်းသည်လည်း လုပ်ငန်းရေရှည်တည်တံ့ရေးအတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။
အဆိုပါပွဲတွင် SME လုပ်ငန်းရှင်များအတွက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများနှင့် ရေရှည်လုပ်ငန်းတည်တံ့နိုင်ရေးအတွက် လိုအပ်သည့် အသိပညာနှင့် အတွေ့အကြုံကောင်းများကို မျှဝေဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် MC Easy Microfinance Co., Ltd. မှလည်း တက်ရောက်လာကြသည့် ဧည့်သည်တော်များအတွက် Special Gift Set 🎁 များ ပြင်ဆင်ပေးခဲ့သည့်အပြင် စိတ်လှုပ်ရှားဖွယ် Lucky Draw 🎉 အစီအစဉ်များဖြင့်လည်း ပါဝင်ခဲ့ပါသည်။
ယခုကဲ့သို့ SME လုပ်ငန်းရှင်များအတွက် အသိပညာများ၊ အခွင့်အလမ်းများနှင့် စီးပွားရေးမိတ်ဖက်ကောင်းများ ရရှိနိုင်မည့် အစီအစဉ်ကောင်းတစ်ခုတွင် ပါဝင်ခွင့်ရခဲ့ခြင်းအတွက် MC Easy Microfinance Co., Ltd. မှ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
MC Easy Microfinance Co., Ltd. proudly participated as a Supporting Partner in the "Empowering Your Business, Starting Today" program, organized by Prudential Myanamar, Yoma Bank, and the Myanmar Business Executives Association (MBE).🤝
As businesses strive for growth, preparing for unexpected challenges is essential for long-term sustainability. During the event, valuable insights and practical experiences were shared on SME business growth, financial preparedness, and sustainable business strategies.
As part of our commitment to supporting the SME community, MC Easy Microfinance Co., Ltd. engaged with attendees by providing exclusive gift sets and organizing an interactive lucky draw session. 🎁🎉
We are honored to be a part of this meaningful event, which provided valuable knowledge, networking opportunities, and strategic partnerships for SME entrepreneurs. 💙
07/09/2026
📢 ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ စဥ်ဆက်မပြတ် ပေးအပ်လျက်ရှိကြောင်း အသိပေးကြေညာခြင်း
လေးစားအပ်ပါသော Easy Microfinance အသင်းသားများခင်ဗျာ -
Easy Microfinance မှ အသင်းသားများ၏ ဘဏ္ဍာရေးလိုအပ်ချက်များအတွက် ပိုမိုကောင်းမွန်သော၊ ပိုမိုမြန်ဆန်သော ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်နိုင်ရန် ရည်ရွယ်၍ ရုံးချုပ်နှင့် ရုံးခွဲများတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်မှ စတင်ကာ အောက်ဖော်ပြပါ လုပ်ငန်းဆောင်ရွက်ချိန်များအတိုင်း ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိကြောင်း အသိပေးကြေညာအပ်ပါသည်။
🕗 နံနက် ၈:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ
(တနင်္လာနေ့မှ သောကြာနေ့အထိ)
ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းလိုပါက Hotline ဖုန်း 09-969701766 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
📢 NOTICE: ENHANCED SERVICE AVAILABILITY: SERVING YOU BETTER
Dear Valued Customers,
To continuously provide you with enhanced, efficient, and reliable financial services, Easy Microfinance is dedicated to serving you during our operating hours across our Head Office and all branch locations:
🕗 Service Hours:
• 8:00 AM to 5:00 PM (Monday to Friday)
For detailed inquiries regarding our services, please feel free to contact our Hotline at 09-969701766.
Official Website : https://easy.com.mm/
Facebook: https://lnkd.in/gdSGgCFR
Linkedin: https://lnkd.in/gqbApnzR
Telegram Channel: https://t.me/easysquard
Viber Channel : https://shorturl.at/SewFU
Tiktok Channel : https://lnkd.in/eBBBSutz
03/09/2026
Easy Microfinance ၏ လစဉ်ကျင်းပမြဲဖြစ်သော ရုံးချုပ်၊ ရုံးခွဲများရှိဝန်ထမ်းများ၏မွေးနေ့ပွဲကျင်းပခြင်း၊ အသစ်ဝင်ရောက်လာသော ဝန်ထမ်းအသစ်များအား နွေးထွေးစွာကြိုဆိုခြင်းနှင့် အားပေးစကားပြောကြားခြင်း အခမ်းအနားကို (၃၁-၈-၂၀၂၆) တွင် ရုံးချုပ်နှင့် ရုံးခွဲအားလုံးမှ ဝန်ထမ်းများစုပေါင်း၍ အစဉ်အလာမပျက် ပျော်ပျော်ရွှင်ရွှင်ပူးပေါင်းပါဝင်ကျင်းပခဲ့ကြပါသည်။
ရုံးချုပ်နှင့် ရုံးခွဲအသီးသီးရှိ သြဂုတ်လအတွင်း မွေးဖွားသူများအား မွေးနေ့ဆုတောင်းပေးခြင်း၊ အမှတ်တရစကားပြောကြားပေးခြင်းများအား ဆရာမဒေါ်ဥမ္မာလွင်(CEO)မှ ဦးဆောင်ပါဝင်ပေးခဲ့ပြီး ကိတ်မုန့်၊ မုန့်နှင့် ကော်ဖီများ ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ရုံးခွဲအသီးသီးမှလည်း ZOOM ဖြင့် ပါဝင်တက်ရောက်ကြပါသည်။
ပွဲကျင်းပစဉ်ပုံရိပ်များအား အမှတ်တရအနေဖြင့် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
Easy Microfinance continues its monthly tradition of celebrating our employees and strengthening connections across our organization.
On 31 August 2026, employees from the Head Office and Branch Offices came together for monthly celebration, which included birthday celebrations, a warm welcome for newly joined colleagues, and words of encouragement to our team.
We extended our heartfelt birthday wishes to employees born in August, with Sayarma Daw Ohnmar Lwin, CEO, leading the celebrations and sharing words of appreciation and encouragement. The occasion was further complemented by cake, snacks, and coffee shared among colleagues.
Branch Office teams also joined the celebration virtually via ZOOM, enabling employees from across Easy network to participate and celebrate together.
We are pleased to share some memorable moments from the celebration. 📸
#စုငွေ #ချေးငွေ
Hotline Number : 09-969701766 (Office Hour 8:00AM to5:00PM)
Official Website : https://easy.com.mm/
Facebook: https://lnkd.in/gdSGgCFR
Linkedin: https://lnkd.in/gqbApnzR
Telegram Channel: https://t.me/easysquard
Viber Channel : https://shorturl.at/SewFU
Tiktok Channel: https://www.tiktok.com/?_r=1&_t=ZS-99Q6JBi9LzZ
03/09/2026
“အမှတ်တံဆိပ် အသိပေးကြေညာခြင်း”
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ( ၁၆/ ၁ ) ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ အမှတ် ( ၉၉၀) တွင် တည်ရှိသော MC EASY MICROFINANCE COMPANY LIMITED ၊ ကုမ္ပဏီမှတ်ပုံတင်အမှတ် ( ၁၀၃၃၄၀၂၉၂ ) သည် အောက်တွင်ဖော်ပြထားသော အမှတ်တံဆိပ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၌ တစ်ဦးတည်းမူပိုင်အဖြစ် လျှောက်ထားခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ လျှောက်ထားချက်အား လက်ခံထားပြီးသည့် အမှတ်တံဆိပ်၏မူပိုင်ရှင် ဖြစ်ပါသည်။
ဖော်ပြပါ အမှတ်တံဆိပ်ဖြင့် အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံး၌ ရုံးခွဲများ ဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အပြင် မိမိတို့၏ ဝန်ဆောင်မှုလုပ်ငန်းတိုင်းတွင်လည်း လုပ်ငန်းသုံးအမှတ်တံဆိပ်အနေဖြင့် အသုံးပြုလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ အဆိုပါအမှတ်တံဆိပ်အား မည်သည့်ပုံစံဖြင့်မဆို မှီငြမ်းတုပသုံးစွဲခြင်း၊ အမည်စာသားတူ/ ပုံစံတူပြုလုပ် ခြင်း၊ နာမည်တူ / လုပ်ငန်းတူ လုပ်ကိုင်ခြင်း၊ တစ်နည်းနည်းအားဖြင့် ထင်ယောင်ထင်မှားဖြစ်စေ၊ ဆင်တူယိုးမှားဖြစ်စေ၊ သွယ်ဝှိက်၍ဖြစ်စေ အသုံးပြုခြင်းမျိုး မပြုလုပ်မဆောင်ရွက်ကြရန် သတိပေးတားမြစ်ပါသည်။ မှီငြမ်းတုပသုံးစွဲခဲ့မည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ လိုအပ်သလို တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။
28/08/2026
၁၈-၀၈-၂၀၂၆ ရက်စွဲပါ ... ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၂၆၇ မှ ဆုံးဖြတ်ချက်အမှတ်၊ SC/16435 ဖြင့်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်အား ဝင်ရောက်စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။
ထို့အပြင် အများပြည်သူများ ဝင်ရောက်လေ့လာနိုင်ပါရန် ထပ်ဆင့်ပြန်လည်မျှဝေပါသည်။
ဝင်ရောက်လေ့လာရန် လင့်
https://www.un.org/security.../sanctions/1718/press-releases
We have successfully reviewed the updates dated August 18, 2026, regarding UN Security Council Resolution 1267, specifically documents SC/16435.
These updates are being reshared to ensure public access and awareness.
You may review the details via the official link below:
Reference Link: UN Security Council Press Releases
#စုငွေ #ချေးငွေ
Hotline Number : 09-969731766 (Office Hour 8:00AM to5:00PM )
Official Website : https://easy.com.mm/
Facebook: https://lnkd.in/gdSGgCFR
Linkedin: https://lnkd.in/gqbApnzR
Telegram Channel: https://t.me/easysquard
Viber Channel : https://shorturl.at/SewFU
25/08/2026
MC Easy Microfinance Co., Ltd. အနေဖြင့် Yangon University of Economics Job Fair 2026 တွင် ဝန်ထမ်းခေါ်ယူမည့် ကုမ္ပဏီအဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
အလုပ်အကိုင်ရှာဖွေနေသူများ၊ လူငယ်ပညာရှင်များနှင့် အလုပ်အကိုင်အခွင့်အလမ်းအသစ်များကို ရှာဖွေနေသူများအားလုံး MC Easy Booth Camp သို့ လာရောက်ပြီး ကျွန်ုပ်တို့၏အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကြရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
📅 ကျင်းပမည့်နေ့ - ဗုဒ္ဓဟူးနေ့၊ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၂၆) ရက်
🕘 ကျင်းပမည့်အချိန် - နံနက် ၉:၀၀ နာရီ – ညနေ ၅:၀၀ နာရီ
📍 ကျင်းပမည့်နေရာ - ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)
ကျွန်ုပ်တို့၏ MC Easy Booth Camp တွင်
• လက်ရှိခေါ်ယူနေသော အလုပ်အကိုင်ရာထူးများကို လေ့လာနိုင်ခြင်း
• အသက်မွေးဝမ်းကျောင်းတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို သိရှိနိုင်ခြင်း
• MC Easy HR Team နှင့် တိုက်ရိုက်တွေ့ဆုံ၍ ဆွေးနွေးနိုင်ခြင်း တို့ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
“သင့်ရဲ့ အသက်မွေးဝမ်းကျောင်းခရီးလမ်းအတွက် နောက်တစ်ဆင့်ကို MC Easy Microfinance Co., Ltd. နှင့်အတူ စတင်လိုက်ပါ”
ပွဲမှာ အားလုံးနဲ့ တွေ့ဆုံရမယ့်အချိန်ကို MC Easy Team မှ အထူးမျှော်လင့်နေပါတယ်ခင်ဗျာ။
MC Easy Microfinance Co., Ltd. is pleased to announce that we will be participating as a recruiting company at the Yangon University of Economics Job Fair 2026.
We warmly invite job seekers, young professionals, and anyone looking for new career opportunities to visit the MC Easy Booth Camp and meet and discuss opportunities with our team.
Date: Wednesday, August 26, 2026
Time: 9:00 AM – 5:00 PM
Venue: Yangon University of Economics (Ywathagyi Campus)
At our MC Easy Booth Camp, you will be able to:
• Learn about our current job openings
• Find out about career advancement and professional development opportunities
• Meet and speak directly with the MC Easy HR Team
"Take the next step in your career journey with MC Easy Microfinance Co., Ltd."
The MC Easy Team looks forward to meeting everyone at the event.
21/08/2026
🌱 Green Growth Initiative: Green Campus Activity 🌱
Growing Responsibly, Creating a Sustainable Future!
Easy Microfinance ၏ (၁၀) နှစ်တာ ခရီးလမ်းကို အမှတ်တရဂုဏ်ပြုသည့်အနေဖြင့် လူမှုအသိုင်းအဝိုင်း နှင့်အတူ ရေရှည်တည်တံ့သော အနာဂတ်တစ်ခု ဖန်တီးနိုင်ရေးအတွက် ESG (Environmental, Social and Governance) နှင့် Corporate Social Responsibility (CSR) ဆိုင်ရာ လှုပ်ရှားမှုများကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထိုလှုပ်ရှားမှုများအနက် သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာလှပရေး၊ ကျောင်းသူ/ကျောင်းသားများ အကြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိအမြင်များ မြှင့်တင် ပေးရေး၊ လူမှုတာဝန်ယူမှုစိတ်ဓာတ် ပိုမိုခိုင်မာလာစေရေးနှင့် အနာဂတ်တွင် တာဝန်ယူမှုရှိသော ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ “Green Growth Initiative: Green Campus Activity” ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် Diamond Partner အဖြစ် ဂုဏ်ယူစွာ ပါ၀င်ခဲ့ပါသည်။ 🌳
Easy Microfinance သည် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE)က ကြီးမှူးသည့် အပင်ပေါင်း (၁,၁၉၂) ပင် စိုက်ပျိုးရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်ခဲ့ပြီး MOU မိတ်ဖက် Partner အဖြစ် လက်တွဲ ဆောင်ရွက်လျက်ရှိသော ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) တွင် “Green Growth Initiative: Green Campus Activity” သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
သစ်ပင်များ စိုက်ပျိုးခြင်းသာမက စိုက်ပျိုးထားသည့်အပင်များ ရေရှည်ရှင်သန်ကြီးထွားနိုင်ရေးနှင့် စိမ်းလန်းစိုပြည်သော ပညာရေးဝန်းကျင်တစ်ခု ရေရှည်တည်တံ့စေရေး (Sustainability) ကိုပါ အလေးထား၍ စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သည့် ယခုအစီအစဉ်တွင် Diamond Partner အဖြစ် ပံ့ပိုးကူညီပါဝင်နိုင်ခဲ့ခြင်းအတွက် Easy Microfinance အနေဖြင့် အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။ 💚
Easy Microfinance ၏ 10th Anniversary သည် ဆယ်စုနှစ်တစ်ခုတာ အောင်မြင်မှုများကို ပြန်လည် ဂုဏ်ပြုခြင်းသာမက လူမှုအသိုင်းအဝိုင်းနှင့် သဘာဝပတ်ဝန်းကျင်အတွက် တာဝန်ယူမှုရှိသော၊ စိမ်းလန်း၍ ရေရှည်တည်တံ့သော အနာဂတ်တစ်ခုကို အတူတကွ ဖန်တီးသွားမည့် ကတိကဝတ်ကို ပိုမိုခိုင်မာစေသည့် မှတ်တိုင်တစ်ခုလည်း ဖြစ်ပါသည်။
🌿 Together, we plant today for a greener tomorrow. 🌿
ယနေ့စိုက်ပျိုးလိုက်သော သစ်ပင်လေးများမှတစ်ဆင့် စိမ်းလန်းပြီး ရေရှည်တည်တံ့သော အနာဂတ် တစ်ခုကို အတူတကွ ပျိုးထောင်ကြပါစို့။ 💚
🌱 Green Growth Initiative: Green Campus Activity 🌱
Growing Responsibly, Creating a Sustainable Future!
As part of Easy Microfinance’s 10th Anniversary celebration, we continue to strengthen our commitment to ESG and CSR initiatives that create meaningful and sustainable impact in our communities. 💚
We were proud to participate as a Diamond Partner in the “Green Growth Initiative: Green Campus Activity”, led by the Myanmar Business Executives Association (MBE), and joined the 1,192-tree planting initiative at Yangon University of Economics (Ywathagyi Campus) on 16 August 2026.
As an MOU partner of the campus, we were delighted to support this meaningful initiative, which aims to promote environmental conservation, raise awareness of climate change, strengthen social responsibility, and inspire the next generation of responsible leaders. 🌳
This initiative goes beyond planting trees. With the support of horticultural and environmental experts, it also focuses on the long-term growth and survival of the trees, helping to create a greener and more sustainable educational environment.
For Easy Microfinance, our 10th Anniversary is not only a celebration of a decade of achievements, but also an opportunity to reaffirm our commitment to building a greener, more responsible, and sustainable future together with our communities.
🌿 Together, we plant today for a greener tomorrow. 🌿
14/08/2026
V𝐀𝐂𝐀𝐍𝐂𝐘 𝐀𝐍𝐍𝐎𝐔𝐍𝐂𝐄𝐌𝐄𝐍𝐓 📣
Easy Microfinance Co., Ltd တွင် အလုပ်လစ်လပ်ရာထူးအတွက် ရုံးချုပ်တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာအား အလုပ်လျှောက်လွှာများခေါ်ယူခြင်း
𝗛𝗲𝗮𝗱 𝗢𝗳𝗳𝗶𝗰𝗲 𝗩𝗮𝗰𝗮𝗻𝗰𝘆 (Yangon)
🔸IT Assistant Manager (IT Department)
စိတ်ပါဝင်စားသူများအနေဖြင့် မိမိ၏ကိုယ်ရေးရာဇဝင်အလုပ်လျှောက်လွှာများကို အောက်ဖော်ပြပါ အီးမေးလ် လိပ်စာသို့ လည်းကောင်း ၊ အလုပ်ခေါ်စာပါ HR ဌာန၏ Viber Numberသို့ လည်းကောင်း ၊နီးစပ်ရာရုံးခွဲများသို့ လူကိုယ်တိုင်လာရောက်လျှောက်ထား၍ လည်းကောင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ (၂၈) ရက်နေ့ နောက်ဆုံးထားပြီးပေးပို့လျှောက်ထားနိုင်ပါသည်။
ပဏာမရွေးချယ်ခံရသူများကိုသာ အင်တာဗျူးခေါ်ရန် ဖုန်းဆက်အကြောင်းကြားပေးမည်ဖြစ်ပါသည်။လျှောက်ထားမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
စုံစမ်းမေးမြန်းရန်
HR Phone No - 09-969663541,09-951045425
Email – [email protected] , [email protected]
Viber Phone No- 09-951045425
📌ရာထူးတစ်ခုချင်းစီ၏ လုပ်ဆောင်ရမည့် လိုအပ်သော လုပ်ငန်းတာဝန်ဝတ္တရားများနှင့် အခြား၀န်ဆောင်မှုများနှင့် ပတ်သတ်သော အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာနှင့် များတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
Hotline number : 09969701766 (Office Hour 8:00AM to 5:00PM )
Official Website : https://easy.com.mm/
Facebook: https://www.facebook.com/easymicrofinance?mibextid=LQQJ4d
Linkedin: https://www.linkedin.com/company/mc-easy-microfinance/
Telegram Channel: https://t.me/easysquard
Viber Channel : https://shorturl.at/SewFU
14/08/2026
V𝐀𝐂𝐀𝐍𝐂𝐘 𝐀𝐍𝐍𝐎𝐔𝐍𝐂𝐄𝐌𝐄𝐍𝐓 📣
Easy Microfinance Co., Ltd တွင် အလုပ်လစ်လပ်ရာထူးများအတွက် ရုံးခွဲများတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအား အလုပ်လျှောက်လွှာများခေါ်ယူခြင်း....
𝗕𝗿𝗮𝗻𝗰𝗵𝗲𝘀 𝗩𝗮𝗰𝗮𝗻𝗰𝘆
🔸Teller ( Amarapura )
စိတ်ပါဝင်စားသူများအနေဖြင့် မိမိ၏ကိုယ်ရေးရာဇဝင်အလုပ်လျှောက်လွှာများကို အောက်ဖော်ပြပါ အီးမေးလ် လိပ်စာသို့ လည်းကောင်း ၊ အလုပ်ခေါ်စာပါ HR ဌာန၏ Viber Numberသို့ လည်းကောင်း ၊နီးစပ်ရာရုံးခွဲများသို့ လူကိုယ်တိုင်လာရောက်လျှောက်ထား၍ လည်းကောင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၈ )ရက်နေ့ နောက်ဆုံးထားပြီးပေးပို့လျှောက်ထားနိုင်ပါသည်။
ပဏာမရွေးချယ်ခံရသူများကိုသာ အင်တာဗျူးခေါ်ရန် ဖုန်းဆက်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ လျှောက်ထားမှု အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
စုံစမ်းမေးမြန်းရန်
HR Phone No- 09-969663541, 09-951045425
Email – [email protected] , [email protected]
Viber Phone No- 09-951045425
📌ရာထူးတစ်ခုချင်းစီ၏ လုပ်ဆောင်ရမည့် လိုအပ်သော လုပ်ငန်းတာဝန်ဝတ္တရားများနှင့် အခြား၀န်ဆောင်မှုများနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာနှင့် Links များတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
Teller
https://easy.com.mm/current-opportunities/ #1721805770667-2ffc5d45-d39c
Hotline number : 09969701766 (Office Hour 8:00AM to 5:00PM )
Official Website : https://easy.com.mm/
Facebook: https://lnkd.in/gdSGgCFR
Linkedin: https://lnkd.in/gqbApnzR
Telegram Channel: https://t.me/easysquard
Viber Channel : https://shorturl.at/SewFU
14/08/2026
V𝐀𝐂𝐀𝐍𝐂𝐘 𝐀𝐍𝐍𝐎𝐔𝐍𝐂𝐄𝐌𝐄𝐍𝐓 📣
MC Easy Microfinance Co., Ltd တွင် အလုပ်လစ်လပ်ရာထူးအတွက် ရုံးချုပ်တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာအား အလုပ်လျှောက်လွှာများခေါ်ယူခြင်း
𝗛𝗲𝗮𝗱 𝗢𝗳𝗳𝗶𝗰𝗲 𝗩𝗮𝗰𝗮𝗻𝗰𝘆 (Yangon)
🔸Officer/Senior Officer (Marketing Department)
စိတ်ပါဝင်စားသူများအနေဖြင့် မိမိ၏ကိုယ်ရေးရာဇဝင်အလုပ်လျှောက်လွှာများကို အောက်ဖော်ပြပါ အီးမေးလ် လိပ်စာသို့ လည်းကောင်း ၊ အလုပ်ခေါ်စာပါ HR ဌာန၏ Viber Numberသို့ လည်းကောင်း ၊နီးစပ်ရာရုံးခွဲများသို့ လူကိုယ်တိုင်လာရောက်လျှောက်ထား၍ လည်းကောင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ (၂၈) ရက်နေ့ နောက်ဆုံးထားပြီးပေးပို့လျှောက်ထားနိုင်ပါသည်။
ပဏာမရွေးချယ်ခံရသူများကိုသာ အင်တာဗျူးခေါ်ရန် ဖုန်းဆက်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ လျှောက်ထားမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
စုံစမ်းမေးမြန်းရန်
HR Phone No - 09-969663541/ 09-951045425
Email – [email protected] , [email protected]
Viber Phone No- 09-951045425
📌ရာထူးတစ်ခုချင်းစီ၏ လုပ်ဆောင်ရမည့် လိုအပ်သော လုပ်ငန်းတာဝန်ဝတ္တရားများနှင့် အခြား၀န်ဆောင်မှုများနှင့် ပတ်သတ်သော အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာနှင့် Links များတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
Marketing Officer
https://easy.com.mm/current-opportunities/ #1767862293415-27c10054-a448
Hotline number : 09-969731766 (Office Hour 8:00AM to 5:00PM )
Official Website : https://easy.com.mm/
Facebook: https://www.facebook.com/easymicrofinance?mibextid=LQQJ4d
Linkedin: https://www.linkedin.com/company/mc-easy-microfinance/
Telegram Channel: https://t.me/easysquard
Viber Channel : https://shorturl.at/SewFU
Category
Contact the business
Telephone
Website
Address
Easy Tower, No. 990, 16/1 Ward, Thumingalar Road, Thingangyun Township
Yangon
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |